တုနှိုင်းမဲ့ ထန်မျိုးနွယ် - Chapter 79.3 ပါရမီရှင်အစာအမျိုးအစား၀ိညာဥ်ပညာရှင်လား
” လှလိုက်တာ “
ရှုစန်းရှီကတော့ တိုက်ပွဲ၀င်ပုံစံမိန်းကလေးကိုကြည့်ရင်း သူ့မျက်လုံးတွေက တောက်ပလာပါတော့တယ်။
ရှုစန်းရှီရဲ့ အပြင်ပရုပ်သွင်က မဆိုပါဘူး။ သူ့ရဲ့မျက်နှာက လေးထောင့်ကျကျရှိပြီ နှာခေါင်းချွန်ချွန်နဲ့ နှုတ်ခမ်းပါးပါးကို ပိုင်ဆိုင်ထားပါတယ်။ ပေ့ပေ့လိုမျိုး နူးညံ့ပြီကျက်သရေရှိတဲ့ကျောင်းတော်သားပုံစံပေါက်မနေခဲ့ပေမဲ့ သေချာပေါက် ခန့်ညားချောမောတဲ့သူပါ။ ဒါပေမယ့် သူ့ရဲ့အမူအကြည့်တွေက သူရုပ်သွင်နဲ့လုံး၀ကို တခြားဆီပါပဲ။
သူနဲ့မျက်နှာချင်ဆိုင်မှာရပ်နေခဲ့တဲ့ ရှဲယွဲ့ကတော့ ၁•၇မီတာလောက် မြင့်မားတဲ့ အရပ်ရှည်ရှည်ကောင်မလေးဖြစ်ပြီ အသက်ဆယ့်ရှစ်နှစ် ဆယ်ကိုးနှစ်အရွယ်ရှိပါတယ်။ ပြိုင်ဘက်ကင်းအောင်လှပနေတာမဟုတ်ပေမဲ့ အတော်ကိုပိန်ပါးတာကြောင့် လှပတဲ့ခြေတံရှည်ရှည်တွေကို ပိုင်ဆိုင်လို့ထားခဲ့တယ်။ ဒါ့အပြင် ကိုယ်ကြပ်၀တ်စုံကလဲ သူ့ရဲ့လှပတဲ့ပုံစံကို ပိုပြီးတော့တောင် အားဖြည့်လို့နေခဲ့ပါတယ်။
ရှုစန်းရှီလို နှာဘူးကတော့ သူ့ရှေ့မှာရှိနေတဲ့ မိန်းကလေးကို ခေါင်းအစခြေအဆုံးအထိ သေချာကြည့်နေခဲ့ပါတော့တယ်။ သူပထမဆုံးသတိထားမိတဲ့အရာကတော့ သူ့ရဲ့ရှည်သွယ်တဲ့ခြေထောက်တွေနဲ့ လုံး၀စ်တဲ့ပေါင်တံတွေပါပဲ။ အဲ့ဒီနောက် ရင်ဘတ်ကိုရောက်ရှိလို့သွားချိန်မှာတော့ သူမျက်လုံးပြူးသွားပါတော့တယ်။ ပါးစပ်ကလဲ အဟောင်သားဖြစ်သွားခဲ့ပါပြီ။ သူအနေနဲ့ သရေတွေတောင်ကျလာတော့လို့မပါပဲ။
ကံကောင်းစွာနဲ့ပဲ ကျန်းနန်နန်က သူ့ကိုကြည့်နေမှန်းသူသိနေခဲ့တယ်။ ဒါကြောင့် ရှန်ယွဲ့ရင်ဘတ်ကိုရောက်ရှိလို့သွားတဲ့သူ့ရဲ့အကြည့်ကို အားတင်းပြီတားဆီးလိုက်ရင်း တံတွေကိုလဲ ပြန်မြိုချလိုက်ရပါတယ်။
ရှန်ယွဲ့က ရှုစန်းရှီထက်အများကြီး အသက်မကြီးသေးပါဘူး။ ဒါပေမယ့် သူမမှာ ချစ်သူကောင်လေးရှိနေပြီသားပါ။ ဒါကြောင့် ရှုစန်းရှီရဲ့အပြုအမူကိုမြင်ချိန်မှာချက်ချင်းမျက်ခုံးပင့်လိုက်ရင်း မေးပါတော့တယ်။
” ဘာတွေလာကြည့်နေတာလဲ “
ရှုစန်းရှီလဲ ချက်ချင်းဆိုသလို သတိလက်လွှတ်နဲ့ ပြန်ဖြေလိုက်မိပါတယ်။
” ပေါက်စီးပူပူလေး “
” ဘာပြောတယ် “
ရှန်ယွဲ့က ချက်ချင်းဒေါသတကြီးနဲ့သူ့ဆီကို ပြေး၀င်လို့လာခဲ့ပါပြီ။ ဒိုင်အနေနဲ့လဲ တစ်ဖက်လူရဲ့ အရမ်းလွန်းလွန်တဲ့အပြုအမူကို လုံး၀ကို သည်းမခံနိုင်တော့တာကြောင့် သူချက်ချင်းဆိုသလို စတင်လို့အော်လိုက်ပြီ နောက်ဆုတ်သွားပါတော့တယ်။ ရှန်ယွဲ့ရဲ့တိုက်ခိုက်တဲ့ပုံစံက မာယင်ကျွင့်နဲ့လုံး၀ကို မတူညီပါဘူး။ သူမရဲ့ကျောဖက်မှာ ရှည်လျားတဲ့ဓားနှစ်ချောင်းရှိနေခဲ့ပါတယ်။ ဒါ့အပြင် အချိန်မရွေးဒီဓားတွေကို ထုတ်သုံးနိုင်သလိုပါပဲ။ နောက်ဆုံးမှာတော့ လက်တစ်ဖက်ဆီမှာ ဓားတစ်ချောင်းဆီကိုကိုင်လိုက်ပါတော့တယ်။ နှစ်ပေကျော်ရှည်လျားတဲ့ဓားတွေက ချက်ချင်းဆိုသလို အဖြူရောင်အလင်းတန်းနဲ့ တောက်ပလို့လာခဲ့ပါပြီ။ အဲ့ဒီနောက် အလင်းတန်းတွေကလဲ ရှုစန်းရှီဆီကို ပြေး၀င်လာခဲ့ပါတော့တယ်။
အောက်ဖက်မှာရှိနေခဲ့တဲ့ ၀မ်ယန်က ချက်ချင်းဆိုသလို ပြောလိုက်မိပါတော့တယ်။
” အနီးကပ်တိုက်ခိုက်ရေးအမျိုးအစား၀ိညာဥ်လက်နက်ပဲ သေချာအာရုံစိုက်ထားကြ အချိန်အများစုမှာ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက အနီးကပ်တိုက်ခိုက်ရေး၀ိညာဥ်လက်နက်ကိုသုံးပြီ ကြောက်စရာကောင်းကြတယ်..သူတို့ရဲ့ ၀ိညာဥ်စွမ်းရည်တွေက အားနည်းကောင်းအားနည်းပေမဲ့ အနီးကပ်တိုက်ပွဲစွမ်းရည်ကတော့ သန်မာတယ်..ဒီလိုလူမျိုးကို အကောင်းဆုံးရင်ဆိုင်တာက သူတို့နဲ့ ဝေးဝေးရှောင်ဖို့ပဲ အကယ်၍ သူတို့နဲ့အနီးကပ်သွားတိုက်ခိုက်မယ်ဆိုရင် အတော်ကိုပြဿနာတက်လိမ့််မယ်။
ရှဲယွဲ့ရဲ့ အနီးကပ်တိုက်ပွဲ၀ိညာဥ်လက်နက်ကို ဟို့ယွိဟောင်လဲသေချာအာရုံစိုက်ကြည့်နေခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ကိုယ်ပိုင်၀ိညာဥ်လက်နက်နဲ့ပြန်ပြီ တွေးတောရင်ကြည့်နေခဲ့တယ်။ ဒီအရာရဲ့တူညီတဲ့အချက်ကတော့ သူ့ရဲ့အမေပိုင်ဆိုင်တဲ့ကျားဖြူဓားနဲ့ အသွင်တူနေတာပါပဲ။
လေမြောက်၀န်းကိုသူတိုက်ခိုက်တဲ့အချိန်မှာ ကျားဖြူဓားက ထူးခြားတဲ့အစွမ်းပေါ်လာခဲ့ပြီ ပထမ၀ိညာဥ်သားရဲကောင်ကို သတ်နိုင်ခဲ့ပါတယ်။
ရှန်ယွဲ့ရဲ့ဓားရှည်တွေက ရှုစန်းရှီရဲ့ဒိုင်ကာပေါ်ကို ကျရောက်လို့လာခဲ့ပါပြီ။ အဖြူရောင်မီးပွားတွေကလဲ ဆက်တိုက်ပြန့်လွှင့်လို့လာခဲ့ပါတော့တယ်။ ရှန်ယွဲ့ရဲ့ ၀ိညာဥ်စက်ကွင်းတွေကလဲ အပြည့်အ၀စွမ်းအားကို ထုတ်သုံးလို့နေခဲ့ပါပြီ။ မာယင်ကျွင့်လို့ပဲ သူ့မှာလဲ အ၀ါရောင်၀ိညာဥ်စက်ကွင်းသုံးခုနဲ့ ခရမ်းရောင်၀ိညာဥ်စက်ကွင်းတစ်ခုရှိနေခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့သိုင်းပညာ၀ိညာဥ်ကလဲ တစ်နည်းတစ်ဖုံထူးဆန်းနေခဲ့တယ်။ သူမရဲ့ဦးခေါင်းက သူမရဲ့၀ိညာဥ်သက်ရောက်တာကို အခံရဆုံးပါပဲ။ မူလအခြေအနေမှာ ရွှေရောင်တောက်ပနေခဲ့တဲ့ ဆံပင်တွေက မီးခိုရောင်ပြောင်းလို့သွားခဲ့ပြီ အရပ်ကလဲပိုရှည်လို့သွားခဲ့ပါတယ်။ အခုအချိန်မှာ သူ့ရဲ့ကြွက်သားတွေကလဲ အများကြီးပိုပြီး သန်မာလာရုံတင်မက မျက်လုံးတွေကပါ အ၀ါရောင်တောက်တောက်ကို ပြောင်းလဲလို့သွားပါတော့တယ်။ အစွယ်တွေကလဲ သွားအပြင်ဘက်ကို ထွက်နေခဲ့ပါပြီ။
ခွေးအမျိုးအစားသိုင်းပညာ၀ိညာဥ်လား ဒါ့အပြင် အတော်ကို သန်မာတဲ့ပုံပါပဲ။ သိုင်းပညာ၀ိညာဥ်တွေက အသုံးပြုတဲ့သူကို အများကြီးအင်အားတိုးစေနိုင်တဲ့အရာတွေလဲ ရှိနေပါတယ်။ ရှန်ယွဲ့ရဲ့စွမ်းရည်က အနီးကပ်လက်နက်တိုက်ပွဲပညာရှင်ဖြစ်နေရုံတင်မက သူ့ရဲ့သိုင်းပညာ၀ိညာဥ်နဲ့လဲ လိုက်ဖက်ညီလို့နေခဲ့တယ်။ ဒီလိုသိုင်းပညာ၀ိညာဥ်မျိုးမှာရှိတဲ့ တစ်ခုတည်သောပြစ်ချက်ကတော့ သူအသုံးပြုလိုက်တိုင်းမှာ လှပတဲ့ရုပ်သွင်ကို ပျက်စီးစေနိုင်တာပါပဲ။
ဒါကိုမြင်ချိန်မှာတော့ ရှန်ယွဲ့ရဲ့တိုက်ခိုက်မှုကို ခုခံကာကွယ်နေရင်း ရှုစန်းရှီက အကျင့်မကောင်းစွာနဲ့အော်ဟစ်ပါတော့တယ်။
” သရဲကြီး သရဲကြီး “
သူ့ရဲ့အော်သံက ရှန်ယွဲ့ကို ပိုပြီးဒေါသထွက်လာစေခဲ့သလို သူ့ရဲ့ဒေါသတကြီးနဲ့ ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုကလဲ အရှိန်မြင့်လာပါတော့တယ်။ ရှုစန်းရှီက ပေါက်တမ်းကရတွေ အများကြီးပြောနေခဲ့ပေမဲ့ လက်ရှိအချိန်မှာ သူကတော့ လေအိတ်ကြီးတစ်အိတ်လိုပါပဲ။ သူလုပ်တဲ့တစ်ခုတည်သောအရာကတော့ သူ့ရဲ့ဒိုင်းကာကို ဟိုရွေ့ဒီရွေ့လုပ်ရင်း သူ့ကိုယ်သူ ကာကွယ်နေခဲ့တာပါ။ သူ့အနေနဲ့ လုံး၀စိတ်ကူးမရှိတဲ့ပုံပါပဲ။
စင်မြင့်ပေါ်မှာကတော့ တစ်၀ုန်း၀ုန်းမြည်နေသံတွေနဲ့အတူ ရှုစန်းရှီ တိုက်ခိုက်ခံနေရတဲ့ မြင်ကွင်းပေါ်လာပါတော့တယ်။ ကြည့်ရှု့နေတဲ့သူတွေကတော့ တအံ့တဩအော်သံတွေသာ ထုတ်လွှတ်လို့နိုင်ခဲ့တယ်။ သူတို့ရဲ့အမြင်အရတော့ ဟို့ယွိဟောင်နဲ့ ရှုစန်းရှီတို့က ကျောင်းတော်တစ်ခုထဲကဖြစ်ပေမဲ့ အများကြီးကို ကွာခြားချက်ကိုရှိနေခဲ့တာပါ။
၀ိညာဥ်လက်နက်တွေကို အသုံးချရတာက ၀ိညာဥ်စွမ်းအားကို အများကြီးကို ကုန်ဆုံးစေပါတယ်။ ဒါ့အပြင် ၀ိညာဥ်စွမ်းအားကုန်ဆုံးမှုက အနီးကပ်၀ိညာဥ်လက်နက်တိုက်ခိုက်ရေးတွေအပေါ်မှာ အများကြီးပိုပြီး သက်ရောက်ပါတယ်။ ရှန်ယွဲ့ရဲ့ ဓားသွားတွေက အဆင့်သုံးအနီးကပ်တိုက်ခိုက်ရေး၀ိညာဥ်လက်နက်တွေပါ။ ဒါကြောင့် စွမ်းအားကလဲ ကြောက်စရာကောင်းလောက်အောင် မြင့်မားရုံတင်မကပဲ များပြားတဲ့၀ိညာဥ်စွမ်းအားတွေကိုလဲ ထည့်သွင်းဖို့လိုအပ်ပါတယ်။ ရှုစန်းရှီကတော့ ဖြည်းဖြည်းချင်းတစ်လှမ်းဆီဆုတ်နေခဲ့ပါပြီ။
ဒါပေမယ့် ရှန်ယွဲ့ကတော့ ဘယ်လောက်ပဲအင်အားကောင်းကောင်းနဲ့ ကျင့်ကြံထားပါစေ အားကုန်မတတ်ဖြစ်လာပါတော့တယ်။ မကြာခင်အချိန်အတွင်းမှာပဲ သူ့ရဲ့၀ိညာဥ်စွမ်းအားတွေအများကြီးကိုကုန်ဆုံးနေတာကို စတင်ခံစားလိုက်မိပါပြီ။ တစ်ဖက်မှာရှိနေခဲ့တဲ့ ရှုစန်းရှီကတော့ စင်မြင့်နဲ့ ဆယ်မီတာအကွာမှာ ရောက်နေပါပြီ။ သူက ဆက်တိုက်နောက်ဆုတ်နေခဲ့လို့ပါပဲ။
အကယ်၍ ရှန်ယွဲ့သာ ရှုစန်းရှီရဲ့ ခုခံစစ်ထဲမှာ အမှားအယွင်းတစ်ခုကို ရှာတွေ့ဖို့ကြိုးစားမနေခဲ့ဘူးဆိုရင် ဒီလိုမျိုး အနောက်ဖက်ရောက်လာတာကိုသတိထားမိမှာမဟုတ်ပါဘူး။ ဒါ့အပြင် ရှုစန်းရှီကလဲ သူ့ရဲ့ ဒိုင်းကာကြီးကို အတော်လေး ပါးပါးနပ်နပ်နဲ့ သုံးနေခဲ့ပါတယ်။ သူမ ဘယ်လိုပဲတိုက်ခိုက်ပါစေ သူက အမြဲတမ်းအချိန်မီတားဆီးနေတုန်းပါပဲ။ အရေးကြီးဆုံးကတော့ သူမလှည့်စားပြီတိုက်ခိုက်ဖို့ကြံစည်ချိန်တိုင်းရှုစန်းရှီက အချိန်မီသိပြီနေရာကိုပြောင်းသွားခဲ့တယ်။ ဒီလိုနည်းနဲ့ ရှန်ယွဲ့ကလဲ သူ့ကို အရှေ့ကနေသာ တိုက်ခိုက်လို့နိုင်နေခဲ့ပါတယ်။
၀ိညာဥ်စွမ်းအားတွေအများကြီး ကုန်ဆုံးနေခဲ့တာကြောင့် ရှန်ယွဲ့ရဲ့ဓားသွားတွေက ဖြည်းဖြည်းချင်း နှေးကွေးလို့လာခဲ့ပါပြီ။
ဒီတစ်ကြိမ်မှာပဲ ရှုစန်းရှီက ပြုံးရင်းနဲ့ ပြောလိုက်တော့တယ်။
” ငါနောက်ထပ် တောင့်မခံနိုင်တော့ဘူး မြန်မြန်လေး အားပါပါလေးလုပ်လိုက် “
” ခွေးမသား “
ရှန်ယွဲ့ရဲ့ မျက်လုံး၀ိုင်း၀ိုင်းတွေက တောက်ပလို့လာခဲ့ပြီ ပါးစပ်အပြည့်လေတွေကို ရှုသွင်းလိုက်ပါတော့တယ်။ အဲ့ဒီနောက် ၀ိညာဥ်စွမ်းအားအများကြီးကို စုစည်းလိုက်ပြီတဲ့နောက် ရှုစန်းရှီကို နောက်တစ်ကြိမ်အားပြင်းပြင်းနဲ့ တိုက်ခိုက်တော့တယ်။
ဆယ်မီတာ ကိုးမိီတာ ရှစ်မီတာ ငါးမီတာ သုံးမီတာ တစ်မီတာ နောက်ဆုံးမှာတော့ ရှန်ယွဲ့ရဲ့ တိုက်ခိုက်မှုတွေအောက်မှာ ရှုစန်းရှီလဲ အစွန်းဖက်ကိုရောက်လာခဲ့ပါပြီ။ လက်ရှိအချိန်မှာ သူနောက်ကိုခြေတစ်လှမ်းဆုတ်သွားလိုက်ရုံနဲ့ ပြုတ်ကျလို့သွားမှာအမှန်ပါပဲ။
ရှန်ယွဲ့ရဲ့ ၀ိညာဥ်စက်ကွင်းလေးကွင်းလဲ အစောပိုင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို တောက်ပလို့နေခဲ့ပါတယ်။ ဒါပေမယ့် အပေါ်ယံမှာ သူမက ၀ိညာဥ်စွမ်းအားကိုဘာတစ်ခုမှသုံးထားတဲ့ပုံစံ မပေါ်ပါဘူး။ ဒါကတော့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့ ပြိုင်ဘက်အနေနဲ့အချက်တစ်ခုပါ။ သူမ ၀ိညာဥ်စက်ကွင်းတွေကို ရွေးချယ်တဲ့အချိန်မှာ အရှိန်နှုန်းနဲ့ အင်အားကိုတိုးတက်စေနိုင်မဲ့ ၀ိညာဥ်စက်ကွင်းတွေကိုသာ ရွေးချယ်ခဲ့ပါတယ်။ ဒီလိုနည်းနဲ့ သိုင်းပညာ၀ိညာဥ်ပိုင်ဆိုင်ထားပြီသား ဖြစ်သွားမှာပါ။ ဒါ့အပြင် ၀ိညာဥ်လက်နက်တစ်ခုနဲ့ ပေါင်းစည်းပြီချိန်မှာ သူမရဲ့တိုးတက်လာခဲ့တဲ့ ၀ိညာဥ်တိုက်ခိုက်ရေးအင်အားက သာမန်၀ိညာဥ်ပညာရှင်တွေယှဥ်ပြိုင်နိုင်ဖို့မလွယ်ကူပါဘူး။ သူမအောင်မြင်ပြီ အနိုင်ရတော့မဲ့အချိန်မှာပဲ။ နောက်ဆုံး၀ိညာဥ်စက်ကွင်းတစ်ကွင်းက တောက်ပလို့လာခဲ့ပါတယ်။ ဓားသွားနှစ်ခုကတော့ လက်ရှိအချိန်မှာ အဖြူရောင်ကနေ အစိမ်းရောင်ကို ပြောင်းသွားခဲ့ပါပြီ။ သန်မာအားကောင်းတဲ့ ၀ိညာဥ်စွမ်းအားကလဲ ပတ်၀န်းကျင်ကိုတောင် စတင်ပြီ အပြောင်းအလဲဖြစ်လာစေပါတော့တယ်။ သူ့ရဲ့ဓားသွားတွေက ရှုစန်းရှီကို အစွမ်းကုန်ထိုးနှက်ပါပြီ သူမ နိုင်ပါတော့မယ်။
ရှန်ယွဲ့က ရှုစန်းရှီကို ဓားနှစ်လက်နဲ့တိုက်ခိုက်နေချိန်မှာပဲ တစ်ဖက်ကျောင်းတော်နဲ့ ကျောင်းသားတွေအားလုံးက ဒီအတွေးကိုတွေးမိနေခဲ့တာပါ။
သူမဘယ်လောက်အထိ သန်မာလဲဆိုတာကို ကောင်းကောင်းသိနေတဲ့လူတိုင်းက သူမသာအစွမ်းကုန်တိုက်ခိုက်မယ်ဆိုရင် ၀ိညာဥ်ဘုရင်လိုပညာရှင်မျိုးတောင် သူ့ကိုတိုက်ရိုက်ရင်မဆိုင်၀ံ့မှန်း သိနေခဲ့ပါတယ်။ ရှုစန်းရှီလို လူမျိုးက လုံး၀ကိုနောက်ဆုတ်လဲအချိန်မရှိတော့ပါဘူး။
ဒီလိုမျိုးအောင်မြင်မဲ့အတွေး၀င်လာပြီချိန်မှာပဲ ချက်ချင်းဆိုသလို အထိတ်တလန့်ဖြစ်သွားပါတော့တယ်။
အဲ့ဒီနောက် ရှန်ယွဲ့ရဲ့ဓားသွားတွေက ရှုစန်းရှီရဲ့ဒိုင်းကာထဲမှာ နစ်၀င်လို့သွားခဲ့ပါပြီ။ ရှုစန်းရှီရဲ့ခန္ဓာကိုယ်ကတော့ ရုတ်တရက်ဆိုသလို ပျောက်ကွယ်လို့သွားခဲ့ရင်းတစ်ဖက်ကိုရောက်သွားတော့တယ်။ တစ်ချိန်ထဲမှာပဲ သူ့ရဲ့ဒိုင်းကာကြီးကို ဆောင့်ချလိုက်ရင်း ရှန်ယွဲ့ရဲ့ ဓားတွေကိုသူဒိုင်းပေါ်ကနေ ဖြတ်ထွက်လို့သွားစေခဲ့တယ်။
ရှုစန်းရှိီအနေနဲ့ နယ်မြေအပြင်ဘက်အထိရောက်လာအောင် တွန်းခံလိုက်ရတာကအမှန်ပါ။ ဒါပေမယ့် တစ်ချိန်ထဲမှာပဲ ရှန်ယွဲ့ကိုယ်တိုင်ကလဲ ဒီလိုအစွန်းဖက်ကို ရောက်လာခဲ့တယ်။ သူ့ရဲ့ဓားတွေကို အရှိန်လွန်ပြီခုတ်ဖြတ်လိုက်မိချိန်မှာပဲ သူ့မရဲ့အရှိန်အဟုန်က သူ့ကိုစင်အောက်ကျသွားစေခဲ့ပါတယ်။
သူမရဲ့အကြီးမားဆုံးအရာကတော့ ရှုစန်းရှီရဲ့အစီအစဥ်ထဲမှာ ကျဆင်းလို့သွားခဲ့တာပါပဲ။ ဒါ့အပြင် ဆုံးဖြတ်ချက်ချနိုင်တဲ့စွမ်းရည်ကတော့ သူကြောင့်ဒေါသထွက်လာခဲ့တဲ့အတွက် အများကြီးထိခိုက်လို့သွားခဲ့တာပါ။ ဒါ့အပြင် တိုက်ပွဲမှာဆက်တိုက်ဆိုသလို အသာစီးရခဲ့မှုကြောင့် အရေးကြီးတဲ့ကိစ္စတစ်ခုကို မေ့သွားခဲ့ပါတယ်။ ရှုစန်းရှိီက ခုခံရေးအမျိုးအစား၀ိညာဥ်ပညာရှင်တစ်ယောက် ဖြစ်နေခဲ့ပေမဲ့ သူကအရာအားလုံးကိုတားဆီးနေဖို့မလိုအပ်ပါဘူး။ ဒါ့အပြင် တိုက်ခိုက်မှုကိုလဲ ခုန်ရှောင်နေခဲ့ပါတယ်။
သူမအရမ်းကို ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်နေခဲ့တဲ့တစ်လျှောက်လုံးမှာ ရှုစန်းရှီက တိုက်ခိုက်မှုတွေအားလုံးကို တစ်စက်လေးမှခုန်မရှောင်ခဲ့ပါဘူး။ ဒါပေမယ့် အရေးကြီးဆုံးအချိန်မှာတော့ လှုပ်ရှားမှုကိုအနည်းငယ်လေး ပြောင်းလဲပြီ ရှန်ယွဲ့အနေနဲ့ တုန့်ပြန်ချိန်မရလောက်အောင် လှုပ်ရှားခဲ့ပါတယ်။ ရှုစန်းရှီကို ကျော်လွန်ပြီ ပြုတ်ကျသွားချိန်မှာ ရှန်ယွဲ့လဲသတိပြန်၀င်လာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ဓားတွေက မြေပြင်ပေါ်ကိုပြုတ်ကျသွားပြီဖြစ်တာကြောင့် နောက်ကျလို့သွားခဲ့ပါပြီ။
ရှုစန်းရှိီကတော့ သူ့ရဲ့ဒိုင်းကာကြီးကို အေးအေးဆေးဆေးဆော့ကစားနေရင်းနဲ့ ရှန်ယွဲ့ရဲ့လုံး၀စ်တဲ့တင်ပါးတွေကို တောက်ချလိုက်ပါတယ်။ အဲ့ဒီနောက် ရှဲယွဲ့က လုံး၀ကိုလှဲကျလို့သွားခဲ့ပါပြီ။
ဒုတိယပြိုင်ပွဲကလဲ အခုလိုပဲ ပြဇာတ်ဆန်ဆန်နဲ့ပြီးဆုံးလို့သွားခဲ့ပါတော့တယ်။ ရှုစန်းရှီက ပြိုင်ပွဲအစကထဲကနေ ရှန်ယွဲ့ဆက်တိုက်တိုက်ခိုက်တာကို ခံနေခဲ့ရတာပါ။ သူ့အနေနဲ့ အချိန်မရွေးလှဲကျသွားတဲ့ပုံစံပေါ်ပေမဲ့ နောက်ဆုံးမှာတော့ အနိုင်ရခဲ့ပါပြီ။ ဒါကတကယ်ပဲ အံ့ဩစရာကောင်းတဲ့ကိစ္စလား။
စင်အောက်ကိုပြုတ်ကျသွားပြီချိန်မှာတော့ ရှန်ယွဲ့ရဲ့မျက်နှာတစ်ခုလုံးလဲ မဲမှောင်လို့သွားခဲ့ပါတော့တယ်။ သူမအနေနဲ့ကတော့ အစောပိုင်းစွမ်းအင်တွေအများကြီးကို ကုန်ဆုံးလို့သွားခဲ့တာပါ။ စင်မြင့်ပေါ်မှာကတော့ ရှုစန်းရှီက အပြစ်ကင်းစင်တဲ့မျက်နှာလေးနဲ့သူမကို ကြည့်နေခဲ့ပါတယ်။ အဲ့ဒီနောက် ပုခုံးတွန့်ပြရင်း ပြောလိုက်တယ်။
” မင်းငါ့ကို အပြစ်တင်လို့မရဘူးလေ အရှိန်လွန်ပြီ မင်းဘာသာမင်းပြုတ်ကျတာပဲ အမှားတစ်ခုက သေချာပေါက် အမှားတစ်ခုပဲလေ “
ဒါပေမယ့် ရှန်ယွဲ့ရဲ့လှပတဲ့တင်ပါးတွေကိုသာ စကားပြောချိန်တစ်လျှောက်လုံး သူဆက်တိုက်ကြည့်နေခဲ့တာပါ။ အစောပိုင်းတုန်းက သူစကားပြောပြီးပြီချင်မှာတင် ကျန်းနန်နန်ဘက်ကို လှည့်သွားပါတော့တယ်။ ကျန်းနန်နန်ကတော့ လုံး၀ကို မြူခိုတွေဆိုင်တဲ့မျက်နှာထားနဲ့ရှိနေခဲ့ပါတယ်။ အဲ့ဒီနောက် ဘယ်ကမှန်းမသိတဲ့ ကပ်ကြေးတွေကို ထုတ်ယူလာခဲ့ပြီ အရှေ့စားပွဲပေါ်မှာ တည်ရှိနေခဲ့တဲ အသီးတွေကိုကပ်ကြေးနဲ့ လာညှပ်ပါတော့တယ်။
ရှုစန်းရှိီအနေနဲ့လဲ သူ့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုက ရုတ်တရက်နာကျင်သွားတာကို ခံစားလိုက်မိပါပြီ။ ဒါကြောင့် သူချက်ချင်းပြည့်လှည့်လို့သွားပါတော့တယ်။ အဲ့ဒီနောက် ဒိုင်ကိုအမှန်တရားဘက်တော်သားကြီးလိုမျက်နှာထားနဲ့ လှမ်းပြီပြောတော့တယ်။
” ကျွန်တော်နိုင်သွားပြီ နောက်ပြိုင်ပွဲကိုဆက်ပြီသွားရအောင် “
သူ့ကိုကြည့်နေခဲ့တဲ့ဒိုင်ရဲ့ အကြည့်က တစ်နည်းတစ်ဖုံ ထူးဆန်းလို့နေခဲ့ပါတယ်။ ဒီလိုထူးဆန်းတဲ့ပြိုင်ပွဲကို သူ့ဘ၀မှာမတွေ့ခဲ့ဖူးပါဘူး။
တစ်ဖက်ကျောင်းတော်ရဲ့ အဖွဲ့ခေါင်းဆောင်ကတော့ စင်ပေါ်ကိုတက်လာခဲ့ပြီ ရှုစန်းရှီဆီကို ရောက်ရှိလို့လာပါတော့တယ်။
ကြည့်ရှု့သူတွေရဲ့အမြင်အရတော့ အဲ့ဒီလူက ရှုစန်းရှိီကြောင့်ဒေါသထွက်နေခဲ့မှာပါ။ ဒါပေမယ့် သူ့အနေနဲ့ အံ့ဩစရာကောင်းလောက်အောင်ပဲ အမူအရာကတော့ ထူးထူးခြားခြား မပြောင်းလဲသွားခဲ့ပါဘူး။
ရှုစန်းရှိီကို ကြည့်နေတဲ့အချိန်မှာ သူ့အမူအရာက ဒေါသထွက်နေတဲ့ပုံစံမပေါ်ပဲ အေးစက်ပြီတင်းမာလို့နေခဲ့တယ်။ အဲ့ဒီနောက် ရှုစန်းရှီကို တစ်ချက်ဦးညွတ်လိုက်ရင်း ပြောလာခဲ့ပါတယ်။
” တိမ်တိုက်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ စစ်ထူယွိ “
ရှုစန်းရှီကတော့ တစ်စုံတစ်ရာကိုနားလည်သွားတဲ့ပုံစံပါပဲ။ သူ့ရဲ့အေးဆေးတဲ့ပုံစံက ပျောက်ကွယ်လို့သွားခဲ့ပါပြီ။
” အမျက်ဒေါသကျောင်းတော် ရှုစန်းရှီ “
အပိုင်း ၇၉•၃ ပြီး၏။