နတ်ဘုရား မုခ်ဝ - Chapter - 315 အ၇ည်အချင်းပြည့် ၀တဲ့ သူ
ခန်းဆောင်ကြီးထဲက လေထု နည်းနည်း ထူးဆန်းလာတယ်။ ဆိုင်ပိုင်ရှင် ဒုတိယ ထပ် မှာ ရှိတဲ့ အမျိုးသမီးကို မျက်စ တစ်ချက်ပြစ်ပြတယ်။
ချက်ခြင်း နားဝင်ချိုတဲ့ တေးဂီတ သံတွေ ထွက်လာတယ်။
ရှေးဟောင်း စကားပုံ တစ်ခု ရှိတယ်။ မျက်နှာကာ နဲ့ ဗျပ်စောင်း တီးနေတဲ့ မိန်းမလှလေး။ ရှက် သွေးဖြာ နေတဲ့ အလှတပါးပင်။
ဖန်က်ျန်းရှီ အတော်လေး ပျော်ရွှင်နေတယ်။ စင်ပေါ်မှာ ဗျပ်စောင်း တီးနေတဲ့ မိန်းမလှလေးကို သူ ငေးကြည့်တယ်။ သူ့ ရင်ထဲမှာ ထူးဆန်းတဲ့ ခံစားချက်တွေ လှိုင်းထန်နေတယ်။ ဒီ ခန်းမဆေကြီး ဒီလောက် ကျော်ကြားတာ အဆန်း မဟုတ်ဘူး။
ဂီတသံ နားထောင် နေတဲ့ အချိန် ပင်းယန်လည်း ငြိမ်သက်နေတယ်။
၀ူဖုန်းလည်း သူ့ နေရာသူ ပြန်ထိုင်ပြီ။ ဒါပေမယ့် သူ့ အမူအယာကတော့ မည်းမှောင် နေတယ်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။
“ သခင်လေး ၀ူ။ ဒီလူတွေကို စိတ်ထဲမထားနဲ့။”
“ဟုတ်တယ်။ ဧကရာဇ် မင်း ဖိတ်ခေါ်တာတောင် မခံရတဲ့ သူတွေ။ ကျမှာပဲ။ ”
“ သူတို့တေါက သခင်လေးကို မနာလို ဖြစ်နေတာ။”
၀ူဖုန်းရဲ့ အမူယာကို မြင်တော့ ကျောင်းတော်သားတွေ နှစ်သိမ့်ကျတယ်။
ဖန်ကျန်းရှီ အကုန်လုံးကို
လျစ်လျူ ရှုထားတယ်။ ခန်းမကြီးရဲ့ ပြင်ဆင်ပုံတွေကို ကြည့်တယ်။ ဒီ အပြင် အဆင်က သင်္ကေတေ လးခု နဲ့ ပါ့ကွား ပုံစံ ဆောက်ထားတာ ပဲ။ သူ့ စိတ်ထဲမှာ ဒီ အပြင် အဆင် နောက်က တစ်ခုခုကို ခန့်မှန်း မိနေတယ်။
အပြင်အဆင်က ရည်ရွယ် ချက် ရှိရှိ လုပ်ထားတာ။ …. ဒီလောကကြီး သူ တွေးထားတာထက် ပိုရှုပ်ထွေးတယ်။
…
ခန်းမဆောင်ကြီးရဲ့ အခန်း တစ်ခုမှာ ရှေးဟောင်း လက်ရာတွေနဲ့ ပြည့်နေတယ်။
ထိုင်ခုံ နီပေါ်မှာ စာအုပ်ထူထူ တစ်အုပ် ရှိတယ်။ စာအုပ်ဘေးမှာတော့ စာစောင်တွေ ရှိနေတယ်။
တစ်ခုချင်းစီက လက်ရေး မတူဘူး။
ထိုင်ခုံ နောက်မှာတော့ ၀တ်ရုံနက် အမျိုး သမီး တစ်ဦးရှိနေတယ်။ နှင်းလို စွတ်စွတ် ဖြူတဲ့ အသား အရည် နဲ့ လှပတဲ့ သွင်ပြင် က ပန်းချီကား တစ်ချပ် သဖွယ်။ သူမ နဖူး အလယ်မှာ ပြဒါးနီ စက်လေး တစ်ခုရှိနေတယ်။ နှင်းလွှာပြင်ပေါ်က သွေးစက်လေး လိုပဲ။
“ သခင်” ၀တ်ရုံ နက် အစေခံ တစ်ဦး အခန်းထဲ ၀င် လာတယ်။
“ သခင်။ သခင်လေး ဖန် နဲ့။ သခင်လေး ရန် ခန်းမဆောင် ထဲ ရောက်နေပါပြီ။”
“ ကောင်းပြီ။ အစီအစဉ် အတိုင်း ဆက်လုပ်တာပေါ့။”
“ အမိန့် အတိုင်းပါ။”
…
ဒီ စုဝေးပွဲက ညီလာခံ စာမေးပွဲ အကြောင်း ပြောဖို့ မဟုတ်ဘူး။ ကျော်ငးတော်သား တစ်ယောက် ချင်းစီ တိုင်းမှာ ဆန္ဒတွေ ရှိတယ်။ အနည်း ဆုံးတော့ ကိုယ့် သမိုင်း ကိုယ်ရေး ချင်တယ်။
အရက် မမူးတဲ့ အချိန် သူတို့ အင်အားကြီးကြတယ်။ အရက်လေး ၀င် လိုက်တာနဲ့ လောဘ ကြီးလာကော။
သူတို့ မှာ ပြောစရာ အကြောင်း မရှိလို့ မဖြစ်ဘူးလေ။
ဒီ ခန်းမဆောင်ကြီးက. … ရှစ်မိုင်လမ်း မှာ (မီးပန်း) တွေ အတွက် နာမည် အကြီးဆုံး နေရာပဲ။ ပြောရရင် တကယ့်ကို ထူးခြားတဲ့ နေရာ။
ထိပ်ဆုံးမှာ ကျန်နေဖို့ နည်းလမ်း တစ်ခုပဲ ရှိတယ်။
ဆွဲဆောင် နိုင်တဲ့ ထိပ်တန်း ကျောင်းတော်သား ဖြစ်ဖို့။ ရုပ်ရည်တစ်ခုတည်း လိုတာ မဟုတ်ဘူး။
မယှဉ်သာ မြင့်တဲ့ အရည်အချင်းလည်း ရှိရမယ်။
နောက်ပြီးတော့ သန့်စင် ရမယ်။
ဆိုလို ချင်တာကတော့ ရှင်းတယ်။ ရတနုာ ဆိုတိုင်း လက်ခံ လို့ ရတာ မဟုတ်ဘူး။ လူတိုင်း လေးစားတဲ့ အရည်အချင်း ရှိမှ ဖြစ်မှာ။
တေးသံသာ နတ်မိမယ်။
လွန်ခဲ့ သုံးလ တုန်းက သူမ ထွက်ပေါ် လာခဲ့တယ်။ အဆင့်အတန်း မြင့်မားလွန်းတဲ့ သူမ အသွင်က ထူးခြားတယ်။ အလှပဆုံး မဟုတ်ပေမယ့် နူးညံ့သိမ်မွေ့မှုကတော့ ထိပ်တန်းပဲ။
ရေပြင်လို တည်ငြိမ်ပြီး။ နွေဦးလို ကြည်လင် တယ်။
သူမရဲ့ နာမည်က အရည်အချင်း နဲ့ လိုက်ဖက် ညီတယ်။ သူမရဲ့ ဂီတသံက လူတွေကို ရီဝေယစ်မူးစေတယ်။ အရေး အကြီးဆုံးက အရည်းအချင်း ပြည့်ဝတဲ့ သူ ဖြစ်နေတာပဲ။
ကဗျာ ရေးစပ်တဲ့ အတတ် ပညာမှာ သူမကို မှီတဲ့သူ မရှိဘူး။ နောက်ပြီးတော့ လက်ရေး လက်သားက လည်း ထိပ်တန်း။
ယွင်ချင်းဝူ လောက် မကျော် ကြားပေမယ့်။ သိသိသာသာကို အရည်အချင်း ပြည့်ဝတယ်။
ဖန်ကျန်းရှီ က ဂီတ သံ နားဆင်ရင်း စားသောက်နေတယ်။ ဒီ အချိန်မှာ သူ သတိထားမိ လိုက်တယ်။ ကျောင်းတော်သားတွေ တင်ပါး ဖုန်ခါ ပြီး မတ်တပ် ရပ်နေတယ်။
ပိုးသား နီနီ ခေါင်မိုး ပေါ်ကနေ ကျလာတယ်။
“ ပြပွဲ ရှိတာလား။” ဖန်ကျန်းရှီ ခန့်မှန်း တယ်။
“ မဟုတ်ဘူး။ တေးသံသာ နတ်မိမယ် လာတော့မှာ။” ၀မ်တပေါင်း လှုပ်လှုပ်ရှားရှား ဖြစ်နေပြီ။
“ တေးသံသာ နတ်မိမယ်လား။”
“ ဒီ ပြည်နယ်မှာ အတော်ဆုံး ထိပ်တန်း မိန်းမပျို လေ။” ပင်းယန် ရှင်းပြတယ်။
“အော။်” ၀မ်တပေါင်း လှုပ်၇ှားနေတာ ဖန်ကျန်းရှီ နားလည်ပြီ။ ထိပ်တန်း မိန်းမပျိုလား။ ဘယ်လောက် တော်လို့လဲ။
သူတွေးနေတဲ့ အချိန်။ ခန်းမဆောင်က မီးတွေ မှိန်ဖျော့သွားတယ်။ မီးရောင်တွေ က ဒုတိယထပ်စင်မြင့် တစ်ထပ်မှာပဲ လင်းနေတယ်။
သိပ် မကြာခင်။ အနီရောင် ဗုံ လေးတွေ စင်မြင့်ပေါ်မှာ ပေါ်လာတယ်။
“ ဗုံတွေလား။” ဖန်ကျန်းရှီ သိချင် လာတယ်။
ဒီလောကမှာ တန်ဖိုးကြီး ကြိုးတပ် တူရိယာတွေ ရှိနေတာ … ဘာလို့ ဗုံကို သုံး တာလဲ။
“ တေးသံသာ နတ်မိမယ်။” ကျောင်းတော်သားတွေ တခဲနက် အားပေးတော့တယ်။
ဖန်ကျန်းရှီတော့ သိချင်လွန်းလို့ တအံ့တသြ ဖြစ်နေပြီ၊
၀တ်ရုံနီ မိန်းမလှလေး တစ်ဦးကို သူ မြင်တယ်။ အနက်ရောင် ကုချင်း တ်ခုကို သူမ ပိုက် ထားတယ်။
တကယ့်ကို နတ်မိမယ် အတိုင်းပဲ။
“ ငါကြားတာတော့ တေးသံသာ နတ်မိမယ် က နတ်ဆိုးစည်း အဆင့်မှာတဲ့။ ကြည့်ရတာ အမှန်ပဲ။ ”
“ ကောင်းကင် ပေါ်မှာ လွင့်မျော နေတာ တကယ့်ကို နတ်မိမယ်လေး အတိုင်းပဲ။ ပြီးပြည့်စုံ လိုက်တာ။”
ကျောင်းတော်သားတွေ အလှတရားကို ခံစားရင်း ယစ်မူးနေတယ်။
“ ဒင်။” ကုချင်း တီးသံ ထွက်လာတယ်။
ဂီတသံ က အခန်း တစ်ခုလုံးကို လွှမ်းသွားတယ်။ အင်အားကြီးလွန်းလို့ မတ်တပ်ရပ်နေတဲ့ လူတွေတောင် နောက်ပြန် လဲကုန်တယ်။
“ တေးသံသာ နတ်မိမယ်က ဂီတ တာအိုကို သုံးနေပုံပဲ။”
“ ဂီတတာအို…..” ( ၀ူဖုန်း သုံးတာမျိုးလား။) ရန်ရွှယ် သူ့ကို ပြောပြ ဖူးတာ ဖန်ကျန်းရှီ မှတ်မိမယ်။
“ဒင်” ကုချင်းသံ နောက်တစ်ကြိမ် ထွက်လာတယ်။
လေလေး တဖြူးဖြူးနဲ့ …..
တေးသံသာ နတ်မိမယ် ကုချင်း တီးနေတာကို ဖန်ကျန်းရှီ ကြည့်နေတယ်။
တခြား မိန်းမလှလေးတွေလိုပဲ မျက်နှာကာ ၀တ်ထားတယ်။ ဒါပေမယ့် သူမ ရဲ့ မျက်နှာကာက ထွင်းဖောက် မြင်ရတဲ့ အနီရောင်။ မျက်နှာကာနောက်က သူမ မျက်နှာကို မြင်နေရတယ်။
ကြည်စင်ရှင်းသန့် နေတဲ့ မျက်နှာ။ မျက်ခုံး ပါးပါးလေး နဲ့ မဟူရာ မျက်လုံးတောက်တောက်တွေ။ သူမ မျက်ဝန်းထဲမှာ မှင်၇ည်တွေ စီးဆင်းနေသလိုပဲ။ အေးချမ်း နူးညံ့တဲ့ အငွေ့အသက်တွေ သူမ မျက်ဝန်းထဲက ပျံ့လွင့်နေတယ်။
ဂီတသံ အခန်း တစ်ခုလုံးကို လွှမ်းခြုံနေတယ်။
ဖန်ကျန်းရှီ အခွံမာကြီး တစ်လုံးကို ကောက်တယ်။ ကိုက်ဝါး ဖို့ ပြင်တဲ့ အချိန် ဂီတသံ ရပ်သွားတယ်။ ၀တ်ရုံနီတွေ လေထဲမှာ တဖျတ်ဖျတ် လွင့်နေတယ်။
“ဘုန်းး”
ဗုံတီးသံတွေ နေရာအနှံ့ က ထွက်လာတယ်။
ကျောင်းတော်သားတွေ ဂီတသံ ကို အာရုံစိုက်န်ေတယ်။ လေထဲက ၀တ်ရုံနီ အရိပ်တွေ သူတို့ မျက်လုံးမှာ ထင်ဟ ပ်တယ်။
ဂီတသံ ဆက်ပြီး အရှိန် မြင့် နေဆြ။
ကုချင်းနဲ့ ဗုံတီးသံ က လိုက်ဖက်ညီနေတယ်။ တေးသံသာ နတ်မိမယ်ကတော့ ဂီတသံနဲ့ အတူ ကခုန်နေတယ်။
ဖန်ကျန်းရှီ နောက်ဆုံးတော့ နားလည် ခဲ့ပြီ။ တေးသံသာ နတ်မိမယ် ဘာလို့ ဒီလောက်တောင် နာမည် ကျော်နေမှန်း။
သူ့ အရည်အချင်းက ကျောင်းတော်သားတွေ ထက် သာတာပဲ ။
တစ်ခဏ ကြာပြီးနောက်။ တေးသံသာ နတ်မိမယ် မြေပြင်ပေါ်ကို ဆင်းသက်လာတယ်။
“ တေးသံသာ နတ်မိမယ်။ မနက်ဖြန် ညီလာခံ စာမေးပွဲ အောင်စာရင်း ထွက်မှာ။ ကျွန်တော် တို့ တစ်ယောက်ယောက် ကများ …..။ မိန်းမလှလေးရဲ့ အခန်းမှာ သီဆို ။ သောက်စားခွင့်ရမလား။”
အသံတစ်သံ ထွက်လာတယ်။
“ တေးသံသာ နတ်မိမယ် ရဲ့ အခန်းမှာ စားသောက် မယ်။”
“ နောက်ပြီးတော့ သီဆိုမယ်။”
ဒါကို ကြားတော့။ ကျောင်းတော်သားတွေ လှုပ်၇ှားလာကြတယ်။ ဒါက တစ်သက်မှာ တစ်ခါပဲ ၇တဲ့ အခွင့်အရေး။
“သခင်လေး ၀ူက ဂီတကို သုံးပြီး တာအိုမှာ ပေါက်မြောက်တဲ့ သူပဲ။ အခုတော့ အကောင်းဆုံး ပြစ်ချက် ကို ထိပြီ။”
“ သခင်လေး ၀ူ ဆက်လုပ်။ ဆက်လုပ်”
“ သခင်လေး ၀ူ နဲ့ တေးသံသာ နတ်မိမယ် ၂ ယောက်လုံးက အရည်အချင်း အရမ်းရှိတာ။ နှစ်ယောက် အတူတူ တီးမှုတ်ရင်တော့ အကောင်းဆုံး တေးသံ ဖြစ်လာမှာပဲ။”
ကျောင်းတော်သားတွေ အားလုံး ၀ူဖုန်းကို ကြည့် နေတယ်။
၀ူဖုန်းကတော့ လှောင်ပြုံးပြုံးနေတယ်။
“ တေးသံသာ နတ်မိမယ်ကို နှုတ်ခွန်း ဆက်ပါတယ်။ ကျွန်တော်က ၀ူဖုန်းပါ ။ နိုးထ နဂါး အဆင့်သုံး။ တွေ့ရတာ ၀မ်းသာ ပါတယ်။” ၀ူဖုန်း ဦး ညွှတ်ရင်း နှုတ်ဆက်တယ်။
“ သခင်လေးဝူ မင်္ဂလာပါ။” တေးသံသာ နတ်မိမယ် ရဲ့ အသံက လူကို ရီဝေ ယစ်မူးသွားစေတယ်။
ပင်းယန်ကတော့ ပြုံးနေတယ်။
“ ဖန်ကျန်းရှီ ကြိုးစား ကြည့်ကြည့်ပါလား။”
“ မလုပ်ချင်ဘူး။” ဖန်ကျန်းရှီ ချက်ခြင်း ငြင်းတယ်။ သူက သမိုင်း ပညာရှင်လေ။ ကဗျာတွေ ရေးတတ်တယ်။ ဂန္တ၀င် စာပေတွေ ပြောတတ်တယ်။ ဒါပေမယ့် တီးမှု တ်တာတော့ မရဘူး။
တီးလုံးတွေကိုလည်း မသိဘူး။ ကြိုးတွေကိုလည်း နားမလည်။ ဗုံ တီးတာလား …. ကောင်း ကောင်း နားငြီးအောင် လုပ်နိုင်တယ်။
သူ့ အကျွမ်းကျင်ဆုံး အလုပ်ကတော့ ကြွားတာပဲ။
ယွင် ချင်းဝူ ရဲ့ လှေကို သူ ပြန် စဉ်းစား မိတယ်။ ကိုယ်တိုင်သာ တီးမှုတ်ပြရမယ် ဆိုရင်။ သံစဉ် တလွဲတွေပဲ ထွက်လာမှာ။
“ ဟဟား …. နင် မလုပ်နိုင်မှန်း ငါသိသားပဲ။ ရန်ရွှယ်ကော” ပင်းယန် ရယ်မောတယ်။
“ငါလည်း နည်းနည်းပဲ သိတာ။ ဒါပေမယ့် ၀ူဖုန်းကို ငါ မယှဉ်နိုင်ဘူး။” ရန်ရွှယ် ခေါင်းခါတယ်။
၀မ်တပေါင်း လှုပ်ရှားဖို့ ပြင်တယ်။ စင်ကို လှမ်းကြည့်တော့ ၀ူဖုန်းကို တွေ့တယ်။ ၀ူဖုန်းနဲ့တော့ သူ မပြိုင်ဝံ့။ မသိမသာ နောက်ပြန်ဆုတ်လာတယ်။
ဒီ အချိန် ၀ူဖုန်း ရဲ့ နားရွက် အဖျားတွေ ဆတ်ခနဲ တုန်သွားတယ်။
“ တေးသံသာ နတ်မိမယ်က အကနဲ့ တေးဂီတမှာ ကျော်ကြားတယ်နော်။ ကျွန်တော် တို့ မှာ အ၇မ်းတော်တဲ့ ဂီတ ပညာရှင်တစ်ယောက် ထပ်ရှိသေးတယ်။ သူက တော်ဝင် စာမေးပွဲရဲ့ ထိပ်တန်း ကျောင်းတော်သားပဲ။ တေးသံသာ နတ်မိမယ်နဲ့ သာ တွဲဖက် ဖျော်ဖြေလိုက်ရင် သမိုင်းတွင်သွားမှာ။”