နတ်ဘုရား မုခ်ဝ - Chapter - 60 မောင်းသံ
“ မင်းက ၀င်နိုင်မယ်ပေါ့။ ဟ ဟ ဖြစ်နိုင်လို့လား။ ” လီဟူအာကတော့ အဆက်မပြတ် ရယ်နေရင်း သတိပြန်ဝင်လာချိန်မှာတော့ အရယ်ရပ်သွားတော့တယ်။
လီကျွမ်းစီကော မုန့်ကျန်းရှန်းကော နှစ်ယောက်စလုံးကတော့ ခေါင်းတခါခါ လုပ်ရင်း ပြုံးနေကြတော့တယ်။
တာအိုခန်းမကနေ ထောက်ခံချက်တောင် မရှိဘဲနဲ့စာမေးပွဲခန်းထဲ ဘယ်လိုဝင်မှာလဲ။ တာအိုနိယာမ စာမေးပွဲက ဘာလိုမှန်းတောင် မသိဘူးဆိုတာ ရဲရဲကြီး ပြောဝံ့တယ်။ ရွာမှာပဲ အနေများပြီး လောကကြီး အကြောင်းကို မသိတဲ့ သူဆိုတော့လည်း အမြင်ကျဉ်းက မဆန်းပါဘူးလေ….။
“သွားကြရအောင် ဒီမှာ လုပ်စရာမရှိသေးဘူး။ ငွေနည်းနည်းလောက် သွား ရင်းကြရအောင်” လီကျွမ်းစီကလည်း ဖန်ကျန်းရှီကို ထပ်ပြီး အရေးမစိုက်တော့ဘဲ လူတွေ စုဝေးနေကြတဲ့ နေရာတစ်ခုစီကို ဦးတည်ပြီးထွက်သွားတော့တယ်.။
ပိုက်ဆံသွားရင်းမယ်။ ဖန်ကျန်းရှီကလည်း သူတို့နောက်ကနေ ကပ်လိုက်သွားတော့တယ်။
သိပ်မကြာခင်မှာပဲ သစ်ပင်ကြီးတစ်ပင်အောက်မှာ ပန်းထိုး အကျီဝတ် သခင်လေးတွေ စုဝေးနေကြတာကို သူတွေ့လိုက်ရတော့တယ်။ လူအုပ်ကြီးက ၃ ၀ိုင်းတောင်ရှိနေတာ။
“အဆင့်တွေကို ခန့်မှန်းကြမယ်။ အဆင့်တွေကို ခန့်မှန်းကြမယ်။ တာအိုနိယာမ စာမေးပွဲရဲ့ အတွေးအခေါ်အယူအဆ စာမေးပွဲမှာ ထိပ်တန်းဖြစ်မယ့် ကျောင်းတော်သား၃ယောက်ကို ခန့်မှန်းကြမယ်။ မှန်အောင် ခန့်မှန်းနိုင်တဲ့သူက ငွေတွေ အကုန်ရမယ်။ ” ကျယ်လောင်စွာအော်နေတဲ့ အသံတစ်ခုဟာ လူအုပ်ကို ဖြတ်ပြီး ပျံ့လွင့်နေတယ်။
“ထိပ်တန်းဖြစ်မယ့် ကျောင်းတော်သား၃ယောက်။ ဒါဆိုငါပါတာပဲပေါ့။” ဖန်ကျန်းရှီက ချမ်းသာတော့မယ့် အရေးကို တွေးလိုက်ပြီး အတိအကျကို တွက်လိုက်တော့တယ်။ ဒီ အခွင့်အရေးကို လွဲသွားရင် နောက် ၂နှစ် ထပ်စောင့်ရမှာလေ.။ တခြားတစ်ဖက်မှာတော့ လူအုပ်ထဲကို တိုးဝင်သွားတဲ့ လီကျွမ်းစီနဲ့ တခြားသူတွေကတော့ သိပ်မကြာခင်မှာပဲ ပြန်ထွက်လာကြတယ်။
“ဟူး… ဒီ မုန့်ယွိရှုရဲ့ လောင်းကြေးက ဒါ နည်းလွန်းနေတာ မဟုတ်ဘူးလား။” လီကျွမ်းစီက အတော်လေးကို မပျော်မရွှင်ဖြစ်နေတော့တယ်။ ဦးလေး လီ ကျွန်တော်ကြားတာတော့ မုန့်ယွိရှု က တာအို မုခ်ကို အောင်ထားတယ်တဲ့။ တကယ်တမ်းဆို မြို့တော် တာအို စာမေးပွဲကို တိုက်ရိုက်ပါဝင်ခွင့် ရရမှာ။ အခု ဒေသတွင်း စာမေးပွဲကို လာဖြေတာက နှစ်ထပ်ကွမ်း အောင်နိုင်သူ ဘွဲ့ကို ရချင်လို့ပဲ။ ဒါကြောင့် သူ့ကို လောင်းရင် လောင်းကြေးရမှာ နည်းလိမ့်မယ်။ ”
မုန့်ကျန်းရှန်းက သေချာ တွေးပြီး ပြောလိုက်တော့တယ်။ “မှန်တယ်။ အနည်းဆုံးတော့ လောင်းကြေးကို အရင်း အတိုင်းပြန်ရမှာပဲ။ ” လီကျွမ်းစီက သက်ပြင်းချရင်း ပြောလိုက်တော့တယ်။
“ မင်းတို့ မုန့်ယွိရှုကို လောင်းရင် ရှုံးလိမ့်မယ်။” ဖန်ကျန်းရှီက ဒီလူတွေကို သတိပေးလိုက်ပါတယ်။ မျက်တောင်မွှေး တစ်ဆုံးလောက်ထိပဲ ကြည့်တဲ့ သူတွေ တကယ့် နှစ်ထပ်ကွမ်းအောင်နိုင်သူ ဖြစ်မယ့် ဒီလူ သူတို့ေ၇ှ့မှာ လာရပ်နေတာတောင် မသ်ိကြဘူး။
“မုန့်ယွိရှုကို မလောင်းရင် ငါတို့က မင်းကို လောင်းရမှာလား။” ဖန်ကျန်းရှီရဲ့ တားမြစ်သံကို ကြားလိုက်တော့ လီကျွမ်းစီက ရယ်မောရင်းမေးလိုက်တော့တယ်။
“ဟုတ်တာပေါ့။ ကျွန်တော့်ကို လောင်းရင် ဦးလေးတို့ နိုင်မှာ အမှန်ပဲ။” ဖန်ကျန်းရှီက ယုံကြည်ချက် အပြည့်နဲ့ ပြောလိုက်တော့တယ်။
“ဟဟ မင်းက စာမေးပွဲခန်းထဲကိုတောင် ၀င်ခွင့်ရမှာမလို့လား။” လီကျွမ်းစီကအော်ဟစ်ရယ်မောလိုက်ရင်း အကျီလက်ကို ပင့်မကာ လူအုပ်ထဲကို တိုးဝင်သွားတော့တယ်။ ဖန်ကျန်းရှီကလည်း လူအုပ်ထဲကို တိုးပင်မယ့် သုံးတဲ့ နည်းလမ်းချင်းကတော့ မတူညီပါဘူး။
လီကျွမ်းစီကတော့ အားသုံးပြီး လူတွေကို တွန်းဖယ်ပေမယ့် ဖန်ကျန်းရှီကတော့ ပိုလွယ်ကူတဲ့ နည်းကို သုံးပါတယ်။ မသိမသားလေး ခြေထောက်တွေပေါ်တက်နင်းလိုက်တာပါပဲ။ “ ဘယ်ကောင် ငါခြေထောက်ကို တက်နင်းတာလဲ။” ကလိမ်ဥာဏ်သုံးတဲ့ နည်းလမ်းကြောင့် လီကျွမ်းစီထက် ခြေလှမ်းအသာနဲ့ လောင်းကြေးထပ်တဲ့ နေရာကို ရောက်သွားပါတော့တယ်။
လီကျွမ်းစီကတော့ ချွေးပြိုက်ပြိုက်ကျအောင် လူအုပ်ကြီးထဲမှာ တိုးဝှေ့နေတုန်း၇ှိပါသေးတယ်။ ဒါပေမယ့် သူလောင်းကြေးထပ်တဲ့ စားပွဲရှေ့ကို ရောက်ချိန်မှာတော့ ဖန်ကျန်းရှီက စားပွဲရှေ့ကို သူ့ထက်အရင်ရောက်နေတာ တွေ့လိုက်ရတော့ မျက်လုံးပြူးသွားပါတော့တယ်။
“ဒီကလေး ဘယ်လိုနည်းသုံးပြီး ရောက်လာတာလဲ။ ” “ဖန်ကျန်းရှီကို လောင်းမယ်။” စားပွဲကို ရောက်ရောက်ခြင်း ငွေသား ဆယ်ဆကို ထုတ်ပြီးတော့ လောင်းကြေးထပ်တော့တယ်။
“သူ တစ်ကယ်ပဲ သူ့ကိုယ်သူ ပြန်လောင်းတယ်။” လူအုပ်ထဲက လီကျွမ်းစီကတော့ ဖန်ကျန်းရှီရဲ့ စကားကို ကြားလိုက်တော့ အံ့သြမှု အပြည့်နဲ့ ပြောလိုက်တော့တယ်။ တကယ့်ကို အ လွန်းတာပဲ။ စာမေးပွဲကိုတောင် ၀င်ခွင့်မရနိုင်တာတောင် သူ့ကိုယ်သူ လောင်းရဲသေးတယ်။ လီဟူအာနဲ့ တခြား တောင်ရွာသားတွေကတော့ ဖန်ကျန်းရှီရဲ့ အသံကျယ်ကြီးကို ကြားတော့ လန့်သွားကြတယ်။
လောင်းကြေးထပ်တဲ့ နေရာမှာ စာရင်းရေးတဲ့ ကောင်လေးကတောင် လူတိုင်းက မုန့်ယွိရှုက်ို လောင်းနေကြချိန်မှာ ဒီလူက ဖန်ကျန်းရှီကို လာလောင်းတော့ လန့်တောင် လန့်သွားတယ်။ စားပွဲပေါ်က လောင်းကြေးစာရွက်တွေမှာလဲ မုန့်ယွိရှု နာမည်ပဲ ရေးထားတာ ။ အခုတော့ တခြားသူကို လာလောင်းတော့ လောင်းကြေးအသစ်နဲ့ စာရွက်ပြန်ရေးရတော့မယ်။ ဒါနဲ့ ဖန်ကျန်းရှီဆိုတာ ဘယ်သူကြီးလဲ။”
အစတုန်းကတော့ လောင်းတဲ့နေ၇ာက စာရင်းမှတ်တဲ့ကောင်လေးက အရေးမလုပ်ဘူး။ ဒါပေမယ့် စားပွဲပေါ်ေ၇ာက်လာတဲ့ ငွေသားတွေကို တွေ့တာနဲ့ သူ့လက်ထဲက စာရွက်တွေကို ပြစ်ချလိုက်ပြီးတော့ ချက်ချင်းနာမည်ရေးတော့တယ်။ ဒီလိုလူမျိုးရှိမယ်လို့တောင် မတွေးထားမိဘူး။
“ဖန်ကျန်းရှီက စာမေးပွဲဖြေမယ့် သူထဲမှာ စာရင်းသွင်းပြီးပြီဆိုတာ သေချာလား။” စာရင်းမှတ်နေတဲ့ လူငယ်လေးက စိတ်ရှုပ်ဟန်နဲ့ မေးလိုက်တယ်။ ဖန်ကျန်းရှီက သေချာတွေးလိုက်တော့ သူက တရားဝင် စာရင်းသွင်းတာမှ မလုပ်ရသေးတာ။
“ကြည့်ရတာ ငါလောင်းလို့မရဘူးနဲ့တူတယ်။ “ “ခင်ဗျားကြောင်နေတာလား ။ ဒီငွေသား ဆယ်စကို မသိတဲ့ သူဆီလောင်းမယ်ဆိုတာ တကယ်ပဲ မိုက်တာ မဟုတ်ဘူးလား။ ပြန်ယူသွားလိုက်တော့။” စာရင်းမှတ်တဲ့ လူငယ်လေးက ဒေါသထွက်လာဟန်ပါပဲ။ သူအလုပ်များနေတာကို လာပြီး အရှုပ်လုပ်နေကြတယ်။
ဖန်ကျန်းရှီက သေချာ ချင့်ချိန် စဉ်းစားတတ်တယ်လေ။ ပိုပြီး အရေးကြီးတာက သူက စွန့်စားတတ်သူလည်းဖြစ်တယ်။ ဒီနည်းနဲ့ မရရင် နောက်တစ်နည်း ပြောင်းကြံမယ့်သူပဲ။ “ကောင်းပြီလေ။ မုန့်ယွိရှု ထိပ်တန်းကျောင်းသား ၃ယောက်ထဲ မပါနိုင်ဘူးလို့ ငါလောင်းမယ်။ ရတယ်မလား” သူ့အသံက အရမ်းမကျယ်ပေမယ့် တိုးဝှေ့နေတဲ့ လူအုပ်ကြီးကို ခေတ္တ တိတ်ဆိတ်သွားစေတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ တိတ်ဆိတ်မှုနေရာကို ရယ်သံတွေက အစားထိုးသွားတော့တယ်။
“ဟ ဟ တကယ်ပဲ မုန့်ယွိရှု ထိပ်တန်း ၃ ယောက်ထဲ မ၀င်ဘူးလို့ တကယ် လောင်းလိုက်တယ်။ ”
“ငါ ကြားလိုက်ရတာ မှန်ပါရဲ့လား။ တာအို မုခ်ဝက်ို အောင်မြင်ထားတဲ့ လူက အတွေးအခေါ် အယူအဆ စာမေးပွဲမှာ ထိပ်တန်း ၃ ယောက်ထဲကို မ၀င်နိုင်ဘူးတဲ့လား။ ဒါဖြစ်နိုင်လို့လား”
“အတိအကျပဲပေါ့။ ဒီမှာ သူရှိနေရတာလည်း ပိုက်ဆံသုံးဖို့ပဲလေ။ ” လူအုပ်ကြီးထဲမှာရောက်နေတဲ့ ဖန်ကျန်းရှီကိုတော့ လူတိုင်းက အရူးတစ်ယောက်ကို မြင်နေရတဲ့ ပုံနဲ့ ကြည့်နေကြတော့တယ်။
လီကျွမ်းစီနဲ့ လီဟူအာတို့ကတော့ ငွေသား တစ်ဆယ်ကို ကြည့်လိုက်ရင်း ခေါင်းခါမိလိုက်ကြတော့တယ်။ သူတို့တောင်ရွာနဲ့ မြောက်ရွာမှာ နာမည်ကြီးဖြစ်တဲ့ ဖန်ကျန်းရှီကတော့ ဒေသ မြို့တော်ကို ရောက်တာနဲ့ အရူးလိုလို ဖြစ်သွားတာပါလား။ ဖန်ကျန်းရှီကတော့ အလောင်းအစားလုပ်တဲ့ နေရာက ပေးတဲ့ စာရွက်လေးကို ကိုင်ရင်း လူအုပ်ကြီးထဲကနေ အေးအေးဆေးဆေးပဲ လမ်းလျှောက်ထွက်လာတော့တယ်။
တခြားသူတွေ ပြောနေသမျှကို ဂရုမစိုက်ပဲနဲ့ပေါ့။ အရူးတဲ့လား။ မင်းတို့ပဲ ရူးနေကြတာ။ ဖန်ကျန်းရှီကတော့ သူ့ပိုက်ဆံတွေ တပြားမှ မဆုံးနိုင်ဘူးဆိုတာ ကောင်းကောင်းသိနေတယ်။
ဒီဒေသကို အကြိမ်ကြိမ်ရောက်ပြီး လေ့လာခဲ့တဲ့အတွက် မုန့်ယွိရှုက ရန်ရွှယ်ကို အတော်လေး လေးစားတယ်ဆိုတာ သူသိတယ်။ ဒါက ရန်၇ွှယ်၇ဲ့ စွမ်းရည်တွေက မုန့်ယွိရှုထက် သာတယ်ဆိုတဲ့ သဘောပဲ။ ထပ်ပြီး ပြောရရင် ရန်ရွှယ်နဲ့ သူ့အသက်က အတူတူလောက်ပဲဖြစ်တယ်။ ဒါကြောင့် ဒီနှစ်တာအိုစာမေးပွဲကို ရန်ရွှယ်ဝင်ဖြေမှာ အသေအချာပဲ။
သေသေချာချာ တွက်ချက်ပြီးတဲ့နောက် ရန်ရွှယ်က ထိပ်တန်းကျောင်းသား ၃ယောက်ထဲက တစ်နေရာကို ရမယ်။ သူလည်း ထိပ်တန်းကျောင်းသား တစ်နေရာကို ရမယ်။
တတိယမြောက်နေရာကတော့ ရိုးရှင်းပါတယ်။ သူ့အဖြေလွှာကို နောက်တစ်ရွက်ကူးပြီး လက်ရေးလေးနဲ့ တခြား နည်းနည်းပါးပါး ပြင်တာလေးတွေလုပ်ပြီး သူ့ဘေးက စာဖြေသူတစ်ယောက်ရဲ့ အဖြေလွှာနဲ့ လဲပေးလိုက်မယ်။ ဒါဆို အတွေးအခေါ်အယူအဆ စာမေးပွဲမှာ ထိပ်တန်း ၃ယောက်ထဲ အလိုလို ပါသွားမှာပဲ။
ငွေသား တစ်ဆယ်ကတော့ ပွားတော့မယ်။ မျက်တောင်တစ်ခတ်အတွင်း ငွေတစ်ဆယ်ကနေ ငွေတစ်ရာဖြစ်လာတော့တယ်။ ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်သလဲ။
“ဒုံ” ချင်းဖုန်းကျောင်းတော်က နေ မောင်းသံဟာ ထွက်ပေါ်လာတော့တယ်။ ပထမဆုံး မောင်းသံကြားရင် ကျောင်းတော်ထဲကို ၀င်ရမှာဖြစ်တယ်။
“ဟ ဟ ဖန်ကျန်းရှီ ။ ဗုံသံတောင် ထွက်လာပြီ။ ကျောင်းတော်ထဲကို မင်းဘယ်လိုဝင်မလဲ ကြည့်ရသေးတာပေါ့။” ဗုံသံကို ကြားလိုက်တာနဲ့ လီဟူအာက ဖန်ကျန်းရှီ ဘက်ကို လှည့်လိုက်ပြီး လှောင်ပြုံးပြုံးကာ ပြောလိုက်တော့တယ်။
နောက်ကနေ လိုက်လာတဲ့ လီကျွမ်းစီနဲ့ မုန့်ကျန်းရှန်းတို့ရဲ့ အကြည့်တွေမှာလည်း အဓိပ္မာယ် တစ်မျိုးတည်းကို တွေ့နိုင်တယ်။ မင်းဘယ်လိုဝင်မလဲ ကြည့်ကျသေးတာပေါ့။
“ဒါဆို သေချာ ကြည့်ထားကျ” ဖန်ကျန်း၇ှီက ပြုံးပြုံးကြီးနဲ့ ချင်းဖုန်းကျောင်းတော်ဆီကို ခေါင်းမော့ ရင်ကော့ပြီး လျှောက်လှမ်းသွားတော့တယ်။ လီဟူအာနဲ့ကျန်တောင်ရွာသားတွေကတော့ မျက်တောင်မခတ်စတမ်းကို စိုက်ကြည့်နေကြပါတယ်။
သိပ်မကြာခင်မှာပဲ ၀င်ခွင့်ကတ် စစ်ဆေးတဲ့ နေရာကို ဖန်ကျန်းရှီ ရောက်ရှိသွားပါတော့တယ်။
“စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြပါ” တံခါးပေါက်မှာ စောင့်ဆိုင်းနေသူကတော့ ဖန်ကျန်းရှီကို တစ်ချက်လေးတောင် မကြည့်ဘဲ သူပြောနေကျ စကားကို အော်ဟစ်လိုက်ပါတော့တယ်။ လီဟူအာနဲ့ ကြည့်နေသူတွေကတော့ လှောင်ပြုံးပြုံးနေကြတော့တယ်။
၀င်ခွင့်ကတ် မရှိဘဲနဲ့ မင်း ဘယ်လို ၀င်မှာလဲ။ မကြာခင်ပဲ သူတို့မျက်နှာတွေ မဲ့ရွဲ့ ကုန်ကြတော့တယ်။ “စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား” ကို ဖန်ကျန်းရှီက ထုတ်ပြလိုက်ပြီး ခပ်မြန်မြန်ပဲ ကျောင်းတော်ထဲကို ၀င်သွားတာကြောင့်ပဲဖြစ်တယ။် တံခါးစောင့်က ကတ်ကို အနီးကပ်သေချာယူကြည့်လိုက်ပြီး
“၀င်လို့ရပြီ”လို့အော်ဟစ်လိုက်တာကို သူတို့ သေချာ မြင်တွေ့လိုက်ရတယ်လေ။ လီဟူအာ လီကျွမ်းစီတို့ကတော့ သူတို့ မျက်စိရှေ့မှာ ဖြစ်သွားတာကို ကြည့်ရင်း မျက်လုံးပြူးကြီးတွေနဲ့ ခပ်တိုးတိုးရေရွတ်လိုက်ကြတော့တယ်။ “သူ ၀င် သွား တယ်။”