နတ်ဘုရား မုခ်ဝ - Chapter - 485 လာနေပြီ
ချီရှင်းလွန်။ လွန်ခဲ့တဲ့ တစ်နှစ်လုံးလုံး။ ဒီလို အဖြစ်ကို အိမ်မက်မက်နေခဲ့တာ။ ဒါပေမယ့် အမှန်တကယ်မှာ ဖြစ်လာလိမ့်မယ်လို့။ သူမ ထင်မထားမိခဲ့ဘူး။
“ ကျန်း … ကျန်းရှီ။.” ချီရှင်းလိမ်။ သူမဘာ သူမ ရေရွတ်ရင်း။ နေရာမှာ ကြက်သေသေနေခဲ့တယ်။ ဒုတိယထပ်မှာ ရှိနေတဲ့ ဖန်ဟို့ဒဲလည်း သူ့မျက်လုံးသူ မယုံနိုင်။ ဒါက မဖြစ်နိုင်တာပဲလေ။
“ ကျန်းရှီ ပြန်လာပြီလား။” ဖန်ဟို့ဒဲ သူ့ကို ယ်သူ ပြန်မေးနေခဲ့တယ်။ သူလက်သီးကို သူ ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။
“မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။ အဲ့တာ ငါ့သား မဟုတ်ဘူး။ ငါ့သားက ဒီလို ပုံစံမျိုး မဟုတ်ပါဘူး။ မင်းက ဘယ်သူလဲ။ ဘာဖြစ်လို့ ငါ့ သား အယောင်ဆောင်နေတာလဲ။ သွား။ ထွက်သွားစမ်း ။” ဖန်ဟို့ဒဲ အော်ဟစ်တယ်။
ဖန်ကျန်းရှီကတော့ သူ့ အဖေက်ိုသာ ကြည့်နေခဲ့တယ်။ ဒီ နှစ်ပိုင်း အတွင်း သူ့ အဖေ အတော့်ကို အိုမင်း သွားတာပဲ။
“အဖေ။”
“ထွက်သွား။”
“ ဟုတ်တယ်။ ထွက်သွား။ မင်းက ငါ့တို့ရဲ့ သား မဟုတ်ဘူး။ ငါတို့သားက ဒီလို ပြန်လာမှာ မဟုတ်ဘူး။ ကျေးဇူးပြုပြီး ထွက်သွားပါ။” ချီရှင်းလိန် တစ်ကိုယ်လုံး တုန်ယင်နေခဲ့တယ်။ အဲ့ဒီ့ အချိန်မှာပဲ။ ဖန်ကျန်းရှီက သူ့ ရှေ့ကို ရောက်လာပြီးတော့ ။ သူမကို ပွေ့ဖက်ထားတော့တယ်။
“ကျန်းရှီ။ ငါ့သား။” ချီရှင်းလိန် အော်ဟစ်ရင်း နဲ့ လဲကျသွားခဲ့တယ်။ သူမရဲ့ ပါးပြင်ပေါ်မှာ မျက်ရည် စီးကြောင်းတွေ အပြည့် ။
“ ငါ့သား ။ တစ်နှစ်လုံးလုံး။ မင်း ဘယ်ကို ရောက်နေတာလဲ။ သားကို အမေ အရမ်းသတိရတယ်။ အရမ်း သတိ ရတယ်။ ”
“ ကျန်းရှီ…. ငါ့သား…။ မင်း အိမ်ပြန် မလာတာ ကြာပြီ….” သူမ နောက်ထပ် တောင့် မခံနိုင်တော့ဘူး။ သားလေးကို နောက်တစ်ကြိမ် ဆုံးရှုံးရမှာ ကြောက်လွန်းလို့။ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားခဲ့တယ်။
ဖန်ကျန်းရှီ မလှုပ်ရှား။ သူ့မျက်လုံးထဲမှာလည်း မျက်ရည်တွေ ၀ဲနေခဲ့တယ်။ ဒီလို နွေးထွေးမှုမျိုးနဲ့ ဝေးကွာနေခဲ့တာကြာပြီလေ။ အိမ်ကို ပြန်ရောက်ဖို့ အချိန်တွေ အကြာကြီး စောင့်ဆိုင်းခဲ့ရတာ။
“ ရှင်းလိန်။ ကျန်းရှီကို လွှတ်လိုက်ပါအုန်း။ သူ ပြန်ရ အုန်းမယ်လေ။ မဟုတ်ရင်… မဟုတ်ရင် …” ဖန်ဟို့ဒဲ ရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျလာခဲ့တယ်။ ဒါပေမယ့်။ မြောက်ရွာမှာ သူလျှိုတွေ ရှိနေတာကိုလည်း သူသိတယ်လေ။
“ အဖေ ။ အနေ။ သား အဆင်ပြေပါတယ်။ ဘာမှ မဖြစ်ပါဘူး။” ဖန်ကျန်းရှီ ခေါင်းမော့ကြည့်ရင်း ပြန်ဖြေတယ်။ သူ့ အဖေ တွေးနေတာကို သူသိတယ်။
“ ဘယ်လို လုပ် အဆင်ပြေ မှာလဲ သားရဲ့။ အခုချိန် မှာ သားက ဖမ်းဝရမ်း ထုတ်ခံထားရတာ။ လူတိုင်းက သားကို လိုက်ရှာနေတာ။ ဟွေ့အန်း ဒေသ တစ်ခုလုံး သားရဲ့ ပုံတွေကို သူတို့ ကပ်ထားကြတယ်။ ”
“ အဖေ။ သား သိပါတယ်။”
“ ဒါဆိုရင်။ ဘာလို့ မသွားသေးတာလဲ။ မြန်မြန်သွား လေ သားရဲ့၊ တခြားသူတွေကို အဖေ ကြည့် ထိန်းထားလိုက် မယ်။ ဦးလေး ယန်ဖိန်ကို ပါ ခေါ်ပြီးတော့ တောင့်ခံ ထားလိုက်မယ်။”
“ အဖေ. မြောက်ရွာက သူလျှိုတွေကို သား ဖယ်ရှားပြီးပါပြီ။”
“ဘာ ..။ သူတို့ မနေနိုင်ရင်တောင်။ ဟွေ့အန်းဒေသကို တော့ သတင်း သွားပို့ကြမှာပဲလေ။ ဒီမှာ ကြာကြာ မနေနဲ့။ သား မြန်မြန်သာသွား။ ” ဖန်ဟို့ဒဲ သူ့သား စကားတွေကို လျစ်လျူရှုထားခဲ့တယ်။ ဖန်ကျန်းရှီ က ။ သူဟွေ့အန်းဒေသမှာ သူ လူလုံးပြခဲ့ပြီးပြီ ဆိုတာ ပြောလိုက်ချင်တယ်။ ဒါပေမယ့် ဖန်ဟို့ဒဲ ပိုပြီးတော့ စိုးရိမ်လာမှာကိုလည်း သူသိတယ်လေ။ သူ့အဖေကို ကိစ္စ အားလုံးရှင်းပြဖို့က။ ခက်လွန်းတယ်။
“ အမေ။ သား ဆာနေပြီ။” ဖန်ကျန်းရှီ။ ချီရှင်းလိန်ကို ကြည့်နေခဲ့တယ်။
“ကောင်းပြီ။ သား စားဖို့ တစ်ခုခုလုပ်ပေးမယ်လေ။” ချီရှင်းလိန်။ သူမရဲ့ မျက်နှာက မျက် ရည်တွေကို သုတ်ရင်း ဖန်ကျန်းရှီ အတွက် အစားအသောက် ပြင်ဆင်ပေးဖို့ ။ အိမ်ထဲ ၀င် သွားခဲ့တယ် ။
“ရှင်းလိန်။”
“ ဟို့ဒဲ။ ငါ ငါ။”
“ရှင်းလိန်။ မလုပ်ပါနဲ့။ သား ကို ငါတို့ ဒုက္ခပေးမိသလို ဖြစ်လိမ့်မယ်။”
“ ငါတို့ ထမင်း တစ်နပ်တောင် အတူတူ စားလို့ မဖြစ်ဘူးလား။” သူမရဲ့ မျက်ဝန်းတွေက။ ဖန်ဟို့ဒဲကို တောင်းပန်နေ သယောင်ယောင်။
“အိုက်ယား ….။” ဖန်ဟို့ဒဲ သက် ပြင်း ချနေမိတယ်။ ဒါပေမယ့် သူ ဘာမှ မပြောခဲ့ဘူး။ သူလျှိုတွေကို သူသား ပထုတ်ပြီးသားမှန်း နားလည်ပါတယ်။ သူ တွေးနေတဲ့ အချိန်မှာပဲ။ လူဆယ်ယောက်ကျော်ကျော်။ အိမ် တံခါးမှာ ရောက်နေမှန်း တွေ့လိုက်ရတယ်။ သူတို့ အားလုံးက အနက်ရောင် ၀တ်ရုံရှည်တွေကို ၀တ်ထားပြီးတော့ ။ လက်ထဲမှာ တောက်ပနေတဲ့ လက်နက်တွေကို ကိုင်ထားခဲ့တယ်။
“ သား ရေ။ အခု သွားသင့်ပြီလေ။ ” ဖန်ဟို့ဒဲရဲ့ အမူအယာက ပြောင်းလဲသွားတယ်။
“ အဖေ.။ အဲ့တာ သားရဲ့ မိတ်ဆွေတွေပါ။”
“ မိတ်ဆွေတွေ။”
“ ဦးလေး ဖန်နဲ့ အဒေါ့်ကို နှုတ်ဆက်ပါတယ်။” အိမ်တံခါးဝက လူတွေ ချီရှင်းလိန်နဲ့ ဖန်ဟို့ဒဲကို တစ်ညီတညွတ်တည်း နှုတ်ဆက်ကြတယ်။
“ အမ်။” ဖန်ဟို့ဒဲနဲ့ ချီ ရှင်းလိန်။ တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်နေမိတယ်။ အဲ့ဒီ့နောက် သူတို့ ရဲ့ အကျီတွေကို သပ်ရပ်အောင် လုပ်ရင်း လှမ်းပြောတယ်။
“ ဟ ဟား…။ ကျန်းရှီရဲ့ မိတ်ဆွေတွေ ဆိုတော့။ အထဲ ၀င် ကြပါ။ လာထိုင်ကြပါအုန်း။ ”
“ ဦးလေး ဖန်။ အဒေါ်ဖန်။ ဖိတ်ခေါ်တာအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အပြင်မှာပဲ စောင့် ကြပ်နေပါမယ်။ ” စုကျိုး ရှေ့ကို တိုးလာပြီးတော့ ။ တလေးတစားနဲ့ ပြန်ဖြေတယ်။
“ အပြင်မှာ စောင့်ကြပ်မယ်။ မဟုတ်တာပဲကွယ်။ အိမ်ကို လာတဲ့ ဧည့်သည်တွေကို အပြင်မှာ ဒီ အတိုင်းတော့ ရပ် မစောင့် ခိုင်းပါဘူး။ ဒါက ….” ချီရှင်းလိန် ပြန်ဖြေတယ်။
“ ငါတို့နဲ့ လာစားလှည့်။” စုကျိုးကို ဖန်ကျန်းရှီ လှမ်းပြောတယ်။ သူက မာနကြီးတဲ့ လူတစ်ယောက် မဟုတ်ဘူး။ နောက်ပြီးတော့ သူ့ မိဘတွေ အကြောင်းကိုလည်း သူ ကောင်းကောင်း သိတယ်လေ။
“ ကျေးဇူးတင်ပါတယ် သခင်။” တညီတညွှတ်တည်း ပြန်ဖြေသံတွေ ထွက်လာတယ်။
“ သခင် ။” ချီရှင်းလိန် နဲ့ ဖန်ဟို့ဒဲ။ သူတို့ နားတွေကိုတောင် မယုံနိုင် ဖြစ်နေခဲ့တယ် ။ သူတို့သားက ၀ရမ်းပြေး ဖြစ်ပြီးတော့။ ကျင့်ကြံဆင့်တွေ ပျောက်ဆုံး ကုန်တာ မဟုတ်ဘူးလား။ ဘယ်လိုများ ဒီလူတွေရဲ့ သခင် ဖြစ်လာရတာလဲ။
“ …” ဒီကိစ္စ သူ့ မိဘတွေကို ရှင်းပြဖို့ ခက်မှန်း ဖန်ကျန်းရှီ သိတယ်။ သူတို့တွေ ဘာမှ မမေးတာလည်း တစ်ခု ကောင်းတာပဲလေ။
ဖန်ကျန်းရှီ ပြန်ရောက်လာတဲ့ သတင်းက။ တောမီးလောင်သလို မြန်မြန်ဆန်ဆန် ပြန့်သွားခဲ့တယ်။ ကျန်းယန်ဖိန် ။ ဖန်ကျန်းရှီတို့ အိမ်ကို အမောတကော ရောက်ချလာခဲ့တယ်။ ဖန်ကျန်းရှီ အိမ်ထဲကို ၀င်ဝင်ချင်း။ သူ လှမ်းအော်တယ်။ ”ကျန်းရှီ… ပြေး .. မြန်မြန်ပြေး။” ကျန်းယန်ဖိန်ရဲ့ နောက်မှာ မရေ မတွက်နိုင်တဲ့ ရွာသား တွေ ပါလာခဲ့တယ်။ ကျောင်းတော်က ဆရာတွေနဲ့ ကျောင်းတော်သားတွေတောင် ရောက်လာခဲ့တယ်။ ဖန်ကျန်းရှီ သူတို့ကို ပြောနိုင်တဲ့ တစ်ခုတည်းသော စကားက ( အိမ်မှာ ထမင်း မလောက်ဘူး ဆိုတာပဲ။)
…
မြောက်ရွာကတော့ ဒီညမှာ ဆူညံနေခဲ့တယ်။ ကျန်းယန် ဖန်က။ ရွာကွင်းပြင်မှာ စားပွဲခုံတွေ အပြည့် ချထားခဲ့တယ်။ ဒါပေမယ့်။ ရွာသားတွေကို အံ့သြစေတာက ။ ဒီညမှာ သူစိမ်း တစ်ယောက်မှကို ရောက်မလာတာပဲ။ ဒါက ထူးဆန်းနေတယ်။ ဒါပေမယ့် သူတို့ မရှိတာက ခနပဲ ဖြစ်မှာ။ မကြာခင် ပြန်ရောက်လာကြမှာပဲ။
“ ကျန်းရှီ။ ငါ ငွေသား နည်းနည်း ယူလာခဲ့တယ်။ မင်း ဒါကို ယူ သွားလိုက်ပါ အုန်း။”
“ဟုတ်တယ်။ ကျန်းရှီ။ ငါတို့လည်း။ ရွာက ထွက်တဲ့ သီးနှံတွေ ယူလာတယ်။ ဒီနှစ်ထွက်တဲ့အသီး အနှံတွေက အတော့်ကို စားကောင်းတာ။ မင်းနဲ့ မင်းရဲ့ မိတ်ဆွေတွေ အတွက် ယူသွားပါအုန်း။”
“ ငါလည်း ငွေသားနည်းနည်း ယူလာတယ်။”
“ငါကောပဲ။”
စားသောက်ပြီး ပြီးချင်းမှာပဲ။ ရွာသားတွေ ။ ဖန်ကျန်းရှီအနားကို ရောက်လာကြပြီးတော့။ သူတို့မှာ ရှိတာလေးတွေကို လာပေးကြတော့တယ်။
“ ဦးလေးလီ။ အဒေါ်ကျန်း။ ဒါတွေ ကို ကျွန်တော် မလိုပါဘူး။”
“ ကျန်းရှီ။ ဘာပြောတာလဲ။ အခုဆို ကိစ္စတွေက မတူတော့ဘူး။ ဒီ ပစ္စည်းတွေကို အပြင်မှာ သုံးလို့ရတယ်လေ။ ဒီအတိုင်းပြန်လာပြီးတော့ ဒီလိုကြီး ပြန်သွားတာ မျိုးတော့ မလုပ်နဲ့လေ။ အပြင်မှာ နေထိုင်စရိတ်က ဈေးကြီးတယ်။ ယူသာ ယူထားစမ်းပါ။ ” ကျန်းယန် ဖိန် လှမ်းပြောတယ်။
“ ဦးလေး ယန်ဖိန်။ ကျွန်တေန် အခု ချက်ခြင်း ပြန်သွားမှာ မဟုတ်ပါဘူး။ နောက်ပြီးတော့ ကျွန်တော်အခု ချိန်မြှ ပိုက် ဆံ မလိုသေးဘူးလေ။ ” ဖန်ကျန်းရှီ ခါးသက်သက် ပြုံးနေမိတယ်။ သူတို့ တွေးနေတာကို သူ နားလည်တာပေါ့။ ဒါပေမယ့် သူက တကယ်ပဲ ပိုက်ဆံ လိုမှမလိုပဲ။
“ မင်း က မသွားဘူး။ ဘာပြောချင်တာပဲ။ မှောင်နေတဲ့ အချိန်မှာ သွားသင့်တယ်လေ။ ကန်လင်းတောင် လျှို့ဝှက် လမ်းကနေ ပြန်လို့ရတယ်။ လမ်းမကြီးက နေ မသွားနဲ့။ ”မ
“ ကျွန်တော် မသွားဘူး။”
“ ကျန်းရှီ မအ စမ်းပါနဲ့။ မင်း အင်အားကြီးတာ ဦးလေးသိတယ်။ ဒါပေမယ့် ကြီးမြတ်သောရှမင်းဆက်က စစ်သည်တော်တွေက။ အင်အားအရမ်းများတယ်။”
“အမှန်ပဲ။ ယန်ဖိန် ပြောတာ မှန်တယ်။ ငါတို့တွေက မိသားစု တစ်ခု တစ်ခုတည်းပဲ။ ငါတို့တွေ သေမှာ မကြောက်ဘူး။ ဒါပေမယ့် မင်းမှာ ရှေ့ဆက်ရမယ့် ဘ၀ ခရီး ရှိသေးတယ်လေ။ ဒီအတိုင်း သေသွားလို့ မဖြစ်ဘူး။” ရွာသားတွေ အကြံပေးတယ်။ ဖန်ကျန်းရှီကတော့ ပြောစရာ စကားမရှိ ဖြစ်နေခဲ့တယ်။ သူတို့တွေကို ဒီ အခြေအနေ ရှင်းပြဖို့ရာ မလွယ်ကူမှန်း နားလည်ပါတယ်။ ရွာသားတွေ အတွက်တော့။ တော်ဝင် ညီလာခံ ဆိုတာ ကောင်းကင်ဘုံလိုပဲ။ ဖန်ကျန်းရှီ အတွက်တော့။ အသက်ရှင်နိုင်စရာ လမ်းမရှိဘူးလို့ သူတို့ မြင်နေခဲ့တယ်။
“ သွား..။ သွားပါတော့။”
“ ကျွန်တော် မသွားဘူး။”
“ မရူးမိုက် စမ်းပါနဲ့။ သွား ပါ။”
“ ကျွန်တော် မသွားဘူး။”
“ဖန်ကျန်းရှီ အကြိမ် ကြိမ်။ ငြင်းဆန်ခဲ့တယ်။ ရွာသားတွေ ဘယ်အချိန် ထွကသွားလဲတောင် သူ မသိတော့ဘူး။ နောက်ဆုံး သူ လိုက်တာက။ အိပ်ချင်တာ တစ်ခုပဲ။ ရွာသားတွေနဲ့ ငြင်းခုံရတာက။ စစ်ပွဲတစ်ခုကို တိုက်ခိုက်ရတာထက် ပိုခက်တယ်။ ည နက် သန်းခေါင်ကို ရောက်လာပြီ။ ကြယ်တွေက ကောင်းကင်မှာ တလက်လက် တောက်ပနေခဲ့တယ်။ ချီရှင်းလိန်က။ ဖန်ကျန်းရှီ ရဲ့ နောက်မှာ ထိုင်ရင်း။ အိပ်ယာခင်းနေခဲ့တယ်။ သူမ နောက်မှာတော့ ဖန်ဟို့ဒဲ ရပ်နေခဲ့တယ်။
“ ရှင်းလိန်။ သားကို ချီပြီးတော့ အပြင် ထုတ်ထားရင်ကော။ ”
“ လုပ်ရဲရင် လုပ်ကြည့်စမ်း။ ကျွန်မ သားကို လက်ဖျားနဲ့တောင် မထိနဲ့။ ထိရင် ကျွန်မနဲ့ တွေ့မယ်။” ချီရှင်းလိန် ပြန်အော်တယ်။
“ဒါပေမယ့်…”
“ မနက်ဖြန်။ မနက် မှာ သားကို ထွက်သွားဖို့ ပြောပေးမယ်။” ချီရင်းလိန်ရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေ ရစ်ဝဲလာခဲ့တယ်။ ဒီနေ့ကို ရောက်ဖို့ သူ တစ်နှစ် ကျော်ကြာအောင် ဟောင့်ဆိုင်းလာခဲ့ရတာ။ အကြိမ်ကြိမ်လည်း အိမ်မက် မက်ဖူးခဲ့တယ်။ သူမ သားက အခုချိန်မှာ ပြန်လာပြီလေ။ ဒါပေမယ့် သူမ မှာ ရွေးချယ်စရာမရှိတဲံ အတွက်။ သားကို ထွက်သွားဖို့ ပြောရတော့မယ်။ သူမ ရဲ့ နာကျင်မှုတွေကို ဘယ်သူ နားလည်နိုင်မှာလဲ။
…
မြောက်ရွာရဲ့ ည အချိန်ကတော့ တိတ်ဆိတ်နေခဲ့တယ်။ ဒါပေမယ့် ဟွေ့အန်း ဒေသ။ မြောက်ပိုင်းကျောင်းတော် ငါးခု နဲ့ ယန်မြို့တော်ကြီးကတော့။ သူတို့ ကြားလိုက်ရတဲ့ သတင်းကြောင့် ထိတ်လန့်နေခဲ့တယ်။ ဖန်ကျန်းရှီ ဟွေ့အန်း ဒေသမှာ ပေါ်ထွက်လာခဲ့တဲ့ သတင်းက ။ တောမီးလောင်တာထက်တောင် ပိုပြီးတော့ မြန်မြန်ဆန်ဆန် ပျံ့နှံ့ နေသေးတယ်။ အိမ်ရှေ့စံ ရဲ့ အိမ်တော်မှာတော့။ ပန်းအိုးအကြေတွေနဲ့ ပြည့်နှက်နေခဲ့တယ်။
စစ်သည်တော်တွေ အမြောက်အများ ။ သူတို့ အိမ်တော်ထဲကနေ ထွက်လာကြတယ်။ အိမ်ရှေ့စံ အပြင်။ သွမ့်အရှင်။ ၀န်ကြီး ယွီယိဖျင်။ စစ်နတ်ကျောင်းတော်။ အကုန်လုံး။ သတင်းကို တစ်ချိန်တည်းမှာပဲ သိခဲ့ရတယ်။
“ဖန်ကျန်းရှီ။ ဟွေ့အန်း ဒေသကို ပြန်လာပြီ။”
“ သူမြောက်ရွာကို ပြန်သွားတယ်။ ”
ဒါက အတော့်ကို ခိုင်လုံပြီးတော့ မယုံကြည်စရာ ကောင်းနိုင်လွန်းတဲ့ သတင်းပဲ။ ဒါပေမယ့် ဟွေ့အန်းဒေသ တစ်ခုလုံးကတော့ ဖန်ကျန်းရှီ ပြန်လာတာကို မျက်မြင်တွေ့လိုက်ကြတယ်လေ။ ဒီသတင်း မမှန်တာတော့ မဖြစ်နိုင်တာပဲ။
“ ဒီကောင် ဘယ်လို လုပ်ဝံ့တာလဲ။ ”
“ သူ့ကို ဖမ်းရမယ်။”
“ ဒီတစ်ခေါက်တော့ အလွတ်ပေးလို့ မဖြစ်ဘူး။” ဒီအသံတွေ့ မြို့တော်ထဲမှာ ပဲ့တင့် ထပ်နတော့တယ်။ လွန်ခဲ့တဲ့ တစ်နှစ်တည်းက ။ စပြီးတော့ အိမ်ရှေ့စံ လင်းထျန်းရုံက ။ အင်အားတွေကို ပေါင်းစည်းနေတာ။ အခုချိန်မှာ ဘယ်သူမှ အနားကပ်လို့မရဘူး။
သွမ့်အရှင်တောင် ဘေးဖယ်နေရတယ်။ နောက်ဆုံးတော့လည်း။ တောင်ပိုင်းဒေသက အောင်ပွဲနဲ့။ ရှန်လင်းရဲ့ သေဆုံးမှုတွေက။ ညီလာခံမှာ အိမ်ရှေ့စံ လင်းထျန်းရုံရဲ့ နေရာကို မြင့်မားလာစေတယ်လေ။ အမတ်မင်းတွေ အားလုံး နီးပါး။ သူ့ကို သစ္စာခံလိုက်ရတယ်။ လင်းထျန်းရုံ ကတော့ တနေ့မှာ ထီးနန်းကို သူ ဆက်ခံရ မှာ သေချာနေတဲ့ အတွက်။ ပျော်ရွှင်နေခဲ့တယ်။
…
…
ဖန်ကျန်းရှီက မြောက်ရွာကနေ မထွက်ခွာခဲ့ဘူး။ သူ့မိဘတွေ နဲ့ ရွာသားတွေက ဘယ်လိုပဲ ပြောပြော။ သူကတော့ ဆက်လက်ပျော်ပါးနေခဲ့တယ်။ သူ့ အိမ်က ဒီမှာလေ။
“ နေ့လယ်စာလေး စားပြီးရင် ပြန်ပါမယ်။”
“ ညစာလေး စားပြီးရင် ပြန်မယ်လို့ ကတိပေးတယ်။”
“ နောက်ကျနေပြီ။ ။ မနက် မှ ထ ပြန်တော့မယ်လေ။”
ဖန်ကျန်းရှီ ရှင်းပြလို့ မရမှန်း သိတာကြောင့်။ အချိန်သာ ဆွဲနေခဲ့တယ်။ ညနေစောင်း တစ်ခု။ ဖန်ကျန်းရှီ။ အိမ်ပြန်ရောက်နေတာ သုံးရက်ကြာသွားခဲ့ပြီ။
ဖန်အိမ်ရဲ့ ခြံတံခါးမှာ ကျန်းယန်ဖိန်ပေါ် လာခဲ့တယ်။ ဒီတစ်ကြိမ်မှာ ။ သူ အတော့်ကို အလျင်လိုနေတဲ့ ပုံစံပဲ။ ထိတ်လန့် ကြောက်ရွံ့မှုတွေ သူ့ မျက်နှာမှာ ပြည့်နေခဲ့တယ်။
“ ကျန်းရှီ ရေ။ သား မြန်မြန်ပေးတော့။ လူတွေ အများကြီး ရောက်နေကြတယ်။ စစ်တပ်ကလာတဲ့ သူတွေတဲ့။ စစ်တပ်ကြီး ရောက်နေပြီ။ ကန်လင်းတောင်ကို မြန်မြန်ပြေးတော့။” ကျန်းယန်ဖိန် အိမ်ပေါက်ဝကနေ လှမ်းအော်တယ်။
ကျန်းယန်ဖိန် အသံထွက်လာတဲ့ အချိန်မှာပဲ။ ရေခဲလို အေးစက်စက် အငွေ့အသက်တွေ တောက်ပနေတဲ့ ။ ၀တ်ရုံနက် အမျိုးသမီး ထွက်ပေါ်လာတယ်။
“ သခင် အနားယ်ူနေတယ်။” ကျန်းယန်ဖိန်ကို သူမ လှမ်းပြောတယ်။
“ ငါသိတယ်။ … ။ ဒါပေမယ့်။ သူ့ကို ဖမ်းမယ့် သူတွေ အပြင်မှာ ရောက်နေပြီ။ ငါ့ လူတွေကို ရွာပတ်ပတ် လည်မှာ ချထားတာ။ သူတို့တွေ သုံးမိုင် အတွင်းရောက်နေပြီလို့ သတိရတယ်။” ကျန်းယန်ဖိန်။ အမျိုးသမီးငယ်ကို ဖြတ်ပြီးတော့ သွားလိုက်ချင်တယ်။ ဒါပေမယ့် သူ မလုပ်နိုင်ဘူး။
“အင်း..။ သိပြီ။” အမျိုးသမီး ခေါင်းငြိမ့်တယ်။
“ဒါဆိုရင်။ ကျန်းရှီကို ပြေးဖို့ ဘာလို့ သွားမပြောတာလဲ။” ကျန်းယန်ဖိန် စိတ်ရှုပ်ထွေးနေခဲ့တယ်။
“သခင်အနားယူနေတယ်။” အမျိုးသမီးတော့ ပုံမှန်အတိုင်းသာ ပြန်ဖြေခဲ့တယ်။
“….” ကျန်းယန် ဖိန် ပြောစရာ စကားမရှိ ဖြစ်သွားခဲ့တယ်။ သူ့မှာ ထပ်ရှင်းပြဖို့ အချိန် မရှိတော့ဘူးဆိုတာလည်း သူသိတယ်။ ဒါကြောင့် နောက်တစ်လှမ်း ပြန်ဆုတ်သွားတယ်။
“ ကျန်းရှီ။ ရွာပြင်မှာ မင်းကို လာဖမ်းတဲ့ စစ်တပ်ကြီး ရောက်နေပြီ။ ပြေးတော့။ မြန်မြန်ပြေး ။ ဟို့ဒဲ ။ ရှင်းလိန် ။ မင်းတို့သူ့ကို မသေစေချင်ရင်ပြေးခိုင်းတော့။ ”