နတ်ဘုရား မုခ်ဝ - Chapter - 520 နောက်ထပ် စောင့်ဖို့ မလိုတော့ဘူး
“ နှစ်ရက် သုံးရက် ဟုတ်လား။ နင်ရူးနေတာပဲ ။ အိမ်ရှေ့စံက ဥပဒေ ၀န်ကြီး ဌာနဲ့ စစ်မက်ရေးရာ ၀န်ကြီးဌာနကို ဆုံးရှုံးလိုက်ရပေမယ့်။ နောက်ထပ် ၀န်ကြီးဌာန လေးခုတောင် သူ့ကို ထောက်ပံ့နေသေးတယ်လေ။ နင် ဒီ့ထက် နည်းနည်းလေးတောင် ပို မစောင့်နိုင်တော့ဘူးလား။” ပင်းယန် စိတ်ရှုပ်ထွေးမှု အပြည့်နဲ့ ပြန်ဖြေတယ်။
“ ဘယ်အချိန်ထိ စောင့်ရမှာလဲ။” ဖန်ကျန်းရှီ မေးတယ်။
“ ဒါပေါ့။ နင်စောင့်….” ပင်းယန် ထပ်မပြောမိခင် ရပ်လိုက်တယ်။ ( အိမ်ရှေ့စံ မင်းသား ရာထူး မပြုတ်ခင် အထိ စောင့်လို့ သူ ပြောလိုက်ချင်တယ်။ ) ဒါပေမယ့် အိမ်ရှေ့စံကလည်း သူ့ အကိုတော် ဖြစ်နေသေးတယ်လေ။ ဒါကြောင့် သူမ မပြောရက်ဘူး။
“ အိမ်ရှေ့စံက အိမ်ရှေ့စံပဲ။ ငါ့ ကိစ္စက သူနဲ့ မဆိုင်ဘူး။ အကယ်၍ အချိန် ကျတဲ့ အထိ သာ စောင့်နေရင်။ ငါ့ အမှုက အဓိပ္မာယ်မရှိ ဖြစ်သွားလိမ့်မယ်။” ပင်းယန် ပြောချင်နေတာကို ဖန်ကျန်းရှီ သိတယ်။
“ နင့် အမှုကို ဒီအချိန်မှာ ပြန် ဖော်ဖို့က မခက်ဘူးလား။ နောက်ပြီးတော့… နင့်မှာ သက်သေကော ရှိရဲ့လား။ ” ပင်းယန် ခေါင်းငြိမ့်ရင်းနဲ့ မေးတယ်။ ဖန်ကျန်းရှီက သူ့ရဲ့ အမှုကိစ္စကို ဥပဒေ ၀န်ကြီးဌာနကို သုံးပြီးတော့ ပြန်ဖော်ချင်နေတာလား။ ဒါက ခက်ခဲ လွန်းတယ်လေ ။ နောက်ပြီးတော့ ၀မ်ချွမ်က ဥပဒေ ၀န်ကြီးတောင် မဖြစ်သေးဘူး။ အကယ်၍ သူ ဖြစ်ခဲ့ရင်တောင် သူ့ ထက် ငယ်တဲ့ ဒီလူကို သူ လေးစားမှာ မဟုတ်ဘူး။ ဒါ့အပြင် ၀မ်ချွမ်မှာ သက်သေလည်း မရှိဘူးလေ။ ဧကရာဇ်က လည်း သဘောတူမှာ မဟုတ်ဘူး။
“ သက်သေလား။ ဟုတ်တာပေါ့။ ငါ့မှာ တစ်ခုမှ မရှိဘူး။” ဖန်ကျန်းရှီ ခေါင်းခါတယ်။ တကယ်တမ်းဘာတွေ ဖြစ်ခဲ့လည်း သိတာက စုချင်းနဲ့ ။ ကြေးစား စစ်သည်တော် ရှစ်ယောက်ပဲ ရှိတယ်။ ကြေးစား စစ်သည်တော် ရှစ်ယောက်က နုတ်ပိတ်ခံလိုက်ရပြီ။
အမှန်တရားကို သိတဲ့ တစ်ဦးတည်းသော သူ စုချင်းကလည်း။ မြောက်ပိုင်းဒေသမှာ။ မြောက်ပိုင်းကျောင်းတော် ငါးခုကို ကြီးကြပ်နေတယ်။ စုချင်းကတော့ အိမ်ရှေ့စံကို ဆန့်ကျင်ပြီး သက်သေ ထွက်ဆိုတာမျိုး လုံးဝ လုပ်မှာ မဟုတ်ဘူး။
“ ဧကရာဇ်က နင့် အမှုကို သက်သေ မရှိပဲနဲ့ ။ ပြန်ဖော်ထုတ်ခွင့် ပြုမယ်လို့ ထင်နေတာလား။” ပင်းယန် မေးတယ်။
“ ငါတို့ ကြိုးစားပြီးတော့ ရှာဖွေနေပါတယ်။” ဒါ တကယ်တမ်း ဘယ်လို အလုပ်လုပ် နေလဲ ဆိုတာတော့။ ဖန်ကျန်းရှီ မရှင်းပြနိုင်ဘူး။ ရိုးရိုးသားသား ပြောရရင်။ သူေ အာင်မြင်မလားဆိုတာတောင် သူ မသိဘူးလေ။
“ ကောင်းပြီလေ။ နင် ဘယ်အချိန် စမှာလဲ။”
“ သူမက နောက် နှစ်ရက် သုံးရက် အတွင်း ဒီကို ရောက်လာတော့မှာ။”
“ သူမ… ။ နင်ပြောနေတာ …”
“ အင်း… ” ဖန်ကျန်းရှီ ပြတင်းပေါက် အပြင်ကို လှမ်းကြည့်တယ်။ မိုးတွေ ရွာနေဆဲ။ တစ်နှစ်ကျော် ကြာခဲ့ပြီ။
…
ညချမ်း အချိန်မှာ။ မိုးဖွဲဖွဲ ရွာကျနေခဲ့တယ်။ မြို့တော်က ကြည်လင်တောက်ပနေတဲ့ အိမ်တော် တစ်ခုထဲမှာ။ အဆောင်ငယ်လေး တစ်ခုထဲ လူတစ်ယောက် ထိုင်နေခဲ့တယ်။ သူမရဲ့ ချောမွေ့ နူးညံ့တဲ့ လက်ချောင်းလေးတွေက ကူချင်း( ဗျပ်စောင်း)ကို တီးခတ်နေခဲ့တယ်။ လေ ကြောင့် မိုးရေတွေ အဆောင်ငယ်ထဲ ရောက်လာတယ်။ သူမရဲ့ ၀တ်ရုံတွေ စိုစွတ်ကုန်တယ်။ လရောင်ထဲမှာတောင် သူမရဲ့ ၀တ်ရုံက တောက်ပနေခဲ့တယ်။ သူမက ယွင်ချင်းဝူ။ နတ်ဆိုးတွေရဲ့ အရှင်သခင်ငယ်။ မှန်ပါတယ်။ သူမက ကြီးမြတ်သောရှမင်းဆက် ရဲ့ မြို့တော်မှာ ရောက်နေတာ။ အတော့်ကို မူမမှန်တဲ့ အမှန်တရား တစ်ခုပဲ။
“အရှင်သခင်ငယ်။” တစ်ကိုယ်လုံး ၀တ်ရုံနက် ခြုံထားတဲ့ လူတစ်ယောက် ။ ယွင်ချင်းဝူရဲ့ ရှေ့မှာ ပေါ်လာခဲ့တယ်။
“အင်း…”
“ အရှင်သခင်ငယ်။ ကျွန်တော် သတင်းပို့စရာ ရှိပါတယ်။ ၀ူယွဲ့အာက အခု။ နန်းတော်ကို လာတဲ့ လမ်းမှာ ရောက်နေပါပြီ။ တောင်ပိုင်းဧကရီလည်း နှစ်ရက် အတွင်း ရောက်လာ ပါတော့မယ်။”
“ နှစ်ရက်။ ၀ူယွဲ့အာ။ တောင်ပိုင်းဧကရီ။ ရန်ချန်လိ…. အင်း။ ငါ နားလည်ပြီ။” ယွင်ချင်းဝူ ခေါင်းငြိမ့်တယ်။ ကူချင်းကနေ လက်ဖယ်လိုက်တယ်။ ကောင်းကင်ကြီးကို ကြည့်တယ်။
“ ပိုင်ချင်း ဘယ်မှာ အဖမ်းခံနေရလည်း ရှာတွေ့ပြီလား။”
“ မတွေ့သေးပါဘူး။ ဒါပေမယ့် ….” ဆင်ခြေပေးတော့မိတော့မယ့် အချိန်မှာပဲ သူရပ်တန့်လိုက်တယ်။ ယွင်ချင်းဝူက ဆင်ခြေပေးတာတွေကို မကြိုက်မှန်း သူသိတယ်လေ။ သူမက သတင်း အချက်အလက်ကိုပဲ စိတ်ဝင်စားတာ။
“ ကောင်းပြီ။ ပင်းယန် အိမ်တော်ကို ဒီစာ ပို့လိုက်။”
“ အမိန့်တော် အတိုင်းပါ။”
…
နောက်တစ်နေ့ မနက် မိုးသောက်ချိန်မှာ။ မိုးရွာတာ ရပ်သွားခဲ့ပြီ။ နေရောင်ခြည်က ရွှေရောင် ညီလာခံ ခန်းမထဲမှာ တောက်ပနေတယ်။ ညီလာခံ ခန်းမရဲ့ ခေါင်မိုးက နေရောင်ခြည် အောက်မှာ ရွှေရောင်ဖြာနေခဲ့တယ်။ ရာချီတဲ့ အမတ်မင်းတွေက ။ ညီလာခံ ခန်းမထဲကို ၀င်လာတဲ့ သတ်လတ်ပိုင်း လူကြီးကို ဂုဏ်ပြုစကားဆိုနေကြတယ်။ ဒီလူကတော့ ၀မ်ချွမ်။ အခုချိန်မှာ သူက ဥပဒေ ၀န်ကြီး ဖြစ်နေပြီလေ။ တိုက်ပွဲက ဒီလို အဆုံးသတ်သွားမယ်လို့ ဘယ်သူမှ မထင်မှတ်ထားခဲ့ ဖူးဘူး။ လက်ထောက်ဝန်ကြီး နှစ်ဦးက အဖမ်းခံရပြီးတော့။ ရာထူးက ထုတ်ပယ်ခံလိုက်ရပြီလေ။ တစ်ဦးတည်းသော ကျန်တာကတော့ ၀မ်ချွမ်ပဲ။ ၀မ်ချွမ်က တစ်ယောက်တည်း ကျန်တယ်ဆိုတာ သိပေမယ့်။ ဒီ ဖြစ်ရပ်ကြီးက သူတို့ကို ထိတ်လန့် စေတယ်။
“ ဟ ဟား … ။ အမတ်မင်း ၀မ်။ ရာထူး တိုးသွားတာကို ဂုဏ်ပြုပါတယ်။ ကျွန်တော်တို့ကို မမေ့နဲ့နော်။”
“ ကျွန်တော် ကြားတာတော့ အမတ်မင်း ၀မ်ရဲ့ သားက။ လက်ထပ်ဖို့ အသက်အရွယ်ကို ရောက်နေပြီတဲ့။ နောက်ပြီးတော့ စေ့စပ်ထားတာ လည်း မရှိသေးဘူး။ ကျွန်တော့် သမီးလေး….”
“ အမတ်မင်းချင်။ မင်းရဲ့ သမီးလေးက ဆယ့်လေးနှစ်ပဲ ရှိသေးတာ မလား။ အမတ်မင်း ၀မ်။ ကျွန်တော့် တူမ နဲ့ ကမှ ပိုပြီးတော့ အဆင်ပြေမှာ။” အမတ်မင်းတွေ။ ၀မ်ချွမ်ရဲ့ အရေးပေးမှုကိုရဖို့ အစွမ်းကုန်ကြိုးစားနေကြတယ်။
လက်ထောက်ဝန်ကြီး အဖြစ်ကနေ ။ ၀န်ကြီး အဆင့်ကို ရောက်သွားတာက ကြီးမားတဲ့ အလှည့်အပြောင်း တစ်ခုပဲ။ ဒီ လိုရာထူး ထက်ဖို့ ဆိုတာ အများစု အတွက်တော့ ခက်ခဲတယ်။ ဒါပေမယ့် မင်း တစ်ခါ ခုန်တက်ပြီးတာနဲ့ ။ မင်းရဲ့ ဘ၀က အခြေခိုင်သွားပြီပဲ။ ၀န်ကြီးဌာန ခြောက်ခုရဲ့ ၀န်ကြီး တစ်ယောက် ဖြစ်လာတာနဲ့။ မင်းရဲ့ နာမည်က သမိုင်းမှာ ရာဇ၀င် တွင်သွားပြီပဲ။
“ ကျွန်တော့်သားက ငယ်ရွယ်ပြီးတော့ မရင့်ကျက်သေးပါဘူး။ အမတ်မင်း တို့ နှစ်ယောက် ဒီလို ကမ်းလှ မ်းတာ သူ့ အတွက်တော့ တကယ့်ကို ဂုဏ်မြင့်လွန်းပါတယ်။ ဒါပေမယ့် သူ့ သဘောထားကို ကျွန်တော် မေးရအုန်းမယ်။ ” ၀မ်ချွမ် ဦးညွှတ်ရင်းနဲ့ ပြန်ဖြေတယ်။
“ မှန်တာပေါ့။ ဒီ ကိစ္စက မဖြစ်မနေ လုပ်ရမှာပဲ။”
“ အမတ်မင်းဝမ် က ဒီလောက်ထိ ထူးချွန်နေတာ အံ့သြစရာ မရှိတော့ပါဘူး။ အမတ်မင်းက တကယ့်ကို တရားမျှတပြီး ဘက်မလိုက်တတ်ဘူး။ ဥပဒေ ၀န်ကြီးဌာနက တိုးတက်တော့မှာ ။”
“ အမှန်ပဲ…”
အမတ်မင်းတွေက ၀မ်ချွမ် ငြင်းပယ်တာကို စိတ်ဆိုး ကျဟန် မရှိဘူး။ အဲ့ဒီ့အစား သူ့ကို ဆက်ပြီးတော့သာ ချီးမွမ်းနေခဲ့တယ်။ ဒီအချိန်မှာပဲ အိမ်ရှေ့စံ လင်းထျန်းရုံ ။ ညီလာခံ ခန်းမထဲကို ရောက်လာခဲ့တယ်။ သူ့ရဲ့ ငွေရောင် ၀တ်ရုံက နေရောင်ခြည်ထဲမှာ တောက်ပနေခဲ့တယ်။
“ အဟမ်း…” အိမ်ရှေ့စံ လင်းထျန်းရုံ ချောင်းဟန့်တယ်။ ၀မ်ချွမ့် ဆီကို ဖြတ်လျှောက်လာတယ်။ အမတ်မင်းတွေ အားလုံးကတော့ အိမ်ရှေ့စံကို မြင်တဲ့ အချိန်မှာ နည်းနည်းတော့ ထိတ်လန့်သွားကြတယ်။ ဒါက ညီလာခံ ခန်းမရဲ့ ၀င်ပေါက်ကြီးလေ။ စည်းမျဉ်း တစ်ခု ရှိတယ်။ တော်ဝင်မိသားစုရဲ့ မိသားစုဝင်တွေက အမတ်မင်းတွေနဲ့ မပတ်သတ်ရဘူး ။ အခုတော့ ဘာတွေ ဖြစ်နေတာလဲ။ အမတ်မင်းတွေ အားလုံး။ အိမ်ရှေ့စံကို မြင်တဲ့ အချိန်မှာ ဘေးကို ရှောင်ကွင်းသွားကြတယ်။
“ အမတ်မင်း ၀မ်..” အိမ်ရှေ့စံ လင်းထျန်းရုံ နှုတ်ဆက်တယ်။
“ အိမ်ရှေ့စံကို နှုတ်ခွန်းဆက်ပါတယ်။” ၀မ်ချွမ် ဦးညွှတ်ရင်း နှုတ်ဆက်တယ်။
“ အင်း… ။ ဓလေ့ထုံးတမ်းတွေကို ဒီလောက် လိုက်နာနေစရာ မလိုပါဘူး။ ငါကြားတာတော့။ အမတ်မင်းရဲ့ သားက ။ တောင်ဖြိုတပ်ဖွဲ့မှာ တစ်ခါတာဝန် ထမ်းဆောင်ဖူးတယ် ဆို။ ဒီလို ထိပ်တန်း တပ်ဖွဲ့ကြီးမှာ လေ့ကျင်ခံရတဲ့ လူငယ်တွေက ရှားပါးတယ်။ အကယ်၍ အမတ်မင်း အားလပ်ရင်။ အရှေ့ပိုင်း နန်းတော်ကို တစ်ခါတစ်ခေါက် တော့ အရောက်လာ စေချင်ပါတယ်။ ” လင်းထျန်းရုံ အေးအေးဆေးဆေး ပြောတယ်။ အမတ်မင်းတွေ အားလုံး ဘာတွေ ဖြစ်နေလဲ နားလည်သွားကြပြီ။ အိမ်ရှေ့စံက သူ့နေရာ အတွက် ၀မ်ချွမ်ကို လာ သိမ်းသွင်း နေတာပဲ။
အိမ်ရှေ့စံက နည်းနည်းတော့ စိတ် မရှည်တဲ့ ပုံစံပေါက်နေခဲ့တယ် ။ ဒါပေမယ့် သူ စိတ်မရှည်တာကတော့ နားလည်နိုင်စရာပဲလေ။ ၀န်ကြီးယွီက အဖမ်းခံလိုက်ရပြီ။ ၀မ်ချောင်ကလည်း ထောင်ထဲမှာ။ ရှန်မင်းကလည်း ဆယ်မိုင်ရေကန်မှာ ဒူးထောက်နေကြတယ်။ အိမ်ရှေ့စံ အတွက် တော့ အခုလို အလှည့်အပြောင်း အချိန်ကာလမှာ။ တည်ငြိမ်နေဖို့ ဆိုတာ မဖြစ်နိုင်ဘူးလေ။
“ကျေးဇူးတင်ပါတယ်။ အရှင်မင်းသား။ ကျွန်တော့်သားကို ခေါ်လာပြီးတော့ တစ်ရက် မှာ လာတွေ့ပါအုန်းမယ်။” ၀မ်ချောင် တလေးတစားနဲ့ ခေါင်းငြိမ့်တယ်။
“ ကောင်းပြီ။” အိမ်ရှေ့စံ လင်းထျန်းရုံ ခေါင်းငြိမ့်တယ်။ ညီလာခံ ခန်းမထဲကို နောက်လူတစ်ယောက် ၀င်လာတာကို သူ မြင်လိုက်ရချိန်မှာ။ သူ တစ်ခုခုကို ပြောဖို့ ပြင်နေခဲ့တာ။ သွမ့်အရှင်ကတော့ အိမ်ရှေ့စံ ထက် သိသိသာသာကြီးကို ပျော်ရွှင်နေခဲ့တယ်။ နောက်ဆုံးတော့လည်း အခု အခြေအနေက သူ့ အတွက် အရမ်းကို ကောင်းမွန်တဲ့ အခွင့်အရေး တစ်ခုလေ။ ၀မ်ချွမ် သူ့ရဲ့ ၀န်ကြီး ဌာနက ရာထူးကြောင့်သာ မဟုတ်ရင်။ အိမ်ရှေ့စံက သူ့ကို တန်ဖိုးထားမှာ မဟုတ်ဘူး ဆိုတာ လူတိုင်း သိနေတဲ့ အမှန်တရားပဲလေ။ အခုတော့ ၀မ်ချွမ်က ဥပဒေ ၀န်ကြီး ဖြစ်နေခဲ့ပြီလေ။
“ အမတ်မင်းဝမ်…” သွမ့်အရှင်။ အိမ်ရှေ့စံကို လျစ်လျူရှုပြီးတော့။ ၀မ်ချွမ်ကို နှုတ်ဆက်တယ်။
“ အရှင့်သား။” ၀မ်ချွမ် တလေးတစား နဲ့ ပြန် နှုတ်ဆက်တယ်။
“ သခင်လေးဝမ် က တောင်ဖြိုတပ်ဖွဲ့ မှာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ငါကြားတယ်။ စစ်တပ်မှာ သူ့ အတွက် နေရာ ကောင်းကောင်း တစ်ခုလည်း ရှိတယ်။ ၀န်ကြီးဝမ် သူ့ကို ဒီနေရာ ယူခိုင်းမလား သိချင် ပါတယ်။” သွမ့်အရှင် ရယ်မောရင်း ပြောတယ်။
“ ဟ ဟား… သွမ့်အရှင်ကတော့ ကျွန်တော့်ကို နောက် နေတာပဲ။ စစ်တပ်မှာ သူ့ကို လေ့ကျင့်ခိုင်းတာက သူ့အတွက်တော့ ဂုဏ်ယူစရာပါပဲ။ အရှင့်သားကို ကျွန်တော် ကျေးဇူးတင်ပါတယ်။” ၀မ်ချွမ် ပြန်ဖြေတယ်။
“ ကောင်းပြီ။ မနက်ဖြန်က အချိန်ကောင်း လို့ ငါထင်တယ်။ အကယ်၍ သူသာ အားလပ်ရင်။ ငါ့ဆီကို လာဖို့ ဖိတ်ခေါ်ပါတယ်။” သွမ့်အရှင် ခေါင်းငြိမ့်တယ်။
“ ညီတော် ။ ညီတော် ကြည့်ရတာ အလျင်လို နေသလိုပဲ။” အိမ်ရှေ့စံ မျက်မှောင်ကြုတ်ရင်း ပြောတယ်။
“ အဲ့လို ဖြစ်သွားတာလား။ ကျွန်တော့် အထင်တော့ အလျင်လိုနေသူက အကိုတော်ပဲ။” သွမ့်အရှင် ပြန်ဖြေတယ်။
“ဟမ့်။” အိမ်ရှေ့စံ လင်းထျန်းရုံ နှာမှုတ်ရင်း နဲ့ ၀မ်ချွမ့်ကို လှည့်ကြည့်တယ်။ “ အမတ်မင်း ၀မ်။ တောင်ပိုင်းဧကရီ ကို ကြိုဆိုဖိ့ ပြင် ဆင်စရာ ရှိတာတွေ ပြင်ဆင်ရအုန်းမယ်။ နောက်မှ တွေ့မယ်။”
“ အိမ်ရှေ့စံ ခရီးလမ်းပန်း သာယာပါစေ။”
“ အိမ်ရှေ့စံ ဂရုစိုက်ပါ။”
၀မ်ချွမ်နဲ့ တခြား အမတ်မင်းတွေ တလေးတစား ဦးညွှတ်လိုက်တယ်။ သွမ့် အရှင်ကတော့ အိမ်ရှေ့စံ လင်းထျန်းရုံ ထွက်သွားတာကို မြင်တော့ လှောင်ပြုံးပြုံးလိုက်တယ်။
“ တောင်ပိုင်း ဧကရီလာနေပြီ။ ကျွန်တော်လည်း ပြင်ဆင်စရာတွေကို ကူညီရအုန်းမယ်။ သွားလိုက်ပါအုန်းမယ်။” သူ ထပ်ပေါင်းပြီး ပြောတယ်။
“ ခရီးလမ်းပန်းသာယာပါစေ သွမ့်အရှင်။”
၀မ်ချွမ်နဲ့ အမတ်မင်းတွေ နောက်တစ်ကြိမ် ဦးညွှတ်ပြန်တယ်။ အမတ်မင်းကတော့ ဒီ မင်းသား နှစ်ယောက် ထွက်သွားချိန်မှာ သက်ပြင်းချလိုက်ကြတယ်။ ပုံမှန် အတိုင်းဆိုရင်။ ဥပဒေ ၀န်ကြီးဆိုတာ သိပ်ပြီးတော့ ကျော်ကြားတဲ့သူ တော့ မဟုတ်ဘူး။ ညီလာခံမှာ သူ့ထက် ပိုကျော်ကြားတဲ့ ၀န်ကြီးတွေလည်း ရှိနေတယ်လေ။ ဒါပေမယ့် ဒီနေ့တော့ ၀မ်ချွမ်က အရမ်းကို ကျော်ကြားနေခဲ့တယ်။
သွမ့်အရှင့် နဲ့ အိမ်ရှေ့စံ တို့က ။ ညီလာခံ ခန်းမ အပြင်မှာတောင် ။ ရာထူး အတွက် ပေါ်ပေါ်ထင်ထင် တိုက်ခိုက်တာမျိုးက ရှားပါးတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်းမှာ ကိစ္စတွေ အများကြီး ဖြစ်သွားခဲ့တယ်။ ဒါတွေ အားလုံး….။ ဆက်စပ်တွေးတောလိုက်တဲ့ အချိန်မှာ ။ အမတ်မင်းတွေ အားလုံးရဲ့ စိတ်ထဲ လူတစ်ယောက်ရဲ့ နာမည်သာ ပေါ်လာခဲ့တယ်။ အရင်တုန်းကတော့ ဒီနာမည်ကို လျစ်လျူရှုထားခဲ့ကြတာ။ ( ဖန်ကျန်းရှီ)
ဖန်ကျန်းရှီက ဥပဒေ ၀န်ကြီး ၀မ်ချောင်ကို သူ မြို့ထဲ ရောက်ရောက်ချင်း နေ့မှာပဲ ထောင်ထဲ ပို့လိုက်တယ်။ အဲ့ဒီ့နောက်။ ၀န်ကြီးယွီနဲ့ စစ်မက်ရေးရာ ၀န်ကြီး ရှန်မင်းကို တစ်ခါတည်း နေရာကနေ ရိုက်ချလိုက်တယ်။ အခုတော့။ ၀မ်ချွမ်က ဥပဒေ ၀န်ကြီး ဖြစ်လာပြီ။ ၀မ်ချွမ်ရဲ့ ရပ်တည်ချက်က ဘယ်လိုလဲ ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ နောက်ဆုံးတော့လည်း။ ၀မ်ချောင်။ ယွီယိဖျင် နဲ့ ရှန်မင်းတို့ရဲ့ အမှု ကိစ္စတွေ အားလုံးက သူ့ဆီကို ရောက်လာမှာပဲလေ။ သူက တံခါးစောင့် ဖြစ်နေပြီ။ နောက်တစ်နည်းနဲ့ ပြောရရင်။ ၀မ်ချွမ်က အိမ်ရှေ့စံ မင်းသား ဆက်ပြီးတော့ အင်အားရှိနေ အောင်လည်း လုပ်နိုင်သလို။ သွမ့်အရှင်ကိုလည်း အကျိုးရှိသွားအောင် လုပ်နိုင်တယ်။
…
နှစ်ရက်အကြ။ ညနေခင်း တစ်ခုမှာ။ အနီရောင် ပိုးသားချည်ထည်တွေက။ မြို့တော်နံရံပေါ်မှာ တလူလူ လွင့်နေခဲ့တယ်။ ဒါက ပွဲတော်ကြီးရဲ့ အရိပ်ယောင်ပဲ ။ တလက်လက်တောက်ပနေတဲ့ သံချပ်ကာဝတ် စစ်သည်တော် နှစ်တန်းက လူတိုင်းရဲ့ စိတ်ကို ဖမ်းစားနေတယ်။ မရေမတွက်နိုင်တဲ့ ပြည်သူပြည်သားတွေ မြို့တော် ဂိတ်တံခါးမှာ စုဝေးနေကြတယ်။
တောင်ပိုင်းဧကရီ လာနေပြီလေ။ ဒါကကြီးမြတ်သောရှ မင်းဆက်က လူတွေ အတွက်တော့ ပွဲတော်ကြီးပဲ။ နောက်ဆုံးတော့လည်း။ တောင်ပိုင်းဒေသဆိုတာ ကြီးမြတ်သောရှမင်းဆက် ရဲ့ လက်အောက်ခံ နယ်ပယ်ကြီး တစ်ခုပဲ။ အတော့်ကို အရေးကြီးတဲ့ ဆက်ဆံရေး တစ်ခုလည်း ဟုတ်တယ်။ နောက်ပြီးတော့ လွန်ခဲ့တဲ့ တစ်နှစ် ကျော်က ကိစ္စကြီး ဖြစ်ပြီးတဲ့နောက်။ ဒါက ပထမဆုံး ပြန်ဆက်သွယ်တာလည်း ဟုတ်တယ် ။ နောက်ပြီးတော့ ဧကရီကိုယ်တိုင် လာရောက်တာ။
“ငါကြားတာတော့ ဧကရီက အသက် ၂၀ ပဲ ရှိသေးတယ်ဆိုပဲ။”
“ဟုတ်တယ်တဲ့။ အရမ်းလည်း လှတယ်တဲ့ ။ ငါမြင်ဖူး ချင်လိုက်တာ။”
“ ရှူး…။ တခြားသူတွေ မကြားစေနဲ့။ မင်း ခေါင်းဖြတ်သတ်ခံနေရ အုန်းမယ်။”
လူအုပ်ကြီးက တီးတိုးပြောနေခဲ့တယ်။ ဒီအချိန်မှာပဲ အနက်ရောင် အစက်လေး တစ်စက် အဝေးမှာ ပေါ်လာခဲ့တယ်။ ဒီ အစက်အပြောက်လေးက ကြီးသထက် ကြီးလာတယ်။ သူနဲ့ အတူ ကျယ်လောင်တဲ့ ဗုံသံတွေလည်း ပါလာခဲ့တယ်။
“ ၀ူ …..” ကျယ်လောင်တဲ့ ဦးချို မှုတ်သံကြီးက လေထုထဲကို ပျံ့လွင့်လာတယ်။
“ တောင်ပိုင်း ဧကရီရောက်ရှိပြီ။”
“ ၀ိုး… ။ တကယ့်ကို ခမ်းနားလွန်းတာပဲ။”
သူတို့တွေ မျက်လုံး တလက်လက် တောက်နေခဲ့တယ်။ လူတိုင်းက ဒီအရှိန် အ၀ါကြီးကို အံ့သြမှင်သက် နေမိတယ်။
တောင်ပိုင်းဧကရီ မြို့တော်ဆီ လာရောက်တာကို။ မျက်မြင်တွေ့ရဖို့က ရှားပါးလွန်းတဲ့ အခွင့်အရေးပဲလေ။