နတ်ဘုရား မုခ်ဝ - Chapter - 72 ဒါက ဖြစ်နိုင်လို့လား
ဖန်ကျန်းရှီဟာတာအို ဥပဒေအတွေးအခေါ် စာမေးပွဲမှာ သူ၏နားလည်တတ်ကျွမ်းမှုနဲ့တင် အတွေးအခေါ်စာမေးပွဲမှာ အောင်မြင်ခဲ့တယ်ဆိုတာ လူတွေ လုံးလုံးမယုံနိုင်တဲ့အရာတစ်ခုဖြစ်နေတယ် ။
ဒါပြီးတော့ …
အခု သူ့မျက်နှာချင်းဆိုင် ရှိနေသူက မုန့်ယွိရှုကိုလည်း စစ်မှန်တဲ့ စွမ်းအင်အကူအညီနဲ့ ဘယ်လက်နက်မှအသုံးမပြုပဲ အောင်မြင်ခဲ့သေးတယ်ဆိုတာ ဒါတကယ်ဆိုမဖြစ်နိုင်တဲ့ အရာတစ်ခုပဲမလား ။
ဒီတော့ ဒီကိစ္စကို ဖန်ကျန်းရှီ အတွက်ကျ ယုံနိုင်ခြေရှိပါတယ် ။
ဘယ်လိုဖြစ်နေပါစေ ဖန်ကျန်းရှီင်္ရဲ့ အေးစက်လွန်းနေသည့် မျက်နှာအသွင်အပြင်က မုန့်ယွိရှု ကိုစိတ်မသက်မသာဖြစ်နေစေတယ် ။ အဆိုးဆုံးကဆို အထင်သေးစက်ဆုပ်မှုအရိပ်အယောင်တို့ ပြည့်နှက်နေသော ထို စူးရှတဲ့မျက်လုံးတွေ … ။
ခိုးကြောင်ခိုးဝှက်နဲ့ ရန်ရွှယ် ကိုတစ်ချက်ကြည့်မိလိုက်ပြန်တော့လည်း မုန့်ယွိရှု မြင်လိုက်ရတာက ထိုနည်းလည်းကောင်းပဲ ။ လုံးဝမပြောင်းလဲတဲ့ မျက်နှာသေတွေနဲ့ … ။
နောက်တော့ … သူစလှုပ်ရှားတော့တယ် ။ အင်အားဆိုင်ရာအရ အကွာကြီးဖြစ်နေတဲ့ ဒီတိုက်ပွဲမှာ တိုက်ရိုက်အဖြစ်ဆုံးနည်းလမ်းကို အသုံးပြုရန် သူဆုံးဖြတ်လိုက်ကာ …
” သေပေတော့ ! ”
မျက်လုံးတို့ဖျတ်ခနဲတောက်ပသွားရင်း မုန့်ယွိရှု ခုန်လွှားလိုက်တာနှင့် တစ်ပြိုင်နက် စင်ကြီးတစ်ခုလုံးပေါ်ကို မိုးစက်တို့တဖျောင်းဖျောင်းထိရိုက်သံတွေနဲ့ ဆူညံသွားတော့တယ်။… တကယ့်မိုးအစစ်တွေရွာကျလာတယ်လို့ပြောမယ်ဆို ပိုမှန်လိမ့်မယ် ။ ဘာလို့လဲဆိုတော့ အဖြူရောင်အလင်းတန်းကြီးလက်ခနဲဖြစ်သွားပြီးနောက်မှာ မိုးရေစက်တို့မစဲနိုင်အောင် ကောင်းကင်ဆီက တဖွဲဖွဲကျလာကြလို့လေ ။
နောက်ခဏချင်းဆိုသလို အဲ့မိုးစက်တို့ ဦးတည်ရာက ဖန်ကျန်းရှီဆီလှည့်သွားကြပြန်ရော ။
” စွမ်းအားကြီးလွန်းလိုက်တာ ! ”
” တာအို အကာအကွယ်နဲ့ မိုးကိုဆင့်ခေါ်နေတယ် … မိုးနဲ့အတူ ဓားတွေပါ ပါတယ်ဟ !”
ကျောင်းတော်သား အများစုတို့ဟာ တာအို မုခ်ကို မအောင်မြင် ကြသေးတာ ဖြစ်တဲ့အတွက် သူတို့ရဲ့စိတ်အစဉ်ကတော့ လေးစားကြည်ညိုမှု အားကျမှုတို့ အပြည့်ဖြစ်နေမှန်း အသိသာကြီးပါ ။
တာအို စည်းဆိုတာကလည်း ဖန်တီးမှုတိုင်း၏ ဖြစ်တည်မှုလို့ အဓိပ္ပာယ်ကောက်နိုင်တယ် ။ အခု မုန့်ယွိရသုံးလိုက်တာကကျ မိုးရေချိန် တာအို စည်း … တစ်နည်းအားနဲ့ဆို မိုးရေစက်နှယ် အကာအကွယ်စည်းနဲ့ ဓားသိုင်းပညာ ပေါင်းစပ် ထည့်သုံးလိုက်ခြင်းပဲ ။
ဒီအခြေအနေမှာ…ဓားက မိုးရေစက်တွေလိုကို တိုက်ခိုက်နိုင်တယ်။
ချင့်ချိန်နေတဲ့အချိန်အတွင်းမှာပဲ… မုန့်ယွိရှု ရဲ့စွမ်းရည်ကိုသဘောကျနှစ်သက်တာကို ဖော်ပြနေတဲ့အပြုံးတစ်ပွင့်က ဒေသခေါင်းဆောင်မျက်နှာမှာပေါ်လာတယ်။
” ပေါက်…ပေါက်…ပေါက် ”
စင်ပေါ်ကို မိုးရေစက်တွေကျဆင်းလာပြီး… စင်ကိုအလှဆင်ထားတဲ့ အနီရောင်ကော်ဇောပေါ်မှာလည်း… သန့်စင်တဲ့ ဖြတ်ရှရာလေးတွေပေါ်လာကာ… နွေဦးမိုးနဲ့ သွန်းလောင်းခြင်းခံရသလိုကိုဖြစ်သွားတယ်။
အခြားတစ်ဖက်မှာလည်း… မုန့်ယွိရှု က ငြင်သာစွာပဲမြေပြင်ပေါ်ကို ဆင်းသက်လာတယ်။
ဒါပေမယ့်………
ဖန်ကျင်းရှီက ပျောက်ကွယ်သွားပြီ။
အဲ့တာက မုန့်ယွိရှု ကို လုံးဝထိတ်လန့်သွားစေတယ်။
သူ အစောကပဲ ဖန်ကျန်းရှီသူ့နေရာသူရပ်နေတာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်လေ…နောက်ထပ်လည်း ဒီနည်းပညာကို ရိုးရှင်းစွာမရှောင်နိုင်ဘူး…။
ဒါပေမယ့်…
ထူးဆန်းစွာနဲ့ပဲ… သူ့ဓားက မြေပေါ်ရောက်တဲ့အချိန်မှာ အဲ့တာက ဘယ်ပစ္စည်းကိုမှ မထိမတွေ့တော့သလိုပဲ။
ဒါပေမယ့်…
” ဘယ်လောက်နှေးလိုက်လဲ ”
အသံခပ်ပေါ့ပေါ့က မုန့်ယွိရ နောက်ကနေ ထွက်ပေါ်လာတယ်။
မုန့်ယွိရှု နောက်ကိုပြန်လှည့်ကြည့်လိုက်မိလိုက်တော့… ဖန်ကျန်းရှီက သူ့နေရာသူရပ်နေတုန်းပဲဆိုတာ သတိထားမိလိုက်တယ်။ ပြီးတော့ သူ့ခြေအောက်မှာက…သူအစောကပဲ သူ့ဓားမိုးနဲ့…ဖန်တီးထားတဲ့ ဓားရာတွေကိုတွေ့လိုက်ရတယ်။
” ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? ”
မုန့်ယွိရ အဲ့တာကို လုံးဝကြီးလက်မခံနိုင်ဘူး…။ သူ့တိုက်ခိုက်မှုကို ဖန်ကျန်းရှီဘယ်လိုရှောင်လိုက်လဲဆိုတာလည်း သူနားမလည်ဘူး… ပြီးတော့… သူ့မူရင်းတည်နေရာကိုတောင် ပြန်ရောက်နေသေးတယ်။
သူတင်မကဘူး…စင်အောက်က စာဖြေသူတွေပါ လုံးဝရှုပ်ထွေးကုန်ကြတယ်။
မုန့်ယွိရှိုက ခုန်ပျံလိုက်ပြီး… လေထုလယ်မှာ မိုးရေစက်မြင်ကွင်းကိုဖြစ်ပေါ်စေလိုက်ပြီး… မြေပြင်ပေါ်ပြန်ဆင်းသက်လိုက်တယ်။ အရာအားလုံးကပြီးပြည့်စုံတယ်။
အခုထိကို… ဖန်ကျန်းရှီက သူ့မူရင်းနေရာမှာ ရပ်နေတုန်းပဲ…။
ဒါပေမယ့်…သူတို့မျက်တောင်တစ်ချက်ခတ်အပြီးပြန်ကြည့်ချိန်မှာ… ဖန်ကျန်းရှီကိုယ်ပေါ်မှာ ထူးဆန်းစွာပဲ… ဓားရာတစ်ချက်မှမရှိတာကို တွေ့လိုက်ကြတယ်။ မသိရင်… မုန့်ယွိရှိုက သရဲတစ်ကောင်လိုသူ့ကိုယ်ကနေဖြတ်သွားတဲ့အတိုင်းပဲ…။
ထိုနေရာတစ်ခုလုံးမှာ… လူအုပ်ကြီးရဲ့ အံ့သြမှုတွေအပြင်…အမူအရာပုံမှန်မဟုတ်တဲ့ အခြားလူနှစ်ယောက်လည်းရှိနေသေးတယ်။ တစ်ယောက်ကတော့ တော်ဝင်သတင်းပေးပို့သူ ချင် ဖြစ်ပြီး နောက်တစ်ယောက်က ရန်ရွှယ်…။ အဲ့ဒီအချိန်မှာ သူတို့မျက်ဝန်းတွေမှာ ဖျော့တော့တဲ့အလင်းတွေရောင်ပြန်ဟပ်လာတယ်။ သူတို့ မယုံနိုင်ဖွယ်စရာအရာတစ်ခုကို မြင်လိုက်ရတဲ့အတိုင်းပဲ။
” ဖန်ကျန်းရှီ? ဟားးဟားး… ဒါက တကယ်တော့ မတူညီတဲ့ အင်အားပြိုင်တဲ့တိုက်ပွဲပဲ ” တော်ဝင်သတင်းပို့သူ ချင် က ခပ်တိုးတိုးရေရွတ်တယ်။ သူ့မျက်ဝန်းတွေက သူ့အတွေးနက်နဲနေတာကိုဖော်ပြနေတယ်။
အခြားဖက်မှာလည်း…ရန်ရွှယ်ဟာ ငွေချည်ဖောက် ရွှေအရိုး ယပ်တောင်ကို ဆုပ်ကိုင်ထားရင်း …စကားလုံးတစ်လုံးက သူ့ပါးစပ်ကနေထွက်ကျလာတယ်။
” မိတ်ဆွေ ”
စင်ပေါ်မှာလည်း… ဖန်ကျင်းရှီက သူ့နေရာမှာပဲ ငြိမ်သက်စွာရပ်နေပြီး အံ့သြမှုပြည့်နက်နေတဲ့ မုန့်ယွိရှိုမျက်နှာကို ငေးမောကြည့်နေတယ်။
” မိုးရေစက်တွေကို အကာအကွယ်အဖြစ်သုံးပြီး… ဓားပညာနဲ့ပေါင်းစပ်ထားတယ်!သိပ်တော့ မဆိုးဘူးပဲ ” ဖန်ကျန်းရှီခဏလောက်တွေးနေပြီးမှ သူတစ်ခုခုကို သတိထားမိလိုက်သည့်အတိုင်းခေါင်းညိမ့်လာတယ်။
ဒါပေမယ့်…သူ့အသံက မုန့်ယွိရှိုနားထဲရောက်သွားတော့ ဘာမှမဖြစ်ပေမယ့် ရှက်ဖို့ကောင်းသွားတယ်။
တာအိုခန်းမကိုတောင် မဝင်နိုင်တဲ့သူကများ သူ့ကို သိပ်မဆိုးဘူးလို့ပြောတယ်ပေါ့? ဒါကသာ ရှက်ဖို့မကောင်းဘူး…ဘာကို သူရှက်ရတော့မှာလဲ?
” မင်း ငါ့ကို လှောင်နေတာမလား? ”
မုန့်ယွိရှိုရဲ့ အမူအရာက လုံးဝကို အေးစက်သွားပြီး… သူ့ခြေထောက်နဲ့ မြေပြင်ကို အနည်းငယ်ထောက်ကန်လို့ သူ့ကိုယ်က ထူးဆန်းတဲ့ ကိုယ်အနေအထားတချို့အဖြစ်အမြန်ပြောင်းလဲသွားတယ်။ လေထုအလယ်မှာ အစိမ်းရောင်အလင်းဖျော့ဖျော့ထင်ဟပ်လာတယ်။ ပြီးတော့… သူတို့ဘေးမှာက ကြွေကျနေတဲ့သစ်ရွက်တွေပုံရိပ်ပေါ်လာတယ်။
” နောက်ထပ် တာအို အကာအကွယ် !! ”
” ဒီတစ်ခါ… ကြွေကျနေတဲ့သစ်ရွက်တွေဖြစ်သင့်ပါတယ် ”
စာဖြေသူတွေရဲ့ အာရုံစိုက်မှုကို နောက်တစ်ကြိမ် မုန့်ယွိရှိုဆီရောက်ရှိသွားကြပြန်သည်။ ပြီးောတ့… မုန့်ယွိရှိုရဲ့ တိုက်ကွက်ကို ဖန်ကျန်းရှီရှောင်လိုက်ပေမယ့်… သူက လုံးဝလှုပ်ရှားဟန်မပြဘူး။
အဲ့ထက်အရေးကြီးတာက…
ဖန်ကျန်းရှီကိုယ်ကနေ ဘယ်ရောင်ခြည်မျိုးကမှထွက်ပေါ်မလာဘူး…။ တကယ့်သာမန်လူတစ်ယောက်အတိုင်းပဲ။
” Woosh! ” မုန့်ယွိရှိုက ထပ်လှုပ်ရှားလာပြန်တယ်။ ဒါပေမယ့် ဒီတစ်ခါတော့…သူ့ကိုယ်က …*****
သူ့ရဲ့ လှုပ်ရှားနေပုံကတော့ သစ်ရွက်လေးတွေ ယိမ်းနွဲ့နေတဲ့ အလားပဲ။ သစ်ပင်တစ်ပင်က သစ်ရွက်လေးတွေ အရှိန်ပြင်းပြင်းနဲ့ လွင့်မျောနေသလို
အဲ့တာက လေပြင်းထဲမှာ ကခုန်နေတဲ့ သစ်ရွက်လေးတစ်ရွက်လိုပဲ…။
” ဒီတစ်ခါ သူ တာအို အကာအကွယ်ကို သူ့ကိုယ်လှုပ်ရှားမှုတွေနဲ့ပေါင်းစပ်လိုက်တာပဲ! ထက်မြက်တဲံ့စာဖြေသူတစ်ယောက်က အဲ့တာကို လျင်မြန်စွာမြင်လိုက်တယ်။ မုန့်ယွိရှိုက သူ့ကိုယ်အမူအရာသုံးပြီး ကြွေဆင်းသစ်ရွက်တို့ကခုန်နေမှုကို အသွင်ယူနေတာပဲ။
ဖန်ကျန်းရှီ သူ့ဘေးမှာ ရွေ့လျားနေတဲ့ မုန့်ယွိရှိုကို ကြည့်နေတယ်။
ရုတ်တရက်ပဲ အဲ့တာ ပျင်းစရာကောင်းလာတယ်လို့တောင် ထင်မိတယ်။ သူ တကယ်တော့ မုန့်ယွိရှိုအခြားအအကွက်အသစ်တွေလုပ်မှာကို မြင်ချင်မိပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ သူ စိတ်ပျက်မိတယ်
။
လုံးဝကြီးကို စိတ်ပျက်တယ်။
မုန့်ယွိရှိုရဲ့ အကွက်တွေက မဆန်းသစ်သလို စိတ်ဝင်စားဖို့လည်းမကောင်းဘူး။
” ဟင်း… ” ဖန်ကျင်းရှီ သက်ပြင်းချလိုက်တယ်။
ပြီးတာနဲ့ သူ့လက်တွေကို လက်သီးဆုပ်လိုက်ပြီး သူ့ကိုယ်သူ မြင်းငယ်လေးလိုကိုယ်အနေအထားယူလိုက်တယ်။ မသိရင် သူ က ကွန်ဖူးတချို့ကို စင်ပေါ်ကိုလေ့ကျင့်ဖို့ကြိုးစားနေတဲ့အတိုင်းပဲ။
အလွန်ကို နှေးကွေးစွာပဲ…သူ့ရဲ့ ဘယ်ဘက်လက်သီးဆုပ်ကို မလျန်မမြန်လေးပဲ အရှေ့လေထုကို ထိုးလိုက်တယ်။
စင်ပေါ်က လူနှစ်ယောက်က အဲ့အချိန်မှာကြည့်ရတာ နည်းနည်းထူးဆန်းနေတယ်။ သူတို့အမူအရာတွေက တစ်ယောက်နဲ့တစ်ယောက်လုံးဝကို မသက်ဆိုင်ဘူးလေ။
မုန့်ယွိရှိုက သူ့ကိုယ်ကို အသုံးချပြီး ဖန်ကျန်းရှီကို တိုက်ခိုက်ဖို့ပြင်ဆင်နေသလို အခြားတစ်ဖက်မှာလည်း…ဖန်ကျန်းရှီက တစ်ယောက်တည်းမတ်တတ်ရပ်ရင်းနဲ့ သူ့ဘယ်လက်သီးကို ဖြေးဖြေးလှုပ်ရှားနေတယ်လေ။
” သူ ဘာလုပ်နေတာလဲ? ”
” ကွန်ဖူး လေ့ကျင့်နေတာလား? လေကိုထိုးနေတာလား? ”
” ဘယ်လိုဟာသမျိုးလဲ? လေကိုထိုးနေတာနဲ့ နိုင်မယ်လို့များ သူထင်နေလား?… မုန့်ယွိရှို သူ့လက်သီးကို ဝင်တိုက်ဖို့ ဆုံးဖြတ်ထားဆဲပဲလို့တော့ လာမပြောနဲ့ ”
စာဖြေသူတွေ ဖန်ကျန်းရှီအမူအရာတွေကို မြင်တော့ အကုန်လုံးကို လှောင်ပြန်ကုန်ကြတယ်။
ဘယ်သူမှ သူဘာလုပ်နေလည်းမသိဘူး။ ဘာလို့လည်းဆို သူ့ရဲ့ လှုပ်ရှားမှုတွေက အရမ်းနှေးလွန်းတယ်။ နှေးလွန်းလို့ လူတွေတောင်မှ အဲ့ဒီတိုက်ခိုက်မှုကို မရှောင်ချင်လောက်အောင် နှေးတာ! အဲ့တာက ဖြစ်နိုင်မှာလည်းမဟုတ်ဘူး
အဲ့အထိ…
လူအုပ်ကြီးက သူ့လှုပ်ရှားမှုတွေကို ရယ်စရာဟာသလိုခံစားမိချိန်မှာ…
မုန့်ယွိရှို က ရုတ်တရက် ခြေချော်သွားပြီး.…
အစက … စင်ပေါ်မှာ မတိမကျရွေ့ချားနေတဲ့ မုန့်ယွိရှို… လိမ့်ကျလာပြီး သူ့ခေါင်းက ဖန်ကျန်းရှီရဲ့ လက်သီးကို သွားရိုက်မိတယ်။
” Bang ”
တိတိကျကျထွက်လာတဲ့ထိုအသံနှင့်အတူ… မုန့်ယွိရှိုရဲ့မျက်နှာက လက်သီးတစ်ခုနဲ့ အထိုးခံလိုက်ရတော့တယ်။
လူတိုင်းလိုလို ငေးကြောင်ကုန်ကြပြန်သည်။
အဲ့တာ ဘယ်လိုဖြစ်နိုက်မှာလဲ?
သူတို့ရှုပ်ထွေးမှုအတွင်းမှာပဲ ပိုထူးဆန်းတဲ့မြင်ကွင်းတစ်ခုပေါ်လာပြန်သည်။ ဘာကြောင့်ဆို မုန့်ယွိရှိုမျက်နှာနဲ့ ဖန်ကျန်းရှီလက်သီးထိတွေ့ပြီးသားတာနဲ့ မုန့်ယွိရှိုကိုယ်က ကြယ်ကြွေသလိုကို လေထဲမှာ ကော့ညွှတ်သွားသည်။
ဘုန်းဆိုတဲ့အသံနဲ့အတူ သူစင်အပြင်ကို ပြုတ်ကျသွားတော့တယ်။
စင်အောက်မှာတော့ အသိမရှိတော့သည့် မုန့်ယွိရှိုကို စာဖြေသူတွေအကုန ငေးကြောင်ပြီးကြည့်နေကြတော့တယ်။