နတ်ဘုရား မုခ်ဝ - Chapter - 417 သတိမထားမိသော တိုက်ခိုက်မှု
ဘယ်နားမှားနေလဲ ဖန်ကျန်းရှီ မတွေးတတ်တော့ဘူး။ စစ်တပ် အကြီးအကဲက ရှင်းယွမ်ကောင်းလေ။ အေးခဲ မျောက်မင်း ဒေသမှာ မနေဖို့ အမြင်ကျယ်တဲ့လူ။ နောက်ပြီးတော့။ ရှင်းယွမ်ကောင်းက သုခမိန်တောင်တန်း မြို့တော်ရဲ့ ကိစ္စတွေကိုလည်း ကြိုမြင်မှာပဲ။ ဒီလို ရွှေရောင် အခွင့်အရေးကြီးကို သူက လက်လွတ်ခံမှာ မဟုတ်ဘူး။ သူ လွတ်သွားတဲ့ နေရာ တစ်ခုခုများ ရှိနေသေးလား။ ဖန်ကျန်းရှီ နားမလည်နိုင်ဘူး။ ဒါပေမယ့် ပထမဆုံး ချက်ခြင်းဖြေရှင်းရမယ့် ပြဿနာရှိလာပြီ။ မြို့နံရံ အပြင်ဘက်မှာပဲ နေနေလို့ မရဘူး။ အကယ်၍ ကြီးမြတ်သော ရှမင်းဆက်သာ အေးခဲ မျောက်မင်းဒေသမှာ စခန်းချ ထားတုန်း ဖြစ်မယ် ဆိုရင်။ တောင်ပိုင်းဒေသ စစ်တပ် လာတိုက်မှာကို သူတို့ ကာကွယ် ထားမှာပဲ။ သုခမိန်တောင်တန်း မြို့တော်က နတ်ဆိုး ငါးသောင်း ၀န်းရံတာကို ခံထားရတယ်။ ဒါပေမယ့် ချက်ခြင်းတော့ အန္တရာယ် ရှိမှာ မဟုတ်ဘူး။ သို့ပေမယ့် ရှန်းယွီ ရဲ့ စစ်သည် ရှစ်သောင်းကလည်း အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်တာ အသေ အချာပဲ။
ယွင်ချင်းဝူရဲ့ အစီအစဉ်ကို သူ မှန်မှန် ကန်ကန်ခန့်မှန်းနိုင်ခဲ့တယ် ဆိုတာ ။ ဖန်ကျန်းရှီ သေချာတယ်။ သူ့ရဲ့ တန်ပြန်တိုက်ခိုက်မှုက ။ ကြီးမြတ်သော ရှမင်းဆက် ရဲ့ စစ်တပ်သာ အေးခဲ မျောက်မင်း ဒေသမှာပဲ ကျန်နေခဲ့ရင် အသုံးဝင်မှာ မဟုတ်တော့ဘူး။ ရက်အနည်းကြာပြီးနောက်။ နတ်ဆိုး စစ်တပ်ကြီး နှစ်ခု ပေါင်းစည်းသွားရင်။ တားမြစ်လို့ မရနိုင်တော့တဲ့ အင်အား ဖြစ်လာလိမ့်မယ်။ ဒါဆိုရင် အနိုင်ရနိုင်ချေနည်းတဲ့ ပြင်းထန်တဲ့ တိုက်ပွဲ ဖြစ်လာလိမ့်မယ်။ အကယ်၍ မြောက်ပိုင်း ဒေသ လူရိုင်းတွေသာ ဒီ အခွင့်အရေးကို ယူပြီင်္း တိုက်ခိုက်လိုက်ရင်။ ကြီးမြတ်သော ရှ မင်းဆက်က တကယ့်ကို အန္တရာယ်ထဲ ရောက်နေပြီပဲ။ အခုချိန်မှာ သူ ဘာလုပ်ရမလဲ။
ဖန်ကျန်းရှီက နိုင်ငံရေးကိစ္စတွေကို စိတ်မ၀င်စားပေမယ့် ။ သူ့နိုင်ငံ ကျရှုံးသွားမှာကိုလည်း မဖြစ်စေချင်ဘူး။ သူ့ မိသားစုကိုလည်း ဂရုစိုက်ရအုန်းမယ်။ အကယ်၍ ကြီးမြတ်သော ရှမင်းဆက်သာ ထိခိုက်ရင်။ မြောက်ရွာကိုလည်း သက်ရောက်မှု ရှိလာမှာပဲ။ စစ်မက်မီး လောင်ကျွမ်းတာမျိုး သူ မမြင်ချင်ဘူး။ ဘယ်နိုင်ငံ သားမှ ဒါမျိုး ဖြစ်စေချင်မှာ မဟုတ်ဘူး။ ဒါကြောင့် သူ အစီအစဉ် နဲ့ လှုပ်ရှားဖို့ လိုတယ်။ ဒါပေမယ့် အခုချိန်မှာ လျောင်ကျွမ်းနေတဲ့ မီးတွေနဲ့ ။ ကင်းလှည့်နေတဲ့ နတ်ဆိုးတွေကို ကူကယ်ရာ မဲ့တဲ့ အကြည့်နဲ့ ကြည့်နေခဲ့တယ်။
ဒီမှာ စစ်သည်တော် ငါးသောင်းကျော်ရှိတယ်။ အကယ်၍ သူ့ အရင်ဘ၀က စစ်ဗျူဟာတွေကို သုံးမယ် ဆိုရင်တောင်။ အရေအတွက် အရ အောင်မြင်နိုင်ချေ အရမ်းကို နည်းနေခဲ့တယ်။ ရန်သူတွေပဲ အနိုင်ရသွားလိမ့်မယ်။ လျိုပန်း တိုက်ခဲ့တဲ့ ရှင်းယွီ တိုက်ပွဲ။ ယွမ်ရှောင်ကို ချောင်ချောင် အနိုင်ရခဲ့တဲ့ တိုက်ပွဲ။ နောက်ပြီးတော့ ကျူးကောလျန်ရဲ့ ကျော်ကြားတဲ့ မြို့ပျက်ကြီး ဗျူဟာ ။ ဒါပေအယ့် အခုချိန်မှာ ဒါတွေ တစ်ခုမှ သုံးမရဘူး။ ရိက္ခာတွေကို မီးရှို့ရင်ကော။ အစီအစဉ်ကောင်းပဲ။ ဒါပေမယ့် ရိက္ခာတွေက ဘယ်နေရာမှာ ရှိတာလဲ။
မြို့ပျက်ကြီး ဗျူဟာက အစီအစဉ်ကောင်းတစ်ခု ဟုတ်တယ်။ ဒီနေရာမှာ သုံးလို့မရတာလေး တစ်ခုပဲ။ ဒီနေရာမှာ သုံးလိုက်ရင် စိစိညက်ညက် ကျေသွားလိမ့်မယ်။ ယွင်ချင်းဝူကို တစ်ပတ်ရိုက်ရင်ကော။ ဖန်ကျန်းရှီ ရဲ့ မျက်လုံးတွေ တလက်လက် တောက်ပလာတယ်။ အဲ့ဒီ့နောက် ချက်ခြင်း ပြန်မှောင်မည်းသွားတယ်။ အစကနေ ပြောရရင်။ ယွင်ချင်းဝူ ဘယ်နားရောက်နေမှန်းတောင် သူမသိဘူး။ နောက်ပြီးတော့ လေတောင်ကြား က အဖြစ်အပျက် ပြီးတဲ့နောက်။ နတ်ဆိုးတွေက သူတို့ရဲ့ တိုက်ခိုက်မှုကို မြန်မြန်လုပ်မှာ အမှန်ပဲ။ ခေါင်းကိုက်လိုက်တာ။… ဖန်ကျန်းရှီမှာ ဒါတွေကို ဖြေရှင်းဖို့ နည်းလမ်း အလုံအလောက်ရှိတယ်။ ကိစ္စတွေ ဒီ့ထက် မဆိုးလာတော့ဘူးလို့ တွေးမိပေမယ့်။ ရှန်းယွီ မင်းသမီး တစ်ယောက်လုံး သူနဲ့ ပါလာတာကို တွေးမိပြန်တယ်။ ဖန်ကျန်းရှီက သူမရဲ့ အကြံပြုချက်ကို ငြင်းပယ်လိုက်တဲ့နောက်။ ရှန်းယွီ တစ်ယောက်တည်း သွားဖို့ ဆုံးဖြတ်လိုက်တယ် ။ နောက်ထပ် ရှင်းမပြတော့ဘူး။ နံရံပေါ်ကို ခုန်တက်တယ်။
“ ငလူးပဲ။” ရှန်းယွီကို မြေပြင်ပေါ် ပြန်ဆွဲချပြီးတော့ ။ မြေပြင်ပေါ် မှောက်လျက် ဖိထားပြီး တက်ထိုင်ထား လိုက်ချင်တယ်။ ဒါပေမယ့် ရှန်းယွီ မင်းသမီးက ကိစ္စတွေကို အမြဲ ထိန်းချုပ်နေတဲ့သူ။ သူမက ခေါင်းဆောင်ပဲ။ ဒါကြောင့် ဖန်ကျန်းရှီရဲ့ အတည်ပြုချက်ကိုတောင် သူ စောင့်မနေခဲ့ဘူး။ သူမရဲ့ အစီအစဉ်ကို ပြောပြတာကတောင်။ ဖန်ကျန်းရှီကို လေးစားမှု ပြတာပဲ။
ဖန်ကျန်းရှီတွေးနေတယ်။ ( မင်းသမီးကို တစ်ယောက်တည်း လွှတ်လိုက်ရမလား။ ဒါမှမဟုတ်။ မြို့ထဲကို လိုက်ဝင်ပြီးတော့ အထဲ ရောက်မှ အစီအစဉ်ကို ပြန်စဉ်းစားရမလား။)
အခုချိန်မှာ ဖန်ကျန်းရှီ ရင်ဆိုင်နေရတဲ့ အခက်အခဲပဲ။ အခုချိန်မှာ ဆုံးဖြတ်ချက်ချဖို့က ခက်ခဲတာ မဟုတ်ဘူး။ ခိုင်မာတဲ့ အခြေခံ မရှိတဲ့ အတွက်။ မီးစင်ကြည့်ကဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေါ့။ ရှန်းယွီ မင်းသမီးက သူ့ကို တစ်ယောက်တည်း နောက်မျာ ချန်ထားခဲ့မှာ ကြောက်တာပေါ့။ နောက်ဆုံးတော့လည်း ဒါက သူ့ရဲ့ နယ်မြေပဲလေ။ သူဒီနေရာထိ ရောက်လာနိုင်တာလဲ။ ရှန်းယွီ မင်းသမီး ကြောင့်ပဲ။ သူက အင်အားကြီးကောင်းကြီးလ်ိမ့်မယ်။ ဒါပေမယ့် အသက်ဆက်ရှင်ချင်ရင်။ ရှန်းယွီ မင်းသမီးနဲ့ နေဖို့တော့ လိုတယ်။
“ ငါ့ကို စောင့်အုန်း။” ဖန်ကျန်းရှီက ရှန်းယွီ နောက်ကို လိုက်ပြီး။ မြို့ထဲကို ၀င်လာခဲ့တယ်။ ဘုရင် နဲ့ အိမ်ရှေ့စံ လုံခြုံမှု ရှိမရှိ သိချင်တာလေး တစ်ခုပဲ။ အဲ့ဒီ့နောက် အကုန်လုံးကို အဆက်ဖြတ်ခဲ့မယ်။ မြို့တော်က အရမ်းကို အန္တရာယ်များနေပြီ။ နေစမ်းပါအုန်း။ တစ်ခုခုတော့ မှားနေပြီ။ အကယ်၍ သူနဲ့ ရှန်းယွီ မင်းသမီးတောင် ၀င်လာနိုင်ရင်။ တော်ဝင်မိသားစုက ဘာလို့များ မထွက်လာနိုင်ရမှာလဲ။ ဘယ်သူကများ သူတို့ကို တားဆီးဝံ့မှာလဲ။ မဖြစ်ဘူး။ ဒါက ထောင်ချောက်တစ်ခုပဲ။
ဖန်ကျန်းရှီရဲ့ အမူအယာက ချက်ခြင်း ပြောင်းလဲသွားတယ်။ နန်းတော်ကြီးက နတ်ဆိုးတွေ ထိန်းချုပ်တာကို ခံထားရပြီ။ အပြင်မှာ ရှိတဲ့ အရာတွေက အယောင်ပြသက်သက်ပဲ။ ထောင်ချောက်ထဲကို သူ ၀င်သွားရမှာလဲ။ ဖန်ကျန်းရှီ ကြာကြာတောင် မတွေးလိုက်ရဘူး။ နန်းတော်ထဲကို ခြေချချ ခြင်းမှာပဲ။ သူမြင်လိုက်ရတဲ့ အရာကြောင့် လန့်သွားတယ်။ ကြိမ်ထည် သံချပ်ကာနဲ့ အုပ်စုကြီး တစ်စုက သူနဲ့ ရှန်းယွီ မင်းသမီးကို စိုက်ကြည့်နေခဲ့တယ်။ သူတို့တွေက ဒီနေရာကို ကင်းလှည့်နေတာ အသိအသာကြီးပဲ။ မျက်လုံးပေါင်း ဒါဇင်ချီက သူတို့ နှစ်ယောက်ကို မယုံမကြည်နိုင်စွာ ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီရဲ့ အမူအယာက မည်းမှောင်သွားခဲ့တယ်။
သူ့ကိုယ်သူ အလစ်ဝင်တိုက်မှုမှာ ဆရာတစ်ဆူလို့ ဖန်ကျန်းရှီ ခံယူထားခဲ့တာ။ ဒါပေမယ့် ဒီနေ့မှာတော့။ ရှန်းယွီ မင်းသမီးက သူ့ရဲ့ ဂုဏ်သတင်း ကို ဖျက်စီးလိုက်ပြီ။ မခုန်ချခင် နည်းနည်းလေးတောင် မစစ်ဆေးဘူး။ အနည်းဆုံးတော့ ခြေသံတွေကို နားထောင်သင့်တယ်။ အင်အားကြီးတဲ့ တစ်ယောက်ယောက်နဲ့ တွေ့သွားရင် ဘယ်လိုလုပ်မလဲ။ ကောင်းကင်ရောင်ပြန် အထွဋ်အထိပ် အဆင့်ပဲ ရှိသေးတာကို ။ တုံးအလိုက်တာ။
ဖန်ကျန်းရှီ ပြောနိုင်တာကတော့ အလစ်ဝင်တိုက်မှု ဆိုတာ အမှားတစ်ခုပဲ။ စစ်သည်တော်တွေရဲ့ အမူအယာက ဒါကို မြင်သာစေနေခဲ့တယ်။ အခုချိန်မှာ သူ ဘာလုပ်ရမလဲ။ တိုက်ခိုက်ရမလား ပြေးရမလား ။ ဒီ စစ်သည်တော်တွေက တကယ့် စစ်သည်တော်ဖြစ်နေတာလား။ ဒါမဟုတ် နတ်ဆိုးတွေလား ။ သူမသေချာဘူး။ သူတို့ရဲ့ သံချပ်ကာတွေကြောင့်။ ဖန်ကျန်းရှီက သူတို့ရဲ့ နဖူးကို မမြင်နိုင်ဘူးလေ။ ဒါကြောင့် နတ်ဆိုး မျက်လုံး နဖူးမှာ ရှိရင်တောင် သူမမြင်နိုင်ဘူး။
“ နင် ဘာကို ကြည့်နေတာလဲ။ ဆက်ပြီး ကင်းလှည့်နေစမ်း။” ကျယ်လောင်တဲ့ မောက်မောက်မာမာ အသံ ထွက်ပေါ်လာတယ်။ အနီရောင် အလင်းတန်းက ရှန်းယွီ မင်းသမီး ရဲ့ ကိုယ်မှာ တောက်ပလာတော့တယ်။ ဒါက တိမ်သဏ္ဍာန်ပဲ။ ဒီ သဏ္ဍာန်ကြောင့် ရှန်းယွီမင်းသမီးရဲ့ သရုပ်မှန် ပေါ်လာခဲ့တယ်။ ရှန်းယွီ ဘာလို့ ဒီလို လုပ်နေလဲ သူသိတယ်။ ဒါပေမယ့် သူ စိုးရိမ်တာက။ ဒီ အစောင့်တွေက နတ်ဆိုးတွေ ဖြစ်နေမှာကိုပဲ။ သူ တွေးနေတဲ့ အချိန်မှာပဲ။ အံ့ဖွယ်ရာ တစ်ခုဖြစ်လာခဲ့တယ်။
အစောင့်တွေကရှန်းယွီ ရဲ့ တိမ်သဏ္ဍာန်ကို မြင်လိုက်တယ်။ သူတို့ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီးနောက်။ ရှန်းယွီ မင်းသမီး နဲ့ ဖန်ကျန်းရှီကို လျစ်လျူရှုလိုက်တယ်။ သူတို့ ဆက်ပြီး ကင်းလှည့်တော့တယ်။ ဖန်ကျန်းရှီကတော့ မခွဲခြားနိုင်သေးဘူး။ နတ်ဆိုးတွေလား တကယ့် အစောင့်တွေလား။ နှစ်ခုလုံး ဖြစ်နိုင်တာပဲ။ အကယ်၍ သူတို့သာ အစောင့်စစ်စစ်တွေ ဆိုရင်။ ရှန်းယွီ မင်းသမီးကို မှတ်မိတာနဲ့ ဖြတ်သန်းခွင့်ပေးမှာပဲ။ အကယ်၍ နတ်ဆိုး တွေ ဖြစ်ခဲ့ရင်တော့။ ဟန်မပျက် ဆက်နေနေမှာ။ ဖန်ကျန်းရှီ မပြောနိုင်ဘူး။ သူ စိတ်ပူလာတယ်။ ဒါပေမယ့် ရှန်းယွီ ကတော့ စိတ်မပူဘူး။ ဆက်လက်ပြီး အလင်းတွေ လွှတ်နေတုန်းပဲ။
အဲ့ဒီ့နောက် ထူးဆန်းတဲ့ကိစ္စ တစ်ခုကို သူမ လုပ်တော့တယ်။ အခု ချက်ခြင်း ဖြစ်နေတာကို နားလည်သွားတဲ့ ပုံစံနဲ့ ။ ဖန်ကျန်းရှီကို ချက်ခြင်း ဆွဲပြေးတော့တယ်။ လမ်းမကြီးကနေ ပြေးတာ။ ဖန်ကျန်းရှီ ကတော့ မပျော်မရွှင် ဖြစ်နေခဲ့တယ်။ ရှန်းယွီ မင်းသမီးကို လက်လွှတ်ဖို့ ပြောချင်တယ်။ အလင်းတွေလွှတ်နေတာကို ရပ်လိုက်ပြီးတော့ ။ ပုန်းကွယ်သွားဖို့ ပြောချင်တယ်။ နောက်ဆုံးတော့လည်း။ သူမက ကောင်းကင်ရောင်ပြန် အထွဋ်အထိပ် အဆင့်မှာပဲ ရှိသေးတယ်လေ။ ဒါပေါ့။ အခုချိန်မှာတော့ သူ တစ်ခွန်းမှ မပြောဘူး။ လမ်းတစ်လျှောက်လုံးမှာ။ စောင့်ကြပ်နေတဲ့ အစောင့်တပ် ဒါဇင်ချီကို ဖြတ်သန်းခဲ့တယ်။ ဘာ အခက်အခဲ မှ မရှိခဲ့ဘူး။
ဒါပေမယ့် လမ်း တစ်လျှောက်လုံးမှာ ။ အတော်လေးကို စပ်စုခံရတယ်။ ဖန်ကျန်းရှီက အာရုံစိုက်ခံရတာ ကြိုက်ပေမယ့်။ အခုကိစ္စကတော့ အတော်လေးကို များလွန်းတယ်။ နန်းတော်က တောင်ပိုင်းဒေသ ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေသေးလား။ ဖန်ကျန်းရှီလမ်းတစ်လျှောက်လုံး လေ့လာနေခဲ့တယ်။ အကယ်၍ သူ့မှာသာ ဒုတိယ အခွင့်အရေးရှိရင်။ ရှန်းယွီကို မျက်ခြေဖြတ်ပြီး ။ ပုန်းဖို့ တနေရာရှာမယ်။ သတင်းအချက်အလက်တွေကို စုဆောင်းမယ်။ အခုလိုမျိုး နန်းတော်ထဲကို ဒုန်းစိုင်းဝင်လာတာက… သူ့အသက် အတွက် အာမခံချက် မရှိဖြစ်စေတယ်။