နတ်ဘုရား မုခ်ဝ - Chapter - 31 အကျဉ်းအကျပ်ထဲက ရွေ့လျားမှု
“ဖောက်.. ဖောက် … ဖောက်” ကျန်းယန်ဖိန်ရဲ့ ခြေထောက်နားကို ရောက်လာတဲ့ အလုံးလေးတွေကနေ အသံထွက်လာတာဖြစ်တယ်။
“ဘယ်ကနေ မီးခိုးတွေ ထွက်လာတာလဲ.။”
“ဆိုးရွားလိုက်တာ ဒီကလေး ငါတို့ကို မီးရှို့နေပြီ”
“ မြန်မြန် ပြေးကြ”
“အိုက်ယား”
ငယ်သံပါအောင် အော်လိုက်တဲ့ အမဲလိုက်သမားတစ်ဦးအသံဟာ လေထုထဲမှာ ပျံ့လွင့်သွားပါတော့တယ်။
“မင်း တောင်ကို မီးရှို့ရဲတယ်။ ရက်စက်လိုက်တာ။ ” ကျန်းယန်ဖိန်က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီးအော်လိုက်တော့တယ်။ လုယက် တာ လုယက်တာက ဘာမှ မဟုတ်ပေမယ့် ဒီလိုမျိုးတောင်ကို မီးရှို့တာကတော့ အနာဂတ်ကို ဖျက်စီးတာနဲ့ အတူတူပဲ။ နောက်ဆို တောင်ပေါ်မှာ ဘယ်လို အမဲလိုက်ရမှာလဲ။ ဒါက တကယ့်က်ို ရက်စက်လွန်းပါတယ်။
“ မီး ဘယ်မှာ လောင်နေတာလဲ။”
“မြန်မြန် ရေရှာကျ ။ အာ ဒီမှာ မီးမှ မလောင်တာ ”
“ဒါပေမယ့် မီးခိုးတွေက နေရာတိုင်းပြည့်နေတယ်။ အသက်ရှူကြပ်လိုက်တာ။”
အမဲလိုက်အဖွဲ့က မီးလောင်တဲ့နေရာက်ို ရှာပေမယ့် မတွေ့တာကြောင့် မီးခိုးငွေ့တွေထဲမှာပဲ ပိတ်မိနေကြတယ်။ တစထက် တစ ထူထက်လာတဲ့ မီးခိုးငွေ့တွေကတော့ ကျောက်တုံးအတားအဆီးတွေကြောင့် အပေါ်ကို တက်မသွားတော့ပဲ အထဲမှာပဲလှောင်ပိတ်နေပါတယ်။
အချိန်တိုလေး အတောအတွင်းမှာပဲ ပတ်ဝန်းကျင် တစ်ခုလုံးဟာ မီးခိုးတွေ ဖုံးသွားတော့တယ်။ မီးလောင်နေတာကို မတွေ့ရပေမယ့် မီးခိုးတွေက ရပ်တန့်သွားခြင်း မရှိပဲ အသက်ရှူ ကြပ်မှုက ပို ပြင်းထန်လာတယ်
ဒီမြင်ကွင်းကို ကြည့်နေတဲ့ ဖန်ကျန်းရှီကတော့အတော်လေးကို စ်ိတ်မကျေမနပ်ဖြစ်နေတော့တယ်။ သူဒီလောက် အချိန်ကုန်ခံပြီး တွင်းတူး ၀င်္ကပါဖော်ထားရတာ အခုတော့ မီးခိုးဗုံးတွေက အတော်လေးက်ို အသုံးမကျဖြစ်နေတယ်။ အရည်အသွေးနိမ့်နေတယ်။ မီးခိုး ဗုံး ၃ ၄ လုံးပြစ်မှ မီးခိုးများများထွက်တယ်။
ဒါကတော်တော်လေးကို ကြီးမားတဲ့ ဆုံးရှုံးမှုပဲ။
နောက်တကြိမ်ကြရင်တော့ ပိုကောင်းအောင် လုပ်ရမယ်။ မီးခိုးဗုံးတွေက လူသေလောက်တဲ့ တကယ့်ဗုံးအစစ်တွေလောက်တာ့ စွမ်းအားမကြီးပေမယ့် အတော်လေးတော့ အသုံးဝင်တာပေါ့။ နောက်ပြီး လက်လုပ်ဗုံးက ပါဝင်ပစ္စည်းတွေ လိုအပ်တာတွေ များလွန်းတယ်လေ။
“ငါအတော်လေး ပြင်ဆင်ခဲ့ပေမယ့် နောက်တစ်ခါတော့ ချွေတာ သုံးရမယ်။ ”ဖန်ကျန်းရှီက သူအင်အားတွေက်ို အလကား ဖြုန်းပစ်လို့မဖြစ်ဘူးလေ။
“အိုက်ယား … ကျူးမီးငှား”
ဖန်ကျန်းရှီကတော့ မီးခိုးဗုံးတွေနဲ့ တိုက်ခိုက်ပြီးနောက်မှာတော့ အပေါ်စီးကနေ မြင်နိုင်အောင် ရပ်ကြည့်နေတော့တယ်။ မြောက်ရွာအမဲလိုက်အဖွဲ့ကတော့ အလွန်အမင်း ချောင်းဆိုးပြီး မီးခိုးမွှန်လွန်းတဲ့အတွက် မျက်ရည်တွေကျနေတော့တယ်။
နောက်ပြီးဒါကတော့။
ဖန်ကျန်းရှီ မျှော်လင့်ထားတဲ့အတိုင်းပဲ။
ရက်စက်လိုက်တဲ့ ကလေး ။ မီးခိုးမှိုင်းတိုက်ပြီးအသေသတ်မလို့လား။ ဘယ်လိုတောင်ကြမ်းကျုတ်နိုင်ရတာလဲ” ကျန်းယန်ဖိန်က ဟစ်အော်လိုက်တော့တယ်။ သူ့ဓားကို မြောက်ရင်း ခြေလှမ်းတစ်လှမ်းစီ လှမ်းပြီးသွားတော့တယ်။ ခြေလှမ်း ၁၀လှမ်းလောက် ရောက်တဲ့ အချိန်မှာတော့ လေကောင်းလေသန့်ကို သူရှူလိုက်ရတော့တယ်။
“အိုက်ယား” ကျန်းယန်ဖိန်ဟာ ရေကန်တစ်ခုတည်းကို ပြုတ်ကျသွားတာကြောင့် အော်လိုက်တော့တယ်။
…
သိပ်မဝေးတဲ့ သစ်တောထဲရောက်နေတဲ့ တင်ချင်းရှန်းတို့ အဖွဲ့က မီးခိုးတွေကို မြင်လိုက်ချိန်မှာတော့ သူတို့ရဲ့ အမူအယာ ပြောင်းလဲသွားတော့တယ်။
“ဘယ်နေရာမှာ မီးလောင်နေတာလဲ။”
“ခေါင်းဆောင် မီးခိုးတွေက ဒီဘက်က လာတယ်။ မြောက်ဘက်နယ်မြေ အပိုင်းထဲက ဖြစ်လိမ့်မယ်။ ” တင်းချင်းရှန်းနဲ့ တောင်ရွာအမဲလိုက် အဖွဲ့တွေက တွေဝေခြင်းမရှိဘဲ မီးငြိမ်းဖို့ပြေးသွားတော့တယ်။ နောက်ဆုံးမှာတော့ ကန်လင်းတောင်ရဲ့ ဘယ် အစိတ်အပိုင်းကမဆို အမဲလိုက်သမားတွေ အတွက် အရေးကြီးတယ်လေ။
“အဖွဲ့သားတို့ မြန်မြန်သွားရအောင်”
…
တင်းချင်းရှန်းရဲ့ ဦးဆောင်မှုနဲ့ တောင်ဘက်တောင်ရွာက အမဲလိုက်သမားတွေက မီးလောင်တဲ့နေရာကို မြန်မြန်ပြေးကြတော့တယ်။
သို့ပေမယ့် တင်းချင်းရှန်းတို့အဖွဲ့ ရောက်သွားချိန်မှာတော့ မီးကို မတွေ့ရတဲ့အတွက် အတော်လေး အံ့အားသင့်သွားတော့တယ်။
ဒါပေမယ့် မီးခိုးငွေ့တွေဟာ ထူထပ်လွန်းတဲ့အတွက် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး။
“ခေါင်းဆောင် တင်း။ မြောက်ရွာကလူတွေ ပိတ်မိနေတဲ့ပုံပဲ ။ သူတို့ကို ကယ်လိုက်ရမလား။”
“မေးစရာလိုလို့လား။ လုံးဝကို ကူညီသင့်တာပေါ့” အံကြိတ်ရင်း တင်းချင်းရှန်းက ပြောလိုက်တော့တယ်။ ဒီလိုမျိုးမြောက်ရွာအမဲလိုက်လိုက်အဖွဲ့ တစ်ခုလုံး ဒီလိုမျိုးသေသွားမှာကို သူတို့တောင်ရွာ အမဲလိုက်အဖွဲ့က မကူညီလိုက်ရင် လူမဆန်သလို ဖြစ်သွားလိမ့်မယ်။
ခါတိုင်းလ်ို အမဲလိုက်မှုမှာ ပြိုင်ဆိုင်တာတွေက မပြောပပေမယ့် ဒီလို မျက်စိရှေ့မှာတွေ့ရက်သေမှာကို မကြည့်ရက်ဘူး။
“မြန်မြန်ကယ်ကြရအောင်။” တင်းချင်းရှန်းရဲ့ အမိန့်ကို ကြားပြီးတဲ့နောက် တောင်ရွာ အမဲလိုက်အဖွဲ့ကသူတွေက သစ်ကိုင်းတွေကို ချိုးလိုက်ပြီး မီးခိုးတွေကို ငြိမ်းအောင်ငြှိမ်းလိုက်ကြတော့တယ်။
သူတို့ပိုပို ယမ်းလေ မီးခိုးတွေက ပိုပြီးပျံ့လာလေပဲဖြစ်တယ်။ မကြာခင် အချိန်တွင်းမှာတောင်ရွာ အမဲလိုက်အဖွဲ့က သူတွေဟာလည်း ကျောက်တုံးဝင်္ကပါထဲကို ရောက်သွားတော့တယ်။
ဒါ့အပြင် သတိမထားမိတဲ့ သူတွေဟာလည်း တွင်းတွေထဲကို ပြုတ်ကျကုန်တော့တယ်။
“အိုက်ယား ဒီမှာ ဘယ်သူတွင်းတူးထားတာလဲ”
“ဒီမှာထောင်ချောက်တွေ ဘယ်သူထောင်ထားတာလဲ။”
ကံမကောင်းရှာတဲ့ တောင်ရွာ ရွာသားတွေကတော့ မြောက်ရွာ ရွာသားတွေနဲ့အတူ ကျင်းထဲကို နှစ်ယောက် သုံးယောက်ထပ်ကျသွားကြတော့တယ်။
“မင်းတို့ဒီကို ဘယ်လို ကျလာတာလဲ။” သူတို့နဲ့ အတူကျင်းတစ်ခုတည်းကို ကျနေတဲ့ မြောက်ရွာအမဲလိုက်သမားတွေက မေးလိုက်ကြတယ်။
“ငါတို့ကို ၇နှစ်သားလေးတစ်ယောက်က ဓားပြတိုက်သွားတယ်။” ခေါင်းခါယမ်းရင်းနဲ့ မြောက်ရွာ အမဲလိုက်သမားတွေကဖြေလိုက်တော့တယ်။
“ဓားပြတိုက်ခံရတယ်။ မီးလောင်တာမဟုတ်ဘူးလား။”
“ဒီမှာ ဘာမီးမှ မလောင်ဘူး။ ကလေးတစ်ယောက်က မီးခိုးမှိုင်းတိုက်သွားတာ။ ဘာမီးမှ မရှို့သွားဘူး။ ”
…
နာရီဝက်ကြာပြီးနောက်မှာတော့ မီးခိုးငွေ့တွေ ပျောက်ကွယ်သွားပြီး အောက်ခြေ မျက်နှာပြင်မှာရှိတဲ့ လူတွေ အတွက်တော့ အသက်ရှူချောင်လာခဲ့တယ်။ လက်နက်တွေ အကုန်လုံးနဲ့ လေးလံတဲ့ အရာမှန်သမျှကို ပြစ်ချထားရတယ်။
တခြားတစ်ဖက်မှာတော့ တောင်ရွာသားတွေကော မြောက်ရွာသားတွပါ မီးခိုးမွှန်လွန်းလို့ မျက်ရည်တွေကျနေကြတယ်။ တွင်းတွေထဲ ပြုတ်ကျနေကျတဲ့ ရွာသားတွေက ထောင်ချောက်တွေကိုလည်း ရှောင်ရှားဖို့အတွက် မတ်တပ်ရပ်နေကြရတဲ့ အတွက် မီးခိုးတွေကြောင့် မွန်းကျပ်မှုဟာ အတော်လေး ဆိုးဝါးနေတယ်။
တွင်းထဲမှာ ရောက်နေတဲ့ မြောက်ရွာသားတွေကတော့ အချိန်ကြာလာတဲ့ အတွက်မီးခိုးငွေ့တွေ လျော့ပါးတာဟာ သူတို့အတွက် သက်တောင့်သက်သာ ဖြစ်စေတယ်။
တောင်ရွာသားတွေကတော့ အတော်စိတ်တိုနေကြတယ်။ သူတို့ကမီးလောင်တယ်ထင်ပြီးလာကယ်ကြတာ အခုတော့ တွင်းထဲ ပြုတ်ကျနေတဲ့အပြင် မီးခိုးမှိုင်းမိသွားတဲ့ အတွက် တွင်းပေါ်ရောက်ရောက်ခြင်း မြောက်ရွာသားတွေကို ဆူပူတော့တယ်။
အဆုံးသတ်မှာတော့ အတော်လေး ဒေါသထွက်နေကြတဲ့ တောင်ရွာသားတွေက “ဓားပြတိုက်ခံလိုက်”ရတဲ့ အကြောင်းကို ကြားလိုက်ရတော့ အံ့အားသင့်သွားကြတယ်။
ဖန်ကျန်းရှီကတော့ တောင်ရွာအမဲလိုက်အဖွဲ့ ရောက်လာတာနဲ့ ရှောင်ကွင်းပြီးတော့ ကျောက်တုံးတွေနောက်မှာ ပုန်းနေလိုက်တယ်။ အကုန်လုံး ပြုတ်ကျသွားတဲ့ အချိန်မှာတော့ တော်တော်လေး စိတ်သက်သာရာရသွားတယ်။
ဂတ်စ် ကာကွယ်တဲ့ မျက်နှာဖုံးမရှိရင် ဒီလောက် အသက်ရှူကြပ်တာကို ဘယ်လိုမျိုးခုခံနိုင်မှာလဲ။
“ကောင်းလိုက်တဲ့ဓားလေး” ဖန်ကျန်းရှီက မြောက်ရွာ အမဲလိုက်သမားတွေ ကျကျန်ခဲ့တဲ့ ပစ္စည်းမှန်သမျှ အပိုင်သိမ်းနေတော့တယ်။ သူ့ရဲ့ ခြင်းတောင်းကြီးထဲကို သယ်နိုင်သလောက် သယ်ပြီး ပြစ်ထဲ့တော့တယ်။
“ဒီ လွှလေးလဲလိုချင်တယ်။”
“ဒီ လေးနဲ့မြားကလည်း တစ်နေ့မှာ အသုံးဝင်လာနိုင်တယ်”
“မြောက်ဘက်ရွာ အမဲလိုက်အဖွဲ့ကတော့ သူတို့ သားကောင်တွေ ပြစ်ချခဲ့တဲ့ နေရာကို ပြန်သွားတော့တယ်။
ရုတ်တရက် အသံတစ်သံက အပြင်တစ်နေရာကနေ ထွက်လာတဲ့အချိန်မှာတော့ မြောက်ရွာ အမဲလိုက်သမားတွေ မျက်နှာဟာ မဲမှောင်သွားတော့တယ်။
တခြားတဖက်က တောင်ရွာသားတွေကတော့ ဒီအသံကို အတော်လေး ရင်းနှီးနေသလိုပါပဲ။
ဒါက ကျန်းရှီ လေးများ ဖြစ်မလား။