နတ်ဘုရား မုခ်ဝ - Chapter - 475 မတော်တဆ
ရှန်လင်းက တော့ သူ့လက်ထဲက ဓားနဲ့ စွန်းထင်းနေတဲ့ သွေးတွေကို ကြည့်ရင်း မယုံနိုင် ဖြစ်နေတယ်။
“ဘာကြောင့် လဲ။” ရှန်လင်း သူ့နောက်ကို လှည့်ကြည့်တယ်။ တကယ်တော့ အဲ့ဒီ့မေးခွန်းကို သူမေးဖို့တောင် မလိုပါဘူး။ သူ့ရင်ဘတ်ကို ဖောက်ထွက်လာတဲ့ ဓားက အကုန်လုံး အတွက် အဖြေ ဖြစ်နေပြီပဲ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် မေးတော့ မေးရမယ်။ လူတစ်ယောက်က ဘယ်လိုများ ဒါကို လုပ်နိုင်လဲ သူ နားမလည်နိုင်ဘူး။
နောက်ပြီးတော့ သူ့ကို တောင်ပိုင်း ဒေသမှာတင် တိုက်ခိုက်ရဲတာ။ ဘယ်လိုတောင် အတင့်ရဲလိုက်တဲ့ အပြုအမူလဲ။
“ ဘာတွေ ဖြစ်နေလဲ မတွေးတတ်သေးဘူးလား။” အိမ်ရှေ့စံ လင်းထျန်းရုံ ပုခုံးတွန့်ပြရင်း ပြောတယ်။
ရှန်လင်းကတော့ လင်းထျန်းရုံကို စိုက်ကြည့်နေခဲ့တယ်။ သူ့ဘ၀မှာ တစ်ခါမှ ဒီလောက်ထိ ဒေါသ မထွက်ဖူးဘူး။ အဆုံးမဲ့လောကထဲမှာ ဖန်ကျန်းရှီ ခြိမ်းခြောက်တာခံ ရတုန်းကတောင်။ ဒီလောက် ဒေါသမထွက်ခဲ့ဘူး။
“ ဘာကြောင့်လဲ။ မင်းက သူ့ကို မသေစေချင် လို့လား။ မဟုတ်သေးဘူး။ မင်းသူ့ကို အသေသတ်ချင်နေတာ အထင်အရှားကြီးကို။” ရှန်လင်းရဲ့ မျက်နှာတစ်ခုလုံး ဖြူရော်လာခဲ့တယ်။ လင်းထျန်းရုံက ဖန်ကျန်းရှီကို သတ်ချင်နေမှန်း သူသိတယ်လေ။
ထာဝရ ရန်သူဆိုတာ မရှိဘူး။ အဆုံးမဲ့တဲ့ ကောင်းကျိုးတွေပဲ ရှိတယ်။ သူတို့တွေရဲ့ ဦးတည်ချက်က တူနေသရွေ့ သူတို့ အတူတူ အလုပ်လုပ်လို့ရတယ်။ ဒါကြောင့်ပဲ လင်းထျန်းရုံကို ရှန်လင်း ယုံကြည်ထားတာ။
ဒါပေမယ့် လင်းထျန်းရုံ ကသူ့ကို နောက်ကျောကနေ ဓားနဲ့ ထိုးပြီးတော့ ။ ဖန်ကျန်းရှီကို ကယ်မယ်လို့ တစ်ခါမှ မထင်ထားခဲ့မိဘူး။ သူ နားထောင်ဖို့ အကြောင်းပြချက် တစ်ခု လိုအပ်တယ်။
“ အိမ်ရှေ့စံ ပြောတာ မှန်တယ်။ ငါက ဖန်ကျန်းရှီကို သေစေချင်ရုံတင် မကဘူး။ မင်းကိုလည်း သေစေချင်တာ။” လင်ထျန်းရုံ အေးစက်စက်ရယ်မောတယ်။ ပျော်ရွှင်နှစ်ခြိုက်မှု ကြောင့် သူ့ ခန္ဒာကိုယ်က တသိမ့်သိမ့်တုန်ယင် နေခဲ့တယ်။ သူ့ရဲ့ ဓားကို ဆွဲထုတ်လိုက်တော့ ။ သွေးတွေက နေရာအနှံ့ကို ပြန့်ကျဲသွားတော့တယ်။
သက်စောင့်စစ်သည်တော် ရှစ်ဦးက။ လင်းထျန်းရုံရဲ့ ဘေးကို ချက်ခြင်း ပြေးကပ်တယ်။ သူတို့ရဲ့ ၀တ်ရုံတွေက လေထဲမှာ တဖျပ်ဖျပ် လွင့်နေခဲ့တယ်။
“မင်းက ငါ့ကို သေစေချင်တာလား။” ရှန်လင်း တုန်ယင်လာခဲ့သလို။ သူ့ ဒဏ်ရာကနေလည်း သွေးတွေ စီးကျလာနေတယ်။
“ ရိုးရိုးသားသားပြောရရင်။ ခုနက ဇာတ်လမ်းမှာ အချက်အလက် နည်းနည်းလောက် ချန်ထားခဲ့မိ သေးတယ်။ ဖန်ကျန်းရှီက တောင်ပိုင်းဒေသ အိမ်ရှေ့စံကို ပြန်ပေးဆွဲ သွားရုံသာ မကပဲ။ တစ်ခါတည်း သတ်ပြစ်လိုက်တယ်။” လင်းထျန်းရုံ ရှင်းပြတယ်။
“ ဟဟား…. ဒီ အသုံးမ၀င်တဲ့ ကောင်က ။ ငါ့ကို သတ်ခဲ့တယ်လို့။ မင်းပြောတာကို ။ ဧကရာဇ်က ယုံကြည်မယ်လို့ မင်းထင်နေတာလား။” ရှန်လင်းရဲ့ နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျလာခဲ့တယ်။
“ အဲ့တာ ကိစ္စ ရှိလို့လား။ မင်းကော သူကော ဒီနေ့သေမှာပဲကို။ ငါ ဘာပဲပြောပြော ။ လူတွေယုံကြမှာပဲ။” လင်းထျန်းရုံ ရယ်မောရင်း ဆက်ပြောတယ်။
ရှန်လင်းကတော့ တိတ်ဆိတ်သွားတယ်။ လင်းထျန်းရုံပြောတာ မှန်တယ်။ သေလူတွေက စကားမပြောနိုင်ဘူး။ ဒါကြောင့် သူတို့ ရွေးချယ်စရာမရှိပဲ။ လင်းထျန်းရုံပြောတာကို လက်ခံ ကြမှာ ပဲ။
တောင်ပိုင်းဘုရင်က ဒီကိစ္စကို မယုံကြည်ရင်တောင်။ သူလည်း ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ကြီးမြတ်သော ရှ မင်းဆက်နဲ့ စစ်ဖြစ်ရမှာလား။ ကြီးမြတ်သောရှ ကို သူတို့ရဲ့ အိမ်ရှေ့စံ မင်းသားက လူသတ်ပါတယ်လို့ ။ စွဲချက် တင်ရမှာလား။ နှစ်ခုလုံးက မဖြစ်နိုင်တာတွေပဲ။
“ငါ့ကို မင်းသတ်ရတဲ့ အကြောင်းရင်း ပြော။” ရှန်လင်း လည်း ဆက်ပြီး ငြင်းခုန် မနေချင်တော့ဘူး။ သူသိချင်တာက အကြောင်းရင်းပဲ။
“ မင်း မသေရင်။ ငြိမ်းချမ်းမှာ မဟုတ်ဘူး။” လင်းထျန်းရုံ ဆက်ပြောတယ်။
“ ငါနားလည်ပြီ။” ရှန်လင်း ဒေါသကြောင့် တုန်ယင်နေတာကို ရပ်လိုက်တယ်။ သူ တည်ငြိမ်သွားတယ်။ သေရတော့မယ်လေ။ နောက်ဆုံးတော့ နားလည်သွားပြီ။ ခုနကပဲ သူ ဖန်ကျန်းရှီကို ပြောလိုက်တာ။ သူ့ရဲ့ ကံကြမ္မာ အတွက် ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်လို့။ လောဘကြီးတာ မင်း အပြစ်ပဲလို့။
အခုတော့ ကိုယ်ဖော်တဲ့ ဆေးကို ကိုယ်ပြန်စားနေရပြီ။ သူ့ရဲ့ လောဘ။ ဘုရင်ဖြစ်ချင်တဲ့ လောဘ ကြောင့် ကိုယ့်သေတွင်း ကိုယ်တူးမိပြီ။ ဘယ်လောက်တောင် ပြဇာတ်ဆန်လိုက်သလဲ။ သူများကို လောဘကြီးလို့ အပြစ်ပေးတော့မယ့် အချိန်မှာ။ ကိုယ်တိုင်က ပိုလောဘကြီးနေတာကို သတိထားမိလိုက်တဲ့ အခိုက်အတန့်တစ်ခုပေါ့။
ပြောနိုင်တာကတော့။ လင်းထျန်းရုံ လုပ်နေတာ မှန်ကန်တယ်လို့ ပဲ။ သူ အသက်ရှင်နေသရွေ့။ ကြီးမြတ်သော ရှ မင်းဆက်က။ တောင်ပိုင်းဒေသကို အမြဲ စိုးရိမ်နေရမယ်။ ရှန်လင်း နောက်ထပ် မေးစရာ မရှိတော့ဘူး။ လင်းထျန်းရုံနဲ့ စုချင်းကို ကြည့်ရင်း သူ ပြုံးနေတယ်။
“ ငါ့ကို လာရှာတဲ့ အဲ့ဒီ့နေ့တည်းက။ ဒီနေ့ လို ကိစ္စ ဖြစ်လာမယ် ဆိုတာ အမတ်မင်းစု ။ ကြိုတင် ခန့်မှန်း ပြီးသား ဖြစ်ပါလိမ့်မယ်။” ရှန်လင်း ရယ်မောတယ်။ ဒါက ဘယ်သူ့ အစီအစဉ်မှန်း သူသိတယ်လေ။ စုချင်းဆိုတာ အသိသာကြီးပဲ။ ရှန်လင်းကိုလှည့်စားပြီးတော့။ ဒီခရီးကို ယုံယုံကြည်ကြည် လိုက်လာအောင် လုပ်တယ်။
“ အရှင် ချီးမွမ်းလွန်းနေပါပြီ။” စုချင်းက ဦးညွှတ်ရင်းနဲ့ ပြန်ဖြေတယ်။ သူ ချက်ခြင်း နောက်တစ်လှမ်း ဆုတ်သွားတယ်။
“ဘုန်း။” စုချင်းရဲ့ ခြေထောက်အောက်မှာ အက်ကွဲရာကြီး ပေါ်လာခဲ့တယ်။ မြေကြီးကို ဓားနဲ့ ဟက်တက်ခွဲလိုက်သလိုပဲ။ ဖြစ်သွားကတော့ ရုတ်တရက်ကြီး။ ဒါပေမယ့် စုချင်းကတော့ ခုန်ရှောင်နိုင်တယ်။
“ တောင်ပိုင်းဒေသရဲ့ အိမ်ရှေ့စံ ပီသပါပေတယ်။ တိုက်ခိုက်မှုက တကယ်ပဲ ပြောင်မြောက်တယ်။ ဒဏ်ရာရနေလို့ အရှိန်လျော့သွားတာက လွဲပြီးတော့ အစွမ်းမကျဘူးပဲ။ ကျွန်တော်မျိုး တကယ်ပဲ လေးစားမိပါတယ်။” စုချင်းက နောက်ကို ဝေးဝေး ဆုတ်ရင်းနဲ့ ပြောနေခဲ့တယ်။
“ဒါကို ဆယ့်ငါးမိနစ်အတွင်း လက်စဖျောက်လိုက်။ ”မြေပြင်ပေါ်က အက်ကွဲကြောင်းကို ကြည့်ရင်း လင်းထျန်းရုံ အမိန့်ပေးတယ်။
“အမိန့်တော်အတိုင်းပါ။” သက်စောင့် စစ်သည်တွေ ခေါင်းငြိမ့်တယ်။
“ အမတ်မင်းစုက ဒီလောက်တောင် အင်အားကြီးမယ်လို့ မထင်ထား မိခဲ့ဘူး။ ဟ ဟား …။ ကြီးမြတ်သော ရှ မင်းဆက်မှာ။ ပါရမီရှင်တွေ တကယ်ပေါတာပဲ။ ဒီနေ့တော့။ အိမ်ရှေ့စံ ရဲ့ သက်စောင့် စစ်သည်တော်တွေ ။ ဘယ်လောက်စွမ်းလဲ တစ်ချက်ကြည့်ကျတာပေါ့။” ရှန်လင်း ရယ်မောရင်းနဲ့။ ရေခဲလို အေးစက်စက် အငွေ့အသက်တွေကို ထုတ်လွှတ်နေတယ်။ ရှန်လင်းရဲ့ ဒဏ်ရာက ထွက်နေတဲ့ သွေးတွေ ရပ်တန့်သွားခဲ့တယ်။ ပတ္တမြားလိုပဲ ခဲသွားခဲ့တယ်။
“ သေစမ်း။”
“ ငရဲကို သွားလိုက်တော့။”
“….”
အော်ဟစ်သံတွေက လေထဲမှာ ထွက်ပေါ်နေခဲ့တယ်။ သက်စောင့်စစ်သည်တော်တွေ ရဲ့ လှုပ်ရှားမှုက ညအချိန်မှာ ရောင်စဉ်တွေ ဖြာနေသလို။ မြန်ဆန်လွန်းတယ်။ သူတို့တွေက မျက်တောင် တစ်ခတ် အတွင်းမှာ ခုန်ပျံ ကျော်လွှားနေကြတယ်။ ရှန်လင်းလည်း ရှစ်ယောက် အဖွဲ့ကို တဟုန်ထိုး တိုက်ခိုက်နေခဲ့တယ်။
သူ့ ရဲ့ ဓားက ထွက်လာတဲ့ အေးစက်စက် အငွေ့အသက်ကြောင့်။ မြက်ခင်းပြင်ပေါ်မှာ ရေခဲတွေ ဖြစ်ပေါ်လာသလို။ အရွက်တွေလည်း အေးခဲ ကုန်တယ်။ တစ်ခဏတာ အတွင်းမှာပဲ။ သက်စောင့် စစ်သည်တော် ရှစ်ဦးလုံး ဒဏ်ရာတွေ ပြည့်နေခဲ့ပြီ။ တစ်ယောက်က လက်တ်ြသွားခဲ့တယ်။ သွေးတွေက ဒဏ်ရာကနေ စီးကျနေတယ်။ ဒါပေမယ့် သူတို့ရဲ့ စိတ်ဆုံးဖြတ် ချက်ကတော့ ခိုင်မာနေဆဲပဲ။
ပြန်လည်မွေးဖွားမှု အလယ်အဆင့်။ ရှန်လင်းကတော့ ဒဏ်ရာမရတဲ့ အတိုင်း တိုက်ခိုက်နေတုန်းပဲ။ ရှန်လင်းက တောင်ပိုင်းဒေသရဲ့ ထိပ်တန်းကျင့်ကြံသူ လူငယ်တွေ ထဲက တစ်ယောက်ပဲ။ ဒါပေမယ့် တိုက်ပွဲက သိပ်မကြာခဲ့ဘူး။ သက်စောင့် စစ်သည်တော်တွေ ကတော့ သူတို့ရဲ့ အသက်ကို မမှုပဲ တိုက်ခိုက်နေကြတယ်။
ကျိုးပဲ့ပြီးတော့ သေသွားရင်တောင် ။ မှုမယ့်ပုံမပေါ်ဘူး။ သစ်ကိုင်းတွေ ကျိုးပဲ့ကုန်သလို။ သွေးစသွေးနတွေလည်း ။ နေရာအနှံ့ စွန်းထင်းကုန်တယ်။ အက်ကွဲရာတွေကတော့ မြေပြင်တစ်ခုလုံး ပွစာကျဲနေခဲ့တယ်။ တကယ့်ကို သွေးစွန်းနေတဲ့ စစ်မြေပြင်ပဲ။
ဆယ့်ငါးမိနစ်ကြာပြီးနောက်မှာတော့။ တိုက်ပွဲက ပြီးသွားခဲ့ပြီ။ ရှန်လင်းက လှည်းထဲမှာ လဲလျောင်းနေတယ်။ သူ့ ဓားလည်း ကျိုးသွားခဲ့ပြီ။ ကောင်းကင်က ကြယ်တွေကို သူ မော့ကြည့်နေခဲ့တယ်။ အခုလို အဆုံးသတ်ကို သူ လက်မခံနိုင်သေးဘူး။
အိမ်ရှေ့စံ နေရာကို ရဖို့ အတွက် သူခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်။ နတ်ဆ်ိုးတွေနဲ့လည်း သူ ပူပေါင်းခဲ့တယ်။ ကြီးမြတ်သောရှ က အိမ်ရှေ့စံ နဲ့လည်း အဆင်ပြေပြေ နေခဲ့တာပဲ။ ဒါပေမယ့် နှစ်ခုစလုံး ကျရှုံးခဲ့တယ်။ သူ့ကိုယ်သူ ထက်မြက်တဲ့ သူလို့ ထင်ထားခဲ့တာ။ ဒါပေမယ့် မဟုတ်ခဲ့ဘူး။ တကယ်တမ်း ထက်မြက်တာက။ ယွင်ချင်းဝူ။ ချီကူယန်နဲ့ ဖန်ကျန်းရှီ။ အခုတော့ နောက်တစ်ယောက် ထည့်တွက်စရာလိုလာခဲ့ပြီ။ အိမ်ရှေ့စံ လင်းထျန်းရုံ။
ရှန်လင်းက မသေချင်သေးပါဘူး။ ဒါပေမယ့်။ သူ့ ပုံစံက အကြောက်အလန့် လုံးဝ မရှိတဲ့ပုံပဲ။ သူ့ကံတရားကို ဒီအတိုင်း လက်ခံထားခဲ့တယ်။ ဒါက သူမတိုက်ခိုက်နိုင်တဲ့ အရာတစ်ခုပဲလေ။ သေခြင်းက သူ့ဆီ ရောက်လာမှတော့။ သူကြောက်နေလို့ မဖြစ်တော့ဘူး။ ကောင်းကင်နဲ့။ သူ့ ဖိနပ်မှာ စွန်းထင်းနေတဲ့ သွေးတွေကို သာ ကြည့်နေခဲ့တယ်။
“ဂုဏ်ပြုပါတယ်။ အရှင့်သား။” စုချင်း ဒူးထောက်ရင်းနဲ့ ပြောလိုက်တယ်။
“အိုး..။ မင်းက ငါ့ကို ဘာအတွက် ဂုဏ်ပြုတာလဲ။” လင်းထျန်းရုံက ရှန်လင်းကို လှည့်ကြည့်နေရင်း မေးတယ်။ ကြီးမြတ်သောရှ မင်းဆက်ရဲ့ အိမ်ရှေ့စံ တစ်ယောက်အနေနဲ့။ သူက လူအများ လေးစားခံရတဲ့ သူပဲ။ ဒါပေမယ့် တောင်ပိုင်းဒေသကို သူ ၀င်လာတဲ့ အချိန် တည်းက။ ရှန်လင်းကို အမြဲ တလေးတစား ပြောဆိုနေရတာ။
လက်စားချေချင်နေခဲ့တာ ကြာပြီ။ အခုက ဒီလို လုပ်ဖို့ အကောင်းဆုံး အချိန်ပဲ။ လက်စားချေရင်းနဲ့ ။ ကြီးမြတ်သော ရှမင်းဆက်ရဲ့ ခြိမ်းခြောက်မှုကိုလည်း ဖယ်ရှားနိုင်မယ်။
“ အပြင်လူတွေကတော့ ဖန်ကျန်းရှီက ရှန်လင်းကို သတ်လိုက်တယ်လို့ ထင်မှာပဲ။ ဒါပေမယ့် ဧကရာဇ် မင်းကတော့ ။ အရှင့်ရဲ့ ကြိုးပမ်းမှုကို ထိုးထွင်းသိမြင်မှာပဲ။ ကြီးမြတ်သောရှ မင်းဆက်ရဲ့ စိုးရိမ်ပူပန်မှုကို ဖယ်ရှားပေးတဲ့ အတွက် အရှင့်ကို ဆုချီးမြှင့်မှာ အမှန်ပါ။” စုချင်း ရှင်းပြတယ်။
“ ဆုချီးမြှင့်မယ်ဟုတ်လား။ ဧကရာဇ် လုပ်မလုပ် မင်းက ဘယ်လိုသိလဲ။” လင်းထျန်းရုံ မေးတယ်။
“ ဖန်ကျန်းရှီ က သေသွားပြီ။ ဒါကြောင့် အောင်ပွဲအတွက် သူ့ကို ချီးမြှင့်ဖို့ မဖြစ်နိုင်တော့ဘူး။ ရှန်လင်းကို သတ်လိုက်တဲ့ အတွက်။ အရှင့်ကို လည်း တိုက်ရိုက်ဆုချီးမြှင့်လို့ မရဘူး။ …”
“အဲ့ဒီ့တော့ ဘာဖြစ်လဲ။”
“ အောင်ပွဲအတွက် ဂုဏ်ထူးတွေက အရှင့်ဆီ အကုန်ရောက်လာတော့မှာပါ။”
“ ဟ ဟာ…. ပြောတာ ကောင်းတယ်။ ပြောတာ ကောင်းတယ်။” လင်းထျန်းရုံ ရယ်မောတယ်။
စုချင်းက သူ့ကို အောင်ပွဲရဲ့ ဂုဏ်ရှိန်တွေ အကုန်ရအောင် လုပ်ပေးမယ်။ ပြောတုန်းက သူ မယုံကြည်ခဲ့ဘူး။ ဒါပေမယ့် ။ စုချင်းက သူ့ကို အစီအစဉ်ပြောပြ ပြီးတဲ့ နောက်မှာတော့။ သူ ယုံကြည်သွားခဲ့တယ်။ သေလူတစ်ယောက် က ဘွဲ့ထူးဂုဏ်ထူးတွေ မရနိုင်ဘူး။
“ အရှင်ရဲ့ နန်းတော်က နေရာနဲ့။ ဒီတောင်ပိုင်းဒေသမှာ အကျိုးထူး ဆောင်ခဲ့မှုတွေကြောင့်။ နန်းပလ္လင်ကို ဆက်ခံ ဖို့က ခိုင်မာတဲ့ အနေအထားမှာ ရှိသွားလိမ့်မယ်။ သွမ့်အရှင်အတွက်တော့ ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာတော့မှာပဲ။” စုချင်း ပြုံးရင်း ပြောတယ်။
“ ခြိမ်းခြောက်မှုဟုတ်လား။ ဒါတော့ ငါ မသေချာဘူး။” လင်းထျန်းရုံ ပုခုံးတွန့်ရင်း ခေါင်းခါတယ်။
“ သွမ့်အရှင်က ဒီ့ထက် ပိုပြီးတော့ ထူးချွန်အောင် လုပ်နိုင်မယ်လို့။ အရှင်ထင်လို့လား။” စုချင်းမေးတယ်။
“ မြို့တော်ကို ငါ ကောင်းကောင်း ထိန်းချုပ်ထားတယ်။ နောက်ပြီးတော့ ဒီမှာလည်း ကောင်းကောင်း လုပ်ခဲ့တယ်။ ညီလာခံမှာတော့ ညီတော် ခြောက်က ငါ့ကို တိုက်ခိုက်လို့ရမှာမဟုတ်ဘူး။ ဒါပေမယ့် သူ့ရဲ့ အင်အားက တည်နေတာက ညီလာခံ မဟုတ်ဘူးလေ။”
“ မြောက်ပိုင်းဒေသ ကျောင်းတော်ငါးခုကို အရှင်ရည်ညွှန်းနေတာလား။” စုချင်း နားလည်သွားပုံပဲ။
“ အတိအကျပဲ။ မြောက်ပိုင်း ဒေသ ကျောင်းတော် ငါးခုကို ။ နတ်ဆိုး ကျောင်းတော်ကနေထိန်းချုပ်ထားတာ။ ချီဟို့က ။ သွမ့်အရှင်ဘက်မှာ ရှိနေခဲ့တာ။ အချိန်အတော်ကြာပြီ။ နတ်ဆိုး ကျောင်းတော်ရဲ့ အထောက်အပံ့မရှိဘဲ နဲ့။ သွမ့်အရှင်က ။ စစ်တပ်ကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။”
“ အရှင်ပြောနေတာက….”
“ မင်းရဲ့ စွမ်းရည်တွေ နဲ့ ဆိုရင်။ ယဉ်ကျေးမှု ၀န်ကြီး ဌာနကို ရောက်သွားရင် အလဟသတ်ဖြစ်သွားလိမ့်မယ်။”
“ အရှင်။ ကျွန်တော့်ကို နတ်ဆိုး ကျောင်းတော်ဆီ စေလွှတ်ဖို့ ပြင်နေတာလား။”
“ နတ်ဆိုးကျောင်းတော်လား။ ဘယ်ဟုတ်မလဲ။ ဒါပေမယ့် မြောက်ပိုင်းကျောင်းတော် ငါးခုကို ဦးဆောင်ခွင့်ရဖို့ အတွက်တော့ တိုက်ခိုက်ရမယ်။ မင်း ဘယ်လိုထင်လဲ။” လင်းထျန်းရုံ မေးတယ်။
“ မြောက်ပိုင်း ကျောင်းတော်ငါးခုရဲ့ ခေါင်းဆောင်။ ဒါက ….. တကယ့်ကို မြင့်မားတဲ့ ဂုဏ်ရည်ပဲ။” စုချင်း ပြုံးပျော် မဆုံးဖြစ်နေခဲ့တယ်။
“ ဟ ဟာ… ။ ငါ့ကို ကျေးဇူးတင် မစောသေးနဲ့အုန်း။ မြောက်ပိုင်းကျောင်းတော် ငါးခုရဲ့ ခေါင်းဆောင်ဖြစ်ဖို့က လွယ်တာ မဟုတ်ဘူး။ ကျောင်းတော်တစ်ခုကိုသာ အရှင်ဆုံး ဦးဆောင်ကြည့်ပါအုန်း။”
“ အရှင် ဆန္ဒရှိတဲ့ အတိုင်း။ ကျွန်တော်မျိုး အမှုထမ်းပါမယ်။” စုချင်း ခေါင်းငြိမ့်တယ်။
…
ညက အေးစိမ့်နေတယ် ။ လင်းထျန်းရုံက လှည်းကို တစ်ချက်ကြည့်တယ်။ အသက်မျှင်းမျှင်းလေး ရှူနေတဲ့ ရှန်လင်းကို လျစ်လျူရှုထားခဲ့တယ်။ လှည်းထဲမှာ ရှိနေတဲ့ သူတွေက သေလူတွေပဲ။
“ အကယ်၍ ဒီ အစီအစဉ်သာ အောင်မြင်သွားရင်။ ကြီးမြတ်သောရှ မင်းဆက် နန်းတော်မှာ မင်းရဲ့ နေရာက။ ယှဉ်သူ မရှိအောင် ဖြစ်သွားမှာပဲ။ ”ရှန်လင်းရဲ့ အသံ ထွက်ပေါ်လာတယ်။ လင်းထျန်းရုံက ရှန်လင်းကို လျစ်လျူရှုထားဆဲ။ ရှုံးနိမ့်သွားတဲ့ သူနဲ့ စကားပြောစရာမလိုဘူး။
“အရှင့်သား ။ ဒီကိစ္စကို ကျွန်တော် လက်စသတ်လိုက်ရတော့မလား။” စုချင်း မေးတယ်။ သူက မျက်နှာလိုမျက်နှာ ရ လုပ်ချင်နေတာ မဟုတ်ဘူး။ သူ့ဒေါသတွေကို ဖြေဖျောက်ချင်နေတာ။
“ကောင်းပြီ။” လင်းထျန်းရုံခေါင်းငြိမ့်တယ်။
“ ကျေးဇူးတင်ပါတယ်။ အရှင်။” စုချင်းအကျီကို ဖုန်ခါရင်း။ လှည်းဆီ လျှောက်လာတယ်။ ဖြည်းဖြည်းချင်း တစ်လှမ်းချင်း။ ကျေနပ်မှုကို ခံစားနေခဲ့တယ်။ လှည်းနားကို သူရောက်တဲ့ အချိန် သူ ပြုံးလိုက်တယ်။ သူ့ အသက်ရှူသံကိုတောင် သူ ပြန်ကြားနေရတယ်။
“ နာနာကျင်ကျင်သေလို့ရအောင် သေချာ လုပ်ပေးပါမယ်။” စုချင်း လှောင်ရယ်ရင်းပြောတယ်။ လှည်း ရဲ့ လိုက်ကာကို လှပ်လိုက်တဲ့ အချိ်န်မှာတော့ ။ သူတုန်ယင်သွားသလို။ ပြုံးနေတာလည်း ရပ်သွားခဲ့တယ်။
“တကယ်တော့ စကားက မဆုံးသေးဘူး။ ပြီးပြည့်စုံလွန်းလှပါတယ် ဆိုတဲ့ အစီအစဉ်တွေတောင်။ ဟာကွက်တော့ ရှိတာပဲ။ ငါပြောတာမှန်တယ်မလား။ အိမ်ရှေ့စံနဲ့။ အမတ်မင်းစု။” ရှန်လင်းရဲ့ အသံ ထွက်လာခဲ့တယ်။