နတ်ဘုရား မုခ်ဝ - Chapter - 422 နှစ်သက်ဖွယ် အလှည့်အပြောင်း
ရှန်လင်းလှုပ်ရှားသွားတယ်။ တောင်ပိုင်းဒေသ ဘုရင် နဲ့ တခြား တုန်လှုပ်နေတဲ့ အမျိုးသမီး ကချေသည်တွေက။ မလှုပ်ရှားကြ သေးဘူး။ ရှန်းလင်နဲ့ ရှန်းယွီ မင်းသမီး နှစ်ယောက်လု့းက ထက်မြက်ကြတယ်။ ဖန်ကျန်းရှီက သူ့ စကားကို ပြီးဆုံးသည် အထိ မပြောသေးပေမယ့် ဒီ အခြေအနေ ကြီးကို သူတို့ နားလည်လိုက်ကြပြီ။
“ မင်းသမီးနဲ့ ကျွန်တော်မရောက်လာခင် အချိန်တည်းက စစ်သည်တော် ရှစ်သောင်းကို သံတောင်ကုန်းဒေသစီ ပို့လွှတ်ထားခဲ့ပြီးပြီ။ ဒါကြောင့် သွေးအရိပ် မြို့တော်က ထွက်လာတဲ့ နတ်ဆိုး စစ်တပ်ကြီး အလစ်ဝင်တိုက်တာကို ကာကွယ်နိုင်မှာပဲ။ အကယ်၍ ကျွန်တော့် အထင်သာ မှန်မယ်ဆိုရင်။ ရှန်းယွီ မင်းသမီး က စစ်သည်ရှစ်သောင်း ပို့လွှတ်လိုက်တဲ့ သတင်း နတ်ဆိုး မျိုးနွယ်ဆီကိုေ ရာက်သွားလောက်ပြီ။ ပြောရမှာကတော့ ….. စစ်တပ်ထဲမှာ သူလျှိုတွေရှိနေပြီ။ ”
ဖန်ကျန်းရှီက ဒီ အချိန်မှာ အဓိက အချက်ကို တည့်တည့် ပြောလိုက်တယ်။ ရှန်လင်း ချက်ခြင်း မျက်မှောင်ကြုတ်သွားတယ်။ တောင်ပိုင်းဒေသ စစ်တပ်ထဲမှာ နတ်ဆိုးမျိုးနွယ် သူလျှိုတစ်ချို့ရှိနေတာ အံ့သြစရာတော့ မဟုတ်ဘူး။ နောက်ဆုံးတော့လည်း စစ်သည် တစ်သိန်းရှိတဲ့ စစ်တပ်ကိုတောင် သူလျှိုထားနိုင်ခဲ့တာ နတ်ဆိုး မျိုးနွယ်တွေပဲလေ။ နောက်ပြီးတော့ ဆက်လက်ပြီး ၀ါးမျိုနိုင်ခဲ့တာ သူတို့ရဲ့ အစွမ်းပဲ။ နတ်ဆိုး မျိုးနွယ်က ခြိမ်းခြောက်မှုကြီး တစ်ခု ဖြစ်နေတာ အံ့သြစရာ မရှိတော့ဘူး။ ဒါပေမယ့် တောင်ပိုင်းဒေသ စစ်တပ်ထဲမှာ သူလျှိုတွေ ရောက်နေတာကတော့ ။ရှန်လင်း ရဲ့ အမှားတစ်ခုပဲ။ စစ်ပွဲကို အတော်လေး ထိခိုက်စေတဲ့ အမှားတစ်ခု။ ရှန်းယွီမင်းသမီးကတော့ တင်းမာနေခဲ့တယ်။ တပ်ထဲမှာ သူလျှို တစ်ချို့ရှိတာကို သူမသိပေမယ့်။ ဒီလို နားထောင်ရတာကတော့ သက်တောင့်သက်သာ မရှိလှဘူး။ နောက်ဆုံးတော့လည်း ဒီ စစ်သည် ရှစ်ထောင်ကို အုပ်ချုပ်သူက သူမလေ။
ဖန်ကျန်းရှီက ရှန်လင်းနဲ့ ရှန်းယွီ မင်းသမီးကို ကြည့်နေခဲ့တယ်။ နောက်တော့ တောင်ပိုင်ဘုရင်နဲ့ ၀န်ကြီးကို ကြည့်တယ်။ အဲ့ဒီ့နောက် ခေါင်းခါရင်း နဲ့ သက်ပြင်းချလိုက်တယ်။ သူ့အမူအယာကနေ ပြောချင်တဲ့ စကားကို သိလိုက်ရတယ်။ ၀န်ကြီးရဲ့ မျက်နှာ ရဲရဲနီသွားခဲ့တယ်။ ဒေါသထွက်နေတာ အသိအသာကြီး ။ သူက ကောင်စီ ခြောက်ခုထဲက တစ်ခုကို အုပ်ချုပ်ရသူ ၀န်ကြီးပဲ။
ဒါပေမယ့် အခုချိန်မှာတော့။ နိုင်ငံတကာ ဆက်ဆံရေး အတွေ့အကြုံတစ်ခုလေးတောင် မရှိတဲ့လူက သူ့ရဲ့ နည်းဗျုဟာတွေကို ဖျက်စီး ပြစ်နေတယ်။ ပိုပြီး အရေးကြီးတာ တောင်ပိုင်းဒေသ ဘုရင်နဲ့ အိမ်ရှေ့စံကလည်း သူ့ကို အပြည့်အ၀ အာရုံ စိုက်နေတာပဲ။ သူ ဘယ်လိုများ စိတ်အေးအေးနေနိုင်မှာလဲ။ ဒေါသ မထွက်ပဲ နေနိုင်မှာလဲ။
ဖန်ကျန်းရှီကတော့ ၀န်ကြီးရဲ့ ဒေါသကို လျစ်လျူရှုထားခဲ့တယ်။ အဲ့ဒီ့အစား လက်တွေကို ဝေ့ယမ်းရင်းနဲက ဘေးမှာ ရှိတဲ့ အမျိုးသမီး ကချေသည်တွေကို ဖယ်ခိုင်းလိုက်တယ်။ အစတုန်းက ၀န်ကြီး ထိုင်နေခဲ့တဲ့ ထိုင်ခုံကို သူဝင်ထိုင်တယ်။ အမျိုးသမီးတွေက သူတို့ရဲ့ ဘုရင်ကို လှမ်းကြည့်နေတယ်။ ခွင့်ပြုချက်ရပြီးတဲ့နောက်။ သူတို့က ဖန်ကျန်းရှီ နောက်မှာရှိတဲ့ စားပွဲခုံကို မရွေ့ လာခဲ့တယ်။ အဖိုးတန် ပြီး အရသာရှိတဲ့ သစ်သီးတွေနဲ့ ပြည့်နေတဲ့ ပန်းကန်ပြားတွေကို ယူလာခဲ့တယ်။ ဖန်ကျန်းရှီကတော့ ကျေနပ်နေတဲ့ပုံပဲ။ သစ်သီးကို လက်နဲ့ ယူလိုက်ပြီး တမြုံ့မြုံ့ဝါးနေခြ့တယ်။
“
“နတ်ဆိုး မျိုးနွယ်က တစ်ယောက် ချင်းတိုက်ပွဲမှာ အဓိက တိုက်နိုင်တဲ့ အရည်အချင်းမြင့် နတ်ဆိုးတွေ များတယ်။ ဒါပေမယ့် အရေအတွက်ကတော့ အမြဲတမ်းနည်းတယ်။ သွေးအရိပ်မြို့တော်က ထွက်လာတဲ့ နတ်ဆိုး စစ်တပ်ကြီးကတော့ အရေအတွက်ကော စွမ်းရည်ပါ သာလွန်မှာပဲ။ မြေမျက်နှာသွင်ပြင် အနေ အထားရပဲ သူတို့ ရှုံးနိုင်မှာ။ အကယ်၍ ငါတို့သာ သန်မာတဲ့ စစ်သည် ရှစ်သောင်းကို တပ်ပုန်းချထားလိုက်ရင်။ နတ်ဆိုးမျိုးနွယ်တွေ မြန်မြန်ဆန် ဆန် အနိုင်ယူနိုင်တော့မှာ မဟုတ်ဘူး။ ”
“ဟင်း……” ဒီစကားတွေကို ကြားပြီးတဲ့နောက်။ ရှန်လင်းနဲ့ ရှန်းယွီမင်းသမီး နှစ်ယောက်လုံး ခေါင်းငြိမ့်ကြတယ်။ တောင်ပိုင်းဒေသရဲ့ အားသာချက်က မြေမျက်နှာ သွင်ပြင်ပဲ။ နယ်မြေကြီးခြောက်ခုက ခုခံကာကွယ်ရေး အတွက်။ လွန်ခဲ့တဲ့ နှစ်ရာချီတည်းက သေချာ စီစဉ်တည်ဆောက်ထားခဲ့တာ။ နတ်ဆိုးမျိုးနွယ်တွေက စွမ်းအားနဲ့ အရေအတွက် သာလွန်ရင်တောင် ။ မြေမျက်နှာသွင်ပြင်ကိုတော့ သူတို့ မယှဉ်နိုင်ဘူး။
အကယ်၍ နတ်ဆိုး မျိုးနွယ်သာ အစောင့်အကြပ်များတဲ့ သံတောင်ကုန်းကို သိမ်းမယ် ဆိုရင်။ ကြီးမားတဲ့ ဆုံးရှုံးမှုကို ကြုံတွေ့ရမှာပဲ။
“ ကျွန်တော် ပြောခဲ့တဲ့ အတိုင်း။ နတ်ဆိုး မျိုးနွယ်မှာ အချိန်က အဓိကပဲ။ သူတို့ လမ်းပေါ်မှာပဲ အချိန် ဖြုန်းတော့မှာ မဟုတ်ဘူး။ အရှိန် အဟုန် အပြည့်နဲ့ ဆက်တိုက်ချီတက်လာမှာ။ ဒီလမ်းတစ်လျှောက်မှာ သူတိုက အင်အားကိုလုံးဝ အထိခိုက်ခံမှာ မဟုတ်ဘူး။ ဒါကြောင့် သုခမိန်တောင်တန်း မြို့တော်ကို လောလောဆယ် အလွတ်ပေးထားခဲ့တယ်။ အချိန်သုံးရက်ပေးထားတာက။ အိမ်ရှေ့စံရဲ့ အချိန်ကို နှောင့်နှေးအောင်လုပ်တာပဲ။ ဒါက နတ်ဆိုး တပ်ဖွဲ့ နှစ်ခုလုံးကိုလည်း ဆုံဆည်းစေဖို့ အချိန်ရစေလိမ့်မယ်။ ” ဖန်ကျန်းရှီက အဓိက အချက် မှာ ရပ်တန့်လိုက်တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီနေရာက လုံလောက်ပြီဆိုတာ သူသိတာကြောင့်ပဲ။
ပါးစပ်နဲ့ ထုတ်မပြောပေမယ့် နားလည်နိုင်စရာ အကြောင်းအရာတွေ အများကြီးရှိတယ်။ အစအဆုံး အသေးစိတ်ပြောပြနေတာက စိတ်ပျက်စရာ ကောင်းတယ်။ သူက ဘုရင်နဲ့ ရှန်လင်းကို အထင်ကြီးစေချင်တာ။ ရှန်လင်းကတော့ တိုက်ရိုက်မပြောသေးဘူး။ ပြောရမယ်ဆိုရင်။ ဖန်ကျန်းရှီ ပြောတဲ့ အတိုင်း။ နတ်ဆိုးမျိုးနွယ်က အချိန်လိုအပ်တယ်။ ဒါကြောင့် ဖန်ကျန်းရှီရဲ့ စကားကို တစ်ချက်လေးတောင် သူ ဖြတ်မပြောခဲ့ဘူး။ သူ့ရဲ့ ကျိုးကြောင်းဆင်ခြင် ဆုံးဖြတ်နိုင်စွမ်း နဲ့ အစီအစဉ်တွေမှာ ရှန်းလင်းရဲ့ ယုံကြည်ချက်က မြင့်မားတယ်။ သူ့အမြင်အရ။ ကြီးမြတ်သောရှမင်းဆက်က လာတဲ့ ဒီကောင်စုတ်လေးက ဘာအချက်အလက်မှ ရေရေရာရာ မရှိပဲနဲ့ အခိုင်အမာပြောနေတယ်။ အခုချိန်ထိ သူပြောခဲ့တဲ့ အရာအားလုံးက သူ့ အမြင်တွေ သက်သက်ပဲ။ ဒါပေမယ့် ရှန်းလင်းကိုယ်တိုင်လည်း ဒီမရေရာတဲ့ အချက်အလက်တွေကို ထည့်စဉ်းစားနေရတယ်။ ဘာကြောင့်လဲ ဆိုတော့။ ဖြစ်စဉ်ကြီး တစ်ခုလုံးရဲ့ သက်ရောက်မှုက ကြီးမားလွန်းတယ်လေ။ အရှုံးဆိုတာကို သူ လက်မခံနိုင်ဘူး။
ရှန်းယွီ မင်းသမီးကတော့ တိတ်ဆိတ်နေခဲ့တယ်။ အခုချိန်မှာ ခုံတစ်လုံးပေါ် ထိုင်ရင်း။ အမဲကင် က ပေါင်သားတုံးကြီးကို တမြုံ့မြုံ့ဝါးနေတဲ့ ဖန်ကျန်းရှီကို ။ စိုက်ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီ ရဲ့ ဒီ အပြုအမူတွေကို သူမ ကျင့်သားရနေပြီ။ ဒါကြောင့် ပလ္လင်ပေါ်မှာ ထိုင်နေတဲ့ သူ့ ခမည်းတော် စီကိုသာ လျှောက်လာခဲ့တယ်။ သူမ နန်းတော်ထဲကို ၀င်တဲ့ အချိန်တည်းက ။ တံခါးနားမှာ သူမ နေနေခဲ့တာ။
တောင်ပိုင်းဘုရင်ကတော့ သူ့သမီးတော်ကို ချစ်ခင်မြတ်နိုးမှု အပြည့်နဲ့ ကြည့်နေခဲ့တယ်။ ဒါပေမယ့် သူ့အကြည့်က ဖန်ကျန်းရှီပေါ်ကို ရောက်သွားတောာ့။ နူးညံ့တဲ့ အကြည့်ကနေ ။ အံ့သြ စပ်စုမှုဆီကို ပြောင်းလဲသွားခဲ့တယ်။ ထုံးစံအတိုင်း ဖန်ကျန်းရှီ အသက်ကို သူ ခန့်မှန်းနိုင်တယ်။ ငယ်ရွယ်လွန်းလိုက်တာ။ နောက်ပြီးတော့ ရှန်းယွီကလည်း သူ့ ဘေးမှာ ရှိနေတယ်။ ဒီလူငယ်လေးက ……
“ မင်းက ဘယ်သူလဲ။ အတိအကျပြောစမ်း။” ရှန်လင်းက အော်ဟစ်တယ်။ တစ်ခဏကြာ တိတ်ဆိတ်သွားပြီးနောက်။ ဖန်ကျန်းရှီ ကို ရှန်လင်းစိုက်ကြည့်နေခဲ့တယ်။ မျက်ခုံး ။ မျက်လုံး။ နှာခေါင်း ။ ပါးစပ်။ အပေါ်အောက်။ အကြိမ်ကြိမ် ပြန်ကြည့်တယ်။ ထပ်ခါ ထပ်ခါ။
“ အိမ်ရှေ့စံက ခန့်မှန်းမိနေတာ ကြာပြီ မဟုတ်ဘူးလား။” ဖန်ကျန်းရှီ ပြုံးပြရင်း နဲ့ ပြောတယ်။ အနည်းဆုံးတော့ အိမ်ရှေ့စံကို လေးစားမှုလေး ပြပါအုန်းမယ်။
“ ဟုတ်တယ်။ ငါ ခန့်မှန်းပြီးပြီ။ ကြီးမြတ်သောရှမင်းဆက်မှာ ချီကူယန် ပြီးတဲ့နောက် ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်တဲ့ အသက်အငယ်ဆုံးသူ။ နှစ်ထပ်ကွမ်း ဆက်တိုက် ချန်ပီယံ။ နောက်ပြီးတော့ ညီလာခံ အတွေးအခေါ် စာမေးပွဲမှာ နန်ကုန်းဟောင် နဲ့ ပူးတွဲပထမ ရတဲ့သူ။ မင်းက ဖန်ကျန်းရှီပဲ။” ရှန်လင်း ခေါင်ငြိမ့်ရင်းပြောတယ်။ သူ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုကြောင့် တက်လက်လက် တောက်ပနေခဲ့တယ်။
“ တတိယ အကို။ အကိုက မြို့ထဲမှာနေတာ ကြာလွန်းသွားပြီ။ ဒီကောင်က အခုဆို သဘာဝလွန် အဆင့် ရောက်နေပြီ။” ရှန်းယွီ မင်းသမီးက ၀င်မပြောချင်ပေမယ့်။ ရှန်လင်းရဲ့ စကားကို နားထောင်ပြီးတဲ့နောက်။ သူမ မအောင့်အည်းနိုင်တော့ဘူး။ ပြောပြီးတဲ့နောက်။ ရှန်းယွီ မင်းသမီးက တောင်ပိုင်းဒေသ ဘုရင်ဘေးနား မှာ လာထိုင်တော့တယ်။
“သဘာဝလွန် အဆင့်တဲ့လား ….။ ညီမလေး ပြောတာ။ ဒီကောင်က အသက်လေး ၁၅ ၁၆ နဲ့ သဘာဝလွန် အဆင့်ကို ရောက်နေပြီတဲ့လား။ ” ရှန်လင်းရဲ့ အမူအယာက ပြောင်းလဲသွားတယ်။ တစ်ခုကတော့ ထိတ်လန့်နေတာ။ နောက်တစ်ခုကတော့ အူထဲ အသည်းထဲက တုန်ခါသွားတာ။
ဘုရင်ရဲ့ အမူအယာကလည်း ပြောင်းလဲသွားခဲ့သေးတယ်။ ဒါပေမယ့် ရှန်လင်းကြောင့် လန့်တာ မဟုတ်ဘူး။ ပိုပြီး အတိအကျပြောရမယ် ဆိုရင်။ ရှန်းယွီ မင်းသမီးကို သူကြည့်နေတာ ကြောင့် အမူအယာ ပြောင်းသွားတာ။ အနီးကပ်နေတဲ့ အတွက် ။
ရှန်းယွီရဲ့ အမူအယာ ပြောင်းလဲမှုကို သူ မြင်နိုင်တယ်။ တောက်ပတဲ့ အငွေ့အသက်တွေက သူမမျက်လုံးထဲမှာ တဖျပ်ဖျပ် လက်နေခဲ့တယ်။ ဖခင်တစ်ယောက်က သူ့ရဲ့ ချစ်သမီးလေးကို ဘယ်လို နားမလည်ပဲ နေနိုင်မှာလဲ ။
ရှန်းယွီက အတော်လေးကို မာနကြီးတဲ့ လူစား။ ဒီမာနနဲ့ မောက်မာမှုက သူမရဲ့ ထူးချွန်ထက်မြက်မှုကြောင့် ဖြစ်လာတာ။ ဒါပေမယ့် ဖန်ကျန်းရှီ ပေါ်ထွက်လာတော့။ ရှန်းယွီ မင်းသမီးရဲ့ မျက်နှာက ပြောင်းလဲတဲ့ အမူအယာကိုတွေ့မြင်လိုက်ရတယ်။ သူ မလန့်ပဲ နေမလား။
“ သဘာဝလွန် အဆင့်လား။” အမျိုးသမီး ကချေသည်တွေ အားလုံး လန့်သွားခဲ့တယ်။ သူတို့ အားလုံးက သေသေချာချာ လေ့ကျင့်ခံထားရသူတွေ။ ဒါပေမယ့် ရှန်းယွီ မင်းသမီး ပြောတာ ကြားတော့ သူတို့ ချက်ခြင်းကြည့် မိကြတယ်။ တူညီတဲ့ မျိုးနွယ်စုက လူတွေ အနေနဲ့။ လူ အမျိုးအစား တစ်ခုတည်းကိုပဲ သူတို့ လေးစားကြတယ် ။
စစ်သည်တော်တွေ အင်အားကြီးမားတဲ့ စစ်သည်တော်တွေ။ ဖန်ကျန်းရှီ ရဲ့ စွမ်းအားက ဒီ အမျိုးသမီးရဲ့ စိတ်ထဲမှာ ရှိတဲ့ စစ်သည်တော်တွေထက်တောင် ကျော်လွန် နေရာယူသွားခဲ့ပြီ။ တောင်ပိုင်းဘုရင်ကတော့ အခန်းထဲကို ဝေ့၀ဲကြည့်နေခဲ့တယ်။ မြေပြင်ပေါ်မှာ လှဲလျောင်းနေတဲ့ ၀န်ကြီးကို သူမြင်တယ်။ ဒါပေမယ့် စိတ်ဝင်စားမှု ပျောက်ဆုံးသွားတာကြောင့် ခပ်မြန်မြန် အကြည့်လွှဲလိုက်တော့တယ်။
“ ငါကြားဖူးတာ။ အရှင်ဖန် က။ ညီလာခံ စာမေးပွဲရလဒ် မထွက်ခင်။ ကြီးမြတ်သော ရှမင်းဆက် ဧကရာဇ် ကိုယ်တိုင် ချီးမြှင့်ထားတဲ့ အဆင့်လေး ဓား သံတမန်လို့ သိရပါတယ်။ ဒီလို လူနဲ့ တွေ့ရတာ တကယ့်ကို ဂုဏ်ယူဏရာပါပဲ။ ဒီတောင်ပိုင်းဒေသကို ကြီးမြတ်သောရှ ဧကရာဇ် ရဲ့ အမိန့်နဲ့ အုပ်ချုပ်နေတာ အချိန်ကြာခဲ့ပြီ။ အရှင်ဖန်လို စစ်မှန်တဲ့ ဥာဏ်ကြီးရှင် ကို ငါ မတွေ့ခဲ့တာ ကြာလှပြီ။ ဒီနေ့တွေ့ဆုံရတာ တကယ့်ကို ၀မ်းသာရပါတယ်။ သံတောင်ကုန်း ဒေသက တိုက်ပွဲအမြင်ပေါ် အရှင်ဖန့်ရဲ့ အမြင်ကို သိခွင့်ရှိမလား။”
တောင်ပိုင်းဘုရင် က စကားပြောပြီးတဲ့နောက်။ ပလ္လင်ပေါ်က ထရပ်တယ်။ ဖန်ကျန်းရှီကို ဖြည်းဖြည်းချင်း ဦးညွှတ်တယ်။ သူက တကယ်ပဲ ဖန်ကျန်းရှီကို အရိုအသေပေးလိုက်တာ။ ဖန်ကျန်းရှီလည်း မြင်ပါတယ်။ ဒီလုပ်ရပ်ကနေ ရှင်ဘုရင်ရဲ့ စိတ်အကြံဥာဏ်ကို သူ သိလိုက်ရတယ်။ ဘုရင်က ကြီးမြတ်သော ရှမင်းဆက် နဲ့ ပုံမှန် ဆက်ဆံရေးထိန်းထားချင်ပုံပဲ။
ဘုရင်ရဲ့ စကားပြီးဆုံးသွားပြီးနောက်။ ရှန်လင်းရဲ့ ကိုယ်ခန္ဒာ အနည်းငယ်တုန်ယင်သွားတယ်။ သူ့ လက် ကလည်း အတော့်ကို ဖြူဖျော့သွားခဲ့တယ်။ နှုတ်ခမ်းကို ခပ်တင်းတင်း စေ့ထားခဲ့တယ်။ သူ့ စကားတွေကို ထိန်းချုပ်ထားပုံပဲ။ ဘုရင့်ဘေးမှာ ရှိနေတဲ့ ရှန်းယွီမင်းသမီးကတော့။ သူမရဲ့ မျက်လုံးနက်နက်တွေနဲ့ ဖန်ကျန်းရှီကို ဆက်တိုက် စိုက်ကြည့်နေခဲ့တယ်။
ဖန်ကျန်းရှီ သူ့လက်ထဲက အမဲပေါင်သားကင်ကြီးကို ချလိုက်ပြီ။ ပါးစပ်က ဆီတွေကို လက်ကိုင်ပ၀ါလေးနဲ့ သုတ်လိုက်တယ်။ ဒီ ကိစ္စမှာ သူ့အမြင်ကို ပြောရတော့မယ်လေ။ အခုချိန်မှာ ဆက်ပြီးတော့တိတ်ဆိတ်နေမယ်ဆိုရင် သူလည်း အမှိုက်လို ပြစ်ထုတ်ခံရလိမ့်မယ်။
“အရှင်မင်းမြတ် နဲ့။ အိမ်ရှေ့စံတို့။ စစ်သည်တော် ရှစ်သောင်းပါတဲ့ စစ်တပ်ကို လက်လွှတ်ဖို့ ပြောမယ် ဆိုရင်ကော။ ဘယ်လိုလဲ။” ဖန်ကျန်းရှီ ပြောပြီးတဲ့နောက်။ တောင်ပိုင်း ဘုရင်နဲ့ အိမ်ရှေ့စံကို စိုက်ကြည့်နေခဲ့တယ်။