နတ်ဘုရား မုခ်ဝ - Chapter - 287 ကျောက်ပြားပေါ်က ပထမ နာမည်
ဒါကိုကြားတော့ အမျိုးကောင်းသား တစ်ချို့ လှောင်ရယ်တယ်။
ချမ်းသာတဲ့ လူငယ်တွေ အတွက် ။ ငွေငါးပြားက ဘာတန်ဟြေားရှိမှာလဲ။ မြေကြီးပေါ် ကျနေရင် တောင် ကောက်ဖို့ စိတ်မ၀င်စား။
“ ဆယ်ပြားကွာ” ၀မ်တပေါင်း မျက်နှာနီလာပြီ။
“ လုပ်စမ်းပါ။ ငါတို့ လေးယောက် တစ်ယောက်ကို ငွေသား ငါးရာနဲ့ စုစုပေါင်း ၂၀၀၀ လောင်းမယ်။ ဒီလောက်လေးတော့ မင်း တတ်နိုင်တယ် မလား။”
“ နှစ် …. နှစ်ထောင်တောင် ။” ၀မ်တပေါင်း ဖျားချင်သွားတယ်။
…
ပြိုင်ပွဲကတော့ အရှိန် ဆက်မြင့်နေဆဲ။ ဒါပေမယ့် တခြားအဖြစ် အပျက် မရှိ။ နာမည်တွေ ကျောက်ပြား အဆုံး ထိ ပေါ်လာတယ်။
အများစုက ဒုတိယ အမှတ်က ကျောက်ပြားကို ကျော်သွားပြီ ။
ဖန်ကျန်းရှီရဲ့ နာမည် ပေါ်မလာသေး။ နတ်ဖွက်ခံရလို့ ပျောက်သွားသလို။
၀မ်တပေါင်း နာမည် ကျောက်ဖျာကို ကြည့်နေတယ်။ တစ်ယောက်တည်း တိုးတိုး တိုး တိုး နဲ့ ။ အံ့ဖွယ်ရာ ဖြစ်လာဖို့ ဆုတောင်းနေတယ်။
လောင်းထားတဲ့ လေးယောက်ကတော့ အေးအေးဆေးဆေး ဒူးနန့်နေခဲ့ပြီ။
အခုချိန် ဖန်ကျန်းရှီမှာ ကျောက်စိမ်း နှင်း ရှိရင်တောင်မှ ပြိုင်ပွဲကို အမှီ လိုက်နိုင်မယ့် ပုံ မပေါ်။
ဧကရာဇ် လင်းမုပိုင် ရဲ့ ပလ္လင် အောက်က အမတ်မင်း တွေ ကျောက်ဖျာကို ကြည့်ရင်း ပြုံးနေကြတယ်။
တစ်ယောက်ကမှ ဖန်ကျန်းရှီကို သတိမရ။
ဖန်ကျန်းရှီက အာရုံစိုက်ဖို့မှ မတန်ပဲ။
တတိယ ကျောက်ဖျာမှာ နာမည် တစ်ခုပေါ်လာတယ်။
ရှန်းထျန်းရင်
တန်ကျုံးမင်ရဲ့ နာမည်ကလည်း မရှေးမနှောင်း ပေါ်လာတယ်။
သိပ်မကြာခင် ပင်းယန်။ ပြီးတော့ ကျန်းဖေးယွီနဲ့ မင်းသားကိုး။
အဆင့်တွေကတော့ မပြောင်းသေး။
“ထိပ်တန်း သုံးဦးကတော့ ဒီငါးယောက်ပါပဲ ရှိမှာပါကွာ။ ပြိုင်ကြပေရော့”
“ ရှန်းထျန်းရုံက ထုံးစံ အတိုင်း လက်ရည် အသာဆုံးဟ။ နိုးထလာသော နဂါး အဆင့် ၇ လေ။ နောက်ပြီးတော့ ငယ်ငယ်တည်းက မြင်းစီး ကျွမ်းတာ။”
“ ရှန်း မိသားစု (ကြယ်တာရာ စစ်တလင်း ) စောင့်ရှောက်သူ ပီသတယ်ကွာ။ ငယ်ငယ် လေး ထဲက ဒီလို စစ်တလင်းမှာ လေ့ကျင့်လာတဲ့ ကလေးကို ဘယ်သူ ယှဉ်နိုင် အုန်းမှာလဲ”
“ ပင်းယန် မင်းသမီးလေးလည်း တော်လိုက်တာ။” ဧကရာဇ် လင်းမုပိုင်ကို လှမ်းကြည့်ရင်း အမတ်မင်း တစ်ယောက် ပြောတယ်။
ပင်းယန် ကိုယ့်သားကောင်ကို ကိုင်လာတယ်။ ဧကရာဇ် မင်းကတော့ ဒါကို ကြည့်ရင်း ပျော်နေရှာတယ်။ “ ပင်းယန် က ပြဿနာကို ရှောင်နိုင်တာပဲ ။ ကျန်းဖေးယွီကို နောက်မှာ ဖြတ်ဖို့ တစ်ခုခု လုပ်အုန်းမှာ သေချာတယ်”
“ အရှင်မင်းကြီး ။ ကျွန်တော်မျိုး လျှောက်တင်ပါတယ် ။ ပင်းယန် မင်းသမီးလေးက မြို့တော် မှာ အတော်ဆုံး မြင်းသည်တော်ပါ။ နောက်ပြီးတော့ ကျောက်စိမ်းနှင်းက အကောင်းဆုံး အင်ပါယာ မြင်းပျံ။ ဒါကြောင့် ပွတ်တာ တိုက်တာ လေးတွေက မဆန်းပါဘူး။”
“ ၀န်ကြီးယွီ။ ပင်းယန် အတွက် ပြောပေးစရာ မလိုဘူး။” ဧကရာဇ် လင်းမုပိုင် ပြန်ဖြေတယ်။ ဒါပေမယ့် သူ့ရဲ့ အပျော်ကတော့ လျော့မသါား။
“ကျွန်တော်မျိုးရဲ့ အမြင်အရ။ ပင်းယန် မင်းသမီးလေးက အရှင်မင်းကြီးနဲ့ အတော်လေး ဆင်တူတယ်။” နောက်ထပ် အမတ်မင်း တစ်ဦး ထွက်လာတယ်။။
“ဒါက မိုးနတ်မင်းပေးတဲ့ ဆုလဒ် ပဲ။ ဧကရာဇ် လို အင်အားပြည့်ဝတဲ့ အရှင် တစ်ပါး က ဒီလို ထူးချွန်တဲ့ သမီးလေးမျိုးမွေးတာ ဆန်းမလား။ ” အမတ်မင်းတွေ ဖော်လံဖားကြတော့တယ်။
ဧကရာဇ် လင်းမုပိုင် နောက်ထပ် စကားမပြောတော့ဘူး။ ဒါပေမယ့် ဧကရာဇ် မင်း ပျော်ရွှင် နေတာ လူတိုင်း သိနိုင်တယ်။
နိုင်ငံရေးက ရှုပ်ထွေးညစ်ပတ်တဲ့ ကိစ္စပဲ။
သူက အင်ပါယာ ခေါင်းဆောင် တစ်ယောက်။ တစ်ရက်တစ်ရက် စိတ်ပူစရာတွေ မနည်းမနော။
နိုင်ငံရေးကိစ္စတွေကို ဘေးထားတယ်။ ဒီလို ပြိုင်ပွဲက သူ့ အတွက် ရှားရှားပါးပါး အားလပ်ချိန်ပဲ။ သူ့သမီးတော်လေး ကောင်းကောင်း ယှဉ်ပြိုင်ပြီး ထိပ်ဆုံးရောက် နေပြီ။ ဒီအခိုက်အတန့်က အဖိုးတန်လွန်းတဲ့ အချိန်ပဲ။
သူ့ သမီးတော် လေး အကြောင်း ချီးကျူးတာ ကြားရတော့ ပိုပြီး ပျော်လာတယ်။
…
စတုတ္ထမြောက် အမှတ်က ကျောက်ဖျာမျာ လူငယ် တစ်ယောက် ရှိနေတယ်။ အပြာရောင် အကျီ လက်ရှည် က လေထဲမှာ လွင့်နေတယ် ။
လက်ထဲမှာတော့ အစိမ်းရောင် သား၇ဲကောင် တစ်ကောင်ရဲ့ ဦးခေါင်း။
စိတ်ပျက်စရာ အ၀ါပုပ် မြင်းကျားကြောင့်သာ မဟုတ်ရင်။ ဒီလူငယ်ရဲ့ အသွင်က အတော်လေး တက်ကြွနေမှာ အမှန်။
ဖန်ကျန်းရှီ ကျောက်ဖျာကြီးနားကပ်တယ်။ စူးစမ်းတယ်။
အနက်ရောင် ကျောက်ပြားကြီ။ ၅မီတာမြင့်တယ်။ ၂မီတာ ကျယ်တယ်။
“ကြီးလိုက်တဲ့ ကျောက်ပြားကြီး” ဖန်ကျန်းရှီ ပြောတယ်။
ကျောက်ဖျာကြီးကို လက်နဲ့ ကပ်ကြည့်တယ်။ ထိရတာ အေးအေးလေး။
ခဏလောက် ကပ်ကြည့်တယ်။
ဆွဲနုတ်ပြီး မကြည့်တယ်။ သယ်ဖို့ ကြံတယယ။်
ဒါပေမယ့် ကျောက်တုံးက အရမ်းလေးတယ်။ သူထင်ထားတာထက် ပိုလေးတယ်။ မြေကြီး ထဲလည်း နက်နက်ရှိုင်းရှိုင်း နစ်ဝင်နေတယ်။ ဘယ်လိုလုပ်လုပ် မြေကြီးထဲကနေ ထွက်မလာ။
“ မင်းက ဒီလိုလား။” ဖန်ကျန်းရှီ ပြုံးတယ်။ လုပ်ရမယ့် ကိစ္စကိုပဲ သူ စဉ်းစား တယ်။ ဒါပေမယ့် ပြဿနာတွေမှာ စိတ်ရှုပ်မခံဘူး။
သူ့ အစီအစဉ်က ရှင်းတယ်။
ပထမ အ စီအစ ဉ်က ဒီပတ်ပတ်လည်က တောကောင်ကို အကုန်လုံးကို သတ်မယ်။ ဒါပေမယ့် မလုပ်ဖြစ်လိုက် ။
ဒါက ရက်စက်လွန်းတယ်။
ကိုယ့်ဘာကို ပေးတဲ့ ဆင်ခြေ ဆင်လက် တစ်ခုပဲ။ တကယ့် အကြောင်းရင်းက ဒီ ပတ်ပတ် လည်မှာ တောကောင်တွေ အရမ်း များလွန်းတယ်။
နေရာအနှံ့လည်း ပျံ့နေတာ။
ပထမ အမှတ်မှာ တင် တောကောင်တွေက ထောင်ချီ။ လိုက်ဖမ်းဖို့က မလွယ်။
တစ်ကောင်တည်း သတ်တာက ပြဿနာ မဟုတ်။
တစ်ထောင်ကို သတ်တာက…..
အချိန် တစ်လ တောင်မှ မလောက်နိုင်ဘူး။
ဒါမျိုး သူလုပ်မှာလား။
ဘယ်လုပ်မလဲ။
ဒါကြောင့် ဒုတိယ် အစီအစဉ်ကို လုပ်တယ်။
နာမည်ရေးတဲ့ ကျောက်ဖျာတွေကို တစ်ခုခု လုပ်ပြစ်မယ်။ ဒါပေမယ့် သူထင်သလောက် မလွယ်။
အကုန်ခွဲပြစ် ရမလား။
စည်းကမ်းဖောက်ရာရောက်တယ်။ နောက်ပြီးတော့ ပြိုင်ပွဲ ပြီးရင်လည်း ပြန် လျော်နေရအုန်းမယ်။ ပြည်သူပိုင် ပစ္စည်းကို ဖျက်စီးတာက လွတ်ဖို့ရာ လမ်းမရှိ။
ခွဲလို့ မရမှတော့…… တနေရာရာကို သယ်ပြီး ဖွက်မယ်။
ဒါပေမယ့် အလေးချိန်က အံ့သြစရာကြီး ။
“ ဘယ်လိုပဲ ဖြစ်ဖြစ် ကွာ ။ လုပ်စရာရှိတာ လုပ်မယ်။ဧ ဖန်ကျန်းရှီ ပေါက်တူးလေး တစ်ခုကို ထုတ်တယ်။ ရေတွင်းတူးတဲ့ အချိန် သုံးတဲ့ ပေါက်တူး။
သူ့ အလုပ်မှာ ဒါ လိုတယ်။
နိုင်ဖို့ လုပ်သင့်တာ လုပ်ရမယ်။
ဖန်ကျန်းရှီ တူးနေရင်း ကိုယ့်ကိုကိုယ် အားပေးနေတယ်။
မြေကြီးတွေ ရွံ့တွေ လွင့်ထွက်နေတယ်။ များများတူးလေ ကျောက်သား ပေါ်လေ။ ဖန်ကျန်းရှီ စိတ်ပျက်လာလေ။
ဘယ်လောက်ထိ ထပ်တူးနေရအုန်းမှာလဲ။
………
စတုတ္ထ နေရာဆီ လာတဲ့ လမ်းမှာ
မှင်နက်ရောင် မြင်းပျံ တစ်ကောင် ။ မြင်းပေါ်မှာ လူငယ်တစ်ယောက် ။ ကြာပွတ် တယမ်းယမ်းနဲ့ ။ သူ့နောက်က အစိမ်းရောင် မြင်းပျံတစ်ကောင် ကပ်လိုက်နေတယ်။
“ရှန်းထျန်းယင်။ ပထမ နေရာက ငါ့ နေရာပဲ။”
အစိမ်းရောင် မြင်းပျံ ပေါ်က အစိမ်းရောင်လူငယ် လှုပ်ရှားတယ်။ ရေခဲအလင်းတန်းတွေ ရှန်းထျန်းယင်ဆီကို တည့်တည့် သွားတယ်။
“ဟီးးးးး ”
မြင်း ပတပ်ရပ်တယ်။ အဲ့ဒီံနောက် မှင်နက်ရောင် မြင်းပျံ မြေပြင်ပေါ်ကို တလိမ့်ခေါက် ကွေး ကျတယ်။
ရှန်းထျန်းယင် မျက်နှာ ပျက်သွားတယ်။
တန်ကျုံးမင် သူ့ကို မတိုက်ခိုက်ရဲဘူး။ ဒါပေမယ့် သူ့မြင်းကို တိုက်တယ်။ ဒါက ပုံမှန်ပါပဲ။
“တန်ကျုံးမင် သွားသေတော့ ။” သူ့မြင်းခြေထောက်က အပ်ပုံစံ အချောင်းတွေကို မြင်တယ်။ ရှန်းထန်းရင် ထအော်တယ်။
“ ဟား ဟား။ ဒီ ရေခဲ အပ်တွေက အသားနဲ့ ထိပြီး အရည်ပျော်သွားမှာပဲ။ ဒါပေမယ့် ငါ ထုံဆေး နည်းနည်းလေး သုတ်ထားတယ်။ စိတ်မပူပါနဲ့ ။ မင်းရဲ့ ချစ်လှစွာသော မြင်းပျံကြီး မထိခိုက်ပါဘူး။” တန်ကျုံးမင် အော်ပြေးတယ်။
ရှန်းထျန်းရင် က သူ့ထက် တစ်ဆင့် မြင့်တယ်။ နိုးထလာသော နဂါး အဆင့် တွေမို့ ရှန်းထျန်းရင်က သူ့ကို သက်လို့ မရ။
မလုပ်ရဲတာကိုလည်း သိတယ်။
“ယုတ်မာချက်“ ရှန်ထျန်းရင် အံကြိတ်နေတယ်။ ချက်ခြင်း ကျောက်စိမ်း ဆေးပုလင်းကို ထုတ်တယ်။ ဆေးနီလေး တစ်လုံး မြင်းပါးစပ်ထဲ ထည့်လိုက်တယ်။
“ဟီ………း” မြင်းချက်ခြင်း ထရပ်တယ်။ မျက်လုံးတွေ ရဲရဲ နီနေပြီ ။
“မင်းမှာ အရှိန်မြင့်ဆေးလုံး ရှိတာလား။ မင်း ….မင်း ဒီလောက်ထိ ပြင်ဆင်ထားတယ်။” အခြေအနေဆိုးပြီးမှန်း တန်ကျုံးမင် သိလိုက်ပြီ။ ”
ဒါက ရှန်းမိသားစုရဲ့ လျှို့ဝှက်ဆေး။ မြင်းရဲ့ အစွမ်းကို အမြင့်ဆုံး တင်ပေးတယ်။ တစ်နာရီ တိတိ ဆေးစွမ်းပြတယ်။ မျက်တောင် တစ်ခတ် အတွင်း ချက်ခြင်း အစွမ်းမြင့်သွားတယ်။
ပြီးရင်တော့ နောက်တစ်လ လုံးလုံး မြင်း မလှုပ်နိုင်တော့ဘူး။
တစ်နာ၇ီအတွင်း ပြိုင်ပွဲလည်း ပြီးပြီ။
ပေးရတဲ့ တန်ဖိုးနဲ့ ရတဲ့ရလဒ် မကာမိဘူး။
“ဒါပေါ့။ ငါအစတည်းက ပြင်ဆင်ထားးပြီးသား။ ဒါပေမယ့် လေးနေရာ မြောက်က ကျောက်ပြား ဖြတ်ပြီးမှ သုံးမယ် စိတ်ကူးထားတာ။ …. အခုတော့ ငါ့မှာ ရွေးစရာ မရှိတော့ဘူး။ သုံးလိုက်ရပြီ။” ရှန်းထျန်းရုံ ရယ်မောတယ်။
ထိပ်ဆုံးနေရာကို ရဖို့ သူ စီစဉ်ထားပြီးပြီ။
ဒီလို ဖြစ်ပျက်နေတဲ့ အချိန်။ နောက်က မြင်းပျံတွေ အမှီလိုက် လာတယ်။
သိပ်မကြာခင် ရဲရဲ တောက်နေတဲ့ ပုံရ်ိပ် ပေါ်လာတယ်။ ဒါက ပင်းယန် ။ သူ့နောက်မှာ ကျန်းဖေးယွီနဲ့ မင်းသားကိုး။
“ သခင်လေး တန်။ သွားနှင့်ပြီ။” ရှန်းထျန်းရင် မြန်မြန် ဒုန်းစိုင်းတော့တယ်။
အရင်ကထက် ပိုမြန်တယ်။
“သေစမ်း” တန်ကျုံးမင် ကျိန်ဆဲတယ်။ အစိမ်းရောင်ဆေးလုံးကို ထုတ်တယ်။ သူ့ မြင်း ပါးစပ်ထဲ ပြစ်သွင်းတယ်။
အစိမ်းရောင် မြင်းပျံရဲ့ ခြေထောက်တစ်ခုလုံး အစိမ်းရောင် ဟြေားခွံတွေ ပေါ်လာတယ်။ အားပြင်းပြင်းနဲ့ ဒုန်းစိုင်းနှင်တော့တယ်။
တန်ကျုံးမင် ပြင်ဆင်ထားပြီးပြီ။
သူသုံးလိုက်တဲ့ ဆေး ရှန်းမျိုးနွယ် ဆေးနဲ့ အာနိသင် အတူတူပဲ။
ဒါပေမယ့်
မြင်းကို အသက်တိုစေတယ်။
ပြိုင်ပွဲ ပြီးရင် ဒီမြင်းအနားယူ ရပြီ။
ပင်းယန်ရဲ့ ကျောက်စိမ်းနှင်း ။ မင်းသားကိုးရဲ့ ခရမ်းလျှပ်စီးတွေလောက် အမျိုးကောင်း မဟုတ်ဘူး။ ဒါပေမယ့် အတော်လေး ကောင်းတဲ့ မြင်းပျံ တစ်ကောင်။
ကိစ္စကြီး မဖြစ်မချင်း သူမ သုံးချင်။
အခုက ဧကရာဇ် ကိုယ်တိုင် စီစဉ်ပေးတဲ့ ပွဲ။ ကိုယ်တိုင် ဆုချီးမြှုင့်မယ့်ပွဲ။ ဒီ ဂုဏ်သိက္ခာ အတွက် စစ်မြင်း တစ်ကောင်ကို ရင်းရတာ တန်တယ်။
ဒီမြင်းက သူနဲ့ သုံးနှစ်လုံးလုံး အတူရှိခဲ့တယ်။ ပြိုင်ပွဲတွေ အများကြီးကို အတူတူ နိုင်ခဲ့တယ်။
ဒါတွေ အကုန် ကိစ္စ မရှိ။ ဒီတစ်ခုမှာပဲ သူ အာရုံ စိုက်ထားတယ်။
…
နာမည်တွေ အဆင့် ကျောက်ပြားမှာ ပေါ်လာတယ်။ တတိယ ကျောက်ပြားကို လူတွေ ဖြတ်လာပြီ။
၀မ်တပေါင်း ငွေသား ၂၀၀၀ အကြောင်းတွေးရင် မူးတောင် လဲ ချင်တယ်။
“ အကိုကြီး။ အကိုကြီး ကူညီပါ။ တစ်ခုခု လုပ်ပြပါတော့ ။” ၀မ်တပေါင်း ငိုတော့မယ်။
ဒူးထောက်ပြီး ဆုထိုင်တောင်းချင်တယ်။ ဒါပေမယ့် အသုံးမ၀င်တာ သူ အသိဆုံးပဲ။
ငွေသား ၂၀၀၀ ဆို သူ စုဆောင်း ထားသမျှ အကုန်ကုန်မှာ။ အနည်းဆုံးတစ်လ တော့ ပျော်ရမှာ မဟုတ်တော့ဘူး။
ဒီလို အဖြစ် မခံနိုင်ဘူး။
“ အိုး။ ” ဒီအချိန် ။ သူ့ နောက်က ကြည့်နေသူ ထအော်တယ်။
“ဘာတွေ ဖြစ်ကုန်တာလဲ။” နောက်တစ်ယောက် လည်း မယုံနိုင်။
၀မ်တပေါင်း မေးမလို့ ပြင်တယ်။ ဒါပေမယ့် အဆင့်ကျောက်ပြားကို အရင်မြင်တယ်။ မျက်လုံးပြူးသွားတယ်။ ထိပ်ဆုံးက နာမည်။
မျက်လုံးတွေ ရဲရဲ နီသွားတယ်။
“ ဟ ဟား ဟား။ သူပေါ်လာပြီ။ …. နောက်ဆုံးတော့ သူပေါ်လာပြီ။” ၀မ်တပေါင်း ၀မ်းသာ အားရ ပြောတော့တယ်။
ကျောက်ဖြာ ထိပ်ဆုံးမှာ။
ဖန်ကျန်းရှီ။
“ တကယ်ပဲ ဖန်ကျန်းရှီ။ ”
“ ကြည့် ဖန်ကျန်းရှီပေါ်လာပြ်ီ။”
“ သူက ထိပ် ထိပ်ဆုံးမှာ”
၀မ်တပေါင်းရဲ့အော်နေတယ်။ လူတွေ အာရုံစိုက်လာတယ်။ အဆင့်ကျောက်ပြားရဲ့ ထိပ်မှာ နာမည် တစ်ခု ။
ရလဒ်ကို လေးခုခွဲတယ်။ အောက်ဆုံးတစ်ခုက နံပါတ်လေး နေရာ။ နံပါတ်လေး အမှတ်မှာ ပထမဆုံး နာမည် ရေးတဲ့ သူ။
“ ဖန်ကျန်းရှီ လေးခုမြောက်နေရာကို ဖြတ်သွားပြီလား။”
တစ်ယောက်ကို တစ်ယောက်ကြည့်နေတယ်။ ဘယ်သူမှ မယုံနိုင်။ ဖန်ကျန်းရှီ ဒီလို လုပ်မှာ တွေးခဲ့ကြတယ်။ ဒါပေမယ့် သူတို့ ကိုယ်တိုင် မြင်လိုက် ရပြီ။ မယုံနိုင်စရာပဲ။