နတ်ဘုရား မုခ်ဝ - Chapter - 227 ဓားဝိဥာဉ်မှ သခင်ကို အသိအမှတ်ပြုခြင်း
ဒီ အဖြစ် သူ့ရဲ့ ပုံရိပ်ကို အကျည်းတန်စေခဲ့တယ်။
ဓား မြေ ကြီးထဲမှာ နက်ရှိုင်းစွာ စိုက်ဝင်နေခဲ့တာ ။ အားအပြည့်သုံး ပြီး ဆွဲထုတ်နေရတဲ့ လူ တစ်ယောက်ရဲ့ ပုံရိပ် မည်သို့မျှ တည်ငြိမ် သော အသွင် မရှိနိုင်ပေ.။
ဥပဒေ အမတ်မင်း သူ့ရဲ့ ရုပ်သွင်နဲ့ ပတ်သက်ပြီးတော့ ဂရုမစိုက်နိုင်အားဘူး ။ ဓားလက်ကိုင်ကို ခြေစုံကန်ပြီး ဆွဲထုတ် ရင်း နဲ့ သာ အလုပ်များနေခဲ့တယ်။
ဒါပေမယ့်လည်း ဒီလို လုပ်နေတဲ့ သူ့ကို ကြည့်နေကြတဲ့ အခြားသော အမတ်မင်းတွေ နှာခေါင်းရှုတ်နေခဲ့ကြတယ်။
သိပ်မကြာခင် အချိန်မှာပဲ။
ရှုတ်ချဟန် အထင်းသား ပေါ်နေတဲ့ အမတ်မင်းတွေ တစ်ခုခု လွဲနေတာကို သဘောပေါက်သွားကြတယ်။
ဥပဒေ အမတ်မင်းက ဒီဓားကို ဆွဲထုတ်နေတာ အချိန် ကြာနေပြီ။ လက်က သွေးကြောတွေတောင်မှ ပေါက်ထွက်တော့ မတတ် ထောင်နေခဲ့ပြီ။ မျက်နှာလည်းနီရဲပြီးတော့ ချွေးတွေလည်း စီးကျနေခဲ့တယ်။
သူ့ရဲ့ အပြုံး လုံးဝပျောက်ကွယ်သွားပြီ ဖြစ်ပြီးတော့ နဖူးကနေ ခြေမထိ ချွေးတောက်တောက်ကျနေတော့တယ်။
သူ့ရဲ့ နောက်ဆုံး အင်အားလက်ကျန်ကို အဆုံးစွန်ထိ အသုံးချနေတဲ့ ဟန် ပေါ်လွင်လှတယ်။
ဒါပေမယ့်လည်း ဓားကတော့ မလှုပ်ရေးချ မလှုပ်။
အမတ်မင်းတွေ သူတို့ မြင်နေရတာကို မျက်စိလည်နေကြတယ်။ ဥပဒေ အမတ်မင်း ၀မ်ချောင်က ဓားကို ဆွဲမထုတ်နိုင်ဘူး။
ဘယ်လို ဖြစ်နိုင်မှာလဲ။
၀မ်ချောင်က ဒီလို အဆင့်ရောက်နေတယ် ဆိုတာ သူ့ရဲ့ စွမ်းဆောင်ရည် မြင့်မားလွန်းတာကြောင့် ။ ရာထူးတက်တာလည်း မြန်ဆန်လှတယ်။ ကျင့်ကြံ ဆင့်ကတော့ နှေးကွေးတယ်လို့ ဆိုနိုင်ပေမယ့် လည်း သဘာဝလွန် အဆင့်ကို ရောက်နေတာ နှစ် အတော် ကြာနေပြီ။
ဒီလို လူမျိုးကတောင် မှ ဓားကို ဆွဲ မထုတ်နိုင်ဘူးတဲ့လား ။
ဘယ်သူကမှ သူတို့ မျက်လုံးကို မယုံနိုင်ကြဘူး ။
ဒါက ဒီလို ဖြစ်နိုင်မလား။
သူတို့ရဲ့ အတွေးတွေ ထဲမှာ အကြောင်း ရာ တစ်ခု လင်းလက်လာခဲ့တယ်။ ဒါက မဖြစ်နိုင်လောက်အောင် ရူးချင်စရာ ကောင်းလှတယ်။ ဒါပေမယ့်လည်း ဖြစ်နိုင်စရာ အရှိဆုံး အကြောင်းပြချက်လည်း ။
ဖြစ်နိုင်တာက …. ဖြစ်ကောင်းဖြစ်နိုင်တာက … မုန့်ထျန်းချန်ခဲ့တဲ့ ဒီဓား ….. မှာ
စိတ်ဝိဥာဉ်ရှိနေတယ်။
လူတိုင်းက ဒါကို ယုံကြည်ကြတယ်။ နောက်ဆုံးမှာတော့ ဒီ ဓားက သုခမိန်လောကကိုတောင်မှ အထိန်းအကွပ်မဲ့ ဖြစ်သွားစေခဲ့တာပဲ။ ဒါပေမယ့်လည်း ဘယ်သူမှ မယုံ ကြတာကတော့ ဓား ဖန်ကျန်းရှီကို သခင် အဖြစ် သတ်မှတ်ထားတယ်ဆိုတာကိုပဲ ။
အခုမှ ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်လာတဲ့ ပေါက်စလေး တစ်ယောက်။ နိုးထလာသော နဂါး အဆင့် တစ်ဆယ်တောင် မ၀င်သေးဘူး။ နောက်ပြီးတော့ ရွှေရောင် နဂါး အဆင့်တွေလည်း အထက်မှာ ရှိနေသေးတယ်။
နောက်ပြီးတော့ ဒီဓားကလည်း မုန့်ထျန်း ပိုင်ဆိုင်တဲ့ အရာ ။ ဒီလို ဂုဏ်သရေရှိ ဓားမျိုးက ဖန်ကျန်းရှီကို ရွေးချယ်တာ ဖြစ်နိုင်လို့လား။
သူတို့အားလုံး တွေးထင်ခဲ့တာကတော့ ဓားဝိဥာဉ် နတ်ဆိုးကို အသုံးချဖို့ အတွက် ဖန်ကျန်းရှီကို အသုံးချခဲ့တာလို့ ထင်နေခဲ့တာ ။
ဒါပေမယ့်လည်း အခု ချိန်မှာတော့
သူတို့အတွေးတွေက မှားနေတဲ့ပုံပဲ။
“ ဓားက တကယ်ပဲ ဖန်ကျန်းရှီကို သူ့ ပိုင်ရှင်အဖြစ် သတ်မှတ်ထားတာ ဖြစ်နိုင်မလား။”
အမတ်မင်းတွေ တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့ကြတယ်။ သူတို့ရဲ့ မျက်လုံးတွေ မယုံကြည်မှု သံသယတွေ အပြည့် ဖြစ်နေတယ်။ ဘယ်သူကမှ ဒီလို ဖြစ်လာဖို့ မမျှော်လင့်ခဲ့ဘူး။
သွမ့်အရှင် တောင့်တောင့် ကြီး ကြက်သေသေ နေခဲ့တယ်။ လက်လွှတ်ရတော့မှာလား။ ဒါပေမယ့် သူက ၀မ်ချောင်ထက် အားနည်းတဲ့သူ ။ အကယ်၍ သူသာ လူရှေ့ သူရှေ့မှာ ဓား ကို ဆွဲမထုတ်နိုင်ခဲ့ရင် ဘယ်လို ဖြစ်သွားမလဲ။
အိမ်ရှေ့စံမင်းသား လင်းထျန်းရုံရဲ့ အကြည့်တွေ အေးခဲနေခဲ့တယ်။ ဓားကို ဆွဲထုတ်နေတဲ့ ၀မ်ချောင်ကို ဆက်မကြည့်နိုင်တော့ဘူး။ အဲ့ဒီ့အစား ယွီယိဖျင်ကိုသာ ကြည့်နေခဲ့တယ်။
ယွီယိဖျင်ရဲ့ မျက်နှာ မည်းမှောင်နေခဲ့တယ်။
အကယ်၍ ဓားကိုသာ ဘယ်သူကမှ ဆွဲမထုတ်နိုင်ရင် သူတော့ “ အဓိက ရာဇ၀တ်သား ” ဖြစ်လာတော့မှာ။ နောက်ဆုံးတော့လည်း ဓားကို သူ့သခင် နဲ့ သာ သက်ဆိုင်တဲ့ အကြောင်း စကားစခဲ့တာ သူပဲ ဖြစ်နေခဲ့တယ်။
သုခမိန် လောကထဲမှာ ဖန်ကျန်းရှီ ဘယ်လို လုပ်ခဲ့လည်း ဆိုတဲ့ အကြောင်း သူတို့ အကုန်ကြားထားပြီးသား ။
“ ဒီလို အဖြစ်မျိုး တကယ်ရှိနိုင်တာလား” လူ သုံးယောက် မယုံကြည်နိုင်မှု တွေနဲ့ ကြည့်နေခဲ့ကြတယ်။ တယောက်ကို တယောက်ကြည့်ရင်း မျက်လုံး ခြင်း ဆက်သွယ်နေခဲ့ကြတယ်။
ပင်းယန်ရဲ့ ဖန်သလင်း မျက်လုံးတွေ နီရဲ နေတဲ့ ၀န်ချောင်ကို ကြည့်နေခဲ့တယ်။ သူမ အလွန်အမင်းကို အံ့အားသင့်နေခဲ့တာ ။ဒါပေမယ့်လည်း သူမရဲ့ အမူအယာ ဒေါသ အဖြစ်ကို လျင်မြန်စွာ ပြောင်းလဲ သွားခဲ့တယ်။
သူမ ဖန်ကျန်းရှီကို ဘက်ကို ကြည့်ရင်း ပွစိပွစိ ပြောတော့တယ်။ “ ဟွန့် ။ အရှက်မရှိလိုက်တဲ့ ကောင်။ တကယ်ပဲ ဓားကို ပြစ်ချလိုက်တယ်။”
ဖန်ကျန်းရှီ ချွေးဒီးဒီး ကျနေတဲ့ ၀မ်ချောင်ကိုသာ ကြည့်နေခဲ့တယ်။ တခြားသူတွေ တွေးနေတဲ့ အကြောင်းကိုလည်း သူသိတယ်။
တကယ်တမ်းတော့ အခုလို အခြေအနေ ဖြစ်လာဖို့ အတွက် သူ အတော်လေး အားထုတ်ထားခဲ့ ရတာ ။
မနေ့ည တုန်း က တစ်ညလုံး မအိပ်ခဲ့ရဘူး။ ပင်းယန် အိမ်တော်က နေ ထွက်လာလည်း က အခန်းတံခါးပိတ်ပြီးတော့ ဓားကို ပုံပြင်ထိုင်ပြောနေခဲ့တာ ။
စစချင်း ကလေး ပုံပြင်တွေကို ပြောတယ်။ အဲ့ဒီ့နောက် သိုင်းဝတ္ထုတွေ အကြောင်း နဲ့ နောက်ဆုံးမှာတော့ သုံးနိုင်ငံ ခေတ်က ချစ်ခြင်း မေတ္တာဖွဲ့ ဇာတ်လမ်းတွေကို ပြောခဲ့တယ်။ ဓားကတော့ တော်တော်လေးကို ပျော်ရွှင်နေခဲ့တယ်။
ပြောရမယ်ဆိုရင် ဒီ အကြောင်းရာက
အတော်လေးကို အထောက်အကူ ဖြစ်စ်ေတယ်။ ဒါပေမယ့်လည်း ခြေရာမဲ့ လို ဂုဏ်သရေရှိ ဓား တစ်လက် ကို သူ့ အပိုင် ဖြစ်ဖို့ အရေး ဒီလောက် ကြိုးစားရတာ မပြောပြလောက်ပါဘူး။ ၀တ္ထုတွေကတော့ ပြီးဆုံး ခါ နီးပြီ။
အချိန်တွေ ကုန်လာတာနဲ့ အမျှ ဖန်ကျန်းရှီ ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု နဲ့ အတူ ပျော်ရွှင်မှုလည်း တိုးလာခဲ့တယ်။ သူ ခပ်တိုးတိုးလေး လေချွန်နေရင်း သီချင်းညီး နေခဲ့တယ်။ “ တူး… တူး တူးး…. မုန်လာဥလေး ကို တူးးး”
ဒါပေမယ့်လည်း ဖန်ကျန်းရှီက သူ့ အသံကို သတိမပြုမိခဲ့ဘူး။
ညီလာခံ တစ်ခုလုံးမှာတော့ သူ့ရဲ့ လေချွန်သံနဲ့သာ ပြည့်လာတော့တယ်။ ဒါ ၀မ်ချောင်ရဲ့ အမူအယာကို ပိုပြီးတော့ ပျက်ယွင်းစေခဲ့တယ်။
ဧကရာဇ် အမူအယာ အနည်းငယ် ပြောင်းသွားခဲ့တယ်။ အဲ့ဒီ့နောက်သူ ချပ်ဝတ်တန်ဆာ ဆင်မြန်းထားတဲ့ လူတစ်ယောက်ကို ကြည့်ရင်း ခေါင်းငြိမ့်လိုက်တယ်။
“ အမတ်မင်း ၀မ်။ အတော်လေး ကြိုးစားခဲ့ပြီးပြီ။ ဒီလို ကိစ္စလေးကို စစ်သူကြီး ကျွန်တော့် ဆီ အပ်လိုက်ပါလား။” သက်လတ်ပိုင်း အမျိုးသား ရှေ့ထွက် လာရင်း ပြောလိုက်တယ်။
အမတ်မင်းတွေ ရှေ့ထွက်လာသူကို မြင်ချိန်မှာ သက်ပြင်းချလိုက်ကြတယ်။
“ စစ်သူကြီးကျင်းကို ကျေးဇူး တင်ပါတယ်။ ဒီလို ကိစ္စငယ်လေး အတွက် ကိုယ့်ကိုယ်ကို ဒုက္ခမပေးပါနဲ့တော့ ။ ဒါပေမယ့်လည်း မနေ့တုန်းက ဥယျာဉ်ထဲမှာ လမ်းလျှောက်ရင်းနဲ့ အကြော အဆစ်တွေ ဒဏ်ဖြစ်သွားတဲ့ပုံပဲ ဒီနေ့ အားအပြည့် မသုံးနိုင်ဘူး။” ဥပဒေ အမတ်မင်း ချွေးတွေကို သုတ်လိုက်ရင်း နဲ့ ဓားလက်ကိုင်ကို လွှတ်လိုက်တော့တယ်။
သူ အရှက်ရပြီးနေပြီ။ ဒါပေမယ့်လည်း ဆက်ပြီးတော့ အရူုးုလုပ်ခံလို့ မဖြစ်တော့ဘူး။ သူ့ရဲ့ အင်အားတွေကို အကုန်သုံးခဲ့ပြီးပြီ။
“ ငါတို့တော့ ပြဿနာ တက်ပြီ။ ” ရှင်ချင်းစွေ့ စစ်သူကြီး ကျင်း ရှေ့ထွက်လာတာကို မြင်ချိန်မှာတော့ စိတ်ပူလာတော့တယ်။
ရန်ရွှယ်လည်း စကားတစ်ခွန်းမှ မပြောပေမယ့် အတော်လေး စိတ်ရှုပ်နေဟန် သိသာ လှတယ်။ သူ ညီလာခံ ခန်းမ အကြောင်း ထက် စစ်သူကြီး ကျင်းအကြောင်းကို ပိုပြီးတော့ ကောင်းကောင်းသိသူ ။
စစ်သူကြီးကျင်းက ညီလာခံမှာ အသန်မာဆုံးသူ မဟုတ်ပေမယ့် သူ့ရဲ့ အပြုအမူတွေ သူ့ကို ညီလာခံမှာ သန်မာတဲ့ ပုံရိပ်တစ်ခုကို ဖန်တီးပေးတယ်။
နန်ကုန်းမု ဖန်ကျန်းရှီကို သတိပေးဖို့ ပြင်လိုက်တယ်။
ဒါပေမယ့်လည်း ဖန်ကျန်းရှီ စစ်သူကြီးကျင်း ထွက်လာတာကို မတွေ့တဲ့ အတိုင်း လေချွန်မပျက်ရှိနေခဲ့တယ်။ သူ့ ကြည့်ရတာ အတော်လေးကို သက်တောင့်သက်သာ ရှိနေဟန်ပဲ။
တကယ်တမ်းမှာတော့ ဖန်ကျန်းရှီ ရဲ့ စိတ်တွင်းမှာလည်း အနည်းငယ်တော့ စိုးရိမ်နေခဲ့တာ ။
ဘယ်လိုပင်ဖြစ်ပါစေ။ သူ့ရဲ့ အမူအယာ ပျက်ယွင်းသွားရင် အဆိုးတွေပဲ ဖြစ်လာမှာကို သူ ကောင်းကောင်းသိလှတယ်။ ဒါ့အပြင်ကို ညီလာခံ ခန်းမတွင်းက အမတ်မင်းတွေကို သူ ကန့်လန့်တိုက်လို့ မရတာကြောင့် လုပ်ချင်တာ လုပ်ကြပါစေလို့ သာ လွှတ်ထားရတော့တယ်။ သူ့ရဲ့ အာရုံစိုက်မှုကို ဓားအပေါ်မှာသာ ထားရှိခဲ့တယ်။
ဒါ့အပြင်ကို နန်ကုန်းမု။ ရန်ရွှယ် နဲ့ တခြားသော သူတွေ ဒီ ကိစ္စမှာ ပတ်သက်လာမှာကို သူမလိုလား ခဲ့ ဘူး ။ သူတို့လည်း အပြစ်ဒဏ်ကို ခံရနိုင်တယ်။
စစ်သူကြီး ကျင်း ထွက်လာချိန်မှာတော့ သူ ခြေလှမ်း ကျယ်ကျယ်လှမ်းရင်း ခံ့ခံ့ထည်ထည် လျှောက်လာခဲ့တယ်။ ဓားကို ဆွဲထုတ်ဖို့ အတွက် သာ ဦးတည်နေခဲ့တာ ။
တခြားသော အရာတွေကို ဂရုမစ်ိုက်ပါဘူး။ သူ့ရဲ့ သန်မာ တုတ်ခိုင် လှတဲ့ လက်မောင်းကြီးတွေ ဓားကို အားစိုက် ဆွဲထုတ်ရင်း သူ့ရဲ့ အသားအရည် အနီရောင် ပြောင်းလာခဲ့တယ်။ ညီလာခံ ခန်းမထဲကို တောက်လောင်နေတဲ့ နေမင်း တစ်စင်း ကျလာသလို ဖြစ်နေခဲ့တယ်။
“ ထလာစမ်း ”
ညီလာခံ ခန်းမထဲက လူတိုင်း မျက်တောင်မခတ်စတမ်း ကြည့်နေခဲ့ကြတယ်။
“ ကချာ့” အသံကျယ်ကြီး ပဲ့တင့်ထပ်လာခဲ့တယ်။
“ထွက်လာပြီလား။”
“တကယ်ပဲ ဓားကို ဆွဲထုတ်နိုင်ပြီလား။”
“စစ်သူကြီးကျင်းက အင်အားကြီးလှတယ်။”
အမတ်မင်းတွေ ပဲ့တင့်သံကိုကြားချိန်မှာတော့ မျှော်လင့်ချက်ရောင်ခြည်သန်းလာကြတော့တယ်။ နောက်ဆုံးတော့ ဓားကို ရွေ့အောင် လုပ်နိုင်ခဲ့ပြီလေ။
“ကချာ့!” နောက်ထပ် ပဲ့တင့်သံ ထွက်လာပြန်တယ်။
အမတ်မင်းတွေရဲ့ စိတ်ဓာတ် တက်ကြွမှုလည်း တိုးမြှင့်လာခဲ့တယ်။ မှောင်မည်းနေတဲ့ ဂူထဲမှာ အလင်းရောင်ကိုတွေ့လိုက်ရတဲ့ အတိုင်း ။ သူတို့ အားလုံး ဓားကိုသာ အာရုံစိုက်နေကြတာ ။
ယွီယိဖျင်ရဲ့ မည်းမှောင်နေတဲ့ မျက်နှာ နောက်ဆုံးမှာ အရောင် တစ်ချို့ ပြန်ပေါ်လာပြီ ။
အကယ်၍ စစ်သူကြီး ကျင်းသာ ဓားကို ဆွဲထုတ်နိုင်ခဲ့ရင်
ဒီလိုသာ ဖြစ်ခဲ့ရင် ထောင်ချောက်ကနေ လွတ်သွားနိုင်တယ်။
“ဖန်ကျန်းရှီ မင်း ပြောသလို ဒီ ဓားက ပိုင်ရှင်ကို အသိအမှတ်ပြုနိုင်တယ်။ အခု ဓားကို ဆွဲထုတ်နိုင်တဲ့သူရှိလာပြီ မင်း ဘာပြောမလဲ။” အမတ်မင်း တစ်ဦး ရှေ့ထွက်ရပ်ရင်း အော်လိုက်တော့တယ်။ ဒီအမတ်မင်း ပထမ အကြိမ်မှာ ပြက်ရယ်ပြုခြင်း ခံလိုက်ရသူပဲ ။
“ အမှန်ပဲလား။ ” ဖန်ကျန်းရှီ ပြစ်တင်ရှုတ်ချတဲ့ အကြည့်နဲ့ ကြည့်ရင်း နှုတ်ခမ်းတွေကို တွန့်ကွေးထားခဲ့တယ်။ “ အမတ်မင်း က ရေတွင်းထဲက ဖားလို ဖြစ်နေရုံတင်မကပဲ မျက်လုံးပါ မမြင်ဘူးကိုး။”
ပြက်ရယ်ပြုခြင်း ခံထားရတဲ့ ထိုအမတ် ဖန်ကျန်းရှီကို ပြန်လည် နှိပ်ကွပ်ဖို့ အချိန် စောင့် နေခဲ့တာ။
“ မင်း။ ငါ့ကို ကန်းနေတယ်လို့ ဘယ်လို ပြောဝံ့တာလဲ။” အမတ်မင်း ဒေါသပေါက်ကွဲတော့တယ်။ ဒါပေမယ့်လည်း အခုချိန်ထိ ဖန်ကျန်းရှီ ဘာပြောနေလဲ ဆိုတာ နားမလည်နိုင် ဖြစ်နေဆဲပါပဲ။
ကန်းနေတယ်။
သူ ပြန်မအော်နိုင်ခင် အချိန်မှာပဲ အမတ်မင်း တစ်ဦး သူ့ ရဲ့ အကျီကို ဆွဲထားခဲ့တယ်။
ဒါ အမတ်မင်း ၀မ်ချောင်ကို စိတ်ရှုပ်ထွေး သွားစေခဲ့တယ်။
သူ့ရဲ့ အကြည့်တွေကို ဓားဆွဲထုတ်နေဆဲ ဖြစ်တဲ့ စစ်သူကြီး ကျင်း ကို ကြည့်လိုက်ချိန်မှာတော့
အဲ့ဒီ့နောက်မှာ
စစ်သူကြီး ကျင်းရဲ့ အမူအယာ အတော်လေးကို ပျက်ယွင်းနေခဲ့တယ်။ ပိုပြီးတော့ အရေးကြီးတာကတော့ သူ့ရဲ့ လက်နဲ့ ခြေထောက်တွေ ဆိုးဆိုးဝါးဝါးကို တုန်ယင်နေတာပဲ ။
ရှင်းရှင်းလင်းလင်း ကြီးကို စစ်သူကြီးကျင်းက သူ့ရဲ့ အင်အားတွေကို အကုန်သုံးထားမှန်းသိသာလှတယ်။
သူ့ရဲ့ ခြေထောက်အောက်မှာ ရှိတဲ့ ကျောက်ပြားတွေတောင်မှ အက်ရာ ထင်နေခဲ့ပြီ ။
စစ်သူကြီး ကျင်း ဒီလောက် အားစိုက်ထုတ်တာတောင်မှ ဓား မြေကြီးထဲမှာ နက်နက်ရှိုင်းရှိုင်း စိုက်ဝင်နေဆဲ ဖြစ်ခဲ့တယ်။
ဓား ညီလာခံ ခန်းမနဲ့ အတူ ပျော်ဝင်သွန်းလောင်းထားတဲ့ အရာ တစ်ခုနှယ် ဖြစ်နေခဲ့တယ်။
စစ်သူကြီး ကျင်းလည်း ဆွဲမထုတ်နိုင်ဘူးလား။
အမတ်မင်းရဲ့ ဒေါသတွေ တစ်ခဏချင်း ပျောက်ကွယ်သွားခဲ့တယ်။ သူ တကယ်ပဲ အရှက်ရပြီ။ အခုချိန်မှာတော့ ယင်ကောင်ကို မြိုချထားရတဲ့သူလို ဖြစ်နေခဲ့တယ်။ ဒါကြောင့် သူ ပြန်လည် ဆုတ်ခွာဖို့ ရွေးချယ်ခဲ့တယ်။
“ဘာ ဘာတွေ ဖြစ်နေတာလဲ။”
“ စစ်သူကြီးကျင်းတောင်မှ ဓားကို ဆွဲမထုတ်နိုင်ဘူးလား။”
“ဓားက တကယ်ပဲ……”