နတ်ဘုရား မုခ်ဝ - Chapter - 305 ညီလာခံ စာမေးပွဲ စပြီ
ဒီလောကမှာ အရာအားလုံးက ရေမြေ့ရှင် ဧကရာဇ် ပိုင်ဆိုင်တာ။
ဧကရာဇ်ကို ဓား ပြ တိုက် တာထက် အတင့်ရဲတာ ဘာရှိအုန်းမလဲ။ ဒီကောင် ဧကရာဇ်ကို တစ်စက်လေးတောင် မလေးစားဘူး။
၀န်ကြီးယွီ စကား ပြောဖို့ ပြင်တယ်။ ဧကရာဇ်က သူ့ကို တားမြစ် တယ်။ သူလည်းး အလိုလို ပါးစပ်ပိတ်သွားရတယ်။
“ ဟ ဟား ဟား ….. ပင်းယန်သာ အကျိုးအကြောင်း မပြောရင် ။ ဖန်ကျန်းရှီကို ကိုယ်တော် တစ်လွဲတွေးမိတော့မှာ။ ဖိတ်ခေါ်ခံရတာ မဟုတ်ပဲနဲ့ ကိုယ်တော် အများကြီး စားမိသွားတယ်။ ကိုယ်တော် ပေးသင့်တာပေါ့။ ပြောထားတဲ့ အတိုင်း တစ်လုပ်ကို ငွေသား တစ်ရာ ပေးမယ်။ ” ဧကရာဇ် လင်းမုပိုင် တစ်ချက်လေးတောင် စိတ်မဆိုးဘူး။
၀န်ကြိးယွီယိဖျင် မယုံနိုင်အောင် ဖြစ်နေတယ်။
တစ်လုတ်ကို ငွေသား တစ်ရာတောင်လေ။
ဧကရာဇ်က တကယ်လက်ခံလိုက်တယ်တဲ့လား။
“ ၀န်ကြီးယွီ ဧကရာဇ် မင်းက သဘောတူလိုက်ပြီ။ နောက်ထပ် ပြောစရာရှိသေးလား။” ဖန်ကျန်းရှီတော့ ပျော်နေပြီ။
“မင်း…. ငါ ဒီနေ့တော့ ငွေသား များများ မယူလာခဲ့ မိဘူး။။ ငါ့ အိမ်တော်မှာ လာယူလို့ ရတယ်။ ” ၀န်ကြီးယွီ လက်ကို တစ်ဖျတ်ဖျတ်ခါရင်း ပြောတယ်။
“ ရတာပေါ့။ ဒါပေမယ့် ၀န်ကြီးယွီ ဒီငွေပမာဏကို အကြွေးကျန်ကြောင်း သက်သေလေးဘာလေး ရေးပေးပါလား။ ” ဖန်ကျန်းရှီ စာရွက် တစ်ရွက်နဲ့ စုတ်တံကို ကမ်းပေးတယ်။
ဧကရာဇ် လင်းမုပိုင် ဒေါသထွက်နေတဲ့ ယွီယိဖျင်ကို ကြည့်တယ်။ ဖန်ကျန်းရှီကတော့ တက်ကြွနေပြီ။ ဧကရာဇ် ပင်းယန် ခေါင်းကို ခပ်ဖွဖွ ပုတ်ရင်း ပြုံးတယ်။
တကယ်တော့ ဒီဟော့ပေါ့လေးကို ငွေသားတစ်ရာက များလွန်းတယ်။ ပင်းယန်ပြောတုန်းက သူ အတော်အံ့သြသွားခဲ့သေး။
ဒါပေမယ့် ။
နန်းတော်ထဲက အစား အသောက်တွေဆို ဒီဈေးက ပုံမှန်ပဲ။
သမိုင်းထဲက ဧကရာဇ် တွေဆို မိုင် ၈၀၀ ကျော်ထိ ဆက်သားတွေ စေလွှတ်တယ်။ လတ်ဆတ်တဲ့ အစားအသောက်တွေကို စုဆောင်းတယ်။
လူအားငွေအားတွေ အစားအသောက်အတွက် တော်တော်သုံးတယ်။ ဒါကြောင့် တစ်လုတ်စာ တိုင်းက ငွေသား ၁ထောင် အနည်းဆုံး တန်တယ်။
ကြီးမြတ်သော ရှမင်းဆက်မှာ စစ်ပွဲတွေ များတယ်။ ဒါတောင် သူတို့ ကြွယ်ဝနေဆဲပဲ။
နောက်ပြီးတော့ ရတနာတွေကလည်း ဘဏ္ဍာတိုက် အပြည့်။ ဒီငွေသား တစ်ရာက ဧကရာဇ် အတွက် မပြောပလောက်ဘူး။
ထပ်ပြောစရာက အင်ပါယာထဲမှာ ရှိတဲ့ အရာတိုင်း ဧကရာဇ် လက်ထဲမှာပဲ။
ဧကရာဇ်က မင်းကို ငွေသား ပေးလိုက်တာနဲ့ မင်းပိုင်တာ မဟုတ်။
ဒါက ဧက၇ာဇ် အပိုင် ဖြစ်နေတုန်းပဲ။
ဧကရာဇ့် အတွေးကိုတော့် ဖန်ကျန်းရှီမသိရှာ။
“ဖန်ကျန်းရှီ ကိုယ်တော်တို့ ဒီနေ့ ငွေသား ယူ မလာမိဘူး။ ဘယ်လို လုပ်ရမလဲ။” ဧကရာဇ် လင်းမုပိုင် အရှိန် အ၀ါ အပြည့်ထုတ်၇င်း မေးတယ်။
“ အရှင်မင်းတရားကြီးလည်း ငွေသား မယူလာဘူးလား။ လွယ်ပါတယ်။ ကျွန်တော့်ကို သက်သေလေး ရေးပေးလိုက်ပါလား။” ဖန်ကျန်းရှီ ချက်ခြင်းကို ပြန်ဖြေတယ်။
“အတင့်ရဲလိုက်တာ။ ဧကရာဇ်က အမတ်မင်း တစ်ယောက်ကို အကြွေးတင်တယ်လို့ ရေးခိုင်းနေတာလား။ … မင်းကိုအလုပ် ထုတ်ပြီး လယ် ပြန်စိုက်ခိုင်းမှာ မကြောက်ဘူးလား။” အမှန်က ဖန်ကျန်းရှီကို ချက်ခြင်းတောင် ကွက်မျက်ပြစ်ချင်တာ။
ဒါပေမယ့် ဖန်ကျန်းရှီက အဆင့်လေး ဓား သံတမန် အမတ်မင်းဖြစ်နေတယ်။ ဒီရာထူးကို သူ ကိုယ်တိုင် ပေးထားတာ။ ချက်ခြင်း ကွက်မျက်လိုက်ရင် ပြဿနာ ဖြစ် လိမ့်မယ်။ ဒါကြောင့် သူ့ဒေါသကို မျိုချနေရတယ်။
“မကြောက်ပါဘူး။” ဖန်ကျန်းရှီ အေးအေးဆေးဆေး ပြန်ဖြေတယ်။
“ အိုး။ ဘာလို့လဲ။” ဧကရာဇ် လင်းမုပိုင် သံသယအပြည့်နဲ့မေးတယ်။
“ဧကရာဇ်က ကျွန်တော့်ကို သေစေလိုရင် ။ ကျွန်တော် သေရမယ်။ အကယ်၍ လယ်သမား ဖြစ်စေချင်တယ် ဆိုရင်လည်း လယ်သမား လုပ်မယ်။ ဧကရာဇ်မှာ ကိုယ်ပိုင် အစီအစဉ်ရှိမှာပဲ။ ဘာများ ကြောက်စရာရှိလို့လဲ။” ဖန်ကျန်းရှီ တည်တည်ကြည်ကြည် ပြန်ဖြေတယ်။
ဧကရာဇ် လင်းမုပိုင် မျက်လုံးပြူးသွားတယ်။ သူ ရယ်မောတယ်။ “ ဟဟား…. ကောင်းတယ်။ အပြောကောင်းတယ် ။ ဒီနေ့ ကိုယ့်တော် စည်းမျဉ်းတွေကို ဖျက်ပြီး အကြွေးသက်သေ ရေးပေးမယ်။ ကိုယ့်တော် ဘဏ္ဍာတိုက်ကနေ လာထုတ်လိုက် ။”
“ အရှင် မင်းတရားကြီးကို ကျေးဇူး တင် ပါတယ်။ ကျွန်တော်မျိုး တစ်ခုလောက် မေးလို့ရမလား။ ကျွန်တော် ငွေသား မဟုတ် တာကော ယူ လို့ရလား။” ဖန်ကျန်းရှီ မေးတယ်။
“ ငွေသား မယူချင်ဘူးလား။ ဘာလို့လဲ။” ဧကရာဇ် လင်းမုပိုင် သံသယ ဖြစ်လာတယ်။ ဒီကောင် သူ့ အမှားသူ နား လည် သွားပြီလား။
“ ကျွန်တော် တွက်ထားတာ။ အရှင်မင်းကြီး ၄၇ လုပ် ပွဲတော်တည်ပါတယ်။ ပထမတစ်လုပ်ကို အခမဲ့ နဲ့ ကျွန်တော်မျိုးကို ချီင်္းမြှင့်မှု အတွက် ၁၀၀၀ ကို နုတ်လိုက်ရင် ငွေသား ၃၆၀၀ အကြွေး ကျန်ပါတယ်။ ဒါပေမယ့် အဲ့ဒီ့ငွေသားတွေက အရှင်မင်းကြီးရဲ့ လက်ရေးမူနဲ့တော့ ယှဉ်လို့ မရပါဘူး။ အရှင့် လက်ရေးမူကို ကျွန်တော် မျိုး လေလံ ပစ်ဖို့ တွေး တွေး….”
“ ဖန်ကျန်းရှီ။ မင်း အတင့်ရဲလိုက်တာ။ ဒီလို အကြွေးလက်ရေးမူကိုများလေလံ ပြစ်ဖို့ ဘယ်လို တွေးရဲတာလဲ။ မင်း အပြစ် ကို မင်း နားမလည် ဘူးလား။ ” ဧကရာဇ်မင်း ဒေါသပေါက်ကွဲလာပြီ။
“ အရှင် ။ အရှင် မင်းကြီး အထင် လွဲနေပါပြီ။ အရှင်က ဟော့ပေါ့ လေးဆယ့် ကိုးလုပ် စားလို့ ကျွန်တော်မျိုးကို အစား အသောက်ဖိုး ပေးရမှာ သဘာဝ ကျပါတယ်။ သက်သေသက်ကာယ လက်ရေးမူလေးသာ ရေးလိုက်ရင်…..။ ဘယ်လောက်တောင် ဖြောင့်မတ်မှန်ကန်ပြီး စိတ်ထားကြီးမြတ်တဲ့ မင်းတရားကြီး ဖြစ်မှန်း သိသာသွားမလဲ။ နိုင်ငံ တစ်ဝှမ်းလုံးကို ကျောသားရင်သား မခွဲခြားပဲ အုပ်ချုပ်တဲ့ အရှင် ။ ဂုဏ်ကျက်သရေမြင့်မားပြီး ကတိသစ္စာ တည်လွန်းတဲ့ မင်းတပါး ။ ဒီလိုမျိုး ပြသနိုင်မှာပါ။ ကျွန်တော် မျိုးက အရှင့်ကို ကူညီဖို့ ကြိုးစား နေတာပါ။”
“ အရှက်မရှိလိုက်တာ။ ဒ်ီကောင်စုတ် ဖိနပ်လျက်တဲ့ အကျင့် ဘယ်ကနေ သင်လာတာလဲ။ ” ပင်းယန် ခပ်တိုးတိုး ပြောတယ်။
ဧကရာဇ် လင်းမုပိုင် အံ့သြနေပြီ။ ဖန်ကျန်းရှီကို ကြည့်ရင်း သူ့ မျက်လုံး တဖိတ်ဖိတ်တောက်လာတယ်။ ဒီလူငယ်လေး အမြင်ကျယ်လိုက်တာ။ ဒီလောက်ထိ မထင်ထားမိဘူး။
“ မင်း ကိုယ်တော့်ရဲ့ လက်ရေးမူကို လေလံတင်မှာ ။ ကိုယ်တော်က ကျေးဇူးတင်ရမှာလား။ ”
“အရှင် မင်းကြီး ကျွန်တော် မျိုးကို ကျေးဇူး မတင်ပါနဲက။ ငွေသား သာ ချီးမြှင့်ပေးပါယ။” ဖန်ကျန်းရှီ ရယ်မောတယ်။
“ ဟဟား… ကိုယ်တော် မင်းကို ငွေသားတော့ မပေးနိုင်ဘူး။ ဒီတံဆိပ်ပြား ယူသွားလိုက်။ အချိန် ရှိရင် ယဉ်ကျေးမှု ၀န်ကြီးဌာနကိုသွားလိုက်။” ဧကရာဇ် လင်းမုပိုင် ပြုံးပြတယ်။ ဖန်ကျန်းရှီ လက်ထဲ တံဆိပ်ပြားပေးချိန် သူ တည်ကြည်နေတယ်။
“ ယဉ်ကျေးမှု ၀န်ကြီး ဌာန” ဖန်ကျန်းရှီ လွင့်လာတဲ့ တံဆိပ်ပြားကို ဖမ်းတယ်။
တံဆိပ်ပြားက ရွှေသား စစ်စစ် ။ ရှေ့ဘက်မှာက (ရွှေနဂါး)လို့ စာလုံး ပါတယ်။ နောက်ဘက်မှာက နဂါး တစ်ကောင် ပုံ နဲ့။
ဘယ်နေရာ သုံးရမှာလဲ။
သူ့ အရင်လောကမှာ ။ ယဉ်ကျေးမှု ၀န်ကြီးဌာနက တော်ဝင်စာမေးပွဲကို ကျင်းပတယ်။ နောက်ပြီးတော့ ဘွဲ့တွေ ပေးတယ်။ ဒါပေမယ့် တာအို စာမေးပွဲတွေ အရေးပါ လာတော့ ….။ တော်ဝင်ကျောင်းတော်ကို တည်ထောင်တယ်။
ယဉ်ကျေးမှု ၀န်ကြီးဌာနက ဘွဲ့တံဆိပ် နဲ့ ဆိုင်တာ တွေပဲ လုပ်တယ်။ တော်ဝင် အခမ်းအနားတွေကို စီစဉ်တယ်။ အမဲလိုက် ပြိုင်ပွဲနဲ့ ပြေးပွဲကိုလည်း သူတို့ပဲ စီစဉ်တာ။
“ ယဉ်ကျေးမှု ၀န်ကြီးဌာန???” ၀န်ကြီး ယွီယိဖျင် မျက်လုံးပြူးသွားတယ်။
ဖန်ကျန်းရှီ နဲ့ ဧကရာဇ် ကြားက အပြောင်းအလဲကို သူ မြင်တယ်။ ဧကရာဇ် ဒေါသ က သူထင်သလို မဆိုးမှန်း သိလိုက်တယ်။
ဒီလို ဖြစ်တာ အရေးမကြီးဘူး။
အရေးကြီးတာ ဖန်ကျန်းရှီကို ယဉ်ကျေးမှု ၀န်ကြီး ဌာန သွားခိုင်းလိုက်တာပဲ။
ဒီတစ်လျှောက် ဖန်က်ျန်းရှီက နာမည်ခံ အမတ်မင်းပဲ။ အဆင့်လေး ဖြစ်ပေမယ့် အာဏာ မရှိဘူး။
အခုတော့ ကွာသွားပြီ။ ဧကရာဇ်က ဒီလို ခိုင်းတာ။ ဖန်ကျန်းရှီရဲ့ ရပ်တည်ချက်ကို ခိုင်မာအောင် လုပ်လိုက်တာပဲ။
ဧကရာဇ်က ဖန်ကျန်းရှီုကို သုံးချင်နေတယ်။
ယဉ်ကျေးမှု ၀န်ကြီးဌာနမှာ အမတ်မင်း လုပ်စေချင်တယ်။
အဆင့်လေးက မမြင့်မှန်း ယွီယိဖျင် သိတယ်။ ဒါပေမယ့် ယဉ်ကျေးမှု ၀န်ကြီး ဌာနမှာ ဖန်ကျန်းရှီ ရှိတာ ညီလာခံအတွက် လန့်စရာပဲ။
“ အမဲလိုက်ပွဲမှာ သူ ခန့်မှန်းတာ … အခု ဖြစ်လာပြီလား။ မြန်လွန်းလိုက်တာ။ ပေါက်ကွဲမှု အသစ် …. ဒါမျိုး အဖြစ်မခံ နိုင်ဘူး။ ”
သူ စကားစဖို့ ပြင်တယ။် ဖန်ကျန်းရှီက သူ့ထက် ဦးသွားပြီ။
“အရှင်မင်းကြီး။ အမိန့်တော် အရ ကျွန်တော်မျိုး ယဉ်ကျေးမှု ၀န်ကြီး ဌာနကို သွားပါမယ်။ … ဒါပေမယ့် ကျွန်တော်က အမဲလိုက်ပွဲမှာ အပြစ်ပြုမိသေးတယ် ။ ဒါကြောင့် ….” ဖန်ကျန်းရှီ မသွားလို့ ရမလား မေးချင်တယ်။
သူက လွတ်လွတ်လပ်လပ် နေချင်တာ။
“ ယဉ်ကျေးမှု ၀န်ကြီး ဌာနမှာ မင်းရှိနေရင် ။ မင်းက ငါ့ကို ကိုယ်စားပြုတယ်။ စိုးရိပ်စရာ မလိုဘူး။ ” ဧကရာဇ် လင်းမုပိုင် လက်ခါပြတယ်။ ဒီကိစ္စကို ထပ်ပြောစရာ အကြောင်း မရှိတော့ဘူး။
အံ့ဖွယ်ပဲ။
ဒီကောင် ငါ ဧကရာဇ်ရဲ့ အမြင်ကို မလေးစားဘူး။
ဖန်ကျန်းရှီ က ပြုံးတယ်။ ဒါပေမယ့် သူထပ်မပြောတော့ဘူး။ နောက်ဆုံးတော့ ဧကရာဇ် အမိန့်က သွေဖယ်လို့ ရတာမှ မဟုတ်တာ။
ဧကရာဇ် မင်းကို ငွေတောင်းလို့ ရတယ်။ တခြားကိစ္စတွေ တောင်းဆိုလို့ ရတယ်။
ဒါပေမယ့် အမိန့်ကိုတော့ ဖီဆန်လို့ မဖြစ်ဘူး။
ဒါက စစ်တပ်နဲ့ မခြားဘူး။ စစ်သည် တစ်ယောက်က အမိန့်ကို ဘယ်လိုဖြစ်ဖြစ် ငြင်းပယ် မရ။
ဧကရာဇ် ရဲ့ အမိန့် နဲ့ ဆန္ဒက ပိုတောင် ဆိုးတယ်။
“ အမိန့်တော် မြတ် အတိုင်းပါ အရှင် ” ဖန်ကျန်းရှီ တံဆိပ်ပြားကို သိမ်းထားတယ်။ နောက်ဆုံးတော့ ဧကရာဇ် မင်းက သူ အားတဲ့ အချိန် သွားဖို့ ပြောတာ။ သူမအားရင် သွားစရာ မလိုဘူး။
…
နှစ်ရက် အကြာ မနက်ခင်းမှာ…
သတင်းကောင်းက မြောက်ရွာကို ရောက်လာတယ်။ ဒီ အချိန် မြို့တော်က အုပ်ချုပ်သူ ကိုယ်တိုင် သတင်း ယူလာပေးတယ်။
” တော်ဝင် စာမေးပွဲ ထိပ်သီး” ရွှေရောင် စာလုံးတွေ ထွင်းထားတယ်။ ရွာသားတွေ ဒီစာလုံးကို မြင်တော့ အံ့အားသင့် ကုန်တယ်။
“ အ့။ ဖန် အဖိုးကြီးရေ။ မင့် သားကတော့ လုပ်ချလိုက်ပြန်ပြီ။ တော်ဝင်စာမေးပွဲ ထိပ်သီးနေရာကို ရပြန်ပြီတဲ့။”
“ လန့်စရာပဲ။ မြောက်ရွာက အဆင့်လေး အမတ်မင်း တစ်ယောက် မွေးထုတ်နိုင် လိုက်ပြီ။ နောက်ပြီးတော့ တော်ဝင်စာမေးပွဲ ထိပ်သီးတဲ့။ တကယ့်ကို သမိုင်းတွင်မယ့် အဖြစ်ပဲ။”
အသံတွေ မြောက်ရွာ တစ်ခုလုံး ကျွက်ကျွက်ညံနေတယ်။
မြောက်ရွာကို ရောက်နေတဲ့ နာမည်ကြီး ဆရာတွေလည်း ကြားရတဲ့ သတင်းကို မယုံနိုင်။
တော်ဝင် စာမေးပွဲ ထိပ်သီး။ အဆင့်လေး အမတ်မင်း။ ဒီလို ဖြစ်ဖို့က တကယ့်ကို မလွယ်ကူဘူး။
“ သူ တကယ်ပဲ လုပ်လိုက်ပြီ။”
ဘေးပတ်ဝန်းကျင်က ရွာတွေ မြောက်ရွာကို လာတယ်။ သူတို့ ဆီက ကျောင်းသားတွေ မြောက်ရွာမှာ ရှိတယ်လေ။
သတင်းကတော့ တောမီးလို ပျံ့နေပြီ။ ရွာ အကြီးအကဲတွေ ပထမဆုံး ဂုဏ်ပြုတဲ့ သူ ဖြစ်ဖို့ ပြေးလာကြတယ်။
တောင်ရွာကတော့ အနီးဆုံး ။ ဒါကြောင့် ပထမဆုံး ဂုဏ်ပြုတယ်။
“ငါတို့ ဘာစောင့်နေမှာလဲ။ ကျောင်းဆောက် တုန်းကကော။ လမ်းဖောက် တုန်းကကော ငါတို့ မကူညီ ရဘူး။ ။ ဒီမှာပဲ တစ်သက်လုံး ပုန်းနေရမှာလား။”
“ ငါတို့ သွားရမယ်။”
“ပထမဆုံး ဂုဏ်ပြုတဲ့သူ ဖြစ်ရမယ်။”
တောင်ရွာသားတွေ အကုန် …။ ရွာအကြီးအကဲကို ကြည့်တယ်။ နောက်ပြီးတော့ လီကျွမ်းစီနဲ့ သူ့သားကိုကော။
“လက်ဆောင်တွေ ပြင်ကျ။ ငါ ကိုယ်တိုင် သွားပို့မယ်။” ရွာသူကြီး မုန့်ပိုင် အံကြိတ်ရင်း ပြောတယ်။
“ အကြီးအကု။ ကျွန်တော် နဲ့ ဟူဇီပါ အတူလိုက်ပရစေ။ နောက်ပြီးတော့ … မင်း … မင်းလည်း လိုက်သင့်တယ်။” သူ့မိန်းမ အဒေါ်လီကို လှမ်းပြောတယ်။
“ ငါ ဘာလို့ သွားရမှာလဲ။” အဒေါ်လီ ချက်ခြင်း ပြန်ပြောတယ်။
“ မင်း မသွားလို့ရတယ်။ ဒါပေမယ့် မင့် ခြေထောက်ကို အရင်ဆုံး ချိုးပြစ်မယ်။ ငါပြောတာ ယုံလား။” လီကျွမ်းစီ ရှေ့ထွက်လာတယ်။
“ ကောင်း ပြီ ကောင်ြး့ပီ။ သွားမယ်။”
…. မြောက်ရွာမှာတော့ အတော့်ကို လှုပ်ရှားတက်ကြွနေတယ်။
မြို့တော်မှာတော့ ညီလာခံ စာမေးပွဲ စနေပြီ။
ညီလာခံ အပြင်က သန့်စင်ကျောက်စိမ်း ရင်ပြင်မှာကျင်းပတယ်။ ဧကရာဇ် ကိုယ်တိုင် မေးခွန်းထုတ်တာ။ လှည့်စားလို့ မရဘူး။
မနက်စောစော။
ဆောင်းဦး ရွက်ကြွေ တွေ ကျဆင်းနေတယ်။ သစ်ရွက်ခြောက်တွေ လေမှာ လွင့်မျောတယ်။ ရွှေရောင် စစ်သည်တော်တွေ နန်းတော်တံခါးမှာ နှစ်တပ် စောင့်နေတယ်။ လှံကိုင် စစ်သည်တွေ ဘေးမှာ ထပ်ရံထားတယ်။ ပွဲကြည့် သူတွေ အတွက် အလယ်မှာ နေရာ ပေးထားတယ်။
နန်းတော်တံခါးက ပွင့်နေပြီ။ ကျောင်းတော်သားတွေ စီတန်းပြီး နန်းတော်ထဲ ၀င်လာတယ်။ ဒါပေမယ့် တံခါးက ၀င်ဝင်ချင်း ရပ်သွားတယ်။
“ကြည့်စမ်း။ ဖန်ကျန်းရှီ နဲ့ ရန်ရွှယ်ပဲ။”
“ ကြည့်ရတာတော့ ဒီလိုပဲ။ ဖန်ကျန်းရှီက တော်ဝင်စာမေးပွဲရဲ့ ထွဋ်ခေါင်။ ရန်၇ွှယ်က တိုက်ခိုက်ရေးစာမေးပွဲ ထိပ်သီး။ တော်ဝင်စာမေးပွဲက ပြင်းထန်မယ် ဆိုတာ သိသာနေပြီ။ ”
“ဖန်ကျန်းရှီက ဖြေသမျှ စာမေးပွဲ တိုင်း ထိပ်တန်း ရောက်နေတာပဲ။ အခုတစ်ခေါက်လဲ ဒီလိုပဲ ဖြစ်မှာသေချာတယ်။ ”
ဖန်ကျန်းရှီနဲ့ ရန်ရွှယ် အကြောင်း ဆက်တိုက် ပြောကြတော့တယ်။
“ဖန်ကျန်းရှီက ညီလာခံစာမေးပွဲမှာ ထိပ်တန်း ဖြစ်မယ်တဲ့လား။ ရယ်စရာ ကောင်းချက်။ ”
“အမှန်ပဲ။ စောင်တောသားတွေ သိလဲမသိပဲနဲ့။ ၀ူဖုန်း တစ်ယောက်လုံး ရှိနေမှတော့ ဖန်ကျန်းရှီ ဘယ်လိုလုပ် ထိပ်တန်း ဖြစ်နိုင်မှာလဲ။”
၀တ်ကောင်းစားလှ ၀တ် လူရွယ်တွေ ပြောချင်တာ ပြောကြတော့တယ်။
“ တော်ဝင်စာမေးပွဲ တုန်းက ငါ လည်း မြင်တာပဲ။ ဖန်ကျန်းရှီကို ဘယ်သူက ထိပ်တန်း ဖြစ်မယ် ထင်လို့လဲ။ ဒါပေမယ့် သူ လုပ်ခဲ့တာပဲ။”
“ အမှန်ပဲ။ ၀ူဖုန်း ဒီမှာ ရှိလဲ ဘာဖြစ်လဲ။ တခြား ကျောင်းတော်သားတွေ ရှိနေလဲ ဘာဖြစ်လဲ။ ဖန်ကျန်းရှီက ထိပ်သီး ဖြစ်ကိုဖြစ်မှာ။”
ရွာသားတွေ အခိုင်အမာ ပြောတယ်။ သူတို့အားလုံး ဖန်ကျန်းရှီကို ထောက်ခံတယ်။
“ စောင်တော်သားတွေ အမြင်ကို မကျယ်ဘူး။ အပြင်လောက အကြောင်းလည်း ဘာမှ မသိပဲနဲ့။ သုခမိန် တစ်ပါးရဲ့ တပည့်ကို ဖန်ကျန်းရှီက ဘယ်လိုများ အနိုင် တိုက်နိုင်မှာလဲ။ ဒါပေမယ့် ၀ူဖုန်း ရှုံးရင်တောင်။ မရှုံးမယ့်သူ တစ်ယောက်တော့ ရှိတယ်။
“ဘယ်သူလဲ။”
“နန်ကုန်းဟောင်၊”