နတ်ဘုရား မုခ်ဝ - Chapter - 158 သူတစ်ပါး အတွက် ပြစ်ဒဏ်သင့် ခံရသူ
သူမ ငယ်ရွယ်စဉ် ကလေး ဘ၀တည်းက ဒီ လို မျိုး တစ်ခါမှ အကျောမခံရ ဖူးဘူး။ ဒါကို လက်မခံနိုင်သလို လက်စားပြန်ချေဖို့ကိုလည်း ကျိန်ဆိုခဲ့တယ်။
“ ငါ သတ်ချင်လာပြီ။” သူမ ဟာ ပေါက်ကွဲတော့တယ်။ ဒါက ပထမဆုံး အကြိမ် အနေနဲ့ ဒီလောက်ထိ စုတ်ဖွားသွားတာ ဖြစ်တယ်။
အမျိုးသမီးငယ်လေးကို ကြည့်လိုက်ပြီးတော့ လူငယ် ဟာ ခေါင်းခါ လိုက်တယ်။ သူမရဲ့ မျှော်လင့်ချက်ကိုတော့ မဖျက်ဆီးချင်ပေမယ့်လည်း သွေးထွက်အောင် မှန်တဲ့ အမှန်တရားကို တော့ သတိပေးသင့်တယ်လို့တော့ တွေးမိတယ်။
“ ဒါပေမယ့် မင်းသူ့ကို ရိုက်နိုင်မှာတောင် မဟုတ် ဘူး။ သူက ကောင်းကင်ေ၇ာင်ပြန် အဆင့်ကို ရောက်နေပြီ။”
“ ….” သူမရဲ့ နှုတ်ခမ်းတွေကတော့ တဖြည်းဖြည်း ပွင့်ဟ လာတော့တယ်။ ဒါက ပထမဆုံးအနေနဲ့ ဒီလောက်ထိ အကူအညီမဲ့သလို ခံစားရတာ ဖြစ်တယ်။ “ဟုတ်တယ်။ ဖန်ကျန်းရှီက ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်နေပြီ ။ သူ့လိုမျိုး တခြားသူ တစ်ယောက်က ဘယ်လို တိုးတက် နိုင်မှာလဲ။”
“ အရှက်မရှိ ။ သိက္ခာမဲ့တဲ့ကောင်။ ငါ အသေ ကိုက်သတ် ပြစ်မယ်။” မိန်းမငယ်လေးဟာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ အကယ်၍ သူ့ကို လူကိုယ်တိုင် ထိခိုက်အောင် မလုပ်နိုင် ဘူး ဆိုရင်တောင် တခြားသော နည်းလမ်းတွေ သူမမှာ ရှိသေးတယ်။ ဥပမာ အားဖြင့် ကုတ်လို့ရတယ်။ ကိုက် လို့ ရတယ်။ ဖန်ကျန်းရှီ ကို နာကျင်အောင် တစ်ခုခု လုပ်ရမှ ကျေနပ်နိုင်မယ်။
“ ကိုက်သတ်မယ်။” လူငယ်ကတော့ လွန်မင်းစွာ စိတ်ပျက်နေဟန်နဲ့ မိန်းကလေးကို ကြည့်လိုက်ပြီးတော့ သက်ပြင်းချလိုက်တယ်။ “ ကိုက်နိုင်မယ်လို့လည်း မထင် ဘူး။”
“ အကို ကိုး ။ ဘာ .. ဘာလို့ အပြင် လူကို ကူပြောနေတာလဲ။” မိန်းမငယ်လေးရဲ့ မျက်လုံးတွေကတော့ ရီဝေလာပြီး မျက်ရည်ပေါက်တွေ စီးကျ လာတော့တယ်။
လူငယ်ကလည်း ဒါကိုတော့ တောင့်မခံနိုင်ပါ ဘူး။ နောက်ဆုံးတော့လည်း နှစ်သိမ့်ပေးရတော့မှာဖြစ်တယ်။
“ ကောင်းပြီလေ။ မငိုနဲ့တော့ ငါ ကူညီပေးမယ်။”
“ အကို တကယ်ပဲ ကူညီချင်ရင် ။ ခရမ်း လျှပ်စီးလေးကို ပေးပါလား။”
“ဒါဆို ကူညီမှာကို မေ့လိုက်တော့။”
“ တစ်လ လောက် ငှားရင်ကော”
“မရဘူး။”
“ လ၀က် ။ ၇ရက်။ သုံးရက် ။ တစ်ရက်.၊”
“မရ ဘူး။ နင့်ကို ၂ နာရီတောင် မငှားနိုင် ဘူး။ ဒီ ကလူတိုင်း နင့် အကြောင်း သိတယ်။ နင့်ကို တစ်ခါ ပေးလိုက် တာနဲ့ ပြန် မရနိုင်တာသိတယ်။” လူငယ် က ပြုံးပြီးတော့ ထွက်ခွာသွားတော့တယ်။
အမျိုးသမီးငယ်လေးကတော့ တဖွဖွ ရေရွတ်နေခဲ့တယ်။ “ ဖန်ကျန်းရှီ နင် ငါ့ရဲ့ ခရမ်းလျှပ်စီးလေးကို လည်း လက်လွှတ်ရအောင် လုပ်တယ်။ နောက်ပြီး တော့ နှင်းဖြူလေးကိုရော”
…
နှင်းဖြူလေးကတော့ ဖန်ကျန်းရှီ စီးနင်းသွားပြီ ဖြစ်တယ်။ စစချင်းမှာ အတော်လေးကို ရုန်းကန်ပေမယ့်လည်း သုံးလေး ငါး ခြောက် ချက်လောက် ကန်လိုက်ပြီး နောက်မ်ှာတော့ ဒီ ပြဿနာက ဖြေရှင်းပြီးသား ဖြစ်သွားတော့တယ်။
နှင်းဖြူလေးကတော့ ဖန်ကျန်းရှီ စီးနင်းတဲ့ အတွက် ငိုကြွေးနေတဲ့ ပုံပါပဲ။
မြင်းမျိုးကောင်း တစ်ကောင် အပြင် ထူးခြားတဲ့ သွေးဆက် မျိုးနွယ် မြင်းပျံ တစ်ကောင်ရဲ့ အငွေ့အသက် ဟာ ပတ်ဝန်းကျင်ကို ပြောင်းလဲ စေတယ်။ ဒီလိုမျိုး ထူးခြားတဲ့ အမည် နာမ နှင်းလို တောက်ပတဲ့ အသွင်ရှိတဲ့ အပြင် သွားခဲ့တဲ့ လမ်း တစ်လျှောက်မှာ ခွာရာ မကျန်ခဲ့တဲ့ ထူးခြား ချက်ဟာ တကယ့်ကို နှစ်လိုဖွယ် ကောင်းမယ်။
ဒီ ကျောက်စိမ်း နှင်း မြင်းပျံကို ဘယ်သူ ပိုင်ဆိုင်လဲ ဆိုတာ လူတိုင်း သိကြတယ်။ မည်သူကမှ မလှည့်စား ၀ံ့တဲ့သူ တစ်ဦး။
အခုတော့ ဒီ ကောင်စုတ်လေးက ခိုး လာပြီး ရောင်းဖို့ ပြင်နေပြီ။
အကိုကြီး ။ မြင်းရောင်းတဲ့ ဈေးက ဘယ်မှာလဲ။ သိလား။” ဖန်ကျန်းရှီက ဆိုင်ရှင်နဲ့ တူတဲ့သူ တစ်ဦးကို မေးလိုက်တယ်။
လူငယ်ကတော့ ဖန်ကျန်းရှီဆီ စီးနင်းလှတဲ့ မြင်းကောင်းကြီးကို ငေးကြည့်ရင်းနဲ့ ပြန်ဖြေလိုက်တယ်။
“ အေ၇ှ့ဘက်။ မြင်းဈေးက အေ၇ှ့မှာ ၇ှိတယ်။” လူငယ်ကတော့ ဖန်ကျန်းရှီ အကြောင်းကို မသိပါ ဘူး။ ဒါပေမယ့်လည်း ကျောက်စိမ်းနှင်းကို စီးနင်း လာသူ ဟာ နှယ်နှယ် ရရ မဖြစ်နိုင်တာကိုတော့ သူ ကောင်းကောင်းသိတယ်။
“ကျေးဇူးပါပဲ၊“ ဖန်ကျန်းရှီက ဒင်္ဂါးပြား အတွဲလိုက်ကိုထုတ်ပြီးတော့ ပေးလိုက်တယ်။
လူငယ်ကတော့ လေထဲက လွင့်လာတဲ့ ဒင်္ဂါးတွေကို လက် နှစ်ဖက်နဲ့ ဖမ်းလိုက်တယ်။ ဒါပေမယ့်လည်း ကြေးပြားတွေ ဖြစ်နေတာကို တွေ့လိုက်ချိန်မှာတော့ သူလည်း အတော်လေးကို စိတ်ပျက်သွားခဲ့တယ်။ ဒီလောက်တောင် ကပ်စေးနဲရသလား။
…
မြင်းဈေးကတော့ အတော်လေးကို လှုပ်ရှား သက်ဝင်နေခဲ့တယ်။ ရောင်းသူ ၀ယ်သေူတွေဟာ ပျားပန်းခတ်မျှကို လှုပ်ရှားနေပြီးတော့ ငွေ အနံ့တွေ ဟာလည်း ပျံ့လွင့်နေတယ်။
ဖန်ကျန်းရှီ ရောက်လာချိန်မှာတော့ အုတ်အော်သောင်းနင်း ဖြစ်သွားတော့တယ်။
“ ကျောက်စိမ်းနှင်းပဲ။”
“ တကယ့်ကို ကျောက်စိမ်း နှင်း စစ်စစ်ပဲ။ တကယ်ပဲ ကျောက်စိမ်းနှင်းကို လာရောင်းတဲ့သူ ၇ှိနေတယ်။ ”
ဖန်ကျန်းရှီ ကျောက်စိမ်းနှင်းကိုေ၇ာင်းမယ် ဆိုတဲ့ အတွေးကို သိသွားချိန်မှာတော့ေ၇ာင်းသူ ၀ယ်သူတွေ အကုန်လုံးဟာ သိပ်ကို စိတ်လှုပ်ရှားသွားကြတော့တယ်။ ဒါက တော်ဝင် မျိုးနွယ်တွေ အရမ်းကို နှစ်သက်တဲ့ မြင်းမျိုးပဲ။
“ အောင်စ တစ်သာင်း ပေးမယ်။”
“ မင်းက ဒီ ကောင်လေးကို ခေါင်းပုံဖြတ်ဖို့ စဉ်းစားနေတာလား ။ လူငယ်လေး ။ ငါ မင်းကို အောင်စ ၁ သောင်း ၅ ထောင်ပေးမယ် ။”
“ ဖယ် စမ်းပါ။ ငါမင်းကို အောင်စ သုံးသောင်း ပေးမယ် ။ အပေး အယူ ဖြစ်ပြီလား။ ”
“ ငါးဆယ်။ ငါ အောင်စ ငါးသောင်းပေးမယ်။”
သိပ်မကြာခင်မှာပဲ ကျောက်စိမ်းနှင်းဟာ ရောင်းထွက်သွားတော့တယ်။ သူ ဒါကို ၆၈၈၈၈ ( ခြောက်သောင်း ရှစ်ထောင့် ရှစ်ရာ ရှစ်ဆယ့် ရှစ် ) အောင်စ နဲ့ ရောင်းထွက်သွားတာ ဖြစ်တယ်။ မယုံနိုင်စရာ ကောင်းလောက်အောင် များပြားလှတဲ့ ပမာဏပဲ ဖြစ်တယ်။
၀ယ်သွားသူကတော့ မျက်ပေါက် ကျဉ်းကျဉ်းနဲ့ လူငယ်လေး တစ်ဦးဖြစ်တယ်။ သူ့ရဲ့ ၀တ်ဆင်ပုံအရ ကြွယ်ဝတဲ့ မိသားစု တစ်ခုက သူ ဖြစ်မှန်း သိသာတယ်။
ကျောက်စိမ်းနှင်းရဲ့ ဇက်ကြိုးကို ငြင်ငြင်သာသာလေး ဆွဲထားရင်းနဲ့ ထွက်ခွာသွားတဲ့ ဖန်ကျန်းရှီကို ကြည့်နေတော့တယ်။ သူ ဟာ လှောင်ရယ်နေတာ ဖြစ်တယ်။ “ ဒီ ကောင် တစ်ကယ်ပဲ ကျောက်စ်ိမ်းနှင်းကို အောင်စ ၇သောင်းထက်လျော့ပြီးတော့ကို ရောင်းသွားတယ်။ ဘယ်လောက်တောင် အလိုက်လဲ ကောင်လဲ။ ဒီ တစ်ခါတော့ ၀မ်မျိုးနွယ်တွေကို ဘာက မြင်းစစ်လဲ ဆိုတာ ပြရသေးတာပေါ့။ နောက်တစ်ခါ ငါ့ကို မလှောင်ရဲတော့အောင် ပညာပြရသေးတာပေါ့။”
…
ဖန်ကျန်းရှီက သူ ဈေးကောင်းမရမှန်း သိတယ်။ ဒါပေမယ့်လည်း သူ စိတ်တော့ မဆိုးပါ ဘူး။ ငွေက ဘုရင်ပဲ။
ဘာမှ များများစားစား မလုပ်လိုက်ရပဲနဲ့ ငွေသား အောင်စ ခြောက်သောင်းနဲ့ ရွှေသား အောင်စ တစ်ရာ ရလာတာ။ ဖန်ကျန်းရှီဟာ အတော်လေးကို အူမြူးနေပြီးတော့ ရန်၇ွှယ်ကို အစားအသောက် ဖိတ်ကျွေးတော့တယ်။
လေလေး တစ်ချွန်ချွန်နဲ့ တည်းခိုခန်းကို ပြန်လာခဲ့တယ်။
…
စစ်သည်ဟာတော့ မိန်းကလေး အနားမှာ ရပ်နေခဲ့တယ်။ သူ့ေ၇ှ့က ဒီ မိန်းကလေးဟာ ဒေါသ ပေါက်ကွဲနေပြီး အေးစက်လွန်းနေမှန်း သိသာလှတယ်။
“ နင်ပြောတာ။ ငါ့်ရဲ့ကျောက်စိမ်းနှင်းလေးကို ဖန်ကျန်းရှီက ရောင်းစားသွားတယ်တဲ့လား။” မိန်းမငယ်လေးက ဖန်ကျန်းရှီ ဒီ လိုမျိုး လုပ်မယ် လို့ တစ်ခါမှ မထင်ခဲ့မိပါ ဘူး။
“ဟု တ် ပါတယ်။ ” စစ်သည်ဟာတော့ ကြောက်လွန်းလို့ တုန်ယင်နေခဲ့တယ်။
“ ဘယ်လောက် ဈေးနဲ့ေ၇ာင်းလားသွားတာလဲ။”
“ အောင်စ ခြောက်သောင်းကျော်နဲ့ေ၇ာင်းသွားတာ ထင်ပါတယ်။”
“ ဘာ။ ငါ့ ကျောက်စိမ်းနှင်းကို အောင်စ ခြောက်သောင်းတည်းနဲ့ ရောင်းတယ်။ ယုတ္တိ မရှိလိုက်တာ။” မိန်းကလေး ဟာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ “ သူ ဘယ်သူ့ကို ရောင်း လိုက်လဲ သိလား။”
“ဟန် ထျန်းကျန်း ကိုပါ။ ဟန်ချန်ဖုန်းရဲ့ ဒုတိယသား”
“ ဟန် ထျန်း ကျန်း၊ ။ တော်ဝင်ကျောင်းတော်က စာစစ်သူ ရဲ့ ဒုတ်ိယ သားပဲ မလား။ ဘယ်လိုတောင် ဖြစ်နိုင်ရတာလဲ။ ငါ့ရဲ့ ကျောက်စိမ်းနှင်းကို ဘယ်လိုတောင် ၀ယ်ရဲ ရတာလဲ။ ဟန် အိမ်တော်ကို သွားပြီးတော့ ငါ့ မြင်းကို ပြန်ယူမယ်။ နောက်ပြီးတော့ သူခိုးကိုလည်း ဖမ်းမယ်။ ”
“ အမိန့် အတိုင်းပါ။”
…
ဟန် အိမ်တော် အတွက်တော့ တကယ့်ကို ကံဆိုးတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့တယ်။ ဟန်ထျန်းကျန်းကတော့ ခုထိကို မယုံနိုင် သေးဘူး ဖြစ်နေတယ်။ အတော်လေးကို ပျော်ရွှင် တက်ကြွနေခဲ့တာသာ ဖြစ်တယ်။ ခုဏ ကပဲ ကျောက်စိမ်းနှင်းကို ကိုယ်တိုင် ၀ယ်လာခဲ့တာ ဖြစ်တယ်။
“ ငါ့၇ဲ့ ကျောက်စိမ်း နှင်း အတွက် သီးသန့် မြင်းဇောင်းကို ဆောက်ပေးလိုက်။ သာမာန် ကောင်တွေနဲ့ ကောင်မလေးက အတူမနေနိုင် ဘူး။ ”
“ အမိန့် အတိုင်းပါ သခင်။”
“ ဟား ဟား ဟား” ဟန် ထျန်းကျန်းကတော့ ရယ်မောနေခဲ့တယ်။ သူ့ရဲ့ မျက်နှာကို မော့ချီထားပြီးတော့ သူ့ ကို သံသယ လာဝင်နေတဲ့သူကို ခပ်ချေချေ ဆက်ဆံနေခဲ့တယ်။
ဒါပေမယ့်လည်း ဟန်ထျန်းကျန်းရဲ့ အပြုံးတွေကတော့ သိပ်မကြာခင်မှာပဲ အေးခဲ သွားတော့တယ်။
ဘာကြောင့်လဲ ဆိုတော့
သံ ချပ်ကာ တပ်ကြီး တစ်ခုဟာ သူ့ အိမ်ရှေ့မှာ ရောက်နေတာကြောင့်ပဲ ဖြစ်တယ်။ ဒီ မြို့တော်ထဲမှာတောင် တော်ဝင်ကျောင်းတော် အုပ်ချုပ်သူ အိမ်ရှေ့မှာ စစ်တပ်နဲ့ လာဝိုင်းရဲတဲ့သူ အနည်းငယ်ပဲ ၇ှိတယ်။
မြင်းတစ်ကောင်ရဲ့ ဇက်ကြိုးကို ကိုင်ထားတဲ့ ကောင်မလေးကို မတွေ့ခင် အထိပဲ ဖြစ်တယ်။
သူမက နတ်သူငယ် တစ်ဦးနဲ့ တူတယ်။ ကြည်လင်တောက်ပ လှတဲ့ မျက်ဝန်းပြာပြာတွေဟာ သူမရဲ့ နတ်ဆိုးသဖွယ် နှလုံးသားကို ကာဆီးထားတယ်။
နောက်ပြီးတော့ သူမရဲ့ ကျောက်စိမ်းနှင်းမြင်းပျံ ခိုးခံရတယ်။
ဟန်ထျန်းကျန်းက ဒီ အချက်ကိုတော့ မငြင်းနိုင် ဘူး။ ဒါပေမယ့်လည်း ဘာကြောင့် ကြိမ်ဒဏ် အချက် ၅၀ ခံလိုက်ပြီး မြင်းသူခိုး ဖြစ်သွားတာလဲ ဆိုတာကိုတော့ သူ ကောင်းကောင်း မသိဘူး။
သူက ၀ယ်လာတာလေ။
ငွေ အစစ်တွေ သုံးပြီးတော့ကို ၀ယ်လာတာ။
“ မတရား စွပ်စွဲ ခံရတာပါ။” ဟန်ထျန်းကျန်းကတော့ ဟန်အိမ်တော်ထဲကနေ ဆွဲထုတ်ခံလာရပြီးတဲ့နောက် သူ့ရဲ့ မျက်လုံးကျဉ်းကျဥ်းလေးတွေထဲမှာ ၀မ်းနည်းမှုတွေနဲ့ ပြည့်နှက်စွာ ကောင်းကင်ကိုသာ စိုက်ကြည့်နေတော့တယ်။
…
မိန်းမငယ်လေးကတော့ စိတ်ထဲမှာ နာကျင်နေတော့တယ်။ သူမရဲ့ နှင်းဖြူလေး တင်ပါးမှာ နီရဲနေတဲ့ ဖိနပ်ရာတွေကို အထင်အရှားမြင်လိုက်ရတာကြောင့်ပဲ ဖြစ်တယ်။ နှင်းဖြူလေး နှိပ်စက် ခံရတယ်။
“ ဖန်ကျန်းရှီ။ ငါနင့်ကို အသေ ကိုက်သတ် ပြစ်မယ်။”
သူမဟာ နှင်းဖြူလေးကို အသက်တမျှ တန်ဖိုးထားတာ ဖြစ်တယ်။ သူမရဲ့ နှင်းဖြူကို ကန်ကျောက်ဖို့ မပြောနဲ့လေသံ မာမာတောင် မပြောသူ ဖြစ်တယ်။ ဒါကြောင့် သူမရဲ့ မြင်းကို စော်ကားတာဟာ သူမကို ထိပါးတာပဲ ဖြစ်တယ်။
အခု ချိန်မှာတော့ သူမရဲ့ ဒေါသ ဟာ ငယ်ထိပ်ထိေ၇ာက်နေပြီ ဖြစ်တယ်။
…
ဖန်ကျန်းရှီကတော့ မြို့တော်ကနေ လွှင့်ထွက်သွားနိုင်စေတဲ့ မုန်တိုင်းတစ်ခုကို အစပျိုးမိခဲ့ပြီမှန်း မသိပါ ဘူး။ အခုချိန်မှာတော့ သူဟာ မြို့တော်က အကောင်းဆုံးစားသောက်ဆိုင်မှာ သက်တောင့်သက်သာနဲ့ကို ထိုင်နေတယ်။
“ အကောင်းဆုံးဟင်းတွေ ယူလာခဲ့။” ဖန်ကျန်းရှီက စားပွဲထိုးကို ကြည့်ရင်းပြောလိုက်တယ်။
ရန်၇ွှယ်ကတော့ ဖန်ကျန်းရှီကို စိတ်ရှုပ်ရှုပ်နဲ့သာ ကြည့်နေတယ်။ ဖန်ကျန်းရှီက သိပ်ပြီးတော့ စိတ်သဘောထား ကြီးမြင့်တဲ့သူ မဟုတ်မှန်း သူ ကောင်းကောင်းသိတယ်။ စားစရာတွေ မှာ ပြီင်္းရင်တောင် ငွေ မရှင်းချင်တဲ့သူ ။
“ ဘယ်လောက်တောင် ပျော်စရာကောင်းတဲ့ အဖြစ်လဲ။”
“ မဟုတ် ဘူး။ အကုန်လုံးတော့ ပျော်စရာကြီး မဟုတ် ပါ ဘူး။ နည်းနည်း ကံကောင်းလာတာလေးပါ။” ဖန်ကျန်းရှီက ရန်၇ွှယ် အလွန် အင်မတန်ကို ချမ်းသာ လှတာ ကောင်းကောင်းသိတယ်။ ဒီလို ငွေသား အောင်စ ၆သောင်း ဆိုတာလည်း ကံကောင်းတာလောက်ပဲ ရှိမှာပါ။
“ ဘယ်လောက်များလဲ။”
“သိပ်မများဘူး။ ငွေသား အောင်စ ၆ သောင်းပဲ။ ” “အော်။” ရန်၇ွှယ်က ဖန်ကျန်းရှီကို ကြည့်လိုက်တယ်။ ဒီ ပမာဏကတော့ အံ့သြ စရာ မဟုတ် ပါဘူး။ ဒါပေမယ့်လည်း ၂နာရီ လောက် အတွင်းမှာ ဒီ လောက် များများကို ဘယ်လို ရလာလဲ ဆိုတာ သူ တကယ့်ကို နားမလည်နိုင် ဘူး။
ဒါပေမယ့်လည်း ထပ်ပြီးတော့ မမေးတော့ ပါဘူး။
သူတို့ နှစ်ဦးဟာ စတင်ပြီး ပျော်၇ွှင်စွာ စားသောက်ကြတော့တယ်။
ဖန်ကျန်းရှီနဲ့ ရန်၇ွှယ်ရဲ့ ပျော်၇ွှင်မှုတွေကတော့ စစ်တပ်တဲ ထဲမှာ ထိုင်နေတဲ့ သွမ့် အရှင်ကိုတော့ မရိုက်ခတ်ပါဘူး။ သူ့ရဲ့ မျက်ခုံးတွေကတော့ အတော်လေးကို ရှုံ့တွနေခဲ့တယ်။
“ တခြား အမြင် မရှိတော့ ဘူးလား။” အကြီးအကဲ ၀မ်နဲ့ သူ့ရဲ့ အခြားသော အကြံပေးပုဂိုလ်တွေကို ကြည့်လိုက်တယ်။ သူ့ရဲ့ အမူအယာကတော့ နာကျင်နေဟန်ပါပဲ။
ဖန်ကျန်းရှီ အဆင့်တက်သွားတဲ့ သတင်းက ဒီ လောက်ထိ လျင်လျင် မြန်မြန် ပျံ့နှံ့သွားလိမ့်မယ်လို့ မထင် ထားခဲ့ ဘူး။ သူ့ရဲ့ လူတွေ မရောက်ခင်မှာပဲ မြို့တော်ကို သတင်းကေ၇ာက်နေခဲ့ပြီ။
အခု ချိန်မှာ အရှေ့ပိုင်း နန်းတော်ကိုသွားရင်တောင် ဘာ မှ ဖြစ်လာ နိုင်မှာ မဟုတ် ဘူး။
“ အခု ချိန်မှာ နောက်က်တစ်လ မတိုင်ခင် ဖြစ်လာမယ့် ကိစ္စ အတွက် ကြိုတင်ဆွေးနွေး ဖို့ လိုလာပြီ။ ဒါပေမယ့်လည်း သုခမ်ိန်ကတော့ ဆုံးဖြတ်ချက်ကို မလုပ်ရသေး ဘူး။ ဆက်ပြီးတော့ တိုက်ခိုက်မယ် ဆိုရင် ဥာဏ်မရှိ၇ာ ကျမယ်။ ” အကြီးအကဲ ၀မ်က ခေါင်းခါလိုက်တယ်။
“ လက်ထောက် စာစစ်သူ အဖြစ် ပါဝင်ဖို့ ပြောနေတာလား။” သွမ့်အရှင်ကတော့ သိပ်မပျော်တဲ့ပုံပါပဲ။ သူက အဓိက စာစစ်သူဖြစ်ချင်တာ။ အခုလို ဒုတ်ိယ နေရာပဲ ရမယ် ဆိုရင်တော့ သက်ေ၇ာက်မှုက လုံးဝကို ကွာခြား သွားလိမ့်မယ်။
“ သွမ့် အရှင် ။ ကျွန်တော့်မှာ အစီ အစဉ် ရှိတယ်။ ” သက်လတ်ပိုင်း လူရွယ် အကြံပေး တစ်ဦးက ပြောလိုက်တယ်။