နတ်ဘုရား မုခ်ဝ - Chapter - 196 မုန်တိုင်းနဲ့ မီး
ဟန်ချန်ဖုန်းကတော့ သူ့ရဲ့ အေးအေးချမ်းချမ်း အမူအယာက်ို ဆက်ပြီးတော့ မထိန်းထားနိုင်တဲ့ တစ်ယောက်တည်းသောသူ မဟုတ်ပါဘူး။
တော်ဝင်ကျောင်းတော် ကြီး တစ်ခုလုံးဟာ ရန်ရွှယ်နဲ့ ဖန်ကျန်းရှီတို့ မြင်ကွင်းပေါ်မှာ ပေါ်လာတာကို အုံးအုံးကျွက်ကျွက် ဖြစ်လာတော့တယ် ။
ဖန်ကျန်းရှီ ရန်ရွှယ်နဲ့ တခြား သုံးဦး ဘယ်လိုများ အမြွှာကျောက်တုံးကို ဖြတ်လာနိုင်လည်း ဘယ်သူမှ မရှင်းပြနိုင် ဖြစ်နေတော့တယ် ။
ဒီလို မျိုး စာလုံးပေါင်း သုံးထောင်ကို ဘယ်လိုများ အမှားမရှိပဲနဲ့ အကုန်လုံးက ဘယ်လိုများ မှတ်မိနိုင်ကြတာလဲ။
ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။
ဒီအချိန်မှာတော့ လူတိုင်းဟာ ဖြစ်နိုင်ချေ တစ်ခုပဲ ၇ှိနေတာ ဖြစ်တယ်။
“ သူတို့ လှည့်စားတာများလား။”
…
သူတို့ လှည့်စားပြီးတော့ ဒီလိုမျိုး အံ့ဖွယ် မှတ်ဥာဏ် ဘယ်သူကများ ပေးလိုက်တာလဲ။
ဘယ်သူကမှ ဒါကို အဖြေမထုတ်နိုင်ကြဘူး။ တိုက်ခိုက်ရေးစာမေးပွဲက စာဖြေသူတွေကတော့ တူညီစွာကို မျက်စိလည်နေကြတယ်။
ဖန်ကျန်းရှီက တတိယ အချီမှာ ရပ်နေခဲ့ပြီ။
ဒါက သိပ်ကို ဗလာ ဟင်းလင်း ဖြစ်လွန်းတယ် ။ တစ်ဖက် တစ်ချက်မှာ စီထားတဲ့ ကျောက်တိုင်တွေနဲ့ သစ်တောကြီး တစ်ခုလည်း ရှိနေတယ် ။
ဒီ ကျောက်တိုင် ခန်းမထဲမှာတော့ စာဖြေသ်ူတွေဟာ အတော်လေးကို ထိခိုက်မှု ပြင်းထန်နေတော့တယ် ။
ဒါပေမယ့်လည်း ကွင်းပြင်ထဲကို လူ ငါးယောက် ရောက်လာချိန်မှာတော့ သူတို့ရဲ့ တိုက်ခိုက်မှုကို ကြောက်လန့်စွာ ရပ်တန့်လိုက်တော့တယ်။
“ ဖန် … ဖန်ကျန်းရှီ လား။”
“ လူ ငါးယောက် ”
“ ဘယ်လိုဖြစ်ပြီး ငါး ယောက်တောင်လဲ။ တတိယအချီကို ဘယ်လို ရောက်လာကြတာလဲ။”
လူတိုင်းဟာ ပင်းယန် ဖမ်းသွားတဲ့ စာဖြေသူတွေကို ကောင်းကောင်းမှတ်မိတယ်။ သူတို့တွေးခဲ့တာကတော့ အတော်လေးကို ကံဆိုးသွားတဲ့ သူတွေ လို့ ။ ဒါပေမယ့်လည်း သူတို့ထဲက နှစ်ဦးဟာတော့ တတိယ အချီမှာ ရောက်နေပြီပဲ ဖြစ်တယ် ။
“ ဂလု” စာဖြေသူ တစ်ဦးဟာ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်တယ်။
“ ဒါက သူတို့ တံတားကျိုးကို ဖြတ်လာတာ ဖြစ်နိုင်မလား။”
“ ဒီ လူ ငါးယောက်က အမြွှာ ကျောက်တုံုးကို ဖြတ်လာတာရော ဖြစ်နိုင်တယ်။” နောက်ထပ် စာဖြေသူ တစ်ယောက်က ထပ်ပြောလိုက်တယ်။
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အမြွှာကျောက်တုံးကို ငါးယောက်လုံးဖြတ်လာနိုင်တာကိုတော့ ငါ မယုံနိုင်ဘူး။”
သူတို့ရဲ့ ထိတ်လန့် အံ့သြ မှုဟာတော့ တော်ဝင်ကျောင်းတော်ထဲက ဟန်ချန်ဖုန်းနဲ့ တခြားသူတွေထက်တောင် ပိုပြီးတော့ ကြီးမားလှတယ်။ နောက် ပြီးတော့ ဒီ တတိယ အချီကို ရောက်လာဖို့ အတွက် သူတို့ ဟာ သွေးချွေးတွေကို ရင်းနှီးခဲ့ရတာ ဖြစ်တယ်။
ဒါပေမယ့်လည်း ဖန်ကျန်းရှီနဲ့ သူ့အဖွဲ့ကတော့ သွေးတစက်တောင် မထွက်ခဲ့ဘူး ။
သူတို့မှာ ဒဏ်၇ာလေး တစ်ခု တောင် မ၇ခဲ့ဘူး။
“ အာ မင်းတို့တွေက တတိယ အချီမှာပဲ ၇ှိသေးတာလား။” ဖန်ကျန်းရှီက ဘေးပတ်လည်က စာဖြေသူတွေကို ကြည့်လိုက်တယ်။ သူ့ကြည့်ရတာတော့ အံ့သြနေဟန်ပါပဲ။ ဒါပေမယ့်လည်း သူဟာ မတူညီတဲ့အံ့သြမှုနဲ့ အံ့သြနေတာ ဖြစ်တယ်။
“ မင်းဘာကို ပြောချင်တာလဲ။”
စာဖြေသူတွေ ဟာတော့ ဒီ အချိန်မှာ သူ့ရဲ့ စကားကြောင့် လုံးဝကို အေးစက်သွားတော့တယ်။
“ ကောင်းပြီလေ။ မင်းတို့ အားလုံး ဆက်လုပ်ကြပါ။” ဖန်ကျန်းရှီကတော့ ရှင်းပြ စရာ လိုတယ်လို့ မထင်ပါဘူး။
သူဟာ ဓားစာခံ တစ်ယောက်စီက ပုံနှိပ်စာရွက်ကို လှမ်းယူပြီးတော့ သူ့ရဲ့ နှလုံးကာ မှန်ထဲ ထည့်လိုက်တယ်။
ဒီ ပုံနှိပ်စာမှာ အမြွှာ ကျောက်တုံးက စာလုံးပေါင်း သုံးထောင် ရှိနေတယ်။ ဒါက လုံးဝကို တန်ဖိုးကြီးတယ်။
သူ ဒါကို အမှတ်တရ အဖြစ် သိမ်းထားချင်တယ်။
နောက်ပြီးတော့ ဒါက ပုံနှိပ်စာလုံး လုပ်တဲ့ထဲက ပါဝင် ပစ္စည်းတစ်ခုပဲ။
ဒါ့အပြင် ၁၅ မိနစ် အတွင်းမှာ စာလုံးပေါင်း သုံးထောင်ကို ပုံနှိပ်ဖို့ ဆိုတာ လွယ်တယ်မှတ်လို့လား။
ဒီ လို အ၇ည် အချင်းမျိုးက ဒီလောက်မှာ ဖြစ်နိုင်တဲ့ အ၇ည်အချင်းမဟုတ်ဘူး။ အချိန်တို အတွင်းမှာ ဒီလိုမျိုး ပုံသွင်းဖို့ လွံယ်လွယ် ကူကူ လုပ်နိုင်တာက ဒီလောကရဲ့ အစွမ်းတွေ ကြောင့်ပဲ ဖြစ်တယ်။
အကယ်၍ အရင်လောကမှ ဆိုရင် ဒီလို ပုံနှိ်ပ်တာကို လုပ်ဖို့က တစ်နာရီ အနည်းဆုံး ကြာမှာ ပဲ ဖြစ်တယ်။
ဖန်ကျန်းရှီက တခြား စာဖြေသူတွေကို ဒါ အကြောင်း မရှင်းပြနိုင် ဘူး ဖြစ်တယ်။ တိုက်ပွဲမှာ လဲ ၀င်မပါချင်ဘူး။ စာဖြေသူ အရေအတွက် ကတော့ သူ မျှော်လင့် ထားတာ ထက်ကို ပိုပြီးတော့ နည်းတယ်။
ဒါက လူတွေ အတော်များများ စတုတ္ထ အချီမှာ ရောက်နေပြီ လို့ ဆိုလိုတာပဲ ဖြစ်တယ်။
နောက်ပြီးတော့ သုခမိန် လောကထဲမှာ အဆင့် လေး ဆင့်ပဲ ရှိတာ ဖြစ်တယ်။ စတုတ္ထ အဆင့်ကို ရောက်ပြီ ဆိုတာ တိုက်ခိုက်ရေးစာမေ်းပွဲရဲ့ နောက်ဆုံး အချီကို ရောက်ပြီ လို့ ဆိုလိုတာပဲ ဖြစ်တယ်။
“ဒါက နောက်ဆုံး အတားအဆီးလား။” ဖန်ကျန်းရှီက ခပ်ဝေးဝေးမှာ ၇ှိတဲ့ ကျောက်တုံး အိမ်ကို ကြည့်ရင်းနဲ့ ပြောလိုက်တယ်။
နောက်ပြီးတော့ အထဲမှာ ဘာရှိလဲ ကိုလည်း ဘယ်သူကမှ မသိဘူး။ အထဲမှာ ရှိနေတဲ့ အရာကို မှတ်တမ်း တင်ထားတာ မျိုးလည်း မရှိဘူး ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကျောက်တုံး အိမ်ထဲကို အ၀င်သာရှိပြီး အထွက်မ၇ှိတာကြောင့်ပဲ ဖြစ်တယ်။
…
မြို့တော်မှာ ရွာနေတဲ့ မိုးကတော့ ရပ်မယ့်ပုံမပေါ်ပါဘူး။ ပြောရမယ် ဆိုရင်တော့ ပိုပြီးတော့ သည်းထန်စွာ ရွာနေခဲ့တယ်။ ရေအိုးကြီး တစ်ခုလုံးလောင်းချနေသလိုမျိုးကို ရွာသွန်းနေခဲ့တယ်။
ဒီ လို ရာသီဥတုမျိုးမှာ အလွန်နည်းပါးလှတဲ့ လူ တစ်ချို့သာ လမ်းမတွေ ပေါ်မှာ သွားလာနေခဲ့တယ်။
မြို့တော်ဂိတ်တံခါးမှာ စောင့်ကြပ်နေကြတဲ့ အစောင့်တွေ တောင်မှ အတော်လေးကိုတုန်ယင် နေကြတယ်။
ဒီအချိန်မှာပဲ လူတစ်စုဟာ မိုးသည်းသည်းကို ဖြတ်ပြီးတော့ မြို့ဂိတ်တံခါးဆီကို လျှောက်လာခဲ့တယ်။ သူတို့အားလုံးဟာ သံချပ်ကာဝတ် စစ်သည်တွေ ဖြစ်တယ်။ ဒါပေမယ့်လည်း သူတို့ လျှောက်လာတဲ့ လမ်းတစ်လျှောက်မှာ မိုးရေတစ်ပေါက်တောင်မှ သံချပ်ကာ ၀တ်စုံ ပေါ်ကို မစိုဘူး ဖြစ်တယ်။
ဒီ မြင်ကွင်းအရ စစ်သည်တော်တွေ ဟာ အနည်းဆုံး ကောင်းကင်ရောင်ပြန် အဆင့် ရှိပြီ ဆိုတာကို ဖော်ပြနေခဲ့တယ်။
စစ်သည်တော် တစ်ဦး ချင်းစီဟာ မြင်းကောင်းမြင်းသန့်တွေကို စီးနင်း ထားတာ ဖြစ်တယ်။ တစ်ကောင်ချင်းစီဟာတော့ ညအမှောင်ထုလို နက်မှောင်နေပြီးတော့ သူတို့ရဲ့ ခြေသည်းတွေဟာ အကြေးခွံတွေနဲ့ ဖုံးလွှမ်းနေခဲ့တယ်။ ခွာရာချတဲ့ တစ်လျှောက်မှာ တိမ်လို မြူလို ဖုန်မှုန့်တွေ ပေါ်ပေါက်လာခဲ့တယ်။
မြို့စောင့် တပ်သားတွေဟာတော့ ချက်ချင်း ဆိုသလို တုန်ယင် ချမ်းအေးမှုတွေ လွင့်ပြယ်သွားပြီးတော့ တစ်ဦးချင်းစီရဲ့ မျက်နှာမှာ လေးစားမှုတွေ ပေါ်လာတော့တယ်။
သူတို့ဟာ မြို့တံခါးကို ဖြတ်သွားပြီးနောက် မရပ်တန့်ခဲ့ပါဘူး။
နန်းတော်ဆီကိုသာ ဦးတည်သွားခဲ့တယ်။
စစ်သားအုပ်စုကြီး ဖြတ်သန်းသွားပြီးတဲ့ နောက်မှာတော့ မြို့စောင့် တပ်သားတွေဟာ သက်ပြင်းချလိုက်တယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ မျက်လုံးတွေကတော့ သိလိုစိတ်တွေ စိတ်ရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်လာတော့တယ်။
စစ်သည်တော်တွေ ထွက်ခွာသွားပြီးတဲ့ နောက်မှာတော့ အေးချမ်းမှုဟာ ပေါ်ထွက်လာတော့တယ်။
ဒါပေမယ့်လည်း ဖြစ်ပျက်နေတဲ့ ကိစ္စတွေကတော့ သူတို့ ထင်သလို မဟုတ်ပါဘူး။
အစောင့်တွေဟာ တစ်ဖန် ပြန်လည် တုန်ယင်လာကြပြန်တယ်။
ဒီပုံရိပ်ဟာတော့ သူ့ရဲ့ ကျင့်ကြံဆင့်ကို မထုတ်ဖော်သလို စစ်သည်အုပ်စုကြီးလိုလည်း အင်အားမပြပါဘူး။ ဒါပေမယ့်လည်း အစောင့်တွေ ပြောနိုင်တာကတော့ ဒါဟာရိုးရှင်းတဲ့ သူ တစ်ယောက် မဟုတ်ဘူး ဆိုတာပဲ ဖြစ်တယ်။
ဒီလောက် သည်းထန်လှတဲ့ မိုးထဲမှာ ဘာကိုမှ မမှုပဲ ခရီးဆက်လာတဲ့သူ တစ်ယောက် ။ နောက်ပြီးတော့ ဦးထုပ်ကို မျက်နှာဖုံးတဲ့ အထိ ခပ်နိမ့်နိမ့်လေး ဆောင်းထားပုံတွေဟာ သိသာလှတယ်။
“ ရပ်လိုက်။ မင်းရဲ့ ဦးထုပ်ကို ချွတ်လိုက်” အစောင့် နှစ်ဦးဟာ အော်ဟစ်လိုက်တယ်။
ပုံရိပ်ဟာတော့ မိုးထဲမှာ မားမားမတ်မတ်ရပ်နေခဲ့တယ်။
ဒါပေမယ့်လည်း သူဟာ ဦးထုပ်ကို မချွတ်ခဲ့ပါဘူး။ သူဟာ အနက်ေ၇ာင် ရုပ်တုကြီး တစ်ခုလိုမျိုး ငြိမ်သက်စွာ ရပ်နေခဲ့တယ်။
“ မင်း မကြားဘူးလား။ ဦးထုပ်ကို ချွတ်လိုက်” အစောင့် နှစ်ဦးဟာ ထပ်အော်ရင်း သူတို့ရဲ့ လျှံတွေကို မြှောက်လိုက်တယ်။ သူတို့ရဲ့ မျက်လုံးတွေကတော့ မိုးရေတွေနဲ့ စိုစွတ်နေခဲ့တယ်။
ဒီအချိန်မှာပဲ မြှားသည်တော် တစ်ဖွဲ့ဟာ တပ်လှန့်သလိုမျိုး ဖြစ်သွားခဲ့တယ်။
သူတို့ရဲ့ လေးမြှားတွေကို အသင့် ပြင်ထားလိုက်တယ်။
မြို့တော်ရဲ့ လုံခြုံရေးကတော့ အမှန်ကို တင်းကြပ်လှတယ်။
တံခါးအပြင်မှာ အစောင့် ၂ ဦးသာ ရှိပင်မယ့်လည်း အတွင်းမှာတော့ ၈ယောက်ရှိနေတာ ဖြစ်တယ်။ အနည်းဆုံး အစောင့် တပ်တသား ၂၀ ရှိနေတာပဲ ဖြစ်တယ်။
ဒါပေမယ့်လည်း ၀တ်ရုံနက် လူ ဟာ လှုပ်၇ှားလာတော့တယ်။
လေးကြိုးတွေ ဆွဲပြီးနောက်မှာတော့ သူဟာ ဖြည်းဖြည်း ချင်း လှုပ်၇ှားတော့တယ်။ လက်နှစ်ဖက်ကို ပင့်မြှောက်၇င်းနဲ့ အရှုံးပေးလိုက်သလိုမျိုး ဟန်ပြင်လိုက်တယ်။
အစောင့်တွေကတော့ လှုပ်ရှားနေပြီ ဖြစ်တယ်။
သူတို့ရဲ့ လေ့ကျင့်မှုတွေ အရ ဒီလို လူတွေ ဟာ အန္တရာယ် ကြီးမားလှကြောင်း သိနိုင်တယ်။ သူတို့ရဲ့ တာဝန်ကတော့ ဒီလူ ရဲ့ မျက်နှာနဲ့ အမည်ကို ကြားရတဲ့ အထိ အသင့်ပြင်ထားဖို့ လိုတယ်။
အကယ်၍ တစ်စုံတစ်ဦးသာ ချိုးဖောက်ဝင်လာခဲ့ရင်တော့ သူတို့ဟာ မြို့တော် တစ်ခုလုံးကို တပ်လှန့်လိုက်မှာ ဖြစ်တယ်။
“ မင်းရဲ့ ဦးထုပ်ကို ဖြည်းဖြည်းချင်း ချွတ်လိုက်။ ခုခံဖို့ မကြိုးစားနဲ့။ မြှားဆယ်ချောင်း က မင်းကို ချိန်ထားတယ်။” စစ်သည်တော်တွေဟာ သတိပေးလိုက်တယ်။ ဒါက လုံးဝကို သတိပေးချက် ဖြစ်တယ်။
၀တ်ရုံနက်လူဟာတော့ စကားမပြောပါဘူး။ သူ့ရဲ့ လက်တွေကိုသာ အစောင့် နှစ်ဦးစီကို ညွှန်ပြလိုက်တယ်။
“ပစ်တော့”
အစောင့်တွေနဲ့ အမူအယာက်တော့ ပြောင်းလဲသွားတော့တယ် ။ ၀တ်ရုံနက်လူ ရဲ့ လက်ထဲက က အနက်ရောင် တောက်ပနေတဲ့ အလင်းတန်းတွေ ကို မြင်လိုက်တာကြောင့်ပဲ ဖြစ်တယ်။
ဒါဟာ ကြောက်မက်ဖွယ် ကောင်းလွန်းတယ်။
“ ဘန်း ဘန်း ဘန်း ”
မိုးစက်တွေ နှင့် အတူ ငွေရောင်လက်နေတဲ့ မြားဆယ် စင်းဟာ တောက်ပစွာ ကခုန်ရင်း ၀တ်ရုံနက်ဝတ် လူ ဆီ ပြေးဝင်လာခဲ့တယ် ။
“ဟွန့် ”
ထိုလူရဲ့ အကျီလက်အိုးတွေကနေ တောက်ပတဲ့ အလင်းရောင် ဟာ ထွက်ပေါ်လာတော့တယ်။ လျှပ်တပြက် လှုပ်ရှားမှု တစ်ခု ပြီးတဲ့နောက် မှာတော့ သူဟာ မြှား ဆယ်စင်းကို ချိုးပြစ်လိုက်ပြီး မိုးရေထဲကို ပြန် ပစ်လွှတ်လိုက်တယ်။ မြို့တော်နံရံ ပေါ်မှာ ရှိနေတဲ့ အစောင့် ၂ ဦးကို ကျော်ဖြတ်ပြီးတော့ တက်သွားခဲ့တယ်။
ဒါဟာ တစ်ချက်တည်းနဲ့ သေစေနိုင်တဲ့ လှုပ်ရှားမှုပဲ ဖြစ်တယ်။
အစောင့် နှစ်ဦးဟာတော့ ၀တ်၇ုံနက် လူကို မယုံကြည်နိုင်မှုတွေနဲ့သာ ကြည့်နေကြတော့တယ်။
ဒါပေမယ့်လည်း သူတို့ စကားမပြောနိုင်ဘူး။ သူတို့ရဲ့ လည်ချောင်းတွေဟာတော့ ကွဲ သွားပြီ ဖြစ်တယ်။ သွေးစီးကြောင်းတွေဟာ သပ်ရပ် ၇ှုင်းသန့်စွာ နဲ့ မြို့တော် နံရံမှာ စီးကျနေပြီပဲ ဖြစ်တယ်။
သည်းထန်တဲ့ မိုးဟာတော့ ရပ်တန့်မည့် ဟန် မရှိပါဘူး။
ဒုတိယ မြှားမိုးဟာ ပစ်လွှတ်လာပေမယ့်လည်း ၀တ်ရုံနက်လူဟာတော့ ထွက်ခွာသွားပြီ ဖြစ်တယ်။
ဒီ မြို့တံခါးမှာ ဘယ်တုန်းကမှ မရှိတော့သည့် အလား။
မြို့စောင့် စစ်သည်နှစ်ဦးကို သတ်ပြီးနောက်
သူဟာ ထွက်သွား ခဲ့တယ် ။
ဒါဟာ သူ့လို စွမ်းရည်ရှင် တစ်ယောက်အတွက်တော့ မယုံနိုင်စရာ ကောင်းလှတယ်။ ဒါပေမယ့်လည်း သူဟာ လုပ်ဆောင်ပြီးနောက်မှာ စကား တစ်ခွန်းမှ မပြောပဲ ထွက်ခွာသွားတာ ဖြစ်တယ် ။
…
မြစ်ကမ်းပါးမှာတော့ အနီရောင် ကျောက်တုံးကြီးဟာ မိုးရွာထဲမှာ မတ်မတ်ရပ်တည်နေခဲ့တယ်။ မိုးထဲမှာ မီးပုံကြီး တစ်ခု သဖွယ် တောက်ပနေခဲ့တယ်။ ကောင်းကင်က မိုးစက်တွေ ကျလာချိန် တိုင်းမှာ ပွက်ပွက်ဆူလာတဲ့ ကျောက်တုံးကြီး နှယ် အသွင် ပေါက်နေခဲ့တယ်။
အဖြူရောင် ၀တ်ရုံ ၀တ်ထားတဲ့ အမျိုးသမီး တစ်ဦးဟာတော့ ကျောက်တုံးကြီးထ်ိပ်မှာ ရပ်နေခဲ့တယ်။ သူမဟာ အစိမ်းရောင် ထီးတစ်လက်ကို လက်ထဲမှာ ကိုင်ထားခဲ့တယ်။ ထီးပေါ်မှာတော့ မှင် ရည် ဆေးခြယ် ပန်းချီ ရှိနေခဲ့တယ်။
ဒါပေမယ့်လည်း ဒီ ပန်းချီဟာတော့ သာမာန် ပန်းချီမဟုတ်တာ သိသာလှတယ်။
ထီးလက်ကိုင် ပန်းဖွားကနေ ပန်းချီကားရဲ့ တံဆိပ်နီ အထိ အ၇ာအားလုံးဟာ ကျောက်စိမ်း တွေ ကျောက်မျက်ရတနာတွေထက်ကို အဖိုးတန်လှတယ်။
ဒါပေမယ့်လည်း ဒီ ပန်းချီဟာတော့ ထီးပေါ်မှာ ၇ှိနေတာပဲ ဖြစ်တယ်။ နောက်ပြီးတော့ အမျိုးသမီးလေးက ဒါကို မိုး၇ွာထဲမှာ အသုံးပြုနေတာ ပဲ ဖြစ်တယ်။
သူမဟာ ခေါင်းမော့ရင်းနဲ့ ယန်မြို့တော် ရှိရာ အ၇ပ်ဆီကို ငေးမျှော်ကြည့်လိုက်တယ်။ သူမရဲ့ ပိုးသားလို နက်မှောင်တဲ့ ဆံကေသာ တွေဟာ မိုးသားလေ အဝှေ့မှာ လွင့်ပျံ နေကြပြီးတော့ ပုဝါဖြူအောက်က လှပတဲ့ မျက်နှာ သွင်ပြင်ဟာ လေ အလွင့်ကြောင့် ပေါ်ထွက်လာတော့တယ်။
“ဘယ်လို တောင် ခမ်းန်ားတဲ့ မြင်ကွင်းလဲ။” အမျိုးသမီးဟာ ကျေနပ်စွာ ရေ၇ွတ်လိုက်တယ်။ သူမဟာ သူမကိုယ် သူမ ပြောနေဟန် တူပေမယ့်လည်း သူမဆီကို လျှောက်လာတဲ့ အနက်ရောင် ပုံရိပ် ကို ပြောဟန်နဲ့ ပိုပြီးတော့ တူနေခဲ့တယ် ။