နတ်ဘုရား မုခ်ဝ - Chapter - 432 သုခမိန် တစ်ဝက်
ရှန်လင်းက နန်ကုန်းဟောင်ကို မေးလိုက်ချင်တယ်။ မင်း ဘာတွေ လုပ်နေတာလဲ လို့။ ဒါပေမယ့် သူ့မှာ မေးဖို့ အခွင့်အရေး မရခဲ့ဘူး။ နန်ကုန်းဟောင်က ခုန်လွှားသွားပြီ။ စကားလေး တစ်ခွန်းတောင် မပြောခဲ့ဘူး။ နန်ကုန်းဟောင် တင် မက ။ သူ့ဘေးမှာ ရှိနေတဲ့ တခြားသော လူတွေလည်း ခုန်လွှားသွားခဲ့တယ်။ သူတို့လည်း တစ်ခွန်းမှ မပြောကြဘူး။
“ရှင်းယွမ်ကောင်းလား။” ရှန်လင်း အံ့အားသင့်သွားတယ်။ ရှင်းယွမ်ကောင်းလည်း ဒီလို လုပ်မယ်လို့ သူ မထင်ထားမိဘူး။ အဲ့ဒီ့နောက် ရှန်လင်း မလှုပ်ရှားနိုင် ဖြစ်သွားခဲ့တယ်။ နန်ကုန်းဟောင်နဲ့ ရှင်းယွမ်ကောင်း တို့ တိုက်ပွဲ မြေပြင် ထဲ ခုန်ချ သွားပြီးနောက်။ ရှင်ချင်းစွေ့ နဲ့ နဂါး တပ်ဖွဲ့ကလည်း လိုက်သွားခဲ့တယ်။ သူတို့ရဲ့ မျက်လုံး တွေက စိတ်ဆုံးဖြတ်ချက်တွေ နဲ့ ပြည့်နေခဲ့တယ်။ ရှန်လင်း သူမျက်လုံး သူ မယုံနိုင်ဘူး။
“ အရှင့်သား။ တံခါးကို ဖွင့်ပေးပါ။တောင်ဖြို တပ်ဖွဲ့ က တိုက်ခိုက်ဖို့ ပြင်ဆင်ထားပြီးပြီ”
“ကျွန်တော်တို့ကို ခွင့်ပြုပေးပါ။”
“ဂိတ်တံခါးကို ဖွင့်ပေးပါ။”
သူတို့ရဲ့ အသံတွေက ရှန်လင်းရဲ့ နားထဲမှာ ပဲ့တင့်သံတွေ ထွက်ပေါ်လာတယ်။ ရှန်းယွီ မင်းသမီး နဲ့ တောင်ပိုင်းဒေသ စစ်သည်တော်တွေ သူတို့ နားကိုတောင် မယုံနိုင်ကြဘူး။ ရှန်းလင်း လည်း ကျောက်ရုပ်တစ်ရုပ်လို ကျက်သေသေနေခဲ့တယ်။ အကယ်၍ အရင်အချိန်မှာ သာ။ ဂိတ်တံခါး ဖွင့်ပေးဖို့ သူ့ကို တောင်းဆို လာခဲ့ရင်။ နေရာမှာတင် ကွပ်မျက် ပြစ်မှာပဲ။ ဒါပေမယ့် အခုတော့ သူ မလုပ်နိုင်ဘူး။ ဓားကို မကိုင်နိုင်ရုံတင် မကဘူး။ သူတို့ စကားကို နားထောင်ပြီးတော့ ဂိတ်တံခါးကို ဖွင့်ပေးရမယ့် အခြေအနေ ဖြစ်နေခဲ့တယ်။ ပြောရမယ်ဆိုရင်။ ဒါက တောင်းဆိုနေတာ မဟုတ်ဘူး။ အမိန့်ပေးနေတာ။ ကြီးမြတ်သော ရှ မင်းဆက်က အမိန့်တော်။ သူတို့ ငြင်းဆန်နိုင်ဖို့ မစွမ်းနိုင်တဲ့ အမိန့်တော် ။
ရှန်လင်း က ရှန်းယွီ မင်းသမီးကို ကြည့်နေခဲ့တယ်။ ရှန်းယွီ ကတော့ သူ့ရဲ့ စစ်သည်တော် တွေကို ကြည့်နေခဲ့တယ်။ အခုချိန်မှာ သူတို့ရဲ့ အမူအယာက အတော်လေးကို ကွာခြားနေခဲ့ပြီ။ ဒီ့မတိုင်ခင် အချိန် တုန်းက။ တောင်ပိုင်းဒေသ စစ်သည်တော် တွေ ရဲ့ အမူအယာက စိတ်ထိခိုက် နာကျင်နေတဲ့ ပုံစံတွေ။ ဒါပေမယ့် အခုတော့။ သူတို့ကိုယ်သူတို့ ရှက်ရွံ့ နေကြတယ်။ သူတို့ရဲ့ အရှက်ရတဲ့ ခံစားချက် က သူတို့ကို တက်ကြွစေတယ်။ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ သူတို့ ဘာမဆို လုပ်ကြမှာပဲ။ သူတို့ရဲ့ ဇာတိမြေမှာ ကြီးမြတ်သော ရှမင်းဆက် ရဲ့ စစ်သည်တော်တွေက ရဲရဲဝံ့ဝံ့ တိုက်ခိုက် နေကြတယ်။ သူတို့တွေ က ဒီတိုင်း လက်ပိုက်ပြီး ကြည့်နေလို့ ဖြစ်ပါ့မလား။ ဒါဆိုရင် အရမ်း ရူးမိုက်လွန်းရာ ကျ လိမ့်မယ်။ ဒါပေမယ့် ဒီလို ရူးရူးမိုက်မိုက် လုပ် ဆောင်မှုလေးက။ တောင်ပိုင်း ဒေသ စစ်သည်တော်တွေကို စိတ်သစ် လူသစ် ဖြစ်သွားစေနိုင်တယ်။
“ ကြီးမြတ်သော ရှ မင်းဆက်က လူတွေ တောင် တိုက်ခိုက်ရဲရင်။ ငါတို့က ဘာလို့ ရှက်ရွံ့နေရမှာလဲ။”
“သေစမ်း။”
“ အရှင်မင်းသား။ ကျွန်တော် စီကျွမ်း ။ ဘ၀မှာ ဒီလို အရှက်ရတာမျိုး မဖြစ်ခဲ့ဖူးဘူး။ ကျွန်တော် ထပ် မစောင့်နိုင်တော့ဘူး။” စီကျွမ်း စကားသံ ထွက်လာတယ်။ တိုက်ပွဲမြေပြင်ထဲကို ထဲကိုသူခုန်ချ သွားတယ်။
“ ဟ ဟား…. ငါ့ကို စောင့်အုန်း။ ဒီနေ့တော့ နတ်ဆိုးတွေကို အပြုတ်တိုက် ပြစ်မယ်။” မိုးကြိုးခြင်္သေ့ကြီး နောက်ကနေ ခုန်ချသွားတယ်။ ရယ်မောရင်း နဲ့ခုန်ချသွားတာ။ အဓိက နယ်မြေမှူး နှစ်ယောက်က တိုက်ပွဲထဲကို ၀င်သွားကြပြီ။ ရှင်းယွမ်ကောင်း နဲ့ နန်ကုန်းဟောင် တို့ရဲ့ ဦးဆောင်မှု နောက်ကို လိုက်သွားကြပြီ။ တစ်ချက်လေးတောင် မတွေဝေတော့ဘူး။ အိမ်ရှေ့စံ မင်းသား ရဲ့ ခွင့်ပြုချက် ကိုတောင် သူတို့ မစောင့်ဆိုင်းကြ။ သူတို့ ဒီလို လုပ်တာ ရှန်လင်းကို မလေးစားလို့ မဟုတ်ဘူး။ ရှန်လင်း လုံးဝကို သဘောတူမယ်ဆိုတာ သူတို့ သိလို့ လုပ်တာ။ အကယ်၍ ရှန် လင်းသာ သူတို့ ရဲ့ စိတ်ဆုံးဖြတ်ချက်ကို နားမလည်ရင်။ အိမ်ရှေ့စံ နေရာ အတွက် သင့်တော်မှာ မဟုတ်တော့ဘူး ။ ရှန်လင်း ရဲ့ မျက်လုံးတွေကတော့ ပြူးကျယ်နေခဲ့တယ်။ သူ့ မျက်လုံး အိမ် တစ်ခုလုံးကို ရေခဲတွေနဲ့ ဖုံးလွှမ်းသွားတော့တယ်။ တော်နေဒိုး မုန်တိုင်းတစ်ခုလို။
“ ဂိတ်တံခါးကို ဖွင့်လိုက်။”
“အမိန့်တော် အတိုင်းပါ။”
…
သံတောင်ကုန်းဒေသ တိုက်ပွဲက သွေးချောင်းစီး တိုက်ပွဲ တစ်ခု ဖြစ်ခဲ့တယ်။ ရှန်းယွီ မင်းသမီး မျှော်လင့်ထားတာထက်ကို အတော်လေး ဆိုးဝါးလွန်းတယ်။ သူမ ခန့် မှန်းထားပြီးသား ဖြစ်ပေမယ့်။ ဘာကြောင့် ဒီလောက်ထိ မျက်လုံးပြူးနေမိတာလဲ။ စိတ်ဓာတ်စစ်ဆင်ရေး။ စိတ်ဓာတ်ခွန်အားက တိုက်ပွဲမှာ အရေးအကြီးဆုံးပဲ။ စစ်ဖြစ်ရင် စိတ်ဓာတ် ခိုင်မာတဲ့ စစ်တပ်က အနိုင်ရတာပဲ။
ယွင်ချင်းဝူ ဒါကိုကောင်းကောင်းနားလည်တယ်။ သူမက သူ့ခန္ဒာကိုယ်ကို ပြစ်မှတ် အဖြစ်သုံးပြီးတော့ ။ သူမ နောက်ကွယ်က အင်အားကို အသုံးချတယ်။ ဒီလိုလုပ်တာ ရည်ရွယ်ချက်တစ်ခုတည်း အတွက်ပဲ။ နတ်ဆိုး စစ်တပ်ကြီးရဲ့ စိတ်ဓာတ်ခွန်အားကို တက်ကြွစေဖို့ ။ ဘ၀မှာ တိုက်ခိုက်ဖူးသမျှ တိုက်ပွဲတွေထဲ။ အကြမ်းတမ်းဆုံး တိုက်ပွဲကို တိုက်ခိုက်ဖို့ လုပ်ဆောင်စေလိုက်တာ။ သူမရဲ့ စစ်တပ်ကို သိစေချင်တယ်။ သူမက သူတို့နဲ့ အတူတူ တိုက်ခိုက်နေတယ်လို့ သိစေချင်တယ်။ ဒါက ရှန်းယွီ မင်းသမီး မြင်ဖူးသမျှထဲ အကောင်းဆုံး စိတ်ဓာတ် စစ်ဆင်ရေးပဲ။ ဒီ ဗျူဟာကြောင့်ပဲ စစ်သူကြီးမု အစပိုင်းမှာ ရှုံးနိမ့်ခဲ့တယ်။ အစကနေ အဆုံးထိ။ ဖိနှိပ်ခံထားရတယ်။ မြို့ကို ခုခံတဲ့ နေရာမှာ အတော့်ကို ဆုံးရှုံးမှု များခဲ့ကြတယ်။ ဒါပေမယ့် အကောင်းဆုံး စစ်ဗျူဟာတွေကိုတောင်ပြန်လည် တိုက်ခိုက် နိုင်တဲ့ နည်းလမ်းရှိတယ်။ ပြောနိုင်တာက။ ဒီ ခုခံမှုကို တွေးဖို့ က လုပ်ဆောင်ဖို့ ထက်တောင် ပို ခက်သေး တယ်။ ရဲစွမ်းသတ္တိ။ ဒါက ယွင်ချင်းဝူရဲ့ နည်းဗျူဟာကို တိုက်ခိုက်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ သူမကို အရေအတွက် အရလည်း အနိုင်မယူနိုင်ဘူး။ စွမ်းရည်အရလည်း မတိုက်ခိုက် နိုင်ဘူး။ ဒါဆိုရင် သူ့ကို ဘယ်လိုများ အနိုင်ယူနိုင်မှာလဲ။ ရဲစွမ်းသတ္တိနဲ့ပဲ အနိုင်ပိုင်းလို့ရမယ်။ ယွင်ချင်းဝူက သူမရဲ့ ရဲစွမ်း သတ္တိကို သုံးပြီးတော့ သူမရဲ့ စစ်တပ်ကြီးကို စိတ်အား မြှင့်တင်ပေးတယ်။ အကယ်၍ တောင်ပိုင်းသားတွေသာ နတ်ဆိုးတွေကို ဆက်ပြီးတိုက်ခိုက်ချင်ရင် သူတို့ထက် ပို သတ္တိရှိရမှာ အမှန်ပဲ။ ပိုပြီး သတ္တိရှိတဲ့ သူက အနိုင်ရမယ်။ သူတို့ အနိုင်ရဖို့ လိုတယ်။
“သေစမ်း။”
သံတောင်ကုန်း ဒေသ ရဲ့ ဂိတ်တံခါး ပွင့်သွားခဲ့တယ်။ တောင်ဖြိုတပ်ဖွဲ့ က ဦးဆောင်ပြီး ထိုးထွက်တယ်။ နတ်ဆိုး စစ်တပ်ကြီးကို ရှေ့ပြေး လှံတစ်ခုလို ထိုးဖောက်တယ်။ မရေမတွက်နိုင်တဲ့ တောင်ပိုင်းဒေသ စစ်သည်တော်တွေသူတို့ရဲ့ လှံတွေကို မြှောက်ရင်း နောက်ကနေ တဟုန်ထိုး လိုက်ပါလာတယ်။ သူတို့ရဲ့ လှံတွေကို နတ်ဆိုး စစ်တပ်ကြီးဆီ ပြစ်လွှတ်လိုက်တယ်။ ဒီ လှံတွေက မြားတွေနဲ့ ရောထွေးပြီး။ ကြောက်မက်ဖွယ် သတ္တုမိုး အဖြစ် အသွင်ပြောင်းသွားတယ်။
“ သတ်ကြ။ေ တာင်ပိုင်းဒေသ ကို ကာကွယ်မယ်။” ရှန်းယွီ မင်းသမီးက တိုက်ပွဲမြေပြင်ထဲကို ခုန်ဝင်သွားတယ်။ ကျားသစ်နက်ကြီး အမဲလိုက်ဖို့ အဆင်သင့်ဖြစ်နေပြီ။ သူမရဲ့ အရေပြားက အနီရောင် တိမ်သဏ္ဍာန်တွေ အပြည့်နဲ့ မည်းနက် နေခဲ့ပြီ။ ဓားမြောင်နှစ်ချောင်းကို လက်မှာ ကိုင်ရင်း ။ နတ်ဆိုး စစ်တပ်စီကို ပြေးဝင်တယ်။
“၀ူးးး ၀ူးးး ၀ူးး”
သူမရဲ့ လက်တွေက ကြိတ်စက်တစ်ခုလို လည်ပတ်နေတယ်။ နတ်ဆိုးတွေကို အပိုင်းပိုင်းဖြတ်ပြစ်ရင်း။ ထွက်ပေါ်လာတဲ့ သွေးတွေက သူမရဲ့ ဆံပင်တွေကို စိုစွတ်စေတယ်။ ယွင်ချင်းဝူရဲ့ အမူအယာ နောက်ဆုံးတော့ ပြောင်းလဲသွားပြီ။ ရှင်းယွမ်ကောင်းနဲ့ နန်ကုန်းဟောင် တို့ တိုက်ပွဲ စစ်မြေပြင်ထဲ ခုန်ဝင်လာတာ မြင်တော့။ တိုက်ပွဲအလှည့်အပြောင်း ဖြစ်တော့မှာကို သူမ သိလိုက်တယ်။ ဒါပေမယ့် ဒီလောက် အလှည့်အပြောင်းက ဒီလောက်ကြီးမား မြန်ဆန်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ သူမ နောက်မှာ အင်အား အပြည့်ရှိတယ်။ မျိုးနွယ်စု ဆယ်ခုရဲ့ ခေါင်းဆောင်တွေနဲ့။ စစ်သည် တစ်သိန်းရှိနေတယ်။ နိုင်ငံတစ်နိုင်ငံကို ဖျက်စီးလို့ရတဲ့ အင်အားကြီး ။ ဒါပေမယ့် တောင်ပိုင်းဒေသ က အားနည်းတဲ့ နိုင်ငံ မဟုတ်ဘူး။ နယ်မြေမှူးတွေအကုန်လုံးက ပြန်လည်မွေးဖွားမှု အဆင့်တွေ။ နောက်ပြီးတော့ ရှင်းယွမ်ကောင်းနဲ့ နန်ကုန်းဟောင်ကိုလည်း လျော့တွက်လို့ မရဘူး။ ရှန်လင်း နဲ့ ရှင်းယွမ်ကောင်း က နတ်ဆိုး မျိုးနွယ်ခေါင်းဆောင် ဆယ်ယောက်ထက် အင်အားကြီးတယ်။ နန်ကုန်းဟောင် ကတော့ ။ ဒီ ခေါင်းဆောင် ဆယ်ယောက်ထဲက ဘယ်သူ့ကို မဆို အလွယ်တကူ အနိုင်တိုက်နိုင်တယ်။
ဒါ့အပြင် နဂါးတပ်ဖွဲ့ နဲ့ တောင်ဖြို တပ်ဖွဲကလည်း ရှိနေသေးတယ်။ ယွင်ချင်းဝူ သူမ အသာစီး ရနိုင်တယ်ဆိုတာ သိတယ်။ ဒါပေမယ့် အတော့်ကို ခက်ခဲမယ့် အနိုင်ရမှုမျိုး။ ဒါပေမယ့် သူမ အခုချိန်မှာ တပ်ပြန်ဆုပ်လို့ ရနိုင်အုန်းမှာလား။ လုံးဝကို မရနိုင်တော့ဘူး။ ဒီ ကိစ္စ အတွက် အချိန်အကြာကြီး စီစဉ်ထားခဲ့ရတာ။ အနိုင်ရဖို့ မျက်စိရှေ့ရောက်နေခါမှ ။ သူမ အရှုံးမပေးနိုင်တော့ဘူး။ တိုက်ခိုက်ရမယ်။ သေတဲ့ အထိ တိုက်ခိုက်ရမယ်။ ဒါက ယွင်ချင်းဝူရဲ့ ဆုံးဖြတ်ချက်ပဲ။
“ ခေါင်းဆောင်တို့ ။ စိန်ခေါ်တဲ့ သူတွေကို ရင်ဆိုင်မယ်။” သူမရဲ့ လက်တွေကို ဝေ့ယမ်း လှုပ်ရှားလိုက်တယ်။ ဒါက တိုက်ပွဲ အတွင်းမှာ သူမ ပထမဆုံး စကားပြောတာပဲ။
“ နားလည်ပါပြီ။” ၀တ်ရုံနက် နတ်ဆိုးတွေ ရဲ့ တညီတညွှတ်တည်း ပြန်ဖြေသံ ထွက်လာခဲ့တယ်။ သူတို့ရဲ့ စိတ်အင်အားက နောက်မှာ ရှိတဲ့ စစ်သည်တော် အယောက်တစ်သိန်းကို ချက်ခြင်း တက်ကြွစေတယ်။ ဒါက အတော့်ကို ရှုပ်ထွေးတဲ့ တိုက်ပွဲပဲ။ ပြန်လည်မွေးဖွားမှု အဆင့် ကျင့်ကြံသူတွေ ဒါဇင်ချီပြီး ပါဝင်နေတယ်။ စွမ်းအားတွေ အလင်းဓားတွေနဲ့ ပြည့်နေတဲ့ စစ်ပွဲကြီး တစ်ခုပဲ။ ဒီတိုက်ပွဲထဲကို ဘယ်လိုသာမာန် စစ်သည်တော် ကမှ မ၀င်နိုင်ဘူး။
ယွင်ချင်းဝူကတော့ သွေးချောင်းစီး စစ်မြေပြင်ကို အာရုံစိုက်နေတယ်။ သူမရဲ့ဘေးပတ်လည်မှာ ပျံဝဲနေတဲ့ အလင်းဓားတွေကို ကြည့်တယ်။ ဒါပေမယ့် သူမ မလှုပ်ရှားဘူး။ အလင်းဓားတွေ အပြာရောင် အလင်းတန်း ကို ထိတွေ့ ပျောက်ကွယ်သွားတာကို ခွင့်ပြုထားတယ်။ ပြန်လည်မွေးဖွားမှု ကောင်းကင်တာအို။ ဒီထဲမှာ သူမ ရပ်နေသရွေ့။ တခြားသော ဒေသတစ်ခုမှာ ရှိနေသလို။ သူမဘေးမှာ ဖြစ်ပျက်နေသမျှ အရာအားလုံးက သူမကို သက်ရောက်မှု မရှိနိုင်။ ဆယ့်ငါးမိနစ် ကုန်သွားပြီ။ တစ်နာရီ။ နှစ်နာရီ။ မရေမတွက်နိုင်တဲ့ ကိုယ်ခန္ဒာတွေ မြေပြင်ပေါ်မှာ လဲကျကုန်တယ်။ ရှုံးနိမ့်မှုက အဘက်ဘက်မှာပဲ။ သူတို့ရဲ့ သွေးတွေက မြေပြင်ပေါ်ကို စွန်းထင်းကုန်တယ်။ သွေးအိုင်လေးတွေ အဖြစ်ကို ပြောင်းလဲသွားတယ်။ စစ်သည်တော်တွေ ခြေကုန် လက်ပန်းကျနေပြီ။ ဒါပေမယ့် စစ်ပွဲကတော့ ရပ်တန့်မယ့်ပုံမပေါ်ဘူး။
တိုက်ပွဲက ဆက်ပြီးအရှိန်ကောင်းနေသရွေ့။ သူတို့လည်း အနားယူဖို့ အချိန်မရှိဘူး။ နောက်ဆုံး သွားတစ်ချောင်း လက်သည်းခွံ တစ်ခု ကျန်တဲ့ အထိ ဆက် တိုက်ခိုက်နေရအုန်းမှာပဲ။ ရှန်လင်းကို နယ်မြေမှူးတွေက ကာကွယ် ထားတယ်။ သူ့တစ်ကိုယ်လုံးတွေ ဒဏ်ရာတွေ အပြည့်။ မျက်နှာကလည်း ဖြူဖျော့နေပြီ။ ဒါပေမယ့် တိုက်ပွဲ မြေပြင်က
“ သတင်းပို့ပါတယ်။ အရှင့်သား။ မကောင်း တာ မကောင်းတာ ဖြစ်ပြီ။ နောက်…. အနောက်ဘက် ဂိတ် ကျသွားပြီ။ ” အသံတစ်သံထွက်လာခဲ့တယ်။
“ ဘာဖြစ်တယ်။ အနောက်ဂိတ် ကျသွားပြီ။ ဘယ်လို ဖြစ်နိုင်မှာလဲ။ စစ်သူကြီးတိုင် မရှိတော့လို့လား။” ရှန်လင်း မျက်နှာ ပိုပြီးဖြူဖျော့သွားတယ်။
သုခမိန်တောင်တန်း ဒေသကနေ သူလာတုန်းက။ အနောက်ဂိတ်ကနေ ၀င်လာခဲ့တာ။ ဒါကြောင့် စစ်သူကြီးတိုင် ရှိနေတာကို သူသိတယ်။ သုခမိန်တောင်တန်း ဒေသ က နတ်ဆိုး စစ်သည်တော် ငါးသောင်းက ဒီဂိတ်ကို ချောင်းမြောင်းနေခဲ့တယ်။ ဒါကြောင့် တခြားဂိတ်တွေကို စစ်ကူပေးဖို့တောင် သူ မတောင်းဆိုခဲ့ဘူး။ သူ့မှာ စစ်သည်တော် ငါးထောင်သာ ကျန်ရှိပေမယ့်။ စစ်သည်တော် နှစ်သောင်း ပြည့်အောင် ထပ်ဖြည့်ပြီး။ အနောက်ဂိတ်တံခါးကိုခုခံခိုင်းထားခဲ့တာ။ ရှန်လင်း တကယ့်ကို နားမလည်နိုင်ဘူး။ ပိုပြီး အရေးကြီးတာက။ စစ်သူကြီးတိုင်ကို သူ အထူးအမိန့်ပေးခဲ့တာပဲ။ တခြားဂိတ်တွေ အတွက် တိုက်ခိုက်စရာ မလိုဘူး။ အနောက်ဂိတ်ကို အားကုန်သုံးပြီး တောင့်ခံထားရမယ်။
“ လွန်ခဲ့တဲ့ ဆယ့်ငါးမိနစ်တုန်းက။ အနောက်ဂိတ်ကို နတ်ဆိုး အုပ်စုငယ်တစ်ခု ရောက်လာခဲ့တယ်။ စစ်သူကြီးတိုင်က အရှင့် အမိန့်အတိုင်း ခုခံနေခဲ့တာ။ ဒါကြောင့်…. ဂိတ်တံခါးကို ဖွင့်ပေးဖို့ အမိန့်ပေးခဲ့တယ်။ အဆုံး … အဆုံးမှာတော့….. အုပ်စုငယ်လေး တစ်ခု မဟုတ်ခဲ့ဘူး။ စစ်တပ်ကြီး တစ်ခုလုံး ဖြစ်နေခဲ့တယ်။ ထောင်ချောက်ထဲကို သူ ၀င်သွားခဲ့တယ်” တောင် ပိုင်းဒေသ စစ်သည်တော် အမောတကော ပြေးလာခဲ့တယ်။
“ ဘာ ။ အုပ်စုလေး ဟုတ်လား။ စစ်သည်ငါးသောင်း လာနေပြီလို့ ငါပြောခဲ့သားပဲ။ တိုင်ထင်း ဘယ်မှာလဲ။” ရှန်လင်း ဒေါသထွက်လာတယ်။
“ တိုက်ခိုက်ခံရပြီးတဲ့နောက်။ သူလည်း ပျောက်သွားပါတယ်။ ”
“ပျောက်သွားတယ် ဟုတ်လား။ မြေလှန်ပြီးတော့ ရှာရမယ်။ …. အခုတော့ နှစ်ဖက်လုံးက စစ်သည်တော်တွေကို အနောက်ဘက်က နတ်ဆိုးတွေကို ခုခံဖို့ လွှတ်လိုက်။” ရှန်လင်း အခုချိ်န်မှာ အပြစ်တင်ဖို့ မကောင်းမှန်းသိတယ်။ ဒါပေမယ့် ဒီအချက်ကိုလည်း သူလက်မခံနိုင်ဘူး။ ဒီ အရှေ့ဂိတ်ကို ခုခံဖို့ အတွက် သူတို့ လည်း အများကြီး စတေးထားရတာ။ ဒါတောင် အနောက်ဂိတ်က ကျသွားခဲ့ပြီ၊။ နှစ်ဖက် ညှပ်ပြီး တိုက်ခိုက်ခံရရင်။ တက်ကြွနေတဲ့ စိတ်ဓာတ် အင်အား ဆုံးရှုံးမှာပဲ။ နှစ်ဖက်လုံးကနေ တိုက်ခိုက်ခံရရင်။ နည်းဗျူဟာကပဲ သူတို့ကို ကယ်တင်နိုင်လိမ့်မယ်။
“ အချိန်တွေ ။ ကုန်တာ နှေးလိုက်တာ။ တောင်ပိုင်းဒေသ တကယ်ပဲ အဆုံးသတ်တော့မှာလား။” ၀င်နေတဲ့ နေလုံးကြီးကို ရှန်လင်းကြည့်နေခဲ့တယ်။ သူ့နှလုံးသား တဖြည်းဖြည်းအေးစက်လာတယ်။
…
ယွင်ချင်းဝူ က ရှန်လင်း အနားမှာ ရှိနေတာ။ သူတို့ပြောနေတဲ့ အားလုံးကို သူကြားတယ် ။
“ကြည့်ရတာ အဆုံးသတ်က နီးလာပြီ။ ဒါတောင် သူ က ဘာလို့ ဒီ ရောက်မလာသေးတာလဲ။” ယွင်ချင်းးဝူ ခပ်တိုးတိုးပြောနေတယ်။ ယွင်ချင်းဝူ နောက်မှာ ၀တ်ရုံနက်တစ်ယောက်ရှိတယ်။ ဒီ နေရာက တစ်ချိန်တုန်းကတော့ နတ်ဆိုး မျိုးနွယ်ခေါင်းဆောင် ဆယ်ယောက် နဲ့ စစ်သည် တစ်သိန်းရှိခဲ့တယ်။ ဒါပေမယ့် အခုတော့ သူတို့ အားလုံး တိုက်ခိုက်နေပြီ။ အခုတော့ အရိပ်တစ်ခုလို ရပ်တန့်နေတဲ့ လူတစ်ယောက်ပဲ ရှိနေတော့တယ်။ ပြင်းထန်တဲ့ တိုက်ပွဲ က နှစ်နာရီတိုင်တိုင် ကြာမြင့်ခဲ့ပြီ။ အော်ဟစ်သံတွေက ကောင်းကင်မှာ ပြည့်နေခဲ့တယ်။ ဒါပေမယ့် ဘယ်အလင်းဓားမှာ သူ့ စီကို ပျံမလာခဲ့ဘူး။ လူတိုင်းက သူ့ကိုရှောင်ကွင်းထားကြတယ်။ ၇ှင်းယွမ်ကောင်းတောင် ခပ်ဝေးဝေးမှာပဲ နေတာ။
ဒီ ၀တ်ရုံနက်ရဲ့ စွမ်းအားက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲ ဆိုတာ လူတိုင်းသိတယ်။ ဒါပေါ့။ သူ အခုချိန်မှာ ဘာလို့ ရှိနေတာလဲ ဘယ်သူမှ မသိကြ။ ယွင်ချင်းဝူကို ကာကွယ်ဖို့လား။ မဟုတ်ဘူး။ ရည်ရွယ်ချက်က တစ်ခုပဲ ရှိတယ်။ ခြိမ်းခြောက်မှုအင်အားကို ပြသဖို့လည်း မဟုတ်ခဲ့။ နတ်ဆိုးစစ်သည်တစ်သိန်းက ဘယ်နိုင်ငံကို မဆို ခြိမ်းခြောက်ဖို့ လုံလောက်တယ်။
“ နေ၀င်တော့မယ်။ …..”