နတ်ဘုရား မုခ်ဝ - Chapter - 415 စိတ်လှုပ်ရှားဖွယ်ရာ သတ်မှတ်ချက်တွေ
ရှန်းယွီ မင်းသမီးရဲ့ အမူအယာက အချိန်တိုလေး အတွင်းမှာ မျိုးစုံ ပြောင်းလဲသွားခဲ့တယ်။ ဖန်ကျန်းရှီက နတ်ဆိုး စစ်သည်တော် ငါးသောင်းအကြောင်းမေးတော့။ သူမ ဒေါသထွက်သွားတယ်။ ဒါပေမယ့် သွေးအရိပ် မြို့တော် အကြောင်း ပြောတော့။ သူမတောင် ပြောစရာ စကားမရှိ ဖြစ်သွားခဲ့တယ်။ တောင်ပိုင်းဒေသ ရဲ့ စစ်သည်တော်တွေကို အုပ်ချုပ်သူ အနေနဲ့ ဒါက ဘာကို ဆိုလိုချင်မှန်း သူမသိတယ်။ ဒါက ဓား တစ်ချောင်းပဲ။
ဓားတစ်ချောင်း။ တောင်ပိုင်းဒေသ မှာ ရှိနေတယ်။ တိုက်ခိုက်ဖို့ အခွင့်အရေးကောင်းကို စောင့်နေတာ။ အချိန်အကြာကြီး။ တောင်ပိုင်းဒေသ က သူ့ရဲ့ စစ်သည်တော်တွေကိုနန်လင်း ဒေသမှာ အထူးစောင့်ကြပ်စေတယ်။ ဒါပေမယ့် အိမ်ရှေ့စံက နတ်ဆိုးတွေနဲ့ မဟာမိတ်ပြုပြီးနောက်မှာ။ နိုင်ငံသားတွေက ဒီ ခြိမ်းခြောက်မှုကြိးကို မေ့လျော့်သွားခဲ့ကြတယ်။
အစပိုင်းမှာတော့ တောင်ပိုင်းဒေသက သူတို့ရဲ့ အစောင့်အကြပ်တွေကို အထူးတိုးမြှင့်ခဲ့တယ်။ ဒါပေမယ့် အချိန်တွေ ကုန်လာတာနဲ့ အမျှ ။ သူတို့ရဲ့ ဆက်ဆံရေးကလည်း ပိုပြီးရင်းနှီးလာခဲ့တယ်။ နတ်ဆိုးတွေက တောင်ပိုင်းဒေသ အတွက် ရည်ရွယ်ချက် ကြီးကြီးမားမားကို ပေးခဲ့တယ်။ တောင်ပိုင်းဒေသ စစ်သည်တော်တွေ နဲ့တောင် ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်သေးတယ်။ နောက်ပြီးတော့ လက်နက်တွေ တည်ဆောက်ဖို့ သတ္တုရိုင်းတွေကိုလည်း ပေးခဲ့တယ်။ အခုချိန်မှာ ။ တောင်ပိုင်းဒေသ စစ်သည်တော်တွေ က လက်နက်ကောင်းတွေ ပိုင်ဆိုင်နေပြီ။ ဒါကြောင့်ပဲ သူတို့ရဲ့ အစောင့်အကြပ်က လျော့ကျသွားခဲ့တာ။ သူတို့ လည်ပင်းပေါ်မှာ ထောက်ထားတဲ့ ဓားကို သူတို့ မေ့လျော့သွားခဲ့တယ်။
“ဖန်ကျန်းရှီ။ မင်းပြောတာ နတ်ဆိုးတွေက သွေး အရိပ်မြို့တော်ကနေ တိုက်ခိုက်မယ်လို့ပြောတာလား။ မင့်မှာ သက်သေရှိလား။ သူတို့က ငါတို့ ပြန်တိုက်မှာကို မကြောက်ဘူးလား။” စစ်သူကြီး တစ်ယောက် အတော်လေး စဉ်းစားပြီးနောက် ပြောတယ်။ ဒီလိုတိုက်ခိုက်မှုမျိုးရဲ့ ရလဒ်ကို သူသိတယ်လေ။ ဒါပေမယ့် ဒါမျိုး ဖြစ်လာလိမ့်မယ်ဆိုတာ သူတို့ ယုံကြည် လက်ခံနိုင်မှု မရှိဘူး။
“ ပြန် တိုက်ခိုက်မယ် ဟုတ်လား… ကိုယ့် တပ်တွေပဲ အရင်ဆုံး စု ကြည့်လိုက်ပါအုန်း။ ” ဖန်ကျန်းရှီ လှောင်ရယ်တယ်။
“ မင်းဘာပြောတယ်။ ”
“ အကယ်၍ ငါ မှန်ခဲ့မယ်ဆိုရင်။ နတ်ဆိုးတွေက သွေးအရိပ်မြို့တော်ကနေ ထွက်ခွာသွားလောက်ပြီ။ တခြားတစ်နည်းနဲ့ ပြောရရင်။ မင်းတို့ရဲ့ တပ်တွေက အေးခဲ မျောက်မင်းဒေသကို ဖြတ်သန်းပြီးမှ။ သုခမိန်တောင်တန်း မြို့တောက်ို ရောက်မှာ။ အေးခဲ မျောက်မင်းဒေသ ကလည်း ကြီးမြတ်သော ရှမင်းဆက် လက်ထဲ ရောက်နေတယ်။ မြို့တော်ကို မင်းတို့ အချိန်မှီ ရောက်မှာ မဟုတ်ဘူး။” ဖန်ကျန်းရှီ ဆက်ပြောတယ်။
“ မင်း….” စစ်သူကြီးရဲ့ အမူအယာ ပြောင်းသွားခဲ့တယ်။ သူက ဒေါသထွက်နေပမယ့်လည်း ။ ခွန်းတုံ့ပြန်စရာစကားမရှိဘူးလေ။ စစ်သူကြီးတွေ အားလုံးလည်း တိတ်ဆိတ်သွားခဲ့တယ်။ တစ်ယောက်ကို တစ်ယောက် စိုးရိမ် တစ်ကြီးနဲ့ ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီပြောတာ မှန်တယ်။ အခုချိန်မှာ စစ်တပ်ကို ပြန်စုစည်း ချင်ရင်တောင် ။ အချိန်မရှိတော့ဘူး။ ဒါကြောင့်ပဲ ယွင်ချင်းဝူက သုခမိန်တောင်တန်း မြို့တော်ကို ဒီအချိန်မှာ တိုက်ခိုက်တာပဲ။ သူမရဲ့ အစီစဉ်က အရမ်းကို ပြီးပြည့်စုံလွန်းတယ်။
ဘာတွေဖြစ်နေလဲ သူတို့ သိသွားပေမယ့်။ အချိန်နှောင်းသွားခဲ့ပြီ။ ရပ်တန့်လို့မရနိုင်တော့ဘူး။ ဒါက ကြောက်စရာ အကောင်းဆုံး အပိုင်းပဲ။
“ဖန်ကျန်းရှီ။ အကယ်၍ နတ်ဆိုးတွေက သူတို့ လာရာလမ်းမှာ ရောက်နေပြီ ဆိုရင်။ ငါ့ရဲ့ စစ်သည်တော်တွေလည်း ဘာမှ များများစားစား လုပ်နိုင်မှာ မဟုတ်ဘူး ။ နင့်မှာ တခြား ဘာအကြံဥာဏ်ရှိသေးလဲ။” ရှန်းယွီမင်းသမီး အံကြိတ်ရင်းပြောတယ်။
“ဒါပေါ့။ ငါ့မှာ တခြား အကြံဥာဏ်တွေ ရှိတယ်လေ။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။
“ ဒါဆိုလည်း ပြောတော့။” ရှန်းယွီ မင်းသမီးက ဒေါသတကြီးနဲ့ ပြောတယ်။ ဖန်ကျန်းရှီက ဆွေးနွေးပွဲရဲ့ ထိပ်ဆုံးမှာ ထိုင်နေတာ။ ပြီးတော့ ခြေထောက်ကိုလည်း စားပွဲပေါ်တင်ထားခဲ့တယ်။ “မင်း ငါ့ကို မသတ်ဘူးလား။”
“ နင်…. ဖန်ကျန်းရှီ။ အခုချိန်မှာ ဘာတွေ ဖြစ်နေလဲ နင် မမြင်ဘူးလား။ အခုချိန်က အရေးကြီးနေပြီ။ အစီအစဉ်တွေ အတိုင်း ဖြစ်မလာတော့ဘူး။ အခုကိစ္စက တောင်ပိုင်းဒေသ တစ်ခုတည်းနဲ့ ဆိုင်တာ မဟုတ်ဘူး။ အကယ်၍ ငါတို့သာ ကျသွားရင်။ ကြီးမြတ်သော ရှမင်းဆက်လည်း ကျမှာပဲ။” ဖန်ကျန်းရှီက သူမရဲ့ ထိုင်ခုံမှာ ထိုင်နေတာကြောင့်။ ရှန်းယွိ တော်တော် ဒေါသထွက်နေတာ။ ဒါပေမယ့် သူမရဲ့ ဒေါသတွေကို ပြန်သိမ်းထားလိုက်ရတယ်။
စစ်သူကြီးတွေ လည်း ရွှေရောင်သားရေပြားပေါ်မှာ ထိုင်နေတဲ့ ဖန်ကျန်ှးရီကို သူတို့တွေ့နေတယ်။ ဒါပေမယ့် အခုချိန်မှာ အပြစ်ပြုမိလို့ မဖြစ်ဘူး။ ဖန်ကျန်းရှီကတော့ ရှန်းယွီ မင်းသမီး နဲ့ စစ်သူကြီးတွေကို အပေါ်စီးကနေ ကြည့်နေတယ်။ သူကအတော်လေးကို ဘ၀င်လေဟပ်နေတာ။ ဒီတဲထဲကို ၀င်လာတဲ့ အချိန်တိုင်း ရှန်းယွီ တစ်ယောက်တည်းက ဒီခုံပေါ်မှာ ထိုင်နေတာကိုသူ တွေ့တွေ့နေတာ။ အတော်လေးကို ဘ၀င်ကိုင်နေတဲ့ ပုံပဲ။ ရည်ရွယ်ချက်မြင့်မားတဲ့ ယောကျား တစ်ယောက် အနေနဲ့။ ကြီးမြတ်သော ရှမင်းဆက် ဧကရာဇ် မင်းကိုတောင် ဒူးမထောက်တဲ့ သူက တောင်ပိုင်းဒေသ မင်းသမီး တစ်ယောက် ဖိနှိပ်တာကို ခံရအုန်းမှာလား။ အခုချိန်က လက်စားပြန်ချေရမယ့် အချိန်ပဲ။ ဒီလိုအချိန်လေး ရောက်လာဖို့ အိမ်မက် မက်ခဲ့ရတာ။ အစတုန်းကတော့ ဒါမျိုးလုပ်ဖို့ သူမကြိုးစားခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့ အချိန် မတန်သေးဘူးလေ။ အခုတော့ ဒီ အခွင့်အရေးက သူ့ အတွက်ပဲ။ ဒါမျိုးကို အရမယူတာ ရူးနေတဲ့သူပဲ ဖြစ်မှာပေါ့။
“ အော် ။ အဲ့သလိုလား။ ကြီးမြတ်သော ရှမင်းဆက်ရဲ့ ဧကရာဇ် က သူ့အင်ပါယာ အတွက် တွေးပူနေမှာပေါ့။ ငါက သာမာန် အဆင့်လေး အမတ်မင်း တစ်ယောက်ပဲ။ အခု ကိစ္စက ငါ နဲ့ နည်းနည်းလေးပဲ သက်ဆိုင်တာ။ မင်းအတွက်တော့…. မင်းသမီး ….. ဆိုတဲ့ နေရာမှာ ဆက်ပြိး ရှိနေတော့မှာ မဟုတ် ဘူး။ ” ဖန်ကျန်းရှီ ထပ်ပေါင်းပြောတယ်။
“ နင် …. ဖန်ကျန်းရှီ…. ငါ နင့်ကို သတ်မယ်။”
“ မင်းက ငါ့ကို သတ်မလို့လား။ လာစမ်းပါ။ ငါ မလှုပ်ရှားဘူး။ ကတိပေးတယ်။ ဒါပေမယ့် အရင်ဆုံး တစ်ယောက်ယောက် ကို ခေါ်ပြီး ငါ့ လည်ပင်းက သွေးတွေကို အရင်ဆေးခိုင်းလိုက်။” ဖန်ကျန်းရှီပြန်ဖြေတယ်။
“ အား.. အား… နင်တော့ ငါ့လက်ထဲမှာ သေတော့မှာပဲ။ ဖန်ကျန်းရှီ နင်ဘာလိုချင်တာလဲ။” ရှန်းယွီ မင်းသမီး အတော်လေး ဒေါသထွက်နေတယ်။ ဒေါသထွက်လွန်းလို့ ရူးမတတ်ပဲ။
“ ငါတို့ အပေးအယူတောင် မလုပ်ရသေးဘူးလေ။” ဖန်ကျန်းရှီ အေးအေးဆေးဆေး ပြန်ဖြေတယ်။
“ အပေးအယူ ဟုတ်လား။” ရှန်းယွီမင်းသမီး ဘာတွေ ဖြစ်နေလဲ နောက်ဆုံးတော့ နားလည်သွားပြီ။ တောင်ပိုင်းဒေသ သေသေရှင်ရှင် ဖန်ကျန်းရှီကတော့ ဂရုမစိုက်ဘူးပဲ။ အရှက်မရှိလိုက်တာ။ ဒီလို အခြေအနေမျိုးမှာ ဘယ်လိုများ အခွင့်ကောင်းယူရဲတာလဲ။
ရှန်းယွီမင်းသမီး စိတ်ထဲမှာ ကျိန်ဆဲနေခဲ့တယ်။ တခြားသော စစ်သူကြီးတွေလည်း ဒေါသထွက်နေတယ်။ ဒါပေမယ့် ရွေးချယ်စရာ မရှိတာကြောင့်။ ဖန်ကျန်းရှီ ပြောတာကို နားထောင်ဖို့ ဆုံးဖြတ်လိုက်ရတယ်။
“ နင် ဘာလိုချင်လဲ။” ရှန်းယွီ မင်းသမီး ဒေါသကို ထိန်းချုပ်ထားတယ်။
“ရွှေတွေ” ဖန်ကျန်းရှီ ချက်ခြင်း ပြန်ဖြေတယ်။
“ ရွှေတွေ ဟုတ်လား။” ရှန်းယွီ လှောင်ရယ်တယ်။ “နင်ဘာများ တွေးနေလဲ လို့ ငါ အံ့သြနေတာ။ နင်က လောဘကြီးတဲ့ စီးပွားရေးသမား သက်သက်ပဲ။ စိတ်မပူနဲ့။ ငါတို့မှာ တွင်းထွက် သယံဇာတတွေ များတယ်။ ရွှေတွေအတွက် စိုးရိမ်စရာမလိုဘူး။
နင် ဘယ်လောက်လိုချင်လဲ။ ရွှေသား တစ်ရာလား။ တစ်ထောင်လား။ ဟဟား။ တစ်ထောင်ပေးရမလား။ တစ်သောင်းလောက် တောင်းချင်တာလား။ ငါနင့်ကို ရွှေသား နှစ်သောင်းတောင် ပေးလိုက်အုန်းမယ်။”
“ဟဟား…. ဒီလိုလား။ ဒါဆိုရင် ငါက ရွှေတွင်းလိုချင်တယ်လို့ ပြောရင်ကော။” ဖန်ကျန်းရှီ ရယ်မောတယ်။ ရှန်းယွီမင်းသမီးလို ချမ်းသာတဲ့ လူမျိုးတွေကို သူ တကယ် သဘောကျတယ်။ ဖန်ကျန်းရှီ ရဲ့ ပြစ်မှတ်ကို ပိုပြီး ကြီးမားလာအောင် သူမပဲ လုပ်တာ။ အဆုံးသတ်ပြောရရင်။ သူမက ငတုံးပဲ။
“ရွှေတွင်း ဟုတ်လား ။ မဖြစ်နိုင်ဘူး။ ရွှေတွင်းတွေကို တော်ဝင်မိသားစုကပဲ အမြဲထိန်းချုပ်ထားတာ။ နယ်မြေကြီး ခြောက်ခုရဲ့ ခေါင်းဆောင်တွေတောင် ရွှေတွင်းကို ဖြတ်သန်းခွင့် မရှိဘူး။ နင့်ကို ဘယ်လိုလုပ် ရွှေတွင်း တစ်တွင်းပေးလို့ရမှာလဲ။” ရှန်းယွီ မင်းသမီး ဖြူဖျော့သွားတယ်။
တောင်ပိုင်းဒေသက သယံဇာတ ကြွယ်ဝတယ်။ ဒီလိုပဲ ရွှေတွင်း အချို့ကိုလည်း ပိုင်ဆိုင်ထားတယ်။ ဒီလိုဖြစ်ပေမယ့်။ ရွှေတူးခွင့်ကို တော်ဝင်မိသားစုကမဟုတ်တဲ့ တစ်ခြားသူ ဆီ တစ်ခါမှ မပေးဖူးဘူး။ ရှန်းယွီ မင်းသမီး ရဲ့ စိတ်ဆုံးဖြတ်ထားတဲ့ အကြည့်ကိုတွေ့တော့ ဖန်ကျန်းရှီ ပြုံးမိတယ်။ ဒီလောကမှာေ ရွှတွင်းဆိုတာ ဘယ်လောက်ထိ အရေးပါမှန်း ဖန်ကျန်းရှီ သိတယ်။ ဒါက ငွေထုတ်စက်လိုပဲ။ ဘယ်နိုင်ငံ ကမှ သူတို့ရဲ့ ရတနာတွေကို အပြင်လူဆီ ပေးမှာ မဟုတ်ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ လိုချင်တယ်။
ပြောရမယ်ဆိုရင်။ ယွင်ချင်းဝူရဲ့ အစီအစဉ်ကို သူ ထွင်းဖောက်မြင်ပြီးတဲ့နောက်မှာ။ ဒီအရာတွေက လောရုံနဲ့ ဖြေရှင်းလို့ မရမှန်း သူ သဘောပေါက်သွားတယ်။ သူက မထိတ်လန့်တဲ့ အပြင်။ တည်ငြိမ်လွန်းလှတယ်။ ယွင်ချင်းဝူရဲ့ အစီအစဉ်ကို ရှုပ်အောင် လှည့်ပြစ်ဖို့။
အရာအားလုံးကို လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဖို့ လိုတယ်။ အောင်မြင်အောင် လုပ်ဖို့ရာ သံသယတွေ အကုန်လုံးကို ရှင်းထုတ်နိုင်ရမယ်။ အမှားသေးသေးလေး တစ်ခုကတောင် ရှုံးနိမ့်မှုကို ဖြစ်စေလိမ့်မယ်။
ရှန်းယွီ မင်းသမီးကို စိတ်အေးစေဖို့ လိုအပ်တယ်။ နောက်ပြီးတော့ ပိုပြီး အရေးကြီးတဲ့ အကြောင်းရင်း တစ်ခုလည်းရှိတယ်။
ရှန်းယွီ မင်းသမီးက သူ့ကို လုံးဝ ဥဿုံ ယုံကြည်နေပြီ။ အရာအားလုံးကို သူ့ အစီအစဉ် အတွက် စတေးပြစ်ဖို့ အသင့်ပဲ။ ဒါကြောင့် ရွှေတွင်းတွေကို သူ လိုချင်တာ။ ( ချမ်းသာတဲ့ လူတစ်ယောက်က အံ့ဖွယ် ဆေး ဆယ်လုံးကို ၀ယ်ခဲ့တယ်။ သုံးလုံးကို စားလိုက်ပေမယ့် အာနိသင် မပြဘူး။ နောက်ထပ် သုံးလုံးကို ထပ်စားပေမယ့် အာနိသင် မပြသေးဘူး။
ဒါကြောင့် ကျန်တဲ့ လေးလုံးကို သူလွှင့်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် သူ့ရဲ့ ကံတရား တစ်ခုလုံးကို ဖြုန်းတီး ပြစ်လိုက်သလို ဖြစ်သွားရင်ကော။ အကယ်၍ သူသာဆိုရင် ဆေး ဆယ်လုံးလုံးကို စားမိမှာပဲ။ အစအနလေးတောင် ချန်မထားဘူး။
“ ငါပြောလို့ မပြီးသေးဘူး။ ရွှေတွင်း ဆယ်တွင်း ငါလိုချင်တယ်။ အကြီးဆုံးတွေကို လိုချင်တာ။” ရှန်းယွီ ပြောတာကို မကြားလိုက်တဲ့ အတိုင်း သူ ဆက်ပြောတယ်။
“ ရွှေတွင်း ဆယ်တွင်းဟုတ်လား။”
“ ဒီကောင် ရူးနေတာလား။ တစ်ခုလေးတောင် မပေးနိုင်ဘူးပြောထားတာ။ အခုတော့ ဒီကောင်က ဆယ်တွင်းလာတောင်းနေတယ်။ ပြီးတော့ အကြီးဆုံးတွေ တဲ့လား။ ငါတို့ တောင်ပိုင်း ဒေသမှာ ရွှေတွင်း ငါးဆယ်ပဲ ရှိတာ ဒီကောင် မသိဘူးလား။”
“ နေ့ခင်းကြောင်တောင် အိမ်မက်မက်ေ်နတာလား။”
စစ်သူကြီးတွေ ဒေါသကို မဖိနှိပ်ထားနိုင်တော့ဘူး။ ဖန်ကျန်းရှီကို လက်ညှိုးငေါက်ငေါက်ထိုးရင်း ကျိန်ဆဲကြတော့တယ်။
“ ဖန်ကျန်းရှီ အိမ်မက် မက်နေတာ ရပ်တော့။ နင့်ကို ရွှေတွင်းတစ်တွင်းတောင် ငါ မပေးနိုင်ဘူး။ ” ရှန်းယွီ မင်းသမီး ဒေါသ တကြီးနဲ့ အော်တယ် ။