နတ်ဘုရား မုခ်ဝ - Chapter - 130 နတ်ဆိုးကျောင်းတော် စားသောက်ပွဲကြီး
နတ်ဆိုးကျောင်းတော် မြောက်ပိုင်း ဒေသ မှာ မြို့တော်ကြီး ငါးခုနဲ့ ၀န်းရံထားပြီးတော့ ယနေ့ရဲ့ လုံခြုံ မှု အခြေအနေကတော့ သံမဏိ သံချပ်ကာလိုပဲ ဖြစ်ပါတယ်။
ဒီ အချိန်မှာတော့ နတ်ဆိုးကျောင်းတော်ရဲ့ တံခါးမကြီး တစ်ဖက် တစ်ချက်စီမှာ ကြီးမားလှတဲ့ ကျောက်စိမ်း ရုပ်တုကြီးတွေ ရှိနေတော့တယ်။ ခမ်းနား ထည်ဝါတယ်။ ဒါ့အပြင် ရုပ်တုကြီးတွေရဲ့ ဘေးဘက်မှာတော့
တပ်နီတော်ကြီးရဲ့ စစ်သည်တော်တွေ တောက်ပလှတဲ့ သံချပ်ကာတွေကို ၀တ်ဆင်ထားပြီးတော့ စောင့်ကြပ်နေကြတယ်။ သူတို့ရဲ့ အမူအယာတွေကတော့ ရေခဲ တမျှ အေးစက်လွန်းလှပြီး အနီးနားမှာ ဖြစ်ပျက်နေသမျှကို သတိကြီးကြီးနဲ့ စောင့် ကြပ်နေ ဟန်ပါပဲ။
နတ်ဆိုးကျောင်းတော်ကြီး ရဲ့ ဒီနေ့ စားသောက်ပွဲကြီး လွန်စွာ မှ အရေးကြီး လှတယ် ဆိုတာ သူတို့ကောင်းကောင်း သိတာကြောင့် ဖြစ်တယ်.။
မြောက်ပိုင်းဒေသရဲ့ မြို့တော်ကြီး ငါး ခုထဲမှာတော့ တရားဝင် အဆင့်ငါး နဲ့ အထက်ကို ရရှိသူ အကုန်လုံး ရောက် ရှိနေကြပြီ တယ် ဒါတင်မကပါ ဘူး။ အနောက် ပိုင်း လျန် ဒေသ ။ တောင်ပိုင်း နယ်မြေ။ အရှေ့ပိုင်း ဒေသ က ထူးချွန်ကျောင်းတော်သားတွေ စားသောက်ပွဲ အတွက် စုဝေးလာကြပြီ တယ်
အကြောင်းရင်းကတော့ သိပ်ကို ရိုးရှင်းလှပါတယ်။
ကြီးမြတ်သောရှ မင်းဆက်က အတော်ဆုံး မိန်းမပျိုလေး ချီကူယန် ကြောင့်ပဲ တယ်
တရားဝင် ရုံးတော်သားတွေ အတွက် ဒီလို အနာဂတ် နံပါတ် တစ် အုပ်ချုပ်သူ တစ်ယောက် ဖြစ်လာဖို့ ရှားပါး အခွင့် အရေး တစ်ခု တယ် ကျောင်းတော်သားတွေ နဲ့ လူငယ်တွေ ရဲ့ စိတ်ထဲမှာ တော့ နက်ရှိုင်းတဲ့ အဓိပ္မာယ် အသီးသီး ရှိနေကြတယ်။
လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ချီကူယန် တော်ဝင် ယန် မြို့တော်ကြီးမှာ လူတိုင်းရဲ့ နှစ်ထပ်ကွမ်း နဂါးချန်ပီယံ တစ်ဦး ဖြစ်လာခဲ့တယ်။ ဒီလို ထူးခြားလှတဲ့ စွမ်းရည်တွေ ကျောင်းတော်သားတွေကို ဒူးထောက်စေနိုင်တယ်.။
နောက်ပြီးတော့ ချီကူယန်က မစေ့စပ်ရသေးတဲ့ မိန်းမပျိုလေး တစ်ဦး ။
ဒါက ဒီ လောက မှာ ရှိတဲ့ လူတိုင်း သိကြတဲ့ လျှို့ဝှက်တဲ့ အကြောင်းရင်း တစ်ခု တယ် ချီကူယန်ရဲ့ စေ့စပ်မှုကတော့ လက်ရှိ ဧကရာဇ်ရဲ့ ဆုံးဖြတ်မှု အောက်မှာ ရှိနေတာ တယ် ဒါပေမယ့်လည်း ဧကရာဇ် ချီကူယန်ရဲ့ စိတ်ဆန္ဒ မပါ ၀င်ပဲ မဆုံးဖြတ်နိုင်တာ သူတို့အကုန် နားလည် ကြတယ်။
နောက်ဆုံးမှာတော့ ချီကူယန်ရဲ့ စေ့စပ်မှုက သူမ ကိုယ်တိုင် ဆုံးဖြတ်မှုအောက်မှာပဲ တည်ရှိတာ တယ်
…
နတ်ဆိုးကျောင်းတော်တွင်းမှာတော့ သိပ်ကို ကြီးမားကျယ်ပြန့်လှတဲ့ ကွင်းပြင်ကျယ်ကြီး ရှိနေခဲ့တယ်။
ခန်းမကြီးတော့ ကြည်လင်နေတဲ့ ရေ ပြင်ကျယ်နဲ့ အတူ လေထုထဲ ပျံ့လွင့်နေတဲ့ ပန်းပေါင်းစုံ ရနံ့တွေ နဲ့ ပြည့်နှက်နေတယ်။
အစိမ်းရောင် ၀တ်ရုံကို ၀တ်ဆင်ထားတဲ့ ယွဲ့အာ တော့ ခန်းမ ကြီးရဲ့ အပြင်မှာ ရပ်နေခဲ့တယ်။ ခန်းမကြီးရဲ့ အပြင်ဘက်မှာ ထိုင်နေခဲ့တဲ့ စာအုပ်ဖတ်နေသူ ပန်းနုရောင် ၀တ်ထားတဲ့ အမျိုးသမီး ငယ်လေး ကို စောင့်ကြည့်နေခဲ့တယ်။
ဒါကတော့ ချီကူယန်ပဲ ဖြစ်ပါတယ်။
“ သခင်မှာလေး။ ဒီ အချိန်မှာတော့။ သွမ့် ပြည်ထောင် အရှင်က ကိုယ်တိုင် လာရောက်ပါမယ်။ ဒီကို စားသောက်ပွဲ အတွက် လာတာ မဟုတ်ပဲ သခင်မလေးကို တွေ့ဆုံ ချင်တဲ့ အတွက် လာရောက်ခြင်းဖြစ်ပါတယ်။” ယွဲ့အာ ခပ်တိုးတိုးပြောလိုက်တယ်။
“နောက်တစ်ကြိမ်မှာတော့ အဖေက မင်းကို သတင်းစကား ပါးခိုင်းရင် မင်း လာပြောဖို့ မလိုတော့ ဘူး။”
“ အမိန့်တော် အတိုင်းပါ သခင်မလေး”
“ အချိန်ရောက်တော့မယ်။ အဆင်သင့် ပြင်ထား တော့။”
“ အမိန့်အတိုင်းပါ။ ” ယွဲ့အာက ခေါင်းငြိမ့်လိုက်ပြီးတော့ ဘေးဘီကို ဝေ့၀ဲ လိုက်တော့တယ်။
အလွန်လျင်မြန်စွာနဲ့ပဲ အစေခံ အမျိုးသမီး အယောက် နှစ်ဆယ် ရောက်ရှိလာတော့တယ်။ သူတို့ တော့ မနီးမဝေး နေရာကနေ စောင့်ဆိုင်းနေ ဟန်ပါပဲ။
…
ဒါက ဖန်ကျန်းရှီရဲ့ ပထမဆုံး အကြိမ် ရွှေရောင် မြို့တော်ကို လာရောက် တာတယ် ထုံးစံ အတိုင်း သူ အတော်လေးကို စပ်စု ချင်နေတယ်။
ရန်ရွှယ်ကတော့ ဒီ မြို့တော်ကို ခနခန ရောက်ပင်မယ့်လည်း လမ်းညွှန်သူကောင်း တစ်ယောက်တော့ မဟုတ်ပါ ဘူး။ ဒီနေ့မှာတော့ အဖြူရောင် ၀တ်ရုံကို ၀တ်ဆင်ထားပြီးတော့ ၀တ်ရုံပေါ်မှာတော့ ၀ါးပင် မှင် ပန်းချီ ရှိနေခဲ့တယ်။ ရန်ရွှယ်ရဲ့ အသွင်ပြင်တော့ ပိုပြီးတော့ အေးစက်စွာ ထည်ဝါ နေခဲ့တယ်။
လမ်းတစ်လျှောက်လုံးမှာတော့ ရန်ရွှယ်က စကားတစ်ခွန်းမှ မပြောပဲ အလွန်ကို စိတ်အေး သက်သာ စွာနဲ့သာ ဖန်ကျန်းရှီနဲ့ ပုခုံးချင်း ယှဉ်ပြီး လျှောက်နေခဲ့တယ်။
အနည်းဆုံးတော့ သူ့ဘေးမှာ ရန်ရွှယ်ရှိနေတဲ့ အတွက် အနည်းဆုံးတော့ နတ်ဆိုးကျောင်းတော်ကို ရှာဖို့ မခက်ခဲတော့ ဘူး။
ရှစ် နှစ်တောင် ကြာခဲ့ပြီ ။ နောက်ဆုံးတော့ ရင်းနှီးတဲ့ သံချပ်ကာကို မြင်ရခဲ့ပြီ။ သွေးနီရောင် တြိဂံတံဆိပ် ကိုပဲ။ ဖန်ကျန်းရှီက ရုတ်တရက် အချိန်တွေ မြန်မြန် ကုန်သွားသလို ခံစားလိုက်ရတယ်။
ဒီနေ့မှာတော့ နတ်ဆိုးကျောင်းတော် ရဲ့ တံခါး ကျယ်ပြန့်စွာ ပွင့်နေခဲ့တယ်။ တပ်နီတော် ကြီးကတော့ တံခါးဘေးမှာ ရပ်နေခဲ့တယ်။ ဧည့်သည်တွေကို ကြိုဆိုဖို့ အတွက် အစေခံတွေ ရှိနေခဲ့တယ်။
“ သခင်လေး နှစ်ဦး လုံးကို နှုတ်ခွန်းဆက်သ ပါတယ်။ ” ဖန်ကျန်းးရှီနဲ့ ရန်ရွှယ်တို့ကို အစေခံတွေက နှုတ်ခွန်းဆက်လိုက်တယ်။
“ ဒါက သခင်ကြီး အတွက် လက်ဆောင်ပါ။” ရန်ရွှယ်က စာရင်း မှတ်နေတဲ့ အစေခံ တစ်ဦးကို ပြောလိုက်တယ်။
“ သခင်လေး ရန်ရွှယ်ကို သင် ကြီး အစား ကျေးဇူးတင်ပါတယ်။” နာမည်စာရင်းမှတ်နေတဲ့ အစေခံက ပြောလိုက်တယ်။ အဲ့ဒီ့နောက် စာအုပ်ထဲက စာရင်းကို ကြည့်ရင်း သူ့ရဲ့ အမူအယာကတော့ အတော်လေးကို လေးစား နေဟန် ပါပဲ။
အဲ့ဒီ့နောက် ဖန်ကျန်းရှီကို ကြည့်လိုက်တော့တယ်။
ကောင်းပြီ။
သူ တကယ့်ကို လက်ဆောင် ကောင်းကောင်း တစ်ခု ယူလာခဲ့ပါတယ်။
သူ့အိတ်ထဲကနေ အထုပ် တစ်ခုကို ထုတ်လိုက်ပြီးနောက် အစေခံရဲ့ လက်ထဲကို ထဲ့လိုက်တော့တယ်။
အစေခံကတော့ လက်ဆောင်ကို ယူလိုက်ပြီး စာရင်းမှတ်နေတော့တယ်။ သူ့ရဲ့ မျက်နှာကတော့ အတော်လေးကို မချိုမချဉ် ဖြစ်နေတော့တယ်။
“ ကန်းစွန်းဥခြောက် တစ်ပေါင် ။ မြေပဲ အိတ် တ၀က်။ မှိုင်းတိုက် အသားကင် နှစ်တုံး …”
“သခင်လေး ဖန် ။ လက်ဆောင်ထုပ် မှားယူ လာတာတော့ မဟုတ်ပါ ဘူးနော်။ ” စာရင်းမှတ်နေတဲ့ အစေခံက ပြောလိုက်တယ်။
“ဒီ ပစ္စည်းတွေ အကုန်လုံးက ငါ့ ဇာတိထွက် ရှားပါး အိမ် ဖြစ် ပစ္စည်းကောင်း ပစ္စည်းသန့်တွေပဲ။ သခင်ကြီး နှစ်သက်မယ်လို့ မျှော်လင့် ပါတယ်။” ဖန်ကျန်းရှီက သူ့ရဲ့ ခေါင်းကို အသေအချာ ငြိမ့်ရင်းပြောလိုက်တော့တယ်။ ဒါက သူတို့တောင်ပေါ်ထွက် ပစ္စည်းကောင်းတွေ တခြား ဘယ်မှာမှ မရနိုင် ဘူး။
သူ့ရဲ့ အရင်လောကမှာ ဆိုရင် ပိုက်ဆံ ရှိရင်တောင် ဒါမျိုးတွေက ၀ယ်လို့ ရတာ မဟုတ် ဘူး။
“ ဟ ဟဟ ဖန်ကျန်းရှီ မင်းလက်ဆောင်တွေကတော့ တကယ့်ကို အံ့ဖွယ်ပဲ။” ရယ်သံ ဖန်ကျန်းရှီ နောက်ကနေ ထွက်လာတော့တယ်။
အဲ့ဒီ့နောက် အပြာရောင် ၀တ်စုံကို ၀တ်ဆင်ထားတဲ့ နှင်းပွင့်လို ဆွတ်ဆွတ်ဖြူတဲ့ မျက်နှာ ပိုင်ရှင် တစ်ဦ ဖန်ကျန်းရှီရှေ့မှာ ပေါ်လာခဲ့တယ်။
“ သခင်လေး လုကို နှုတ်ခွန်းဆက်ပါတယ်။ ” အစေခံတွေက လူသစ်ကို မြင်ချိန်မှာတော့ စတင်ပြီး ပြုံးတော့တယ်။
“ ဟမ်။ ဒါက ရန်ရွှယ် မဟုတ် ဘူး လား။ ဒီ တောသားကောင်နဲ့ မိတ်ဆွေဖွဲ့နေတယ်လို့ အရင်တည်းက ကြားမိသား ။ မင်းတို့ နှစ်ယောက် ဒီလောက်တောင် တပူးပူး တတွဲတွဲ ဖြစ်နေမယ်လို့ မထင်ထား မိ ဘူး။ ” အပြာရောင် ၀တ်စုံနဲ့ လူငယ်တော့ အစေခံတွေကို ဂရုမစိုက်ပဲ ရန်ရွှယ်နဲ့ ဖန်ကျန်းရှီကိုသာ ကြည့်ပြီး ပြောနေတော့တယ်။
ရန်ရွှယ်ကတော့ တစ်ခွန်းမှ မပြောပါပြီး မျက်စောင်းတစ်ချက်တောင် လှည့်မထိုးပါ ဘူး။
လူငယ်ရဲ့ မျက်လုံးမှာတော့ ထိတ်လန့်ဟန်တစ်ခု ဖြစ်ပေါ်လာတော့တယ်။ သို့ပေမယ့် လျင်မြန်စွာ ပြန်လည် ပျောက်ကွယ်သွားခဲ့တယ်။ ရန်ရွှယ်နဲ့ ဆက်ပြီးတော့ မငြင်းခုံ တော့ပဲ ဘေးမှာ ရှိတဲ့ ဖန်ကျန်းရှီကို သာ လှည့်ပြီး ပြောတော့တယ်။
“ ဖန်ကျန်းရှီ မင်း ဒီ စားသောက်ပွဲကို လာဝံ့တယ်လို့ ငါ တကယ် မထင်ခဲ့မိ ဘူး။ မင်း ငါ့ရဲ့ ၀မ်းကွဲ ပြန်လာတာကို မသိ ဘူး လား။းး ….. ငါ့ရဲ့ ၀မ်းကွဲက မင်းကို အတော်လေး မုန်းနေတာ။” အပြာရောင် ၀တ်စုံနဲ့ လူငယ် ဖန်ကျန်းရှီကို လှောင်ပြုံးပြုံးရင်း ကြည့်နေခဲ့တယ်။
ဖန်ကျန်းရှီကလည်း အပြာရောင် ၀တ်ရုံဝတ် လူငယ်ကို လှည့်တောင် မကြည့်ပါ ဘူး။ အဲ့ဒီ့ အစား အစေခံတွေကိုသာ ကြည့်လိုက်တော့တယ်။
“ဒါက မြင့်မြတ်လှတဲ့ နတ်ဆိုးကျောင်းတော်ကြီးရဲ့ ဧည့်သည်တွေကို ကြိုဆိုပုံလား။”
“ ဒါက ” အစေခံတွေလဲ သတ်ိ ၀င်လာတော့တယ်။ ဖန်ကျန်းရှီကို ကြည့်လိုက်ပြီးနောက် အပြာရောင် ၀တ်ရုံဝတ် လူငယ်နဲ့ ရန်ရွှယ်ကို ကြည့်လိုက်တယ်။ သူတို့ရဲ့ အမူအယာကတော့ ပြောင်းလဲသွားတော့တယ်။ “ သခင်လေး လု။ သခင်လေး ရန်ရွှယ်။ သခင်လေး ဖန်။ ကြွပါ။”
ဖန်ကျန်းရှီက ခေါင်းငြိမ့်လိုက်တယ်။ အဲ့ဒီ့နောက် ရန်ရွှယ် နတ်ဆိုးကျောင်းတော်ထဲကို ၀င်သွားတော့တယ်။
နတ်ဆိုးကျောင်းတော်ရဲ့ တံခါးကို ရောက်သွားချိန်မှာတော့ ဖန်ကျန်းရှီ နောက်ကို ပြန်လှည့်ကြည့်လိုက်တယ်။ အပြင်မှာ ရပ်နေတဲ့ အပြာရောင်ဝတ် ကျောင်းတော်သားကို မြင်ချိန်မှာတော့ လက်ခလယ် တစ်ချောင်း ထောင်ပြလိုက်တယ်။
“ငတုံးကောင်”
သူ့ရဲ့ အသံကတော့ ကြည်လင် ကျယ်လောင် လှတယ်။ ဒါတင် မက ပါ ဘူး။ သူ့ရဲ့ အသံ ရှင်းလင်းလွန်းလို့ အစေခံတွေတောင် ကောင်းကောင်း ကြာရတယ်။ နတ်ဆိုးကျောင်းတော်ရဲ့ အပြင်ဘက်မှာ စောင့်ဆိုင်းနေတဲ့ တပ်နီတော်ကြီး တောင်မှ ဖန်ကျန်းရှီ ပြောလိုက်တာကို ကောင်းကောင်း ကြားနိုင်တယ်။
အပြာရောင် ၀တ်စုံဝတ် လူငယ်ရဲ့ အမူအယာ တော့ မည်းမှောင်သွားတော့တယ်။
“ အာ ဟုတ် သားပဲ။ သူပြောနေတဲ့ ၀မ်းကွဲက ဘယ်သူလဲ။” နတ်ဆိုးကျောင်းတော်ရဲ့ တံခါးကို ၀င်သွားချိန်မှာတော့ ဖန်ကျန်းရှီက သူ့ဘေးမှာ ရပ်နေတဲ့ ရန်ရွှယ်ကို မေးလိုက်တယ်။
“ စစ်နတ်ကျောင်းတော်က တောင်ပိုင်းဒေသကို စောင့်ကြပ်တယ်။ နတ်ဆိုးကျောင်းတော်ကတော့ မြောက်ပိုင်းဒေသကို စောင့်ကြပ်တယ်။ တောင်နဲ့ မြောက် ကွာခြားပေမယ့် သူတို့ သွေးသား တော်စပ် ကြတယ်။ ဒီ လူက စစ်နတ်ကျောင်းတော်က ကိုးယောက်မြောက်သား ဖြစ်တယ် ။ ဒါကြောင့် သူ့ရဲ့ ၀မ်းကွဲက ဖြစ်နိုင်တာ….” ရန်ရွှယ်က လမ်းလျှောက်ရင်းနဲ့ ရှင်းပြနေတယ်။
“းး …. သူ့ရဲ့ ၀မ်းကွဲက ချီကူယန် လို့ တော့ မပြောတာ ကောင်းလိမ့်မယ်။ ” ဖန်ကျန်းရှီက ပြုံးရင်း ပြောလိုက်တယ်။
“ အတိအကျပဲ။” ရန်ရွှယ်က ဖန်ကျန်းရှီကို လည်ပြန်ကြည့်ရင်း အသေအချာကို ခေါင်းငြိမ့် နေတော့တယ်။
“…” ဖန်ကျန်းရှီရဲ့ မျက်နှာပေါ်က အပြုံးတော့ အေးခဲ သွားတော့တယ်။