နတ်ဘုရား မုခ်ဝ - Chapter - 460 ဘယ်လောက်တောင် အကျည်းတန်လိုက်သလဲ
“ငါပဲ သွေးလေချောက်ခြားပြီးတော့ အမြင်မှားနေတာလား။” ရှန်လင်းက မြေပြင်ပေါ်မှာ လဲလျောင်းနေတဲ့ သူကို ။ နောက်တစ်ခါ ပြန်ကြည့်လိုက်ပြန်တယ်။ သူ တကယ်ပဲ သေသွားတာလား။ ရှန်လင်း တွေးနေတဲ့ အချိန်မှာပဲ။ နန်ကုန်းဟောင်ရဲ့ ဓားက ချန့်ယန်း စီကို ရောက်သွားခဲ့ပြီ။ ကြည်လင်တဲ့ ဓား ထိပ်ဖျားကနေ အေးစက်တဲ့ အငွေ့အသက်တွေ ဖြာထွက်နေတယ်။ ထူထဲတဲ့ မြူနှင်းတွေက နန်ကုန်းဟောင်ကို ဖုံးအုပ်ထားခဲ့တယ်။ သူ့ကို အေးခဲနေတဲ့ လေထု အလွှာက ဖုံးအုပ်ထားခဲ့တယ်။ ချန့်ယန်းအပါအ၀င် လူတိုင်းက နန်ကုန်းဟောင်ကို ကြည့်နေခဲ့တယ်။
သူမမြင်နိုင်ပေမယ့် ။ တောင်ကြီးတစ်လုံးလို တည်ငြိမ်နေခဲ့တယ်။ နောက်ဆုံးတော့လည်း သူက အင်အားကြီးတဲ့ ချန့်ယန်းပဲလေ။ ဘယ်အရာကမှ သူ့ကို မရိုက်ခတ်နိုင်ဘူး။ ချန့်ယန်းရဲ့ လှုပ်ရှားမှုကတော့ရိုးရှင်းတယ်။ ကြည့်ပျော်ရှုပျော် မရှိပေမယ့်။ နန်ကုန်းဟောင်ရဲ့ ဓားကတော့ လေထဲမှာ ရပ်တန့်နေခြ့တယ်။ သုခမိန် အလင်းတန်းထဲမှာ အမိဖမ်းခံလိုက်ရသလိုပဲ။ မမျှော်လင့်ထားတဲ့ ကိစ္စ တစ်ခုမှ မရှိခဲ့ဘူး။ ဒါပေမယ့် နန်ကုန်းဟောင် ရဲ့ အမူအယာကတော့ ပြောင်းလဲသွားခဲ့တယ်။ တည်ငြိမ်နေတဲ့ ကန်ကြီးထဲကို ကျောက်တုံးကြီး တစ်လုံး ပြစ်ချလိုက်သလိုပဲ။ သူ့ ခံစားချက်တွေ ရှုပ်ထွေးလာတာ မြင်သာလွန်းလှတယ်။
နောက အချိန် ခဏတာ အတွင်းမှာပဲ။ နန်ကုန်းဟောင်ရဲ့ ဓား တုန်ခါလာတယ်။ အဲ့ဒီ့နောက် ။ သူ လွင့်ထွက်သွားခဲ့တယ်။ သုခမိန် အလင်းတန်းထဲကနေ အရှိန်ပြင်းပြင်း နဲ့ ဆွဲထုတ်ခံလိုက်ရသလိုပဲ။ တိတိကျကျ ပြောရရင်။ ဓားက သူ့အလိုလို ဖယ်ရှားသွားခဲ့တာ ။ ထူးဆန်းတဲ့ ခံစားချက်ပဲ။ ပိုပြီး ထူးဆန်းတာက။ နန်ကုန်းဟောင် ရဲ့ ဓားကို အရိပ်တွေ အများကြီး ခွဲထွက်သွားခဲ့တာပဲ။ သူ နောက်ကို လွင့်ထွက်သွားသလို။ တည်ငြိမ်ဓားရဲ့ အခွဲတွေလည်း အများကြီး ပေါ်လာခဲ့တယ်။ တစ်ခုချင်းစီ တိုင်းက မူလဓားလိုမျိုး ကြည်လင်နေခဲ့တယ်။
“ ဟမ်…” ဓားက အော်မြည်တယ်။ ဒလက်တွေလိုမျိုး လည်လာခဲ့တယ်။ ချန့်ယန်းရဲ့ ဘေးပတ်လည်မှာ လေမုန်တိုင်း တစ်ခု ဖြစ်ပေါ်လာတော့တယ်။ တစ်ချိန်တည်းမှာပဲ မြင်ကွင်းထဲကနေ နန်ကုန်းဟောင် ပျောက်ကွယ်သွားတယ်။ ဓားရဲ့ တ၀ီဝီမြည်သံတွေ ပိုပြီးတော့ သိပ်သည်းလာခဲ့တယ်။ေ၇ွှရောင် သုခမိန် အလင်းတန်းကတော့ ။ လေမုန်တိုင်းကို ခုခံပြီး တွန်းထုတ်နေခဲ့တယ် ။
မြင်နေတဲ့ သူတွေ စိတ်လှုပ်ရှားလာခဲ့တယ်။ သုခမိန်အလင်းတန်းက ဘယ်လောက်တောင် အင်အားကြီးမှန်း သူတို့ သိတယ်။ သူတို့ ကိုယ်တိုင် မျက်မြင်တွေ့ကြုံနေရတာလေ။ ဒါပေမယ့် မရေမတွက်နိုင်တဲ့ အလင်းဓားတွေက။ သုခမိန် အလင်းတန်းထဲမှာ ဆက်ပြီးတော့ ကျယ်ပြန့် လာခဲ့တယ်။ တစ်ဝက်လောက်ကတော့ အလင်းရောင် ထဲမှာ ပြန့်ကျဲကုန်သလို။ နောက်တ၀က်လောက်ကတော့။ မူလ အခြေအနေ အတိုင်း မုန်တိုင်းထဲမှာ လှည့်ပတ်နေခဲ့တယ်။ မုန်တိုင်းထက်တောင် ပိုပြီးတော့ သိပ်သည်းနေသေးတယ်။ သုခမိန် အလင်းတန်းကတော့ တဖြည်းဖြည်း ပြန်ပျောက်ကွယ်လာခဲ့တယ်။ မုန်တိုင်းကတော့ သူ့ အရှိန် အတိုင်း ဆက်ပြီးတော့ လည်ပတ်နေခဲ့တယ်။ တကယ့်ကို လန့်စရာ ကောင်းတဲ့ မြင်ကွင်းပဲ။ မုန်တိုင်း ရုပ်သိမ်းသွားတာထက် ပိုပြီးတော့ လန့်စရာကောင်းတာ ရှိနေသေးတယ။် ချန့်ယန်းရဲ့ ၀တ်ရုံမှာ အပေါက်တစ်ခု ဖြစ်သွားတာ ကြောင့်ပဲ။ သေးငယ်ပေမယ့်။ လူတိုင်း ကောင်းကောင်းမြင်နိုင်ကြတယ်။
“၀ိုး။”
နဂါးတပ်ဖွဲ့ နဲ့ တောင်ဖြိုတပ်ဖွဲ့တွေ စိတ်လှုပ်ရှားလာကြတယ်။ ချန့်ယန်း သုခမိန် ဖြစ်ပြီးတဲ့နောက်မှာ။ သူ့ကို ပထမဆုံး ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တာ။ နန်ကုန်းဟောင်ပဲ။ အနည်းဆုံးတော့။ သူ့ အကျီစကို ထိအောင် လုပ်နိုင်ခဲ့သေးတယ်။ မဟာမိတ် စစ်သည်တော်တွေ စိတ်ဓာတ် အင်အား ပြန်လည်တက်ကြွလာခဲ့တယ် ။ ရှန်လင်းရဲ့ နဖူးပေါ်မှာ ချွေးသီးချွေးပေါက်တွေ ပြည့်လာခဲ့တယ်။ နန်ကုန်းဟောင်က ဘာလို့ နောက်တန်းမှာ နေရစ်ခဲ့ရဲ လည်းဆိုတာရယ်။ သူစိန်ခေါ်တဲ့ အချိန်တုန်းက နန်ကုန်းဟောင် ပြောခဲ့တဲ့ စကားက ဘာကို ဆိုလိုလည်း ဆိုတာရယ် ။ နားလည်သွားခဲ့တယ်။ ဒါကြောင့်။ သူ့ ကျော်ရိုးထဲက စိမ့်ချမ်းလာခဲ့တယ်။
“နန်ကုန်းဟောင်။”
…
“ ကောင်းလိုက်တဲ့ တိုက်ကွက်။ တည်ငြိမ်ကို သုံးပြီးတော့ စည်းမျဥ်းတွေကို ပေါင်းစည်းပြစ်လိုက်တယ်။ ” ရှင်းယွမ်ကောင်း ကြည့်ရင်း နဲ့ ပြောနေခဲ့တယ်။
“ တည်ငြိမ်ကို သုံးပြီးတော့ စည်းမျဥ်းတွေကို ပေါင်းစည်းပြစ်တယ်။” ရှင်းယွမ်ကောင်း ပြောတဲ့ စကားကို ကြားတော့။ နဂါးတပ်ဖွဲ့ နဲ့ တောင်ဖြိုတပ်ဖွဲ့ တွေ ။ နားမလည်နိုင် ဖြစ်နေခဲ့တယ်။ အခုချိန်ကတော့ မေးဖို့ အချိန်ကောင်းမဟုတ်မှန်း သူတို့သိတယ်။
ချီကူယန်ကတော့ ကောင်းကင်ကို မော့ကြည့်နေခဲ့တယ်။ ဓားမုန်တိုင်းကို ကြည့်ရင်းနဲ့ သူမ တွေးတောနေခဲ့တယ်။ နန်ကုန်းဟောင် ဘယ်လောက်တောင် အင်အားကြီးမှန်း သိတဲ့သူ နည်းတယ်။ နန်ကုန်းဟောင်ကို သူ့မှာ ရှိသမျှ အစွမ်းကုန် အသုံးချပြီးတော့ တိုက်ခိုက်စေဖို့ ဖိအားပေးနိုင်တဲ့သူရှားပါးတယ်။ ချီကူယန်က သူတို့ ထဲက တစ်ယောက်ပဲ။
ချီကူယန် က နှစ်ထပ်ကွမ်း နဂါးချန်ပီယံ ထိပ်တန်း နေရာကို ချီကူယန် ယူလိုက်တဲ့ အချိန်တုန်းက။ နန်ကုန်းဟောင်လည်း အကောင်းဆုံး ကြိုးစား တိုက်ခိုက်ခဲ့တာပဲ။ ဒါပေမယ့် သူ ကျရှုံးခဲ့တယ်။
“ တည်ငြိမ်ကြောင့် အောင်မြင်တာ မဟုတ်ဘူး။ စည်းမျဉ်းတွေကို ကစားနိုင်လို့ပဲ အောင်မြင်တာ….။ ဒီလိုဆိုတော့…။ ငါ့မှာ ယုံကြည်ချက်တောင် မရှိတော့ဘူး။” ချီကူယန် သူမ ဘာ သူမ ပြောနေခဲ့တယ်။
“ ယန်လေး ဘာတွေ ပြောနေတာလဲ။” ပင်းယန် နားမလည်နိုင်ဘူး။
“ဘာမှ မဟုတ်ပါဘူး။” ချီကူယန် ခေါင်းခါလိုက်တယ်။
…
ကောင်းကင်မှာတော့။ ဓားတွေက တ၀ီဝီလည်နေခဲ့တယ်။ တည်ငြိမ်ဓားက ဖန်တီးနေတဲ့ ဓားမုန်တိုင်းက လေထုကို ထိန်းချုပ်ထားခဲ့တယ်။ ချန့်ယန်းက မလှုပ်ရှားဘူး။ မူလနေရာမှာပဲ ရပ်နေခဲ့တယ်။ ဒီအချိန်မှာပဲ အလင်းတန်း တစ်ခု ဖြတ်သန်းသွားခဲ့တယ်။ ချန့်ယန်းရဲ့ အကျီကို ဖြတ်သန်းပြီးတော့ အပေါက်တစ်ခု ဖြစ်သွားစေခဲ့တယ်။ အရင်တစ်ခေါက် တုန်းကတော့ ချန့်ယန်းရဲ့ အကျီလက်ကိုပဲ ဖြတ်ထွက်သွားခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့။ ဓားက သူ့ ရင်ဘတ်ကို ဖြတ်သန်းသွားခဲ့တာ။ သွေးထွက်သွားတဲ့ ပုံပဲ။ မဟာမိတ် တပ်ဖွဲ့တွေက တော့ ပျော်ရွှင်နေခဲ့တယ်။
“နန်ကုန်းဟောင်….”
“နန်ကုန်းဟောင်…”
“ …”
သူတို့ အားပေးနေခဲ့တယ်။ နတ်ဆိုးတွေရဲ့ တုံ့ပြန်မှုကတော့ ကွာခြားတယ်။ နတ်ဆိုးစစ်သည်တော်တွေကတော့ ဒေါသထွက်နေခဲ့တယ်။ နန်ကုန်းဟောင် ဘယ်ဗျူဟာကို သုံးနေကြလဲ ဆိုတာ သူသိတယ်။ ချန့်ယန်းက သုခမိန် ဖြစ်ပေမယ့်။ ချန့်ယန်း ဖြစ်နေတုန်းပဲလေ။ သူက တခြား သုခမိန်တွေနဲ့ ကွာခြားတယ်။ အသံအပေါ်ကို မူတည်ပြီးတော့ပဲ နေရာကို ခန့်မှန်းနိုင်ကြတာ။ နောက်ပြီးတော့။ သူရဲ့ ဘေးပတ်လည်က လှိုင်းတွေကို မူတည်ပြီးတော့ပဲ လှုပ်ရှားတာ။ အခုတော့ နန်ကုန်းဟောင်က နှစ်ခုစလုံးကို နှောက်ယှက်နေခဲ့ပြီ။
နောက်တစ်နည်းနဲ့ ပြောရရင်။ နန်ကုန်းဟောင်က သူ့ဓားကို ။ ချန့်ယန်းရဲ့ အမြင်အာရုံကနေ ပျောက်ကွယ်အောင် လုပ်ထားခဲ့တာ။ ထူးဆန်းတဲ့ အဖြစ်တစ်ခုကတော့။ နန်ကုန်းဟောင်ရဲ့ ဓားတွေ့ သုခမိန် အလင်းတန်း ထဲမှာ လည်ပတ်နေတာပဲ။ နန်ကုန်းဟောင် ဘယ်လိုများ လုပ်နေတာလဲ သူတို့ နားမလည်နိုင်ကြဘူး။ ဒီလိုပဲ သူတို့ မပျော်ရွှင်ကြဘူး။
“မဖြစ်နိုင်လိုက်တာ။”
သူတို့ ရဲ့ မျက်လုံးတွေက မျက်လုံးအိမ်ထဲကနေ ပေါက်ထွက်တော့မယ့် အတိုင်း ကြည့်နေခဲ့တယ်။ သူတို့တွေ အော်ဟစ်ကျိန်ဆဲလိုက်ချင်တယ်။ ဒါပေမယ့် နန်ကုန်းဟောင်ကတော့ ပညာရှိရှိ တိုက်ခိုက်နေခဲ့တာ။ စစ်ပွဲတစ်ခုမှာ အဓိက အကျဆုံး အချက်ကတော့ ။ နောက်ဆုံးရလာမယ့် ရလဒ်ပဲ။ ကြားထဲမှာ ဘာတွေ ဖြစ်ခဲ့လည်း ဆိုတာ ဘယ်သူမှ အာရုံမစိုက်ကြဘူး။
…
“မဆိုးဘူးပဲ။ နန်ကုန်းမိသားစုရဲ့ တပည့်သားတွေက။ တကယ့်ကို စိတ်မပျက်စေရဘူး…” ချန့်ယန်းရဲ့ အသံ ထွက်ပေါ်လာခဲ့တယ်။ သူ့နဖူးပေါ်က သင်္ကေတလည်း ဆက်လက်တောက်ပနေခဲ့တယ်။ နတ်ဆိုးတွေ အားလုံး ဒါကိုမြင်တော့ လန့်လာတယ်။ သူတို့တွေ ပါးစပ် အဟောင်းသား ဖြစ်ကုန်ကြတယ်။ ချန့်ယန်း ဘာလို့များ ဒါတွေ ပြောနေတာလဲ။ သူ့ရဲ့ တိုက်ခိုက်မှုကို လျော့ချနေတာနဲ့ အတူတူပဲ မလား။ သုခမိန် အလင်းတန်းရဲ့ ကာကွယ်မှုကို သူက ဘယ်လိုများ သတိလက်လွတ်ဖြစ်ရတာလဲ။ ဘယ်နတ်ဆိုးကမှ နားမလည်နိုင်ကြဘူး။ ယွင်ချင်းဝူလည်း ချန့်ယန်းကို ကြည့်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ်။
ဒီအချိန်မှာပဲ။ လေမုန်တိုင်းရဲ့ အလယ်ထဲမှာ လူရိပ်တစ်ခုပေါ်လာခဲ့တယ်။ မုန်တိုင်းထဲမှာ ပျော်ဝင်နေတဲ့ လူတစ်ယောက်ရှိနေတယ်။ သူ့လက်ထဲမှာ ဓားတစ်ချောင်း ရှိနေခဲ့တယ်။ ချန့်ယန်းရဲ့ နဖူးနဲ့ လက်မ အနည်းပဲ ကွာဝေးတဲ့ ဓားတစ်ချောင်း။ လေထဲမှာ သူ့ ရဲ့ တိုက်ခိုက်မှုကို တားဆီးတဲ့ အရာမရှိခဲ့ဘူး။ တိတ်ဆိတ်ပြီးတော့ ကြောက်မက်ဖွယ်ကောင်းတယ်။ ဒီ ဗျူဟာမှာ နာမည်တစ်ခု ရှိတယ်။ နဂါးဗျူဟာ ။
လူတိုင်းရဲ့ အကြည့်ကတော့ သူ့ ဓားပေါ်မှာ ရောက်နေခဲ့တယ်။ သူတို့တွေ အော်ဟစ် လိုက်ချင်ကြတယ်။ ဒါပေမယ့် မလုပ်နိုင်ကြဘူး။ ဓားက တကယ့်ကို မြန်ဆန်လွန်းနေတယ်လေ။ သူတို့တွေ အသံ တစ်သံတောင် မထွက်နိုင်ကြဘူး။
“ ကလန်။” ခပ်တိုးတိုး အသံတစ်ခု ထွက်လာခဲ့တယ်။ တိုက်ပွဲမှာ တကယ့်ကို အပြင်းထန်ဆုံးသော အချိန်ပဲ ။ အသံတွေ အကုန်လုံး ရပ်တန့်သွားခဲ့တယ်။ လက်နှစ်ဖက်။ ထိတွေ့သွားတယ်။ ဒီလက်နှစ်ဖက်ကြားမှာတော့။ ဓားတစ်ချောင်းရှိနေခဲ့တယ်။ နန်ကုန်းဟောင်ရဲ့ အမူအယာ ပြောင်းလဲသွားတယ်။
“ ဆရာကြီး … ခင်ဗျား….” နန်ကုန်းဟောင် မယုံကြည်နိုင် ဖြစ်နေခဲ့တယ်။ သူနှစ်ကြိမ်တောင် ကျရှုံးနေခဲ့တယ်။
“ ငါ့ နဖူးအပြင်။ တခြား ချိန်စရာ နေရာ မရှိတော့ဘူးလား။ ” ချန့်ယန်းရဲ့ အမူအယာ တည်ငြိမ်အေးဆေး နေခဲ့တယ်။ သူ့လက်ထဲက ဓားကို အသာလေး ဆုပ်ကိုင်ထားခဲ့တယ်။
“ ငါနားလည်ပြီ။” နန်ကုန်းဟောင် ခေါင်းငြိမ့်တယ်။ လူတိုင်းကတော့ တိဆိတ်နေခဲ့တယ်။ နတ်ဆိုးတွေက ပြုံးနေခဲ့တယ်။ သူတို့ တေါ မျှော်လင့်ချက် မဆုံးရှုံးသေးဘူး။
မဟာမိတ်တပ်ပေါင်းစုတွေကတော့ စိတ်ပျက်နေခဲ့တယ်။ သူတို့တွေ မျှော်လင့်ချက် ပျက်သုန်းသွားပြန်ပြီ။ ဒါက … နောက်ဆုံး အဆုံးသတ်ပဲလား။ စစ်ပွဲကြီးက ဒီနေရာမှာ အဆုံးသတ်တော့မှာလား။
“ သူ့မှာေ၇ွးချယ် စရာမရှိတော့ဘူး။ ဒါပေမယ့် ငါ့မှာတော့ ရှိတယ်။ ”
အသံတစ်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းသွားတယ်။ ဒီ အသံက ထူးထူးဆန်းဆန်းကြီးကို ကောင်းကင်ပေါ်ကနေ ထွက်လာတာ။ ကောင်းကင်ပေါ်မှာ ချန့်ယန်းနဲ့ နန်ကုန်းဟောင် နှစ်ယောက်တည်းရှိနေတာ။ တတိယလူမရှိဘူး။ ဒါပေမယ့် အသံကတော့ ကောင်းကင်ကနေ ထွက်လာတာ။ အတိအကျပြောရရင်။ ချန့်ယန်းရဲ့ နောက်ကနေ ထွက်လာတာ။ ရုတ်တရက်ကြီး ။ မမျှော်လင့်ထားတဲ့ အခြေအနေပဲ။ ချန့်ယန်း ရဲ့ အမူအယာလည်း ဖြူဖျော့ သွားခဲ့တယ်။ အသံထွက်လာတဲ့ အခြေအနေမှာပဲ ။ သူ့ဘ၀မှာ တစ်ခါမှ မခံစားဖူးတဲ့ နာကျင်မှုမျိုးကို ခံစား လိုက်ရတယ်။
“သူမှာ ရွေးချယ်စရာမရှိပေမယ့် ။ ငါ့မှာတော့ ရှိတယ်။”
ဒီအသံက သူ့ စိတ်ထဲမှာ ပဲ့တင်ထပ်နေခဲ့တယ်။ သူ့စိတ်ထဲ တကယ့်ကို ခါးသက်သက် ခံစားနေရတယ်။ သူ့မှာ လည်း အားနည်းချက်ရှိတယ်လေ။ သူ့နဖူးက သူ့ရဲ့ အဓိက အားနည်းချက်ပဲ။ သူ့ကိုယ်သူ ကာကွယ်ဖို့ တခြား ဘယ်အရာကိုမှ ရပ်တန့်မှာ မဟုတ်ဘူးလို့ သူတွေးထားခဲ့တာ။ အခုချိန်မှာတော့။ သူ့မှာ နောက်ထပ် အားနည်းချက် တစ်ခု ရှိမှန်း သိလိုက်ရတယ်။ ဘယ်သူမှ မသိနိုင်လောက်တဲ့ နေရာတစ်ခုပေါ့။ ချန့်ယန်းက နာကျင်မှုတွေကို ခံနိုင်ရည် ရှိပါတယ်။ ဒါပေမယ့် အခုတော့ သူ့ မျက်နှာ တစ်ခုလုံး နီရဲနေခဲ့ပြီ။
“ဖန်ကျန်းရှီ….” ချန့်ယန်း ရှက်ရွံ့ပြီး ဒေါသကြီး တစ်ကြီးနဲ့ အော်ဟစ်တယ်.။ သုခမိန်တစ်ယောက် အနေနဲ့။ ဒီနေရာကို ထိခိုက်ခံရမယ်လို့ မထင်မှတ်ထားမိဘူး။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ ။ နှစ်ကြိမ်တိုင်တိုင် သူ့ကို အရှက်ရအောင် လုပ်ခဲ့တယ်။ ဒေါသထွက်တယ်။ ရှက်ရွံ့တယ်။ ချန့်ယန်းရဲ့ ကိုယ်ခန္ဒာက ကောင်းကင်ပေါ်ကို ထိုးတက်သွားခဲ့သလို ။ မြေပြင်ပေါ်ကို အရှိန်ပြင်းပြင်း နဲ့ ပြုတ်ကျလာခဲ့တယ်။ တိတ်ဆိတ်သွားခဲ့တယ်။ အရင်တစ်ခေါက် တိတ်ဆိတ်မှုကတော့။ နှစ်သက် အ့သြမှုတွေကြောင့် တိတ်ဆိတ်သွားတာ။ အခု တစ်ခါကတော့ ။ ကြောက်ရွံ့ ထိတ်လန့်မှုတွေကြောင့် တိတ်ဆိတ်သွားခဲ့တာ။ ဘာကြောင့်လဲ ဆိုတော့။ အခု ဖြစ်သွားတာကို လူတိုင်းသိတယ်လေ။ ချန့်ယန်းရဲ့ နောက်မှာ ရပ်နေတဲ့ လူတစ်ယောက်ရှိနေတယ်။ အ၀တ်မဲ့ပြီးတော့ သွေး အလိမ်းလိမ်းနဲ့ ခန္ဒာကိုယ်တစ်ခု။ ဒါပေမယ့် ဒီလူရိပ်က လူတိုင်းရဲ့ ကျောရိုးထဲကို စိမ့်ချမ်းသွားစေခဲ့တယ်။ သူ့ရဲ့ လက်နှစ်ဖက်ကို ယှက်သိုင်းထားခဲ့တယ်။ နန်ကုန်းဟောင်ရဲ့ ဓားကို ချန့်ယန်း ဖမ်းခဲ့တုန်းက ပုံစံ အတိုင်းပဲ။ ဒါပေမယ့် သူကတော့ လက်ညှိုးနှစ်ချောင်းကိုပဲ ထိစပ်ထားခဲ့တာ။ တစ်ချက်တည်းနဲ့။ သူ အပေါ်ကို ရောက်သွားတယ်။
ဖန်ကျန်းရှီ က နောက်တစ်ကြိမ် လှုပ်ရှားဖို့ရာတွေဝေ မနေခဲ့ဘူး။ ဒီတစ်ကြိမ်မှာတော့။ သူ့ ခန္ဒာကိုယ်က အင်အား အကုန်လုံးကို အသုံးချလိုက်တာ။
“ တိုက်ခိုက်မယ်။”
အလုပ်ဖြစ်မယ်မှန်း သူကောင်းကောင်းသိတယ်လေ။ လူတိုင်းကတော့ ဖန်ကျန်းရှီကို စိုက်ကြည့်ရင်း မျက်လုံးပြူးနေခဲ့တယ်။ သေသွားတဲ့ လူတစ်ယောက်က ဘယ်လိုများ ပြန်ပေါ်လာနိုင်လဲလို့ သူတို့ တွေးနေကြတယ်။ သူ ဘယ်လိုများ အသက်ရှင်နေနိုင်သေးတာလဲ။
“သူမသေသေးဘူး….၊ ”
“ ဖန်ကျန်းရှီ အသက်ရှင်နေသေးတယ်။ ”
“ သူမသေဘူးလား။”
ဘယ်သူကမှ သူတို့ မျက်လုံးကို မယုံနိုင်ကြဘူး….။ ဖန်ကျန်းရှီ ဘယ်လိုများ အသက်ရှင်နိုင်သေးတာလဲ။ တာအို သစ်သီး အကြီးကြီးကြောင့်များ လား။ သူဘယ်လိုများ မျိုချလိုက်တာလဲ။ ဖန်ကျန်းရှီ အခုပဲ လုပ်လိုက်တဲ့ အတင့်ရဲလွန်းတဲ့ အပြုအမူကြောင့် ။ သူတို့ ပိုပြီး အံ့သြနေခဲ့တယ်။ အဲ့တာက သုခမိန်လေ။ သုခမိန်တစ်ယောက်ကို ဒီလို။ အရှက်မရှိတဲ့ နည်း လမ်းနဲ့ နှစ်ကြိမ်တောင် တိုက်ခိုက်ဝံ့တယ်။ ဘယ်လိုတောင် အတင့်ရဲလိုက်တဲ့ လူလဲ။ မဟာမိတပ်ပေါင်းစုတွေကတော့။ အခုသူတို့ ရှေ့မှာ ရပ်နေတဲ့ သူက ဘာမဆို လုပ်ဝံ့တဲ့ လူတစ်ယောက်လို့ တွေးထင်နေခဲ့တယ်။ ဒါပေမယ့်နတ်ဆိုးတွေ ကတော့ ဒီလို မတွေးခဲ့ပါဘူး။
“အရှက်မရှိလိုက်တာ။”
“ဘယ်လိုတောင် အတင့်ရဲလိုက်တဲ့ ကောင်လဲ။”
“ လုပ်ဝံ့လိုက်တာ။”
နတ်ဆိုး စစ်သည်တော်တွေ ဒေါသထွက်နေကြတယ်။ သူတို့ရဲ့ သုခမိန် က သူတို့ အတွေးထဲမှာ အင်အား အကြီးဆုံးဖြစ်တည်မှု တစ်ခုပဲ။ ဒါကို တောင် အရှက်တကွဲ အကျိုးနည်း ဖြစ်ရတယ်။ ပိုပြီး အရေးကြီးတာ။ ချန့်ယန်းက မြေပြင်ပေါ်ကို ဇောက်ထိုးကျလာရတာပဲ။ ဘယ်လောက်တောင် ရှက်စရာ ကောင်းလိုက်သလဲ။ ခံပြင်းစရာ ကောင်းလိုက်သလဲ။ နတ်ဆိုး စစ်သည်တော်တွေ လေးမြားတွေကို အသင့်ပြင်လိုက်ကြတယ်။ ဖန်ကျန်းရှီကို ပြစ်ချဖို့ သူတို့ တွေးနေခဲ့တယ်။
ဒါပေမယ့် သူတို့ ရဲ့ မြားတွေကို မပြစ်လွှတ်နိုင်ခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့။ မျက်လုံး တစ်စုံကို တွေ့လိုက်ရတာကြောင့်ပဲ။ ဖန်ကျန်းရှီ ရဲ့ မျက်လုံး တစ်ဖက်က ခရမ်းရောင်ရင့်ရင့် ဖြစ်နေခဲ့တယ်။ နောက်တစ်ဖက် ကတော့ အရောင်စုံတောက်ပနေခဲ့တယ်။ အနီရောင် ၊ အစိမ်းရောင်၊ အ၀ါေ၇ာင်၊ ။ အိမ်မက်ဆိုးတွေထဲမှာတောင် တစ်ခါမှ မမက်ဖူးတဲ့ ။ မတွေးမမြင်ဖူးတဲ့ ကြောက်မက်ဖွယ် မျက်ဝန်းတွေ။