တုနှိုင်းမဲ့ ထန်မျိုးနွယ် - Chapter 100.2 အရည်အသွေးမြင့်ရေခဲဗုံး
” ရှေ့မှတ်တမ်းတွေအရဆိုရင် ရေခဲစွမ်းအားရဲ့ အဓိကအစွမ်းအစကို အပူချိန်နဲ့ဆုံးဖြတ်ပါတယ်…အပူချိန်ပိုနှိမ့်လေလေ ပိုကြောက်စရာကောင်းပြီ မာကျောလေပါပဲ ရေခဲကျောက်စိမ်းဧကရီက လောကမှာရှိတဲ့ရေခဲတွေထက် အနှိမ့်ဆုံးအပူချိန်ကိုပိုင်ဆိုင်ထားသူလို့ သတ်မှတ်ခံထားရပါတယ်..သူတို့ရဲ့မျိုးနွယ်စုတွေက အဲ့ဒီလောက်ကြီးမထူးချွန်ပေမဲ့ ရေခဲနယ်မြေကို ပိုင်ဆိုင်ပြီယှဥ်ပြိုင်နိုင်တဲ့ သူတွေကတော့ ရှိနေဆဲပါပဲ ဒါကြောင့် ဒီဘယ်ဘက်လက်အရိုးနဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် သေချာပေါက် ရေခဲအမျိုးအစားသိုင်းပညာ၀ိညာဥ်ရှိသူတွေအနေနဲ့ အများကြီးတိုးတက်မှုဖြစ်လာနိုင်မှာပါ ဒီလို၀ိညာဥ်စွမ်းအားကို အသုံးပြုသည်ဖြစ်ပါစေ အပူချိန်က ပုံမှန်ထက်ကို နှိမ့်ပါးသွားပါလိမ့်မယ်..အဓိကအားသာချက်ကတော့ စွမ်းအားတွေအားလုံး တိုးတက်မှုပါပဲ ပထမဆုံးအနေနဲ့ ဒီအားသာချက်ရှိနေပါတယ် ”
” ဒုတိယအချက်အနေနဲ့ကတော့ ရေခဲကျောက်စိမ်းကင်းမြီးကောက်တွေက သဘာ၀အရကို စွမ်းအားကြီးတဲ့သတ္တ၀ါတွေပါ သူ့ရဲ့ဘယ်ဘက်လက်မောင်းအရိုးကို ရပြီးပြီဆိုရင် ဒီအရိုးရဲ့အင်အားကလဲ အသုံးပြုသူ၀ိညာဥ်ပညာရှင်ကို သိသိသာသာတိုးတက်စေပါလိမ့်မယ်…တိုးတက်မဲ့ပမာဏကိုတော့ ကျွန်မမသေချာပါဘူး…ကံတရားနဲ့ပဲ စမ်းသပ်လို့ရမှာဖြစ်သလို ဧည့်သည်တော်တို့လက်ခံရရှိမဲ့အပေါ်လဲ မူတည်ပါတယ် “
” နောက်တစ်ခုဖြစ်တဲ့ တတိယအကျိုးကတော့ ဒီ၀ိညာဥ်အရိုးနဲ့ ပေါင်းစည်းပြီတဲ့အချိန်မှာ ၀ိညာဥ်အရိုးရဲ့ခိုင်မာတဲ့၀ိညာဥ်စွမ်းရည်ကို ရရှိပါလိမ့်မယ်…သွယ်၀ိုက်ပြီပြောမနေတော့ပါဘူး ဒီရရှိလာမဲ့စွမ်းအားက ရေခဲပေါက်ကွဲမှုလို့ခေါ်ပါတယ်…သိပ့်သည်းတဲ့စွမ်းရည်လို့ ခေါ်တာကတော့ သူ့ရဲ့အားနည်းချက်တွေနဲ့ အပြောင်းအလဲမရှိနိုင်လို့ပါပဲ ဒါပေမယ့် အဲ့ဒါကိုက အကြီးမားဆုံးအားသာချက်ဖြစ်တယ်လို့ ထပ်မံပြောပါရစေ ရေခဲကျောက်စိမ်းကင်းမြီးကောက်တွေအတွက်တောင် ဒီအစွမ်းအစက နတ်ဘုရားလိုအစွမ်းအစပါပဲ ရေခဲရှိနေသရွေ့ ရေခဲပေါက်ကွဲမှုကလဲ တည်ရှိပါလိမ့်မယ် “
” ကြီးမားတဲ့အားနည်းချက်ကြီးသုံးခုနဲ့ အားသာချက်ကြီးသုံးခုကို ရှင်းရှင်းလင်းလင်းပြောပြီးပါပြီ ရေခဲအမျိုးအစားသိုင်းပညာ၀ိညာဥ်ရှိတဲ့၀ိညာဥ်ပညာရှင်က ပိုင်ဆိုင်ရင် နောင်တရမှာမဟုတ်ပါဘူး..သေချာဆုံးဖြတ်ဖို့အတွက် ဆယ်မိနစ်အချိန်ပေးပါ့မယ် “
အကြာကြီးပြောပြီတဲ့နောက် မင်းသမီးကျိုးကျိုးရဲ့အသံက ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ၀မ်ယန်တစ်ယောက်သာ အသိစိတ်ရှိရှိကျန်ရစ်နေခဲ့ပါတော့တယ်။ အဲ့ဒီနောက် သူချင်းယာဘက်ကိုလှည့်ရင်း မေးလိုက်တယ်။
” ချင်းယာ ဒီနေရာမှာရေခဲအမျိုးအစား၀ိညာဥ်ပညာရှင်တွေအများကြီးရှိလား “
ချင်းယာရဲ့မျက်နှာက ချက်ချင်းဆိုသလို နီရဲလို့သွားပါတယ်။ ဒါပေမယ့် သူ့စကားကိုမငြင်းပယ်ပဲ ခေါင်းညိတ်လိုက်တယ်။
” တောင်းပန်ပါရစေလား ဒါကကျွန်မတို့လေလံအိမ်အတွက် မရှိမဖြစ်လုပ်ဖို့လိုအပ်တဲ့ကိစ္စပါ လေလံပွဲမှာဒီပစ္စည်းတွေအားလုံးက ထိပ်တန်းပစ္စည်းတွေကြီးပါပဲ ဒါကြောင့် ပစ္စည်းတွေအားလုံးက အတော်လေးကို ကောင်းကောင်းထိန်းသိမ်းစောင့်ရှောက်ထားရပါတယ်..ပထမပစ္စည်းခုနှစ်ခုက အစာရေစာတွေနဲ့တူပြီ နောက်ဆုံးနှစ်ခုကတော့ အဓိကစားပွဲတွေကြီးပါပဲ ကျွန်မတို့လေလံအိမ်အနေနဲ့ ဂုဏ်ယူပိုင်နည်စနစ်တွေလဲ ရှိသလို ကျိုးကျိုးရဲ့ပြောဆိုမှုတွေကလဲ ချဲ့ကားပြောဆိုထားတာမရှိပါဘူး..ဒီအရိုးကတကယ်အကောင်းဆုံးပစ္စည်းတစ်ခုပါ “
၀မ်ယနိက ခေါင်းညိတ်ရင်း ဟို့ယွိဟောင်နဲ့ လင်းလော့ချန်တို့ဘက်ကို လှည့်ပြီမေးလာခဲ့ပါတယ်။
” ၀ိညာဥ်အရိုးက တစ်ခုပဲရှိတယ်….မင်းတို့နှစ်ယောက်အနေနဲ့ တစ်ယောက်ပဲရနိုင်တယ်…ဒါကြောင့် မင်းတို့နှစ်ယောက်ကို ဆုံးဖြတ်ခွင့်ပေးမယ် “
ဟို့ယွိဟောင်နဲ့ လင်းလော့ချန်တို့က ၀မ်ယန်ပြောချင်တာကို နားလည်ပါတယ်။ ဒီလိုထိပ်တန်းအမျိုးအစားရေခဲ၀ိညာဥ်အရိုးက ပိုက်ဆံနဲ့ပတ်သက်လာရင်း စိုးရိမ်စရာမရှိပါဘူး။ ဒါ့အပြင် အရမ်းကိုလိုချင်စရာကောင်းပြီရယူဖို့ခက်တဲ့အရာတစ်ခုပါပဲ။ လူတစ်ယောက်မှာ ပိုက်ဆံဘယ်လောက်ပဲရှိပါစေ လိုချင်တာမရရင် ဘယ်လိုလုပ်အသုံး၀င်နိုင်မှာလဲ။
ဒီအရိုးရဲ့တန်ကြေးက ဟို့ယွိဟောင်အတွက် တန်ကြေးရှိနေမှာအမှန်ပါ။ ဒါပေမယ့် လင်းလော့ချန်ရဲ့ အင်အားကသာတိုက်ရိုက်ရသွားမယ်ဆိုရင် အများကြီးပိုတိုးတက်လာပါလိမ့်မယ်။ မာရှောင်ထောင့်နဲ့ထိုက်ယွဲ့ဟန်တို့အဆင့်မျိုးကို ရောက်နိုင်ခဲ့မယ်ဆိုရင် သူမရဲ့ အနာဂတ်ကအများကြီးပိုတိုးတက်သွားမှာပါ။
ရေခဲပေါက်ကွဲမှုက အတော်လေးရိုးရှင်းတဲ့ပုံပေါ်ပါတယ်။ ဒါပေမယ့် ၀ိညာဥ်ပညာရှင်တွေအနေနဲ့ လင်းလော့ချန်က ဒါကိုဘယ်လိုလုပ်နားမလည်ပဲရှိမှာလဲ ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် ရေခဲပေါက်ကွဲမှုက သူတို့သေခြင်းတမန်တော်နဲ့ တွေ့ဆုံချိန်မှာ ဖြစ်ခဲ့သလို ကိစ္စနဲ့အတူတူပါပဲ။ ရေခဲပေါက်ကွဲမှုက ပိုလို့တောင်အင်အားကြီးနိုင်ပါသေးတယ်။ ရေခဲအမျိုးအစား၀ိညာဥ်ပညာရှင်တွေအနေနဲ့ ဒီရေခဲတွေကိုခုခံကောင်းခုခံကာကွယ်နိုင်ပေမဲ့ ဒါကိုကောင်းကောင်းထိန်းချုပ်နိုင်ပြီဆိုရင်တော့ နတ်ဘုရားတစ်ပါးလိုမျိုးစွမ်းရည်မျိုးရသွားမှာ အမှန်ပါ။
ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ပင်လယ်ထဲမှာတော့ ရှုပ်ပွနေပါပြီ။ တခဏတာပူဆွေးနေပြီတဲ့နောက် ရေခဲဧကရီကဟို့ယွိဟောင်ကို ဒီပစ္စည်းအရယူသင့်ကြောင်း ထောက်ခံပေးနေခဲ့ပါတယ်။ အကြောင်းအရင်းကတော့ အရမ်းကိုရိုးရှင်းနေခဲ့တယ်။ ဒီလေလံအိမ်တောင်မှ အဲ့ဒီအကြောင်းကိုမသိပါဘူး။ ရေခဲဧကရီတို့ရဲ့မျိုးနွယ်မှာ ရေခဲပေါက်ကွဲမှုစွမ်းရည်က အတော်ကိုရှားရှားပါးပါးမြင်ရခဲတဲ့အရာပါ။ သူမတောင်မှ ပါရမီအရမ်းရှိပေမဲ့ အဲ့ဒီလိုစွမ်းရည်မျိုးကို မပိုင်ဆိုင်ပါဘူး။
ရေခဲဧကရီက ဟို့ယွိဟောင်ကို စကားတစ်ခွန်းနဲ့သာ ဒီစွမ်းရည်တွေအကြောင်းကို ရှင်းပြလိုက်တယ်။ ဟို့ယွိဟောင်လဲ ချက်ချင်းနားလည်သွားခဲ့ပါပြီ။ သူမပြောတဲ့အရာကတော့ အကယ်၍ သူမသာဒီလိုစွမ်းရည်မျိုးကို ပိုင်ဆိုင်နိုင်ခဲ့မယ်ဆိုရင် မြောက်၀င်ရိုးစွန်းရဲ့ ဘုရင်သုံးပါးထဲမှာ ခေါင်းဆောင်ဖြစ်တဲ့နှင်းဧကရီကိုတောင် သူစိန်ခေါ်နိုင်မှာပါ။
ဒါပေမယ့် ဟို့ယွိဟောင်ဘယ်လိုလုပ်ပြောနိုင်မှာလဲ သူမလုပ်နိုင်ပါဘူး။ လင်းလော့ချန်ရဲ့ မျှော်လင့်တကြီးမျက်နှာကို မြင်ချိန်မှာကတော့ ဟို့ယွိဟောင်ရဲ့စကားတွေက ရပ်တန့်သွားပါတော့တယ်။
နှစ်တစ်သိန်း၀ိညာဥ်အရိုးနဲ့ယှဥ်လို့ရတဲ့ဒီ၀ိညာဥ်အရိုးက ရေခဲအမျိုးအစား၀ိညာဥ်ပညာရှင်တွေအတွက် အထူးသင့်တော်တာပါ။ ဘယ်သူမှလွယ်လွယ်လေး လက်လျော့ချင်မှာမဟုတ်ပါဘူး။ လင်းလော့ချန်လဲ သေချာပေါက် လိုချင်ပါလိမ့်မယ်။ ၀ိညာဥ်အရိုးက အရမ်းကိုစျေးကြီးတာလဲအမှန်ပါ။ ဒါ့အပြင် ဟို့ယွိဟောင်အနေနဲ့လဲ သူ့ရဲ့ဆရာတူအစ်မကြီးကို စိတ်အပြောင်းအလဲမဖြစ်စေချင်ပါဘူး။ သူတို့တွေက တိုက်ပွဲထဲအတူတူ၀င်ရတဲ့ရောင်းရင်းတွေဖြစ်ရုံတင်မကပဲ နောက်ပြိုင်ပွဲတွေမှာလဲ တစ်ယောက်နဲ့တစ်ယောက် အတူတူလက်တွဲတိုက်ခိုက်ရမဲ့သူတွေဖြစ်ပါတယ်။
ဟို့ယွိဟောင် တွေဝေနေတာကို ခံစားမိပြီတဲ့နောက် ရေခဲဧကရီကလဲ အေးဆေးလို့သွားပါတော့တယ်။
” ငတုံးကောင်ရေ သူ့ကိုသာအရင်ပေးလိုက် “
” တကယ်ကြီးလား “
ဟို့ယွိဟောင်ပြောလာခဲ့မိပါတယ်။
” အစွမ်းကုန်ကြိုးစားပြီ ဒီအရိုးကိုရဖို့ ရေခဲဧကရီပဲ ကျွန်တော်ကိုပြောခဲ့တယ်မဟုတ်လား “
ရေခဲဧကရီက ပြောလိုက်ပါတယ်။
” ငါခုနတုန်းက ၀မ်းနည်းပြီ အတွေးတွေ မရှင်းမလင်းဖြစ်သွားခဲ့တာ ဒီလိုမျိုးငါတို့ရေခဲကျောက်စိမ်းကင်းမြီးကောက်တွေ ထုတ်လုပ်တဲ့အရိုးတွေက လူတိုင်းအလွယ်လေးသုံးလို့ရမယ်များ ထင်နေလား လေလံပွဲကျင်းပသူ့ရဲ့ ပြောတဲ့အရာတွေအားလုံးက မှန်ကန်တယ်..ဒါပေမယ့် ငါတို့မျိုးနွယ်တွေအကြောင်း ငါထက်ပိုပြီးသိနိုင်တဲ့သူ ထပ်ရှိဦးမှာလား သူပြောတာတော်တော်များများက မှန်ပေမဲ့ မှားနေတာလဲရှိတယ်…ဒီအရိုးက သာမန်၀ိညာဥ်ပညာရှင်တွေအတွက်တော့ ပြဿနာကြီးဖြစ်နိုင်ပေမဲ့ သူမရဲ့အဓိကအမှားအယွင်းကတော့ ဒီ၀ိညာဥ်အရိုးအနေနဲ့ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲက ရေခဲစွမ်းအားကို မြင့်တင်ပေးနိုင်တယ်ဆိုတဲ့ ကိစ္စမှာမှားနေခဲ့တယ်..ဘာကြောင့်မှားယွင်းသွားလဲမင်းသိလား “
ဟို့ယွိဟောင်က ရယ်မောလိုက်တယ်။
” ဧကရီကတော့ ကျွန်တော်ကိုစိုးရိမ်အောင်လုပ်နေပြန်ပြီ အစ်မကြီးလင်းရဲ့မျက်လုံးတွေကို ကြည့်လိုက်ပါဦး ကျေးဇူးပြုပြီး သွယ်၀ိုက်မနေပါနဲ့တော့ “
အဲ့ဒီနောက် ရေခဲဧကရီက နှာခေါင်းရှုံ့လိုက်ပါတယ်။
” ဒါဆိုရင် ဒါကြောင့်လား “
ဟို့ယွိဟောင်လဲ ဆက်ပြီပြောပါတော့တယ်။
အဲ့ဒီနောက် သူ့ရဲ့ စိတ်ထဲမှာရှိနေတဲ့မလွယ်ကူမှုတွေက အေးဆေးလို့သွားခဲ့ပါပြီ။
” ဒါဆိုထင်ထားတာထက် လွယ်တာပဲ ”
” ချင်းယာ ကျွန်တော်မှာမေးစရာမေးခွန်းတစ်ခုရှိပါတယ် “‘
ဟို့ယွိဟောင်က လင်းလော့ချန်ကိုမကြည့်ပဲ ချင်းယာဘက်ကိုလှည့်သွားခဲ့ပါတယ်။
ချင်းယာက ပြုံးပြရင်းခေါင်းညိတ်နေခဲ့တယ်။ ဒီအမျက်ဒေါသကျောင်းတော်ရဲ့ကျောင်းသားတွေအားလုံးက လူတိုင်းရဲ့စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်းနေရာယူထားခဲ့တာပါ။ အထူးသဖြင့် ဟို့ယွိဟောင်ကတော့ အာရုံစိုက်ခံရဆုံးပါပဲ။ သူ့ရဲ့ပြိုင်ပွဲတစ်လျှောက်လုပ်ဆောင်ချက်တွေအားလုံးကို ချင်းယာလဲ ကောင်းကောင်းသိထားပါတယ်။ ရေခဲအမျိုးအစားသိုင်းပညာ၀ိညာဥ်နဲ့ ၀ိညာဥ်စက်ကွင်းနှစ်ကွင်းထဲကိုသာ အားပြုပြီး ပြိုင်ပွဲမှာအဆုံးအဖြတ်ဖြစ်အောင်လုပ်နိုင်ခဲ့သူပါ။ သူကအနာဂတ်မှာ ကျောင်းတော်ရဲ့မျှော်လင့်ချက်ရဲ့ကြယ်ပွင့်တစ်ပွင့်ပါပဲ။
” ဧည့်သည်တော် မေးချင်တာမေးလို့ရပါတယ် “
” ဒီလေလံပွဲကို ယာယီခဏနားလို့ရလား ဒီလေလံပွဲရဲ့ပစ္စည်းမှာ မှားနေတာတစ်ခုရှိတယ် “
သူပြောလိုက်ပြီချိန်မှာပဲ အားလုံးကမျက်လုံးပြူးသွားပါတော့တယ်။ သူ့အနေနဲ့ ဘယ်လိုမျိုးလင်းလော့ချန်နဲ့ ခွဲဝေရမလဲဆိုတာကို မတိုင်ပင်ပဲ တခြားကိစ္စကိုပြောလာခဲ့တဲ့အတွက် အံ့အားသင့်သွားခဲ့ရတာပါ။
ချင်းယာက မျက်မှောင်ကြုတ်လိုက်ပါတယ်။
” ဧည့်သည်တော်ကြီး ဒါကမဖြစ်နိုင်ပါဘူး ကျွန်မတို့ရဲ့လေလံပစ္စည်းတွေအားလုံးက ဆက်တိုက်စစ်ဆေးပြီသားပါ ဒါ့အပြင် ပြဿနာမရှိဘူးဆိုတာ သေချာပါတယ်…ဘယ်ပစ္စည်းကိုဆိုလိုချင်တာပါလဲ “
ဟို့ယွိဟောင်က ပြောလာခဲ့တယ်။
” အခုရှိနေတဲ့ ရေခဲကျောက်စိမ်းကင်းမြီးကောက်၀ိညာဥ်အရိုးကိုပြောနေတာပါ ဒါ့အပြင် လေလံအိမ်ရဲ့နာမည်ဂုဏ်သတင်းနဲ့လဲ ဒီကိစ္စကသက်ဆိုင်နေတယ်…အကယ်၍ ဒီပစ္စည်းကသာ များပြားလွန်တဲ့တန်ကြေးနဲ့ လေလံပြစ်ခံလိုက်ရမယ်ဆိုရင် လေလံအိမ်အတွက် ဂုဏ်သိက္ခာကျရပါလိမ့်မယ်…အကယ်၍ ဆုံးဖြတ်ချက်မချနိုင်ဘူးဆိုရင် လုပ်နိုင်စွမ်းရှိတဲ့ အာဏာရှိသူတစ်ယောက်ကို ကျေးဇူးပြုပြီး မေးမြန်းပေးပါ ထွက်လာခိုင်းပေးပါ “
ချင်းယာက မျက်မှောင်ကြုတ်ရင်း ၀မ်ယန်ဘက်ကို လှည့်သွားပါတယ်။ အကူအညီတောင်းနေပုံပါပဲ ၀မ်ယန်ကတော့ ရယ်မောရင်းပြောလိုက်တယ်။
” ချင်းယာ ငါ့ကိုလာမကြည့်နဲ့ ငါ့ကျောင်းသားတွေရဲ့အကဲဖြတ်မှုကို ငါယုံကြည်တယ်..ဒါ့အပြင် အကယ်၍ ဒီရှစ်ခုမြောက်လေလံပစ္စည်းမှာ အမှားအယွင်းပြစ်ချက်ရှိတာကို ထောက်ပြနိုင်တဲ့အစွမ်းရှိတဲ့သူက သေချာပေါက် သူပဲဖြစ်လိမ့်မယ်…ငါမင်းကိုအခက်တွေ့အောင် မလုပ်ပါဘူး…ယွိဟောင်ကျေးဇူးပြုပြီး ချင်းယာကို မင်းရဲ့သိုင်းပညာ၀ိညာဥ်ပြလိုက်ပါဦး “
ဟို့ယွိဟောင်က ခေါင်းညိတ်ရင်းနဲ့ လှည့်လိုက်ပါတော့တယ်။ အဲ့ဒီနောက် သူ့ရဲ့အင်္ကျီကိုချွတ်ချရင်း ၀မ်သုန့်ဘက်ကိုပြစ်ပေးလိုက်တယ်။ အဲ့ဒီနောက် သူ့ရဲ့အပေါ်အ၀တ်အစားကိုချွတ်ရင်း တောင့်တင်းတဲ့နောက်ကျောဘက်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။
၀ိညာဥ်စွမ်းအားနဲ့အတူ သူ့ရဲ့ခြေထောက်အောက်မှာ အဖြူရောင်၀ိညာဥ်စက်ကွင်းတစ်ကွင်းက ထွက်ပေါ်လို့လာခဲ့ပါပြီ။ အခန်းတစ်ခုလုံးရဲ့ အပူရှိန်ကလဲ ချက်ချင်းဆိုသလို ကြောက်စရာကောင်းအောင်လျော့ကျသွားပါတော့တယ်။ အဲ့ဒီနောက် ကြီးမားတဲ့ ကင်းမြီးကောက်ကြီးပုံရိပ်က သူ့နောက်ကျောဘက်မှာပေါ်လာခဲ့ပါပြီ။ ဒီပုံရိပ်ကြီးက ကြီးမားလွန်သလို ကွေးနေတဲ့ကင်းမြီးကောက်အမြီးကြီးကလဲ သူ့ရဲ့ဘောင်းဘီအောက်ဖက်မှာရှိနေခဲ့ပါတယ်။ ဒါပေမယ့် သေသေချာချာမြင်နေနိုင်လောက်တဲ့ ဒီပုံရိပ်ကြီးက ရေခဲကျောက်စိမ်းကင်းမြီးကောက်ဧကရီပါပဲ။
ချင်းယာအနေနဲ့ ဘာမှန်းမပြောနိုင်သလို ၀မ်ယန်လိုမျိုး နှစ်ပေါင်းဆယ်စုနှစ်နဲ့ချီအောင် အတွေ့အကြုံရှိထားတဲ့သူမျိုးတောင်မှ ရေခဲကျောက်စိမ်းကင်မြီးကောက်ဧကရီနဲ့ ပုံမှန်ရေခဲကျောက်စိမ်းကင်းမြီးကောက်တွေကြား ကွာခြားချက်ကို မသိနိုင်ပဲရှိနေခဲ့တယ်။
” ဒါ ဒါကြီးက “
ချင်းယာကလဲ ဟို့ယွိဟောင်ရဲ့နောက်ကျောကိုကြည့်ရင်း မျက်လုံးအပြူးသားဖြစ်နေခဲ့တယ်။
၀မ်ယန်က ပြောလိုက်တယ်။
” ချင်းယာ ဒီငါ့ကျောင်းသားလေးရဲ့ သိုင်းပညာ၀ိညာဥ်က ရှားပါးတဲ့ရေခဲကျောက်စိမ်းကင်းမြီးကောက်ပဲ အခုလက်ရှိလေလံပွဲမှာ လေလံပြစ်နေတဲ့အရိုးနဲ့ တူညီတဲ့သားရဲကောင်အမျိုးအစားဆီကနေလာတာ ဒါကြောင့် သူ့ရဲ့အကဲဖြတ်မှုက မှန်ကန်လိမ့်မယ်လို့ ငါယုံကြည်တယ်…မင်းတို့လေလံအိမ်ရဲ့ဂုဏ်သတင်းအတွက် အထက်အကြီးပိုင်တွေကို အကြုံပြုတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ် “
ချင်းယာလဲ နောက်ထပ်တွေဝေမနေတော့ပဲ ခေါင်းညိတ်လိုက်ပါပြီ။
” ဧည့်သည်တော်ကြီးတို့ ခဏစောင့်ပါ “
အဲ့ဒီနောက် ပြောပြီတာနဲ့သူထွက်သွားပါတော့တယ်။ သူမအနေနဲ့ ပြဿနာတစ်ခုခုဖြစ်လာမယ်ဆိုရင် သူဒါတွေအားလုံးကို ဖြေရှင်းဆုံးဖြတ်ပေးနိုင်ဖို့ ဩဇာအာဏာရှိမနေခဲ့ပါဘူး။ ဟို့ယွိဟောင်က သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကို ထုတ်ဖော်ပြပြီးပြီဖြစ်တာကြောင့် သူ့အနေနဲ့ အထက်လူကြီးတွေဆီကနေ အကြုံပြုချက်ကို တောင်းခံဖို့လိုပါလိမ့်မယ်။
တစ်မိနစ်အတွင်းမှာပဲ မင်းသမီးကျိုးကျိုးရဲ့အသံက ထွက်ပေါ်လာခဲ့ပါပြီ။
” လေလံပစ္စည်းရဲ့တန်ကြေးကို ကျွန်မတို့လေလံအိမ်အနေနဲ့ နောက်တစ်ကြိမ် ထပ်မံပြီဆုံးဖြတ်ဖို့အတွက် ဆယ်မိနစ်လောက် ထပ်မံအချိန်ယူရပါလိမ့်မယ်..သတင်းအချက်အလက်တွေကိုလဲ ပိုပြီး ရလာစေမှာပါ “
လင်းလော့ချန်က ဟို့ယွိဟောင်အနားကိုကပ်လာရင်း ပြောလိုက်တယ်။
” တကယ်ပဲ ဒီ၀ိညာဥ်အရိုးမှာ ပြစ်ချက်ရှိနေလို့လား “
အပိုင်း ၁၀၀•၂ ပြီး၏။