နတ်ဘုရား မုခ်ဝ - Chapter - 317 ငါက ဒီမှာ သီချင်း နားထောင်ဖို့ ရှိနေတာ
ဖန်ကျန်းရှီကို ထူးထူး ဆန်းဆန်း အကြည့်နဲ့ ပင်းယန် ကြည့်နေတယ်။ ဒီ ကောင်က သြဇာ တိက္ကမ ကြီးလိုက်တာ။
ထူးဆန်းနေတယ်လို့ ရန်ရွှယ်လည်း ထင်တယ်။ ဒါပေမယ့် သူ ဘာမှ ဆက် မပြောဘူး။
၀မ်တပေါင်း အလွန် အမင်း လေးစား အားကျ လွန်းတဲ့ အကြည့် တွေ နဲ့ကြည့်နေတယ်။ ဒီ လူက ဆရာကြီး ပဲ။
ဖန်ကျန်းရှီလည်း အံ့သြနေတယ်။ ဒီ ကောင်မလေးနဲ့ စကား မပြောချင်ဘူး။ နောက်ပြီးတော့ သူက အာဏာ တွေ ဥစ္စာ ဓန တွေလည်း မရှိဘူးလေ။
သူမှ ဘယ်လို တီးမှုတ်ရမယ် မှန်း မသိတာ။ တေးသံသာ နတ်မိမယ်က သူ့ နား ဘာလာလုပ်တာလဲ။
“ သခင်လေး ဖန်။ သောက်ပါ။” တေးသံသာ နတ်မိမယ် ၀ိုင်ခွက် ကိုင်ရင်း မော့ချတယ်။
ဖန်ကျန်းရှီ ကတော့ တွေဝေ နေပြီ။ သူ့ကို ကြည့်နေတဲ့ ကျောင်းတော်သား တွေ တော့ လူသတ်ချင်စိတ်တွေ တဖွားဖွား ပေါ်လာတယ်။ ကောင်မလေးက မင့်ဘေး ရောက်နေပြီ။ ကလေးလိုလို ခွေးလိုလို ဘာ အချိုးချိုးေ နတာလဲ။
၀ူဖုန်း သူ့ နေရာကနေ တိတ်တဆိတ် ရှောင်သွားလိုက်တယ်။
သူ လျစ်လျူ ရှု ခံ ရပေမယ့် ။ သူ့ ပုံရိပ်ကိုတော့ ထိန်းရ အုန်းမယ်လေ။ တေးသံသာ နတ်မိမယ် က သူ့ကို အခု လျစ်လျူ ရှုထား ပေမယ့်။ အဆုံး မှာတော့ ပြန်လာမှာပဲ။
ဟုတ်တယ် …. သူ ပြန်လာမှာပဲ။
“သခင်လေး ဖန်။ ကျွန်မကို ထိုင် ဖို့ မပြောတော့ဘူးလား။” တေးသံသာ နတ်မိမယ် မေးတယ်။
“ ပလွတ်။” ၀ူဖုန်း ခြေထောက်တွေ ဂျယ်လီလို ပျော့ခွေ သွားတယ်။ သူ့ မျက်နှာကတော့ ရဲရဲ နီနေပြီ။ အခု ချိန် ဘာတွေ ဖြစ်နေလဲ သူ မသိတော့ဘူး။
သူ ဘယ်မှာ များ အမှား လုပ် မိသွားတာလဲ။
ဧကရာဇ် နဲ့ တွေ့ဖို့ ဖိတ်ခေါ် ခံ ရတယ်။ နိုးထ နဂါး အဆင့်မှာလဲ ဖန်ကျန်းရှီထက် မြင့်တယ်။ အရေးအကြီးဆုံးက သူ့ ဂီတပါရမီ။ ရှားရှားပါးပါး လို့ သတ်မှတ် ခံထားရတာ။
သူ့ မှာ အားသာချက်တွေ အများကြီးရှိတယ်။
ဒါပေမယ့် အခုတော့ သူ ရှုံးသွားပြီ။ ကောင်းကောင်းကြီး ပညာ ပေးခံ လိုက်ရပြီ။
စိတ် ချောက်ခြားတာ။ ဒါ အမြင်မှားနေတဲ့ အာရုံ လှည့်စားမှုပဲ ဖြစ်မှာပါ။
၀ူဖုန်း သူ့ မျက်လုံးတွေကို အကြိမ်ကြိမ် ပွတ်ကြည့်တယ်။ သူ့ အသားသူ ဆိတ်ဆွဲ ကြည့်တယ်။ ဖန်ကျန်းရှီ တို့ စားပွဲမှာ တေးသံသာ နတ်မိမယ် ထိုင်နေဆဲ။ ဖန်ကျန်းရှီ ရဲ့ ၀ိုင်ခွက်ကိုတောင် ဖြည့်ပေးနေတယ်။
မဖြစ်နိုင်ဘူး။
၀ူဖုန်း နောက်ထပ် ထပ် မကြည့် နိုင်တော့ဘူး။
သူ့ နှလုံးသား နာကျင် နေပြီ။ အခု ဖြစ်နေတဲ့ တစ်ခုချင်းစီက လုံးဝကို မမျှော်လင့်ထား တဲ့ အရာတွေပဲ။ သူ့ အစီ အစဉ်က လုံးဝကို ကောင်းမွန်တယ်။ သူက လုံးဝကို အထက်စီး ကနေ ကြည့်ရတဲ့ သူပဲ။ ဒါပေမယ့် အမှန်တရားက ခါးသီးတယ်။
“ ဖန်ကျန်းရှီ။ ဒီမှာ ကျောင်းတော်သားတွေ အများကြီး နဲ့ မိန်းမလှ လေးတွေ ရှိတယ်။ ငါ့ကို ကဗျာ စပ် တာ ပြိုင်ရဲလား။ ခေါင်းစဉ်ကို မင်း ရွေးလို့ ရတယ်။” ၀ူဖုန်း ဒေါသတကြီးနဲ့ အော်တယ်။
“ ကဗျာစပ် မှာလား။” ဖန်ကျန်းရှီ မေးတယ်။
“ ဟုတ်တယ်။ ခေါင်းစဉ်ကို မင်းရွေး။ ” ၀ူဖုန်း ယုံကြည်မှု အပြည့်နဲ့ ခေါင်းငြိမ့်တယ်။ ဖန်ကျန်းရှီက သူ့ကို ဂီတမှာ မပြိုင်နိုင်မှန်း သိတယ်။ ဖန်ကျန်းရှီ မပြိုင်ပြိုင် လာအောင် လုပ်ဖို့ပဲ လိုတယ်။
“ မလုပ်ဘူး။” ဖန်ကျန်းရှီ ငြင်းတယ်။
“ ဘာလို့လဲ။ ဒီမှာ စုဝေးပွဲကြီးလေ။” ၀ူုဖန်း နားမလည်နိုင်။ ဖန်ကျန်းရှီကို သူ အခွင့်အရေး ပေးပြီးပြီ။ ဘာလို့ ဖန်ကျန်းရှီက ငြင်းရ ပြန်တာလဲ။
“ ငါ ဒီကို ဂီတသံ နားထောင် ဖို့ လာတာ။” ဖန်ကျန်းရှီ နေကြာစေ့ ခွာရင်း နဲ့ ပြန်ဖြေတယ်။
“ဒါပေမယ့်
“စာချိုး စပ်တာကော ပြိုင်မလား။ ငါ မင်းရဲ့ အဖြေလွှာကို မြင်ဖူးတယ။် ကဗျာ မစပ် ချင်ရင် ။ စာချိုးတော့ စပ်ရ အောင်လေ။” ၀ူုဖန်း အံကြိတ်ရင်း ဖြေတယ်။
“ မလုပ်ချင်ဘူး။”
“ ဘာလို့လဲ။”
“ ငါပြောပြီးပြီလဲ။ ဒီကို ဂီတသံ နားထောင်ဖို့ လာတာ။ နားပူနားဆာ လုပ်နေတာ တော်တော့ ” ဖန်ကျန်းရှီ စိတ်တိုတို နဲ့ ပြောတယ်။
“ ဟီးဟီး။” တေးသံသာ နတ်မိမယ် ရယ်မောနေတယ်။
ပင်းယန်ရဲ့ ရယ်သံက ပိုပြီးတော့တောင် ဆိုးသေးတယ်။
“ ဟ ဟားဟားဟား။” အသံကို မတိုးနိုင်ဘူး။
ရန်ရွှယ်တောင်မှ ပြုံးနေတယ်။ ဒီ အချိန် အတွင်းမှာ သူ့ ကိုယ်ထဲက မပျော်ရွှင်မှုတွေ လှိုင်းလုံးကြီးနဲ့ မျောပါသွားသလိုပဲ။
၀မ်တပေါင်းလည်း ရယ်ချင်တာပေါ့။ ဒါပေမယ့် သူက ဖန်ကျန်း၇ှီ တို့ နဲ့မှ မတူတာ။ ၀ူဖုန်းကို အပြစ်ပြု မိလို့ မဖြစ်နိုင် ဘူး။
ဒါကြောင့် မရယ်မိအောင် အသက်အောင့်ထားတယ်။ သူ့ မျက်နှာကြီးကတော့ ရဲရဲ နီနေပြီ။
၀ူဖုန်း ရဲ့ မျက်နှာကတော့ မီးသွေး ထက်တောင် မည်းနေတယ်။
“ သခင်လေး ဖန်က ဒီမှာ ဂီတ နားဆင်တာ ဆိုတော့။ ကျွန်မ သတင်း အသစ်တွေ ရေးထားတာ ရှိတယ်။ သခင်လေး ကျွန်မ နဲ့ လမ်းလျှောက်ပါလား။” တေးသံသာ နတ်မိမယ် ရယ်မောရင်း ပြောတယ်။
ခန်းမဆောင် တစ်ခုလုံး အပ်ကျသံ မကြားရအောင် တိတ်ဆိတ်သွားတယ်။
ကျောင်းတော်သားတွေ သူတို့ ကြားတာကို မယုံ နိုင်ဘူး။
ဖန်ကျန်းရှီ ဘာလို့ ဒီလောက် ကံကောင်း နေရတာလဲ။ သူ့ကံတွေ ဘယ်ကနေ ထွက်လာတာလဲ။ ကြိုးတစ်ကြိုး ကိုတောင် လက်နဲ့ မထိ။ ဗုံတစ်လုံးကိုမှ တစ်ချက် မပုတ်ပဲနဲ့။
တေးသံသာ နတ်မိမယ်က ဘာလို့ ဖိတ်ခေါ် တာလဲ။
လောကကြီးက မတရား လိုက်တာ။
၀ူဖုန်း တွေးခဲ့မိတယ်။ ဒီညမှာ သူ့ ကံ ဇာတာ အကောင်းဆုံးပဲ။ ဧကရာဇ် မင်းက ဆင့်ခေါ်တယ်။ အိမ်ကို မိန်းမလှလေးနဲ့ ပြန်ရမယ်။ နောက်တစ်နေ့ မနက်မှာ အောင်ပွဲက သူ့ကို ဆီးကြို နေပြီ။
တစ်ကိုယ်လုံး အပျော် တွေ ပြည့်နှက်နေခဲ့တာ။
ဒါပေမယ့် အခုတော့ သူ ဘယ်လိုပဲ ကြိုးစား ကြိုးစား မအောင် မြင်တော့ဘူး။ သူ့ရဲ့ (ပျော်ရွှင်မှု) တွေ ဖန်ကျန်းရှီ ကြောင့် ပျောက်ကွယ်သွားပြီ။ ဖန်ကျန်းရှီ ဘယ်လိုများ လုပ်လိုက်လဲ သူ နားမလည်ဘူး။
“ လမ်းလျှောက်မယ်။ ဘယ်ကိုလဲ။” တေးသံသာ နတ်မိမယ်ကို ဖန်ကျန်းရှီ မေးတယ်။
“ သူ့ အခန်းကိုလေ။ တေးသံသာ နတ်မိမယ်က သူ့ အခန်းလာဖို့ ဖိတ်နေတာ။” ၀မ်တပေါင်း ထိုင်ခုံကနေ ခုန်ထပြီး ပြောတယ်။
“ အခန်းထဲလား။ ဒါပေမယ့် … ငါက ဂီတသံ လာနားထောင်တာ။ သူနဲ့ မအိပ်ချင်ပါဘူး။” ဖန်ကျန်းရှီ ရိုးရိုးသားသားလေး ပြန်ဖြေတယ်။ ဧ
“ ပလွတ်။” ထိုင်ခုံမှာ ထိုင်နေကြတဲ့ ကျောင်းတော်သားတွေ မြေပြင်ပေါ်ကို လဲကျ ကုန်တယ်။ ဖန်ကျန်းရှီကို သတ်ချင် နေပြီ။
သူမနဲ့ အိပ်မယ်။
တေးသံသာ နတ်မိမယ်က သူနဲ့ အိပ်မယ် ပြောလို့လား။
ဒီကောင် ဘာတွေ တွေးနေတာလဲ။
ပင်းယန်ကတော့ မထိန်း မသိမ်းနိုင် အော်ကြီးဟစ်ကျယ် ရယ်တော့တယ် ။ “ ဖန်ကျန်းရှီ….. ဟဟားဟားဟား ….. ရီစရာ ကောင်းလိုက်တာ။ ဟား ဟားဟားဟား” ရန်၇ွှယ်လည်း ရယ်မောနေတယ်။ ဒါပေမယ့် သူ့ ရယ်သံကတော့ ခါးသက်သက်။
၀မ်တပေါင်းလည်း ရယ်နေပြီ။ ။ဒါပေမယ့် အကျယ်ကြီး မရယ်ရဲ။ သူ ခပ်တိုးတိုး ပြောတယ်။ “ အမတ်မင်းဖန်။ သူ့ အခန်းကို ဖိတ်တာ အိပ်ဖို့ မဟုတ်ဘူး။ ”
“ အာ ။ သိပြီ။” ဖန်ကျန်းရှီ ဖြည်းဖြည်းချင်း ခေါင်းငြိမ့်တယ်။ အရင် ခေတ်မှာ ဆို အမျိုးသမီးတွေက သူ့ အခန်းကို ဖိတ်တာ ဒီ အဓိပ္မာယ် မဟုတ်ဘူးလား။
သမိုင်းတွေက မှားနေတာ များလား ။
ဒါမှ မဟုတ် သမိုင်း ရေးတဲ့သူကပဲ။ သူလုပ်ခဲ့တာကို ရေးထားတာလား။
“ ဟီးဟီး …. ကြည့်ရတာ သခင်လေး ဖန် ။ ပထမ ဆုံး ဂီတ လာနားထောင်တာ ဖြစ်မယ်။” တေးသံသာ နတ်မိမယ် ရယ်မောရင်း မေးတယ်။
“ အင်း။ ဟုတ်တယ်။” ဖန်ကျန်းရှီ ၀န်မခံ ချင်ပေမယ့် လည်း ငြင်းလို့မရ။
“ ကျွန်မ ဂုဏ်ယူ မိပါတယ်။ သခင်လေး ဖန်။ လိုက်ခဲ့ပေးပါ။” တေးသံသာ နတ်မိမယ် လက်ဆန့်တန်း၇င်း ပြောတယ်။
“ ဟဟား။ မြန်မြန် လိုက်သွား။” ပင်းယန် ရယ်ရင်း ပြောတယ်။
“ မနက်ဖြန် အောင်စာရင်းထွက်မှာ မမေ့ နဲ့နော်။ တော်ဝင် ဘွဲ့ နှင်းသဘင် ခန်းမ ရှေ့မှာ ငါစောင့်နေမယ်။” ရန်၇ွှယ် ခေါင်းငြိမ့်ရင်း သတိပေးတယ်။
“ အမတ်မင်းဖန်။ ဂီတတေးသွား နားထောင်ပြီးရင် ပြန်ပြော ပြ အုန်းနော်။ တေးသံသာ နတ်မိမယ်ရဲ့ သီချင်း အသစ်ကို ဘယ်သူမှမကြား ဖူး သေးဘူး။” ၀မ်တပေါင်း လှမ်းပြောတယ်။
ပင်းယန်နဲ့ ရန်ရွှယ်ကို ကြည့်ရင်း ဖန်ကျန်းရှီ နားလည်လိုက်တယ်။ ပျော်စရာတွေရှိတယ်လို့ သူတို့ ပြောခဲ့တာကို။
အမျိုးသမီးတစ်ယောက်က ကိုယ်တိုင် လာခေါ်တယ်။ နောက်ပြီးတော့ မင်းသမီးက သူ့ကို အားပေးအားမြှောက် လုပ်နေသေးတယ်။
သူ ဘယ်လိုများ ငြင်းနိုင်တော့မှာလဲ။
…
ခန်းမဆောင်ကြီးရဲ့ အဖိုးတန်ရှေးဟောင်း အခန်းထဲမှာ…..
၀တ်ရုံနက် အမျိုးသမီး စာ ဖတ်နေတယ်။ ဒါပေမယ့် အ၇င်ကလောက် အာရုံ မစိုက်တော့ပုံပဲ။
စာ တစ်ဒါဇင်(၁၂ စောင်) ဖတ်ပြီးနောက် သူမ နားတယ်။
နှုတ်ခမ်း ကိုက်ရင်း မီးရောင် တောက်တောက်ကို လှမ်းကြည့်နေတယ်။ သူမ ဒေါသထွက်နေပုံပဲ။
“သခင်။” ၀တ်ရုံနဲ့ အစေခံ တစ်ဦး ၀င်လာတယ်။
“ ဘယ်လိုလဲ။” ၀တ်ရုံနက် အမျိုးသမီး မေးတယ်။
“ တေးသံသာ နတ်မိမယ်။ သခင်လေး ဖန်ကို ဖိတ်ခေါ် ပြီးပါပြီ။” အစေခံ ဦးညွှတ်ရင်း ပြန်ဖြေတယ်။
“ အိုး။ သူ ဘာများ ဖျော်ဖြေလဲ။” သက်ပြင်းချ ရင်း အမျုိးသမီး မေးတယ်။
“ သူ ဘယ်ဂီတမှ မဖျောဖြေပါဘူး။”
“ ဒါဆို ကဗျာစပ်တာလား။”
“ မဟုတ်ပါဘူး။ ဂီတကော ကဗျာကော တစ်ခုမှ မလုပ်ဘူး။”
“တစ်ခုမှ မလုပ်ရင်….. အံ့သြစရာ စာချိုး ကော စပ်တာလား။” အမျိုးသမီး သံသယ အပြည့်နဲ့ မေးတယ်။
“ သခင်။ ဖန်ကျန်းရှီက တစ်ခုမှ မလုပ်ပါဘူး။ တကယ်တော့ သခင်လေး ဖန်က သူမကို လိုချင်ပုံလဲ မပေါ်ဘူး။ အစီအစဉ် အောင်မြင် ဖို့ အတွက် တေးသံသာ နတ်မိမယ်က သူ့ကို မရ ရအောင် ဖိတ်ခေါ် လိုက်တာပါ့။” အစေခံ ပြန် ဖြေတယ်။
“ ဒီ အရှက်မရှိတဲ့ ကောင်စုတ်လေး။ တေးသံသာ နတ်မိမယ်ကို အောင်မြင်အောင် မကြိုးစား ဘူးပေါ့။” ၀တ်ရုံနက် အမျိုးသမီး လန့်သွားတယ်။
“အမှန်ပါပဲ။ ဒါတင် မကဘူး။ တေးသံသာ နတ်မိမယ် အခန်းထဲ ဖိတ်တဲ့ အချိန် သူပြော သေးတယ် ….”
“ဘာပြောတာလဲ။”
“သူ ဒီကို ဂီတသံ နားဆင်ဖို့ ရောက်နေတာ။ သူမနဲ့ အိပ်ချင်စိတ် မရှိဘူးတဲ့။”
“ ဘာ။ ဟ ဟား“ဟား ဟား ဟား….. ဒီ အရှက်မရှိတဲ့ ကောင်စုတ်လေးက ဒီလို ပြောတယ်ပေါ့။”
“ဟုတ်ပါတယ်။ သေသေချာချာ ရှင်းရှင်းလင်းလင်း ကြီးကို ကြားရတာပါ့။ သခင်လေး ဖန်က ဒီကို ပထမ ဆုံ့း လာတာ ဖြစ်လို့ စည်းမျဉ်းတွေလဲ မသိဘူး။ ”
“ ပထမဆုံး လာတာ။ ဟုတ်ပြီ။ မင်း သွားလို့ ရပြီ။ တေးသံသာ နတ်မိမယ် ကို အစီအစဉ် အတိုင်း ဆက်လုပ်ခိုင်းလိုက်။”
“ အမိန့်တော် အတိုင်းပါ။ ” ၀တ်ရုံန် နက် အစေခံ ထွက်သွားတော့တယ်။
“ပထမဆုံးလာတာ။” တေးသံကို နားဆင်ဖို့။ ကောင်မလေးနဲ့ အိပ်ဖို့ မဟုတ်ဘူးတဲ့ .။ ဟားဟားဟားဟား ….”