နတ်ဘုရား မုခ်ဝ - Chapter - 388 ၀ှက်ဖဲ
ခရမ်းရောင် အလင်းတန်းက သွေးစွန်းနေတဲ့ တောင်တန်း ဒေသကို ရိုက်ခတ်သွားတယ်။ ခရမ်းေ၇ာင် အလင်းတန်းက ဓား တစ်ချောင်း။ အနီရောင်တောင်ပိုင်းဒေသပုံရိပ်လွှာကို ဖျက်စီးသွားတယ်။ ဓားက ပိုပြီး အင်အားကြီးတာ သိသာလွန်းတယ်။ ဒါပေမယ့် ဒီ အချိန်မှာပဲ။ မီးဘောလုံး တစ်ခု အလယ်မှာ ပေါ်လာခဲ့တယ်။ နေမင်းကြီးလို တောက်ပတယ်။ မီးတွေက လာရာလမ်း တစ်လျှောက် မှာ တောက်လောင်နေတယ်။ ဒီ အချိန်မှာ ။ အနီရောင်လွှမ်းတဲ့ တောင်ပိုင်းဒေသ တစ်ခုလုံး လောင်ကျွမ်းသွားတယ်။ ခရမ်းေ၇ာင် အလင်းတန်းကတော့ မီးတွေကို ဆက်ပြီး ဖိနှိပ်ထားဆဲပဲ။ ကြည့်ရတာ ခရမ်းေ၇ာင် အလင်းတန်းက လက်သာနေတဲ့ ပုံပဲ။ ဒါပေမယ့် အလှည့်အပြောင်း ကတော့ ဖြည်းဖြည်းချင်း စတင်တယ်။ ခရမ်းေ၇ာင် အလင်းတန်း ဖြည်းဖြည်းချင်း ၀ါးမျို ခံနေရပြီ။
အရှိန်က မလျင်မြန်ဘူး။ ဒါပေမယ့် မီးတွေကတော့ တောက်ပသထက် တောက်ပလာတယ်။ ၀ါးမျိုးတဲ့ နှုန်းကလည်း ပိုပြီး မြန်လာခဲ့တယ်။ နောက်ဆုံးတော့ တောင်ပိုင်းဒေသကြီး တစ်ခုလုံး ပျောက်ကွယ်သွားပြီ။ မီးတွေကတော့ ခရမ်းေ၇ာင်အလင်းတန်း ကို ၀ါးမျိုးနေဆဲပဲ။ ပုလွေသံက လေထုထဲမှာ ပေါ်လာပြန်တယ်။ တကယ်တမ်းပြောရရင်။ မီးဘောလုံးကြီး ပေါ်လာတည်းက ပုလွေသံလည်း ရပ်တန့်မှု မရှိခဲ့တာပဲ။ တေးသွားက နာကျင်စရာကောင်းတယ်။ အေးစက်နေတယ်။ လောင်ကျွမ်းပြာကျသွားတဲ့ အရာတွေ အတွက် ၀မ်းပန်းတနည်း အော်ဟစ်နေသလို။ တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်ရဲ့ မှတ်ဥာဏ်နဲ့ တူညီတယ်။ စိတ်ဖိစီးစရာ အတွေးတွေနဲ့ ပြည့်နှက်နေတယ်။ အဲ့ဒီ့နောက်။ ခရမ်းေ၇ာင် အလင်းတန်း ပျောက်ကွယ်သွားတယ်။ တေးသွားလည်း ရပ်တန့်သါားတယ်။ နောက်ဆုံးကျန်ခဲ့တာက တောက်လောင်နေတဲ့ မီးဘောလုံး တစ်ခုပဲ၊
လေပြေညင်းက တိုက်ပွဲမြေပြင်ကို ဖြတ်သန်း တိုက်ခိုက်နေတယ်။ နောက်ပြီးတော့ မီးတွေလည်း ငြိမ်းသွားတယ်။ ကြည့်ရတာ ဘာမှ မဖြစ်ခဲ့သလိုမျိုးပဲ။ လေထုကတော့ ဖြည်းဖြည်းချင်း အေးစက်လာတယ်။ ဒါပေမယ့် လူတိုင်းက သူတို့ မြင်လိုက်ရတာကြောင့် အံ့သြနေခဲ့တယ်။ အထူးသဖြင့် ၀ူဖုန်းပဲ။ သူ့နှုတ်ခမ်းကနေ သွေးတွေ တစိမ့်စိမ့် စီးကျနေတယ်။ သူ ဒါကို ဖိနှိပ်ထားတယ်။ အရင်တစ်ခေါက်ကလို မျိုး အန်မထုတ်မိအောင်သူလုပ်နေတယ်။ ဘာကြောင့်လဲ ဆိုတော့။ သူ့ တေးသွားကို သက်ရောက်မှုရှိမှာမျိုး မဖြစ်စေချင်လို့ပဲ။
၀ူဖုန်းရဲ့ မျက်လုံးတွေက ၀မ်းနည်းမှု နဲ့ ပြည့်နေတယ်။ တောင်နဲ့မြစ် မိုးမြေ ယပ်တောင် ရဲ့ သက်ေ၇ာက်မှုကြောင့်တော့ ဒီလို မဖြစ်နိုင်ဘူး။ ဒါမှမဟုတ်။ ရန်ရွှယ့် ရဲ့ အခု ပုံစံကြောင့် ၀မ်းနည်းတာ လည်း မဖြစ်နိုင်ဘူး။ ရန်ရွှယ့်လက်ထဲက ယပ်တောင်ကို ကြည့်ရင်း သူ့ မျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်နှက်လာတယ်။ ဒါပေါ့။ တောင်နဲ့ မြစ် မိုးမြေ ယပ်တောင် မှာ တောင်ပုံကော။ မြစ်ချောင်းတွေပါ မရှိတော့ဘူး။ ယပ်တောင်ကတော့ အဖြူရောင်ပဲ။ ဒါပေမယ့် သွေးတွေ စွန်းထင်းနေတယ်။ တောက်ပနေတဲ့ အနီရောင် ကျောက်သားတွေ က လုံးဝကို ပျောက်ကွယ်သွားခဲ့ပြီ။ ဒါပေမယ့် ရန်ရွှယ့် မျက်လုံးတွေက အရင်လို နီရဲနေတုန်းပဲ။ အနီရောင် အလင်းတန်း က သူ့ ရင်ဘတ်မှာ တောက်ပ နေတယ်။ စည်းချက်ကျကျလှုပ်ရှားနေတာ။ ရန်ရွှယ့်ရဲ့ နှလုံးခုန်သံလိုပဲ။
“ တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်က ဒီလောက်ထိ အင်အားကြီးမယ်လို့ ထင်မထားမိဘူး။ ယန်မိသားစုရဲ့ ရတနာ ငါးခုထဲက တစ်ခု ဆိုတာ အံ့သြစရာ မရှိဘူးပဲ။ ဒါပေမယ့် ရန်၇ွယ့်ကို ကြည့်ရတာ ထူးဆန်း နေသလားလို့။ ဖြစ်နိုင်တာက …”
“ မဖြစ်ဘူး။ အဇူရာ တာအိုက ရန်ရွှယ်ကို ထိန်းချုပ်နေပြီ။ ငါဖတ်ဖူးတာတော့။ လူတစ်ယောက် ရဲ့ အခြေခံ က မခိုင်မြဲရင် ။ စွမ်းအင်တိုးတက်မှုက ကိုယ့်ကိုယ်ကို ပြန် လောင်ကျွမ်း စေလိမ့်မယ်။”
“ ပြန်လောင်ကျွမ်းမယ် ဟုတ်လား။ ရန်ရွှယ်က ဆိုးညစ် အဇူရာ အဆင့်မှာ ရောက်နေပြီလား။”
“ ဒီလို ဖြစ်ရင်။ စည်းပေါက်သွားတော့မှာပဲ။ ဆိုးညစ်အဇူရာ အဖြစ် ပြောင်းသွားတာ နဲ့။ သူ့ မှာ ရှိတဲ့ စိတ်ကောင်းတွေလည်း အကုန် ပျောက်ကွယ်မှာပဲ။ အသိစိတ်တောင် ပျောက်သွားမှာ။ သူ့ကို ကယ်တင် ဖို့က သူ့ရဲ့ ကျင့်ကြံမငကို ဖျက်စီးမှပဲ ဖြစ်နိုင်မယ်။ ”
ရန်ရွှယ့် ရင်ဘတ်က အနီရောင် အလင်းတန်း ကိုမြင်တော့။ ကျောင်းတော်သားတွေ ကြောက်လန့်တကြားအော်ဟစ် ကြတော့တယ်။
“ ဆိုးညစ် အဇူရာလား။” လူကြီး ကြည့်ရတာ အခြေအနေ ကောင်းပုံ မရဘူး။ အရင်တစ်ခေါက် တိုက်ခိုက်မှု ကနေ သူ ဒဏ်ရာ နည်းနည်း ရသွားခဲ့တယ်။ ဒါပေမယ့် ရန်၇ွှယ့် ပုံစံကို မြင်တော့ သူ ပြုံးတယ်။ ဆိုးညစ် အဇူရာ အဆင့်ကို ရောက်သွားတဲ့ လူတိုင်းက သေလူဖြစ်သွားပြီ။
လူသားတွေကတော့ ဒီ လို ပါရမီရှင် ကို ဆုံးရှုံးရလို့ ညီးညူကြတော့မှာပဲ။ ဒါပေမယ့် ဆိုးညစ် အဇူရာ ထိန်းချုပ်တာကို ခံလိုက်ရတဲ့ လူတိုင်းကတော့။ ရပ်တန့်ဖို့ လိုအပ်တယ်။ ဒါပေါ့။ လူကြီး ဆက်ပြီး မတိုက်ခိုက်တော့တဲ့ အကြောင်းရင်း ရှိတယ်။ ဘာကြောင့်လဲ ဆိုတော့။ ရန်ရွှယ့် ရဲ့ အဇူရာတာအို ကြောင့်ပဲ။ ရိုးရိုးရှင်းရှင်း ပြောရရင်။ ရန်ရွှယ် က သူ တိုက်ခိုက် နိုင်တဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး။ ဓားသွား ပေါ်မှာ ရောက်နေတဲ့ အသက်လို အချိန်တို အတွင်းမှာ အင်အားအကြီးဆုံး အခြေအနေေ၇ာက်နေတဲ့ လူကို ဘာလို့ သွားတိုက်ခိုက်နေ အုန်းမှာလဲ။ ရန်ရွှယ် ရောက်နေတဲ့ အဆင့်ကို မြင်ပြီးတဲ့နောက်။ ရန်ရွှယ့်ကို ရှောင်ပြီး ဖန်ကျန်းရှီ ဆီကို သွားတယ်။ သူ့ေ၇ှ့မှာ ပိတ်ရပ်နေတဲ့ အနီရဲရဲ မျက်လုံးတွေကို လျစ်လျူရှုထားတယ်။ သူ နီးကပ်လာတယ်။ ဖန်ကျန်းရှီ ဆီကို ရောက်တော့ မယ့် အချိန်။ အနီရောင် အလင်းတန်းတစ်ခု သူ့ ဘေးကို ပြစ်ကျလာတယ်။ ငရဲ ကနေ ထွက်ပေါ်လာတဲ့ အေးစက်တဲ့ လူသတ်ငွေ့တွေ။
“ ၀ူးး” လူကြီး ချက်ခြင်း ခုန်ေ၇ှာင်လိုက်တယ်။ တော်တော်ဝေးဝေးနေရာကို ရောက်သွားတယ်။ ရန်ရွှယ့်ကို ထိတ်လန့်တကြား သူကြည့်နေတယ်။ ဆိုးညစ် အဇူရာလား။ လူတစ်ယောက်က ဆိုးညစ် အဇူရာ လွှမ်းမိုး မှုကို ခံလိုက်ရရင်။ ရန်ရွှယ်လည်း အသိစိတ် အကုန်ပျောက်သွားမှာပဲ။ ဒါကြောင့် သူ့ဘေးနားက လူတွေကို အကြောင်းရင်း မရှိပဲ တိုက်ခိုက်တာက ဖြစ်နိုင်တယ်။ ဒါပေမယ့် ရန်ရွှယ်က အသိစိတ်လွတ်ပြီး တိုက်ခိုက်နေတာ မဟုတ်ဘူး။ ရန်ရွှယ်က ဖန်ကျန်းရှီကို ကာကွယ်နေတုန်းပဲ။ အခုချိန်ထိ ကာကွယ်နေဆဲပဲ။ ဒါက သူ့ ဦးနှောက်နဲ့ ဆုံးဖြတ်တာ မဟုတ်ဘူး။ နှလုံးသားထဲကနေ ကာကွယ်လိုစိတ်ကြောင့် ကာကွယ်နေတာ။ နောက်ပြီးတော့ ဒီလို ကာကွယ်မှုက လူကြီးကို အရိုးအထိ စိမ့်ချမ်းလာစေတယ်။ အခုချိန်မှာ ဖန်ကျန်းရှီကို အလွယ်တကူ ထိခိုက်လို့ ဖြစ်နိုင်မှာ မဟုတ်ဘူး။
“ အနှောက်အယှက် ဖြစ်လိုက်တာ။ သနားစရာပဲ။ မင်းက ပျက်ကို ပျက်စီး ရမှာ။ ” လူကြီးရဲ့ မျက်လုံးတွေ ခရမ်းရောင် တောက်ပလာတယ်။ သူ့ဓားကို ချက်ခြင်း လွှဲခုတ်လိုက်တယ်။ ဒီ အချိန်မှာပဲ နောက်ထပ် ခရမ်းေ၇ာင် အလင်းတန်းက ဖန်ကျန်းရှီဆီကို တိုးဝင်လာတယ်။
“၀ူးးး” အနီရောင် အလင်းတန်း နှစ်ခု ပြေးထွက်သွားတယ်။ တစ်ခုက ဓားတစ်ချောင်းကို တားဆီးတယ်။ နောက်တစ်ခုကတော့ ဖန်ကျန်းရှီ ဆီ ၀င်လာတဲ့ ခရမ်းေ၇ာင် အလင်းတန်းကို တိုက်ခိုက်တယ်။
“ ဘုန်း”
“ဘုန်း”
ပေါက်ကွဲမှု နှစ်ခု ပေါ်လာတယ်။
…
တောင်ကုန်းပေါ်ကနေ ။ လူကြီး နဲ့ ရန်ရွှယ် တိုက်ခိုက်နေတာကို ။ ယွင်ချင်းဝူ ကြည့်နေတယ်။ သူမရဲ့ အမူအယာ နည်းနည်းလေး ပြောင်းသွားတယ်။ အဲ့ဒီ့နောက် သူမရဲ့ လက်တွေ ကို ဝေ့ယမ်းလိုက်တယ်။ သူ့နောက်မှာ ရှိတဲ့ နတ်ဆိုး စစ်သည်တော်တွေကို ညွှန်ကြားတယ်။ သူမရဲ့ အကြည့်တွေက တော့ ရေခဲလို အေးစက်နေဆဲ။ ယွင်ချင်းဝူ ရဲ့ အမိန့်ကို မြင်တော့ ။ စစ်သည်တော်တွေ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်တယ်။ သူတို့ တစ်ယောက်ချင်းစီ ရဲ့ မျက်လုံးထဲက ဆုံးဖြတ်ထားတဲ့ အရိပ် အယောင်တွေက မြင်သာလွန်းလှတယ်။
“သေစမ်း” စစ်သည်တော်တွေ အားလုံး တည်ီတညွှတ်တည်း အော်ဟစ်ကြတယ်။ သိပ်မကြာခင် အချိန်မှာပဲ တောင်ကုန်းပေါ်မှာ လူ သုံးယောက်သာ ကျန်ရှိတော့တယ်။ တစ်ယောက်ကတော့ ပြန်လည်မွေးဖွားမှု အဆင့် နတ်ဆိုး။ နောက်တစ်ယောက် ကတော့ သဘာဝလွန် အထွဋ် အထိပ် အဆင့် နတ်ဆိုး။ နတ်ဆိုး စစ်သည်တော် တွေ သူ့ဆီကို ပြေးဝင်လာတော့။ နန်ကုန်းဟောင် သူ့လက်ထဲက ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ ကျွတ်ဆပ်တဲ့ အသံတွေ သူ့လက်ကနေ ထွက်လာတာကို တောင် ကြားနေရပြီ။ သူ့ကြည့်ရတာ ဆုံးဖြတ်ချက် ချထားပြီး ဖြစ်တဲ့ပုံပဲ။ နတ်ဆိုး စစ်သည်တော်တွေ လူအုပ်ကြားကို ဖြတ်ဝင်လာတယ်။ သူတို့ အသွင်က ။ သိုးအုပ်ကြားက ၀ံပုလွေ လိုပဲ။ လူအုပ်ထဲကို သူတို့ ၀င်လာတာနဲ့။ ကျောင်းတော်သားတွေကို ချက်ခြင်း သတ်ဖြတ်တော့တယ်။
“မြားသည်တော်တွေ ။ အသင့်ပြင်”
“ ပြစ်တော့။”
“ လှံကိုင် စစ်သည် နဲ့။ ဒိုင်းကိုင် စစ်သည်တော်တွေ ။ ငါ့နောက် လိုက်ခဲ့၊”
“ သူတို့တွေကို တိုက်ထုတ်။ ကျောင်းတော်သားတွေကို ကာကွယ်ကြ။”
အမိန့်က စစ်မြေပြင်ကို ပျံ့သွားတယ်။ မြားမိုးတွေ ရွာကျလာတာ။ နေရောင်ခြည်ကိုတောင် ဖုံးကွယ် သွားခဲ့တယ်။ ဒိုင်းတွေနဲ့ လှံတွေ ချက်ခြင်း နေရာယူလိုက်ကြတယ်။ ကျောင်းတော်သားတွေကို စောင့်ကြပ်ထားတယ်။ ဒါပေမယ့် နတ်ဆိုးတွေရဲ့ တိုက်ခိုက်မှုကိုတော့ သူတို့ မရပ်တန့်နိုင်ဘူး။ နောက်ဆုံးတော့လည်း သူတို့ တွေ အားလုံးက သဘာဝလွန် အဆင့် နတ်ဆိုးတွေလေ။ သဘာဝလွန် အဆင့် နတ်ဆိုးတွေက ။ ကောင်းကင်ေ၇ာင်ပြန် အထွဋ်အထိပ် အဆင့်ကိုတောင် လွယ်လွယ်လေး အသေသတ်နိုင်တာ။ သာမာန် စစ်သည်တွေကို တော့ ပိုပြီးတော့တောင် မဆိုသာဘူး။
“ဇွမ်းးး”
ဒီ အချိန်မှာပဲ။ေ၇ွှရောင် အလင်းတန်းတွေ ကောင်းကင်က ထွက်ပေါ်လာတယ်။ ဒီ အလင်းတန်းက ကြည်လင်နေတဲ့ ဓားကနေ ထွက်လာတာ။ ဒီဓားနာမည်က တည်ငြိမ်။ ပိုင်ရှင်က နန်ကုန်းဟောင်။ နန်ကုန်းဟောင်က နတ်ဆိုး စစ်သည်တော်တွေ ပြေးဝင်လာတာကို ကြည့်နေတာ။ သူရွေးချယ်မှု လုပ်တယ်။ အခုချိန်မှာ ဘာလုပ်ရမလဲ သူသိတယ်လေ။ ရွှေရောင် အလင်းတန်းကို မြင်တော့။ ရှင်ချင်းစွေ့ရဲ့ အမူအယာက ချက်ခြင်း ပြောင်းသွားတယ်။ ဒါပေမယ့် သူ ချက်ခြင်း သတိပြန်ဝင်လာတယ်။ နှုတ်ခမ်းတွေကို ကိုက်ထားရင်း နန်ကုန်းဟောင်ကို ကြည့်နေတယ်။ သူ့မှာ ပြောစရာ တစ်ခုခု ရှိနေတဲ့ ပုံပဲ။
ဒီ အချိန်မှာပဲ။ အေးခဲမျောက်မင်း ဒေသရဲ့ နံရံအောက်မှာ အက်ကွဲ ကြောင်းတွေ ပေါ်လာတယ်။ အက်ကွဲကြောင်းတွေ တစ်ဖြည်းဖြည်း ကြီးမားလာပြီး။ တံခါးတွေ အဖြစ်ကို ပြောင်းလဲ သွားတယ်။ တောင်ပိုင်း ဒေသ စစ်သည်တော်တွေ အံ့သြသွားကြတယ်။ နတ်ဆိုး စစ်သည်တော်တွေလည်း သူတို့ မြင်တာ တွေကြောင့် လန့်နေတယ်။ တံခါးတွေ ပွင့်သွားတော့။ လူရိပ်တွေ အများကြီး ထွက်ပေါ်လာတယ်။ ပုရွက်ဆိတ်တွေ အသိုက်ထဲကနေ ထွက်လာသလိုပဲ။
“ ၀ူးးး ၀ူးးး ၀ူးးးး”
သူတို့ တွေ ထွက်လာတာ မြန်ဆန်တယ်။ ဒါပေမယ့် အစီအစဉ်တကျထွက်လာတယ်။ အရမ်းကို လျင်မြန်လွန်းတယ်။ သူတို့ က နန်ကုန်းဟောင် ဆီကို ပြေးဝင်သွားတယ်။
“ နောက်ထပ် တပ်ပုန်းတွေလား။”
“ မဟုတ်ဘူး။ ဒါက ကြီးမြတ်သော ရှ မင်းဆက်ပဲ”
“ မိုးနတ်မင်းရေ။ တကယ်ပဲ သုတို့ တွေ။”
ကျောင်းတော်သားတွေ အားလုံး ခုခံမှုကို မြင်တော့။ မျက်လုံးပြူးကုန်တယ်။ ဒီလူတွေကို ဒီမှာ မြင်ရမယ်လို့ မထင်ထားဘူး။
“ အိုး ။ ငါသဘောပေါက်ပြီ။ … သူတို့တွေက အေးခဲ မျောက်မင်း ဒေသထဲကို ဘယ်တုန်းကမှ မ၀င်ခဲ့ဘူး။ နန်ကုန်းဟောင်… နင် အရည်အချင်း ရှိတယ်ဆိုတာ အံ့သြစရာ မလိုတော့ဘူး၊” ယွင်ချင်းဝူ တစ်လေးတစား နဲ့ ပြောတယ်။ စစ်မြေပြင်ထဲကို ပြေးဝင်လာတဲ့ လူတွေ ကြောင့်။ ယွင်ချင်းဝူ လန့်မသွားဘူး။ ဒါပေမယ့် နန်ကုန်းဟောင်ရဲ့ အရည်အချင်းကိုတော့ သူလေးစားတယ်။ လူရိပ်တွေက နန်ကုန်းဟောင် ရဲ့ေ၇ှ့မှာ ရပ်သွားတယ်။ သူတို့ အားလုံးက။ တောက်ပ ပြောင်လက်လွန်းတဲ့ သံချပ်ကာကို ၀တ်ဆင်ထားတယ်။ သူတို့ရဲ့ သံချပ်ကာတွေကို အထူး သတ္တုနဲ့ ပြုလုပ်ထားတယ်။ နောက်ပြီးတော့ ၀တ်စုံတွေမှာေ၇ွှရောင် လိုင်းတွေ ရှိနေသေးတယ်။ အရိပ်နဂါးတွေ လိုပဲ။
“သခင်လေး နန်ကုန်း” သူတို့ တွေ တညီတညွှတ်တည်း ပြောကြတယ်။ သူတို့ တွေက ပုံမှန် စစ်သည်တော်တွေ ထက် ပိုပြီး ယုံကြည်ချက် ပြည့်ဝနေတယ်။ သူတို့တွေက ကြီးမြတ်သော ရှ မင်းဆက် ၇ဲ့ ထူးချွန်စစ်သည်တော် တွေပဲ။ နောက်ပြီးတော့ သူတို့ကို သူတို့ ဂုဏ်ယူကြတယ်။ သူတို့ ဂုဏ်ယူ သင့်တဲ့ အကြောင်းရင်းလည်း ရှိတယ်လေ။ နောက်ဆုံးတော့လည်း သူတို့ က နဂါးစစ်သည်တော်တွေပဲ။ ဧကရာဇ် ရဲ့ အထူးစစ်သည်တော်တွေ ။ သူတို့ရဲ့ ရင်ဘတ်ပေါ်က ရွှေရောင် နဂါးက သက်သေပဲ။ ဒါက ဂုဏ် အဆင့် အတန်း သင်္ကေတ တစ်ခု။ သူတို့က မင်းသားတွေကို လည်း ဦးညွှတ်စရာ မလိုသလို။ နန်းတော်ထဲကို လည်း အတားအဆီး မရှိ ၀င်ထွက်နိုင်တယ်။ ဒါက နဂါး စစ်သည်တော် အုပ်စုရဲ့ အခွင့်ထူးပဲ။
ဒီနေ့တော့ ။ နဂါး စစ်သည်တော်တွေ ဒီမှာ ပေါ်လာခဲ့ပြီ။ တောင်ပိုင်းဒေသ ရဲ့ အေးခဲမျောက်မင်း နယ်မြေ မှာ။ နောက်ပြီးတော့ ။ သူတို့က နန်ကုန်းဟောင်ကို အရမ်း လေးစားနေပုံပဲ။ လူကြီး လေးဦး။ နဂါးတပ်ဖွဲ့ကနေ ခွဲထွက်လာတယ်။ နောက်ပြီးတော့ နန်ကုန်းဟောင် ရဲ့ ဘေးမှာ ရပ်နေခဲ့တယ်။
“ သခင်လေး နန်ကုန်း ။ အမိန့် တော် အတိုင်း ဆောင်ရွက်ပြီးပါပြီ။” လူကြီး စကားစပြောတယ်။ ဒါပေမယ့် နန်ကုန်းဟောင် ရဲ့ အမိန့် အကြောင်း သူ မေးခွန်း မထုတ်ဘူး။
“ ငါသိပြီ။” နန်ကုန်းဟောင် ခေါင်းငြိမ့်တယ်။ ဒါပေမယ့် ရှင်းမပြဘူး။
“ကောင်းပါပြီ။ နားလည်ပါပြီ၊” လူကြီးက ခေါင်းငြိမ့်တယ်။ ရှင်းပ်ြချက်ကို သူ မလိုအပ်ဘူး။ နန်ကုန်းဟောင် တွေးနေတာကို သူသိပြီးသား။
“ ပိုင်ရှင်းကို ငါ့လက်အပ်ခဲ့။ တခြားသူတွေကို ဂရုစိုက်လိုက်။ ဖန်ကျန်းရှီကိုတော့…. ရန်ရွယ် နဲ့ ထားခဲ့လိုက်။” နန်ကုန်းဟောင် ခပ်မြန်မြန်ပဲ ဆုံးဖြတ်တယ်။ ဒါပေမယ့် ရန်ရွှယ့်ကို ကြည့်ပြီး ဆုံးဖြတ်ချိန် မှာတော့ သူ နည်းနည်း တွေဝေနေခဲ့တယ်။ ဒါပေမယ့် သူ့ စိတ်သူ ဆုံးဖြတ်လိုက်တယ်။ သူလုပ်ချင်တဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ဘူး။ ဒါပေမယ့်ေ၇ွးစရာ မရှိဘူး။ အခုချိန်မှာ။ တခြားသူ တွေ ရဲ့ အကြံဥာဏ်ကို နန်ကုန်းဟောင် နားမထောင်နိုင်ဘူး။ တခြားတနည်းနဲ့ ပြောရရင်။ နတ်ဆိုးတွေက ဖန်ကျန်းရှီ အနားကို ကပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် နဂါး တပ်ဖွဲ့လည်း ကပ်နိုင်မှာ မဟုတ်ဘူး။ သူ့ကို တစ်ယောက်တည်း ထားလိုက်တာပဲ ကောင်းပါတယ်လေ။
“ ဆိုးည်စ အဇူရာ။ ရန်ရွှယ်… မင်းကို ဆိုးညစ် အဇူရာ ၀ါးမျို သွားစေလို့ မဖြစ်ဘူး။” နန်ကုန်းဟောင် လှမ်းကြည့်ရင်း ပြောတယ်။ အဲ့ဒီ့နောက်။ ရပ်နေတဲ့ ပိုင်ရှင်းကို ညွှန်ပြတယ်။ ပိုင်ရှင်းကတော့ ရယ်မော နေတုန်းပဲ။ ကြည့်ရတာ။ နဂါး တပ်ဖွဲ့ ပေါ်လာတာကို မအံ့သြတဲ့ပုံပဲ။ ပြောရရင်။ သူက အတော်လေးကို စိတ်လှုပ်ရှားနေခဲ့တယ်။ အနိုင်ရမှုကို လက်လှမ်းနိုင်လိုက် သလိုပဲ။
“ မင်းရဲ့ ၀ှက်ဖဲကို ထုတ်သုံးပြီးပြီ ဆိုတော့။ ဘာကျန်သေးလဲ။” ပိုင်ရှင်း လက်ညှိုး တစ်ထောင်ထောင် နဲ့ ပြောနေတယ်။
“ ခန့်မှန်းကြည့်လေ။” နန်ကုန်းဟောင်က ပိုင်ရှင်း ရဲ့ အမေးကို ချက်ခြင်း ပြန်မဖြေဘူး။ ကောင်းကင်ပြာကြီး ကိုသာ ကြည့်နေတယ်။ သူ့ကိုယ်သူ စကားပြောနေသလိုပဲ။