စာကြည့်တိုက် တာအိုသခင် - Chapter - 197 ရာထူးတိုးခြင်း။
Chapter – 197 ရာထူးတိုးခြင်း။
ယဲ့ရှောင်၏ ကျန်သည့် ကျင့်စဥ်များက တာဝေးတိုက်ခိုက်မှုများ ပါရှိသည်။ သို့သော် သူတို့၌ တာဝေး ထိန်းချုပ်မှု မပါရှိပေ။
ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုသည် ဝိညာဥ်စွမ်းအင် အသုံးချမှု ဖြစ်၏။ ထို့ကြောင့် ထည့်တွက်၍ မရပေ။ လက်သည်းသိုင်းသာလျှင် အသင့်တော်ဆုံး ဖြစ်နေသည်။ ၄င်းက တိုက်ခိုက်၍ရ၏။ သို့သော် ထိန်းချုပ်၍လည်း ရပြန်သည်။ နောက်ဆုံးအခေါက်၌ သူ့တွင် လက်သည်းသိုင်းရှိလာလျှင် သူက ချင်ယွိယန်ကို ကျယ်ဝန်းသည့် အကွာအဝေးကနေ တိုက်ရိုက် ပြန်ဆွဲယူနိုင်ရန် လက်သည်းသိုင်းကို အသုံးပြုနိုင်လောက်သည်။
ဂိမ်းကစားနေသကဲ့သို့ပင်။ ထိန်းချုပ်ရေး စွမ်းရည်များက အလွန်အရေးပါသည်။
သို့သော် ယဲ့ရှောင်က တည်တည်ငြိမ်ငြိမ် အဆင့်တက်နေစဥ် သူ့ဖုန်း မြည်လာတော့၏။ ဖုန်းခေါ်သူက ဝမ်တာ့လုံပဲ ဖြစ်သည်။
” ဘာကိစ္စရှိလို့လဲ ”
ယဲ့ရှောင်က ဖုန်းကိုင်လိုက်၏။ ဝမ်တာ့လုံ၏ ရယ်သံက တစ်ဖက်ကနေ ပေါ်ထွက်လာတော့သည်။
” မစ္စတာ ယဲ့။ ခင်ဗျား အရင်တုန်းက လိုချင်တယ်လို့ ပြောထားတဲ့ ပန်းပွင့်တချို့လေ။ အခု လိုချင်သေးလား ”
” အဲ့ဒါတွေကို ရှာဖို့ ခက်တယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ အခု ဘယ်လိုကြောင့် ရှိနေရတာလဲ ”
” ဒါက ဒီလိုပါ။ လတ်တလောမှာ အနောက်တောင်ပင်လယ်ဘက် တောအုပ်ထဲမှာ ဝိညာဥ်စွမ်းအင်အတော် ကြွယ်ဝနေတာ။ လူတော်တော်များများက အံ့သြစရာတချို့ကို ရှာတွေ့ခဲ့ပြီး ရှားပါးတဲ့ သဘာဝ ရတနာတွေ ရလာတယ်လို့ ကြားထားတယ်။ ကျွန်တော်လည်း သွားကြည့်ဦးမလို့ပဲ။ လိုချင်တယ်ဆိုရင် ကျွန်တော် သေချာ ရှာကြည့်ခဲ့ပေးမယ်။ ရှာမတွေ့ဘူးဆိုရင်လည်း တခြားသူတွေဆီက ဝယ်လိုက်မယ်။ ကျုပ်ကို သွားခလေး ပေးရင် ရပြီ ”
” ဒါရပါတယ်။ ဒါပေမဲ့ လက်ထဲမှာ ပိုက်ဆံ သိပ်မရှိဘူး။ ဒါကြောင့် အများကြီး မဝယ်နိုင်မှာ စိုးရိမ်မိတယ် ”
” ဒါဆို ကျုပ် နည်းနည်းပဲ ဝယ်လာခဲ့မယ် ”
ဖုန်းချပြီးနောက် ယဲ့ရှောင်က စတင်စဥ်းစားလိုက်တော့သည်။
ကြည့်ရတာ လတ်တလောမှာ အနောက်တောင်ပင်လယ်ဘက် တောအုပ်ထဲမှာ ပစ္စည်းကောင်းတွေ တော်တော်များများ ရှိနေတဲ့ပုံပဲ။ ငါ ဝယ်ချင်တယ်ဆိုရင် ငါ့လက်ထဲမှာ ရှိတဲ့ ပိုက်ဆံသန်းချီနဲ့ ပစ္စည်းကောင်း အများကြီး ဝယ်လို့ရမှာ မဟုတ်ဘူး။ ငါ အနောက်တောင်ပင်လယ်ဘက် တောအုပ်ကို တစ်ချက်သွားကြည့်သင့်လား။
ပြောရရင် ငါကိုယ်တိုင်က ဝိညာဥ်စွမ်းအင်ကျင့်စဥ် ကျင့်ကြံနေတာပဲ။ ငါသွားပြီး သူတို့ကို ကိုယ်တိုင် ရှာမယ်ဆိုရင် တခြားဟာတွေထက် ပိုပြီး အာနိသင် အကျိုးထူးလောက်တယ်။
စူဇန်သည် ပျားရည်လုပ်ရာ၌ အလွန်တော်၏။ ထိုထဲ၌ ဝိညာဥ်စွမ်းအင်ပမာဏများစွာ ပါနေသည်။ ထို့ကြောင့် ဆေးကောင်းတစ်ခုအဖြစ် သေချာပေါက် မသုံးစွဲနိုင်မည်နည်း။
သူမ၏ လက်ရှိစွမ်းရည်က အသုံးဝင်နေသေး၏။ သူမ ခွန်အား အနည်းငယ် တိုးလာလျှင် သူမ လိုအပ်သည့် ဝိညာဥ်စွမ်းအင်ပမာဏက ပိုတောင် များလာကာ သူမ ပျားရည်က ဤကဲ့သို့ ကောင်းမွန်သည့် အာနိသင် မရှိလောက်ပေ။
သူမ၏ လုပ်နိုင်စွမ်းက သူ့ကို ပေးထားသော ပျားရည်သည် အလွန်မြင့်မားသည့် အဆင့်တိုးမြှင့်မှုကို ဖြစ်စေသည့် အာသာချက် ရှိ၏။ ရှေးဦးစွာ သူသည် ထိပ်တန်းအဆင့် ပန်းပွင့်တချို့ကို ရှာပြီး စူဇန်ကို ပျားရည်များ ပိုမို ဖန်တီးခိုင်းမည်။ ပြီးမှ သူက တစ်ချက်တည်းဖြင့် ရှန်းထျန်းနဝမအဆင့်သို့ အဆင့်တက်မည်။
ထိုသို့သာ ဆုံးဖြတ်လိုက်တော့မည်။
ယဲ့ရှောင်သည် ဒါရိုက်တာ အိုးရန်ကို ရှာရန်အတွက် ဒါရိုက်တာ ရုံးခန်းသို့ သွားလိုက်၏။
” ဘာ။ ခွင့် ထပ်တင်ချင်တာလား ”
ရုံးခန်းထဲ၌ အိုးရန်ယွင်ကျုံးက မျက်ခုံးပင့်လိုက်သည်။ သူမ မျက်နှာပေါ်ရှိ အမူအယာကအနည်းငယ် စိတ်မချမ်းမြေ့သွားပုံ ပေါ်သည်။
” ယဲ့ရှောင် ငါ သိတယ်။ မင်းက လူငယ်တစ်ယောက်။ လူငယ်တွေက အမြဲတမ်း တက်ကြွဖျတ်လတ်နေတယ်။ သူတို့ စိတ်လိုက်မာန်ပါလည်း ရှိတယ်။ ဆက်ဆံပြီးသွားရင် စွဲလန်းသွားဖို့လွယ်တယ်။ ဒါပေမဲ့ အဲ့လိုဖြစ်လေလေ မင်းကိုယ်မင်း ပိုထိန်းရလေပဲ။ အခု မင်းက သိပ်ငယ်သေးတယ်။ မင်းရဲ့ အသက်မွေးဝမ်းကျောင်း မြင့်တက်ဖို့အချိန်ပဲ။ အင်တာနက် အသုံးပြုတဲ့ မိန်းကလေးတွေနဲ့ ဘယ်လိုလုပ် ဆက်တွေ့နေရတာလဲ ”
” ကျုပ် ဒီတစ်ခေါက် ကောင်မလေးနဲ့ တွေ့ဖို့ သွားမှာ မဟုတ်ဘူး။ ကိုယ်ရေးကိုယ်တာကိစ္စရှိလို့ ”
” ကောင်းတယ် ယဲ့ရှောင်။ မင်းက ငါ့ရဲ့ လက်အောက်ဝန်ထမ်းဟောင်းပဲ။ မင်းကို မကွယ်ဝှက်ချင်တော့ဘူး။ လတ်တလောမှာ ငါတို့ စာကြည့်တိုက်က ထပ်ပြီး ချဲ့ထွင်နေတာ။ စာကြည့်တိုက်ရဲ့ ဒါရိုက်တာတစ်ယောက်အနေနဲ့ ငါ ရှိနေသေးတယ်ဆိုတော့ ကောင်းကောင်းဆောင်ရွက်။ မင်းကို ရာထူးတိုးပေးမယ် ”
” နောက်ထပ် တိုးချဲ့မှာလား ”
ယဲ့ရှောင်က အနည်းငယ် ဇဝေဇဝါ ဖြစ်သွားတော့သည်။ အိုးရန်ယွင်ကျုံးက အသံတိုးတိုးဖြင့် ပြောလိုက်၏။
” ငါ မင်းတစ်ယောက်ကိုပဲ ပြောပြတာနော်။ သတင်းမဖြန့်လိုက်နဲ့။ စီနီယာ ဓါးမော့ဓါးဝိဇ္ဇာက ငါတို့ ကျန်းဟိုင်ရဲ့ ဝိညာဥ်စုစည်းခြင်း အစီအရင်ကို ပထမမြို့ရဲ့ အဆင့်ထိရောက်အောင် မြှင့်တင်ပေးလိုက်တယ်လေ။ ဒီကိစ္စကြောင့် ကျန်းဟိုင်မြို့ကို ထပ်ပြီး ချဲ့ထွင်မယ်။ ပြီးတော့ ငါတို့ စာကြည့်တိုက်က ကျန်းဟိုင်မြို့ရဲ့ ထောက်ပံ့ရေး စာကြည့်တိုက်အနေနဲ့ သေချာပေါက် ထပ်ပြီး ချဲ့ထွင်မှာပဲ ”
” နောင်ကြ ချီရှန်းအဆင့်အထက် ကျင့်စဥ်တွေကို မှတ်တမ်းတင်ထားနိုင်ဖို့ စွမ်းရည် ရှိလာမလားဆိုတာ ဘယ်သူက သိမှာလဲ ”
ယဲ့ရှောင်က မင်သက်သွားလေ၏။ ထိုကဲ့သို့ အရာမျိုး ဖြစ်လာလိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့မိချေ။
ထိုစဥ်က သူသည် ဝိညာဥ်စုစည်းခြင်း အစီအရင်ကို ချိတ်ပိတ်ချင်ခဲ့ပြီး သူ၏ အံ့ဖွယ်အဆင့်ကြယ်တာရာသားရဲများကို မွေးမြူရေး မြေပြင်အနေဖြင့် အသုံးပြုကာ ကျန်းဟိုင်မြို့၏ ဝိညာဥ်စွမ်းအားကို မြှင့်တက်စေရုံသာ ရှိသည်။ ယင်းက အသေးမွှားလေးသာ ဖြစ်၏။
အဆုံးတွင်မူ ယင်းက ကျန်းဟိုင်မြို့ဆီ ထိုကဲ့သို့ ပြောင်းလဲမှုကြီး ဆောင်ယူလာလိမ့်မည်ဟု သူ မထင်ထားပေ။
ချီရှန်းအဆင့်အထက် ကျင့်စဥ်များတောင် ပါနေသေးသည်။ စာကြည့်တိုက်ထဲ၌ တော်ဝင်ကျင့်စဥ်များကို မှတ်တမ်းတင်လောက်သည်လော။
ထိုသို့သာဆိုလျှင် သူက အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲများကို ထပ်ဖမ်းစရာ မလိုတော့ပဲ တော်ဝင်ကျင့်စဥ်များ ရနိုင်မည်လော။
သူသည် စာကြည့်တိုက်ထဲ၌ မှတ်တမ်းတင်ထားသော တော်ဝင်ကျင့်စဥ်များကို တိုက်ရိုက် မှတ်သားထားနိုင်မည်လော။ ယင်းက ကိစ္စကောင်းတစ်ရပ် ဖြစ်သည်။ ဆိုရလျှင် ဒုက္ခ သိပ်မရောက်လောက်တော့ပေ။ နေ့စဥ်နေ့တိုင်း စာအုပ်များ ဖတ်နေသရွေ့ သူ ပိုသန်မာလာမှာပဲ ဖြစ်သည်။
ပြီးပြည့်စုံတာလား။
ထိုကိစ္စ၌ ယဲ့ရှောင်သည် သူ၏ မွေးမြူရေးခြံကို ထပ်မံ ချဲ့ထွင်သင့်မသင့် စတင်စဥ်းစားနေတော့သည်။
မွေးမြူရေးခြံကို အနည်းငယ် ထပ်ချဲ့ထွင်မည်ဆိုလျှင် ဝိညာဥ်စုစည်းခြင်း အစီအရင်က အာနိသင် ပိုထူးလာပြီး ဝိညာဥ်စုပ်ယူသည့် အရှိန်က ပိုအားကောင်းလာလိမ့်မည်။ ယင်းက အထက်အရာရှိများထံမှ အာရုံစိုက်မှုများ ပိုရလာလောက်သည်။
ကျန်းဟိုင်မြို့ကဲ့သို့ မြို့လေးသည် ထိပ်တန်းအ
ဆင့် သိုင်းပညာရှင်မြို့တော် ဖြစ်သည့် ဟူမြို့တော်ကဲ့သို့ အဆင့်တိုးမြှင့်နိုင်လောက်သည်။
ထိုအတိုင်း ဖြစ်လာခဲ့လျှင် တော်ဝင်ကျင့်စဥ်များ ပိုရလာနိုင်ရုံသာမက သူ၏ သွေးအဆီအနစ်နှင့် ဝိညာဥ်စွမ်းအားကို အားဖြည့်ပေးရန် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတစ်ကောင်လည်း ရှိလိမ့်မည်။ သူ၏ ကျင့်ကြံခြင်း အရှိန်ကလည်း သေချာပေါက် အလွန်လျင်မြန်စွာ တိုးလာလိမ့်မည်။
” ဒါပေမဲ့ ထပ်ပြီးတော့ ပြောရဦးမယ်။ မင်းကိုငါ ရာထူးတိုးပေးချင်ပေမဲ့ မင်းကလည်း သင့်တော်တဲ့ ခွန်အားရှိရမယ်။ စာကြည့်တိုက်ချဲ့ထွင်ပြီး အစွမ်းထက်တဲ့ ကျင့်စဥ်တွေကို မှတ်တမ်းတင်လာခဲ့ပြီဆိုရင် စာကြည့်တိုက်ရဲ့ စီမံခန့်ခွဲရေးအတွက် သိုင်းကျမ်းကျင့်ကြံမှုက လိုအပ်ချက်တစ်ခု သေချာပေါက် ရှိလာမယ်။ အခုအချိန်မှာ မင်းက ဟို့ထျန်းတတိယအဆင့် ခွန်အားပဲ ရှိသေးပြီး ဒီလိုအပ်ချက်နဲ့ ပြည့်မှီဖို့ ဝေးလွန်းသေးတယ်။ အရင်တုန်းက မင်းနဲ့ ဖာ့ကျန်းက အလွန်ရင်းနှီးပြီး သူ့ကိုများများသင်ခိုင်းလို့ ငါ ပြောခဲ့တယ်။ အဲ့ဒီတုန်းက မင်း ဆန္ဒမရှိဘူး။ ဒါပေမဲ့ အခု အဆင့်တက်ချင်တယ်ဆိုရင် စိတ်ပြောင်းပြီး ခွန်အားမြှင့်တက်အောင် ကြိုးစား။ အခု လျိုချန်စွင်းနဲ့ အတော်ရင်းနှီးတယ်လို့လည်း ကြားထားတယ်။ ဒါက အားလုံးအတွက် ပိုတောင် ကောင်းသွားသေးတယ်။ သူ့ဆီကနေ ညွှန်ကြားမှုနည်းနည်းလေးက မင်း လက်ကျန်ဘဝကို ပျော်ရွှင်အောင် နေနိုင်ဖို့ လုံလောက်နေပြီးသားပဲ။ ဒီအခွင့်အရေးကောင်းကို လက်လွှတ်မခံနဲ့ ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်ပြီး အကြောင်းပြန်လိုက်သည်။ စာကြည့်တိုက်က အမှန်တကယ် ချဲ့ထွင်မည်ဆိုလျှင် သူက တော်ဝင်ကျင့်စဥ်များဖြင့် အထိအတွေ့ ရှိချင်သည်ဆိုလျှင် သူ၏ အဆင့်အတန်းက သေချာပေါက် နိမ့်၍ မရပေ။ ထို့ကြောင့် သူ၏ ကျင့်စဥ်ကို သင့်တော်စွာ ပြသဖို့ကလည်း ဖြစ်နိုင်သည်။
ဟို့ထျန်းစတုတ္ထအဆင့်၊ ပဥ္စမအဆင့်။ မည်သည့်နည်းနဲ့မဆို သူ၏ လက်ရှိခွန်အားဖြင့် သူတို့အဖို့ သူ၏ ကျင့်ကြံဆင့်ကို သိရှိဖို့က မဖြစ်နိုင်ပေ။ ထို့ကြောင့် သူက အချို့နေရာများကို လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်သည်။
တစ်ဖန် အပြင်လောကအဖို့ သူသည် လျိုချန်စွင်းနှင့် ဖာ့ကျန်းဆီမှ သင်ယူခဲ့သည်ဟုတောင် ပြောနိုင်ပြီး သူ၏ ကျင့်စဥ်က အလွန်တိုးတက်လာတာဟု ဆိုနိုင်ပေ၏။
ယဲ့ရှောင်သည် ယခုအချိန်၌ ခေါင်းမမာတော့တာကို မြင်သောအခါ အိုးရန်ယွင်ကျုံးက စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြီး သူ ခွင့်ယူတာကို ခွင့်ပြုပေးလိုက်၏။
ခွင့်ယူပြီးနောက် ယဲ့ရှောင်သည် အနောက်တောင်ပင်လယ်ဘက် တောအုပ်ဆီသို့ ဦးတည်သွားရန် အသင့်ပြင်လိုက်၏။
သူ ဒါရိုက်တာ၏ ရုံးခန်းထဲမှ ထွက်လာစဥ် ပဥ္စမအလွှာ၌ စာအုပ်တစ်အုပ် ဖတ်နေသော ဖာ့ကျန်းကို တွေ့လိုက်ရသည်။ သို့သော် သူ၏ ကျင့်စဥ်က ရှန်းထျန်းဆဌမအဆင့်သို့ အဆင့်တက်သွားပြီး ဖြစ်၏။
ဆိုလိုသည်က ဖာ့ကျန်းသည် သူ့အတွက် ယဲ့ရှောင်ထားခဲ့ပေးသည့် စိတ်စွမ်းအားကျင့်စဥ်ကို မြင်တွေ့ပြီးသွားတာပဲ ဖြစ်သည်။
ထိုစိတ်စွမ်းအားကျင့်စဥ်ကို အခြေခံအနေဖြင့် ရထားပြီးရာ အိန္ဒိယဗုဒ္ဓဘာသာနှင့် တိုက်ခိုက်ဖို့က ပြဿနာ မဟုတ်တော့ပေ။
သူအနိုင်မရခဲ့လျှင်တောင် ဆိုးဆိုးဝါးဝါး ရှုံးတာ မဟုတ်ပေ။ ပြီးနောက် ယဲ့ရှောင်က စာကြည့်တိုက်မှ ထွက်သွားတော့၏။
ကျုံးစီရင်စု ၊ စီရင်စု၉ခုမဟာမိတ် ကျုံးစီရင်စု မဟာမိတ်အခွဲတွင် ဖြစ်သည်။
ထိုနေရာက ကျုံးစီရင်စုတစ်ခုလုံး၏ ဗဟိုပဲ ဖြစ်သည်။ ကျုံးစီရင်စုထဲရှိ မြို့အားလုံး၏ ဆုံးဖြတ်ချက်ကို ထိန်းချုပ်ထား၏။
မဟာမိတ်အခွဲအတွက် တာဝန်ယူထားသည့် အမြင့်ဆုံး ဆုံးဖြတ်ပိုင်ခွင့်ရှိသူက ဒု မဟာမိတ်ခေါင်းဆောင် လင်းချမ်ချန်းပဲ ဖြစ်သည်။
စီရင်စု၉ခု မဟာမိတ်ထဲတွင် မဟာမိတ်ခေါင်းဆောင်မှအပ စီရင်စု၉ခုကို တာဝန်ယူထားရသည့် လက်ထောက်စီရင်စုခေါင်းဆောင် ( ၉ ) ယောက် ရှိသည်။
ဧကရာဇ်အတွက်မူ စီရင်စု၉ခု သို့မဟုတ် တစ်လောကလုံးကတောင် ဧကရာဇ်တစ်ပါးမရှိတာ နှစ်ပေါင်းရာချီနေပြီ ဖြစ်သည်။
ထိုစဥ် အရေးပေါ်မက်ဆေ့စ်က ရောက်လာပြီး လျိုချန်စွင်း၏ အရေးပေါ် စာတစ်စောင်သည်တိတ်တဆိတ် ရောက်လာပြီး လင်းချမ်းချန်း၏ လက်ထဲကို ရောက်လာလေ၏။
” အဖွဲ့မှူး လင်း။ ဒါက ချင်စီရင်စုကနေ အရေးပေါ်ပေးပို့လိုက်တဲ့ သတင်းပါ ”
လင်းချမ်ချန်းသည် သတင်းပို့ချက်ကို လက်ခံရယူပြီး ၄င်းကို တစ်ချက်ကြည့်လိုက်၏။ ပြီးနောက် သူက ချက်ချင်း ထရပ်လိုက်တော့သည်။
သတင်းပို့ချက်ကို လက်ခံသည့် အတွင်းရေးမှူးသည် ထိုမြင်ကွင်းကို မြင်တွေ့သောအချိန်၌ အနည်းငယ် ထိတ်လန့်သွားသည်။ သူမက အဖွဲ့မှူး လင်း ဘေး၌ ရှိနေခဲ့တာ နှစ်ပေါင်းများစွာကြာပြီ ဖြစ်၏။ သူ၏ မျက်နှာပေါ်ရှိ ထိုကဲ့သို့ အမူအယာမျိုးကို မြင်တွေ့တာ ရှားပါးလွန်းသည်။
ထိုကဲ့သို့ အမူအယာ သူ၏ မျက်နှာပေါ်တွင် ပေါ်လာချိန်၌ အရေးပေါ်စာဟူသည် သေချာပေါက် ပုံမှန်မဟုတ်ဟု ဆိုလိုတာပဲ ဖြစ်သည်။
” မဟာမိတ်ခေါင်းဆောင် အဆင်ပြေရဲ့လား ”
လင်းချမ်ချန်း၏ သူ၏ မျက်မှန်ကို ပင့်တင်လိုက်ပြီးနောက် တည်ကြည်သော အမူအယာဖြင့် ပြောလိုက်၏။
” ငါ အဆင်ပြေတယ်။ အခု စီရင်စု၉ခုရဲ့ မြောက်ပိုင်း ရေကွဲလွင်ပြင်ဆီကို သွားဖို့တစ်ယောက်ယောက်ကို ချက်ချင်း လွှတ်ပြီး ဓါးနတ်ဘုရား လီလျိုစွေ့ကို ရှာခိုင်းလိုက်။ သားရဲနတ်ဘုရားမဟာမိတ်ရဲ့ ခေါင်းဆောင်ဟောင်းက ကောင်းကင်ဘုံ နတ်ဆိုးတောင်ကြားမှာ တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပြီး ကျုံးစီရင်စုကို လာနေပြီဆိုတာ သူ့ကို ပြောပြလိုက် ”
” ဟုတ်ကဲ့ ”
အတွင်းရေးမှူး၏ အတွင်းနှလုံးခုန်နှုန်းများက ရုတ်တရက် မြန်လာလေ၏။ သူမသည် မဟာမိတ်ခေါင်းဆောင်၏ အမူအယာ ထိုမျှ သုန်မှုန်သွားရသည့် အကြောင်းအရင်းကို နောက်ဆုံးတော့ နားလည်သွားပြီ ဖြစ်သည်။
လုံထူသည် အင်မတန် ဒဏ္ဍာရီဆန်သည့် နာမည်တစ်မျိုးဖြစ်၏။ ဤကမ္ဘာထဲ၌ ရန်ဘက်အင်အားစုများစွာ ရှိသည်။ ကြယ်တာရာသားရဲများနှင့် လူသားများ။ လူသားများနှင့် သားရဲလူသားများ။ ကြယ်တာရာသားရဲများနှင် သားရဲလူသားများ။
ထို့အပြင် အချင်းချင်းတောင် ရင်ဆိုင်နေကြပြီး တူညီသည့် မျိုးနွယ်စုကြားရှိ တိုက်ပွဲများက မီးနှင့်ရေပမာ အနေအထားထိ ရောက်ခဲ့ကြသည်။
အင်အားစုများစွာသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရုံမျှဖြင့် သေသည်အထိ တိုက်ခိုက်ကြသည်။ သို့သော်ငြား ချွင်းချက်အချို့ ရှိ၏။ လောကကြီး၏ စည်းမျဥ်းအထက်တွင် ရှိသည့် သိုင်းပညာရှင်များစွာလည်း ရှိသည်။
သူတို့က မည်သည့် စည်းမျဥ်းကို ဘယ်တော့မှ မလိုက်နာသလို သူတို့ကို မည်သည့် စည်းမျဥ်းများကမှ ထိန်းချုပ်ထားခြင်း မရှိပေ။ တစ်ခါတစ်ရံ၌ နှစ်ဖက်လုံးက ရန်လိုနေသည့်တိုင် နှစ်ဖက်က ထိုင်ပြီး စကားပြော သောက်စားနိုင်လောက်သည်။
သူတို့က သန်မာလွန်းသောကြောင့် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်လျှင် မြေကမ္ဘာတုန်လှုပ်၊ မြေပြိုကျပြီး သက်ရှိများ၏ မရေမတွက်နိုင်သည့် အသက်များ သေကြေပျက်စီးစေနိုင်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူတို့၏ အထောက်အထားများက ရန်လိုစိတ် များသော်ငြား သူတို့ကဲ့သို့ သိုင်းပညာရှင်များက အရေးကြီးသည့် အခြေအနေ မဟုတ်သရွေ့ သမန်ကာလျှံကာ မတိုက်ခိုက်ကြပေ။
လုံထူသည် ထိုကဲ့သို့ အမျိုးအစားထဲတွင် ပါဝင်၏။ ပြိုင်ဘက်ကင်း သိုင်းပညာရှင်။ သူသည် လွန်ခဲ့သည့် နှစ်ရာချီက သားရဲလူသားတို့၏ နတ်ဘုရားဟု ဆိုနိုင်ပေသည်။
သူသည် နောက်ခံမရှိသည့် သားရဲလူသားလေးတစ်ဦးကနေ ပြိုင်ဘက်ကင်းသည့် အင်အားကြီး ပုဂ္ဂိုလ်တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သည်။ သူက ကမ္ဘာ့နဂါးစာရင်းရှိ ထိပ်တန်းပါရမီရှင် ( ၁၀ ) ဦးကို စိန်ခေါ်နိုင်သည့် အဆင့်ထိတောင် ရောက်ခဲ့သည်။ သူ၏ ခွန်အားကို မမှန်းဆနိုင်ပေ။
သားရဲလူသားအနေဖြင့် စီရင်စု၉ခု၏ မြေပေါ်၌ စီရင်စု၉ခု မဟာမိတ်၏ လူသားများ သူ့ကို ရှာတွေ့ခဲ့လျှင် သေခြင်းတရားကနေတောင် မလွတ်မြောက်နိုင်ပြီး လုံထူက သူတို့ထဲမှ တစ်ယောက်ဖြစ်၏။ သို့သော်ငြား သူက ကျုံးစီရင်စု၏ မဟာမိတ်ခေါင်းဆောင်၏ ဌာနချုပ်ရှေ့၌ ပေါ်လာခဲ့လျှင် လင်းချမ်ချန်းက သူ့ကို သူ့အတွက် တလေးတစား ရေငှဲ့ပေးပြီး အနည်းငယ်မျှတောင် စောတဂတက်ရဲမှာ မဟုတ်ပေ။ သူက လုံထူကို မခုခံနိုင်သောကြောင့် ဖြစ်သည်။ သူ့ကို ရူးရူးမိုက်မိုက် ရန်စခြင်းက ကျုံးစီရင်စုနှင့် အပြစ်ကင်းသူများစွာ၏ သေဆုံးခြင်းကို ဖြစ်စေလိမ့်မည်။
သူ ပြုလုပ်နိုင်သည့် တစ်ခုတည်းသောအရာက သူ့ကို ရန်မစတာပဲ ဖြစ်သည်။
ထိုအကြောင်းအရင်းကြောင့် သူ၏ အမူအယာ သုန်မှုန်သွားတာပဲ ဖြစ်သည်။ သူ၏ ကိုယ်ပိုင် ဘေးကင်းမှုတောင် မသေချာမရေရာနေရာ စီရင်စု၉ခု၏ ဘေးကင်းမှုက ဆိုဖွယ်ရာ မရှိဖြစ်သည်။
တစ်ဖက်သူက သန်မာသူ ဖြစ်၏။ သန်မာသည့် သူတစ်ယောက်ရှေ့၌ အာဏာနှင့် ဥစ္စာဓနတို့က အချည်းနှီး ဖြစ်ကုန်၏။
ထိုအကြောင်းအရင်းကြောင့် သူသည် ဓါးနတ်ဘုရား လီလျိုစွေ့ကို ဖိတ်ခေါ်တာလည်း ဖြစ်သည်။ စီရင်စု၉ခုထဲ၌ လုံထူကို အနိုင်ယူနိုင်သည့်သူက လက်တစ်ဖက်ဖြင့် ရေတွက်၍ရသည်။
လီလျိုစွေ့က သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။
အပိုင်း ၁၉၇ ပြီး၏။