နတ်ဘုရား မုခ်ဝ - Chapter - 186 အန္တရာယ် ကြားက ရန်ရွှယ်
…
တော် ၀င် ကျောင်းတော်မှာတော့ သွမ့် ပြည်ထောင် အရှင် နဲ့ ဟန်ချန်ဖုန်းတို့ နှစ်ဦး လုံးဟာ ပုံရိပ် ကားချပ် ပေါ်မှာ ပေါ်နေတဲ့ ဖန်ကျန်းရှီနဲ့ ပင်းယန် ကို စိတ် မသက်သာစွာ ကြည့်လိုက်တယ်။
ပင်းယန်နဲ့ အတူ မီးလျှံ ပန်းနီ သံချပ်ကာ ရဲရဲတောက် ချီလင်လှံတွေ ပါသွားတော့ လည်း တိုက်ခိုက်ရေး စာမေးပွဲကို လှိုင်းခတ်မှုတွေ ဖြစ်ပေါ်သွားစေနိုင်တယ်။
အချိန် နေရာ နဲ့လူတွေ …
အရာအားလုံးဟာတော့ သူတို့ ရဲ့တွက်ချက်မှု ထဲ မှာရှိနေတယ်။ ပင်းယန် ပါ ၀င် လာတာကလွဲပြီးတော့ …။
ပင်းယန် က သူမ ကိုယ်တိုင် ပညာ၇ှိသုခမိန်တို့ လောကထဲကို ၀င်ရောက်သွားခဲ့တယ်။ ဒါပေမယ့်လည်း သူတို့ တွေးခဲ့တာက အဲ့ဒီ့နေရာကနေ ပြန်ထွက်ဖို့ကိုပဲ ကြိုးစားလိမ့်မယ်လို့ ဖြစ်တယ်။ ဒါပေမယ့်လည်း သူတို့ မတွေးမိခဲ့တာကတော့ ပင်းယန်ဟာ ဖန်ကျန်းရှီနဲ့ အသင်း တစ်ခု အဖြစ် ပူးပေါင်းသွားခဲ့မယ်လို့ ဖြစ်တယ်.။
ကြီးမြတ်သော ရှ မင်းဆက်ရဲ့ မြင့်မြတ်တဲ့ မင်းသမီး တစ်ပါး အနေနဲ့ ဒီလိုမျိုး ဒီ လိုမျိုး ဖန်ကျန်းရှီ နဲ့ ပူးပေါင်းပြီးတော့ ကောင်းကင်ေ၇ာင်ပြန် အဆင့် ကျောင်းတော်သား တစ်ဦးကို စိန်ခေါ်တာ အတော်လေးဆိုးတဲ့ ကိစ္စပဲ ဖြစ်တယ်။
အခုတော့ ၄ယောက် ၁ ယောက် တိုက်ပွဲမှာ ၀င်ပါနေပြီ။
ဒါမျိုးဖြစ်လာမယ်လို့ ဘယ်သူ ကတွေးမိမှာလဲ ။
ဟန်ချန်ဖုန်းနဲ့ သွမ့် ပြည်ထောင် အရှင် နားမှာ ရှိနေတဲ့ မင်းသား ကိုးကတော့ စိတ်ရှုပ်ထွေးနေတယ်။ ပင်းယန် ကဖန်ကျန်းရှီကို မုန်းနေတာ မဟုတ် ဖူးလား။
သူမရဲ့ မွေးနေ့မှာတောင် ဖန်ကျန်းရှီကို အကွက်ချဖို့ အကြံတောင်းသွားသေးတယ်။
အခုတော့ ဘယ်လို ဖြစ်ကုန်တာလဲ။
…
သုခမိန် လောက ထဲမှာတော့ ..
၀မ်ချွမ်ဖုန်းရဲ့ အမူ အယာတွေဟာ အမျိးမျိုး ပြောင်းလဲ နေခဲ့တယ်။ သူ့မှာ ရွေးချယ် စရာ မရှိ ဘူး။ ဖန်ကျန်းရှီတို့နဲက စုတုန်းလင်ကို တိုက်ခိုက်ဖို့က လွဲပီးတော့ တခြားသော ရွေးချယ် စရာ မ၇ှိ ဘူးဖြစ်တယ်။
ဒါက ခက်ခဲတဲ့ေ၇ွးချယ်မှုတော့ မဟုတ် ဘူး။
သူ့မှာေ၇ွးချယ် စရာ ၇ှိတဲ့ ပထမဆုံး အချက်ကတော့ နောက်ထပ် ၂ နှစ် ထပ်စောင့် ရမယ်။ ဒုတိယ တစ်ခုကတော့ သူ့ ဘ၀ကို ပြောင်းလဲ စေမယ်။
“ သခင်လေး ဖန် အခွင့် အရေး ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ပင်းယန် မင်းသမီးကိုလည်း ကျေးဇူးတင်ပါတယ်။ သခင်လေး ရန်ရွှယ်ကို ကျေးဇူးတင်ပါတယ်။ ” ၀မ်ချွမ်ဖုန်းကတော့ ခပ်မြန်မြန်ပဲ ဆုံးဖြတ်လိုက်ပြီင်္းတော့ ဓားကြီး နှစ်လက်ကို ဆြွ ထုတ်လိုက်တယ်။
ပင်းယန် နဲ့ တိုက်ခိုက် ချိန်တုန်းက သူမ ဟာ လက်နက်မပါတဲ့ အတွက် သူလည်း လက်နက် မထုတ်ခဲ့ဘူး။ သူမ လက်နက် ထုတ်လိုက်ချိန်မှာတော့ သူ့ အတွက် အချိန် နှောင်းသွားခဲ့ပြီ ဖြစ်တယ်။
ဒါပေမယ့် အခုတော့ တွေဝေ ခြင်း မရှိပဲ ဓားကို ဆွဲ ထုတ်လိုက်တယ်။
စုတုန်းလင် နဲ့ နောက်ဆုံးမှာ ထိပ်တိုက်တွေ့၇တော့မယ်။
ရန်ရွှယ်ဟာလည်း တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်ကို ဝေ့ယမ်းလိုက်တယ်။
ပင်းယန် ဟာတော့ အလွန်အမင်းကို စ်ိတ်လှုပ်ရှားစွာနဲ့ စုတုန်းလင် ဆီကို တစ်လှမ်း ချင်းစီ တိုးသွားတော့တယ်။
ဖန်ကျန်းရှီကတော့ သူဟာ စုတုန်းလင် ဆီကို တလှမ်းချင်း စီ လှမ်းပြီးတော့ေ၇ွ့လျားနေခဲ့တယ်။ သူ့ရဲ့ မျက်နှာဟာတော့ ပြုံးနေခဲ့တယ်။
“ သခင်လေး စု ကျွန်တော် တောင်းပန် ပါတယ်။ ”
“ ဟွန့် ဖန်ကျန်းရှီ ။ မင်း ကိုယ်မင်း သာ ဂရုစိုက်စမ်း ။” စုတုန်းလင်ရဲ့ မျက်လုံးတွေကတော့ ရေခဲ ဓားသွားတွေလို ထက်ရှ အေးစက်တဲ့ အငွေ့ အသက်တွေ ပြည့်နှက်လာတော့တယ်။
၁ ယောက်နဲ့ လေး ယောက် ။
ကောင်းကင် ရောင်ပြန် အဆင့် အခြေတည်စ ကျင့်ကြံ သူ နှစ်ဦး ။ ရတနာတွေ ပိုင်ဆိုင်ထားတဲ့ ပင်းယန်။ နောက်ပြီးတော့ ရန် မိသားစုက သား တစ်ဦး ။ တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်ကို ကိုင်ဆောင် ထားတဲ့သူ။
စုတုန်းလင် အတွက် တော့ အနိုင်ရဖို့ အခွင့် အရေး တစ်ခု ၇ှိတယ်။
ဒါပေမယ့်လည်း အဲ့ဒီ့ အခွင့် အရေးကတော့ အတော်လေးကို ပါးလျ လွန်းတယ်။
ဒါပေမယ့်လည်း ဒါက တော်ဝင် စာမေးပွဲ ဖြစ်နေတယ်။ သေခြင်း နဲ့ ရှင်ခြင်း ကြားက တကယ့် တိုက်ပွဲ မဟုတ် ဘူး။ ဒါကြောင့် စုတုန်းလင် အတွက် အခွင့် အေ၇းက သိသိသာသာကို မြင့်မားတယ်။
ဒီလေး ယောက် လုံးကို အနိုင် တိုက်ဖို့ မလို အပ်ဘူး။
သူလိုတာက တစ်ယောက် တည်းကို အနိုင်တိုက်ဖို့ပဲ ဖြစ်တယ်။
သူတို့တွေ ထဲက တစ်ယောက်ကို နိုင်တာနဲ့ သူလည်း ဒုတိယ အချီကို တက်ေ၇ာက် နိုင်ပြီ ဖြစ်သွားမယ်။
အဲ့ဒီ့ အချိန် ဆို သူ့ အတွက် လက်စားချေမှုကိုလည်းလုပ်နိုင်ပြီ။
အရာအားလုံးက ချောမွေ့သွားမယ်။
“ ဒါဆို ဘယ်သူ့ကို ပထမဆုံး အနိုင်တိုက်ရမလဲ။” စုတုန်းလင်က ဖန်ကျန်းရှီနဲ့ ရန်ရွှယ်ကို ကြည့်လိုက်ပြီးနောက် နောက်ဆုံးမှာ ရန်ရွှယ် ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။
အကြောင်းရင်း ကတော့ ရိုးရှင်းပါတယ်။
ရန်ရွှယ် က အားအနည်း ဆုံးသူ ဖြစ်တဲ့ အပြင် ဖန်ကျန်းရှီရဲ့ အရင်းနှီးဆုံးသူ ဖြစ်တယ်။ ဒါက အကောင်းဆုံးေ၇ွးချယ် မှုပဲ။ ဆုံးဖြတ်ပြီး သွားပြီ။
ဒါပေမယ့်။.
ရန်ရွှယ်က တကယ်ပဲ အားအနည်း ဆုံးလား။
စုတုန်းလင်ကတော့ ဒီလို တွေးတာပဲ။ ပင်းယန်နဲ့ ၀မ်ချွမ်ဖုန်း အပါ အ၀င် တခြားသော သူတွေလည်း ဒီလို တွေးတာပဲ ဖြစ်တယ်။
ဒါပေမယ့်လည်း ဖန်ကျန်းရှီကတော့ ဒီလို မတွေးပါ ဘူး။
ဘာပဲ ဖြစ်ဖြစ် တိုက်ပွဲ ကတော့ စတင်ပြီ ။
ပထမဆုံး တိုက်ခိုက်သူကတော့ ပင်းယန်ပဲ ဖြစ်တယ်။
မတိုက်ခိုက် ခင်တည်း က တခြားသော စာဖြေသူတွေဟာ နောက်ကို ဆုတ်ခွာပြီး နယ်ပယ် ဧ၇ိယာ တစ်ခု လုံးကို ရှင်းလင်းထားပြီးသား ဖြစ်တယ်။ ပင်းယန် တိုက်ခိုက် ချိန်မှာတော့ သူမရဲ့ ချီလင်လှံ ဟာ လေထု တစ်ခု လုံးကို တောက်လောင်စေပြီးတော့ ရွှေရောင် အလင်း တန်းတွေ ဟာ စုတုန်းလင်ဆီကို တိုးဝင် သွားတော့တယ်။
ဒါက ၀မ်ချွမ်ဖုန်းကို တိုက်ခိုက်ချိန်မှာ သုံးခဲ့တဲ့အကွက် ဖြစ်တယ်။
ဒါပေမယ့်လည်း စုတုန်းလင်က ၀မ်ချွမ်ဖုန်းမှ မဟုတ် တာ။ သူက ကောင်းကင်ရောင်ပြန် ထိပ်သီး အဆင့် ရောက်နေတဲ့ စုမျိုးနွယ်က အသန်မာ ဆုံး တပည့် လက်သား။
ပိုပြီးတော့ အရေးကြီးတာက ချီလင်လှံကို ကြုံလိုက်ရချိန်မှာ ၀မ်ချွမ်ဖုန်းဟာတုံ့ပြန် နိုင်ခြင်း အလျဉ်း မ၇ှိခဲ့ဘူးဖြစ်တယ်။ နောက်ပြီးတော့ ပင်းယန် နဲ့ နီးကပ်လွန်းတဲ့ အကွာအဝေးမှာ ၇ှိနေခဲ့တာ လည်း ဖြစ်တယ်။
အခု ချိန်မှာတော့ စုတုန်းလင်က ပင်းယန်မှာ ချီလင် လှံ ရှိမှန်းသိသွားပြီ။
ဒါကြောင့် တိုက်ခိုက်မှုကို ခုန်ရှောင်နိုင်ခဲ့တယ်။
ပင်းယန် တိုက်ခိုက် လာချိန်မှာတော့ စုတုန်းလင် ဟာေ၇ွ့လျားပြီးသား ဖြစ်နေပြီ။ သူဟာ လျှပ်စီးကြောင်း လို ကွေ့ကောက် ရွေ့လျားနေရင်း တိုက်ခိုက်မှုတွေကို ရှောင်ရှားနေခဲ့တယ်။
တကယ်တမ်းတော့ သူကိုယ်တိုင် ဟာ လျှပ်စီး ကြောင်း တစ်ခုပဲ ဖြစ်တယ်။
သူ့ ကိုယ်ဟာ ခရမ်းရောင် တောက်နေတဲ့ လျှပ်စီးတွေနဲ့ ၀န်းရံ ထားခဲ့တယ်။
သူ ဟာ ခရမ်းရောင် မြွေတစ်ကောင်နဲ့ ဆင်တူစွာ ခုန်လွှား တိုးလျှိုးနေခဲ့တယ်။ ဘယ်သူကမှ သူ့ကို ရှင်းရှင်း လင်းလင်း မမြင်ရဘူး ဖြစ်တယ်။
ခရမ်းေ၇ာင် လျှပ်စီး တွေ ဟာ သူ့ကို ကာကွယ်ပေးထားတယ်။
ဘယ်သူကမှ သူ့ရဲ့အရှိန် နှုန်းကို အမှီ မလိုက် နိုင်ဘူး ဖြစ်နေတယ်။
မျက်စိ တစ်မှိတ် အချိန်တွင်းမှာပဲ စုတုန်းလင် ဟာ ပင်းယန်ရဲ့ တိုက်ခိုက်မှုကို ခုန်လွှား ရှောင်ရှားရင်းနဲ့ ရန်ရွှယ့် ရှေ့ကိုေ၇ာက်သွားတော့တယ်။
ကျောင်းတော်သားတိုင်းဟာတော့ အသက်တောင် မရှူနိုင် ပဲ ငေးကြည့်နေကြတယ်။
ရှင် ချင်းစွေ့ရဲ့ မျက်လုံးတွေကတော့ ဒါကို ကြည့်နေချိန်မှာ မီးဝင်းဝင်းတောက်နေခဲ့တယ်။ သူ့ရဲ့ အမူအယာကတော့ ဒီ တိုက်ခိုက်မှုကို ကြုံရချိန်မှာ သူကိုယ်တိုင်တောင် ခုန်မရှောင် နိုင်လောက်တာကို ဖော်ပြနေခဲ့တယ်။
ဒီကွင်းပြင်ထဲမှာ အခြားသော လူငယ် လည်း ၇ှိနေပါတယ်။
သူ့ရဲ့ အမူအယာကတော့ အတော်လေးကို အေးဆေး နေခဲ့တယ် ။ စုတုန်းလင် ၇ဲ့ အစွမ်းကို မြင်ပြီး တာတောင်မှ သူ့ရဲ့ မျက်နှာ ဟာ အမူအယာ ကင်းးမဲ့နေခဲ့တယ်။
သူ့ရဲ့ အကျီနဲ့ သံချပ်ကာတော့ ကြည့်ရတာ အတော်လေးကို ဟောင်းနွမ်း နေခဲ့တယ်။
ဒါပေမယ့်လည်း သူ့ဘေးက လူတိုင်းဟာတော့ သူနဲ့ ခပ်ဝေးဝေးမှာ ၇ှိနေခဲ့တယ်။
ဒီ သူကတော့ နန်ကုန်းမုပဲ ဖြစ်တယ်။ နန်ကုန်းဟောင်ရဲ့ ညီလေး။
…
စုတုန်းလင် ၇ဲ့ စိတ်ကူးကတော့ ၇ိုးရှင်းပါတယ်။
ရန်ရွှယ်ကို တိုက်ခိုက်ဖို့ အခွင့် ရေးတောင် မပေးပဲ အနိုင်တိုက်ချင်တာ ဖြစ်တယ်။ ဒါက သူတို့ ကြား အဆင့် ကွာခြား ချက်ကို အသုံးချရမှာပဲ ဖြစ်တယ်။ ရန်ရွှယ်ကို ဘယ်လို နည်းနဲ့ မှ သူ့ရဲ့ တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်ကို အသုံးပြုစေလို့ မဖြစ်ဘူး။
ဒါက တိုက်ခိုက်ရေး စာမေးပွဲရဲ့ ပထမ အချီလေး တစ်ခုပဲ။
၁ယောက်တည်းနဲ့ ၄ ယောက်ကို အသေအကျေ တိုက်ခိုက်ဖို့ အင်အားသုံးစရာမလိုဘူး ။ နောက်ထပ် သွားစရာ အမြင့်ကို တက်စ၇ာလမ်းတွေ ရှိသေးတယ်။
ရန်ရွှယ်ရဲ့ အရှေ့တည့်တည့်မှာ ရောက်နေတဲ့ စုတုန်းလင် ကတော့ ကြီးမား ပြင်းထန်လှတဲ့ လျှပ်စီး စက်ကွင်းကြီးကို ထုတ်လွှတ်လိုက်တယ်။
ပတ်ဝန်းကျင် တစ်ခုလုံးကို လျှပ်စီး လှိုင်းတွေ ပျံ့နှံ့အောင် ထုတ်လွှတ်လိုက်တာပဲ ဖြစ်တယ်။
ပင်းယန်ရဲ့ ရဲရဲ တောက် ချီလင် လှံ ဟာလည်း အတူတူပဲ ဖြစ်တယ်။ ပိုင်ဘက်ကင်းစွာ တည်ဆောက် ထားမှု အရ ပတ်ဝန်းကျင်မှာ မီးတောက်တွေကို ဖန်တီးနိုင်တယ်။
မီးမြေခွေး ပြာလည်း အတူတူပဲ ဖြစ်တယ်။
မြန်ဆန်လွန်းလှတဲ့ အရှိန်နှုန်း ကြောင့် သူ့ ကိုယ်နဲ့ လေထု အလွှာတွေ ပွတ်တိုက်မှု ကြားမှာ မီးတောက်တွေ ဖြစ်ပေါ် လာတာ ပဲ ဖြစ်တယ်။ ဒါပေမယ့်လည်း မီးမြေခွေး ပြာရဲ့ မီးတောက်တွေကတော့ ချီလင်လှံ နဲ့ မယှဉ်ပြိုင်နိုင် ဘူး ဖြစ်တယ်။
လျှပ်စီးကြောင်းတွေဟာ လူ တစ်ယောက်ကို ကိုယ်လက် အင်္ဂါ သေစေနိုင်တဲ့ စွမ်းအင်တွေ ရှိတယ်။ ဒါ့ အပြင် သူ့ရဲ့ အလျင် နှုန်းတွေကလည်း လေထက်ကို မြန်ဆန်လှတယ်။ ဒါောကာင့် စုတုန်းလင်ရဲ့ေ၇ွးချယ်မှု ဖြစ်လာတာပါပဲ။
ခရမ်းရောင် လျှပ်စီး မုန်တိုင်း ဟာ ရန်ရွှယ် ကို မြွေ တစ်ကောင်လို ရစ်ပတ်သွားပြီးတော့ ရန်၇ွယ်ရဲ့ ကိုယ်ခန္ဒာကို ဖြစ်ညှစ်ပြစ်၇င်း တစ်စ စီ ဖြစ်အောင် လုပ်ပစ်နေခဲ့တယ်။ စုတုန်းလင်ရဲ့ မျက်လုံးတွေကတော့ တလက်လက် တောက်ပနေခဲ့တယ်။ ရန်ရွှယ်ကို လျှပ်စီးတွေ ရစ်ပတ်နေပြီ။ အကုန်လုံး ပြီးဆုံးပြီ။
ရန်ရွှယ်လည်းေ၇ွ့လျားနိုင်မှာ မဟုတ်တော့ ဘူး။
ဒါပေမယ့် သူေ၇ွ့နိုင်ရင်တောင် မှ နောက်ကျ သွားပြီ။
“ မင်း ကိစ္စ ပြတ်ပြီ။” စုတုန်းလင်က နှာမှုတ်ရင်း ဓား တစ်ချောင်းကို ဆွဲထုတ်လိုက်တယ်။
ဓားဟာ ထွက်ပေါ် လာချိန်မှာတော့ ထိပ်ဖျား ပိုင်း ဓားသွားဟာ အရိပ် တစ်ခု လို စတင် ရွေ့လျားတော့တယ်။ ဒါဟာတော့ အနက်ရောင် ဓား တံလျှပ် တစ်ခု ဖြစ်တယ်။ လွန်း တစ်ခုလို လည်ပတ်ပြီး ထိုးဖောက်လာတော့တယ်။
လေ ထု တစ်ခုလုံးမှာတော့ အနက်ရောင် ပုံရိပ်ရောင်တွေ ဟာ စတင် ပြည့်နှက်လာတော့တယ်။
“ ဒါ က စုမျိုးနွယ်ရဲ့ ဓားအရိပ် ပညာပဲ။”
“ စုတုန်းလင်က ရန်ရွှယ်ကို အရင် ဆုံး အနိုင် တိုက်ချင်နေတာပဲ ။”
“ ဘယ်လောက် မြန်မြန် …. ပထမဆုံး လျှပ်စီး ကြောင်းတွေကို သုံးပြီးတော့ ရန်ရွှယ်ကို မလှုပ်နိုင်အောင် ချုပ်မယ် ။ အဲ့ဒီ့နောက် သူ့ရဲ့ ဓား အရိပ် နည်းလမ်းကို သုံးပြီးတော့ ရန်ရွှယ်ကို တိုက်ခိုက်မယ်။
“ ငါနားလည် ပြီ စုတုန်းလင်က ရန်ရွှယ်ကို သုံးပြီးတော့ ဒုတိယ အချီကို ရောက် ချင်နေတာ။”
စု တုန်းလင်သူ့ရဲ့ ဓားကိုထုတ်လိုက်ချိန်မှာတော့ စာဖြေသူတိုင်းက ဒီလိုတွေးလိုက်ကြတယ်။
ရန်ရွှယ် ဟာ လျှပ်စစ် စက်ကွင်းရဲ့ ဖမ်းချုပ်ခြင်းကို ခံလိုက်ရပြီး နောက်မှာတော့ သူဟာ ထုံမှိုင်း သွားပြီးတော့ လှုပ်ရှားမှုတွေ ရပ်တန့်သွားတော့တယ်။
ဒါက တော့ ကောင်းကင် ရောင်ပြန် အဆင့်နဲ့ ကြယ်တာရာ ကြားက ကွာခြား ချက်ပဲ ဖြစ်တယ်။
စက်ကွင်းရဲ့ ထိန်းချုပ်မှု ။
ကောင်းကင်ရောင်ပြန် အဆင့် ကျင့်ကြံ သူတွေ ဟာ ပတ်ဝန်းကျင်က အရာတွေကို သုံးပြီးတော့ သူတို့ အတွက် ခုခံ မှုတွေ မျိုးစုံ လုပ်နိုင်တာပဲ ဖြစ်တယ်။ ပိုပြီးတော့ အေ၇း ကြီးတာကတော့ ဒါတွေကို အသုံးပြုပြီးတော့ အခွင့် ရေး ကောင်းတွေကို ဖန်တီး နိုင်တယ်။
ကြယ်တာရာ စုဝေးမှု အဆင့် ကျင့်ကြံ သူက ဘယ်လောက်ပဲ အင်အားကြီး ပါစေ သူ ဟာ ကောင်းကင်ရောင်ပြန် အဆင့် ကျင့်ကြံ သူကိုတော့ ဒီ နယ်ပယ်မှာ မယှဉ်နိုင် ဘူး ဖြစ်တယ်။
ကောင်းကင်ရောင် ပြန် အဆင့် ကျင့်ကြံ သူတွေကသာ ဒီ နယ်ပယ် မျိုးမှာ ပိုပြီး တော့ သန်မာ လာနိုင်တယ်။
ဒါကြောင့် သူ ဟာလည်း ပို သန်မာပြီးတော့ မြန်ဆန်တယ်။
စုတုန်းလင်ရဲ့ လျှပ်စီး ကြောင်းနဲ့ စု မျိုးနွယ်ရဲ့ လေ အရိပ်ဓား နည်းလမ်းကိုပေါင်းစပ်ချိန်မှာတော့ ….
အတော်လေးကို သက်တောင့် သက်သာ မဖြစ်နိုင်တဲ့ အခြေ အနေ ဖြစ်လာတော့တယ်။
ဒီ အခြေ အနေကို တွေးမိတာကတာ့ စုတုန်းလင်။ ၀မ်ချွမ်ဖုန်းနဲ့ ပင်းယန် တို့ပဲ ဖြစ်တယ်။
ဒါပေမယ့်လည်း ဒီလို မတွေးမိတာကတော့ ဖန်ကျန်း၇ှီ တစ်ဦး ရှိနေတယ်။
ဓားအရိပ်တွေ ဟာ ရန်၇ွှယ်ဆီကို တိုးဝင်သွားတော့တယ်။
အဲ့ဒီ့နောက် ရန်ရွှယ် လည်း ခုန်ရှောင်လိုက်တယ်။
ခရမ်းး ရောင် လျှပ်စီး တန်းတွေကေ၇ွ့လျား တိုက်ခတ်သွားချိန်မှာပဲ သူ ဟာ လေအရိပ် နည်းလမ်းကို သုံးပြီးတော့ စုတုန်းလင်ရဲ့တိုက်ခိုက်မှုကို ခုန်ရှောင်လိုက်တယ်။ စုတုန်းလင်ကတော့ သူ့မျက်လံးတွေကို မယုံနိုင်ပါ ဘူး။
“ ဒါက ဘယ်လို ဖြစ်နိုင်ရတာလဲ။
တခြားသော စာဖြေသူတွေဟာလည်း သူတှို မျက်လုံးကို မယုံနိုင် စွာနဲ့ပဲ ၇ှိနေတယ်။ ရန်ရွှယ်က မိုးကြိုးလျှပ်စီးတွေကြောင့် ထုံမှိုင်း မသွား ဘူး။ ဒါက မဖြစ်နိုင်တာပဲ။
လုံးဝကို အဓိပ္မာယ် မရှိတာပဲ။
ဒါက လုံးဝကို လူတစ်ယောက်ကို သေတ္တာထဲ ထည့်ပြီးတော့ အပြင်မှာ သံကြိုးတွေ အထပ်ထပ် ရစ်ပတ်ထားချိန်မှာ ရုတ်တရက် လွတ်မြောက်လာ သလို ဖြစ်တယ်။ နောက်ပြီးတော့ သေတ္တာနဲ့ ကြိုးတွေလည်း မပျက်စီး သွားဘူး။
ဒီ အချိန်မှာပဲ သူတို့ ရဲ့ စိတ်ထဲမှာ အတွေး တစ်ခု လက်လာတော့တယ်။ ဒါပေမယ့်လည်း ဒီ အတွေး ဟာ ချက်ခြင်း ပျောက်ကွယ် သွားခဲ့တယ်။
အလွန် လျင်မြန်စွာနဲ့ပဲ သူတို့၇ဲ့ ပါးစပ် ဟာ အဟောင်းသား ဖြစ်သွားတော့တယ်။ သူတို့ မြင်နေရတဲ့ မြင်ကွင်းဟာ လုံးဝကို မယုံနိုင်စရာ ကောင်းလွန်းလှတယ်။