နတ်ဘုရား မုခ်ဝ - Chapter - 311 ဘယ်သူ ပထမ ရမလဲ ဆုံးဖြတ်ရအောင်
နန်ကုန်းဟောင် ဘာတွေ တွေးနေလဲ ဘယ်သူမှ မသိဘူး။ အဖြေလွှာ ဗလာကြီးကို ပေးမလို့လား။ မေးခွန်းကများ အရမ်းလွယ်လွန်းနေတာလား။ ညီလာခံ စာမေးပွဲက သူ့ အတွက် လွံယ်လွန်းနေတာလား။
ဒါတော့ ဖြစ်နိုင်တယ် မထင်။
အကယ်၍ နန်ကုန်းဟောင်သာ ညီလာခံ စာမေးပွဲကို ဂရု မစိုက်ရင်။ မြို့တော်ကို တကူးတက လာမှာ မဟုတ်ဘူး။ လာဖြေဖို့ ကြေညာမှာလဲ မဟုတ်ဘူး။
နန်ကုန်းမိသားစုက ဂုဏ်သိက္ခာကို တန်ဖိုးထားလွန်းတယ်။ အမတ်မင်းတွေ ကောင်းကောင်း သိတယ်။ အဖြေလွှာ ဗလာကြီးကို အပ်တာ သည်းခံ နိုင်စရာ ကိစ္စ မဟုတ်ဘူး။
နန်ကုန်းဟောင် ဘာတွေများတွေးနေတာလဲ။
အမတ်မင်းတွေ တွေးနေတယ်။ နန်ကုန်းဟောင် သူ့ အဖြေလွှာကို ကောက်တယ်။ ပြီင်္းတော့ ကမ်းပေးတယ်။
“ ဘာ ဘာတွေ ဖြစ်နေတာလဲ။”
အမတ်မင်းတွေ မျက်လုံးပြူးရပြန်ပြီ။
နန်ကုန်းမုက အဖြေလွှာကမ်းတဲ့ အချိန်……….။ အဖြေလွှာက ဗလာကြီး ဖြစ်မနေဘူး။ စာလုံးတွေ ပြည့်နေတယ်။
ပြောရရင် ။ နန်ကုန်းဟောင် အဖြေလွှာ ဗလာကြီး အပ်တာ မဟုတ်ဘူး။
ဘယ်လို ဖြစ်နိုင်မှာလဲ။
သူတို့ မြင်နေတာကို မယုံနိင် ကြ။ ဖန်ကျန်းရှီ အဖြေလွှာ မအပ် ခင်ထိ ဗလာကြီးပါ။
အခုတော့ ဘယ်လိုများ …..
“ မိုးနတ်မင်းရေ။ သူ ဘယ်လိုများ လုပ်လိုက်တာလဲ။”
“ မယုံနိုင်စရာပဲ၊”
အမတ်မင်းတွေ ထိတ်လန့် ကုန်တယ်။
နန်ကုန်းဟောင် အဖြေလွှာ ထဲမှာ စာတွေ ရှိနေတာ။ ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတယ်။
ဘာတွေ ဖြစ်ကုန်လဲ သူတို့ ပြန်စဉ်းစားတယ်။
ဖန်ကျန်းရှီ နဲ့ စုချင်း စကားပြောတဲ့ အချိန်စုစုပေါင်း။ ဆယ်မိနစ် ထက် မပိုဘူး။
ဒီ အချိန် အတွင်း နန်ကုန်းဟောင်က အပြီးရေးလိုက်တယ်။
မြန်လွန်းလိုက်တာ။
အမတ်မင်းတွေ ဒီ အရှိန် နှုန်းကြောင့် တကယ် လန့်နေကြတယ်။
အဖြေလွှာက လည်း တစ်ရွက်တောင် မကဘူး။ အနှောက်အယှက်တစ်ခုက လူတစ်ယောက်ရဲ့ အတွေးကို ပျက်ပြားစေတယ်။
ညီလာခံ စာမေးပွဲရဲ့ ဒီလို အချိန် မှာတောင်….. နန်ကုန်းဟောင်က ခဏချင်း အပြီးရေးနိုင်တာ။
သူ့ အဆင့်က နိဗာန် အဆင့်ကို ရောက်နေပြီ။ ဘယ်လို ပတ်ဝန်း ကျင် အခြေအနေကမှ သူ့ကို မနှောက်ယှက်နိုင်ဘူး။
“ သဘာဝ နှလုံးသား တာအို….. ဒါက သဘာဝ နှလုံးသား တာအိုလား။” နန်ကုန်းဟောင်ကို ကြောက်လန့် တကြား အမူအယာ နဲ့ ၀ူဖုန်း ကြည့်တယ်။
လူတစ်ယောက်ကို ဒီလောက်ထိ ကြောက်တာ ပထမ ဆုံးပဲ။
နှလုံးသား နက်နက်ထဲက ကို ကြောက်လန့်တာ။
စုချင်းလည်း သတိဝင်လာတယ်။ နန်ကုန်းဟောင်ကို တစ်ချက်ကြည့်တယ်။ ဧကရာဇ် လင်းမုပိုင်ကို ပြန်ကြည့်တယ်။ ဧကရာဇ် ရဲ့ အမူအယာ အနည်းငယ် ပြောင်းလဲ နေတယ်။.
“ အဖြေလွှာတွေကို ချိတ်ပိတ်လိုက်၊” ဧကရာဇ် လင်းမုပိုင် ပြန်ဖြေတယ်။
အမတ်မင်းတွေ တော့ တိတ်ဆိတ်နေတယ်။
အကယ်၍ ဖန်ကျန်းရှီ တစ်ယောက်တည်းသာ အဖြေလွှာ အပ်ခဲ့ရင်။ ဧကရာဇ်ကို မလေးမစား လုပ်တဲ့ သူအဖြစ် တွန်းပို့လို့ ရတယ်။ ဒါပေမယ့် အခုတော့ နန်ကုန်းဟောင် ပါ အဖြေလွှာအပ်နေတယ်။
သူတို့ ဘာပြောလို့ ရအုန်းမှာလဲ။
နန်ကုန်းဟောင်ကိုကော ဒီလို လုပ်လို့ ရမှာလား။
စုချင်း နန်ကုန်းဟောင် ဆီကို လျှောက်လာတယ်။ စားပွဲ ပေါ်က အဖြေလွှာကို တစ်ချက်ကြည့်တယ်။ ချိတ်ပိတ်ဖို့ ပြင်တယ်။
လက်တဖက်က သူ့ကို တားတယ်။
ဒါက နန်ကုန်းဟောင်ရဲ့ လက်။
“ သခင်လေး နန်ကုန်း။ အဖြေလွှာ မအပ်ဘူးလား။ ” စုချင်း စိတ်ရှုပ်သွားတယ်။
“ မဟုတ်ဘူး။ ဒါပေမယ့် အမတ်မင်း စု တစ်ခုခု လွဲနေပုံပဲ။” အမူအယာ မဲ့ မျက်နှာ တည်ငြိမ်တဲ့ အသံ နဲ့ နန်ကုန်းဟောင် ပြောတယ်။
“ ဘာများပါလိမ့်။” စုချင်း စိတ်ထဲ လန့်သွားတယ်။
“ အမတ်မင်း စုလည်း လွန်ခဲ့တဲ့ လေးနှစ်က ညီလာခံ စာမေးပွဲမှာ ၀င်ဖြေတာပဲ။ တော်ဝင်ညီလာခံမှာတောင် နေရာတ စ်ခု ရနေပြီ။ ဒါတောင် အဖြေလွှာ အရင် အပ်တဲ့ သူကို မမြင်နိုင်သေးဘူးလား။” ဖန်ကျန်းရှီကို လက်ညှိုးထိုးရင်း နန်ကုန်းဟောင် ပြောတယ်။
စုချင်း မျက်လုံးပြူးသွားပြီ။
ဧကရာဇ် လင်းမုပိုင် နောက်က အမတ်မင်းတွေလည်း လန့်ကုန်တယ်။
“ အဖြေလွှာ အရင် အပ်တဲ့ သူကို မမြင်နိုင်သေးဘူးလား။”
နန်ကုန်းဟောင် ဘာပြောချင်နေလဲ သူတို့ သိတယ်။ နောက်ပြီးတော့ ဖန်ကျန်းရှီကို ရည်ညွှန်းနေတာလဲ မြင်နေတယ်။
ဒါပေမယ့် နန်ကုန်းဟောင် ဘာလို့ ဒီလိုလုပ်လဲ သူတို့ မတွေးတတ်။ ဒါက ကိစ္စေ သးသေးလေးပဲ။ အလျဉ်းသင့်သလိုလုပ်မှာပဲလေ။
တော်ဝင်သတင်း ပို့သူ တစ်ယောက်က အဖြေလွှာကို လာသိမ်းရင်။ လူအများစုက စကားတစ်ခွန်းမှ မပြောကြဘူး။
နန်ကုန်းဟောင် က စိတ်သဘော ထား သေးသိမ်တဲ့ သူလား။???
ဘယ်ဟုတ်မလဲ။ ….. ဒါဆို နန်ကုန်းဟောင်က ရည်ရွယ်ချက် ရှိရှိ လုပ်နေတာ။
နောက်ထပ် အတွေးတစ်ခု အမတ်မင်းတွေ တွေးမိတယ်။ အကယ်၍ နန်ကုန်းဟောင် သာ ရည်ရွယ်ချက် ရှိရှိ ပြောတာ ဖြစ်ရင်။ ဖန်ကျန်းရှီ အဖြေလွှာ အပ်တာနဲ့ လိုက် အပ်တာကကော။ ဒီလို တမင် တကာ လုပ်တာပဲလား။
ဘယ်သူ မှ နားမလည်နိုင်။
ဒါပေမယ့် စုချင်း ချက်ခြင်း တုံ့ပြန်တယ်။
သူက ညီလာခံ စာမေးပွဲမှာ နံပါတ် နှစ်။ နန်ကုန်းဟောင် နောက်က သူပဲ။ ဒါပေမယ့် နန်ကုန်းဟောင်နဲ့ ယှဉ်ရင် သူက ပမွှားလေး။
အနည်းဆုံးတော့ အခုချိန်မှာ သူက ဘာမှ မဟုတ်ဘူး။
အဆင့် တစ်နဲ့ နှစ်ကြား ကွာခြား ချက်က ကြီးလွန်းတယ်။
စုချင်း ဒါကို ကောင်းကောင်း သိတယ်။ သူက တော်ဝင်စာမေးပွဲ ကြီးကြပ်သူ ဖြစ်နေတာတောင်……. နန်ကုန်းဟောင်ကို ဦးညွှတ်နေရဆဲ။
ဖန်ကျန်းရှီ ဘက် လှည့်ပြီး ဦးညွှတ်တယ်။
“ အမတ်မင်း ဖန်။ ကျွန်တော် တောင်းပန်ပါတယ်။” စုချင်း ဖန်ကျန်းရှီ ဆီ လျှောက် လာတယ်။ အဖြေလွှာကို ချိတ်ပိတ်ဖို့ ပြင်တယ်။
လက်တစ်ဖက်က စုချင်းကို တားပြန်တယ်။ ဒါကတော့ ဖန်ကျန်းရှီ လက်။
အခုကော ဘာဖြစ်ပြန်ပြီလဲ။
စုချင်း မျက်လုံးမှာ ဒေါသတွေ လွှမ်းလာတယ်။ ဒါပေမယ့် သူ စိတ်ကို ထိန်းထားတယ်။
“ အမတ်မင်းဖန်။ အဖြေလွှာ မအပ် သေးဘူးလား။”
“ အပ်မလို့ပါပဲ။ ဒါပေမယ့် အံ့သြမိတယ်။ အမတ်မင်း စုက တစ်ချို့ ကိစ္စတွေကို လျစ်လျူ ရှုထားသလိုပဲ။” နန်ကုန်းဟောင်ကို ကြည့်ပြီး ဖန်ကျန်းရှီ ပြောတယ်။
“ ကျွန်တော် ဘာများ လိုအပ်လို့လဲ။” စုချင်း တည်ငြိမ်ဖို့ ကြိုးစားနေတယ်။
“ အမတ်မင်း စု ။ လွန်ခဲ့တဲ့ လေးနှစ်တုန်းက တော်ဝင် စာမေးပွဲ ၀င်ဖြေတာပဲ။ နောက်ပြီး တော်ဝင် သတင်း ပို့သူတောင် ဖြစ်လာသေးတယ်။ ဒါတောင် ကိုယ်နဲ့ ဘယ်သူ နီးလဲ မမြင်ဘူးလား၊“
“ မင်းဘာပြောချင်တာလဲ။” စုချင်း မျက်နှာ မည်းမှောင်လာတယ်။
“ အမတ်မင်း စုက နန်ကုန်းဟောင် ဘေးကို ရောက်နေပြီပဲ။ ဒါတောင် သူပြောလိုက်တာ နဲ့ ချက်ခြင်း နောက်ပြန်လှည့်တယ်။ ဒါက ကိုယ့်ဆုံးဖြတ်ချက်ကို မပိုင်နိုင်တာပဲ။ အနီးမှာရှိတဲ့သူကို ထားပြီး အဝေးက သူဆီ လာတယ်။ ဒါက နည်းလမ်း မကျဘူး။ ဒီလောက် ဆုံးဖြတ်ချက်လေးတောင် မပိုင်နိုင်ရင်။ တော်ဝင်ကျောင်းတော်က ကိစ္စကြီးတွေကို ဘယ်လိုများ ကိုင်တွယ်မှာလဲ။ စိုးရိမ်မိတယ်။” ဖန်ကျန်းရှီ လေးလေးနက်နက် ပြောတယ်။
ဘ၀ဆိုတာ ပြဇာတ်တစ်ပုဒ်ပဲ။
ဧကရာဇ် လင်းမုပိုင်တောင် ဒီလောက် သရုပ်ဆောင်ကောင်းတာ။ သူလည်း စွမ်းရည်လေး ဘာလေး ထုတ်ပြရတာပေါ့။
ဘာလို့ စုချင်းကို ခက်ခဲ အောင် လုပ်ချင်ရတာလဲ ???`
တမင်တကာလုပ်တာလေ။
ဘာလို့ လဲ??
အကြောင်းရင်း နှစ်ခုရှိတယ်။ ပထမ တစ်ခု- အကယ်၍ စုချင်းသာ ဒီ အတိုင်း အဖြေလွှာ ယူသွားရင်။ နန်ကုန်းဟောင်ကို ရှုံးလိမ့်မယ်။
ဒီ အမတ်မင်းတွေက တော့ နားလည်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီတော့သိတယ်။
နန်ကုန်းမု မပြန်ခင် …. သူ …. ဖန်ကျန်းရှီကို လာတွေ့ တယ်။ များများ စားစား မပြောဘူး။ တစ်ခွန်းကိုတော့ ကောင်းကောင်း မှတ်မိတယ်။
“ငါသွားပြီးရင် သူလာလိမ့်မယ်။ ”
ဒီအချိန်က ဖန်ကျန်းရှီ နားမလည် ခဲ့ဘူး။ ဒါပေမယ့် နန်ကုန်းဟောင် စာမေးပွဲ လာဖြေမှာ ကြားတော့ သူနားလည်သွားတယ်။
ဖန်ကျန်းရှီ နန်ကုန်းဟောင်ကို စိန်ခေါ်လိုက်ပြီ။
နန်ကုန်းဟောင် ဒီကိုလာတာလည်း အကြောင်းရင်း တစ်ခုပဲ ရှိမယ်။ – နန်ကုန်းမိသားစုရဲ့ ဂုဏ်ကို ပြန် အဖတ်ဆယ်ဖို့။ ဖန်ကျန်းရှီ အဖြေလွှာ အပ်ပြီးတာနဲ့ သူလိုက် အပ်တာ ဒါကို ဆိုလိုတာပဲ။
သူဘယ်လို လုပ်လိုက်လဲတော့ ဖန်ကျန်းရှီ မသိဘူး။ ဒါပေမယ့် အချိန်တို အတွင်း ရေးလိုက်တာတော့ သိတယ်။
နောက်ပြီးတော့ နန်ကုန်းဟောင်ရဲ့ နည်းလမ်းတွေက အစီအစဉ်ကျတယ်။ တစ်ချက်တည်းနဲ့ အသေသတ် တိုက်ကွက်တွေ။
ပုံမှန် အတိုင်း ဆိုရင် အဖြေလွှာကို စောစော အပ်တဲ့ သူက အခွင့်ရေး ပိုရမှာပဲ။
ဒါပေမယ့် နန်ကုန်းဟောင်က ဖန်ကျန်းရှီကို အလုပ်နဲ့ သက်သေပြသွားတယ်။ ဘယ်သူက အတောက်ပဆုံးသူလဲ။ ဘယ်သူက ဆ၇ာကြီးလဲ။
အတွေးအခေါ် စာမေးပွဲမှာ နန်ကုန်းဟောင် ဘယ်လို မှ အရှုံးခံ မှာ မဟုတ်ဘူး။
နောက်ပြီးတော့ ဖန်ကျန်းရှီကလည်း အရှုံး မပေးဘူး။ နန်ကုန်းဟောင်ကို သူ့ အကွက်နဲ့ သူ ပြန်ကစား ပေးလိုက်တယ်။
ကျွဲ နှစ်ကောင် ခတ်တဲ့ ကြား မြေဇာပင် ဖြစ်ရသူက စုချင်း။
စုချင်းကို ဒီလို လုပ်တဲ့ နောက်အကြောင်းရင်က….. ။ ဒီလို အလုပ် ခံနိုင်လောက်အောင် စုချင်းက အရေထူတယ်လေ။
နောက်ပြီးတော့ ဖန်ကျန်းရှီရှေ့မှာ သူ က မောက်မာရဲတယ်။
အခုချိန်မှာ ခဲ တစ်လုံးနဲ့ ငှက် နှစ်ကောင် ပစ် ဖို့ အကောင်းဆုံးပဲ။
အမတ်မင်းတွေတော့ တစ်ယောက်ကို တစ်ယောက် ကြောက်လန့် တကြား ကြည့်နေပြီ။
ဖန်ကျန်းရှီက ရည်ရွှယ်ချက် ရှိရှိ လုပ်နေတာ။
ဒါပေမယ့် ဖန်ကျန်းရှီရဲ့ စကားတွေက နည်းလမ်း ကျတယ်။ နန်ကုန်းဟောင်ရဲ့ စကားကို နင်းပြီးတော့ တောင် အကျိုးယူသွားသေးတယ်။ (ကောက်ပင်ရိတ်လှီး)
နောက်ပြီးတော့ အနာကို ဆားပက် သလို လုပ်သွားတာ။
စုချင်း ဒီ အခြေအနေ ရောက်လာတာ အိမ်ရှေ့စံ မင်းသားကြောင့်ပဲ။ ဧကရာဇ် ကိုယ်တိုင် ခွင့်ပြုထားတာ မဟုတ်ဘူး။ အခုတော့ ဧကရာဇ် ရှေ့မှာ ဖန်ကျန်းရှီက မေးခွန်းထုတ်နေပြီ။
နောက်ပြီးတော့ နန်ကုန်းဟောင်ရဲ့ စကားတွေကိုတောင် ပြန်သုံးလိုက်သေး။ စုချင်း အတွက်တော့ အဆိုး ဆုံး အချိန်တွေ ရောက်တော့မယ်။ ရာထူးတိုးတာ တွေ ဘာတွေ အကုန် မေ့ထားလိုက်ရပြီ။
“ ဆိုးရွားလိုက်တာ။”
“ ဆိုးရွားလွန်း တယ်။”
ဒီ့ မတိုင်ခင်က ။ ဖန်ကျန်းရှီကို ကြောက်စရာကောင်းတဲ့ ခြိမ်းခြောက်မှုလို့ သူတို့ မမြင်ခဲ့ ဖူးဘူး။ ဘယ်လိုပဲ အရည်အချင်း ရှိရှိ။ နိမ့်ကျတဲ့ ရွာသားလေး တစ်ယောက်ပဲ။
ဘယ်သူက မှ သူ့ကို မကြောက်ဘူး။
အမတ်မင်း တွေ သူ့ကို ပညာပေးဖို့တောင် တွေးထားကြတာ။
ဒါပေမယ့် စုချင်း အဖြစ်ကို မြင်တော့ သူတို့ တံတွေးမျိုချ မိတယ်။ နိုင်ငံရေးအကြောင်း အတွေ့အကြုံ မရှိတဲ့ ဘာမှ မသိတဲ့ သူ ဟုတ်မှ ဟုတ်ပါ့ မလား????
ဖန်ကျန်းရှီက အလုပ်နဲ့ သက်သေ ပြနေပြီ။
စုချင်း အမူအယာ မည်း မှောင်နေတယ်။ ဒီလို စော်ကားခံရတာမျိုး တစ်ခါမှ မကြုံ ဖူးဘူး။ လွန်ခဲ့တဲ့ လေးနှစ် …. နန်ကုန်းဟောင်ကို သူ ရှုံးခဲ့တယ်။
ကျင့်ကြံခြင်း လမ်းကနေ ညီလာခံကို ပြောင်းလာတယ်။
အကြောင်းရင်းက နန်ကုန်းဟောင် နိုင်ငံရေး စိတ်မ၀င်စားမှန်း သိလို့ပဲ။
နန်ကုန်းဟောင်က အခု သူ့ကို ဒီလို အပြစ် ရှာတာ သူ နားမလည် နိုင်ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီ ရဲ့ အဖြေကြောင့် သူရှင်းလင်း သွားတယ်။
ဒီ ကြွက် နှစ်ကောင် က သူ့ကို စစ်တုရင် နယ်ရုပ် လို ကစား နေတာပဲ။ နောက်ပြီးတော့ သိသိသာသာကို သူ့ အတွက် အကျိုးယုတ်အောင် လုပ်နေတာ။
ဒီလို စော်ကားခံရတာမျိုးစုချင်း လက်မခံ နိုင်ဘူး။
အတွေးတွေ သူ့ စိတ်ထဲမှာ ပလူပျံလာတယ်။ ဒီ အခြေ အနေကို ဖြေရှင်းဖို့ သူတွေးတယ်။ မဟုတ်ရင် သူ့ အနာဂတ်ကတော့ သွားပြီ။ ဒီလိုဆို သူ့ အစီအစဉ်တွေလည်း ကျရှုံးကုန်တော့မှာပဲ။
ဖန်ကျန်းရှီ ကို အခုချိန်မှာ ဆန့်ကျင်လို့ မရမှန်း သူသိတယ်။ သူ ဒီလို လုပ်လိုက်ရင် သူ့ အနာဂတ် လုံးလုံး ပျောက်သွားမြှ။
အခုတော့ ကိုယ့် လွတ်လမ်း ကိုယ်ရှာဖို့ လိုလာပြီ။ ဒီ အခြေအနေကို ဖြေရှင်းဖို့ အရည်အချင်း ရှိကြောင်း ပြရမယ်။
နည်းလမ်းရြှာ့ပီး မျက်နှာသာ ရအောင် ပြန်လုပ်ရမယ်။
“အမတ်မင်း ၀မ်။ သခင်လေး နန်ကုန်းရဲ့ အဖြေလွှာကို သိမ်းလိုက်ပါ။” စုချင်း ပြောတယ်။
“ကောင်းပါပြီ။” တော်ဝင်သတင်းပို့သူ တစ်ဦး နန်ကုန်းဟောင် ဆီ လျှောက်လာရင်း ပြောတယ်။
စုချင်း ခေါင်းငြိမ့်တယ်။ ဖန်ကျန်းရှီကို ပြန်ကြည့်တယ် ။ သူ့ အမူအယာကတော့ တည်ငြိမ်နေတယ်။ “ သခင်လေးဖန်။ အဖြေလွှာကို အခု ချိတ်ပိတ်လို့ ရပြီလား။”
ဒါကို မြင်တော့ အမတ်မင်းတွေ ခေါင်းငြိမ့်နေတယ်။
ဒီလို အခြေအနေမှာတောင် စုချင်းက တည်တည်ငြိမ်ငြိမ် လုပ်နိုင်တယ်။ ၇င့်ကျက်တယ်။ လေးစားစရာပဲ။ ဒီ ရိုးရှင်းတဲ့ အပြုအမူက နန်ကုန်းဟောင်နဲ့ ဖန်ကျန်းရှီ ပညာပြိုင်နေတာကို ခပ်မြန်မြန် အဆုံးသတ်စေတယ်။
နန်ကုန်းဟောင်ရဲ့ အဖြေလွှာကို တခြားတစ်ယောက်သိမ်းတယ်။ ဖန်ကျန်းရှီ ရဲ့ အဖြေလွှာကို သူက သိမ်းတယ်။
ဒီလိုနဲ့ ဟိုနှစ်ကောင် ထပ်ပြီး စောဒက တက်စရာ မရှိတော့ဘူး။
“ အမတ်မင်း စုက သင်လွယ် တတ်လွယ်တဲ့ သူပဲ။ တကယ်တော်တယ်။” ဖန်ကျန်းရှီ အဖြေလွှာ အပ်ရင်း ပြောတယ်။
စုချင်း မျက်နှာ နောက်တစ်ကြိမ် မည်းမှောင်သွားတယ်။ လက်ဆန့်ရင်း အဖြေလွှာ ကို ပိတ်တယ်။
“ အမတ်မင်း ဖန် သင်ကြာပေးတာ ကျေးဇူးတင်ပါတယ်။ ”
ကြားနေရတဲ့ အမတ်မင်းတွေ ထိုင်ခုံပေါ်ကနေ ပြစ်လဲသွားချင်ကြတယ်။
“ သင်လွယ်တတ်လွယ်တဲ့ သူ ဟုတ်လား။”
“ အရှက် မရှိလိုက်တဲ့ကောင်။”