နတ်ဘုရား မုခ်ဝ - Chapter - 343 ပြည်သူ တိုင်းသည် စစ်သည်တော်တစ်ယောက် ဖြစ်ရမည်
ဖန်ကျန်းရှီက ရဲရင့်တယ်။ ဒါပေမယ့် ကိုယ့်သေတွင်း ကိုယ်တူး တဲ့ မျက်ကန်းတော့ မဟုတ်ဘူး။ ဒါကြောင့် အခု ကိစ္စမှာ ပြဿနာရှိနေတာ သူ ခံစားရတယ်။ ဒါပေမယ့်….. ဘာ ပြဿနာလဲ။ ၇ှန်းယွီ မင်းသမီး ကို ဖန်ကျန်းရှီ ကြည့်တယ။် သူ့ အမူအယာ မှာ တစ်ခုခု တွေ့ ရမလားလို့။ မျက်နှာသွင်ပြင်က လွဲပြီင်္း ထူးခြားနေတာ သူ မတွေ့ဘူး။ ရှန်းယွီ မင်းသမီး ရဲ့ အမူအယာက တည်ငြိမ်အေးဆေးတယ်။ သာမာန် ကိစ္စတစ်ခုကို ပြောနေ သလိုပဲ။ ဒီ လို ဖြစ်နေတာ ကြောင့် ဖန်ကျန်းရှီ စိတ်ထဲ ထူးဆန်းနေတာ။ နောက်ကွယ်မှာ လျှို့ဝှက် ထားတဲ့ အကြောင်း ရင်း တစ်ခု ရှိရမယ်။
“ ဘာဖြစ် နေတာလဲ။ နင့်ကို ငွေဂျို ၀ံပုလွေ စစ်သည် ငါးရာ ပေးတာ မကျေ နပ်ဘူးလား။” ဖန်ကျန်းရှီ တိတ်ဆိတ်နေတာ အတော်ကြာပြီ။ ရှန်းယွီ မင်းသမီး စိတ်မရှည်တော့ဘူး။ သူမ လှမ်းမေးတယ်။
“ ငွေဂျိုစစ်သည် ငါးရာ နဲ့ ဆိုရင်။ မင်း သွားရမယ့် ခရီးက လုံခြုံမှာပဲ။ ”
“ အရှင်မင်းသမီးကို မြန်မြန် ကျေးဇူးတင်စမ်း။” တဲထဲက စစ်သူကြီးတွေ ဖန်ကျန်းရှီကို ချက်ခြင်း ဖိနှိပ်ကြတယ်။
“ အရှင်မင်းသမီးကို ကျေးဇူးတင်ပါတယ်….. ကျွန်တော်မျိုး မေးခွန်းတစ်ခုလောက် မေးလို့ ရမလား။” ဖန်ကျန်း၇ှီ တွေဝေ မနေတော့ဘူး။ ပထမဆုံး ကျေးဇူး အရင်တင်တယ်။ ပြီးတော့ ချက်ခြင်း မေးတယ်။
“ မေး။”
“ စာပို့ပြီးရင်။ ကျွန်တော် လုပ်စရာ ထပ်ရှိသေးလား။”
“ တခြား လုပ်စရာလား။” ဖန်ကျန်းရှီ စကားကို ကြားတော့။ ရှန်းယွီမင်းသမီး စဉ်းစား နေပုံပဲ။ “ နောက်ထပ် လုပ်စမရာ မရှိတော့ဘူး။ သုခမိန် တောင်တန်း မြို့တော်မှာပဲ နေ တော့။”
“ ကျွန်တော်မျိုး နားလည် ပါပြီ၊” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ် ။
“ အခု ချက်ခြင်း ထွက်ဖို့ ပြင်တော့။ ငွေဂျို ၀ံပုလွေ စစ်သည် ငါးရာက အဆင်သင့် ဖြစ်နေပြီ။” ရှန်းယွီ မင်းးသမီး ခေါင်းငြိမ့်တယ်။ နောက်ဆုံး အမိန့်ကို ထပ် ပေးတယ်။
“ အရှင် မင်းသမီး။”
“ ဘာ ဖြစ်ပြန်ပြီလဲ။”
“ အရှင် မင်းသမီး ပြန် ဖြေ နိုင်မလားတော့ မသိ။ ကျွန်တော် နားမလည် တာ တစ်ခု ၇ှိတယ်။ အဲ့တာကို မေးချင်လို့ပါ။” ဖန်ကျန်းရှီ ရဲ့ အမူအယာ တည်ကြည် သွားတယ်။
“ မေးကြည့် လေ။”
“ အ၇ှင် မင်းသမီး။ ဒီနေရာမှာ တပ်စခန်း ချထားတာ။ ကြီးမြတ်သော ရှ မင်းဆက် တိုက်ခိုက်ရေး စာမေးပွဲ ပြင်ဆင်တာကို တိုက်ခိုက် ဖို့လား။ အခွင့်အရေးကို စောင့်နေတာလား။”
“ အတင့် ရဲလိုက်တာ။ မင်းလို ဘာမဟုတ်တဲ့ ကောင်က ဒီလို မေးခွန်းမျိုး မေးစရာလား။ ” စစ်သူကြီးတစ်ယောက် ချက်ခြင်း ထပြီး ဟိန်းဟောက်တယ်။ ရှန်းယွီမင်းသမီး တောင် ပြန်မဖြေရသေးဘူး။
“ မင်းသမီး။ ဒါကို ဖြေလို့ မဖြစ်နိုင် ဘူးလား။”
“ ဘာ အထောက် အထားရှိလို့ ငါ့ကို အခု ဒီလို မေးတာလဲ။ ” ဖန်ကျန်းရှီ မေးခွန်းကို မင်းသမီး ချက်ခြင်း ပြန်မဖြေဘူး။ တခြား မေးခွန်း တစ်ခု ပြန်မေးတယ်။
“ ကျွန်တော့် ကိုယ်ပိုင် အထောက် အထားနဲ့ပါ။”
“ကောင်းပြီ။ ဒီ မေးခွန်းကို ငါ ပြန်ဖြေ နိုင်တယ်။ ငါ့ အဖြေက …….. မဟုတ်ဘူး။”
“ မဟုတ်ဘူး?” ဖန်ကျန်းရှီ ရဲ့ အမူအယာ ပြောင်းလဲ သွားတယ်။ အမှန်တရားကို ပြော နေမှန်း။ ရှန်းယွီမင်းသမီး ရဲ့ မျက်လုံး တွေက သိသာတယ်။ ဒါပေမယ့် ဒီ အမှန်တရားကို သူ လက်မခံ နိုင်ဘူး။ အကယ်၍ ရှန်းယွီ မင်းသမီးက တိုက်ခိုက်ဖို့ စောင့်နေတာ မဟုတ်ရင်။ ဘာလို့ များ ဒီနေရာမှာ စစ်စခန်း ချ ထားမှာလဲ။
“ ကောင်းပြီလေ။ နင်လည်း မေးပြီးပြီ။ ငါ လည်း ဖြေပြီးပြီ။ အခုသွားတော့။” စစ်သူကြီးတွေ ဒီ အချိန်မှာ လှုပ်ရှား လာပြန်တယ်။
“ အမိန့်တော် အတိုင်းပါ။” ဖန်ကျန်းရှီ နောက်ထပ် ထပ် မမေးတော့ဘူး။ သူမသိ သင့်တာက အမှောင်ထဲမှာ ရှိနေတုန်းပဲ။ ဒါကြောင့် ထပ် မေးစရာ မလိုတော့ဘူး။ ရှန်းယွီ မင်းသမီး ကလည်း နောက်ထပ် စကားပြောချင် ပုံ မပေါ်။ နူးညံ့တဲ့ သားရေပြား တစ်ပြားကို သူမ ရှေ့ချတယ်။ စုတ်တံ တစ်ချောင်း ထုတ်တယ်။ စာစရေးတယ်။ ဒါက ဖန်ကျန်းရှီကို သံသယ ပွားစေတယ်။
“ ဒီ စာကို …. လူမြင်ကွင်းမှာ ရေးတယ်တဲ့လား။”
အရင်တုန်းကတော့ ဖန်ကျန်းရှီ ထင်ခဲ့တယ်။ အစတည်းက ပြင်ဆင်ထားတဲ့ စာကို ပို့ရမယ်။ အခု သူမြင် တော့ အရင် အတွေးတွေကို ဖျောက်ပြစ်ရတယ်။ သိပ်မကြာခင်ပဲ။ ရှန်းယွီမင်းသမီး ရေးပြီး သွားတယ်။ ဒီ အချိန်မှာတော့ စကား မပြောတော့ဘူး။ ကြည့်ရတာ စာလုံး နည်းနည်းပဲ ရှိတဲ့ ပုံပဲ။ ရှန်းယွီ မင်းသမီး စာကို ခပ်မြန်မြန် အဆုံးသတ်တာ စစ်သူကြီးတွေ မြင်တယ်။ ဖန်ကျန်းရှီကို အေးစက်စက် လှမ်းပြုံးပြ ကြတယ်။
ဖန်ကျန်းရှီ နောက်ထပ် မပြောတော့ဘူး။ မင်းသမီး ရေးပြီးတော့ သူ ရှေ့ကို တိုးတယ်။ လက်နှစ်ဖက် နဲ့ စာကို ယူတယ်။ တစ်ချက် ခပ်မြန်မြန် ကြည့်လိုက်တယ်။ စာ လွှာပေါ်မှာ ရေးထားတာက “ အရှင်မင်းမြတ် အတွက်။” အဆုံးသတ်မှာတော့ ရှန်းယွီ မင်းသမီး ရဲ့ နာမည်ကို ရေးထားတယ်။ ဒီ စာရဲ့ လိပ်စာ တွေက အရင်တည်းက ပြင်ထားတာပဲ။ သိသာတယ်။
စာကို အိတ်ထဲ ထည့်တယ်။ အဲ့ဒီ့နောက် လှည့်ထွက်လာတယ်။ တဲ အ၀င်ပေါက်မှာ စစ်သည် တစ်ယောက် ရှိနေတယ်။ ကြိမ်ထည် သံချပ်ကာ နဲ့ ပုခုံးပေါ်မှာတော့ သားရေပြား တစ်ခု ရှိတယ်။ ဖန်ကျန်းရှီ ထွက်လာတာ မြင်တော့ သူ ချက်ခြင်း ပြေးလာတယ်။
“ ကိုယ်ရံတော် ဖန်။ ငါက ငွေဂျို ၀ံပုလွေ တပ်ဖွဲ့ ရဲ့ ဦးစီးမှူး။ တန်ရှီရှန်းလို့ ခေါ်တယ်။ အဓိက တာဝန်က ကိုယ်ရံတော် ဖန်ကို ကာကွယ်ပေးဖို့ပဲ။ သုခမိန်တောင်တန်း မြို့တော်ကို စာပို့တဲ့ အချိန် လုံခြုံအောင် လုပ်ပေးဖို့။”
“ အလုပ်ရှုပ်စေ မိပြီ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
တန်ရှီရှန်းက တခြား တောင်ပိုင်း ဒေသ စစ်သည်တော်တွေ နဲ့ မတူဘူး။ လက်မောင်းတွေက ကြွက်သား အပြိုင်းပြိုင်း နဲ့ ဖြစ်မနေ။ ဒါပေမယ့် ကိုယ်ခန္ဒာ ဖွဲ့စည်း ပုံကတော့ အတော့်ကို အချိုးကျတယ်။ သူ့ အစွမ်းက သာမာန် မဟုတ် နိုင်တာ အသေအချာပဲ။ နောက်ပြီးတော့။ ပေါက်ကွဲ အာ်းပြင်းထန်တဲ့ အင်အား ရှိတဲ့ သူ ဖြစ်ရမယ်။ ဒီလို လူမျိုးက ငွေဂျို ၀ံပုလွေ စစ်သည်တော်တွေကို အမိန့်ပေးနိုင်တာ မထူးဆန်းဘူး။ တန်ရှီရှန်း ရဲ့ ကြိမ်ထည် သံချပ်ကာက တခြား စစ်သည်တော်တွေနဲ့ ထူးမခြားနားပဲ။ နည်းနည်းလောက် ပိုကြည့်ကောင်းနေတာပဲ ရှိတယ်။ သူ့ ရင်ဘတ်မှာတော့ ရုပ်ပုံ တစ်ခုရှိတယ်။ ငွေ မှင်ရောင် ရုပ်ပုံ။ ကြည့်ရတာ ၀ံပုလွေ ခေါင်း တစ်ခုလိုပဲ။
…
တန်ရှီရှန်း ရဲ့ လမ်းညွှန်မှုနဲ့။ စစ်စခန်း အ၀င်ပေါက်ကို ဖန်ကျန်းရှီ ရောက်လာတယ်။ ၀င်ပေါက် ဘေးမှာ။ ငွေဂျို ၀ံပုလွေ စစ်သည် တစ်ရာ ရပ်စောင့်နေတယ်။ တန်ရှီရှန်းလာတာကို သူတို့ လှမ်းမြင်တယ်။ ငွေဂျို ၀ံပုလွေ ကို စီးနင်းထားတဲ့ စစ်သည် တစ်ရာ အူသံ ပြုတယ်။ အရိုအသေ ပြုချင်း တစ်မျိုးလား။ ခေါင်းဆောင်ကို ကြိုဆိုတာလား တော့ မသဲကွဲဘူး။ ဖန်ကျန်းရှီလည်း နားမလည်နိုင်။ ဒါပေမယ့် ၀ံပုလွေမွှေးတွေ ဒီ အူသံ ကြောင့် ခပ်ဖွဖွ ထောင်မတ်ကုန်တယ် ။ ဒါကို ဖန်ကျန်းရှီ ခပ်ဝါးဝါး မြင်လိုက်တယ်။ သူတို့ ရဲ့ ပျင်းရိပျင်းတွဲ အနေအထားကနေ လှုပ်ရှား တက်ကြွ ကုန်တယ်။ အမဲလိုက်ခါ နီး စိတ်ဓာတ် တက်ကြွ လာတဲ့ အတိုင်းပဲ။
“ ရှီရှန်း။ ဒါက ဘယ်လို အရိုအသေ ပြုတာမျိုးလည်း။“ ဖန်ကျန်းရှီ သိချင်နေတယ်။
“ ကိုယ်ရံတော် ဖန်က တောင်ပိုင်းဒေသ သား မဟုတ်တော့။ ကျွန်တော်တို့ တွေကို နားလည်မှာ မဟုတ်ဘူး။ တောင်ပိုင်း ဒေသ သားတွေက သားရဲကောင် တွေကို အသံ နဲ့ ဆက်သွယ်တာ။ ဒါက ၀ံပုလွေ ဘာသာစကား ။ ” တန်ရှီရှန်း ရှင်းပြတယ်။
၀ံပုလွေ ဘာသာစကားလား။ ဖန်ကျန်းရှီ နားလည်သြွးတယ်။ အဲ့ဒီ့နောက် အဆုံးမဲ့ လောကထဲမှာ တွေ့ခဲ့တဲ့ ရှန်ကျာ့ကို ပြန် တွေးမိတယ်။ ရှန်ကျာ့ မီးမြေခွေးပြာတွေကို အမိန့်ပေးတဲ့ အချိန်။ ထူးထူးဆန်းဆန်း အသံ တစ်သံ လုပ်တယ်။ ဒါမှ မဟုတ် ပုလွေစိမ်း တစ်လက်ကို သုံးတယ်။
“ ဒါဆို ပုလွေလို အရာ တွေ သုံးပြီးတော့ ကော။ သားရဲ ကောင် တွေနဲ့ ဆက်သွယ်နိုင်လာုး။” ဖန်ကျန်းရှီ ထပ် မေးတယ်။
“ ပလွေ တွေလား။” ဖန်ကျန်း၇ှီ ရဲ့ မေးခွန်းကို ကြားတော့ ။ တန်ရှီ၇ှန်း အမူအယာ ပြောင်း သွားတယ်။ အဲ့ဒီ့နောက် သူ ခပ်တိုးတိုး ဖြေတယ်။ “ ပလွေတွေက လုပ်နိုင်တယ်။ ဒါပေမယ့် ဒီလို သုံးတာက ထိန်းချုပ်ထားတာ။ …. ဆက်သွယ်တာ မဟုတ်ဘူး။ တောင်ပိုင်း ဒေသက ထိန်းချုပ်တာကို အားမပေးဘူး။ လူ သားနဲ့ သားရဲ ကောင်တွေက ညီတူညီမျှ အခွင့်အရေး ရတယ်။ ဒါကြောင့်။ အထူးအခြေ အနေမျိုးမှာပဲ ။ ဒီ လို နည်းလမ်းကို သုံတာ။”
“ ငါ နားလည်ပြီ။” ဖန်ကျန်းရှီ ခေါင်း ထပ်ငြိမ့်တယ်။
“ ကိုယ်ရံတော်ဖန်။ နောက်ထပ် မေးစရာ မရှိတော့ရင်။ သွားကြရအောင်။” တဖြည်းဖြည်း ထွက်လာတဲ့ နေမင်းကို ကြည့်ရင်း တန်ရှီရှန်း ပြောတယ်။
“ကောင်းပြီ”
…
တန်ရှီရှန်းက ခရီးကို ဦးေ ဆာင်တယ်။ ဖန်ကျန်းရှီတော့ မြေပုံ သုံးဖို့ မလိုတော့ဘူး။ေ နာက်ပြီးတော့ တောင်ပိုင်းဒေသ ဓလေ့ တစ်ချို့ကိုလည်း သင် လိုက်ရသေးတယ်။ ဥပမာ အားဖြင့်။ တောင်ပိုင်း ဒေသမှာ ကျောက်တုံး တွေနဲ့ အဆောက်အအုံ ဆောက်တာကို တားမြစ်ထားတယ်။ ကျောက်တုံးတွေက အသက်ရှင်ဖို့ ဖြ ည့်စည်း ပေးနေတဲ့ ကမ္ဘာမြေ လို့ ယုံကြည်တယ်။ ကျောက်တုံးတွေ သာ မ၇ှိရင် သူတို့ ဒီမှာ အသက် မရှင် နိုင်ဘူး။ သစ်ပင်တွေက ……. သူတို့ ရဲ့ မိခင်တွေလို့ ယုံမှတ်ကြတယ်။ သစ်ပင်တွေက နေ အကျီတွေ ချုပ်ဝတ်တယ်။ လက်နက်တွေ လုပ်တယ်။ ဒါကြောင့် သစ်ပင်တွေဆီမှာ နေ့တိုင်း ဆုတောင်းကြတယ်။ ကာကွယ်မှု နဲ့ နွေးထွေးကြင်နာမှုကို ပြန်လည် ဖော်ပြဖို့ အတွက်ပေါ့။
နယ်မြေ တစ်ခုချင်းစီမှာ ကိုးကွယ် ယုံကြည်မှု တွေ ကွဲပြားတယ်။ ဒီ အပေါ် မူတည်ပြီး စွမ်းအားတွေလည်း ကွာခြားသွားတယ်။ နောက်ပြီးတော့ အဓိက ဒေသ ကြီးတွေမှာ အင်အားကြီင်္းသားရဲ ကောင်တွေကို အကာအကွယ် အဖြစ်သုံးတယ်။ သားရဲကောင်ကြီးတွေက နယ်မြေလုံခြုံရေး အတွက် အရေးကြီးတယ်။ နယ်မြေ ဒေသ တစ်ခု ချင်းစီက သားရဲကောင်တပ်ဖွဲ့ကြီးတွေက မတူဘူး။ ဒါကြောင့် တပ်ဖွဲ့နာမည် တွေလည်း ကွာခြားတယ်။ ဖန်ကျန်းရှီ တွေးမိတယ်။ ဒီဓလေ့ ထုံးစံတွေက တကယ့်ကို ရှေးကျ တယ်လို့။ ဒါပေမယ့် တောင်ပိုင်းဒေသ လူတွေရဲ့ ဘ၀က ရိုးရှင်း သန့်စင်တယ်။
နေမင်းကြီးက တဖြည်းဖြည်း မြင့်တက်လာပြီ ။ ဖန်ကျန်းရှီ တို့လည်း စစ်တပ် နယ်မြေ ကနေ ခွာလာ နိုင်ခဲ့ပြီ။ တောင်ပိုင်းဒေသ တောင်တန်း တော်အုပ်ကြီးတွေကို ရောက်လာတယ်။ တောင်တွေကို တက်တယ်။ သစ်တော်တွေကို ဖြတ်တယ်။ သူတို့ အရှိန် နှုန်းက မြန်နေဆဲပဲ။
“ ဒီည စခန်းချ ဖို့လိုလား။” တဖြည်းဖြည်း ၀င်နေတဲ့ နေမင်းကြီးနဲ့ ပတ်ဝန်းကျင် သစ်တော်တွေကို ဖန်ကျန်းရှီ ကြည့်နေတယ်။ ပြီးတော့ မေးလိုက်တယ်။
“ ကိုယ်ရံတော် ဖန် ဘာလို့ မေးတာလဲ။” တန်ရှီရှန်း ရဲ့ ကိုယ် က အနည်းငယ် တုန်ယင်သွားတယ်။ ဒါပေမယ့် သူ ပြန်တော့ မေးသေးတယ်။
“ ငါကတွေးနေရုံပဲ။ မင်း အလုပ်ကိစ္စကို တဲစခန်းက ထွက်လာပြီး တာနဲ့ စမှာလား။ ဒါမှ မဟုတ်။ သုခမိန်တောင်တန်း မြို့တော်နားကို ရောက်မှ စမှာလားး။” တန်ရှီရှန်းရဲ့ မေးခွန်းကို ဖန်ကျန်းရှီ ပြန်မဖြေဘူး။ အဲ့ဒီ့နောက် သူ့ဘာသူ ပြောနေတယ်။
တန်ရှီရှန်း အမူအယာ တစ်ခဏချင်းပြောင်းသွားတယ်။ ဒါပေမယ့် ခပ်မြန်မြန် ပြန်ထိန်းတယ်။ လက်ကို ဖြည်းဖြည်းချင်း ဆန့်ပြီး သူစီးလာတဲ့ ငွေဝံပုလွေကို ပွတ်ပေးနေတယ။် သူက တစ်ခုခုကို တွေးနေပုံပဲ။
“ ဒီနေ့ည တော့ အခွင့်အရေး မရှိလောက်ဘူး။ ” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ ပတ်ဝန်းကျင် အသံတွေကို သူ နားထောင်နေတယ်။ ဗိုက်ကတော့ ဆာလွန်းလို့ တဂွီဂွီ မြည်နေပြီ။ “ ရှေ့ ဘက်ကို တစ်မိုင် ဆက်သွားရင် မြစ်တစ်စင်း ရှိတယ်။ မြစ်ကိုအရင်ဖြတ်မယ်။ ပြီးမှ စခန်းချ နားနေ ရအောင်။”
“ မြစ်ကမ်ေးဘးမှာ ဘာလို့ စခန်းမချတာလဲ။” တန်ရှီ၇ှန်းက ပြန်မေးတယ်။ ဖန်ကျန်းရှီစခန်း ချမယ့် အကြောင်း ပြောပုံကို သူ စဉ်းစား နေတယ်။ သူ့ အမူအယာက တမျိုးတဖုံးထူးဆန်းနေတယ်။
“ မြစ်ကမ်းဘေးမှာ စခန်းချတာကတော့ ပိုပြီး အခွင့်သာ မှာပေ့ါ။ ဒါပေမယ့် ရေက အရာအားလုံး ဖြစ်တည်မှု အရင်းအမြစ် တစ်ခုပဲ။ အထူးသဖြင့် ည ရောက်ရင်။ သားရဲကောင်တွေက မြစ်ကမ်းဘေးမှာ အမဲလိုက် ကြတယ်။”
“ ကိုယ်ရံတော် ဖန် ဒါတွေကို မသိလောက်ဘူးလို့ ကျွန်တော် ထင်ထားတာ။ ကြီးမြတ်သော ရှ မင်းဆက်မှာ မွေးတာ ဆိုတော့ အရိုင်းဆန်တဲ့ အသက်ရှင် နေနိုင်မှုကို ဘယ်နားလည် မလဲပေါ့်။ ဒါပေမယ့် ကိုယ်ရံတော်ဖန်က သားရဲ တွေ အကြောင်းပါ သိနေတာပဲ။ မထင်ထားမိဘူး။” တန်ရှီရှန်း ခေါင်းငြိမ့်တယ်။ ဖန်ကျန်းရှီကို ကြည့်တဲ့ အကြည့် သိသိသာသာ ပြောင်းလဲ သွားတယ်။
“ တကယ်တော့ ကြီးမြတ်သော ရှ မင်းဆက်မှာလည်း သားရဲ ကောင်တွေ ရှိတယ်လေ။ ငါက တောင်တန်းတွေမှာ မွေးတာ။ နားလည်တာပေါ့။” ဖန်ကျန်းရှီ ရယ်မောရင်း ပြောတယ်။ အဲ့ဒီ့နောက် သူ့ မြင်းကို ရှေ့ဆက် နှုတော့တယ်။
ထွက်သွားတဲ့ ဖန်ကျန်းရှီ ကို တန်ရှီရှန်း လှမ်းကြည့်နေတယ်။ နှုတ်ခမ်းကို တင်းတင်း စေ့ထားတယ်။ သူ့ မျက်လုံးထဲမှာတော့ နောင်တ အရိပ်ယောင် တစ်ချို့ ရှိနေတယ်။ “ ဒီနေ့ညက အခွင့်အရေး မရှိလို့ မဟုတ်ဘူး။ ဟူးးးးး”
…
တောင်ပိုင်းဒေသ က စစ်သည်တော်တွေ အတွက်။ စခန်းချတဲ ဆောက်တာ အိမ်ထမင်း အိမ်ဟင်းချက်ရ သလို လွတယ်။ ငွေဂျို ၀ံပုလွေ စစ်သည်ငါး ရာ စခန်းကို ခပ်မြန်မြန်ပဲ ဆောက်တယ်။ ပတ်ပတ်လည်မှာ အတားအဆီးတွေ ချတယ်။ အရှေ့၊ အနောက် ၊ တောင်၊ မြောက် လေးမျက်နှာမှာ မီးပုံ တစ်ပုံ ဆီ ဖိုထားတယ်။ စစ်သည်တော် တစ်ရာက ကင်းစောင့်တယ်။ နောက် စစ်သည်တော် လေးရာက အနားယူတယ်။ အရာအားလုံးက အစီအစဉ် တကျပဲ။
ဖန်ကျန်းရှီက စခန်း အလယ်တည့်တည့် တဲမှာ ရှိနေတယ်။ သူ့ အပြင်မှာတော့ စစ်သည်တော် ရှစ်ယောက် စောင့်ကြပ်တယ်။ အရမ်းတင်းကြပ်တဲ့ အစောင့်ချထားသလိုပဲ။ တဲထဲမှာတော့ ဖန်ကျန်းရှီ က အေးဆေး လဲလျောင်းနေတယ်။ သူ့ ဆန္ဒက တစ်ရက်လောက် ပျော်ပျော် နေ နိုင်ရင်။ အသေဆိုးနဲ့ သေမှာကို ကြောက် မနေ ဘူး။ သူအတည်ပြုခဲ့တာ။ တစ်ခုတော့ သေချာသွားတယ်။ ဒီ ငွေဂျိုဝံပုလွေ စစ်သည် ငါးရာမှာ အထူး တာဝန်ရှိတယ်။ ဒါက သူ့ကို သတ်ဖို့ ဖြစ်လောက်တယ်။ ဒါမှ မဟုတ် ။ တစ်ခြား တစ်ခုပေါ့။ ဖန်ကျန်းရှီ ဒီကိစ္စကို ၈၀%ပဲ သေချာ နိုင်တယ်။ ဒါပေမယ့် သူ ခန့်မှန်းနိုင်တယ။် ကောင်းတဲ့ ကိစ္စတော့ မဖြစ်နိုင်ဘူး။ သူ့ ကိုယ်သူ တစ်ပတ်လှည့်လိုက်တယ်။ ပိုပြီး သက်တောင့် သက်သာ ဖြစ်အောင် လဲတယ်။ တစ်ချိန်တည်းမှာပဲ။ သူ့ အိတ်ထဲ စာကို ဖွင့်ကြည့်တယ်။
“ အရှင်မင်းမြတ် အတွက်။” စာအိတ်ပေါ်က စာလုံးတွေကို ကြည့်တယ်။ ခပ်ယဲ့ယဲ့ပြုံးတယ်။ ဘ၀မှာ ဘုရင်ဖြစ်လာမယ် လို့ တစ်ခါမှ မတွေးဖူးဘူး။ ချက်ခြင်း စာကို ဖွင့်ဖောက်တယ်။ စာအိတ်ပေါ်က စည်း တံဆိပ်ကိုအလယ် တည့်တည့် ကနေ ဖြုတ်တယ်။ ကြည့်ရအောင်။ ရှန်းယွီမင်းသမီးက ငါ့အတွက် ဘာတွေ များ ပြောထားလဲ။ စာကို ဖတ်ကြည့်တယ်။ ဖန်ကျန်းရှီ့ မျက်လုံးတွေ တဖြည်းဖြည်း မှေးလာတယ်။ ပထမ စာကြောင်းနဲ့ တင် ငါ့ကို ဆူဆဲ နေတာ။ ဒီစာမျိုး လက်ခံ နိုင်စရာ မရှိဘူး။
“ အသုံး မကျတဲ့ ငအ ကောင်။ ငါ့ စာကို ခိုးဖတ်ရဲတယ်။ ဒါက ပြစ်မှုပဲ။ လည်ပင်းကို စင်အောင် ဆေးထား။ နင့် ခေါင်းကို ငါ လာဖြတ်မယ်။”
“ …” ဖန်ကျန်းရှီ နှုတ်ခမ်းကို တွန့်လိုက်တယ်။ အဲ့ဒီ့နောက် ဆက်ဖတ်တယ်။ သူအစက တွေးထားတာ။ အရေးကြိးတဲ့ စစ်တပ် ကိစ္စ တစ်ခုခု ဖြစ်မယ်ပေါ့။ ဒါပေမယ့် ရလဒ်ကတော့ စိတ်ပျက်ဖွယ် အထိ။ ဒီ စာကြောင်း တစ်ကြောင်းပဲ စာမှာ ပါတယ်။ ကျန်တာက ဗလာကြီး။ စာ အဆုံးမှာ ခပ်သေးသေး စာကြောင်း လေး တစ်ကြောင်းရှိတယ်။
“ ပြည်သူတိုင်းသည် စစ်သည် တော် တစ်ယောက် ဖြစ်ရမည်။”
“ ဘာကြီးလဲဟ” ဒီ စာလုံး နဲ့ အဆုံးသတ်ထားတာလား။ ဒီစာက သူ့ အတွက် မှန်း ဖန်ကျန်းရှီ သိလိုက်တယ်။ အရမ်းကို ရိုးရှင်းပါတယ်။ ဖန်ကျန်းရှီက ရှန်းယွီမင်းသမီး မေးတုန်းက ပြန်ဖြေခဲ့တယ်။ “ ကျွန်တော့်ကိုယ်ပိုင် အထောက် အထားနဲ့။” ရှန်းယွီမင်းသမီး သူ့ကို ဘယ်လို မြင်နေမလဲ။ သူလျှို တစ်ယောက်ပေါ့ …..။
စဉ်းစားစမ်း။ ကြီးမြတ်တဲံ မင်းသမီး တစ်ပါးက တခြားနိုင်ငံက သူလျှိုကို အရေးကြီး စစ်တပ် ကိစ္စ ပေးခိုင်း စရာလား။ ဒါက ပေါက်စီပူပူလေးကို သူများဆီ ပြစ်ကျွေးသလိုပဲ၊ ချောမောခံ့ညားတဲ့ ယောကျာ်းပျိုလေးကို ပြစ်ကျွေးသလိုပေါ့။ ဖန်ကျန်းရှီက ငတုံး မဟုတ်ဘူး။ ရှန်းယွီ မင်းသမီးလည်း ငတုံးမဟုတ်တာ သူသိတယ်။ ဒါပေမယ့် သူမ က ဘယ်လိုများ ဖန်ကျန်းရှီက သူ့နိုင်ငံကို သစ္စာ ဖောက်လာတယ်လို့ ထင်ရတာလဲ။ ကိုယ့်အောင်မြင်မှု အတွက် လာခိုလှုံတဲ့ သူလို့ ထင်နေတာ။ ဒါကြောင့် ဘုရင့်ဆီ ပို့မယ့် စာကို ပေးမှာ မဟုတ်တာ အသေအချာပဲ။ နောက်ပြီးတော့ စာကို လူမြင်ကွင်းမှာ ရေးတယ်။ ကိုယ်တိုင် သွာိးပို့ ခိုင်းတယ်။ ဒါက စာထဲက အကြောင်းအရာ သူ့ကို သိစေချင်လို့ပဲ။
“ ပြည်သူတိုင်းက စစ်သည်တစ်ယောက် …. ဒါဆိုရင် သစ်ပင်တွေ ခြုံပုတ်တွေ အကုန်လုံးကတော့ ရန်သူ့ တပ်သားတွေလား။” သစ်ပင်တွေ မြက်တွေ နဲ့ လုပ်ထားတဲ့ တဲ အမိုးကို ဖန်ကျန်းရှီ ကြည့်နေတယ်။ စာထဲက စာကြောင်းနဲ့ လက်ရှိ အဖြစ်ကို ဆက်စပ်ကြည့်နေတယ်။