နတ်ဘုရား မုခ်ဝ - Chapter - 101 အားလီက အသုံးမကျဘူး
သူတို့ရဲ့ တောက်ပ သစ်လွင်လှတဲ့ သံချပ်ကာ ၀တ်စုံတွေနဲ့ အတူ မြင်းကုန်းနှီးပေါ်မှာ ခန့်ခန့်ကြီးထိုင်နေကြတဲ့ စစ်သည်တော်တွေ ရှိနေတယ်။
ဖန်ကျန်းရှီ ဒီလူတွေရဲ့ တန်ဖိုးကို တွက်ကြည့်တယ်။
…
စိတ်အာရုံနယ်မြေ ၀င်ပေါက်ကတော့ မဟူရာ ကျောက်တုံးပဲ။ ကျောက်တုံးတံခါးတွေရဲ့ လေးဘက် လေးတန်မှာတော့ မတူညီတဲ့ ကျောက်မျက် ရတနာတွေ တံခါးအလယ်မှာ ရှိနေတယ်။ ပလ္လင်ငယ်လေး တစ်ခုပုံစံ ထွင်းထုထားတဲ့ ပန်းချီ တစ်ချပ်လည်း ရှိနေခဲ့တယ်။
ပလ္လင်ပေါ်မှာတော့ သတ္တု နဲ့ လုပ်ထားတဲ့ အရာတစ်ခု။ အဲ့ဒီ့ အရာကိုတော့ ကောင်းကောင်း မမြင်ရဘူး။
အရာအားလုံးကတော့ ချောချော မွေ့မွေ့ ဖြစ်ပျက်နေဆဲပါ။ ဖန်ကျန်းရှီကတော့ ရန်ရွှယ်နဲ့ ယှဉ်တွဲလျှောက်လာရင်း ကျောက်တုံးတံခါးထဲကို ၀င်လာတယ်။
ခြေချလိုက်တာနဲ့ သူမြင်လိုက်ရတာကတော့ ဖြူဖွေးနေတဲ့ ကမ္ဘာပဲ ။ အရာအားလုံး ဖြူဖွေးသန့်စင်လွန်းနေတော့ တခြား အရာတွေကို မမြင်နိုင်ဘူး ဖြစ်နေတော့တယ်။ သို့ပေမယ့်လည်း သူ့ရှေ့က မြင်ကွင်း ချက်ခြင်းကို ပြောင်းလဲသွားပြန်တယ်။ သူ ပြန်ကြည့်လိုက်ချိန်မှာတော့ အရာအားလုံး ကျောက်တုံးနဲ့ တည်ဆောက်ထားတာတွေ ဖြစ်နေတယ်။
ကျောက်စားပွဲ။ ကျောက် သစ်ပင် ကျောက်ပန်းမန် တွေ…
“ကျောက်တုံးတွေ” ဖန်ကျန်းရှီက စိတ်ထဲ သိချင်လာတယ်။ ဒါက သူ့အတွက်တော့ ပထမဆုံး အတွေ့အကြုံလေ။ သူလှုပ်ရှားဖို့ ကြိုးစားလိုက်တိုင်းမှာ ဖိအားတစ်ခုက ခေါင်းပေါ်ကို ဖိထားနေသလိုမျိုး တောင်ကြီးတစ်တောင်လို လေးလံ နေခဲ့တယ်။
ဒါက ဘာကြီးလဲ ။ ၀င်လာတာနဲ့ အသက်ရှူချိန်တောင် မပေးပဲ ဖိနှိပ်နေတာ။
ဖန်ကျန်းရှီကတော့ သူ့ဘေးမှာရှိနေတဲ့ ရန်ရွှယ်ကို ကြည့်လိုက်တော့ ရန်ရွှယ်ရဲ့ အသကရှူသံတွေလည်း လေးလံနေတာကို သတိထားမိသွားတယ်။ သိသိသာသာကို ဖိအား ခံစားနေရတယ်။
“ဒါက ဆွဲငင်အား ကမ္ဘာ” ရန်ရွှယ်ရဲ့ စိတ်အာရုံနယ်မြေ အတွေ့အကြုံက ဖန်ကျန်းရှီထက် များတယ်။
ဆွဲငင်အား ကမ္ဘာ ။ ဖန်ကျန်းရှီဒါကို ကြားလိုက်တော့ အနည်းနဲ့ အများတော့ နားလည်တော့တယ်။ သူ့ကိုယ်ပေါ်မှာ ဖိအားတိုးလာရတာ ဒီ လောက နယ်မြေကြောင့် မှန်း သိလိုက်တယ်။
အရာအားလုံး ဖြစ်တည်မှု တာအို ကို သူ နားလည်ထားတယ်။
ဒါကြောင့် ဒီ ဆွဲငင်အား နယ်မြေ အကြောင်း ကောင်းကောင်းကြီး သူသိထားတယ်လေ။ ဒါက ဒြပ်ထု အပေါ် မူတည်တာမျိုး မဟုတ်ဘူး။ နောက်ဆုံးမှာတော့ အရာအားလုံး ဖြစ်တည်မှု စည်းမျဉ်းပေါ်မှာ ရှိနေတာဖြစ်တယ်.။
ဥပမာအားဖြင့် အရာဝတ္ထုတစ်ခုရဲ့ ဒြပ်ထု ကိန်းသေဖြစ်တယ်။
ဒါကြောင့် အချက်အလက်တွေ အရဆို ဆွဲငင်မှု မြေအောက်မှာ ကြီးမားတဲ့ ဆွဲအားတွေ ရှိနေပြီး သေချာတဲ့ မြေကမ္ဘာနယ်မြေ စက်ကွင်းတစ်ခု ရှိနေတယ်။ ဒါက လူတွေကို ဆွဲငင်အားနဲ့ ဖိနှိပ်ထားသလို ဖြစ်စေတယ်။ မြေဆွဲအားက အပြင် ကမ္ဘာနဲ့ လုံးဝကို ကွာခြားလွန်းတယ်။
“ဒါက မြေဆွဲငင်အား တိုးလာတာလေး တစ်ခုပဲ လား။”
“ဒါမျိုးတော့ မဖြစ်သင့်ဘူးလေ။” ရန်ရွှယ်ကသူတို့ ရှေ့ မီတာ အတော်များများ အကွာက နေရာတစ်ခုကို ညွှန်ပြလိုက်တယ်။
အဲ့ဒီ့နေရာက မရေမတွက်နိုင်တဲ့ နက်ရှိုင်းမှုတွေနဲ့ တည်ရှိနေတာ။ အကြီး အသေး အမျိုးမျိုးရှိတယ်။ အကြီး တစ်ခုက တစ်မီတာထက် မနည်းဘူး။ အသေးကတော့ လက်ညှိုး တစ်ချောင်းစာ ထက် ကျဉ်းတယ်။ သိပ်သည်း ကျစ်လစ်နေပုံက ဘာအတွက် သုံးလဲ ဘယ်သူမှမသိဘူး ဖြစ်တယ်။
စက္ကောမ ပညာရပ်လား။
ဒဏ္လာရီ လာ တစ်ဦးရဲ့ ထောင်ချောက်များလား။
ဖန်ကျန်းရှီကတော့ အတွေးလွန်တဲ့ သူတစ်ဦးဖြစ်တယ်။ ဒါပေမယ့်လည်း ဥာဏ်ပညာနဲ့ ချင့်ချိန်တွေးတယ်။ အခုတော့ သူ စောင့်ကြည့်ဖို့သာ ဆုံးဖြတ်လိုက်တယ်။ တခြားသော ကျောင်းတော်သားတွေကလည်း စောင့်ကြည့်နေကြတယ်။ ဒီ အချိန်မှာတော့ ဘယ်သူကမှ သူရဲကောင်း မလုပ်လိုကြဘူး။ တယောက်ကို တစ်ယောက် ကြည့်ရင်းနဲ့သာ စမ်းသပ်ဖို့ စောင့်နေကြတော့တယ်။
ဒီအချိန်မှာတော့ သူတို့တွေ အတော်လေးကို စိတ်ရှည်လွန်းလှတယ်။
ဖန်ကျန်းရှီလည်းပဲ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေတယ်။ ရန်ရွှယ်ကလည်း အလျင် မလိုပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီ နယ်မြေထဲမှာ ကျောင်းတော်သားတွေ အများကြီး ရှိနေတဲ့ အတွက် တစ်ယောက်ယောက်ကတော့ အရဲ စွံ့ပြီး သူရဲကောင်း လုပ်မှာပဲ။
ဒါ့အပြင် လက်ရုံးရည် စာမေးပွဲမှာ စာဖြေသူ ကောင်မလေးတွေ အများကြီး ရှိနေတယ။်
မျှော်လင့်ထားတဲ့ အတိုင်းပါပဲ။ လူငယ် တစ်ဦး မတ်တပ် ထရပ်လိုက်တော့တယ်။ ကြပ်ထုပ်တဲ့ အနက်ရောင် သံချပ်ကာကို ၀တ်ထားတဲ့ သူ့လက်ထဲမှာတော့ ပုဆိန် တစ်လက်ကို ကိုင်ထားပါတယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ တောင့်တင်းသန်မာပုံ ကတော့ တကယ့်ကိုထင်ရှားလွန်းတယ်။
“အားလီ လာခဲ့။”
“အားလီ ငါတို့ အတူ သွားရအောင်”
တစ်စုံတစ်ဦး မတ်တပ်ရပ်ချိန်မှာတော့ တခြား သူတွေ လည်း သူ့ကို တွန်းအားပေးဖို့ ကို စတင်ကြတော့တယ်။
ဒီ သက်ရောက်မှုကို တွေ့ချိန်မှာတော့ လူငယ်လေး သူ မျှော်လင့်ထားသလိုမျိုး အကျိုး အာနိသင် ရတဲ့ အတွက် ပျော်ရွှင်နေတော့တယ်။ သူ့ရဲ့ ကြွက်သားတွေကို ပေါ်လွင်အောင် မြှောက်ပြရင်း ပုဆိန်ကို ဝေ့ယမ်းလိုက်တယ်။
သူ ဒီလို ဝေ့ယမ်းလိုက်ချိန်မှာပဲ ကျောင်းတော်သား အုပ်စုထဲက မိန်းမပျိုလေး တစ်ချို့ လှုပ်ရှားလာတော့တယ်။
“အားလီ။” တက်ကြွတဲ့ မိန်းမပျိုလေး တစ်ဦးကတော့ လူငယ်ရဲ့ နာမည်ကို အော်ဟစ်ပြီး အားပေးလိုက်တယ်။
“ ငါ့ အစွမ်း ပြရသေးတာပေါ့။” လူငယ်ကတော့ အတော်လေးကို စိတ်လှုပ်ရှားနေခဲ့တယ်။ ရယ်မောရင်း သူ့တစ်ကိုယ်လုံး ထောင်ချောက် နယ်မြေထဲ တိုးဝင်သွားတော့တယ်။
ခြေတစ်လှမ်း။ ခြေ နှစ်လှမ်း။
မတူညီတဲ့ ခြေလှမ်း အမျိုးမျိုးနဲ့ လျှောက်လှမ်းသွားရင်းနဲ့ ဆယ်လှမ်းတိတ်ိကို ရောက်သွားတော့တယ်။
ဒါက လူငယ်ကို ပျော်ရွှင်စေတယ်။ ဒီ ထောင်ချောက်တွေက ဘာမှ အံ့သြစရာ မရှိဘူးပဲ။ ဆွဲငင်အားအောက်မှာ သူ့ရဲ့ လှုပ်ရှားမှုတွေကနှေးပင်မယ့်လည်း ပြေးတော့ ပြေးနိုင်သေးတယ်။
“ငါ။ အားလီက အရမ်း အင်အားကြီးတယ်။” သူ ပျော်ရွှင်စွာ အော်ဟစ်တော့မယ့် အချိန်မှာပဲ ကျောင်းတော်သားတွေ သတိပေးအော်ဟစ်ကြတော့တယ်။ “အားလီ ။ ကောင်းကင် ။ ကောင်းကင်”
“ဒုန်း” ကောင်းကင်ကနေ ကျောက်တုံးကြီး တစ်တုံး ပြုတ်ကျလာတော့တယ်။
တခြားတစ်ဖက်မှာတော့ အားလီလို့ အမည်ရတဲ့ လူငယ်လေး သူ့ရဲ့ သစ်ပုဆိန်ကြီးကို ကိုင်ရင်းနဲ့ သူ့ခြေထောက်နဲ့ သိပ်မကွာတဲ့ နေရာမှာ ရှိတဲ့ ကျောက်တုံးကြီးကို မျက်လုံးပြာဝေစွာ ကြည့်နေတော့တယ်။ သူ့ရဲ့ မျက်နှာကတော့ သေခါနီး လူတစ်ယောက်လိုမျိုး ဖြူဖျော့နေခဲ့တယ်။
အခုပဲ သူသာ သတိပေးမခံရလို့ မရှောင်မိခဲ့ရင် ဒီ ကျောက်တုံးကြီးက သူ့ခေါင်းပေါ်ကို တည့်တည့် ကျလာတော့မှာ။
“ငါက စာမေးပွဲလေးပဲ လာဖြေရုံပါ။ သေကြောင်းကြံစရာတော့ မလိုပါဘူး။ ” သူ့မျက်နှာပေါ်က ပျော်ရွှင်မှုကတော့ ပျက်သုန်းသွားပြီဖြစ်တယ်။ ထိတ်လန့်နာကျည်းနေဟန် အထင်းသား ပေါ်လွင်နေတော့တယ်။ သူ တစ်ပတ်လှည့်လိုက်ပြီးနောက် တွေဝေခြင်း အလျဉ်းမရှိပဲ ဆုတ်ခွာလာခဲ့တယ်။
သို့ပေမယ့်လည်း တချို့အရာတွေကတော့ နောက်ဆုတ်ဖို့ ခက်ခဲပါတယ်။
ဥပမာ အားဖြင့် အားလီရဲ့ လက်ရှိအခြေအနေလို..။
လူငယ်လေး အားလီကတော့ ထပ်ကြိုးစားဖို့ မမျှော်လင့်တော့ပါဘူး။ ဒါပေမယ့် စိတ်အာရုံနယ်မြေကို ထိန်းချုပ်သူတွေ အလွတ်ပေးမယ့် ပုံစံ မရှိခဲ့ဘူး။ သူပြန်လှည့်ချိန်မှာတော့ ကောင်းကင်ကနေ ကျောက်တုံးတွေ အဆက်မပြတ် ကျဆင်းလာတော့တယ်။
သို့ပေမယ့်လည်း
ဒီတကြိမ်မှာတော့ ပိုပြီး အသေးစိတ်လာတယ်။ နေရာလွတ် မကျန်အောင် ကောင်းကင်ထက်ကနေ ကျောက်တုံး အရွယ်အစား အမျိုးမျိုး ကျဆင်းလာတော့တယ်။ လူတစ်ကိုယ်စာ ကြီးမားတဲ့ ကျောက်တုံးကြီးတွေ မြေကမ္ဘာကို တုန်ဟီးစေတယ်။
ကျောက်တုံးကြီး ဆယ်တုံးခန့် ကျဆင်းပြီးတဲ့နောက်မှာတော့ အရွယ်စားစုံ ကျောက်တုံးတွေ အတိုင်းအဆမဲ့ ကျဆင်းလာတော့တယ်။
အရှိန်အဟုန် လည်း ကြောက်စရာ ကောင်းလွန်းလှတယ်။ ဆွဲငင်အား ကမ္ဘာရဲ့ မြေဆွဲအား ကျောက်တုံးတွေရဲ့ အရှိန်ကို ပိုပြီး ပြင်းထန်စေတယ်။
အထူးသဖြင့် လူငယ်လေး အားလီ ဒီ အကြောင်းကို သိပြုမိသွားချိန်မှာတော့ ။ဒါကို ရှောင်ရှားဖို့ ပိုပြီးတော့ ခက်ခဲလာတော့တယ်။
“ရပ်တော့ ရပ်တော့”
ကောင်းကင်က ကျောက်တုံးကြီးကတော့ လျှပ်စီးလက် သလိုမျိုး ကျဆင်းနေတော့တယ်။
“ဒုန်း ဒုန်း ” တုန်ဟီးနေတဲ့ မြေပြင်နဲ့ အတူ ကောင်းကင်မှာတော့ မှောင်မဲနေတဲ့ တိမ်တိုက်ကြီးတွေပေါ်ပေါက်လာတော့တယ်။
လူအုပ်ကြီး ရဲ့ အမြင်အာရုံတော့ တိမ်တိုက်ကြီးတွေရဲ့ အရိပ်ကြောင့် ဖုံးလွှမ်းသွားတော့တယ်။ အကုန်လုံးပြီးဆုံးသွားပြီးနောက် ဆွဲငင်အား ကမ္ဘာရဲ့ အညစ်အကြေးတွေ လည်း တိုးလာတော့တယ်။အညစ်အကြေးတွေကို ဖယ်ရှားပြီတဲ့နောက်မှာတော့ အားလီလို့အမည်ရတဲ့ လူငယ်လည်း လုံးဝ ပျောက်ကွယ်သွားတော့တယ်။ သေကျေနေတဲ့ အလောင်းမရှိ ။ အော်ဟစ် ငိုသံ မရှိ အကျီစလေး တစ်စတောင် ကျန်ရစ် မနေတာဖြစ်တယ်။
“သူ အောင်သွားပြီလား။ ”
“အံ့သြစရာပဲ။”
“အားလီ ။တော်တယ်။”
အားလီ ပျောက်ကွယ်သွားတာကို တွေ့ပြီးနောက်မှာတော့ သူတို့ စတင် ဂုဏ်ပြု ကြတော့တယ်။
ဒီအချိန်မှာတော့ ကျယ်လောင်တဲ့ အသံတစ်သံ မိုးကောင်းကင်ကနေ ထွက်ပေါ်လာတော့တယ်။
“ချန် ရုံလီ။ ကျရှုံး”
“…”
“ကျရှုံး”
ကျောင်းတော်သားတွေကတော့ ဒီ အဖြစ်ကို နားမလည်နိုင်ကြဘူး ဖြစ်နေတော့တယ်။ အခုက ဘာတွေ ဖြစ်နေတာလဲ။ အခုပဲ သူ အောင်သွားတာ မဟုတ်ဘူးလား။
ဖန်ကျန်းရှီကတော့ ကျောက်တုံးတွေ ရပ်တန့်သွားတဲ့ ကောင်းကင်ကို ကြည့်ရင်း ဖန်တီးသူ တစ်ချို့ အကြောင်းကို တွေးနေတော့တယ်။ သူ့ရဲ့ နှုတ်ခမ်းဖျားတွေကတော့ ပြုံးနေခဲ့တယ်။
“ကြည့်ရတာ အားလီလည်း အသုံးမကျဘူး။”