နတ်ဘုရား မုခ်ဝ - Chapter - 462 သေတဲ့အထိ တိုက်ခိုက်မယ်
အဆုံးသတ်ချိန်နီးနေခဲ့ပြီ။ လူတိုင်းက တိုက်ပွဲကို ကြည့်ရင်း တောင့်တင်းနေခဲ့တယ်။ ဒီတိုက်ခိုက်မှုကြီးရဲ့ နောက်ဆုံး ရလဒ်က ဘာဖြစ်မလဲ သူတို့ သိတယ်လေ။
လူရိပ်သုံးခုက အရမ်းကို မြန်ဆန်လွန်းတယ်။ ချန့်ယန်းကို မျက်တောင်တစ်ခတ် အချိန်အတွင်းမှာပဲ ၀န်းရံလိုက်တယ်။ ဒါပေမယ့် ချန့်ယန်းကတော့ မလှုပ်ရှားဘူး။ အသက်မဲ့နေတဲ့ မျက်တွင်းဟောက်ပက်တွေနဲ့ သာ ကြည့်နေခဲ့တယ်။
အဲ့ဒီ့နောက် လူရိပ်သုံးခုက တစ်ခုတည်း အဖြစ်ကို ပေါင်းစည်းသွားတယ်။ ဓားတစ်ချောင်း။ လက်ဝါးတစ်ချက်။ လက်သီးတစ်ချက်။ ဓားက ချန့်ယန်းရဲ့ နဖူးကို ချိန်ပေမယ့် ။ ချန့်ယန်းရဲ့ ပုခုံးကို ထိပြီး အဆုံးသတ်သွားခဲ့တယ်။ သွေးတွေ ဖြာကျလာတယ်။
လက်ဝါးက ဘေးဘက်ကနေ လာတာ။ ရှင်းယွမ်ကောင်းရဲ့ တိုက်ခိုက်မှုပဲ။ သူက နောက်ကျောကို ချိန်တာ မဟုတ်ဘူး။ လည်ချောင်းကို ချိန်ထားခဲ့တာ။ ဒါပေမယ့် ချန့်ယန်းရဲ့ ရင်ဘတ်ကို ထိပြီးတော့ အဆုံးသတ်သွားခဲ့တယ်။ အရိုးကျိုးသံတစ်ချို့ထွက်လာခဲ့တယ်။ လက်သီးထိုးချက်ကတော့ ဖန်ကျန်းရှီ ဆီက လာတာ။ ဖန်ကျန်းရှီ တိုက်ခိုက်မှုကတော့ အသက်အန္တရာယ်နဲ့ သိသိသာသာကြီးကို ဝေးပါတယ်။ ဒါပေမယ့် သေလုအောင် နာမှာကတော့ အသေအချာကြီးပဲ။
ဖန်ကျန်းရှီက ချန့်ယန်းရဲ့ မျက်နှာကို ချိန်ထားခဲ့တာ။ ဒီ တိုက်ခိုက်မှုက။ ချန့်ယန်းကို သိသိသာသာ ပို နာကျင်စေဖို့ ရည်ရွယ်တာပဲ။ ဒါပေမယ့် သူ့ လက်သီးချက်က ချန့်ယန်းရဲ့ လက်ဝါးနဲ့ ထိသွားခဲ့တယ်။ ပြစ်မှတ်ကို ထိသွားလား။ မထိဘူး။
“ ဒါက ….ငါ့ကို ပြစ်မှတ်ထားနေတာ။ သူက ငါ့ကို ပြစ်မှတ်ထားနေတာပဲ။ ” သူ့ တိုက်ခိုက်မှု လွဲချော်သွားတဲ့ အချိန်မှာ။ တွေးလိုက်မိတယ်။ သူက အမြန်ဆုံးပဲ။ ဒါတောင်။ သူ့ တိုက်ခိုက်မှုကပဲ တားဆီးခံရတယ်။ ပိုပြီးအရေးကြီးတာ။ ချန့်ယန်း ရဲ့ နောက်လက်တစ်ဖက်က သူ့ရဲ့ ကိုယ်ပိုင်နေရာကို လျှပ်စီးလို အရှိန်မျိုးနဲ့ ဦးတည်လာတာကို တွေ့လိုက်ရတာပဲ။
ဖန်ကျန်းရှီ နှလုံးသားလေးထဲ တုန်ယင်သွားခဲ့တယ်။
ချန့်ယန်းက လက်စားချေချင်နေတာ ရှင်းနေပြီ။ နန်ကုန်းဟောင်နဲ့ ရှင်းယွမ်ကောင်းတို့ ရဲ့ တိုက်ခိုက်ချက်တွေကို မခုခံပဲနဲ့။ ဖန်ကျန်းရှီကို နာကျင်အောင်လုပ်ဖို့ တွေးနေခဲ့တယ်။ ဖန်ကျန်းရှီ ဒါမျိုး တိုက်ခိုက်မှု မလိုချင်ဘူး။ သူ့ ခြေထောက် နှစ်ဖက်ကို စေ့လိုက်တယ်။ ဒီနေရာကို အထိခံရမှာထက်။ သေသာ သေလိုက်ချင်တယ်။ ဘာကြောင့်လဲ ဆိုတော့။ သူကိုယ်တိုင် တီထွင်ထားတဲ့ အကွက်နဲ့တော့ အတိုက်ခိုက် မခံချင်ဘူးလေ။
“ သတိထား။…”
ဒီ အချိန်မှာပဲ ။ ရှင်းယွမ်ကောင်းရဲ့ အသံ ကို သူ့ အနားမှာ ကြားလိုက်ရတယ်။ ကျယ်လွန်းလို့ ဖန်ကျန်းရှီ ရဲ့ နားတွေတောင် အူထွက်သွားခဲ့တယ်။ ရှင်းယွမ်ကောင်းက သူ့ကို သတိပေးမှန်း သိတယ်။ ဒါပေမယ့် ချန့်ယန်းရဲ့ တိုက်ခိုက်မှုကို သူ ကြိုမြင်ထားခဲ့ပြီးပြီ။ သူ… ရှင်းလင်းအောင် လုပ်သင့်လား။
ဒီ အချိန်မှာပဲ ရွှေရောင် အလင်းတန်း တစ်ခု။ ထွက်ပေါ်လာခဲ့တယ်။ နေရောင်ခြည်လိုပဲ။ ပုံ မှန် သုခမိန် အလင်းတန်း ထက်ကို အများကြီး တောက်ပတယ်။
“ဖန်ကျန်းရှီ ….” ဒေါသတကြီးနဲ့ အော်သံကြီးထွက်ပေါ်လာတယ်။ တစ်ခုခု လွဲ နေပြီဆိုတာ ဖန်ကျန်းရှီ သိလိုက်တယ်။ သူတွေဝေသွားတယ်။ ထွက်ဖြေးဖို့ ပြင်တယ်။ နောက်ဆုံးတော့လည်း ချန့်ယန်းက သူ့ကို ပြစ်မှတ်ထားနေတာလေ။ ဒါပေမယ့် နောက်ကျလွန်းသွားခဲ့ပြီ။ သူ့ရင်ဘတ်အပေါ်ကို လာဖိတဲ့ ဖိအား ကို ခံစားလိုက်ရတယ်။
ရင်ဘတ်ဆိုတာ။ နတ်ဆိုးမျက်လုံးလိုပဲ လူသားတွေရဲ့ အားနည်းချက်တစ်ခုပဲ။ သူ ခေါင်းငုံ့ကြည့်လိုက်တော့ ။ လက်ဝါး တစ်ဖက်ကို ဟိုနေရာမှာ တွေ့လိုက်ရတယ်။ ဒီလက်ဝါး က နေရာမှားပြီးတော့ ရောက်လာတာလား။
ဒါမှဟုတ် ချန့်ယန်းက ဒီ နေရာကို တကယ်တိုက်ခိုက်မှာလား။ ပရိယာယ်ဆင်နေတာလား။
ဖန်ကျန်းရှီ ရဲ့ နဖူးကနေ ချွေးသီးချွေးပေါက်တွေ စီးကျလာတယ်။ အတွေ့အကြုံက စကားပြောတယ်လေ။ သုခမိန်တစ်ယောက်က ဒီလိုနည်းလမ်းမျိုး သုံးပြီးတော့ တိုက်ခိုက်မယ်လို့ မထင်ထားခဲ့မိဘူး။
အရှက်တကွဲဖြစ်နေတဲ့ သုခမိန်က ။ ဘယ်လိုများ သည်းခံနိုင်မှာလဲ။ ဖန်ကျန်းရှီက ချန့်ယန်းရဲ့ သည်းခံနိုင်စွမ်းကို အထင်သေးမိသွားပြီ။ ချန့်ယန်း….။ ယွင်ချင်းဝူ သူ့ကို မတွေ့ခင်အချိန်ထိ။ နှစ်တွေ အများကြီး အမှောင်ထဲမှာ ပုန်းကွယ်နေခဲ့တာ။ သူ့ရဲ့ သည်းခံနိုင်စွမ်းက သာမန်လူတွေ နားမလည် နိုင်လောက်အောင် မြင့်လွန်းတယ်။
“ ဘွန်း။”
ကျယ်လောင်တဲ့ ပေါက်ကွဲသံ ထွက်ပေါ်လာတယ်။ ရွှေရောင် အလင်းတန်း က ကောင်းကင်ကို ထိုးတက်သွားခဲ့သလို။ လေမုန်တိုင်းကိုလည်း ဖျက်စီးသွားခဲ့တယ်။
“-ျီးပဲ” နန်ကုန်းဟောင်ပါးစပ်ကနေ သွေးတွေ အန်ကျလာတယ်။ သူ့ဓားကို ဆက်ပြီးတော ကိုင်ထားခဲ့တယ်။ ဒါပေမယ့် သူကတော့ အဝေးကို လွင့်စင်သွားခဲ့တယ်။
လူတိုင်းလည်း လွင့်စင်သွားခဲ့တာ။ ရှင်းယွမ်ကောင်းလည်း ချက်ခြင်း နောက်ဆုတ်ခဲ့တယ်။
ဒါပေမယ့်ေ၇ွှရောင် အလင်းတန်းက သူ့ရင်ဘတ်ကို တည့်တည့်ထိသွားခဲ့တယ်။ အရိုးတွေ ကျိုးကြေကုန်တဲ့ အသံက သူ့ကို ဖြူဖျော့သွားစေတယ်။
ချန့်ယန်း …. သုခမိန်… ။ အရှက်တကွဲ ဖြစ်အောင် စော်ကားခံရတာကို သူမမှုဘူး။ တိုက်ခိုက်မှုတွေ အကုန် လုံးကို ခံယူပြီးတော့ သူတို့ တွေ အားလုံးကို တစ်ချက်တည်း နဲ့ အနိုင်ယူ ပြစ်တယ်။ ဒါက ဖန်ကျန်းရှီ မတွက်ချက် ထားခဲ့တဲ့ အရာတစ်ခုပဲ။ ရှင်းယွမ်ကောင်းကတော့ လွင့်ထွက်သွားခဲ့တယ်။ ဖန်ကျန်းရှီ လည်း နောက်ဆုတ်ချင်ပါတယ်။ ဒါပေမယ့် ချန့်ယန်းက သူ့လက်ကို ဆွဲထားခဲ့တယ်။ အသက်မဲ့ မျက်လုံးတွေက သူ့ရဲ့ စိတ်ဝိဥာဉ် အထဲကို ထိုးဖောက်ကြည့်နေသလိုပဲ။
အဲ့ဒီ့ အချိန်လေး အတောတွင်းမှာ။ ဖန်ကျန်းရှီ ရဲ့ စိတ်ထဲ မ ရေမတွက်နိုင်တဲ့ အတွေးတွေ ပေါ်လာခဲ့တယ်။ အခုတော့ သူ သေဖို့ အချိန်ကို နီးလာပြီ။
“ ငါတို့ နှစ်ယောက်လုံးကို သတ်ချင်နေတာလား။” ဖန်ကျန်းရှီ ရဲ့ ရင်ဘတ်မှာ ပြင်းထန်တဲ့ အင်အားလှိုင်းကြီးကို ခံစားနေရတယ်။ သူ့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူး။ သူပြန်မတိုက်ခိုက်ရင်။ သေရတော့မယ်။ တိုက်ခိုက်ရမယ်။ သူ အံကြိတ်လိုက်တယ်။
ရင်ဘတ်က လက်ဝးကို လျစ်လျူရှုလိုက်တယ်။ နောက် လက်တစ်ဖက်ကို သုံးလိုက်ရင်း။ ချန့်ယန်းကို လက်သီးနဲ့ ထိုးလိုက်တယ်။ သူ့စိတ်ထဲမှာ အတွေးတစ်ခုပဲ ရှိတယ်။ ချန့်ယန်းကို ထိအောင်လုပ်ရမယ်။
“ ဘန်း။”
ဒီ တစ်ခေါက် တိုက်ခိုက်မှုက ရိုးရှင်းတယ်။ ချန့်ယန်းရဲ့ ရင်ဘတ်ကို တည့်တည့် ထိသွားတယ်။ အရိုး အများစုကို ကျိုးသွားစေခဲ့တယ်။
ဒါပေမယ့် ချန့်ယန်းကတော့ မလှုပ်ရှားဘူး။ ဖန်ကျန်းရှီကိုပဲ ဆက်ပြီးတော့ စိုက်ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီင်္ သူ့ကို နာကျင်အောင် လုပ်နေတာကို လွှတ်ထားခဲ့တယ်။
သုခမိန် အလင်းတန်းက တောက်ပနေခဲ့တယ်။ နေ့လည်ခင်းမှာ ပူပြင်းနေတဲ့ နေမင်းလိုမျိုး တောက်ပ ပူပြင်းနေခဲ့တယ်။ ကောင်းကင်ကိုတောင်ေ၇ွှရောင် ပြောင်းသွားစေခဲ့တယ်။
သုခမိန် အလင်းတန်းက သူ့ဆီ နီးကပ်လာတာကို ။ ဖန်ကျန်းရှီ ခံစားမိနေတယ်။ အလင်းတန်းက သူ့ကို စုပ်ယူပြစ်ချင်နေတဲ့ အတိုင်းပဲ။
သူ့ ကိုယ်ထဲက လောင်ကျွမ်းမှုလည်း ပိုပြီးတော့ သိပ်သည်းလာခဲ့တယ်။ အရင် တစ်ခါမှ မရှိခဲ့ဖူးတဲ့ အင်အားတွေ သူ့မှာ အခု ရှိလာသလိုပဲ ။ ဒါပေမယ့် အခုသူ ကြုံနေရတာက အန္တရာယ်ကြီး။ ဘ၀မှာ တစ်ခါမှ မကြုံဖူးတဲ့ အန္တရာယ်ကြီး တစ်ခု။
သုခမိန်။ ဒါက သုခမိန်တစ်ယောက်ရဲ့ စွမ်းအားလား။
သူ့မှာ ရှိသမျှ တာအို သစ်သီးတွေ အားလုံးကို စားပြစ်လိုက်တဲ့ အပြင်။ အဆုံးမဲ့ လောကိုတောင် ထိန်းချုပ်ထားတာက တောင်။ သုခမိန်တစ်ယောက်ကို အနိုင်မယူနိုင်သေးဘူးလား။ သူ ဒီ ကိစ္စကို လက်မခံနိုင်ဘူး။ ဘယ်လိုရလဒ်ပဲ ဖြစ်လာပါစေ။
ဖန်ကျန်းရှီ သူ့ရဲ့ အစွမ်းအကုန်လုံးကို ထုတ်သုံးဖို့ ဆုံးဖြတ်ထားခဲ့တယ်။
သူ့မှာ နောက်ဆုံး ၀ှက်ဖဲ တစ်ခု မှ မရှိတော့တဲ့ အထိ။ အခုတော့။ အနိုင်ရဖို့ အတွက် တစ်ဘ၀လုံးကိုတောင် ရင်းဖို့ လိုလာခဲ့ပြီ။ ဖန်ကျန်းရှီ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ သူ့ရဲ့ နောက်ဆုံး တိုက်ခိုက်မှု အတွက် အသင့်ဖြစ်နေခဲ့ပြီ။
“ အား…..။ သွားသေလိုက်တော့။” ဖန်ကျန်းရှီ အော်ဟစ်တယ်။
အဲ့ဒီ့နောက်။ ထူးဆန်းတဲ့ ခရမ်းရောင် အလင်းတန်းက ကောင်းကင်ကို ထိုးတက်သွားခဲ့တယ်။ သုခမိန် အလင်းတန်းထဲမှာတောင် ။ ထင်ထင်ရှားရှားကြီး မြင်နေခဲ့ရတယ်။ ခရမ်းရောင် အလင်းတန်းကြီးရဲ့ ဘေးမှာ တခြား အရောင်စုံ ၀န်းရံထားခဲ့တယ်။ အနီရောင်။ အစိမ်းရောင်။ အ၀ါရောင်။
“ခဘွန်း။”
ဒီ အချိန်မှာပဲ မြေပြင်ကြီး နှစ်ခြမ်းကွဲသွားခဲ့တယ်။ ပင့်ကူမျှင်လို အက်ကွဲကြောင်းတွေက နေရာ အနှံ့ကို ပျံ့သွားတော့တယ်။ ကောင်းကင်ကြီးလည်း တုန်ယင်လာတယ်။ အက်ကွဲကြောင်းတွေက ကောင်းကင် အထိကို ထိုးတက်လာတယ်။ အမှောင်ထုကြီးက အလင်းတန်း အများစုကို ၀ါးမျိုးသွားခဲ့တယ်။
“ ဘာတွေ ဖြစ်နေတာလဲ။ ”
“ အဲ့တာ ဘာကြီးလဲ။”
“ ဒါက …” နတ်ဆိုးတွေ ဖြစ်နေတဲ့ ကိစ္စကြောင့်။ တကယ့်ကို ထိတ်လန့်နေခဲ့တယ်။ မဟာမိတ် စစ် သည်တော်တွေလည်း မျက်လုံးပြူးနေခဲ့တယ်။ ဖြစ်သွားတဲ့ ကိစ္စတွေက မြန်လွန်းတယ်လေ။ သတိဝင်ဖို့ အချိန်တောင် မရလိုက်ဘူး။ ဘာတွေ ဖြစ်ကုန်တာလဲ။ ရလဒ်က ဘာဖြစ်မလဲ။ ဘယ်သူမှ မသိဘူး။
ရွှေရောင် သုခမိန် အလင်းတန်းထဲမှာ ။ ခရမ်းရောင် အလင်းတန်း ကြီး တစ်ခု ထိုးတက်သွားတာကိုပဲ မြင်နေရတယ်။ အခုတော့။ မြေပြင်ကလည်း တုန် ခါသွားသလို။ သဲတွေ ဖုန်တွေ ကျောက်တုံးတွေကလည်း ကောင်းကင်ကို ထိုးတက်နေပြီ။ သစ်ပင်တွေ။ နံရံတွေနဲ့ ခန္ဒာကိုယ်တွေလည်း မြင့်တက်လာခဲ့တယ် ။
“ ဒါက …”
“ အဆုံးမဲ့လောက ပျက်သုန်းသွားတာ များလား။”
“ မကောင်းတော့ဘူး။”
မဟာမိတ် စစ်သည်တော်တွေ ဖြစ်နေတာကို သိတော့ ထိတ်လန့်ကုန်ကြတယ်။ တိုက်ခိုက်နေတဲ့ လူရိပ်နှစ်ခုကို သူတို့ ကြည့်နေခဲ့တယ်။ ဒါပေမယ့် လူရိပ်နှစ်ခုကတော့ ပျောက်ကွယ်သွားခဲ့ပြီ။ သူတို့တွေကို ဖုန်မှုန့်တွေကပဲ ၀န်းရံထားခဲ့တယ်။
ေ၇ွှရောင် သုခမိန် အလင်းတန်းနဲ့။ ထူးဆန်းတဲ့ ခရမ်းရောင် အလင်းတန်း လည်း ပျောက်ကွယ်သွားခဲ့ပြီ။ ငွေရောင် အလင်းတန်းက လူနှစ်ယောက် ရပ်နေခဲ့တဲ့ နေရာမှာ တောက်ပလာတယ်။ အဲ့ဒီ့နောက် အလင်းရောင် ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်လာခဲ့တယ်။ သစ်ပင်တွေက ထွင်းဖောက် မြင်ရတဲ့ ပုံစံ အဖြစ်ကို ပြောင်းလဲသွားခဲ့တယ်။
အဲ့ဒီ့နောက် လုံးဝကို ပျောက်ကွယ်သွားတယ်။ ဒီ့နောက်မှာတော့ ငလျင်တွေ လှုပ်ခတ်တော့တယ်။ ငွေရောင် အလင်းတန်းရဲ့ အလယ်မှာ သဲမုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်နေခဲ့တယ်။ မိစ္တာကြီးတစ်ကောင်လို သူ့လမ်းမှာ ရှိသမျှ အရာ အားလုံးကို ၀ါးမျိုပြစ်တော့တယ်။