နတ်ဘုရား မုခ်ဝ - Chapter - 171 အတွေးအခေါ် စာမေးပွဲ ၏ ခက်ခဲမှု
“ ဘာကြောင့်လဲ ဆိုတော့ ငါလည်း စာမေးပွဲ ၀င်ဖြေမှာမို့ပဲ။”
“ အမ်။ မင်း လည်း ဖြေမယ်။ ” ဖန်ကျန်း၇ှီ က ပင်းယန်ရဲ့ ထူးဆန်းနေတဲ့ ကျောင်းတော်သား ၀တ်စုံကိုကြည့်လိုက်တယ်။ နန်းတော်က မင်းသမီးလေးက မြစ်ပြင်ထဲက အံစာတုံးတွေနဲ့ အတူတူ စာမေးပွဲဖြေမယ်။ ဒီကိုလာတာ ရုံးတော်သား ဖြစ်ဖို့လည်း မဖြစ်နိုင်ဘူး။ အကြောင်းရင်းတစ်ခုပဲ ၇ှိနိုင်တယ်။
အပျော်လာဖြေလာ။
ဒါပေမယ့်လည်း တော်ဝင်စာမေးပွဲက ကြမ်းတမ်းပြင်းထန်တယ်။ တော်ဝင်စာမေးပွဲကို ဖြေခွင့်ရဖို့ ဒေသတွင်းစာမေးပွဲနဲ့ မြို့တော် စာမေးပွဲကို ဖြတ်ကျော်ပြီးတော့မှ တော်ဝင် စာမေးပွဲကို ၀င်ခွင့်ရမယ်။
ပင်းယန်က ဒေသတွင်း စာမေးပွဲနဲ့ မြို့တော် စာမေးပွဲကို ဖြေလို့လား။
သေချာပေါက် မဖြေဘူးပေါ့။
“ ဘာလဲ ငါ ဖြေလို့ မရဘူးလား။” ပင်းယန်ကတော့ ဖန်ကျန်းရှီ ဘာတွေ တွေးနေလဲ မသိပါဘူး။ သူမရဲ့ မျက်နှာကတော့ ဒေါသထွက်နေဟန်ပါပဲ။
“ ဒါပေါ့ ဖြေလို့ ရတယ်။ ဒါပေမယ့်လည်း မင်းရဲ့ ၀င်ခွင့်ကတော့ အတုပဲ။ မဟုတ်ဘူးလား။” ဖန်ကျန်းရှီက ပင်းယန် မေးခွန်းခိုးလာတာကိုတော့ ယုံတယ်။ ဒါပေမယ့်လည်း တော်ဝင်ကျောင်းတော်ကြီး တစ်ခုလုံးကတော့ သူမကို အလိုလိုက်ပြီးတော့ ၀င်ခွင့် ပေးမှာ မဟုတ်ဘူး။
နောက်ပြီးတော့ ။
ဒီနေ့ သူမ ၀တ်ထားတဲ့ ပုံစံ အရ သိသာ ထင်ရှားနေတာကတော့ ဒီကို လာတာ ပြဿနာ ရှာဖို့ပဲ ဖြစ်မယ် ဆိုတာ ကောင်းကောင်းသိနိုင်နေတယ်။
ပင်းယန်ရဲ့ မော်ကြွားနေတဲ့ ပုံစံကတော့ ၀င်ခွင့်ကတ်အကြောင်းကို ဖန်ကျန်းရှီ ပြောလိုက်ချိန်မှာ ပျက်ယွင်းသွားတော့တယ်။ ဒါပေမယ့်လည်း ပင်းယန်ကတော့ ပင်းယန်ပဲ လေ။
ဘာဖြစ်ဖြစ် တုန်လှုပ်မယ့်သူ မှ မဟုတ်တာ။
“ မှန်တာပေ့ါ။ ငါ ဒါကို အတုလုပ်တဲ့သူ ဆီမှာ ငွေသား တစ်ရာတောင် ပေးပြီးတော့ အပ်ထားရတာ။ နင်ကြည့် အစစ်အတိုင်းပဲ။ ငါ မတော်ဘူးလား။” ပင်းယန်က သူ့ အိတ်ထဲက စာမေးပွဲ ကတ်ကို ထုတ်လိုက်ပြီးတော့ ဖန်ကျန်းရှီကို ပြလိုက်တယ်။
“ ငွေသား တစ်ရာတောင် ။ မင်းက ၀က်လား။ ( ဦးနှောဏ်မရှိ ဘူးလား။) ” ဖန်ကျန်းရှီက ဒီကောင်မလေး ဘာလို့ ငွေတွေကို လွယ်လွယ် ကြဲပြစ်နေရတာလဲ လို့ တွေးနေမိတယ်။ မင်းးကိုယ်မင်း သူများ အခွင့်ရေး ယူတာ ခံရအောင် လုပ်နေတာပဲ။
“ ဘာ ပြောတယ်။ နင် ငါ့ကို ဆူဝံ့တယ် ပေါ့။ ကိုယ့်ကို ကိုယ် ပြန်၇ိုက်စမ်း”
“ နင့် အမေပဲ ရိုက်။ စာမေးပွဲမှာ ငါမင်းကို မတိုင်ဖို့ ဆုတောင်းနေသင့်တယ်။ နောက်ပြီး။ မင်း နောက်တစ်ခါ စာမေးပွဲ ဖြေဖို့ ကတ်အတုလိုရင် ငါ့ဆီလာခဲ့တယ်။ ငါ့ဆီမှာ ဈေးမကြီးဘူး။ အိုအို ပျိုပျို ဘယ်သူကအတွက် မဆို ငွေသား ကိုးဆယ့်ကိုးစ ပဲ ရှိတယ် ။ ” ဖန်ကျန်းရှီ က ပင်းယန် ကို ပြန်အော်ပြီးတဲ့ နောက် တော်ဝင် ခန်းမရဲ့ တံခါးဆီကို လျှောက်လာတော့တယ်။
“ နင် သတိထားနေ။” ပင်းယန်ကတော့ ခနတာ မျက်စိ လည်နေပြီးတဲ့နောက်မှာတော့ ဖန်ကျန်းရှီ ဒီလိုမျိုးထွက်သွားတာကို မကျေမနပ် ဖြစ်လာတော့တယ်။ “ နင် တကယ်ပဲ မလိုချင်ဘူးလား ဒီ ကလေးလေးနဲ့ ဆို နင် ပထမတန်းကို ကောင်းကောင်း ၀င်နိုင်တယ် နော်“
ပင်းယန်ကတော့ ကြည့်ရတာ သိပ်ကို သေချာနေတဲ့ပုံပါပဲ။
“သနားစရာပဲ ။ ငါက အတွေးအခေါ် စာမေးပွဲ ချန်ပီယံ ဖြစ်မှာ” ခေါင်းကို လှည့်တောင် မကြည့်ပဲ နဲ့ ဖန်ကျန်းရှီ က ပြောလိုက်တယ်။
“နင့် အခု အခြေအနေနဲ့လား။ အခုမှ ကောင်းကင်ရောင်ပြန် အဆင့်ကိုေ၇ာက်ပြီးတော့များ။ ချန်ပီယံ ဖြစ်ချင်နေသေးတယ်။ စာမေးပွဲ မကျဖို့သာ ဆုတောင်းနေစမ်းပါ။” ပင်းယန်က ဒေါသထွက်ထွက် နဲ့ အော်လိုက်ပြီးနောက် “ ဟွန့်” ခနဲ အသံပြုကာ အဆုံးသတ်လိုက်တယ်။ အဲ့ဒီ့နောက် ရန်၇ွှယ် ဘက်ကို လှည့်ရင်းမေးလိုက်တယ်။ “ရန်၇ွှယ် နင်ကော လိုချင်လား။”
“အရှင် မင်းသမီးကို ပြန်ဖြေပါတယ်။ ကျွန်တော် မလိုချင်ပါ ဘူး။ ” ကြည့်ရတာ ပင်းယန်ရဲ့ အဆင့်ကို ဖန်ကျန်းရှီထက် ပိုပြီး နားလည် ဟန်ပါပဲ။ ဒါကြောင့် သူ့၇ဲ့ လေသံကတော့ တည်ငြိမ်နေပင်မယ့်လည်း မလေးမစားပြုဟန်နည်းနည်းလေးမှ ပါဝင်မနေဘူး။
“ ဘာလို့ မလိုချင်တာလဲ။” ပင်းယန်က ဒီ အချိန်မှာတော့ အတော်လေးကို သိချင်လာတယ်။ ဖန်ကျန်းရှီ မလိုချင် တာကို သူနားလည် နိုင်တယ်။ ဒါပေမယ့်လည်း ရန်ရွှယ်က အဖြေတူတူပဲ ဖြေနေတယ်။ ဘာလဲ သူက ကော ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်နေပြီလား။
“ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်က ဒုတိယ နေရာကို ရမှာ မို့ပဲ ” ရန်ရွှယ်က ပြောလိုက်တယ်။
“ ဒုတိယ နေရာ “ ပင်းယန်က ဖန်ကျန်းရှီ နဲ့ ရန်၇ွှယ်ကို ကြောင်တောင်တောင်နဲ့ သာ စိုက်ကြည့်နေခဲ့တယ်။ သူမရဲ့ ဖန်သလင်းနှယ် မျက်လုံးတောက်တောက်တွေကတော့ သံသယတွေနဲ့ ပြည့်နေခဲ့တယ်။ “ တော်ဝင် စာမေးပွဲ ဘယ်လောက်ခက်လဲ မသိကြ ဘူးလား။ ဒါပေမယ့်လည်း တယောက်က ပထမနေရာ ယူမယ် ။ နောက်တစ်ယောက်က ဒုတိယနေရာ ယူမယ်ဆိုတော့ ငါက ဘယ်လို ဖြစ်သွားမလဲ။ ”
…
သိပ်မကြာခင်မှာပဲ တော်ဝင်ကျောင်းတော်ထဲကို ရောက်လာတဲ့ ဖန်ကျန်းရှီဟာ သူ့နောက်မှာ ပင်းယန် ပါလာတာကို တွေ့လိုက်တယ်။ သက်ပြင်းချလိုက်တယ်။
ဒီ လောကရဲ့ စာမေးပွဲ စစ်ဆေးရေး လုပ်ငန်းက အတော်လေးကို ခေတ်နောက်ကျနေတာပဲ။
ဒါပေမယ့် ဒီ အကြောင်းရင်းက စာဖြေသူတွေကို အလွှာကွဲသွားစေလိမ့်မယ်။ ဒါပေမယ့်လည်း အရေးကြီးဆုံး ကတော့ ဒီ ၀င်ခွင့်ကတ်တွေနဲ့ ပတ်သတ်ပြီး ဘယ်သူမှ ဂ၇ုစိုက်မှာ မဟုတ်တော့ဘူး။
တာအို ခန်းမကို ၀င်ခွင့်ရတဲ့သူမှသာ တာအိုစာမေးပွဲကို ဖြေနိုင်တယ်။
…
တော်ဝင်စာမေးပွဲခန်းမတွေကတော့ အတော်လေးကို အလင်းရောင် ကောင်းတယ်။ စာမေးပွဲခန်းစောင့်သူ လေးဦးရှိပြီးတော့ စာဖြေသူတွေနဲ့ မျက်နှာချင်းဆိုင် ခုံမှာ ထိုင်နေကြတယ်။
ခုံတွေဟာတော့ တစ်လုံးနဲ့ တစ်လုံး ၂ မီတာ ဆီ ကွာဝေးတယ်။ ခိုးချဖို့ဆိုတာကတော့ စိန်ခေါ်မှုကြီး တစ်ခု ဖြစ်လိမ့်မယ်။
ဖန်ကျန်းရှီ နဲ့ ရန်၇ွှယ် က ဘေးချင်း ကပ်လျက်ထိုင်နေခဲ့တယ်။
ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ ပင်းယန် ဟာ သူတို့ နောက်က နေ ကပ်လိုက် လာခဲ့တယ်။
သူမနဲ့ ကပ်မထိုင်မိဖို့ သေချာအောင် နှစ်ခုံပဲ လွတ်နေတဲ့ နေရာမှာ အသေအချာ ရွေးထိုင်လိုက်တာ ဖြစ်တယ်။
ဒါကို ပင်းယန်ကလည်း ကောင်းကောင်းမြင်လိုက်တယ်။
သူမရဲ့ အကြည့်တွေကတော့ ဖန်ကျန်းရှီ ရဲ့ ဘယ်ဘက်က ခုံကိုေ၇ာက်သွားတော့တယ်။
“ ထစမ်း ။ ဒီ ထိုင်ခုံက ငါ့ နေရာ။” ပင်းယန်က ဖန်ကျန်းရှီ၇ဲ့ ဘယ်ဘက်က ခုံကို သွားပြောလိုက်တယ်။ ဒီ ခုံဟာတော့ လက်ရှိမှာ တရုတ်ရိုးရာ ၀တ်စုံဝတ်ထားတဲ့ လူငယ် တစ်ဦး ထိုင်နေတာ ဖြစ်တယ်။
သူဟာ လက်ရှိမှာ မျက်လုံးတွေကို မှိတ်ရင်းစိတ်ကို အနားပေးနေတာ ဖြစ်တယ်။ ဒါပေမယ့်လည်း သူ့ နား မှာ စကားပြောသံကိုကြားချိန်မှာတော့ ဒေါသထွက်သွားဟန်ပါပဲ။
“ ဘယ် ရိုင်းစိုင်းတဲ့ ကောင်စုတ် လာပြောနေတာလဲ။ မင်း ရူးနေတာလား။ ဒီခုံမှာငါ ထိုင်နေ။ ” လူငယ်ဟာ စကားကို အဆုံးထိ မပြောခင်မှာပဲ ပါးစပ်ပိတ်သွားတော့တယ်။
ထူးခြား တောက်ပနေတဲ့ ဖန်သလင်း မျက်လုံးတွေနဲ့ ကျောင်းတော်သား ငယ်လေး ဟာ ဘယ်သူ ဆိုတာကို သူ သဘော ပေါက်သွားဟန်ပါပဲ။
“ ငါ့ကို အော်ဝံ့တယ်။ ကိုယ့်ကို ကိုယ် ပြန်ရိုက်စမ်း။” ပင်းယန်က စိုက်ကြည့် ရင်းပြောလိုက်တယ်။
လူငယ်ရဲ့ မျက်နှာဟာတော့ သေခါနီး လူတစ်ယောက်လို ဖြူဖျော့သွားပြီးတော့ တွေဝေချင်း မရှိပဲ သူ့ကိုယ်သူ ရိုက်၇င်း ထိုင်ခုံကနေ ထွက်ပြေးတော့တယ်။
“မင်း သ….”
“ထွက်သွားစမ်း။”
“ အမိန့် အမိန့်တော် အတိုင်းပါ။” လူုငယ် ဟာ မပြေးရုံတမယ် ထွက်သွားတော့တယ်။ ဒီ အခန်းထဲမှာ နောက်ထပ် မနေ၀ံ့တော့ ဘူး ဖြစ်တယ်။
အနီးနားမှာ ထိုင်နေတဲ့ သခင်လေးတွေလဲ မြင်လိုက်တယ်။
အဲ့ဒီ့နောက်မှာတော့ သူတို့ဟာလည်း ဖြူဖျော့သွားကြပြီးတော့ တခြား အခန်းကို ပြောင်းပြေးသွားတော့တယ်။
ဒါပေမယ့်လည်း ပင်းယန်ဒီကို လာတာ ခိုးချပြီးဖြေဖို့လေ။ စာဖြေခန်းထဲမှာ လူမကျန်တော့မှတော့ သူမကို စာဖြေခန်းစောင့်သူတွေက အာရုံပိုစိုက်ကြတော့မှာပေါ့။
“ အကုန်လုံး ငြိမ်ငြိမ်ထိုင်ကျ။ မလှုပ်ရှားကြနဲ့။”
ဒီ စကားတစ်ခွန်းနဲ့တင် အခန်းထဲက လူတွေဟာ ရပ်တန့်သွားပြီးတော့ ချွေးသီးချွေးပေါက်တွေ ကျလာကြတော့တယ်။ ဘယ်သူကမှ မလှုပ်ရှားဝံ့တော့ဘူး။
ဖန်ကျန်းရှီကတော့ သက်ပြင်း တိုးတုိးလေး ချလိုက်ပြန်တယ်။ ဒီ လောက က စည်းမျဥ်းတွေကို သူနားလည်တယ်။ မင်းမျိုးမင်းနွယ်တွေရဲ့ အမိန့်ကို မလွန်ဆန် နိုင် ကြဘူး။
“ ဒုန်”
မောင်းသံ ဟာ စာမေးပွဲ စတင်ပြီ ဖြစ်ကြောင်း အချက်ပေးသံ အဖြစ်ပေါ်ထွက်လာတော့တယ်။
စာဖြေခန်းစောင့်သူ လေးဦး ဟာလည်း စတင် လျှောက်လာကြပြီ ဖြစ်တယ်။ သူတို့ အားလုံးဟာ အနက်ေ၇ာင် ရုံးတော်သား ၀တ်ရုံတွေကို ၀တ်ထားကြတယ်။ ရင်ဘတ်နေရာမှာတော့ တော်ဝင် ဆိုတဲ့ အမှတ်အသားကို မှတ်သားထားတယ်.။
ဒါက တော်ဝင်စာမေးပွဲကို စောင့်ကြပ်သူတွေဟာ တော်ဝင် သတင်းပို့သူ တွေ ဖြစ်တယ် ဆို တာ ပြနေတယ်။ ဒီစာမေးပွဲရဲ့ အဆင့်အတန်းဟာလည်း မြို့တော်စာမေးပွဲတွေထက် မြင့်မားကြောင်းသိသာလှတယ်။
တော်ဝင်မြို့တော်စာမေးပွဲ ဟာ ငါးကြင်းကနေ နဂါးဖြစ်လာစေနိုင်တဲ့ တံခါးတစ်ခုကို ခုန်ကျော်ရခြင်းနဲ့ တူညီတယ်။ ကြီးမြတ်သော ရှမင်းဆက်ကြီး တစ်ခုလုံးရဲ့ စစ်မှန်တဲ့ အင်အားကို ပြသခြင်းလည်း ဖြစ်တယ်။ နိုင်ငံရေး သို့မဟုတ် စစ်ရေးမှာ အမတ်တစ်ဦး ဖြစ်လာနိုင်တယ်။နေရာကောင်းတစ်နေရာကိုတော့ ခြေချနိုင်မှာ အမှန်ပဲ။
…
ဖန်ကျန်းရှီက ဒီလို ရုံးတော်သား ဖြစ်ဖို့ စိတ်ကူးများများ စားစား မရှိဘူးဖြစ်တယ်။ လူအများဆီက ဖိအားတွေကို သူမခံ စားချင်ဘူး။
သူ့ရဲ့ မျက်နှာကတော့ အခုချိန်မှာ တည်ငြိမ်အေးဆေးနေခဲ့တယ်။
တခြားတစ်ဖက်မှာတော့ သူ့ရဲ့ ညာဘက်မှာ ရှိနေတဲ့ ၇န်ရွှယ်ဟာ အနည်းငယ် စိတ်ရှုပ်နေဟန်ပါပဲ။ ဒါပေမယ့်လည်း သူ့ရဲ့ ဘယ်ဘက်က ပင်းယန်ဟာတော့ သူ့လို တည်ငြိမ်နေခဲ့တယ်။ မထင်မှတ်စရာ ကောင်းလောက်အောင် အေးဆေးနေတယ်။
သူ့လက်ထဲမှာ စာမေးပွဲ မေးခွန်းအဖြေရှိနေမှတော့ စိတ်ပူစရာ မလိုတော့ ဘူး။
ဒီအချိန်မှာပဲ စာမေးပွဲ မေးခွန်းဟာ ဖန်ကျန်းရှီ ဆီကိုေ၇ာက်လာတော့တယ်။ တစ်ခဏ မှင်သက်သွားပြီးတဲ့နောက်
ဖန်ကျန်းရှီဟာ မေးခွန်းကို ဖတ်လိုက်တယ်။
သူ့ရဲ့ အ၇င်လောကက ဆ၇ာတွေ ပြောဖူးသလိုပဲ
အဖြေလွှာစာရွက် လက်ထဲ ရောက်တာနဲ့ ပထမဆုံး လုပ်ဖို့က နာမည် နဲ့ ခုံနံပါတ် တပ်ရမယ်။
ငယ်ငယ်တည်းက ဖန်ကျန်းရှီဟာ ဆ၇ာ သင်တာကို ကောင်းကောင်း လိုက်နာတဲ့ ကျောင်းသားကောင်းတစ်ဦး ဖြစ်ပြီးတော့ သင်သမျှကို တစ်လုံးမကျန် မှတ်မိသူလည်း ဖြစ်တယ်။
ဖန်ကျန်းရှီက နာမည် တပ်ပြီးနောက်မှာတော့ မေးခွန်းစာ၇ွက်ကို ကြည့်လိုက်တော့တယ်။ မေးခွန်းကို တစ်ရွက်ြ့ပီး တစ်ရွက် လှန်လိုက်တယ်။ ဆယ်မျက်နှာတိတ်ိ မေးခွန်းတွေ ပြည့်နေတယ်။
ပမာဏကော အရည် အသွေးကော တစ်ခုချင်းစီက လူတစ်ယောက်ကို စိတ်ဓာတ်ထိုးကျသွားနိုင်လောက်တဲ့ အထိ ကောင်းကောင်းးလုပ်နိုင်တယ်။
ဘယ်သူ့မေးမေး ခက်လိုက်တဲ့ မေးခွန်းလို့ ဖြေမှာပဲ ဖြစ်တယ်။
ဖန်ကျန်းရှီကတော့ စ်ိတ်မပျက်ပါဘူး။ ဒါပေမယ့်လည်း သူ့ရဲ့ လက်ထဲက မေးခွန်းစာရွက် ဆယ်ရွက်လုံးကို လှန်ပြီးချိန်မှာတော့ ပထမဆုံး အနေနဲ့ တော်ဝင်စာမေးပွဲက အတော်လေးကို စိတ်ညစ်စရာေ ကာင်းမှန်း လက်ခံလိုက်တော့တယ်။
မေးခွန်း ဆယ်မျက်နှာတောင် ပေးထားပြီးတော့ ဖြေဆိုချိန်က ၄ နာရီတည်း ။ ဒါက ဖြစ်သင့်သလား။
စိတ်ကုန်စရာ အကောင်းဆုံးကတော့
မေးခွန်း အကုန်ဖြေပြီးဖို့က စိန်ခေါ်မှု တစ်ခုပဲ။
“ ကောင်းပြီလေ။ မင်းမှ အချိန် သိပ်မရှိ ဘူး။ စဖြေတာပေါ့။” ဖန်ကျန်းရှီ ဟာ ထပ်ပြီး မတွေဝေတော့ပါဘူး။ မျက်လုံးနဲ့ လက်ကို အသင့် ပြင်လိုက်ရင်း စုတ်တံကို ကိုင်ကာ စရေးတော့တယ်။