နတ်ဘုရား မုခ်ဝ - Chapter - 272 နန်ကုန်းဟောင်ကို စိန်ခေါ်ခြင်း
အမတ်မင်းတွေအားလုံးဟာတော့ ဖန်ကျန်းရှီနဲ့ နန်ကုန်းမုကို မယုံနိုင်စွာကြည့်နေခဲ့ကြတော့တယ် ။
နောက်ဆုံးတော့လည်း နန်ကုန်းမုက ကောင်းကင်ရောင်ပြန်အထွဋ်အထိပ်အဆင့်မှာ ရောက်နေတဲ့သူတစ်ယောက် သူ့ရဲ့ တိုက်ခိုက်မှုအဆင့်က ဓားသိန်းသန်းချီ ပုံရိပ်နဲ့ အင်အားတူညီရမှာ ။ ဒါ့အပြင်ကို သူ့ရဲ့ လက်နက်ဟာတော့ ကျောက်စိမ်းနီလာဓားပညာအတွက် အကောင်းဆုံးသော ရွေးချယ်မှုလည်း ။ တခြားတစ်ဖက်မှာတော့ ဖန်ကျန်းရှီမှာ ဘာမှ မရှိဘူး။
အဆုံးသတ်မှာတော့ ။
နန်ကုန်းမုဟာ ကြောက်စရာကောင်းလောက်အောင် တိုတောင်းတဲ့ အချိန်မှာပဲ ရှုံးနိမ့်သွားခဲ့တယ်။
ဖန်ကျန်းရှီက ကောင်းကင်ရောင်ပြန်အဆင့်ကို လွန်ခဲ့တဲ့ ၆လကမှတိုးတက်လာခဲ့တာ ။ ဒါကြောင့် ကောင်းကင်ရောင်ပြန် အထွဋ် အထိပ်အဆင့်ကို ရောက်နေခဲ့တဲ့ နန်ကုန်းမုထက် အင်အားကြီးနေတာဟာ ကြောက်စရာကောင်းလှလွန်းတယ်။
သွမ့်အရှင်ဟာတော့ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားခဲ့တယ်။ သူဟာ ဖန်ကျန်းရှီရဲ့ အရည်အချင်းတွေက်ို အလွန် အမင်း ထိတ်လန့်နေတာပဲ ။ အကယ်၍ ဒီလို အတိုင်းသာဆက်ဖြစ်နေရင် ။သူက တကယ်ပဲ။
ကောင်းကင်ရောင်ပြန် ခန်းမမှာ ချီကူယန် ပြောခဲ့တဲ့ စကားလုံးတွေကို ကြားယောင်ပြီးတော့ သွမ့်အရှင်ဟာ အိုးထိန်းစက်ပမာ ချာချာလည်နေတော့တယ်။
အကယ်၍ ဖန်ကျန်းရှီသာ ချီကူယန်ကို အနိုင်တိုက်နိုင်ခဲ့ရင် ဘာတွေ ဆက်ဖြစ်လာမလဲ။
ဖန်ကျန်းရှီနဲ့ ပတ်သက်တဲ့ သူ့ရဲ့ မုန်းတီးစိတ်တွေဟာတော့ တိုးပွားလာတော့တယ်။
“ မဟုတ်ဘူး။ ဒါက မဖြစ်နိုင်ဘူး။”
အမတ်မင်းတွေ အားလုံးဟာတော့ ဒါကိုပဲတွေးနေကြတာ ။ မြောက်ရွာမှာ ဖြစ်ခဲ့တဲ့ အဖြစ်တွေက သူတို့ရဲ့ စိတ်ထဲမှာ ထင်ရှားနေဆဲ။ သူတုိ့ရဲ့ စိတ်ထဲမှာလည်း ယွီယိဖျင် ရဲ့ စကားလုံးတွေဟာ သူတို့ရဲ့ စိတ်ထဲမှာပဲ့တင် ထပ်လာပြန်တယ်။ ဒီလူက ပုန်ကန်သူပဲ။ အကယ်၍ သူ့ကိုသာ ဆက်ပြီးတော့ ခွင့်လွှတထားမယ်ဆိုရင် ညီလာခံက ဘာနဲ့တူသွားမလဲ။
ပင်းယန်ဟာတော့ ညီလာခံကို ဂရုမစိုက်ဘူး ။
သူမဟာ ဖန်ကျန်းရှီ ဓားသိန်းသန်းချီ ပုံရိပ်ကို ဘယ်လို သင်ယူခဲ့သလဲဆိုတာကိုပဲ ဂရုစိုက်နေခဲ့တယ်။ ဒါက နတ်ဆိုး ကျောင်းတော်ကြီးရဲ့ ထိပ်တန်း ပညာရပ်ပဲ။ ယန်လေးကများ သူ့ကို သင်ပေးတာလား။
မအံ့သြတဲ့ သူဟာတော့ ရန်ရွှယ် တစ်ယောက်တည်းသာ ရှိတာ ။
ယုံကြည်မှု မြစ်မြို့တော် စာမေးပွဲမှာတော့ သူဟာလည်း ဒီလူတွေလိုပဲ အံ့သြခဲ့ရတယ်။ ဒါပေမယ့်လည်း အခုတော့ လုံးဝကို မအံ့သြတော့ပါဘူး။ နတ်ဆိုး ကျောင်းတော်ကြီးရဲ့ ဓားသိန်းသန်း ပုံရိပ်လား။
ရန်ရွှယ်ရဲ့ လေအရိပ်နည်းလမ်းနဲ့ အဇူရာ ဓားပညာတို့က ဓားသိန်းသန်းပုံရိပ်နဲက ကျောက်စိမ်းနီလာ ဓားပညာတို့လောက်တော့ အင်အားမကြီးဘူး။ ဒါပေမယ့်လည်း သိတော့ မကွာလှဘူး ။ အဇူရာ ဓားပညာနဲ့ လေအရိပ်နည်းလမ်းကို နားလည်တဲ့ သူဟာလည်း တခြားသော ဓားပညာနှစ်ခုကို သဘောပေါက်ဖို့ လွယ်ကူမှာ။
ရှင်ချင်းစွေ့ဟာလည်း ရန်ရွှယ်ထက်ကို ပိုပြီးတော့ အေးဆေးနေခဲ့တယ်။ သူ့ရဲ့အတွေးဟာတော့ တိုက်ပွဲထဲမှာပဲ ရှိနေခဲ့တယ။် သူ့ရဲ့ ပြိုင်ဘက်က ပိုပြီးတော့ အင်အားကြီးလေလေ သူ့ရဲ့ တိုက်ပွဲ ၀ိဥာဉ်ဟာလည်း အစွမ်းထက်လေ။
…
စင်မြင့်ပေါ်မှာတော့
နန်ကုန်းမု ရဲ့ ရင်ဘတ်ဟာ အလွန်အမင်း နိမ့်ချည်မြင့်ချည်နဲ့လှုပ်ရှိားနေပြီးတော့ ကျောက်စိမ်းနီလာဓားမောင်နှံကို တင်းတင်းကြပ်ကြပ်ဆွဲကိုင်ထားခဲ့တယ်။ သူရှုံးသွားခဲ့ပြီ ဆိုတာကို သူသိတယ်။ ဒါပေမယ့်လည်း ဒီအချက်ကိုတော့ လက်မခံချင်ခဲ့ဘူး။
သူဒီမှာ မရပ်နိုင်ဘူး။ သူအောင်မြင်ဖို့ လိုတယ်။ နန်ကုန်းဟောင်ကို အနိုင်တိုက်ဖို့ အတွက် လိုအပ်တယ်။
လွန်ခဲ့တဲ့ လေးနှစ်တုန်းက နန်ကုန်းဟောင်က တော်ဝင်စာမေးပွဲမှာ ထိပ်တန်းကို ရောက်ခဲ့တယ်။
လွန်ခဲ့တဲ့ ၂နှစ်မှာတော့ သူဟာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် အခွင့်အရေးရခဲ့တယ်။ ဒါပေမယ့်လည်း ထိပ်တန်းကျောင်းတော်သူဖြစ်တဲ့ ချီကူယန်က အကဲဖြတ်မှုမှာ ၀င်ရောက်လာခဲ့တယ်။ ဒါကြောင့်သူဟာ ရွေးချယ်စရာမရှိပဲ လက်လျှော့ခဲ့ရတယ်။ သူဟာ ထိပ်တန်းကျောင်းတော်သား အဖြစ် အိမ်ပြန်မှ ဖြစ်မှာလေ။
အခုတော့ သူက ကောင်းကင်ရောင်ပြန် အထွဋ်အထိပ်ကို ရောက်ေ်နခဲ့ပြီ ။ ကျောက်စိမ်း နီလာအနုပညာနဲ့ ဆိုရင် ထိပ်တန်းကျောင်းတော်သား နေရာကတော့ သူ့အတွက်ပဲ ဖြစ်မှာ။
ဒါပေမယ့်လည်း
သူဟာ ဖန်ကျန်းရှီ နဲ့ ရင်ဆိုင်လိုက်ရတယ်။
ဒီလူက သူ့ရဲ့လမ်းကို ပိတ်ဆို့ဖို့အတွက် ဖြစ်လာခဲ့တယ်။
“ငါရှုံးလို့မရဘူး။” နန်ကုန်းမုဟာ ဆုံးဖြတ်ချက်ခိုင်မာစွာနဲ့ ရှေ့ဆက်တိုးလာခဲ့တယ်။ သူဟာ အက်ကွဲကြောင်းကို ကြီးမားစေကာ အင်အားပြင်းထန်လှတဲ့ အငွေ့အသက်တွေ သူ့ကိုယ်ကနေ ထွက်ပေါ်နေခဲ့တယ်။
နန်ကုန်းမုရဲ့ အမူအယာဟာတော့ အင်အားပြင်းထန်လှတဲ့ သားရဲကောင်ကြီး တစ်ကောင်နဲ့ တူနေခဲ့တယ်။
“မင်းကဘာကြောင့် ရှုံးလို့မရတာလဲ။” ဖန်ကျန်းရှီဟာ နန်ကုန်းမုရဲ့ မျက်နှာကို တည့်တည့်ကြည့်ရင်းမေးလိုက်တယ။်
နန်ကုန်းမုက သူမရှုံးချင်ဘူး။ ရှုံးလိမ့်မှာ မဟုတ်ဘူးလို့ ပြောတာမဟုတ်ပဲ။ ငါရှုံးလို့မရဘူးတဲ့လား။
“ မင်းအပူမပါဘူး။”
“ငါတို့က သူငယ်ချင်းတွေ မဟုတ်ဘူးလား။”
“သူငယ်ချင်းတွေ။ ငါ့မှာ သူငယ်ချင်းဆိုတာ မရှိဘူး။”
“ဒါဆိုဘာလို့ ငါ့အတွက် ကူညီပြီး အသနားခံပေးခဲ့တာလဲ ။ညီလာခံခန်းမမှာတုန်းက ”
“မင်းကို ကျေးဇူးဆပ်ဖို့။ ငါ့အသက်ကို ကယ်ခဲ့တဲ့ မင်းကို ကျေးဇူးပြန်ဆပ်ဖို့။ ”
“ငါနားလည်ပြီ။ ဒါပေမယ့်လည်း မင်းက လက်ခံထားတာထက် ပိုပြီးတော့ ပြန်ပေးသင့်တယ်မလား။ မင်းက ငါ့ကို ကူညီခဲ့ပေမယ့်လည်း တကယ်တမ်းမှာ အကူအညီ မမြောက်ခဲ့ဘူး၊” ဖန်ကျန်းရှီဟာ ခေါင်းငြိမ့်လိုက်တယ်။
“ မင်းဘာလိုချင်လဲ။” နန်ကုန်းမုဟာတော့ မျက်လုံးပြူးနေခဲ့တယ်။
“မင်းဘာကြောင့် ရှုံးဖို့ မဖြစ်နိုင်ဘူးဆိုတာ ငါ့ကို ပြောပြ။ ဒါက မင်းင့ါ့ကို ကျေးဇူးဆပ်တာပဲ။” ဖန်ကျန်းရှီက ပြန်ဖြေလိုက်တယ်။
“မင်းကဘာလို့ အဖြေက်ိုသိချင်နေတာလဲ။”
“ငါစပ်စုချင်တာလို့ ပြောရင် မင်းယုံမှာလား။”
“ကောင်းးပြီလေ။ ငါက တော်ဝင်စာမေးပွဲမှာ ထိပ်တန်းနေရာကို ရချင်တာ။ ”
“ ဘာလို့ ထိပ်တန်းကျောင်းတော်သား ဘွဲ့ရိုရချင်တာလဲ။” ဖန်ကျန်းရှီက ထပ်မေးလိုက်ပြန်တယ်။ သူနဲ့ နန်ကုန်းမုတွေ့ပြီးတော့ စကားပြောရတဲ့အချိန်က နည်းခဲ့ ပေမယ့်လည်း နန်ကုန်းမုက ကျော်ကြားမှုတွေနောက်ကို လိုက်တဲ့ သူမဟုတ်မှန်းသူသိတယ်။
“ ငါလူတစ်ယောက်ကို မရှုံးချင်လို့။”
“ဘယ်သူ့ကိုလဲ။”
“ငါ့အစ်ကိုကို။” နန်ကုန်းမုရဲ့ အသံဟာတော့ ကြေကွဲမှုတွေ အနည်းငယ်ပါဝင်နေခဲ့တယ်။
“မင်းရဲ့ အကိုလား။ သူက ဘယ်သူလဲ။ အရမ်း အင်အားကြီးတာလား။” ဖန်ကျန်းရှီဟာ အဆက်မပြတ်မေးတော့တယ်။ သူတကယ်ပဲ နန်ကုန်းမုရဲ့ အကိုက ဘယ်သူဆိုတာ မသိဘူးဒ။ နောက်ဆုံးတော့လည်း သူက ကန်လင်းတောင်မှာ နေတဲ့ ရွာသားလေးတစ်ယောက်ပဲလေ။
ရွာသားတွေက အပြင်လောကရဲ့ ကိစ္စကို ပြောတာ အတော်လေးရှားတယ်။
သူတို့ တကယ်ပဲ ဂရုစိုက်ကြတာက သူတို့ရဲ့ ကိုယ်ပိုင်ဘ၀ ကို သက်ရောက်တဲ့ အရာတွေ အကြောင်းပဲ။ ဥပမာဆိုရင်တော့ ဟွေ့အန်းဒေသက အသားဈေးနှုန်းတို့။ လူချမ်းသာတွေက ဘယ်လို သားရေမျိုးကို ကြိုက်လဲတို့။ ယုံကြည်မှုမြစ်မြို့တော်မှာ ဘာတွေ ဖြစ်နေတာလဲ။
များသောအားဖြင့်တော့ သူတို့ဟာ နတ်ဆိုးကျောင်းတော်က စည်းမျဉ်းတွေကိုပဲ စိတ်ဝင်စားကြတာ ။
ဖန်ကျန်းရှီ အတွက်လည်း ချီကူယန်နဲ့ မတွေ့အောင် လှည့်ပတ်ရှောင်တာကလွဲပြီးတော့ သူလည်း တခြား ဘာကိစ္စမှ ဂရုမစိုက်သလောက်ပဲ။
“ မင်းငါ့ အစ်ကို ကို မသိဘူလား။” နန်ကုန်းမုက အံ့သြသွားခဲ့တယ်။
“ငါ သူ့ကို သိသင့်လို့လား။” ဖန်ကျန်းရှီက လက်ဝေ့ယမ်းရင်းမေးလိုက်တယ်။
“မင်းတကယ်ပဲ မသိတာလား။”
“တကယ်မသိတာ။”
“ကောင်းပြီလေ။ ငါ့အကိုက နန်ကုန်းဟောင်။”
“အိုး ။”
“မင်းမလန့်သွားဘူးလား။”
“ဘာလို့လန့်ရမှာလဲ။”
“ငါ့အစ်ကို နန်ကုန်းဟောင်။ သူ့ကို ကြီးမြတ်သော ရှ မင်းဆက်က လူတိုင်းသိတယ်။ ”
“ဒါပေမယ့် ငါမှ မသိတာ။ ရင်းလည်းမရင်းနှီးဘူး။ ငါ့တစ်သက်မှာ နန်ကုန်းဟောင်ဆိုတဲ့ နာမည်ကို အခုမှ ပထမဆုံး ကြားဖူးတာ။ ဒါပေမယ့်လည်း နန်ကုန်းမုဆိုတော့ နာမည်ကိုတော့ ကောင်းေးကာင်းကြားဖူးတယ်။ သဘောတူတယ်မလား။ ဟဟား။” ဖန်ကျန်းရှီဟာ ရယ်မောနေခဲ့တယ်။
အမတ်မင်းတွေဟာတော့ ဖန်ကျန်းရှီ ရယ်မောနေတာကို စိတ်ရှုပ်စွာနဲ့ ကြည့်နေကြတော့တယ်။
ဖန်ကျန်းရှီက နန်ကုန်းဟောင်ကို လှောင်ရယ်နေတယ်ဆိုတာ သူတို့ ပြောနိုင်တယ်။
နန်ကုန်းဟောင်ဆိုတာ ဘယ်သူများလဲ။
နန်ကုန်းမိသားစုရဲ့ ကြီးမားတဲ့ ဂုဏ်ရည်နဲ့ နှစ်သက်ဖွယ် ကောင်းမှုပဲ။
ပိုပြီးတော့ အရေးကြီးတာက
နန်ကုန်းဟောင်က နန်ကုန်းမုရဲ့ အကိုလေ။
ဖန်ကျန်းရှီက ဘယ်လိုများ နန်ကုန်းမုရဲ့ အစ်ကို ကို မသိဘူးလို့ပြောနိုင်တာလဲ။ ဒါက နန်ကုန်းမုနဲ့ သူ့မိသားစုကို မလေးစားရာ ရောက်မနေဘူးလား။
လူတိုင်းဟာတော့ နန်ကုန်းမု ဒေါသထွက်တော့မှာပဲလို့ ထင်နေခဲ့ကြတယ်။
ဒါပေမယ့်လည်း တကယ်တမ်းမှာတော့
နန်ကုန်းမုဟာ ဒါကို ကြားချိန်မှာ နေရာမှာပဲ ကြက်သေသေနေခဲ့တယ်။
“ နန်ကုန်းဟောင်ဆိုတဲ့ နာမည်ကို ဒါ ပထမဆုံးကြားဖူးတာပဲ။ ဒါပေမယ့်လည်း နန်ကုန်းမုဆိုတဲ့ နာမည်ကိုတော့ အများကြီးကြားဖူးတယ်။ “
“အများကြီး ။”
နန်ကုန်းမုရဲ့ အတွေးထဲမှာတော့ ဒီစကားလုံးတွေကို ထပ်ခါ ထပ်ခါ ပြန်တွေးနေမိတယ်။ ဖန်ကျန်းရှီ အမှန်ကို ပြောနေတာလားဆိုတာ သူမသိဘူး။ ဒါပေမယ့်လည်း ဒါဟာ သူ့ဘ၀မှာ နန်ကုန်းဟောင်ကို မသိပဲ နန်ကုန်းမုကိုပဲ သိတဲ့ သူရှိကြောင်း ပထမဆုံး အနေနဲ့်ကြားဖူးတာ ။
လူတစ်ယောက်က နန်ကုန်းဟောင်ကို မသိပဲ ဘယ်လိုများ နန်ကုန်းမုကိုပဲ သိနိုင်တာလဲ။
နန်ကုန်းမုဟာတော့ ကျောက်စိမ်းနီလာဓားမောင်းနှံကို ကျစ်ကျစ်ပါအောင် ကိုင်ထားမိတယ်။ ဒါဟာ ဆယ်စုနှစ် နှစ်ခုစာ ချိုးနှိမ်ထားခဲ့တဲ့ သူ့ ခံစားချက်တွေရဲ့ ရလဒ် တစ်ခုပဲ ။
တစ်ခဏကြာပြီးနောက်မှာတော့ နန်ကုန်ုးမုရဲ့ အမူအယာဟာ ပုံမှန်ပြန်ဖြစ်သွားတော့တယ်။
သူ့ရဲ့ မျက်နှာပေါ်က ကြောက်မက်ဖွယ် အငွေ့အသက်တွေ ပျောက်ဆုံးသွားပြီးတော့ ပြန်လည်တည်ငြိမ်သွားတော့တယ်။
“ ငါ့အတွက် ကိစ္စ တစ်ခုကို လုပ်ပေးနိုင်မလား။” နန်ကုန်းမုဟာ ဖန်ကျန်းရှီကို ကြည့်ရင်း ပြောလိုက်တယ်။ သူဟာတော့ စိတ်ဆုံးဖြတ်လိုက်ဟန်ပါပဲ။
“လုပ်ပေးမယ်လေ။” ဖန်ကျန်းရှီက ခေါင်းငြိမ့်လိုက်တယ်။”
“ဘယ်ကိစ္စလည်း ဆိုတာတောင် မင်းမမေးတော့ဘူးလား။”
“ မေးဖို့လိုသေးလို့လား။ ငါတို့က သူငယ်ချင်းတွေပဲကို။ ”
“သူငယ်ချင်းတွေ။ ဟုတ်တယ်။ ငါတို့က တကယ့်ကို သူငယ်ချင်းတွေပဲ။” နန်ကုန်းမုဟာ သူ့ဘာသူ တီးတိုးပြောလိုက်တယ်။ အဲ့ဒီ့နောက ကျောက်စိမ်းနီလာ ဓားမောင်နှံကို ဖြေလျှော့လိုက်တော့တယ်။ “ ငါ့အတွက် နန်ကုန်းဟောင်ကို အနိုင်တိုက်ပေးစေချင်တယ်။”
“ရတာပေါ့။ သူ့ကို လွှတ်လိုက်စမ်းပါ။ မျက်နှာကို ကောင်းကောင်းချပေးလိုက်မယ်။ အိမ်ပြန်ရင် သူ့အမေတောင် သူ့ကို မမှတ်မိစေရဘူး။” ဖန်ကျန်းရှီက ခေါင်းငြိမ့်လိုက်တယ်။ အဲ့ဒီ့နောက် တစ်ခုခု လွဲနေတာကို သူသတိထားမိသွားတော့တယ်။
နန်ကုန်းမုဟောင်က နန်ကုန်းမုရဲ့ အကိုမလား။ ဘာလို့ နန်ကုန်းမုက သူ့ကို ရိုက်ခိုင်းနေတာလဲ။
သူမေးမလို့ ပြင်လိုက်ချိန်မှာပဲ နန်ကုန်းမုဟာ စင်ပေါ်ကနေ ဆင်းသွားတော့တယ်။
“ ကျေးဇူးပဲ ငါရှုံးသွားပြီ။” နန်ကုန်းမုရဲ့ မျက်လုံးတွေဟာတော့ အေးဆေးနေခဲ့တယ်။ သူဟာ ၀န်ထုပ်ဝန်ပိုကြီး တစ်ခုကို ပြစ်ချလိုက်တဲ့ အတိုင်း ပေ့ါပါးနေတော့တယ်။
“အာ။ မင်းပဲ ခုနက ရှုံးလို့မရဘူး ပြောထားတာ မလား။” ဖန်ကျန်းရှီက နန်ကုန်းမုကိုကြည့်ရင်းပြောလိုက်တယ်။
“ အခုတော့ ငါရှုံးလို့ရပြီ။” နန်ကုန်းမုဟာ အဝေးက်ို လှမ်းကြည့်ရင်း ပြောလိုက်တယ်။ နန်ကုန်းမိသားစုတွေ နေထိုင်တဲ့ ဘက်ကိုပေါ့။
အိမ်ကနေ ထွက်လာချိန်တုန်းက သူ့မှာ ရည်ရွယ်ချက်တစ်ခုပဲ ရှိခဲ့တယ်။ လူုတိုင်းကို အနိုင်တိုက်ပြီး ထိပ်တန်းကျောင်းတော်သား အဖြစ် အိမ်ပြန်မယ်။
အခုတော့ ဒီဆုံးဖြတ်ချက်ကို နောင်တမရတော့ဘူး။
“ မင်းအအခုရှုံးလို့ရပြီလား။” ဖန်ကျန်းရှီဟာ နန်ကုန်းမုပြောတာကို နားမလည်ဘူး။
အမတ်မင်းတွေအားလုံးဟာတော့ အခုဖြစ်နေတာကို အံ့သြနေကြတယ်။ ဘာတွေ ဖြစ်ကုန်ပြီလဲ။ နန်ကုန်းမုက ရုတ်တရက်ဘာလို့အရှုံးပေးလိုက်တာလဲ။ ဖန်ကျန်းးရှီ သူ့ကို ဘာများလုပ်လိုက်လို့လဲ။
ကြားရတာ
ခနနေပါအုန်း။ ဖန်ကျန်းရှီက နန်ကုန်းမုကို အနိုင်တိုက်မယ်လို့ အခုပဲ ပြောလိုက်တာ မလား။
“ ငါကြားတာ မှန်ကော မှန်ရဲ့လား။ ဖန်ကျန်းရှီက နန်ကုန်းဟောင်ကို အခုစိန်ခေါ်လိုက်တာလား။”
“ ထင်တာပဲ။ သူ့အမေ မမှတ်မိတော့လောက်တဲ့ အထိ မျက်နှာကို နာနာလေး ချပေးမယ်လို့တောင်ေ ပြာလိုက်သေးတယ်။ ”
“ အတင့်ရဲလိုက်တာ။ ဒါပေမယ့် ဒီကောင် ဘာတွေနေတာလဲ။ ဒါက နန်ကုန်းမိသာစုကနန်ကုန်းဟောင်လေ။ သူ့မှာ ဒီလောက်ထိ သတ္တိရှိနေတာလား။”
အမတ်မင်းတွေဟာတော့ အကြောက်အလန့်မရှိတဲ့ ဖန်ကျန်းရှီကို ငေးကြည့်နေကြတယ်။ သူဘာတွေ တွေးနေလဲဆိုတာ သူတို့ တကယ်ပဲ မခန့်မှန်းနိုင်ဘူး။
သူတကယ်ပဲ နန်ကုန်းဟောင်ကို စိန်ခေါ်လိုက်ပြီလား။ ဧကရာဇ်ရဲ့ ရှေ့မှာတောင် စိန်ခေါ်လိုက်တယ်။ ဒီအရှက်မရှိတဲ့ ခွေးကောင်လေးက တစ်နေ့ထက် တစ်နေ့ အတင့်ရဲလာတာပဲ။ “ ပင်းယန်ဟာ တက်ကြွစွာ ပြောနေခဲ့တယ်။
“ နန်ကုန်းဟောင်ကို စိန်ခေါ်မယ်။” ရှင်ချင်းစွေ့ဟာ ရန်ရွှယ်ကို ကြည့်နေခဲ့တယ်။ ရန်ရွှယ်ဟာတော့ တည်ငြိမ်နေခဲ့တယ်။ ဖန်ကျန်းရှီ ရဲ့ စကားလုံးတွေကို မအံ့သြပါဘူး။
သွမ့်အရှင်ရဲ့ မျက်နှာပေါ်မှာတော့ တောက်ပတဲ့ အပြုံးပေါ်လာခဲ့တယ်။ “ ကိုယ့်နေရာကို မသိတဲ့ ရွာသားလေး။ နန်ကုန်းဟောင်က ညီလာခံစာမေးပွဲမှာ ပါဝင်တဲ့ အချိန် မင်းဘယ်လိုလုပ်မလဲကြည့်ကျသေးတာပေါ့။”
လူတိုင်းဟာတော့ အခုဖြစ်နေတာတွေ အကြောင်း တစ်ယောက်မျိုး တွေးနေကြတယ်။ ဒါပေမယ့်လည်း ဧကရာဇ် လင်းမုပိုင်ဟာတော့ အမူအယာ မဲ့နေခဲ့တယ်။ ဧကရာဇ်မင်း တစ်ပါးအနေနဲ့ ဘာတွေ ဖြစ်နေလဲ ဆိုတာ သူခန့်မှန်းဖို့ မလိုဘူး။
သူလိုအပ်တာက တိုးတက်မှုနဲ့ ရလဒ်ကို စောင့်ဖို့ပဲ။
…
ရလဒ်ကို ကြေညာပြီးတဲ့နောက် ဖန်ကျန်းရှီနဲ့ နန်ကုန်းမုတို့ရဲ့ ဗိုလ်လုပွဲ အကြို ယှဉ်ပြိုင်မှု တွဲဖက်တွေကို ရွေးချယ်ကြရတယ်။
ကံကောင်းတဲံ ဖန်ကျန်းရှီကတော့ ဒဏ်ရာပြင်းထန်တဲ့ ပြိုင်ပွဲဝင်တစ်ဦးကို ရွေးမိပြီးတော့
ရန်ရွှယ်ကတော့ ရှင်ချင်းစွေ့ကို ရွေးမိတယ်။
ရန်ရွှယ်ကတော့ စကားများတဲ့သူ မဟုတ်သလို ရှင်ချင်းစွေ့လည်း အတူတူပါပဲ။ အဲ့ဒီ့နောက် တိုက်ပွဲဟာ စတင်တော့တယ်။
ရှင်ချင်းစွေ့ က စတင်တိုက်ခိုက်ခဲ့တယ်။ အံ့သြစရာမရှိပါဘူး ။ စစ်နတ်ကျောင်းတော် ကထိုးစစ် ထိုးစစ် ထိုးစစ် မှာ ကျွမ်းကျင်ယုံကြည်ကြတယ်။
ရန်ရွှယ်ဟာလည်း အခြေအနေကို ကောင်းကောင်းထိန်းထားနိုင်တယ်။
ဒါဟာတော့ အတော်လေးကို ပြင်းထန်ပြီးတော့ စိတ်လှုပ်ရှားစရာကောင်းတဲံ ပွဲ ။ ဒီ တိုက်ပွဲက ဖန်ကျန်းရှီရဲ့ ပွဲတော် ဖျော်ဖြေတင်ဆက်မှု အစွမ်းကိုလည်း မြင်တွေ့ခဲ့ရတယ်။ (ဘောလုံးပွဲ ကြေညာသလို အားပေးခြင်း)
ငါးမိနစ်ကျော်ကြာပြီးနောက်မှာတော့ တိုက်ပွဲဟာ အရှိန်လျော့လာခဲ့တယ်။
ရန်ရွှယ်ဟာတော့ အရင်ကလိုပဲ တည်ငြိမ်အေးစက်နေခဲ့တယ်။
ရှင်ချင်းစွေ့ဟာတော့ ဖြူဖျော့နေခဲ့တယ်။ သူ့ရဲ့ အကျီ အနက်မှာတော့ ချွေးကွက်တွေ စိုနေခဲ့တော့တယ်။
“ကြည့်ရတာ ရှင်ချင်းစွေ့က အပြည့်အ၀ ပြန်မကောင်းသေးတဲ့ပုံပဲ။ ”
“ သူ့ရဲ့ အရိုးတွေကျိုးသွားပြီးတော့ အတွင်းဒဏ်ရာတွေလည်း အတော်များများ ရထားတယ်။ အနည်းဆုံး ခြောက်လ ကြာမှပဲ ပျောက်နိုင်မယ်။ ”
“ဟုတ်တယ်။ ရှင်ချင်းစွေ့က သုခမိန်လောကထဲမှာလဲ ဒဏ်ရာတွေ အများကြီးရခဲ့တယ်။ သူ အသက်ရှင်လာတာကိုက အံ့သြဖွယ်ကောင်းလှတယ်။ ဒီတိုက်ပွဲက အတော်လေး မြန်လိမ့်မယ်လိုက ငါထင်တယ်။”
“ ပြောနိုင်တာကတော့ ရန်ရွှယ်ကို ရှင်ချင်းစွေ့လိုမျိုး အင်အားပြင်းထန်ဖို့တော့ မမျှော်လင့်ဘူး။ သူကအတော်လေး အရည်အချင်းရှိပေမယ့်လည်း“
အမတ်မင်းတွေ အားလုံးဟာတော့ ဒီတိုက်ပွဲ အကြောင်းကို ဆွေးနွေးနေခဲ့ကြတယ်။
ဖန်ကျန်းရှီဟာတော့ ရန်ရွှယ်ကို စင်အောက်ကနေ အားပေးနေခဲ့တယ်။ သူဟာ ချက်ခြင်းဆိုသလို ဘေးပတ်ဝန်းကျင်က အမတ်မင်းနဲ့ စာစစ်သူတွေရဲ့ ဒေါသ အကြည့်တွေကို ကောင်းကောင်းရလိုက်တော့တယ်။
“ ဒီကောင်က ဘယ်လိုများ အတွေးအခေါ်စာမေးပွဲမှာ ထိပ်တန်းကျောင်းတော်သား ဖြစ်ရတာလဲ။”
“ မေးခွန်း ခြောက်စုံလုံးကို ဒီလိုလူက အကုန်ဖြေခဲ့တယ် ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။”
“နောက်ပြီးတော့ ဒီလို အကျင့်စရိုက်ရှိတဲ့ သူနဲ့ ရန်ရွှယ်က ဘယ်လိုများ တွဲမိသွားတာလဲ။”
ဖန်ကျန်းရှီရဲ့ အော်ဟစ် အာေးပးနေမှုကို မြင်ချိန်မှာတော့ အစောင့်တွေ နောက်မှာ ရပ်နေတဲ့ လူငယ်တွေဟာ လှောင်ရယ်နေကြတော့တယ်။
ပင်းယန်တစ်ယောက်သာ ဖန်ကျန်းရှီရဲ့ အပြုအမူကို မအံသြတာ ။ သူမဟာလည်း အော်ဟစ်အားပေးနေခဲ့တယ်။ “ လာစမ်းပါ။ ချလိုက်စမ်း။ ချပြစ် ချပြစ်။”
…
စင်မြင့်ပေါ်က တိုက်ပွဲဟာတော့ ပြင်းထန်လာတော့တယ်။
အခုချိန်ထိ ရှင်ချင်းစွေ့နဲ့ ရန်ရွှယ်တို့ဟာ စကားတစ်ခွန်းတောင် မပြောကြသေးဘူး ။
ရှင်ချင်းစွေ့ဟာတော့ မဟူရာဓားကို စွဲကိုင်ထားပြီး သူ့ရဲ့ တိုက်ပွဲ ၀ိဥာဉ်ဟာတော့ တစ်စထက် တစ်စ ပြင်းထန်လာခဲ့တယ်။ ရန်ရွှယ်ဟာတော့ နေရာမှာပဲ ရပ်နေခဲ့တယ်။ သူ့ရဲ့ တောင်နဲ့ မြစ်မိုးမြေယပ်တောင်ဟာတော့ နေရောင်ထဲမှာ တောက်ပနေခဲ့တယ်။
“တိုက်” ရှင်ချင်းစွေ့ဟာ ၀မ်းခေါင်းသံနဲ့ အော်ဟစ် မာန်သွင်းလိုက်တယ်။ သူ့ရဲ့ ဓားကို နှိမ့်ချလိုက်ပြီးတော့ သူ့ရဲ့ တိုက်ပွဲ ၀ိဥာဉ်ဟာလည်း ဓားသွားတမျှ ချွန်ထက်လာခဲ့တယ်။
ဒါပေမယ့်လည်း သူမာန်သွားလိုက်ချိန်မှာတော့ ရန်ရွှယ်ဟာ ပျောက်ကွယ်သွားခဲ့တော့တယ်။
သူရပ်နေတဲ့ နေရာကနေ ပျောက်ကွယ်သွားခဲ့ပြီ။
တကယ်တမ်းမှာတော့ ကမ္ဘာလောကကြီး တစ်ခုလုံးဟာ ပျောက်ကွယ်သွားတာ ။ အဖြူရောင် အလင်းတန်းတွေသာ ပျံ့သွားတော့တယ်။ တခြားအရောင် မရှိဘူး။
စာစစ်သူတွေ အားလုံးဟာတော့ သူတို့ရဲ့ မျက်လုံးတွေကို ဓားသွားတွေနဲ့ ထိုးဖောက်ခံလိုက်ရသလို ခံစားရပြန်တယ်။ သူတို့အားလုံးဟာတော့ နှလုံးသား ထဲကနေ ကျိန်ဆဲ နေကြတော့တယ်။
“ တနေ့တည်းမှာပဲ အဖြူရောင် အလင်းကြောင့် မျက်စိဘယ်နှစ်ခါ ကန်းနေရအုန်းမှာလဲ။ သူတို့တွေ ဒါကို လုပ်မှရမှာလား။ ဒါက ခွေးကောင် ဖန်ကျန်းရှီ ရဲ့ နည်းလမ်း မဟုတ်ဘူးလား။”