နတ်ဘုရား မုခ်ဝ - Chapter - 45 ပုဂိုလ်ရေး စမ်းသပ်ချက်
ဒီအချိန်မှာတော့ ရွာသူကြီးက တော်တော်လေးကို စိတ်ညစ်သွားတယ်။ သူ ဘယ်လောက်ပဲ စဉ်းစားစဉ်းစား လီကျွမ်းစီက ကျောက်တုံးဝင်္ကပါစာရွက်ကို မြောက်ရွာကို ဘာကြောင့်ပေးလဲဆိုတာ တွေးမရဘူး။ နောက်ပြီး တောင်ရွာရဲ့ အကြီးမားဆုံး ကောင်းကျိုးက်ို ဖျက်ဆီးချင်တာလား။ တင်းချင်းရှန်းရဲ့ အတွေ့အကြုံ နဲဆို အမဲလိုက်အဖွဲ့နယ်မြေကလည်း ကျယ်ပြန့်လာတော့မှာ လေ။ ဘာရည်ရွယ်ချက်နဲ့ ပေးရတာလဲ။
ကျန်းယန်ဖိန်ကများ လီကျွမ်းစီကို ချောက်တွန်းချင်တာလား။ နောက်ပြီး ဖန်ကျန်းရှီနဲ့ပေါင်းပြီး ဥာဏ်ဆင်နေတာများ ဖြစ်နိုင်မလား။ မီးခိုးကြွက်လျှောက်တွေးရင်း အတွေးမဆုံးန်ိုင်တော့ဘူး။
“ယန်ဖိန် ရှင်းပြပါအုန်း” ရွာသူကြီးမုန့်က ၀င်္ကပါမြေပုံကို ကြည့်ရင်းပြောလိုက်တော့တယ်။ ဘာကြောင့်လဲဆိုတော့ ဒီမြေပုံက အစစ်ဖြစ်နေတာကြောင့်ပဲ။ ကျန်းယန်ဖိန်ကတော့ ရွာသူကြီးမေးလာတာနဲ့ တစ်ပြိုင်နက် အဖြစ်မှန်တွေကို မချွင်းမချန်ပြောပြတော့တယ်။ ဖန်ကျန်းရှီ ကို အငိုက်ဖမ်းပြီး တိုက်ခိုက်တဲ့ အကြောင်းကိုလည်း ပြောပြခဲ့တယ်။
“ဒါဆို မင်းက တကယ့်ကိုပဲ ဖန်ကျန်းရှီကို ချောင်းမြောင်းတိုက်ခိုက်ခဲ့တာပေါ့” ရွာသူကြီးမုန့်က မယုံမရဲနဲ့ ပြောလိုက်တော့တယ်။ “ ဟုတ်တယ်” ဘေးမှာထိုင်နေတဲ့ ဖန်ကျန်းရှီကို အပြစ်မကင်းတဲံ စိတ်နဲ့ ကြည့်ရင်းပြောလိုက်တော့တယ်။ ရွာသူကြီးမုန့်ကတော့ ထပ်မပြောတော့ပါဘူး။ ဆေးတံကြီးကိုသာ လက်တွေ ဖြူဖျော့ပြီး သွေးရောင်ပျောက်တဲ့ အထိ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင် ထားတော့တယ်။
လီကျွမ်းစီ………
မင်းဘာကြောင့် ဒီလို လုပ်ရတာလဲ။
“ မ်ိန်းမရေ လီကျွမ်းစီနဲ့ အဒေါ်လီကို သွားခေါ်လာခဲ့ ။ နောက်ပြီး ဖန်မိသားစုကိုပါခေါ်လာခဲ့ ဘယ်သူမှမသိစေနဲ့ ဒီအကြောင်းကို”
ဖန်ကျန်းရှီကတော့ ရွာသူကြီးက သူ့မိဘတွေကို ခေါ်ခိုင်းလိုက်တာကြောင့် ဆိုးဝါးတဲ့ အကြောင်းရင်းတွေ ဖြစ်မလာနိုင်တော့ဘူးလို့ တွေးမိလိုက်တယ်။ ဒါကြောင့် ထိုင်ခုံပေါ်မှာ သက်တောင့်သက်သာနဲ့သာ ထိုင်နေတော့တယ်။ ကျန်းယန်ဖိန်ကတော့ လီကျွမ်းစီ အလာကိုသာ သက်တောင့်သက်သာနဲ့ စောင့်နေတော့တယ်။
…………….
သိပ်မကြာခင်မှာပဲ ဖန်ဟို့ဒဲက သူ့မိန်းမ ချီရှင်းလိန်နဲ့ အတူ ရောက်လာတော့တယ်။ ထိုင်ခုံပေါ်မှာ အိပ်ပျော်လုနီးပါးဖြစ်နေတဲ့ သူ့သားလေးနဲ့ ဘေးနားမှာထိုင်နေတဲ့ ကျန်းယန်ဖိန်ကို ကြည့်ရင်း ချီရှင်းလိန် မျက်လုံးပြူးသွားပြီးအော်တော့တယ်။
“ရွာသူကြီးရယ် ကျန်းရှီက ငယ်လွန်းပါသေးတယ်။ ပြဿနာဖြစ်ရင် ကျွန်မတို့ တာဝန်ယူပါမယ်။”
ဆေးတံဖွာနေတဲ့ ရွာသူကြီးကတော။ “ဖန်ကတော် ထိုင်ပါအုန်း ။ ”
“အကို ယန်ဖိန် ကျွန်တော့် သားလေးက အကိုအပေါ် အမှားကျူးလွန်မိရင်တောင်းပန်ပါတယ်” ဖန်ဟို့ဒဲက အရင်ဆုံးတောင်းပန်လိုက်တယ် ။
“ဆရာလေး ကျန်းရှီက ညီလေး ဖန်ရဲ့ သားလား။” ကျန်းယန်ဖိန်က ဖန်ဟို့ဒဲကို တောင်ရွာရဲ့ အတော်ဆုံးအမဲလိုက်သမား အဖြစ် သိခဲ့တာ မီးမြေခွေးပြာကြောင့် လက်တစ်ဖက် မဆုံးရှုံးခင်ကပေါ့။
“ဟို့ဒဲ မင်းက တကယ့်ကို သားကောင်းရတနာ မွေးထားတာပဲ။” ကျန်းယန်ဖိန်က ပြောလိုက်တော့တယ်။ သူက အပြင်လူဆိုတော့ အများကြီး ချီးကျုးရင် တောင်ရွာ က လူတွေ တစ်မျိုးထင်ကုန်လိမ့်မယ်။ ဒါကြောင့် ပြောသင့်တာတွေကိုပဲ အဓိက ပြောပြလိုက်တော့ ပထမဆုံး တုံ့ပြန်တာက ချီရှင်းလိန်ပဲဖြစ်တယ်။
“ငါ့သားကို လီကျွမ်းစီက တစ်ဖက်လှည့်နဲ့ လုပ်ကြံတယ်၊” သူ့သားဆွဲထားတဲ့ ကျောက်တုံးဝင်္ကပါကို သုံးပြီးတော့ ချောက်တွန်းတယ်။ ဒေါသကြောင့် မျက်ရည်တွေ ကျလာတော့တယ်။
“ ဖန်ကတော် စိတ်ထိန်းပါ။ လီကျွမ်းစီက ငါတို့ရွာရဲ့ မျှော်လင့်ချက်ပဲ ဒီလို လက်လွတ်စပယ် မပြောသင့်ဘူး။” ရွာသူကြီးမုန့်တွေးမိတာက လီကျွမ်းစီက သူတို့ရွာမှာ စစ်သူကြီးလီ ဂရုပြုတာကို ခံရတဲ့သူ တောင်ရွာရဲ့ အနာဂတ် ဒီကိစ္စသာ အပြင်ကို ပျံ့သွားရင် အခြေအနေတွေ ပြောင်းလဲကုန်လိမ့်မယ်။
၁၅ မိနစ်ခန့်ကြာပြီးနောက်မှာတော့ လီကျွမ်းစီနဲ့ အဒေါ်လီ ရှေ့ဆင့်နောက်ဆင့် ရောက် လာတော့တယ်။ အဒေါ်လီရဲ့ ပုံစံကတော့ သိပ်ပြီး မူမမှန်လှပါဘူး။ လီကျွမ်းစီကတော့ တာအို ခန်းမမှာ စာသင်နေရင်းကနေ ထွက်လာရတာကြောင့် သူ့စာသင်ချိန်တွေ ဆုံးရှုံးကုန်တာကို မကျေမနပ်ဖြစ်နေပါတယ် ။ ဒါပေမယ့် ရွာသူကြီးမုန့် လက်ထဲက စာရွက်နဲ့ ကျန်းယန်ဖိန်ကို မြင်လိုက်ရတာကြောင့် အဒေါ်လီ မျက်နှာဟာတော့ ပြောင်းလဲသွားတော့တယ်။
“ရွာသူကြီးမုန့် ကျွန်မတို့ က ရွာနှစ်ရွာ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်တာပါ။ ”
“ပါးစပ်ပိတ်စမ်း” လီကျွမ်းစီက သူ့ရဲ့ အစီအစဉ်တွေပျက်သွားမှာစိုးးရီမ်တဲ့ အတွက် လှမ်းအော်လိုက်တယ်။ ဒီအချိန်မှာ သူ စီစဉ်ထားတဲ့ အတိုင်း ဖြစ်လာဖို့ အချိန်ကျပြီလေ။
ရွာသူကြီးမုန့်ကတော့ ဒီနေရာမှာ တခြားသူသာဆိုရင် ရွာကွင်းပြင်မှာ အပြစ်ပေးပြီး ရွာကနေ နှင်ထုတ်ပြစ်မှာ အခုကတော့ လီကျွမ်းစီ ဖြစ်နေတာကြောင့် သူ အတော်လေး စဉ်းစားနေရတယ်။ ရွာရဲ့ မျှော်လင့်ချက်က်ို ဒီလိုလုပ်လို့တော့ မဖြစ်ဘူးလေ။
တခြားတစ်ဖက်က စောင့်ဆိုင်းနေရတဲ့ ချီရှင်းလိန်ကတော့ လုံးဝကို စိတ်မရှည်တော့ပါဘူး။
သူ့ရဲ့ သားငယ်လေးကို ဒီလိုမျိုး တစ်ဖက်လှည့်နဲ့ လုပ်ကြံတာဟာ အတော်လေးကို ရွံရှာဖွယ်ကောင်းတယ်။
“လီကျွမ်းစီ ရှင်က မြောက်ရွာအမဲလိုက်အဖွဲ့ကို ကိုယ်ကျိုးကို ကြည့်ပြီး ၀င်္ကပါမြေပုံပေးတယ်။ ကျန်းရှီကို လုပ်ကြံစေတယ်။ ဒီကိစ္စကို တောင်ရွာ တစ်ခုလုံးရှေ့မှာ ဖော်ထုတ်ပြစ်ပြီးရှင့်ကို အပြစ်ခံစားရအောင် လုပ်မယ်။” ချီရှင်းလိန်ရဲ့ လေသံဟာ ဓားသွားတစ်မျှ အေးစက်နေတော့တယ်။