နတ်ဘုရား မုခ်ဝ - Chapter - 394 တကယ့် ၀ှက်ဖဲ အစစ်
“ ခဘွန်း။” မိုးခြိမ်းသံလို ကျယ်လောင်လှတဲ့ ပေါက်ကွဲသံ ထွက်ပေါ်လာတယ်။ လေထုကို ဖြတ်ပြီး မြားမိုးတွေ ရွာကျတယ်။ တောင်ပိုင်းဒေသ စစ်သည်တော်တွေ။ မြားမိုးကိုကြည့်ဖို့ ကြိုးစားကြတယ်။ ဒါပေမယ့် မိုးက အရမ်းသည်းထန်လွန်းလို့ ကောင်းကောင်းမမြင်ရဘူး။ အဲ့ဒီ့နောက်။ နာနာကျင်ကျင် အော်ဟစ်သံတွေထွက်ပေါ်လာတယ်။ စစ်သည်တော်တွေ ကတော့ တိုက်ခိုက်တာကို မရပ်ကြဘူး။ စစ်သည်တော်တွေ ဖြစ်တဲ့ အတွက် နောင်တဆိုတာ သူတို့မှာ မရှိဘူး။
“ ဘုန်း။” တောင်ပိုင်းဒေသ စစ်သည်တော်တွေ နောက်ဆုံးမှာတော့ ။ ကြီးမြတ်သော ရှ မင်းဆက် က စစ်သည်တော်တွေကို ထိုးဖောက်နိုင်သွားပြီ။ သွေးချောင်းစီးမှုက စတင်တော့တယ်။ အေးခဲမျောက်မင်း ဒေသ ဂိတ်တံခါးကနေ ထွက်ပေါ်လာတဲ့ အသံ တွေကို ကြားနေရတယ်။ လေထုကို ဖြတ်သန်းပြီးတော့ ။ တောင်ပိုင်းဒေသ စစ်သည်တော် တွေ ဆီကို ရောက်ရှိလာတယ်။ တောင်ပိုင်းသားတွေ နောက်က တိုက်ခိုက်လာမှုကိုလည်း ခုခံနေကြရတယ်။
“ သေ”
“ သေ”
ကြီးမြတ်သော ရှ မင်းဆက်က စစ်သည်တော်တွေ အားလုံး။ စစ်ဗျူဟာ ပုံဖော်ဖို့ ကြိုးစားနေတယ် ။ မြားသည်တော်တွေ ကတော့ အဆက် မပြတ် ပြစ်ခတ်နေခဲ့တယ်။ ခန္ဒာကိုယ်တွေ မြေပြင်ပေါ်ကို လဲကျတယ်။ သွေးတွေ နဲ့ မိုးရေတို့ ပေါင်းစပ်ပြီး သွေးရေအိုင်ကြီးတွေ ဖြစ်ပေါ်လာတယ်။
ရှင်ချင်းစွေ့ ကေ၇ှ့ဆုံး လိုင်းမှာ။ စစ်သည် ဒါဇင်ကို ခုခံထားတယ်။ သူ့ နောက်ကျောက ဓားကို အဆက် မပြတ် လွှဲခုတ်နေခဲ့တယ်။
“ ရန်သူ တွေကို အပြတ် ချေမှုန်းကျ။” တောင်ပိုင်းစစ်သည် တစ်ယောက်ရဲ့ ရင်ဘတ် ဓားကို ဆွဲထုတ်ရင်း ။ ရှင်ချင်းစွေ့ အော်ဟစ်တယ်။
“ အမိန့် အတိုင်းပါ။” ကိုယ်ရံတော် တစ်ယောက်။ သူ့ လက်ထဲက အလံကို မြှောက်လိုက်တယ်။ အဲ့ဒီ့နောက် အမိန့်ချတယ်။ ဒီ အချိန်မှာပဲ။ သားရဲကောင် အော်ဟစ်သံ တစ်ခု ပဲ့တင် ထပ်လာတယ်။ ဒါက တောင်ပိုင်းဒေသ စစ်သူကြီး အော်ဟစ်တာ။ သူ့ မျက်လုံးတွေက အစိမ်းရောင် တောက်ပနေတယ်။ ရန်ရွယ့်ကို အစိမ်းလိုက်ဝါးစားချင်တဲ့ ပုံစံ မျိုးနဲ့ ကြည့်နေတယ်။ သူ့ နောက်ကျောက သားရေ၀တ်ရုံကြီး တ ဖျပ်ဖျပ် ခါနေတယ်။ နောက်ကျောက ဆူးတောင်ကြီး တစ်ခုလိုပဲ။ သူ့ လက်ထဲက ဓားကိုမြင့်မြင့် မြှောက်ထားတယ်။ သူ့ လမ်းမှာ ပိတ်နေတဲ့ စစ်သည်တော်တွေကို သတ်ဖြတ်သွားတယ်။ တစ်ချက်တည်းနဲ့။ ရှင်ချင်းစွေ့ ရှေ့ကို ။ သူ့ရဲ့ သားရဲကောင် ရောက်ရှိလာတယ်။
“ သွားသေလိုက်။” ကြောက်စရာ အငွေ့အသက်တွေ သူ့ ကိုယ်က ထွက်ပေါ်လာတယ်။ ဒီ စစ်သူကြီးက တကယ့်ကို အင်အားကြီးလွန်းတယ်။ သူက သဘာဝလွန် အလယ် အဆင့် တောင် ရောက်နေလောက်ပြီ။
ရှင်ချင်းစွေ့ ကကော ဘယ်လောက်များ အင်အားကြီးနိုင်လဲ။
ကောင်းကင်ေ၇ာင်ပြန် အဆင့်လေ….။ ဒီ စစ်သူကြီး နဲ့ ရင်ဆိုင် ရရင်။ သူလုပ်ရမယ့် အလုပ်က ပြေးဖို့ပဲ။ ဒါပေမယ့် ရှင်ချင်းစွေ့ စစ်သူကြီး သူ့ ဆီ ရောက်လာတာ မြင်တော့။ သူ ပြုံးတယ်။ စိတ်သက်သာရာ ရသွားတဲ့ ပုံပဲ။ သူ နောက်မဆုတ်ဘူး။ အတိအကျ ပြောရရင်။ တစ်ချက်လေးတောင် မလှုပ်ရှားဘူး။ တောင်ပိုင်းဒေသ စစ်သူကြီး ရဲ့ ဓားက သူ့ ခေါင်းပေါ်ကို ၀ဲကျလာတယ်။ ရှင်ချင်းစွေ့ ကတော့ မျက်တောင်တ စ်ချက်တောင် မခတ်ဘူး။
“ ဘုန်း။”
မိုးကြိုးသံ ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက်။ အလင်းတန်းကြီးတစ်ခု။ ရှင်ချင်းစွေ့ နောက်ကနေ ထွက်ပေါ်လာတယ်။ ထက်ရှလွန်းတဲ့ ဓား တစ်ချောင်းလိုပဲ။ ဒီ အချိန်မှာ။ ခေါင်းတစ်လုံး လေထဲကို ပျံထွက်သွားတယ်။ ဒါကတော့ တောင်ပိုင်းဒေသ စစ်သူကြီး ရဲ့ ခေါင်း ။ သူ့ မျက်လုံးတွေက မယုံကြည်နိုင်မှု ကြောင့် ပြူးထွက်နေတယ်။ သူ ဘယ်လို အသတ်ခံရမှန်းတောင် မသိလိုက်ဘူး။ အဲ့ဒီ့နောက်။ ရှင်ချင်းစွေ့ေ နာက်ကနေ လူတစ်ယောက် ခုန်ထွက်လာတယ်။ မြေပြင်ပေါ်ကို ခြေနှစ်ဖက်နဲ့ မထိခင် ။ တောင်ပိုင်းဒေသ စစ်သူကြီးရဲ့ ပြတ်သွားတဲ့ ခေါင်းကို အဖိဖမ်းလိုက်တယ်။ မိုးတွေက သည်းသည်းမည်းမည်း ၇ွာသွန်းနေဆဲ။ မြေပြင်က တော့ သွေးတွေကြောင့် စေးကပ်နေတယ်။ မြက်တွေက အဆက်မပြတ် နင်းချေ ခံနေရတယ်။ ခြေထောက် တစ်ဖက် ။ သူတို့ အပေါ်က လွတ်သွားတာနဲ့။ နောက် ခြေထောက် တစ်ဖက်က သူတို့ကို နင်းပြန်ပါလေရော။
“တောင်ပိုင်းဒေသ စစ်သူကြီး သေပြီ။ ငါ့ နောက်ကို လိုက်ခဲ့ကြ။ အေးခဲ မျောက်မင်း ဒေသ ကို သိမ်းမယ်။” မာဆတ်ဆတ် အသံ တစ်ခု ထွက်ပေါ်လာတယ်။ ကျဆုံးသွားတဲ့ စစ်သူကြီး ရဲ့ ခေါင်းကို မြှောက်ကိုင်ထားတယ်။
တစ်ချိန်တည်းမှာပဲ။ အရှိန်ကောင်းနေတဲ့ တိုက်ပွဲကြီး ရပ်တန့်သွားတယ်။ စစ်သူကြီး ရဲ့ ခေါင်းပြတ်ကို မြှောက်ထားတဲ့ လူက။ သာမာန် စစ်သည် ၀တ်ရုံကိုပဲ ၀တ်ထားတာ။ ဒါပေမယ့် ။ စစ်သူကြီး ရဲ့ ခေါင်းကို မြှောက်လိုက်တော့။ သူ့ရဲ့ သံချပ်ကာလည်း လှစ်ဟ သွားတယ်။ အ ထဲက ခရမ်းေ၇ွှရောင် ၀တ်ရုံကို မြင်လိုက်ရတယ်။ သူ့ရဲ့ စိတ်ဆုံးဖြတ်ထားတဲ့ အမူအယာမှာ အေးဆေးတည်ငြိမ်မှုတွေ နှစ်မြုပ်နေတယ်။ အရာအားလုံးက သူ့ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေသလိုပဲ။
“ အဲ့တာ ရှင်းဟို့ပဲ။”
“ မိုးနတ်မင်းရေ။ ရှင်းဟို့က တောင်ပိုင်းဒေသ မှာ ရောက်နေတယ်တဲ့။”
“ ငါတို့မှာ မျှော်လင့်ချက်ရှိပြီ။”
ကြီးမြတ်သော ရှမင်းဆက်က စစ်သည်တော်တွေ ဒီလူ့ကို မြင်တော့ စိတ်အား တက်ကြွ ကုန်တယ်။ ဒီ့ မတိုင်ခင် တုန်းက။ သေသေကျေကျေ တိုက်ခိုက်ဖို့ပဲ ဆုံးဖြတ် ထားကြတယ်။ အခုတော့ သူတို့မှာ မျှော်လင့်ချက်ရှိပြီ။ စစ်နတ်ကျောင်းတော် ရဲ့ ရှင်းဟို့။ ရှင်းယွမ်ကောင်း။ ကြီးမြတ်သော ရှ မင်းဆက် ရဲ့ မဏ္ဍိုင်ကြီးတွေ။ ကျောင်းတော် ဆယ့်သုံးခုရဲ့ ခေါင်းဆောင်။ သူ့ရဲ့ တိုက်ပွဲ အောင်မြင် မှုတွေက ဒဏ္ဍာ၇ီလိုပဲ။ သွမ့်အရှင် ကိုယ်တိုင်တောင် သူ ကိုယ်တိုင်က ရှင်းယွမ်ကောင်းထက် ပိုပြီး လွှမ်းမိုးနိုင်တယ် လို့ မပြောဝံ့ဘူး။
“ တောင်ဖြို တပ်ဖွဲ့။”
“ ရှိပါတယ်။”
“ လမ်းရှင်းကြ။”
“ အမိန့် အတိုင်းပါ။”
အသံတွေက ညီညာလှတယ်။ အဲ့ဒီ့နောက်။ သူတို့ရဲ့ ပုံမှန် သံချပ်ကာတွေကို ဖယ်ရှားလိုက်ကြတယ်။ တောက်ပနေတဲ့ သံချပ်ကာ တွေက အောက်မှာ ပေါ်လာခဲ့တယ်။ သူတို့တွေက ရှင်းယွမ်ကောင်းရဲ့ နောက်ကို အပြေးဝင်လာကြတယ်။ အကယ်၍ တောင်ပိုင်း ဒေသ စစ်သည်တော် တွေသာ။ သိုးအုပ်ကြားက ၀ံပုလွေ ဖြစ်ခဲ့ရင်။ တောင်ဖြို တပ်ဖွဲ့ ကတော့။ သိုးေ၇ခြုံနေတဲ့ ကျားတွေပဲ။ မျက်လုံးပြူးနေတဲ့ တောင်ပိုင်း ဒေသ စစ်သည်တော်တွေကို ဖြတ်သန်း ထွက်ပေါ်လာကြတယ်။ မြန်လွန်းတယ်။ ဖြစ်သွားတာတွေက အရမ်း မြန်လွန်းတယ်။ တောင်ပိုင်းစစ်သည်တော်တွေ တုံ့ပြန် ချိန်တောင် မရလိုက်ဘူး။ သူတို့ တွေက တစ်လျှောက်လုံး အသာစီး ရလာခဲ့တာ။ ဒါပေမယ့် သူတို့ရဲ့ စစ်သူကြီးက သေသွားမယ်လို့ မထင်ထား မိဘူး။ အဲ့ဒီ့နောက်။ တောင်ဖြိုတပ်ဖွဲ့ကို ဦးဆောင် လာတဲ့ ရှင်းဟို့ ထွက်ပေါ်လာတယ်။ အရှိန်ပြင်းတယ်။ သူတို့ အားလုံး သိထားကြတာ။ ဒါက စစ်နတ်ကျောင်းတော်ရဲ့ ထိပ်တန်း စစ်သည်တော်ကြီးတွေပဲ။
ဘာတွေ ဖြစ်ကုန်တာလဲ။ တောင်ပိုင်းသားတွေတင် မကဘူး။ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ စစ်သည်တော်တွေ တောင်။ သူတို့ မျက်လုံးကို မယုံကြည်နိုင်ဘူး။
“ ရှင်းဟို့က ဒီမှာ ရောက်နေတာလား။”
“ တောင်ဖြိုတပ်ဖွဲ့ က ဒီမှာ ရှိနေတယ်လား။”
“ ဘယ်လိုများ။ ရှင်းဟို့က လူအုပ်ထဲမှာ ပုန်းနေတာလဲ။ ဘယ်ုတန်းကများ သူတို့ ပုန်းနေခဲ့တာလဲ။”
ကျောင်းတော်သားတွေ ရဲ့ စိတ်ထဲမှာ မေးခွန်းတွေ ပျံတက်လာတယ်။ အခုချိန်မှာ ။ ဘာတွေများ ဖြစ်ကုန်တာလဲ။ ဒါပေမယ့် အကုန်လုံးက ဧကရာဇ် ရဲ့ အစီအစဉ်ထဲမှာ ရှိနေမှန်း သူတို့ သဘောပေါက် သွားတယ်။
ရှင်းဟို့ စစ်တပ်ထဲမှာ ပုန်းနေတာ ကတော့။ တိုက်ဆိုင်မှု ဖြစ်ကောင်း ဖြစ်မှာပါ။ ဒါပေမယ့် တောင်ဖြို တပ်ဖွဲ့ကြီး တစ်ခုလုံး ပုန်းနေတာကတော့ ။ သူတို့ အတွက် ဖြေရှင်းချက်တစ်ခုပဲ ရှိတော့တယ်။ ဒါက စီစဉ်ထားတာပဲ။ တောင်ပိုင်းဒေသ နဲ့ နတ်ဆိုးတွေ တကယ် ထွက်ပေါ်လာဖို့။ အဲ့ဒီ့နောက် ။ သူတို့တွေ ကို ထိတ်လန့် အံ့သြအောင် လုပ်ပြီးမှ အနိုင်ယူမယ်။ တိုက်ပွဲ အလှည့်အပြောင်းက ပြောင်းလဲသွားပြန်ပြီ။
တောင်ပိုင်းဒေသ စစ်သူကြီးက သတိလက်လွတ် ဖြစ်လွန်းတယ်။ သူ့ အသက်ကို ရှင်းယွမ်ကောင်း လက်ထဲ ပေးလိုက်ရပြီ။ အဲ့ဒီ့နောက်။ တောင်ဖြို တပ်ဖွဲ့ က ။ တောင်ပိုင်းဒေသ စစ်သည်တော်တွေကို အမှုန့်ချေ ပြစ်တော့တယ်။ သူတို့ရဲ့ တိုက်ခိုက်မှုက အတော့်ကို ကြမ်းတမ်းလွန်းတယ်။ သူတို့ရဲ့ အားသာချက်က ခုခံနေရာ အကုန်လုံးကို အညံ့ခံအောင် ဖိအားပေးတိုက်ခိုက်တာပဲ။ အေးခဲ မျောက်မင်း ဒေသ ရဲ့ ၀င်ပေါက် ပွင့်သွားပြီ။ ဒါက တောင်ဖြို တပ်ဖွဲ့ အတွက် အကောင်းဆုံး နယ်မြေပဲ။ တောင်ပိုင်းဒေသ စစ်သည်တော်တွေအသေ အေကျေသတ်ဖြတ်မှုကြောင့် အတော့်ကို ကြိုးစားနေကြရတယ်။ စစ်သူကြီးရဲ့ ဦးဆောင်မှု မပါပဲနဲ့။ တောင်ဖြို တပ်ဖွဲ့ကို ရင်ဆိုင်ရတာ။ နည်းနည်းတော့ ခက်ခဲတယ်။ နည်းနည်းလေးပေါ့။ နောက်ဆုံးတော့လည်း ဒါက သူတို့ နယ်မြေပဲလေ။ သူတို့က စစ်သည်တော်တွေ။ အညံ့ခံမှာထက် သေလိုက်တာက ပိုကောင်းတယ်။ လက်နက်တွေ သူလို့ လက်ထဲ ရှိနေသရွေ့။ အဆုံးသတ် မကောင်းတော့တဲ့ အထိ ဆက် တိုက်ခိုက်ရအုန်းမှာပဲ။
“ နောက်မဆုတ် ကြနဲ့။ သူတို့ကို ရပ်ကြ။ စစ်သူကြီး ခီ အတွက် လက်တုံ့ပြန်မယ်။”
“ တက်ကြ၊”
“ အလယ်က လူတွေ။ ငါနဲ့ အတူ ခုခံကြ။”
ခေါင်းဆောင်တွေ အားလုံး အမိန့်ချနေတယ်။ သူတို့ရဲ့ စစ်တပ်ကို စုစည်းကြတယ်။ လှုပ်ရှားနေတဲ့ တိုက်ပွဲ ထဲမှာ အုပ်စုတွေ ဖြစ်ပေါ်လာတယ်။ တစ်ချုို့ကတော့ ခုခံထားကြတယ်။ ဒီ အချိန်မှာပဲ။ အေးခဲ မျောက်မင်း ဒေသ ဂိတ်တံခါးမှာ ။ သတ်ဖြတ်တဲ့ အသံတွေ ထွက်ပေါ်လာတယ်။ ကိုယ်ခန္ဒာတွေ မြို့နံရံ ပေါ်က ကျဆင်းလာတယ်။ ကျောင်းတော်သားတွေ မျက်လုံး ပြူးကုန်ပြန်တယ်။ အေးခဲ မျောက်မင်းဒေသထဲမှာ တပ်ပုန်းတွေ ချထားတာလား။ နန်ကုန်းဟောင်ကို လှမ်းကြည့်ကြတယ်။ နန်ကုန်းဟောင်က မြို့နံရံကို ကြည့်နေတာ။ သူ့ အမူအယာ ကတော့ တည်ငြိမ်နေတယ်။ ကျောင်းတော်သားတွေ ဘာတွေ ဖြစ်နေလဲ နားလည်လာကြတယ်။
အစတည်းက ။ နန်ကုန်းဟောင်ရဲ့ စစ်သည်တော် တစ်ထောင်ကိုပဲ မြင်ရတယ်။ ဖုန်းရှုရဲ့ ၀င်ပေါက်မှာ စောင့်ကြပ်နေတဲ့ တစ်ထောင်ပဲ။ နောက်တစ်ထောင်ကိုတော့ ဘယ်သူမှ မမြင်ကြဘူး။ အသေးစိတ်ကို သူတို့ မေ့နေကြတာ။ ဒါပေမယ့် သတ်ဖြတ်တဲ့ အသံတွေ ကြားတော့။ သူတို့နားလည်သွားတယ်။ အကယ်၍ ဧကရာဇ်က တောင်ဖြို တပ်ဖွဲ့ ကိုတောင် ။ သာမာန် တပ်တွေ ထဲမှာ ၀ှက်ပြီး အယောင် ဆောင်ခိုင်းထားရင်။ နန်ကုန်းဟောင်ကိုလည်း သာမာန် စစ်သည် နှစ်ထောင်ထဲ ပေးထားတာမျိုး။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သာမာန် စစ်သည် တစ်ထောင် က ကွင်းပြင်ကျယ်မှာ စောင့်ကြပ်တယ်။ အမှန်တကယ် ထိပ်တန်း စစ်သည်တော်တွေ ကတော့။ အေးခဲ မျောက်မင်း ဒေသထဲမှာ ကျန်ရစ်ခဲ့တယ်။ တခြားတနည်း နဲ့ ပြောရရင်။ နန်ကုန်းဟောင်က စစ်နတ်ကျောင်းတော် နဲ့ ပူးပေါင်း အလုပ်လုပ်နေတာ။ အေးခဲ မျောက်မင်း ဒေသကို သိမ်းယူဖို့ အတွက်။ ဒါတွေ အားလုံးက အစီအစဉ် အတိုင်းပဲ။ ဒါ တွေ အားလုံးက အစီအစဉ် အတိုင်းပဲ။
၀ှက်ပဲ။ ဧကရာဇ် ရဲ့ ၀ှက်ဖဲ။
“ သတ်ကြ။ အေးခဲ မျောက်မင်းဒေသ ကို ငါတို့ သွားရမယ်။”
“ တက်ကြ။”
“ ဒါက ငါတို့ အသက်ရှင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။”
စစ်သူကြီးတွေ အားလုံး အော်ဟစ်နေကြတယ်။ အေးခဲ မျောက်မင်း ဒေသ ထဲကိုေ၇ာက်တာက တစ်ခုတည်းသော အသက်ရှင်နိုင်မယ့် နည်းလမ်းဆိုတာ သူတို့ သိတယ်။ ကြီးမြတ်သော ရှ မင်းဆက် ရဲ့ စစ်သည်တော်တွေ စိတ်အား ပြန်လည် တက်ကြွ ကုန်တယ်။ စစ်သည် ငါးသောင်း ရဲ့ နည်းဗျူဟာက တောင်ပိုင်းဒေသ စစ်သည်တော်တွေကို အသာစီး ရသွားတယ်။ နောက်ကျောဘက်မှာတော့။ ဖုန်းရှု မှာ တပ်ပုန်း ချနေတဲ့ စစ်သည်တော် တွေ ။ ဆက်ပြီး တိုက်ခိုက်တယ်။
အေးခဲ မျောက်မင်း ဒေသ ရဲ့ ဂိတ်တံခါးက ပိတ်သွားပြီ။ တောင်ပိုင်းဒေသ စစ်တပ်က ။ တောင်ဖြို တပ်ဖွဲ့ ချေမှုန်းခြင်းကို ခံနေရတယ်။ စစ်သူကြီးက သေသွားပြီ။ ခေါင်းဆောင်တွေလည်း ဘာလုပ်ရမယ် မှန်း မသိတော့ဘူး။ အဆုံးမှာတော့။ သူတို့ တပ်တွေ ကျိုးပျက်သွားတယ်။
…
“ ဒါဆိုရင်။ ဒါက ကြီးမြတ်သော ရှ မင်းဆက်ရဲ့ တကယ့် ၀ှက်ဖဲပေါ့။” တောင်ကုန်းပေါ်ကနေ ရှင်းယွမ်ကောင်းကို ကြည့်နေတဲ့ ။ နတ်ဆိုး ခေါင်ေးဆာင်ငယ် တစ်ဦး ပြောတယ်။ သူ့ မျက်လုံးတွေက တိုက်ပွဲ ၀ိဥာဉ်တွေနဲ့ တောက်လာတယ်။ ဒါပေမယ့် ဒီ အငွေ့အသက်က တစ်ခဏလေးသာ ကြာမြင့်တယ်။
“ အင်း။ ကြီးမြတ်သော ရှ မင်းဆက်က ။ တောင်ပိုင်းဒေသကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တည်းက။ တကယ့် စစ်သူကြီးကို သူတို့ လိုအပ်လာလိမ့်မယ်။ ဒီ စစ်သူကြီးက နန်ကုန်းဟောင်တော့ မဖြစ်နိုင်ဘူး။ ရှင်းယွမ်ကောင်း ပဲ ဖြစ်လိမ့်မယ်။” နောက်က လူငယ်ရဲ့ အမေးစကားကို ယွင်ချင်းဝူ ဖြေတယ်။
“ သခင်။ သူတို့ အမိန့် ချတည်းက ။ သခင်ခန့်မှန်းပြီး သား ဖြစ်နေ ပြီပဲ။ ဘာလို့များ အခွင့်အရေး ယူပြီး မဖျက်စီး ပြစ်တာလဲ။ ”
“ ငါတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။” ယွင်ချင်းဝူ ပြန်မေးတယ်။
“ ဒါ …. တောင်ပိုင်းဒေသကိုပါ။” နတ်ဆိုးငယ် တောင့်တင်းသွားတယ်။ ယွင်ချင်းဝူ ဘာကို ပြောချင်နေလဲ သူ တွေးမရဘူး။
“ အကယ်၍ ကြီးမြတ်သော ရှမင်းဆက် အကြောင်းသာ သိသွားရင်။ တောင်ပိုင်းဒေသက ငါတို့ စကားကို နားထောင်မယ် ထင်လား။ အေးခဲ မျောက်မင်း ဒေသက ဗျူဟာမြောက် စီစဉ်ထားတဲ့ေ နရာပဲ။ ဒီလူတွေကို အနှေးနဲ့ အမြန် ငါတို့ သတ်နိုင်မှာ အသေအချာပဲ။ ဒါပေမယ့် ငါတို့ တောင်ပိုင်း ဒေသ ကို သိမ်းဖို့က။ ဒီ တိုက်ပွဲ နဲ့ အဆုံးအဖြတ် မဖြစ်ဘူး။ ”
“ သခင်ငယ်။ ဆိုလိုချင်တာက။” နတ်ဆိုးငယ်လေး နားမလည်နိုင်ဘူး။
“အကယ်၍ငါ့ ခန့်မှန်း ချက်သာ မှန်မယ်ဆိုရင်။ တောင်ပိုင်း ဒေသ က ကြီးမြတ်သော ရှ မင်းဆက်ကို ထိန်းသိမ်းဖို့။ ငါတို့ကို အသုံးချနေတာပဲ။ အခုတိုက်ပွဲက။ သူကိုယ်တိုင် အတွက် အင်ပါယာ ကြီး တစ်ခု တည်ထောင်နိုင်စေမှာ။”
“ အရှင်သခင်ငယ်က တောင်ပိုင်းဒေသ အုပ်ချုပ်သူရဲ့ အကြံကို သိနေပြီပဲ။ ကျွန်တော် နားလည်ပါပြီ။”
“သွားကြစို့။”
“ ဟုတ်ပြီ။” ဒါကိုကြားတော့ နတ်ဆိုးငယ် ခေါင်းငြိမ့်လိုက်တယ်။ အဲ့ဒီ့နောက်။ ခ၇မ်းရောင် အလင်တန်း တွေနဲ့ ဖုံးလွှမ်းထားတဲ့ လူ၇ိပ်ကို လှမ်းကြည့်တယ်။
“ သခင်ငယ်။ ၀ူကျီကို ကျွန်တော် သွားကူညီ ရမလား။”
“ မလိုအပ်ဘူး။ ပိုင်ရှင်း တာဝန်ယူ ယူလိမ့်မယ်။” ယွင်ချင်းဝူက ဖန်ကျန်းရှီကို လှမ်းကြည့်နေတယ်။ ခေါင်းခါရင်း နဲ့ သူမ ပြောတယ်။
“ အမိန့် အတိုင်းပါ သခင်။”
…
ပိုင်ရှင်းက ရှင်းယွမ်ကောင်းကို မြင်တဲ့ အချိန် ထဲက။ တိုက်ပွဲ ရလဒ်ကို သိပြီးပြီ။ ဒါကြောင့် ရှင်းယွမ်ကောင်းကို သူ မတိုက်ခိုက်ဘူး။ နတ်ဆိုး စစ်သည်တော်တွေကိုလည်း တောင်ဖြို တပ်ဖွဲ့ ကို ချေမှုန်းဖို့ မရပ်တန့်စေခဲ့ဘူး။ သူ့ မှာ ပိုပြီး အေ၇းကြီးတဲ့ ကိစ္စရှိမှန်း သိတယ်။ သူ့ အလုပ်က ၀ူကျီ နဲ့ တိုက်ခိုက်နေတဲ့ ခရမ်းေ၇ာင် ပုံရိပ်ပဲ။
“ တိုက်ပွဲကို ငါတို့ ရှုံးလို့ရတယ်။ ဒါပေမယ့် ။ မင်း … သေကို သေရမယ်။” ပိုင်ရှင်းရဲ့ မျက်လုံးတွေ တလက်လက် တောက်ပလာတယ်။ သူ့ မျက်လုံးတွေထဲမှာ ကြယ်တာရာတွေ လင်းလက်နေသလိုပဲ။