တုနှိုင်းမဲ့ ထန်မျိုးနွယ် - Chapter 173.2 " မိတ်ဆွေဟောင်းနဲ့ ပြန်လည်တွေ့ဆုံခြင်း "
Chapter 173.2 ” မိတ်ဆွေဟောင်းနဲ့ ပြန်လည်တွေ့ဆုံခြင်း ”
°°°
ဟို့ယွိဟောင်ခပ်မြန်မြန်ပဲ ၀ိညာဥ်သော့်လော့ဆီကိုလျှောက်သွားခဲ့ပါတယ်။ သူ့ရဲ့မျက်လုံးကတော့ အေးစက်နေခဲ့တယ်။
” အားနာပါတယ် ”
သူပြောပြီတဲ့နောက် လက်မကိုအသုံးပြုရင်းသူ့ရဲ့အကြောက်တရားလက်သည်းတွေကို ထုတ်လုပ်ကာရေခဲကိုဖောက်ထုတ်လိုက်ပါတော့တယ်။ ၀ိညာဥ်သော့်လော့ရဲ့နဖူးတည့်တည့်ကိုသူဖောက်ထုတ်လိုက်တာပါ။
ဒီလိုမျိုးအေးခဲလွန်တဲ့အခြေအနေမှာ ရေခဲရုပ်ထုဖြစ်ပြီတဲ့နောက် အသက်ရှင်နိုင်ချေက အရမ်းကိုနည်းပါးလွန်ပါတယ်။
ဒါပေမယ့် အကယ်၍ သူသာ ပုံရိပ်ယောင်အစစ်အမှန်ခန်းမက အဖမ်ခံလိုက်ရပြီဆိုရင် အသက်ရှင်နိုင်တော့မှာမဟုတ်ပါဘူး။ သူ့ရဲ့ခြေရာလက်ရာတွေကို တွေ့သွားမယ်ဆိုရင် လုံး၀ကိုသက်ညှာမခံရပဲရှိနေပါလိမ့်မယ်။
အဲ့ဒီနောက် နတ်ဘုရားချိတ်ပိတ်အတားအဆီးကိုသူကောက်ယူလိုက်ပြီ သူရဲ့၀ိညာဥ်လက်နက်ထဲထည့်လိုက်ပါတယ်။ ပျက်စီးသွားပြီဖြစ်ပေမဲ့ အဆင့်ကိုး၀ိညာဥ်လက်နက်ဖြစ်နေဆဲပါပဲ။ ဒါကြောင့် စူးစမ်းလေ့လာဖို့အတွက်အများကြီးတန်ကြေးရှိနေမှာပါ။
အပြင်ဖက်ကတိုက်ခိုက်သံတွေပိုပြီးတော့ ကျယ်လာခဲ့ပါတယ်။ ဟို့ယွိဟောင် တခဏတာတွေးပြီတဲ့နောက် အရင်လှိုင်ခေါင်းထဲပြန်သွားပါတော့တယ်။
ဒီလှိုင်ခေါင်းက လက်ရှိအချိန်မှာ အတော်လေးကိုပြိုနေခဲ့ပါပြီ။ ဟို့ယွိဟောင်စိတ်၀ိညာဥ်ထောက်လှမ်းမှုကို အသုံးပြုရင် လှိုင်ခေါင်းရဲ့အပေါ်ဖက်မြေတွေဆီကိုစပြီ တူးပါတော့တယ်။ မကြာခင်မှာပဲ ပျက်စီးနေတဲ့နေရာဆီကို သူရောက်လာခဲ့ပါပြီ။ စိတ်၀ိညာဥ်ထောက်လှမ်းမှုကိုအသုံးပြုရင်း အပေါ်အခြေအနေကိုစောင့်ကြည့်နေပြီတဲ့နောက် သူပျော်ရွှင်သွားခဲ့ရပါတယ်။
သူရောက်နေတဲ့နေရာက အပေါ်မျက်နှာပြင်နဲ့ သုံးမီတာသာဝေးကွာတာပါ။ အပေါ်ဖက်မှာကတော့ သတ္ထုပြားကြီးတစ်ခုရှိပါတယ်။ ဒါကြောင့်သာ အောက်ဖက်အခြေအနေကို ကောင်းကောင်းဖုံးကွယ်ထားနိုင်ဖို့ လိုလိမ့်မယ်။ ဟို့ယွိဟောင်လဲ ရေခဲဧကရီရဲ့ဆူးချွန်ကိုဆက်တိုက်အသုံးပြုရင်းအပေါ်ကိုတွန်းပါတော့တယ်။
အပေါ်မှာရှိတဲ့သတ္ထုဘုတ်ပြားကြီးကတော့ တစ်ကျစ်ကျစ်မြည်နေခဲ့ပါပြီ။ ဟို့ယွိဟောင်လဲ အပေါ်ကိုခေါင်းပြူးပြီတော့ ကြည့်လိုက်ပါတယ်။
အပေါ်မှာလေထုကတော့ အတော်ဆိုးရွားနေသလို မြေကြီးတွေရဲ့ဖုန်မှုန့်အနံ့တွေကလဲ အသက်ရှုဖို့ခက်လာစေခဲ့ပါတယ်။ စိတ်၀ိညာဥ်ထောက်လှမ်းမှုကြောင့်သာ သူကိုယ်သူကောင်းကောင်းဖုံးကွယ်ထားနိုင်ပြီ ဒီသတ္ထုအပြားကြီးအတိုင်းလျှောက်လာနိုင်ခဲ့တာပါ။
ရွှေအိုရောင်အကြောက်တရားလက်သည်းတွေကလဲ တိတ်တဆိတ်လမ်းကိုဆွဲဖြဲရင်းနဲ့ ဒီဘုတ်ပြားကြီးကို အကာအရံယူပြီ သူလှုပ်ရှားလို့ရအောင် အထောက်အကူပေးနေခဲ့ပါတယ်။
လက်ရှိအချိန်မှာ ဟို့ယွိဟောင်က ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ အဓိကခန်းမဆောင်နဲ့အတော်ကိုနီးကပ်လာခဲ့ပါပြီ။ အသက်ရှုသံကိုတည်ငြိမ်အောင် ထိန်းလိုက်ပြီတဲ့နောက် အခြေအနေကို ဂရုတစိုက်လှမ်းကြည့်လိုက်ပါတော့တယ်။
အောက်ဖက်နယ်မြေတစ်ခုလုံးက အတော်ကိုပျက်စီးနေပြီဖြစ်သလို စမ်းသပ်ခန်းရဲ့စားပွဲခုံငါးပုံတစ်ပုံသာ အခြေအနေကောင်းကောင်းသာကျန်ပါတော့တယ်။ ဒီတစ်ခေါက်ဆုံးရှုံးမှုက ငွေကြေးနဲ့တွက်လို့ရမှာတောင် မဟုတ်ပါဘူး။
ကျန်ဟုန်ချန်ရဲ့မျက်နှာက ဖြူဖျော့နေပြီဖြစ်သလို အနီရောင်အလင်းတန်းတွေကလဲ ခန္ဓာကိုယ်အပြင်ဖက်ကို ဆက်တိုက်ထွက်ပေါ်နေခဲ့ပါတယ်။
သုပုစီးက လေထဲမှာရှိနေဆဲပါပဲ။ ဒါပေမယ့် သူတို့ရဲ့ပစ်မှတ်တွေက တစ်ယောက်ကိုတစ်ယောက်တိုက်ခိုက်မိတာမဟုတ်တော့ပဲ လေထဲကအဖြူရောင်ပုံရိပ်ကိုသာ တိုက်ခိုက်နေတာဖြစ်သွားတော့တယ်။
အဖြူရောင်မြူခိုတွေက အဲ့ဒီပုံရိပ်ကနေထွက်ပေါ်လို့နေခဲ့ပါတယ်။ ဒါပေမယ့် သုပုစီးနဲ့ ကျန်ဟုန်ချန်တို့ရဲ့ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုတွေက ဒီအဖြူရောင်အငွေ့တွေအပြင်ကို ပြန်မထွက်သွားအောင် ထိန်းထားခဲ့တာပါ။
သုပုစီးနဲ့ ကျန်ဟုန်ချန်ရဲ့ နှစ်ဖက်စလုံးလူတွေအားလုံးကလဲ တိုက်ခိုက်နေတာရပ်လိုက်ပါပြီ။ အင်အားကြီးတဲ့လူသုံးယောက်ရဲ့ တိုက်ပွဲကနေခပ်ဝေးဝေးခွာနေချင်ကြပါတယ်။
ဟို့ယွိဟောင်လဲ အဲ့ဒီအဖြူရောင်ပုံရိပ်ကို သေသေချာချာစိုက်ကြည့်နေခဲ့ပါတော့တယ်။ အဲ့ဒါက နှစ်နှစ် သုံးနှစ်လောက်ရှိတဲ့ ကလေးမလေးတစ်ယောက်ပါပဲ။ သူရဲ့၀၀ဖိုက်ဖိုက်ခန္ဓာကိုယ်က နှင်းဖြူရောင်တောက်ပနေတဲ့၀တ်ရုံရှည်ကို၀တ်ဆင်လို့ထားခဲ့ပါတယ်။
သူမက ဒေါသတကြီးအော်ဟစ်ရင်း ဒီလူနှစ်ယောက်ရဲ့လက်ကနေလွှတ်မြောက်အောင် ကြိုးစားနေခဲ့တယ်။ ခန္ဓာကိုယ်မျိုးနွယ်နဲ့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ လူတော်တော်များများက ရေခဲရုပ်ထုတွေဖြစ်ကုန်ကြပါပြီ။ ဒါကသူ့လက်ချက်ပါပဲ။
” အဲ့ဒါတကယ်နှင်းဧကရီလား ”
ရေခဲဧကရီကို ဟို့ယွိဟောင်မေးလိုက်ပါတယ်။
” ဟုတ်လိမ့်မယ်…နှင်းဧကရီက လူသားအဖြစ်ပြန်မွေးဖွားပြီတဲ့နောက် သူ့ကသန္ဓသားလဲဖြစ်သွားလိမ့်မယ်..သူဒီလိုမျိုးပြန်မွေးဖွားလာရင်းနဲ့ မူလအသွင်ကိုပြောင်းလဲဖို့ကြိုးစားနေတာပဲဖြစ်ရမယ်…ကြည့်ရတာ မူလစွမ်းအားရဲ့သုံးပုံတစ်ပုံကိုတောင် မပိုင်ဆိုင်သေးဘူး…မဟုတ်ရင် လူသားတွေဆိုတာက သူတို့ဘယ်လောက်ပဲ သန်မာပါစေ သူ့ကိုတားနိုင်မှာမဟုတ်ဘူးလေ ”
ဟို့ယွိဟောင် မျက်မှောင်ကြုတ်လိုက်ပါတယ်။
” နတ်ဘုရားချိတ်ပိတ်အတားအဆီးထဲမှာ အကြာကြီးပိတ်မိနေတာကြောင့် စွမ်းအားကျဆင်းသွားတာက ဖြစ်တတ်တဲ့ကိစ္စပါပဲ ဒါ့အပြင် သူက လူသားတစ်ယောက်အဖြစ် မွေးဖွားတဲ့အတွေ့အကြုံကို ကြုံတွေ့နေရတာလေ ”
” မဖြစ်ဘူး သူ့ကိုကူမှဖြစ်မယ် ”
ရေခဲဧကရီရဲ့ ဆုံးဖြတ်ချက်ခိုင်မာမှုက ဟို့ယွိဟောင်ကို လန့်သွားစေခဲ့ပါတယ်။
” ရေခဲဧကရီ အလောမကြီးနဲ့ အပြင်ဖက်အခြေအနေက အရမ်းရှုပ်ထွေးနေတယ်…ဘယ်လိုကူညီရမှာလဲ ”
ဟ်ို့ယွိဟောင်က ပြောလာခဲ့ပါတယ်။
” နှင်းဧကရီက ငါ့ကိုကယ်ဖူးတယ်…အခုသူပြဿနာတက်နေပြီဆိုမှတော့ သူ့ကိုကူညီရမှာပေါ့ မစိုးရိမ်နဲ့ ငါ့မှာကိုယ်ပိုင်နည်းလမ်းရှိတယ်…နင်ကိုမထိခိုက်စေဘူး…မလုပ်နဲ့ ငါသူ့နဲ့ဆက်သွယ်လိုက်မယ် ”
ရေခဲဧကရီက ဖြည်းဖြည်းချင်း သူရဲ့အင်အားတွေကို ထုတ်သိမ်းလိုက်ချိန်မှာရွှေနီရောင်တောက်ပနေတဲ့ နှစ်လေးသိန်း၀ိညာဥ်စက်ကွင်းက ဟို့ယွိဟောင်ခန္ဓာကိုယ်အပြင်ဘက်ဆီ ထွက်ပေါ်လာပါတော့တယ်။ ပုံစံတူတုပမှုကတော့ သူ့ရဲ့အလင်းတန်းကို ကာကွယ်လိုက်ပါပြီ။
ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ရဲ့ကြီးမားတဲ့ပုံရိပ်ကြီးက ဟို့ယွိဟောင်ရဲ့နောက်ကြောမှာထွက်ပေါ်လာပါတော့တယ်။ အကယ်၍ သူသာအင်္ကျီချွတ်လိုက်မယ်ဆိုရင် ဒီပုံရိပ်ကြီးအသက်၀င်လာတာကို မြင်နေရမှာပါ။ အဲ့ဒီပုံရိပ်ကြီးက သူ့ကျောမှာလှုပ်ရှားနေရင်း ထူးဆန်းတဲ့အလင်းတန်းတွေကို အ၀ါရောင်တောက်နေတဲ့မျက်လုံးတွေဆီကနေ ပြစ်လွှတ်လိုက်ပါတော့တယ်။
သုပုစီးကတော့ အခုအချိန်မှာအတော်ကိုစိတ်ဖိစီးနေခဲ့ပါပြီ။ ကိစ္စတွေက ဒီလောက်အထိဆိုးသွားမယ်လို့ မထင်ထားခဲ့မိပါဘူး။ သူက ဒီတိုက်ခိုက်မှုအတွက်ပြင်ဆင်ထားတာ နှစ်နှစ်တောင်ကျော်နေပါပြီ။ အချိန်တွေတိုင်းလဲ လေ့ကျင့်ခဲ့သလို လုံး၀ကိုပြစ်ချက်မရှိဘူးလို့ တွေးထားခဲ့တာပါ။ ဒါပေမယ့် အဲ့ဒီချိတ်ပိတ်ထားတဲ့ နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်က ရုတ်တရက်ပြေးထွက်လာပြီ ဒီလောက်ကြီးအင်အားကြီးမယ်လို့ ဘယ်သူကများတွေးမိမှာလဲ။
ခန္ဓာကိုယ်မျိုးနွယ်ရဲ့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ပါ သူတို့ရဲ့အင်အားအကြီးဆုံးလက်နက်တွေကို အသုံးပြပြီးမတိုက်ခိုက်၀ံ့တာအမှန်ပါ။ ဒီနေရာကြီးသာ ပျက်စီးသွားခဲ့မယ်ဆိုရင် ဘယ်သူမှအသက်ရှင်နိုင်မှာမဟုတ်ပါဘူး။
ဒါပေမယ့် သားရဲကောင်သန္ဓသားက ရင်ဆိုင်ဖို့ခက်ခဲလွန်နေပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်အပူရှိန်က အရမ်းကိုနှိမ့်ပါးလွန်နေတဲ့အတွက် သုပုစီးနဲ့ ကျန်ဟုန်ချန်ပါ ဒါမျိုးကိုမြင်ဖူးတာပထမဆုံးအကြိမ်ပါပဲ။ သူ့ရဲ့အဆုံးစွန်းရေခဲက ရှိရှိသမျှတိုက်ခိုက်မှုတွေအားလုံးကို တားဆီးနေခဲ့တယ်။ သုပုစီးရဲ့သေစေနိုင်လောက်တဲ့အဆိပ်တောင်မှ အေးခဲနေတဲ့အငွေ့တွေကို မထိုးဖောက်နိုင်ပါဘူး။
ဒါ့အပြင် ဒီသားရဲကောင်နဲ့ ရင်ဆိုင်ရချိန်မှာ ကျန်ဟုန်ချန်ကိုလဲ စိုးရိမ်နေရပါသေးတယ်။
သူတို့နှစ်ယောက်က ပူးပေါင်းနေတယ်ဆိုပေမဲ့ တကယ်တော့သားရဲကောင်ကို တိုက်ခိုက်ဖို့အတွက်သာလုပ်နေခဲ့ရတယ်။
နှင်းဧကရီရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ရေခဲငွေ့တွေက ဖုံးလွှမ်းလို့နေခဲ့ပါတယ်။ ဒီအငွေ့တွေက နှစ်မီတာအခြင်ရှိတဲ့ ဘောလုံးအသွင်ပြောင်းနေခဲ့ပါပြီ။ ဒါပေမယ့် သူတို့တွေက လုံး၀အစိုင်အခဲအဖြစ်တော့ မရောက်ရှိသေးပါဘူး။ လက်ရှိအချိန်မှာ နှင်းဧကရီလုပ်နိုင်တဲ့အကောင်းဆုံးကာကွယ်မှုကတော့ ဒီလိုပုံစံပါပဲ။
သုပုစီးက ညာဘက်လက်ကိုဆန့်ထုတ်လိုက်ရင်း ကြီမားတဲ့ အစိမ်းရင့်ရောင်အလင်းတန်းကြီးကို ထုတ်လွှတ်လိုက်ပါတယ်။ ဒီစွမ်းအင်လက်၀ါးကြီးက နှင်းဧကရီဆီကိုရောက်ရှိလို့သွားခဲ့ပါပြီ။
ကျန်ဟုန်ချန်ကလဲ သူနဲ့ပူးပေါင်းလိုက်ပါတော့တယ်။ ရှည်လျားပြီကြောက်စရာကောင်းတဲ့ အနီရောင်သက်တံကြီးကလဲ လေထဲမှာပေါ်လာပြီတဲ့နောက် နှင်းဧကရီကို သွားပြီတော့ရစ်ပတ်ပါတော့တယ်။ ဒီလိုအဝေးပြစ်တိုက်ခိုက်မှုနှစ်ခုက တစ်နေရာထဲကို ဦးတည်နေခဲ့တာပါ။
မြေအောက်အခြေစိုက်စခန်းကြီးကတော့ ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့ပြန်ပါတယ်။ လေထဲမှအက်ကွဲကြောင်းတွေက ပေါ်လာခဲ့ပြီ သူတို့နှစ်ယောက်စလုံးကလဲ အကောင်းဆုံးရပ်တန့်ရင်း နှင်းဧကရီကို ရပ်တန့်ဖို့လုပ်နေခဲ့ကြတယ်။
နှင်းဧကရီအနေနဲ့ ဒီလောက်အထိဘယ်လိုစွမ်းအားကြီးနေလဲဆိုတာ သူတို့မတွေးတတ်ကြပါဘူး။ ဒီလ်ိုကပ်ဆိုးဆိုက်နေတဲ့အခြေအနေမှာ သူမကို မိအောင်ဖမ်းဖို့က အရေးကြီးပါတယ်။ သူတို့နှစ်ယောက်ကြားရှိတဲ့ ရန်ငြိုးတွေကို ပြီးမှပြန်ရှင်းရပါလိမ့်မယ်။ အခုအရေးကြီးဆုံးကတော့ ဒီသားရဲကောင်ကိုဖမ်းဖို့ပါပဲ။
ရုတ်တရက်ဆိုသလို ခဲနေတဲ့အငွေ့သက်တွေက ရပ်တန့်လို့သွားခဲ့ပါပြီ။ သုပုစီးရဲ့ကြီးမားတဲ့၀ိညာဥ်စွမ်းအားလက်နက်ကြီးကိုလဲ သူမရှောင်နိုင်ခဲ့ပါဘူး။ အစိမ်းရင့်ရောင်အလင်းတန်းက အငွေ့တွေအပြည့်နဲ့အလုံးကြီးကို ဖမ်းလိုက်ပါတော့တယ်။
ကျန်ဟုန်ချန်ကလဲ ရစ်ပတ်လို့နေခဲ့ပြီ ဒီအလုံးကြီးကို အတော်လေးကျုံ့သွားစေခဲ့တယ်။ ကြည့်ရတာအငွေ့တွေက အတော်လေးပျက်စီးသွားပုံပါ။
သုပုစီးက ပျော်သွားခဲ့ပါတယ်။ ဒီအငွေ့လုံးကြီးက အရင်လိုမအေးတော့ပါဘူး။ ပျက်စီးတော့မဲ့အခြေအနေကို ရောက်နေပြီဖြစ်တာကြောင့် သူရုတ်တရက်အော်လိုက်ပါတော့တယ်။
” ဆုတ်ခွာမယ် ”
သူ့ရဲ့ရည်ရွယ်ချက်က်ိုအောင်မြင်ပြီဆိုတာကြောင့် မြန်မြန်ထွက်သွားတော့မှာပါ။ ကျန်ဟုန်ချန်က အဲ့ဒီအချိန်မှာ စတင်ပြီရယ်မောပါတော့တယ်။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက ခန္ဓာကိုယ်မျိုးနွယ်ကို ဆက်တိုက်ပြင်းပြင်းထန်ထန်စတင်ပြီ တိုက်ခိုက်ကြပါပြီ။
သက်တံရောင်တိုက်ခိုက်မှုကလဲ ဘောလုံးကြီးပေါ်မှာပျောက်ကွယ်လို့သွားပါတော့တယ်။ ဒါပေမယ့် လေထဲမှာကတော့ တစ်စုံတစ်ရာက လွှင့်မျောလို့နေခဲ့ပါပြီ။ အဲ့ဒါကအပေါက်တွေအများကြီးနဲ့ အရမ်းကိုချောမွေ့နေတဲ့ တစ်ခုခုပါပဲ။ ထူးဆန်းပြီလှပတဲ့ကြက်သွေးနီရောင်အလင်းတန်းက ဒီအချိန်မှာတောက်ပလို့လာပါတော့တယ်။
နားစည်ကွဲအက်မတတ်လေချွန်သံကြီးက ရုတ်တရက်ဆိုသလို ထွက်ပေါ်လာပါတယ်။ သုပုစီးတောင် ဒီအသံကိုကြားချိန်မှာ လန့်သွားခဲ့ပါပြီ။ အဲ့ဒီနောက် သေးငယ်ပါးလျတဲ့အဖြူရောင်အလင်းတန်းက ဒီကြက်သွေးနီရောင်အလုံးကြီးဆီကနေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီအနီရောင်အလင်းတန်းက အစိမ်းရင့်ရောင်အလင်းတန်းကို ပြန်ပြီတိုက်ခိုက်နေခဲ့ပါပြီ။ သုပုစီးရဲ့၀ိညာဥ်စွမ်းအားတွေက ခပ်မြန်မြန်ပဲ ပျောက်ကွယ်လို့သွားပါတော့တယ်။ နှင်းဧကရီကတော့ သုပုစီးရဲ့လက်ထဲကနေ လွှတ်သွားခဲ့ပါပြီ။
သုပုစီးက အတော်ကိုဒေါသထွက်နေခဲ့တယ်။ သူတိုက်ခိုက်တော့မဲ့အချိန်မှာပဲ ရုတ်တရက်ဆိုသလို ကပ်ဆိုးတစ်ခုသူ့အနားရောက်လာတာကို ခံစားမိလိုက်ပါတယ်။
ကန့်သတ်မဲ့သော့်လော့အဆင့်ဆိုတာက နတ်ဘုရားတစ်ပါးလိုပါပဲ။ ကန့်သတ်မဲ့သော့်လော့တွေရဲ့ ထူးခြားချက်တစ်ခုကတော့ အနာဂတ်ကိုခန့်မှန်းနိုင်တဲ့အစွမ်းအစရှိနေတာပါ။
သုပုစီး မတွေဝေတော့ပါဘူး။ နှင်းဧကရီကို အရယူရမဲ့အကြံချက်ချင်းလက်လွှတ်လိုက်ပါတော့တယ်။
သူ့ခန္ဓာကိုယ်က မြေပြင်ပေါ်ကိုရောက်သွားခဲ့ပါပြီ။ အစိမ်းရောင်အလင်းတန်းက ခန္ဓာကိုယ်တစ်ခုလုံးရဲ့အပြင်ကိုဖြာထွက်နေခဲ့ရင်း ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ တိုက်ခိုက်မှုတွေအားလုံးကို တားဆီးလိုက်ပါတော့တယ်။ သူ့မျိုးနွယ်စုရဲ့လူတွေအားလုံးကိုလဲ သူက ကာကွယ်ထားလိုက်တာပါ။
အထီးကျန်ဆန်လွန်တဲ့အသံတစ်သံက နေရာတစ်ခွင်လုံးမှာ ပဲ့တင်ထပ်လာပါတော့တယ်။ ရှိသမျှလူတွေအားလုံးရဲ့အသံကိုလဲ ပျောက်ကွယ်သွားစေခဲ့တယ်။ လေထဲမှာတောင့်တင်းအေးခဲနေတဲ့အငွေ့တွေက အနီရောင်အလင်းတန်းတွေအပြည့်နဲ့ ထွက်ပေါ်လာခဲ့ပါတယ်။
” နှိမ့်ကျတဲ့လူသားတို့ ၀ိညာဥ်သားရဲကောင်ကိုအမဲလိုက်တဲ့ နင်တို့ရဲ့ရက်စက်တဲ့လုပ်ရပ်အတွက် တန်ကြေးကိုတစ်နေ့မှာပေးဆပ်ရလိမ့်မယ်…ငါသေသွားရင်တောင် နင်တို့လောဘကိုမဖြည့်စည်းပေးဘူး..နင်တို့လဲငါနဲ့အတူတူ သေဆုံးကြရလိမ့်မယ် ”
သူပြောပြီတဲ့နောက် နှင်းဧကရီကချက်ချင်းဆိုသလို အာခေါင်ခြစ်ပြီအော်ဟစ်ပါတော့တယ်။ ကြောက်စရာကောင်းတဲ့ ၀ိညာဥ်စွမ်းအားတွေက ခန္ဓာကိုယ်ပတ်လည်မှာရှိတဲ့လေဟာနယ်တွေကို ဖျက်ဆီးပြစ်နေပါပြီ။
” မကောင်းတော့ဘူး သူ့ကိုမြန်မြန်တား ”
သူ့အနေနဲ့ ၀ိညာဥ်စွမ်းအားနောက်ထပ်ထိန်းချုပ်လို့မထားတော့ပါဘူး။ များပြားတဲ့အနီရောင်အလင်းတန်းတွေက လေထဲမှာဆက်တိုက်ထွက်ပေါ်လာပါတော့တယ်။
ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ လူတွေအားလုံးကလဲ သူ့အတိုင်းလုပ်ကြရင်း စတင်ပြီခုခံကာကွယ်မှုတွေကို ထုတ်လွှတ်ကြပါတယ်။
နောင်တရနေတဲ့ သုပုစီးကတော့ အဲ့ဒီအေးခဲနေတဲ့ ဓာတ်ငွေ့လုံးကြီးကိုသာကြည့်နေခဲ့တယ်။ သူ့ရဲ့အမိန့်အောက်မှာ ခန္ဓာကိုယ်မျိုးနွယ်ရဲ့လူတွေကလဲ မြေအောက်အပေါက်တွေဆီကို ဆုတ်ခွာသွားခဲ့ကြပါပြီ။
ပြင်းထန်တဲ့တုန်ခါမှုက တစ်၀ုန်း၀ုန်းပေါက်ကွဲသံတွေကို ဖြစ်ပေါ်လာစေခဲ့တယ်။ နှင်းဧကရီက စွမ်းအားအပြည့်အ၀ကို ထုတ်ဖော်ရင်းနဲ့ ကြောက်စရာအင်အားကြီးကိုအသုံးပြုကာနေရာတစ်ခုလုံးကို သတ်ဖြတ်ဖို့လုပ်ပါတော့တယ်။
ဒီပေါက်ကွဲမှုရဲ့ပမာဏကို ဖော်ပြရမယ်ဆိုရင် ဒါကဒဏ္ဍာရီလား အဆင့်ကိုးပေါက်ကွဲမှုအပြည့်၀ိညာဥ်လက်နက်တစ်ခုလိုပါပဲ။
ခုခံမှုတွေက ဒီပေါက်ကွဲမှုအောက်မှာချက်ချင်းဆိုသလို ဖျက်ဆီးခံလိုက်ရပါတော့တယ်။
ကံကောင်းစွာနဲ့ပဲ အကာအကွယ်တွေကိုအများကြီးလုပ်ထားပေးလို့ပေါ့ မဟုတ်ရင် အဆင့်ကိုး၀ိညာဥ်လက်နက်ဆယ်နှစ်ခုက သေချာပေါက် ပျက်စီးသွားမှာပါ။ ဒီအင်အားလှိုင်းတွေက မြေအောက်အခြေစိုက်စခန်းကြီးတစ်ခုလုံးကို ပေါက်ကွဲသွားစေသည့်တိုင်းအောင် အတော်ပျက်စီးမှုကြီးမားစေခဲ့ပါတယ်။
မရေမတွက်နိုင်တဲ့ အက်ကွဲကြောင်းတွေက ပေါ်လာခဲ့ပြီ အေးစက်တဲ့အငွေ့အသက်က လူတိုင်းကိုတုန်ရီသွားစေခဲ့တယ်။
ဒါကအရမ်းကိုအင်အားကြီးလွန်တဲ့ နှစ်တစ်သိန်းသားရဲကောင်ဖြစ်နေခဲ့တာပါ။ သူလူသားအဖြစ်ပြောင်းလဲသွားတာတောင် သူမက ဒီလောက်ကြောက်စရာကောင်းတဲ့အင်အားကို ပိုင်ဆိုင်ထားဆဲပါ။ ဒါပေမယ့် ဒါတွေက အရေးမကြီးတော့ပါဘူး။ သူမက သူ့မကိုယ်သူမ ဖျက်ဆီးဖို့ပြင်နေခဲ့ပါပြီ။ ၀ိညာဥ်အရိုးတစ်ခုတောင် သူနဲ့ကျန်တော့မှာမဟုတ်ပါဘူး။
ခန္ဓာကိုယ်မျိုးနွယ်လဲ ပေါက်ကွဲမှုကြောင့်အတော်လေးအထိနာခဲ့ပါတယ်။ ဒါပေမယ့် သုပုစီးကတော့ ထိခိုက်မှုတွေအားလုံးကို သူတစ်ယောက်ထဲသာခံယူနေခဲ့တယ်။ အစိမ်းရင့်ရောင်သွေးတွေက သူ့မျိုးနွယ်စုတွေကို ကာကွယ်နေရင်း ပါးစပ်ထဲကနေအန်ထွက်လာခဲ့ပါပြီ။
ခန္ဓာကိုယ်မျိုးနွယ်ထဲမှာ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေသာ ပါ၀င်ပါတယ်။ သူတို့က ပုံရိပ်ယောင်အစစ်အမှန်ခန်းမနဲ့မတူညီပါဘူး။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမမှာတော့ ကျန်ဟုန်ချန်ကို ကူညီဖို့အဆင့်ကိုး၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအများကြီးရှိပါတယ်။ သုပုစီးကတော့ သူ့အင်အားကိုအသုံးပြုရင်း ဒီလှိုင်းတွေကိုခုခံတားဆီးနေရတဲ့အတွက် ပိုပြီးအထိနာခဲ့တာပါ။
ခန္ဓာကိုယ်မျိုးနွယ်ရဲ့တခြားအဖွဲ့၀င်တွေအားလုံးကို ဆုတ်ခွာကြပါတယ်။ သူတို့ရဲ့ ညီနောင်ရောင်ရင်းတွေအလောင်းတွေကိုပါအပါခေါ်သွားကြပါတယ်။ဘာကြောင့်လဲဆိုရင် သုပုစီးက ပေါက်ကွဲမှုတွေအားလုံးကို ခုခံပေးထားလို့ပါပဲ။
ကျန်ဟုန်ချန်ကိုကြည့်ရင်း သူမကျေမနပ်တော့ဖြစ်နေခဲ့တယ်။ သုပုစီးကလဲ ဒီအချိန်မှာသွေးအန်နေခဲ့ပါပြီ။ သူတို့မျက်လုံးချင်ဆုံသွားချိန်မှာတော့ သုပုစီးက စတင်ပြီလှောင်ရယ်ပါတော့တယ်။ ညာဘက်လက်ကို ဆန့်ထုတ်ရင်းလက်မတစ်ဖက်ကို ထောင်ပြလိုက်တယ်။ အဲ့ဒီနောက်မှသာသူ့ရဲ့လက်ကို ပြန်ပြီလဲချလိုက်ပါတယ်။
” အဲ့ဒီခွေးမသားတွေကို လိုက်ဖမ်းစမ်း ”
ကျန်ဟုန်ချန်ဒေါသတကြီးနဲ့ အော်ဟစ်မိပါတော့တယ်။ အဲ့ဒီနောက် သူ့ခန္ဓာကိုယ်ကလဲ အလင်းတန်းတစ်ခုအသွင်ကိုပြောင်းလဲရင်း ခန္ဓာကိုယ်မျိုးနွယ်ဆီကို ပြေးလိုက်ပါပြီ။ ကျန်ရှိနေတဲ့ခန်းမကလူတွေလဲ ပြေးလိုက်ကြပါတော့တယ်။
ဟို့ယွိဟောင်ကတော့ အောက်ဖက်မှာမလှုပ်မယှက်ရှိနေဆဲပါပဲ။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့လူတိုင်းနီးပါးက အဓိကကာကွယ်တိုက်ခိုက်နေကြအတွက် သူဒီအချိန်မှာမထိခိုက်သေးတာကတော့အမှန်ပါ။
ဒါပေမယ့် စိတ်ရှိတိုင်းလှုပ်ရှားနိုင်တဲ့အခြေအနေမှာရောက်ရှိနေခဲ့ပါတယ်။ ပြင်းထန်လွန်လှတဲ့ အအေးဓာတ်က သူ့ခန္ဓာကိုယ်ကိုပြင်းထန်လွန်လာခဲ့ပြီတဲ့နောက် တစ်ကိုယ်လုံးကိုအေးခဲသွားအောင် လုပ်ဆောင်လို့နေပါတော့တယ်။
နှင်းဧကရီရဲ့ပေါက်ကွဲမှုကနေ ကြည်လင်တဲ့အလင်းတန်းတွေက စီးဆင်လို့လာခဲ့ပါပြီ။ ဒါ့အပြင် အဲ့ဒီအရည်တွေက ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်နောက်ကျောဖက်ဆီကို စီးဆင်းလို့သွားပါတော့တယ်။ ကြောက်စရာဖောက်ကွဲမှု အရာအားလုံးကပေါက်ကွဲထွက်လာတာကြောင့် ဘယ်သူမှမမြင်ရပါတော့ဘူး။
ရေခဲဧကရီရဲ့ အဆုံးစွန်းရေခဲကသူ့ကိုဘယ်အအေးဓာတ်မတိုက်ခိုက်နိုင်အောင် ကာကွယ်ပေးထားခဲ့ပါတယ်။ ကိုယ်ပိုင်အင်အားအသုံးပြုပြီး ခန္ဓာကိုယ်ရဲ့အဓိကအချက်အခြာနေရာတွေကိုတောင် ကာကွယ်ပေးထားတာကြောင့် အေးခဲပြီမသေတာပါ။
” နှင်းအမျိုးသမီးရေ နှင်းအမျိုးသမီး ရှိသေးရဲ့လား ”
” ရေခဲလား နင်ဘာလို့ဒီကိုရောက်နေတာလဲ လူခန္ဓာကိုယ်ထဲမှာတောင် ရောက်နေသေးတယ် ”
ရေခဲဧကရီနဲ့ နှင်းဧကရီက အပြန်အလှန်စကားပြောနေခဲ့ပါတယ်။
ဟို့ယွိဟောင်လဲ ဒီအချိန်မှာထူးဆန်းနေတယ်လို့ ခံစားမိလိုက်တယ်။
” ဒါဆိုလေးယောက်မြောက်ပဲ အစ်ကိုကြီး ရေခဲဧကရီ အကြီးအကဲယိ (လျှပ်စီးဧကရာဇ်) အခုတော့နှင်းဧကရီရှိပြီ ”
” မေးခွန်းအများကြီးမမေးနဲ့ အခုမူလစွမ်းအားနည်းနည်းပဲ ကျန်တော့တာမဟုတ်လား အခြေအနေဘယ်လိုလဲ ပြန်ကောင်းနိုင်သေးရဲ့လား ”
” နင့်အသံကြောင့်သာ မဟုတ်ရင် ပေါက်ကွဲမှုထဲမှာစွမ်းအားအကုန်လုံးထည့်လိုက်ပြီ ရှိသမျှလူသားတွေအားလုံးကို ငါနဲ့အတူဆွဲခေါ်သွားမယ်…ငါပြန်ကောင်းနိုင်မယ်လို့ထင်လား ငါ့မှာခန္ဓာကိုယ်တောင်မရှိတော့ဘူး မကြာခင်စွမ်းအားကလဲ ပျောက်တော့မှာပါ ”
” နှင်းအမျိုးသမီးရေဘာတွေဖြစ်သွားတာလဲ ဘယ်လိုဖြစ်လို့ လူသားဖြစ်သွားရတာလဲ အရင်တုန်းက လေလံပွဲမှာ ရင်းနှီးတဲ့အငွေ့အသက်ကိုခံစားမိတာအလကားမဟုတ်ဘူးပဲ တကယ်တော့အထဲမှာအပိတ်ခံထားရတာ နင်ဖြစ်နေတာကို ”
” ငါတို့က တစ်လှေထဲစီး တစ်ခရီးထဲသွားတွေပဲမဟုတ်ဘူးလား ငါထင်တာသာမမှားဘူးဆိုရင် လွန်ခဲ့တဲ့နှစ်တွေမှာနင်အဆင့်မတက်နိုင်ပဲဖြစ်ခဲ့ရမယ်…ငါလူသားအဖြစ် ပြန်မမွေးဖွားခင်တုန်းက ငါနင်ကိုရှာပြီ ကူညီနိုင်ဖို့အတွက် မျှော်လင့်နေခဲ့သေးတယ်…ဒါပေမယ့် နင်ကပျောက်သွားခဲ့ပြီလေ နင်ရဲ့မျိုးနွယ်စုတွေတောင် နင်ဘယ်ရောက်သွားလဲဆိုတာ မသိတော့ဘူးတဲ့ ”
” ဟုတ်တယ် နင်ငါ့ကိုကူညီခဲ့တယ်ဆိုရင်တောင် ငါအဲ့ဒီအဆင့်ကိုဖြတ်ဖို့မလွယ်ဘူး…ငါလဲငါကိုယ်ငါသိတယ်…နောက်ဆုံးတော့ သက်တမ်းကကန့်သတ်ချက်လွန်နေပြီ ပြင်ပအကူအညီတွေက အသုံးမ၀င်နိုင်ဘူး…ဒါကြောင့် ဒီလမ်းကိုရွေးချယ်ခဲ့တာပဲ ”
” နှင်းဧကရိီရေ အခြေအနေဘယ်လိုလဲ ကျွန်တော်ကိုမှတ်မိသေးလား ”
” ဪ နောက်ထပ်တစ်ကောင်ထပ်ရှိသေးတာလား ဘယ်လိုလုပ်နင်တို့လူ့ကမ္ဘာထဲရောက်နေတာလဲ ဒီအငွေ့အသက်က တအားရင်းနှီးလွန်နေတယ်…စိတ်၀ိညာဥ်စွမ်းအားက မကြီးမားပေမဲ့ အန္တရာယ်ကမများဘူး…ဒါကဘာကြီးလဲ သူက ကောင်းကင်အိပ်မက်ကို မမှတ်မိပါဘူး ”
” အခုကံကောင်းတဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကြီးလေ သူ့ကအိပ်နေရင်းနဲ့ အဆင့်တက်သွားတာကြောင့် သူ့ရဲ့ကျင့်ကြံဆင့်က ကျွန်မထက်သာသွားပြီ ”
” ငါမှတ်မိပြီ ငါမှတ်မိပြီ သူ့နောက်ကိုနင်တအားလိုက်ခဲ့တာမလား သူပျောက်သွားတယ်လို့ပြောခဲ့တယ်လေ ဘယ်လိုလုပ်အတူတူရှိနေကြတာလဲ ”
” နှင်းဧကရီပြောတာမှန်တယ်..ဟုတ်တယ်ငါတို့အတူတူရှိနေကြပြီ ”
” ပါးစပ်ပေါက်ကိုပိတ်ထားစမ်း ”
ရေခဲဧကရီကဒေါသထွက်လာပါတော့တယ်။
အပိုင်း ၁၇၃•၂ ပြီး၏။