နတ်ဘုရား မုခ်ဝ - Chapter - 42 အလင်းပွင့်ခြင်း
၇နှစ်သားလေးက ကန်လင်းတောင် ဘုရင်ကို ယှဉ်နိုင်တယ်။
ဒီအဖြစ်အပျက်မျိုး အိမ်မက်တောင် မမက်ဖူးဘူး။ တိုက်တိုက်ဆိုင်ဆိုင် ကိုယ့်မျက်စိရှေ့မှာတွေ့လို့သာ ယုံရတာ။
ဒီအချိန်မှာတော့ ကျန်းယန်ဖိန်နဲ့ မြောက်ရွာအမဲလိုက်သမားတွေရဲ့ မျက်လုံးတွေဟာ ကျွတ်ကျမတတ် ပြူးနေကြတော့တယ်။
“လက်သီးတစ်ချက်တည်းနဲ့ မီးမြေခွေးပြာ လွင့်ထွက်သွားတယ်။”
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။”
မြောက်ရွာအမဲလိုက်အဖွဲ့ကတော့ သူတို့ အိမ်မက်ရှည်ကြီးတစ်ခုက်ို မက်နေတယ်လို့ပဲ ထင်နေကြတယ်။ ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိတော့တဲ့ အထိ သတိလက်လွတ် ငေးမောနေမိကြတယ်။
“ပစ်ကျ မြန်မြန်ပစ်” ကျန်းယန်ဖိန်က ပျော်ရွှင်မှု အပြည့်နဲ့ အော်ဟစ်လိုက်တယ်။ မီးမြေခွေးပြာကို ယှဉ်နိုင်တဲ့ ကလေး ဘယ်လိုပဲ ဖြစ်ဖြစ် အခုချိန်ကတော့ တကယ့်ကို အခွင့်အရေးကောင်းပဲ။
“ခေါင်းဆောင်။ ကျွန်တော်တို့မှာ မြားမရှိတော့ဘူး။” မြောက်ရွာ အမဲလိုက်အဖွဲ့ကသူတွေရဲ့ မြားကျည်တောက်ထဲမှာတော့ မြားတစ်စင်းမှကို မရှိတော့ပါဘူး။
“ဟာ ကွာ” ကျန်းယန်ဖိန် စိတ်ပျက်လက်ပျက်နဲ့ရေရွတ်လိုက်တော့တယ်။ သတ္တုမြားတွေ အကုန်လုံး မရှိတော့တာကတော့ ဒီလို နှစ်ခါ မရှိနိုင်တဲ့ အခွင့်အရေးအတွက် ဖြုန်းတီးရာ ကျလွန်းလှတယ်။
“ခေါင်းဆောင် ကျွန်တော်တို့ တိုက်ခိုက်ဖို့ ဆန္ဒရှိပါတယ်။ ” အမဲလိုက် ဓားရှည်ကို ကိုင်ထားတဲ့ မုဆိုးတစ်ယောက်က ပြောလိုက်တယ်။
“ကျွန်တော်လည်းပဲ တိုက်ခိုက်မယ်” နောက်အမဲလိုက် သမားတစ်ယောက်ကလည်း ပြောပြန်တယ်။
“ကောင်းပြီ။ မင်းတို့အားလုံး မြောက်ရွာသားတွေ ပီသပါပေတယ်။ အားဖြည့်ကြ အားလုံး စုစည်းကြ” ကျန်းယန်ဖိန်က သူ့အဖွဲ့သားတွေရဲ့ ဆုံးဖြတ်ချက်ကို ကောင်းကောင်းနားလည်တယ်။ ကန်လင်းတောင်ခြေရဲ့ မိစ္ဆာကြီးကို နှိမ်နင်းနိုင်ဖို့ အသက်တချို့လောက် စတေးရတာ မမှုပါဘူး။
……..
“အာဝူးးးး” နောက်ပြန်လိမ့်သွားတဲ့ မီးမြေခွေးပြာကတော့ ပြန်ထလာချိန်မှာတော့ သူ့ကိုယ်ပေါ်က အမွေးပြာတွေဟာ ထောင်ထွက်နေကြတယ်။ နဖူးကနေ အမြီးထိ ရှည်လျားလှတဲ့ အမှတ်အသားဟာလည်း ပျို့အန်ချင်စရာ သွေးညှီနံ့တွေ ထွက်နေတော့တယ်။ တကယ့်ကို ပြောင်းလဲမှုကြီး တစ်ခုပဲ။
တခြားတစ်ဖက်က ဖန်ကျန်းရှီကတော့ သူသတိဝင်ဝင်လာခြင်း တွေးလိုက်မိတာက “ငါ မသေသေးဘူးလား။” မီးမြေခွေးပြာကြီးကို ငါထိုးချလိုက်တာ မလား အခုတော့ ဘယ်လို ဖြစ်တာလဲ။
နောက်ပြီး ခုနက မြင်ကွင်းရှေ့က အရာအားလုံးပျောက်ကွယ်သွားတာကရော.။ ငါလည်း ဘာမှ မလုပ်မိပါပဲနဲ့။
ဒါက စကြ၀ဠာအစကို ပြန်ရောက်ပြန်တာလား။ အရာအားလုံးဖြစ်တည်မှုတာအို ။ ပျောက်ကွယ်သွားတဲ့ ကမ္ဘာကြီးနဲ့ မူလ အရင်းအမြစ်။
ဖန်ကျန်းရှီ မျက်လုံးထဲ မီးတွေ ပွင့်သွားသလိုပဲ။ ဒီအခိုက်အတန့်လေးမှာပဲ ကြီးမားတဲ့ အတားအဆီး တံခါးတစ်ခု ပွင့်သွားဟန်ပါ ။ အရာအားလုံးဖြစ်တည် ပုံဖော်မှုဟာ မိမိကိုယ်ကို နားလည်ခြင်း။ အရာအားလုံးကို ထိန်းချုပ်နိုင်ခြင်း။
ပထမဆုံးနားလည်မှု မိမ်ိကိုယ်ကို နားလည်ခြင်းနဲ့ လိုက်လျော ညီထွေဖြစ်အောင် နေထိုင်ခြင်း။ နောက်ဆုံးတော့ နားလည်သွားပြီ။ သူထိန်းချုပ်နိုင်တာက အရိုးလည်း မဟုတ် ။ အသွေးအသားလည်း မဟုတ်။ သူ့တစ်ကိုယ်လုံးကို ထိန်းချုပ်နိုင်တာပဲဖြစ်တယ်။ အသား အရ်ိုး နဲ့ သွေးတွေက သေးငယ်လှတဲ့ အမှုန်လေးတွေနဲ့ ဖွဲ့စည်းထားတယ်။ သူ့အရင်ဘ၀တုန်းကတော့ “အမှုန်လေးတွေ”လို့ခေါ်ဝေါ်ခဲ့ကြတယ်။ မမှီခိုပဲ တည်ရှိနိုင်ကြတဲ့ အရာတွေပေါ့။ တောင်တန်း မြစ်ချောင်း သစ်ပင်ပန်းမန် မြက်တွေ အရာအားလုံးဟာ အမှုန်လေးတွေကနေ ဖြစ်တည်တယ်။ သူ့ကိုယ်ကို ထိန်းချုပ်နိုင်တာနဲ့ အရာအားလုံးဖြစ်တည်မှု တာအိုကိုပါ ထိန်းချုပ်နိုင်မယ်။
ဂိတ်တံခါးဟာ အခုချိန်မှာတော့ လုံးဝကို ပွင့်သွားပြီပဲ ဖြစ်တယ်။
ဒါက နောက်ဆို….
ဖန်ကျန်းရှီ ခြေဖနောင့်ကို အားပြုပြီး ခုန်လွှားလိုက်တော့တယ်။ လျှပ်စီးလက်သလိုမျိုး အကွာအဝေးတစ်ခုက်ို ရောက်သွားတော့တယ်။ မုခ်ဝက တကယ့်ကို ပွင့်သွားပြီပဲ၊ နားလည်သွားပြီးတဲ့နောက် မီးမြေခွေးပြာရဲ့ အင်အားကို လည်း သူ တွက်ချက်နိုင်သွားတော့တယ်။ မီးမြေခွေးပြာလည်း အရာအားလုံးဖြစ်တည်ပုံဖော်မှုတာအိုကို ထိန်းချုပ်နိုင်တယ်။ ဒါကြောင့် မြားတွေကိုလည်း ရပ်တန့်နိုင်တာဖြစ်တယ်။ ပိုပြီး အရေးကြီးတာက မီးဘောလုံးတွေ။။
ဒီ အဆင့်ကတော့ သူ မယှဉ်နိုင်သေးဘူး။ မြေခွေးပြာတွေးတာကတော့ သူ့အင်အားကို တွေ့သွားချိန်မှာ ဖန်ကျန်းရှီ ပြေးမယ်ပေါ့။ အခုချိန်မှာတော့ ဖန်ကျန်းရှီ က လုံးဝ မပြေးခဲ့ဘူး။ ဒါကြောင့် သူပြေးတော့တယ်။ ကျန်းယန်ဖိန်နဲ့ မြောက်ရွာအမဲလိုက်သမားတွေ အနားကို ချဉ်းကပ်လာချိန်မှာတော့ လမ်းတစ်ဝက်မှာတင် မ
သူတို့မြင်လိုက်ရတာက
မီးမြေခွေးပြာထွက်ပြေးတာကိုပဲ။ ဒီကောင်လေးက မြေခွေးပြာကိုထွက်ပြေးအောင် လုပ်နိုင်တယ်ဆိုတော့ ငါတို့ ပူးပေါင်းရင် အဆင်ပြေနိုင်တယ်။
ကျန်းယန်ဖိန်ကဖန်ကျန်းရှီရဲ့ ပုံစံကို မြင်လိုက်တော့ သူပါ ဆုတ်ခွာဖို့ ပြင်လိုက်တယ်။ ဒါပေမယ့် အခုချိန်မှာတော့ မီးမြေခွေးပြာရဲ့ ဒဏ်ရာကို မြင်ပြီးနောက်မှာတော့ သူရှေ့ဆက်လိုက်တော့တယ်။ သူတို့ရဲ့ ခေါင်းဆောင် မဆုတ်ခွာတာကို မြင်ရတော့ သူတို့ပါ ရှေ့ဆက်တော့တယ်။ မြောက်ရွာအမဲလိုက်အဖွဲ့ရဲ့ အင်အားနဲ့ ဆိုရင် သာမာန်သားကောင်ဆို ကြောက်လန့်တကြား ထွက်ပြေးမှာ အမှန်ပဲ။ အခုကတော့ ကန်လင်းတောင်ခြေရဲ့ သားရဲဘုရင်လေ။ အရှိန်နှုန်း လျှင်မြန်မှုက အတိုင်းအဆမဲ့တယ်။ အကာအကွယ်လို အမွှေးတွေလည်း ရှိတယ်။ ဒဏ်ရာ ရနေတာတောင် လူနှစ်ဆယ်လောက် တော့ အသာလေး သတ်နိုင်တယ်။ လက်သည်းတစ်ချက်ကုတ်လိုက်တာနဲ့ အသားစိုင်တစ်ခုလုံး ဆုတ်ပြဲသွားတော့တယ်။
ဒီတစ်ခါတော့ အမှားကြီးမှားခဲ့ပြီ။ ခြေကန်ချက်တစ်ချက်နဲ့ လွင့်စင်သွားပြီး လက်သီးတစ်ချက်ကြောင့် မှောက်သွားရတဲ့ သားရဲဘုရင်ကို အထင်သေးမိသွားခဲ့တာ ဒီ မိစ္ဆာရဲ့ လက်သည်းနဲ့ အစွယ်တွေအောက်မှာ လူ ငါးယောက်မက အသက်ပါသွားခဲ့ပြီ။ ကိုက်ဖြဲ ဆွဲစုတ် အမဲဖျက် ထားတာ သွေးသံတရဲရဲနဲ့ မြောက်ရွာအမဲလိုက်သမားတွေရဲ့ အော်သံဟာ ငရဲပွက်သံတွေအလားပါပဲ။ ဒီအချိန်မှာတော့ မီးမြေခွေးပြာဟာ သူ့ရဲ့ ဦးတည်ချက်ကို ကျန်းယန်ဖိန်စီကို လှည့်လိုက်ပါတော့တယ်။ ကျန်းယန်ဖိန် ပစ်လွှတ်လိုက်တဲ့ ကျောက်တုံးကြီးကို အမှုန့်အဖြစ်ပြောင်းလဲပြစ်ပြီးနောက်မှာတော့ ခုန်လွှားလာတော့တယ်။ လျင်မြန်လွန်းလှတဲ့ အရှိန်ကြောင့် ရှောင်တိမ်းဖို့ရာ မဖြစ်နိုင်ဘူး။
“ခေါင်းဆောင်”
“ခေါင်းဆောင်”
ချွန်ထက်တောက်ပနေတဲ့ သွားစွယ်တွေဟာတော့ ချောက်ခြားဖွယ်ကောင်းစွာ အေးစက်နေပါတယ်။ ဒီလို အပြောင်းအလဲမျိုးကို မမျှော်လင့်ထားမိတဲ့ ကျန်းယန်ဖိန်ကတော့ မျက်လုံးအပြူးသားနဲ့သာ ကြည့်နေပါတော့တယ်။ သူ အကောင်းဆုံးလုပ်နိုင်တာကတော့ ရပ်ပြီး သေဖို့စောင့်နေရုံပဲ။ ဒီအချိန်မှာတော့ လေထုဟာ ထူးခြားစွာ သိပ်သည်းနေဟန်ပါပဲ။ သူ့ရဲ့ နှလုံးခုန်သံကိုတောင် ပြန်ကြားနေရတယ်။
တောက်ပနီစွေးတဲ့ သွေးတွေဟာတော့ ဖောင်တိန်ကနေ မှင်တွေထွက်လာသလိုမျိုးစီးကျလာတော့တယ်။ လေထဲမှာ ကြာပန်းကြီးတစ်ပွင့်နှယ် ပုံပေါ်လာတော့တယ်။