နတ်ဘုရား မုခ်ဝ - Chapter - 185 ဘယ်သူက အရင် ထွက်၇မလဲ
“ မှန်တယ်။ ဒုတိယ အခွင့်အေ၇း။ နောက် တစ်ခါ စာမေးပွဲ ပြန် ဖြေဖို့။ ” ဖန်ကျန်းရှီက ရှင်းပြတယ် ။
“ နောက်ထပ် အခွင့် အရေး။ ဒါဆို ငါ ဘာလုပ်ရမလဲ။” ၀မ်ချွမ်ဖုန်းကတော့ နောက်ဆုံးမှာ ဘာတွေ ဖြစ်နေပြီလဲ နားလည်သွားပြီ ဖြစ်တယ်။ သူက ငတုံးမှ မဟုတ်တာ။ သူလိုချင်တာ အတွက် တန်ရာတန်ကြေးတော့ ရှိမယ်ဆိုတာ ကောင်းကောင်း သိတယ်။
“ အရမ်းကို ရိုးရှင်းပါတယ်။ မင်း လုပ်ဖို့ လိုတာက ဟိုလူကို စိန်ခေါ် ဖို့ပဲ။” ဖန်ကျန်းရှီက လူအုပ်ထဲကို လက်ညှိုးညွှန်လိုက်တယ်။
လူအုပ်ကြီး တစ်ခုလုံးလည်း ဇက်လည်ပြီး ကြည့်လိုက်ကြတယ်။
အဲ့ဒီ့နောက် လူတိုင်း ဟာ ဖန်ကျန်း၇ှီ ညွှန်ပြ သူကို မြင်ချိန်မှာတော့ မျက်စိ မူးသွားတော့တယ်။
ဘာကြောင့်လဲ ဆိုတော့
ဖန်ကျန်းရှီက စုတုန်းလင်ကို ညွှန်ပြနေတာ ဖြစ်တယ်။
“ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ၀မ်ချွမ်ဖုန်းက ဘယ်လိုလုပ် စုတုန်းလင်ကို စိန်ခေါ်နိုင်မှာလဲ။
“ ဒါက ၀မ်ချွမ်ဖုန်းကို သွားသေဖို့ပြော နေတာပဲ။”
“ဒါက ဒုတိယ အခွင့်အရေးလား။”
ဘယသူကမှ သူတို့ မြင်နေတာကို မယုံနိုင် ကြဘူး။ ဒါပေမယ့်လည်း ဖန်ကျန်းရှီက စုတုန်းလင်ကို ညွှန်ပြနေတာကိုတော့ ကောင်းကောင်းမြင်နိုင်ကြတယ်။
စုတုန်းလင် ကတော့ တစ်ခ ဏ မှင်သက်နေမိတယ်။ ထုံးစံ အတိုင်း သူလည်း ဖန်ကျန်းရှီနဲ့ ၀မ်ချွမ်ဖုန်း စကားပြောနေတာကို မြင်လိုက်တယ်။ နောက်ပြီး တော့ ဖန်ကျန်းရှီ လက်ညှိုးညွှန်နေတာက ။
ဥပမာ ပြောရရင်တော့ ဖန်ကျန်း၇ှီ ဘာလုပ်ချင်လဲ သူသိပြီး ဖြစ်တယ်။
“ ဒါဆိုသူက ၀မ်ချွမ်ဖုန်းကို ကျောက်တုံးနဲ့ ခေါင်း ဆောင့် ခိုင်း နေတာပဲ။” စုတုန်းလင်က ဆုံးဖြတ်လိုကတယ်။
ဒါက ခန့်မှန်းဖို့ လွယ်ပါတယ်။ ဖန်ကျန်းရှီကို ပထမအချီတည်းက ထွက်သွားရအောင် လုပ်မယ် လို့ စုတုန်းလင်း ပြောခဲ့ ပြီးစား ဖြစ်တယ်။
အခုတော့ ဖန်ကျန်းရှီက ၀မ်ချွမ်ဖုန်းလို လူမျိုးကို စိန်ခေါ် ခိုင်းပြီးတော့ သူ့ကို ဒုတိယ အချီ မြန်မြန် တက်အောင် လုပ်ခိုင်းနေပြီ။
ဒါက စုတုန်းလင် သူ့ကို ပထမ အချီမှာ ပြဿနာ မရှာ နိုင်အောင် လုပ်လိုက်တာပဲ။
တခြားသော စာဖြေသူတွေ လည်း အခြေအနေကို နားလည် သွားကြတယ်။ ဒါပေမယ့်လည်း ဒါက တော့ အတော်လေး မျက်နှာပြောင်တိုက်တဲ့ အကွက်ပဲ။
“ ဒါက အတော်လေးကိုအရှက် မရှိတာပဲ။”
“ ဒီကောင်က ၀မ်ချွမ်ဖုန်းကို ဒိုင်း အဖြစ် သုံးချင်နေတာ။”
စာဖြေသူတွေ အားလုံးကတော့ အတော်လေးကို ဒေါသ ထွက်နေကြတယ် ။ ဒါပေမယ့်လည်း သူ တို့ ဘာမှ လုပ်မရ ဘူး။ ဘာကြောင့်လဲ ဆိုတော့ မီးလျှံပန်းနီ ၀တ်ရုံနဲ့ ပင်းယန်က ဖန်ကျန်း၇ှီ နောက်မှာ ရပ်နေတာကြောင့်ပဲ ဖြစ်တယ်။
သိပ်မကြာခင် အချိန်တုန်းကပဲ ပင်းယန် က ဖန်ကျန်း၇ှီ ဘေးကို ရောက်သွားတာ ဖြစ်တယ်။ ဒါက ဘယ်သူမှ မျှော်လင့်ထားသလို မဟုတ်ခဲ့ဘူး။ ဒါပေမယ့်လည်း သူတို့ စဉ်းစား ဆုံးဖြတ်ဖို့ အတွက်တော့ ကိစ္စ တစ်ခု ဖြစ်လာခဲ့တယ်။
၀မ်ချွမ်ဖုန်းကတော့ ကြောက်လွန်းလို့ ဒူးတွေတောင် တုန်နေခဲ့တယ်။
““ သ သခင်လေး ဖန်။။ မင်း နောက်နေတာလား။ စုတုန်းလင်က ကောင်းကင်ေ၇ာင်ပြန် ထိပ်သီး ကျွမ်းကျင် အဆင့်မှာ ၇ှိနေတာလေ။ …. ငါက ဘယ်လို နိုင် မှာလဲ။ ”
၀မ်ချွမ်ဖုန်းကတော့ သူ ဈေးဆစ်လို့ မဖြစ်နိုင်မှန်း သိပါတယ်။ ဒါပေမယ့်လည်း ဒီ ဒုတိယ အခွင့် အရေးကတော့ ဘယ်လိုမှ မကောင်း နိုင်ဘူုး။
“ မင်း တစ်ယောက်တည်းနဲ့ သူ့ကို ဘယ်လိုလုပ်နိုင်မှာလဲ။ ဒါပေမယ့် ငါနဲ့ ဆိုရင်တော့ အတိအကျကို နိုင်မှာ” ဖန်ကျန်းရှီက ပြုံးပြီင်္းတော့ ပြောလိုက်တယ်။
“ မင်းနဲ့ ။” ၀မ်ချွမ်ဖုန်း မျက်စိ လည်သွားပြန်တယ်။ ဖန်ကျန်းရှီ ဘာကို ပြောနေတာလဲ သူ နားမလည်နိုင် ဘူး အကယ်၍ ဖန်ကျန်းရှီ သာသူ့ကို ခြေနင်းကျောက်တုံး အဖြစ် သုံးချင် ရင် သူကိုယ်တိုင် ၀င်တိုက်စရာ မလို ဘူး။
ဒါပေမယ့်လည်း
ဖန်ကျန်း၇ှီ က တိုက်ခိုက်ချင်နေတယ်။
ဒီနေရာက ဘာ ဥပဒေ ကြီးလဲ။
တခြားသော စာဖြေသူတွေက ဖန်ကျန်းရှီ ပြောတာကို ကြားချိန်မှာတော့ စိတ်ရှုပ်နေကြတယ်။ စုတုန်းလင် တောင်မှ စိတ်ရှုပ်နေတယ်။
၀မ်ချွမ်ဖုန်းနဲ့ ဖန်ကျန်းရှီ တို့က အသင်း အဖွဲ့ တစ်ခု ဖြစ်သွားမယ်။
ကောင်းကင် ရောင်ပြန် အခြေတည် အဆင့် နှစ်ဦး။ တစ်ဦးက ကောင်းကင် ရောင်ပြန်အဆင့်ကိုေ၇ာက်ခါစပဲ ၇ှိသေးတယ်။ အဲ့တာကို ကောင်းကင် ရောင်ပြန် ထိပ်သီး ကျွမ်းကျင် အဆင့် စုတုန်းလင်နဲ့ တိုက်ခိုက် ချင်နေတယ်။
ဒါက ကိုယ့်သေတွင်း ကိုယ်တူး နေတာ မဟုတ် ဘူးလား။
ဘာတွေ ဖြစ်နေလဲ နားမလည်နိုင်အောင် မျက်စိ လည်သွားကြပေမယ့်။ ဖန်ကျန်း၇ှီလို အတွေး အခေါ် စာမေးပွဲ ချန်ပီယံ ဥာဏ်ကြီးရှင် တစ်ယောက် ကတော့ စွန့်စွန့်စားစား လုပ်မှာ မဟုတ်မှန်း သိသာ လှတယ်။
ဒီကောင် တော်ဝင်စာမေးပွဲ မအောင် ချင်တော့တာလား။
အဲဒီ့နောက် ဒီ အချိန်မှာပဲ ဖန်ကျန်းရှီ နောက်မှာ ရပ်နေတဲ့ ရန်ရွှယ်ဟာ စကား ဆိုလာ တော့တယ်။
“ ငါကော ပါမယ်။ ” ရန်ရွှယ် ရဲ့ အသံ ဟာ သိပ်ကိုအေးစက်ပြီးတော့ ခိုင်မာစွာ ဆုံး ဖြတ်ထားဟန်ပါပဲ။
လူတိုင်း ထင်ခဲ့တာကတော့ ဖန်ကျန်း၇ှီ ဟာ ၀မ်ချွမ်ဖုန်းကို ခြေနင်း ကျောက်တုံး အဖြစ် အသုံးချမယ်လို့ ။ ဒါပေမယ့် ရန်ရွှယ် က ဒီလို လုပ်မယ် လို့ ဘယ်သူတွေးမိမှာလဲ။
ဖန်ကျန်းရှီမှာ ဒီလို လုပ်ရတာ အကြောင်းပြချက်မဲ့တယ်။
ပထမ အချီကို အောင်မြင် သွားဖို့လား။
ဒါက ဖန်ကျန်းရှီ လို ချင်တာ မဟုတ် ဘူး ။ ဖန်ကျန်းရှီအမြဲတမ်း လုပ် တဲ့ ပထမဆုံး ကိစ္စကတော့ “ ဆူးညှောင့် ခလုတ်” ကို ဖယ်ရှားတာပဲ ဖြစ်တယ်။
ဒါက ယုံကြည်မှု မြစ် မြို့တော်မှာ သူ လုပ်ခဲ့သလိုပဲ ဖြစ်တယ်။
စုတုန်းလင်က ဖန်ကျန်းရှီကို ပထ မ အချီမှာ ဖယ်ထုတ်မယ်လို့ ပြောခဲ့ ပြီးသားဖြစ်တယ်။ ဒါဆို ဘာကြောင့် ဖန်ကျန်းရှီက သူ့ကို ပထမ အချီ ဖြတ်သန်း သွားစေမှာလဲ။
ဒီ စကား ကတော့ အတော်လေး မယုံနိုင်စရာကောင်းလှတယ်။ ဒါပေမယ့်လည်း ရန်ရွှယ်ကတော့ ဖန်ကျန်းရှီ လုပ်နိုင်မှာကို ယုံကြည်တယ်။
ပင်းယန်ကတော့ တောက်ပ စွာ ပြုံးနေခဲ့တယ်။
သူမ ရဲ့ သနား ကမား မျက်နှာလေး ဟာတော့ စိတ်လှုပ်ရှားမှု ကြောင့် အနီရောင် သန်းနေခဲ့တယ်။
“ နင်တို့ သုံးယောက်က စုတုန်းလင်နဲ့ တိုက်မလို့ လား။ ငါလည်း ပါချင်တယ်။ ” ပြော၇င်းနဲ့ သူ မ ဟာ ရဲရဲ တောက် ချီလင် လှံကို ပြင်းထန်စွာ ဝေ့ယမ်းလိုက်တယ်။
ဖန်ကျန်းရှီကို လှောင်ပြောင်နေကြတဲ့ စာဖြေသူတွေကတော့ ကြက်သေသေ သွားကြတော့တယ်။
ဒါက ရိုးရှင်းတဲ့ ၂ယောက် ၁ ယောက် တိုက်ပွဲ မဟုတ်တော့ ဘူး။
ဒါ က ….
၄ယောက် ၁ ယောက် တိုက်ပွဲ ဖြစ်သွားပြီ။
“ ပင်းယန် မင်းသမီး။ ဖန်ကျန်းရှီ .။ ရန်ရွှယ် … နောက်ပြီးတော့ ၀မ်ချွမ်ဖုန်း လေး ယောက် ပေါင်းပြီင်္းတော့ စုတုန်းလင်ကို တိုက်ခိုက်မယ်။ ”
“ အရှက်မရှိ လိုက်ကြတာ။”
စာဖြေသူတွေကတော့ ဒီအချိန်မှာ နေရာလွတ် ဖြစ်အောင် ဆုတ်ခွာ သွားကြတော့တယ်။
နောက်ဆုံးမှာတော့ ဒါ ဟာ ၄ယောက် ၁ ယောက် အခြေအနေနဲ့ ပြီး ဆုံးသွားပြီ ဖြစ်တယ်။
ဒါ ဟာ ၀မ်ချွမ်ဖုန်းကို ဒိုင်း အဖြစ် သုံးမှာ ထက် ပိုပြီးတော့ ကို အရှက်မဲ့ရာ ကျတယ်။
အစတုန်းက စုတုန်းလင် တွေးခဲ့တာ ဖန်ကျန်းရှင်္ီက ဒီ အချိ်န်က်ို ကျော်ဖြတ်ချင်နေတယ်လို့ ထင်ခဲ့တာ ။ အခုတော့ သူ့ရဲ့ အမူ အယာဟာ ပင်းယန်နဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း အတော်လေးကို ပျက်ယွင်းနေတော့တယ်။
အကယ် ၍ ဖန်ကျန်းရှီ။ ရန်ရွှယ် နဲ့ ၀မ်ချွမ်ဖုန်းတို့ပဲ ဆိုရင် သူက ဒါကို များများစားစားတွေးမှာ မဟုတ် ဘူး။ ဒါပေမယ့်လည်း ပင်းယန် မင်းသမီး က ဒီမှာ ပါ လာရင်းတော့ ပြဿနာက သူ့လက်ထဲကို ဆိုက်ဆိုက် မြိုက်မြိုက် ၀င်လာသလို ဖြစ်နေပြီ။
ရဲရဲတောက် ချီလင်လှံ ရဲ့ အံ့ဖွယ် အစွမ်းတွေကို လည်း ကောင်းကောင်း သိတယ်။
ဒ့ါအပြင် ပင်းယန်က မီးလျှံပန်းနီ သံချပ်ကာနဲ့ အကာအကွယ် ယူထားတာ ဖြစ်တယ။်
ပိုပြီးတော့ အေ၇းကြီးတာကတော့ သူ ဘယ်လောက်ပဲ သတ္တိ ရှိရှိ ပင်းယန်ကိုတော့ ဒဏ်၇ာရအောင် မလုပ် ၀ံ့ဘူး။ “ ဖန်ကျန်းရှီ ။ မင်း တကယ်ပဲ ဒီလို တစ်ဖက် စောင်းနင်း တိုက်ပွဲ ကို စချင်တာလား။” စုတုန်းလင်က နောက်ဆုံးမှာတော့ သူ့ရှေ့ က ဒီလူ ဘယ်လောက်ပဲ အရှက်မရှိ သည်ဖြစ်ပါစေ စည်းတော့ ရှိသင့်တယ်လို့တွေးမိတယ်။ ၂ယောက် ၁ ယောက် တိုက်ပွဲက အရှက် မဲ့ ဖို့ လုံလောက်ပြီ။
အခုတော့ ၄ယောက် ၁ ယောက် ။
ဒီ့ထက်ပိုပြီး အရှက်မရှိတာ မျိုး ရှိနိုင်သေးလား။
လုံးဝကို အံ့ဖွယ်သုတပဲ။
“ ငါ ထင်တယ်။ ၄ ယောက် ၁ ယောက် ဆိုတာအတော်လေး ကောင်းတဲ့ တိုက်ပွဲ ဖြစ်မယ။်” ဖန်ကျန်းရှီက ခေါင်းငြိမ့်လိုက်တယ်။
ဒါနဲ့ ပတ်သက်ပြီး တစ်ခုခုလွဲနေတယ်လို့ ဖန်ကျန်းရှီ မထင်ပါဘူး။ စုတုန်းလင် ကို တိုက်ခိုက်ေ၇း စာမေးပွဲ ကနေ ကန်ထုတ်ချင်တာပဲ ဖြစ်တယ်။ ၂ယောက် ၁ ယောက်နဲ့ ၄ယောက် ၁ ယောက် ဟာတော့ နည်းနည်း လေး ကွာခြားတယ်။
လူကြီး လူကောင်း တစ်ယောက် အနေနဲ့ ။
ဒါက သူ တန်ဖိုး ဖြတ်မယ့် အရာ မဟုတ် ဘူး။
“ မင်း …” စုတုန်းလင် ရဲ့ မျက်နှာ မည်းမှောင်သွားတော့တယ်။ သူလုပ်ချင်တာက ဖန်ကျန်းရှီကို တိုက်ခိုက်ေ၇းစာမေးပွဲ ပထမ အချီမှာ ကန်ထုတ်ချင်တာ ဖြစ်တယ်။
ဒါပေမယ့်လည်း အခုတော့ ကန်ထုတ်ခံရမယ့် သူက သူ ဖြစ်နေပြီ။
…