နတ်ဘုရား မုခ်ဝ - Chapter - 120 တောင်နဲ့ မြစ် ပန်းချီရဲ့ လျှို့ဝှက်ချက်
ဒီ အချိန်ရဲ့ ခံစားမှု က သိပ်ပြီးတော့ ထူးဆန်းလှတယ်။ သူ့ရဲ့ ကိုယ် ခန္ဒာ တစ်ခုလုံး ပျောက်ကွယ် သွားသလိုမျိုး ဒါမှ မဟုတ် ပြောနိုင်တယ် သူ့ရဲ့ တစ်ကိုယ်လုံး ပျောက်ကွယ် မသွားတာတောင် တစ်စိတ်တပိုင်း ကတော့ ပျောက်ကွယ်သွားပြီ။
တောင်နဲ့ မြစ်ရဲ့ ဖိအားက လည်း လျော့ကျ လာတာလား။
သူ့ရဲ့ နှလုံးသားထဲမှာ ပျော်ရွှင်မှုနဲ့ ပြည့်နှက်လာတော့တယ်။ ဖန်ကျန်းရှီ ကတော့ သူ့ကိုယ်ပေါ်မှာ ဖိနှိပ်ထားတဲ့ တောင်တစ်တောင်ရဲ့ ဖိအားကို ခံစားနေရတယ်။
ဒါ့အပြင် အခု ပိုပြီးတော့ ပြင်းထန်လာသလိုပါပဲ။
အားတွေ လျော့ကျသွားတာလည်း မဖြစ်နိုင်ဘူး။
ဒီ ပုံရိပ်လွှာ မဖြစ်နိုင်ဘူး။ ငါ အခုပဲ ရှေ့ကို တလှမ်းတိုးလိုက်တာ။
ဖန်ကျန်းရှီမှာတော့ နောက်တစ်လှမ်း တိုးဖို့ စိတ်ကူးနေတဲ့ အချိန်မှာပဲ သွေးနီရောင် လခြမ်းကွေးတွေက သူ့ကို ရိုက်ခတ်လာပြန်တယ်။ ဒီ အချိန်မှာတော့ ရန်ရွှယ်ရဲ့ တိုက်ခိုက်မှု သူ့ကို အတော်လေး ကို ထိတ်လန့်စေတယ်။ ဒါကြောင့် ကျောက်ဖြူဓားကို လေးချက်တိတိ အဆက်မပြတ် လှုပ်ရှားလိုက်တော့တယ်။
“ဘုန်း … ဘုန်း… ဘုန်း….”
အလင်းတန်း စီးကြောင်းတွေ ပေါ်ထွက်လာချိန်မှာတော့ ဖန်ကျန်းရှီ နောက်တစ်ကြိမ် ခြေလှမ်းပေါင်း များစွာ နောက်ဆုတ်သွားပြန်တော့တယ်။
သူ့နှလုံးသားထဲက ၀မ်းနည်းမှု တစ်ဖန် စီးဆင်းလာပြန်တယ်။
နောက်ပြီးတော့ သူ့ရဲ့ တစ်ကိုယ်လုံး အလိုလို နောက်ဆုတ်သွားတာ ဖြစ်တယ်။ ဒီ အံ့သြစရာ ခံစားချက် သူ့တစ်ကိုယ်လုံးကို စိတ်ဝင် ပျံ့နှံ့ နေတယ်။ တောင်တန်းကြီးရဲ့ ဖိအားကြောင့် ထုံထိုင်းသွားတာ ထက်ကို ပိုပြီးတော့ ရှင်းလင်းနေတဲ့ နာကျင် ၀မ်းနည်းဖွယ် ခံစားချက်။
တစ်နေရာရာမှာတော့ ပြဿနာ ရှိနေပြီ။
ဖန်ကျန်းးရှီ ကတော့ သူ့ကိုယ်ပေါ်က ဖိအား နောက်တစ်ခါ ပြန်နည်းပါးသွားတာကို သတိထားမိပြန်တယ်။ အများကြီး လျော့သွားတာ မဟုတ်ပေမယ့် အနည်းငယ်တော့ ပေါ့ပါးသွားတယ်။
သူဆီမှာ ပျော်ရွှင်မှု ဖြစ်လာတော့ ဖိအားက ပြန်လည် ကြီးမားလာပြန်တယ်။
ဖန်ကျန်းရှီ သူ့နှလုံးသားကွဲအက် တော့မလို ထင်နေမိတယ်။
သူတို့ ပျော်ပျော် ရွှင်ရွှင်တိုက်ခိုက်လို့ မရဘူးလား။
ခနနေပါအုန်း။ တစ်ခုခု လွဲနေပြီ။ ဒီ ခံစားချက်တွေက တကယ်ပဲ အစစ်အမှန်တွေ။ ဒါဆို ပြဿနာက ဘယ်က လာတာလဲ။ ဒါကတော့ ရန်ရွှယ်နဲ့ မဆိုင်တာ သေချာတယ်။ ဒါက စိတ်အင်အားနဲ့များ ဆိုင်နေမလား။
၀မ်းနည်းမှုက ဖိအားကို လျော့စေတယ်။
ပျော်ရွှင်မှုက ဖိအားကို တိုးစေတယ်။
ဖန်ကျန်းရှီရဲ့ မျက်လုံးတွေက ပွင့်လာတော့တယ်။ မှန်တယ်။ ဒါ မှန်တယ်။
ဒါပေမယ့် ဘာကြောင့် ဒီလို ဖြစ်ရမှာလဲ။ ၀မ်းနည်းမှုကို ဘယ်လို ရှာရမှာလည်း။
ဖန်ကျန်းရှီလည်း စိတ်ထဲ ရှုပ်လာတော့တယ်။ သူ ဒီ နည်းကို ရှာတွေ့တယ် ဆိုရင် ဒီ နည်းရဲ့ နောက်မှာ အကြောင်းပြချက် ရှိရအုန်းမယ်။ ဒါက ဘာကြောင့် ဖြစ်တာလဲ။
ဒါက တောင်နဲ့မြစ် ပန်းချီကားရဲ့ လျှို့ဝှက်ချက် များလား။
တောင်နဲ့ မြစ် ပန်းချီ………
ပုံမှန်အတိုင်း ဆိုရင်တော့ ဒီလို တိုက်ပွဲကြီးမှာ ဘယ်သူကများ ဒီ ပန်းချီကားကို အဓိက ထားပြီး စဉ်းစားနိုင်မှာလဲ။ ဒါပေမယ့် ဒီ အချိန်မှာတော့ ဖန်ကျန်းရှီက ပန်းချီကို အဓိက ထားပြီး စဉ်းစားထားတာ ဖြစ်တယ်။
တောင် ရေ မြစ် သစ်ပင် စတဲ့ ပန်းချီ ပုံရိပ်တွေကို တစ်ခုချင်းဆီ စဉ်းစားကြည့်လိုက်ချိန်မှာတော့ …
အဲ့ဒီ့နောက် ပြဿနာတစ်ကို နားလည် သွားတော့တယ်။
ဒါက မှင်နက်နဲ့ ပန်းချီကား ဖြစ်တယ်။ တောင်တန်းတွေရဲ့ အရောင်ကလည်း အနက်ရောင် ဖြစ်နေတယ်။ အစိမ်းရောင် မဟုတ်ပဲနဲ့။ ဒါကတော့ တရုတ် ပန်းချီကားတွေ ဆွဲနေကြ ပုံစံတစ်မျိုး ဖြစ်တယ်။
ဒါက အံ့သြစရာ မဟုတ်ဘူး။
ဒါပေမယ့် ဖန်ကျန်းရှီ အံ့သြနေတာ တစ်ခု ရှိတယ်။
အကယ်၍ လူတစ်ယောက်ကသာ အမှန်တကယ် သက်ဝင် လှုပ်ရှားတဲ့ ပန်းချီတစ်ချပ်ကို ဖန်တီး ချင်တယ် ဆိုရင် ဘာကြောင့် မှင်နက်နဲ့ ရေးဆွဲမှာလဲ ။ တောက်ပတဲ့ အစိမ်းရောင်နဲ့ ပတ်ဝန်းကျင်ကို ပိုပြီး သင့်လျော်အောင် ဆွဲမှာပေါ့။
သူတွေးမိသွားတဲ့ အချိန်မှာပဲ။
ဖန်ကျန်းရှီရဲ့ မျက်လုံးတွေက ကလယ် ကလယ် ဖြစ်သွားပြီး ထိတ်လန့်သွားဟန် ပေါ်လာတော့တယ်။
“ဒါက တောင်နဲ့ မြစ် ပန်းချီမှ မဟုတ်တာပဲ။”
တောင်တန်းအသွင် ရေးဆွဲထားတဲ့ အနက်ရောင် မှင်တွေက အမျိုးသမီးရဲ့ အနက်ရောင် ဆံနွယ်တွေပဲ ဖြစ်တယ်။ အဖြူရောင် မြစ်ကတော့ အမျိုးသမီးရဲ့ ဆံနွယ်ဖြူတွေ ဖြစ်တယ်။ ကေသာ နက်တို့ အဖြူရောင် ပြောင်းသည့်တိုင် သူ့ကို စောင့်ဆိုင်းခဲ့၏။ မင်းခြယ်သမှုကို နှလုံးသားထဲမှာ တိတ်ဆိတ်စွာ စောင့်မျှော်နေ။
ဒီ ပုံရိပ်က ရန်မိသားစုကို တည်ထောင်သူ ဘိုးဘေးရဲ့ အမျိုးသမီး အပေါ်မှာ ထားရှိတဲ့ နက်ရှိုင်းလှတဲ့ မေတ္တာကို မှတ်တမ်းတင်ထားတာပဲ။
ရှေးခေတ်တုန်းကတော့ သူရဲကောင်းတွေက ဆန့်ကျင်ဘက်လိင် ကို သူတို့ရဲ့ မေတ္တာကို ဖော်ပြဖို့ ခက်ခဲခဲ့တယ်။ ရန်မိသားစုရဲ့ တည်ထောင်သူ ဘိုးဘေးကတော့ လှပျိုဖြူရဲ့ အချစ်ကို ရခဲ့တယ်။ နောက်ပြီးတော့ အချစ်ရူး တစ်ယောက် ဖြစ်လာခဲ့တယ် ။ သူမကို မမေ့ပျောက်စေဖို့ အတွက် ယပ်တောင်ပေါ်မှာ ပန်းချီ တစ်ခု အဖြစ် ရေးဆွဲ ထားခဲ့တယ်။ ငါ သိတယ်။ ငါသိတယ်။
ဖန်ကျန်းရှီရဲ့ မျက်လုံးတွေ တောက်ပသည်ထက် တောက်ပ လာတော့တယ။်
ရန်ရွှယ် တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်ကို အသုံးပြုတဲ့ အချိန်မှာ ထည့်သွင်းထားတဲ့ ခံစားချက်တွေကို သူ ပြန်စဉ်းစားကြည့်တယ်။ ဒီ အင်အားက ယုံကြည်မှုက နေ လာတာပဲ။
ဒါက သာ အကြောင်းရင်း ဖြစ်နေရင်။
သူပိုပြီး ခုခံလေလေ သူ့ကိုယ်ပေါ်မှာ ရှိတဲ့ ဖိအားက ပိုကြီးလာလေလေပဲ။
မဟုတ်ဘူး။ အစထဲက ဒါက မှားနေတာပဲ ။ ဒါက ခုခံအားမဟုတ်ဘူး။ စုပ်ယူတာပဲ။ သူ့ရဲ့ နှလုံးသားထဲမှာ ဒီ နာကျင်မှုကို ပို စုပ်ယူလာနိုင်ပြီး ဒဏ်ရာအမာရွတ်တစ်ခုလို စွဲထင်လာတော့တယ်။
သူတွေးသလိုမျိုး ဖြစ်လာခဲ့တာ ဆိုရင် ဖန်ကျန်းရှီက ဒါကို ခုခံနိုင်ဖို့ ခက်ခဲတော့မယ်။
ဒါပေမယ့် ဖန်ကျန်းရှီကတော့ အချို့သော အင်အားတွေကို ငှားရမ်းပြီးတော့ အသုံးချဖို့ တွေးလိုက်တော့တယ်။
“အချစ်ဆိုတာ ဘာလဲ။ ဘာကြောင့် လူတွေကို ရူးသွပ်စေနိုင်တာလဲ။”
“ဆောင်းဥတုမှာ ဆောင်းခိုဖို့ က အတောင်ဟောင်းတွေကို စွန့်ပယ်ရမယ်။ ”
“ပျော်ရွှင်မှုမှာ ခါးသက်မှုတွေ ပါဝင်နေတယ်။ ဒါ့အပြင် နှလုံးသားရဲ့ နာကျင်မှုတွေ။”
ဖန်ကျန်းရှီရဲ့ အသံ ပလ္လင်ထက်မှာ ဟိန်းထွက်လာတော့တယ်။
ဒါက ကျောင်းတော်သားတွေကို စိတ်ရှုပ်ထွေးစေတယ်။
“ဖန်ကျန်းရှီ ဘာလုပ်ဖို့ စဉ်းစားနေတာလဲ။ ဒီ အချိန်မှာ ကဗျာစပ်ဖို့တွေးနိုင်သေးတာလား ”
“သူ ရှုံးတာကို ၀န်မခံချင်တာလား။ ”
ဒီ အချိန်မှာတော့ ဖန်ကျန်းရှီရဲ့ နှလုံးသား ပူဆွေးမှုတွေပြည့်နှက်နေတဲ့ အတွက် တောင်နဲ့ မြစ် ပန်းချီကားရဲ့ ဖိအားက နေ လုံးဝကို လွတ်မြောက်နေပြီ ဖြစ်တယ်။
ရန်ရွှယ် သူ့ကို ကြည့်နေတာကို သတိမပြုမိဘူး ဖြစ်နေတော့တယ်။ သူ့ခေါင်းကိုသာ တွင်တွင် ခါယမ်း နေတော့တယ်။ သိပ်မကြာခင်မှာပဲ။ သူ့ရဲ့ မျက်လုံးကနေ မျက်ရည်တွေ စီးကျလာတော့တယ်။ သူ့ရဲ့ အသွင် တော့ သိပ်ကို ၀မ်းနည်းနေတဲ့ သူတစ်ယောက် အသွင် ပေါက်နေတော့တယ်။
သူမျှော်လင့်ထားသလိုပဲ။
၀မ်းနည်းလှတဲ့ ခံစားမှုကို ပိုပြီး ဖန်တီးနိုင်လေ သူ့ကိုယ်ပေါ်က ဖိအား နည်းလာ လေဖြစ်တယ်။ ဒီ တောင်နဲ့ မြစ် ပန်းချီက သူတွေးသလိုမျိုး ဖြစ်လိမ့်မယ်။
စိတ်စွမ်းအားက လူတစ်ယောက် မခန့်မှန်းနိုင်အောင် သိပ်ပြီးတော့ကို မြင့်မားလွန်းတယ်။
သူ့ကိုယ်ပေါ်က ဖိအားပျောက်ဆုံးသွားတဲ့ အတွက် ပျော်လွန်းလို့ အော်ဟစ် ပြစ်ချင်တော့တယ်။ ဒါပေမယ့် လည်း သူ မအော်နိုင်ဘူး။ ပျော်တဲ့ ခံစားချက် ကို ထုတ်လွှတ်လို့ မဖြစ်ဘူး။
ဘာကြောင့်လဲ ဆိုတော့ …
သူသာ ပျော်ရွှင်မှု ဖြစ်လာရင် စတင်ခဲ့တဲ့ နေရာကို ရောက်သွားမှာ ဖြစ်တယ်။
ဒါက တကယ့်ကို သက်တောင့်သက်သာ မရှိဘူး။ အနိုင်ရဖို့ အတွက် ဖန်ကျန်းရှီက တောင့်ခံဖို့ လိုတယ်။
တစ်ခဏ ကြာပြီးနောက်မှာတော့ ဖန်ကျန်းရှီက စိတ်မှောင်မိုက်မှုတွေ ပြည့်နေတဲ့ ရန်ရွှယ်ကို ကြည့်လိုက်တော့တယ်။
ဒီ အချိန်မှာတော့ သူ့ရဲ့ လှုပ်ရှားမှုတွေကို လုံးဝ ရပ်တန့်ထားတော့တယ။်
ရန်ရွှယ်ကတော့ အေးဆေးစွာ ရပ်နေနိုင်တဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း မယုံကြည်နိုင် ဖြစ်နေတော့တယ်။
“ငါ လာပြီ။” ဖန်ကျန်းရှီက ငိုသံနှယ် အက်ကွဲသော အသံတစ်ခုနဲ့ အော်လိုက်တယ်။ သူ့ရဲ့ အရင် ဘ၀က အသိဥာဏ်တွေကို အသုံးပြုပြီးတော့ ဒီ အချိန်မှာတာ မှောင်မိုက်တဲ့ တိုက်ခိုက်မှု တစ်ခုကို ဖန်တီးဖို့ တွေးလိုက်တော့တယ်။
ဒီနေ့မှာတော့ မင်းရဲ့ ၀မ်းနည်းမှုကို ပြန်ငှားပြီးတော့ တိုက်ကွက်ကောင်းတစ်ခု ဖန်တီးပြမယ်။
ဒီ အတွေးနဲ့ သူ လှုပ်ရှားတော့တယ်။
သူ့ရဲ့ ကိုယ်ကတော့ လျှပ်စီး လက်သလိုမျိုး မြန်ဆန်နေပြီးတော့ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတော့တယ်။
“ သူ က ဘယ်လို ဖြစ်ပြီးတော့ ဒီ လောက် မြန်နိုင်တာလဲ။ ”
“တောင်နဲ့မြစ် ရုပ်ပုံလွှာရဲ့ အင်အားတွေ ဘယ်ကို ပျောက်ကုန်ပြီလဲ။ ”
ကျောင်းတော်သားတွေနဲ့ စာစစ်သူတွေကတော့ ထိတ်လန့်ကုန်ကြတော့တယ်။
ဒီ အချိန်မှာပဲ ဖန်ကျန်းရှီကတော့ ရန်ရွှယ်ရဲ့ ဘေးက်ို ရောက်နေပြီ ဖြစ်တယ်။ ဒိုင်ခုံက စာစစ်သူ တွေကတော့ ဘယ်လို ပြော၇မလဲကို မသိတော့ဘူး ဖြစ်နေတော့တယ်။
ရန်ရွှယ်လည်း မျက်စိလည်သွားတော့တယ်။ ဒါပေမယ့် အချိန်မှီတော့ ပြန် တုံ့ပြန်နိုင်သေးတယ်။
လေအရိပ် ပညာကို အသုံးပြုပြီးတော့ အရိပ်အသွင် ပြောင်းလဲသွားတော့တယ်။
သို့ပေမယ့် ဖန်ကျန်းရှီကတော့ ရန်ရွှယ်ကို ပြေးသွားခွင့် မပေးတော့ ပါဘူး။ သူ့ရဲ့ ၀မ်းနည်းမှုကို ထိန်းသိမ်းထားရင်းနဲ့ သူ့ရဲ့ သေစေနိုင်လောက်တဲ့ တိုက်ခိုက်မှုကို စတင်လိုက်တော့တယ်။
ဒီ တိုက်ပွဲကို ၀မ်းနည်းမှု အပြည့်နဲ့ ဖြတ်ကျော်နိုင်မှ ရမယ်။
နည်းလမ်းကို အများကြီး မတွေးတော့ပါဘူး။
သားရိုင်းကောင် အင်အားကို အသုံးပြုပြီးတော့ တိုက်ခိုက်တော့တယ်။
အပြင်ဘက် ကနေ ကြည့်လိုက်ရင်တော့ ဖန်ကျန်းရှီအသုံးပြု တိုက်ခိုက်နေတာ သေစေနိုင်တဲ့ ဓားပညာနဲ့ မတူပဲ ရူးသွပ်နေတဲ့ နတ်ဆိုး ဓားပညာကို အသုံးပြုနေတာနဲ့ တူတယ်။
“ငါ သတ်မယ် သတ်မယ်။ ” ဖန်ကျန်းရှီက သူ့ရဲ့ ဓားကို ရူးသွပ်စွာ ဝေ့ယမ်းရင်းနဲ့ လိုက်တော့တယ်။
ကောင်းကင်ပေါ်က လမင်းကြီးတော့ တောက်ပသည်ထက် တောက်ပလာတော့တယ်။ ပလ္လင် တစ်ခုလုံးကို အဖြူရောင် အလင်းတန်းတွေနဲ့သာ ဖုံးလွှမ်းနေတော့တယ်။
အနီရောင် နေမင်းကြီးတော့…
တောက်ပလှတဲ့ အဖြူရောင် လမင်းကြီးရဲ့ အလင်းရောင် အောက်မှာ နက်မှောင်တဲ့ ဘက်ကိုတောင် ပြောင်းလဲနေတော့တယ်။
“ဘုန်း။”
နောက်ဆုံးမှာတော့ ဖန်ကျန်းရှီရဲ့ ဓားချက် ရန်ရွှယ်ရဲ့ ရင်ဘတ်ကို ဖြတ်၇ှသွားတော့တယ်။ သူ့ရဲ့ ကိုယ် ပလ္လင်ပေါ်ကို လဲကျသွားတော့တယ်။ ဒါပေမယ့် ရန်ရွှယ် ချက်ချင်းပြန်ထလာတော့တယ်။
သူ့ရဲ့ အမူအယာတော့ ထိတ်လန့်ပြီး ရှုပ်ထွေးနေတော့တယ်။
သူ တစ်ခုခုကို ပြောချင်နေပင်မယ့်လည်း အဆုံးသတ်မှာတော့ ရပ်တန့်သွားတော့တယ်။
ဒါပေမယ့် သူ ဆုတ်ခွာဖို့ မစဉ်းစားတော့ပဲနဲ့ ဖန်ကျန်းရှီကို မျက်နှာချင်းဆိုင် တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။
အနီရောင် နေမင်းတော့ သူ့ရဲ့ နောက်ဆုံး အလင်းတန်းကို တောက်ပနေတော့တယ်။
အနီနဲ့ အဖြူ မရေမတွက် နိုင်တဲ့ အလင်းတန်းတွေ လမင်းနဲ့ ကြယ်တွေလို တောက်ပနေတော့တယ်။ ဒီ အခြေအနေကတော့ မျက်စိ ကျိန်းစပ်နေတဲ့ အပြင် ကျောင်းတော်သားတွေနဲ့ စာစစ်သူတွေ အကုန်လုံး ထိတ်လန့်မှုကြောင့်တုန်ယင်နေကြတယ်။ ၏
“မြို့တော် စာမေးပွဲက တကယ့်ကို မြို့တော် စာမေးပွဲပဲ။”
ဘယ်သူကမှ ဒီ တိုက်ပွဲကို မြို့တော် စာမေးပွဲလို့ မမြင်နိုင်တော့ပါဘူး။ တော်ဝင် စာမေးပွဲတောင်မှ ဒီ လို မြင်ကွင်းကို တွေ့ရဖို့ ခက်ခဲတယ်။
ပလ္လင်ပေါ်မှာတော့ မတူညီတဲ့ အရိပ်တွေ ရောယှက်နေတော့တယ်။
တစ်ခုနဲ့ တစ်ခု တိုက်မိနေကြတယ်။
အရိပ်တွေ ပျောက်ကွယ်သွားချိန်မှာတော့ ပလ္လင်ပေါ်မှာ လူနှစ်ယောက် ရပ်နေတော့တယ်။
ဒီ အချိန်မှာတော့ ရန်ရွှယ်ရဲ့ သံချပ်ကာ ပြဲစုတ်နေပြီး သွေးတွေ စီး ကျနေတော့တယ်။ သူ့ရဲ့ ဆံပင်တွေတော့ အရူးတစ်ယောက်လို ရှုပ်ပွနေပြီး နဖူးမှာတော့ ချွေးတွေ စီးးကျနေတော့တယ်။ သူ့ရင်ဘတ်တော့ ဖားဖို တစ်ခုလို ပြင်းထန်စွာ နိမ့်ချီ မြင့်ချီ ဖြစ်နေတော့တယ်။ အသက်ကို ပြင်းထန်စွာ ရှူနေရတော့တယ်။
ရန်မိသားစုရဲ့ မိသားစုဝင် တစ်ယောက်အနေနဲ့ သူ့ရဲ့ အသက်ရှူ ဟန် ကန့်သတ် နိုင်စွမ်းကို ကျော်လွန်နေပြီ ဆိုတာ သိသာတယ်။
တခြားတစ်ဖက်မှာတော့ ဖန်ကျန်းရှီလည်း သိပ်ပြီးတော့ အဆင်ပြေဟန် မတူဘူး။ သူ့ရဲ့ ပင်လယ်နက်ထဲက ကျောက်စိမ်း သံချပ်ကာမှာလဲ နက်မှောင်တဲ့ ဓားချက်တွေ ပြည့်နှက်နေပြီးတော့ လက်မောင်းမှာလည်း သွေးတွေ ယိုစီး နေတော့တယ်။ သူ့ရဲ့ ဆံပင်တွေလည်း ပုခုံးပေါ်ကို ပြေလျော့ ကျနေပြီးတော့ နဖူးမှာ ချွေးတွေ စီးကျနေတော့တယ်။
ဒါ ချွေးတွေလား မျက်ရည်တွေလား ဘယ်သူမှ ခွဲခြား မသိနိုင်ဘူး ဖြစ်နေတော့တယ်။
ပလ္လင်ထက်က တိုက်ပွဲမှာတော့ ….. တကယ့် တိုက်ပွဲ သက်လုံ မကောင်းတဲ့သူ ရှုံးမှာ ဖြစ်တယ်။
ဖန်ကျန်းရှီကတော့ ဒါကို ကောင်းကောင်းနားလည်တယ်။ အကယ်၍ ဒီ လိုသာ ဆက်ဖြစ်နေမယ်ဆိုရင် သူတို့ နှစ်ယောက်လုံး ဒဏ်ရာ ရမှာ မလွဲမသွေပဲ။
“ ငါ … ငါ့ရဲ့ အင်အားတွေကို အကုန်…. သုံးပြီးပြီ။ ” ရန်ရွှယ်ရဲ့ အသံကတော့ အနည်းငယ် ပြတ်တောင်း ပြတ်တောင်းဖြစ်နေတော့တယ်။ သူ့ရဲ့ အမူအယာမှာတော့ စစ်မှန်တဲ့ သူငယ်ချင်းကို လေးစားမှုတွေ ပြည့်နေတော့တယ်။ အကယ်၍ ဖန်ကျန်းရှီကိုသာ ပြောလိုက်မယ် ဆိုရင် သူ တောင့်ခံ နိုင်မှာ မဟုတ် တော့ဘူး။
“ငါ……. နည်းနည်း ကျန်သေးတယ်။ တိုက်ခိုက်ဖို့ နည်းတစ်ခု ငါ မသုံးရသေးဘူး။ ” ဖန်ကျန်းရှီက လည်း အနည်းငယ် တုံ့ဆိုင်း ရင်း ပြောလိုက်တော့တယ်။ သူ့ရဲ့ မျက်နှာပေါ်မှာတော့ အလေးအနက် စဉ်းစားတွေဝေနေဟန်တွေ ရှိနေတယ်။
“ သူငယ်ချင်းတွေ ကြားမှာ ငါတို့ လေး .. လေးစားမှု ရှိရနယ်။ မင်းမှာ နောက်ထပ် တိုက်ခိုက်စရာ ပညာရပ်ရှိသေးရင် .. တိုက်ခိုက်ပါ။” ရန်ရွှယ်က သူကလက်ထဲက တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း ပြောလိုက်တော့တယ်။ သူ့မျက်လုံးထဲမှာတော့ ထိတ်လန့်ဟန်တွေ တစ်ချက် ပေါ်ထွက် လာ ပြီးနောက် လျင်လျင်မြန်မြန် ပဲ ပျောက်ဆုံးသွားပြန်တယ်။
သူ ဖန်ကျန်းရှီကို ယုံကြည်တယ်။ ဖန်ကျန်းရှီ ဆက်တိုက်ခိုက်နိုင်တယ်လို့ ပြောတာ သူ တကယ်ပဲ တိုက်ခိုက်နိုင်သေးလို့။
“ငါ ထင်တယ်။ ဒါက… မင်းကို ထိခိုက်စေနိုင်တယ်။ ” ဖန်ကျန်းရှီက သူ့ခေါင်းကို ငြင်ငြင် သာသာလေး ခါယမ်းလိုက်ရင်း ပြောလိုက်တယ်။
“မင်းတောင်မှ ဒဏ်ရာရမှကို မကြောက်ရင် ငါ့လို ရန်မိသားစုက သားတစ်ယောက်ကလည်း သွေးထွက်သံယို ဖြစ်မှာကို ကြောက်မှာလား။” ဒီ အချိန်မှာတော့ ရန်ရွှယ်ရဲ့ အမူအယာ တည်ငြိမ် လေးနက်နေတော့တယ်။
“ဒါဆို သေချာ ကြည့်ပါ။” ဖန်ကျန်းရှီရဲ့ စကားသံ ထွက်ပေါ် လာတာနဲ့ တပြိုင်နက်တည်းမှာပဲ မျက်စိကို အမှောင်ဖုံးသွားစေနိုင်တဲ့ အဖြူရောင် အလင်းတန်းတွေ တိုက်ပွဲ ပလ္လင် တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့တယ်။ တောက်ပနေတဲ့ ကြယ် စုတန်း ကြီး တစ်ခုထဲကို ရောက်သွားသလိုမျိုး အမြင်အာရုံ တစ်ခုလုံးမှာ အဖြူရောင်တွေသာ။