နတ်ဘုရား မုခ်ဝ - Chapter - 525 နောက်ဆုံး ပဟေဠိ အပိုင်းအစ
ချီဟို့ တစ်ယောက်တည်း တင် မကဘူး။ ၀မ်တပေါင်း ။ ရန်ရွှယ်။ ပင်းယန် နဲ့ ရှန်းယွီ တို့တောင် မျက်လုံးပြူးကုန်ကြတယ်။ ဒီ အချိန်မှာ… သူက ချမ်းသာပေးဖို့ တောင်းဆိုနေရမှာ မဟုတ်ဘူးလား။ ခေါင်းဖြတ် သတ်သင့်တယ်တဲ့ ။ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ မဟုတ်ဘူးလား။
ချီဟို့က ဖန်ကျန်းရှီကို စိတ်ရှုပ်ထွေးမှု အပြည့် နဲ့ ကြည့်နေတယ်။ ဖန်ကျန်းရှီက စိတ်ဖောက်နေတာ။ ဒါမှမဟုတ် သူက တကယ် သေချင်နေတာပဲလား။ ဒါမှမဟုတ်။ ရိုးရိုးရှင်းရှင်း လက်လျှော့လိုက်တာလား။ လူတွေ တကယ့်ကို နားမလည်နိုင်ကြ။
“ သူရူးနေတာလား။”
” ငါကြားတာတော့ ။ လူတွေက ဖိအား အရမ်း များတာ နဲ့ ရင်ဆိုင်ရရင်။ တုံးအတဲ့ ကိစ္စတွေကို လုပ်တတ်ကြတယ်တဲ့။”
“အင်း … ဒီလို ဖြစ်တတ်တာမျိုး ငါလည်း ကြားဖူးတယ်။ ”
လူတွေ ဖန်ကျန်းရှီကို စိုက်ကြည့်ရင်း ပြုံးနေခဲ့တယ် ။ သူတို့ စဉ်းစား နိုင်တဲ့ တစ်ခုတည်းသော အကြောင်းရင်းကတော့ သူ စိတ်လွတ် သွားတာပဲ။ အမတ်မင်းတွေ ဒါကို ကြားတော့ ရယ်မောကြတယ်။ ဖန်ကျန်းရှီက ဒီလို ကိစ္စမျိုးကို ပြောမယ်လို့ မထင်ထားရင်တောင်။ ဖန်ကျန်းရှီက သူ့ရဲ့ ကိုယ်ပိုင် ကံတရားကို သတ်မှတ်နေတာပဲ။
ဧကရာဇ် လင်းမုပိုင်ရဲ့ အခု ဟန်ပန်အမူအယာကို… ကြည့်ပြီးတော့ ။ အမတ်မင်းတွေ ရလဒ်ကို ခန့်မှန်း နိုင်ကြတယ်။ ကြည့်ရတာ ဧကရာဇ်က ဖန်ကျန်းရှီ ရဲ့ အသက်ကို ချမ်းသာပေးချင်နေတဲ့ ပုံစံပဲ။ ဒါပေမယ့် ပြောနိုင်တာကတော့။ ဧကရာဇ် လင်းမုပိုင် ကယ်တင်ချင်ရင်တောင်။ ဖန်ကျန်းရှီကို သူ ကယ်ဖို့ ခက်လိမ့်မယ်။
“ အရမ်းကောင်းတယ်။ ဖန်ကျန်းရှီ ။ မင်းက မင်းရဲ့ အပြုအမူတွေ အတွက် တာဝန်ယူရမယ်။ အကယ်၍ မင်းသာ အခုချိန်မှာ အညံ့ခံလိုက်ရင်။ မင်း အသက်ဆက်ရှင်နိုင်မယ်။” အိမ်ရှေ့စံ လင်းထျန်းရုံ ရယ်မောတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လုံးလုံး သူ့ကို အာရုံစားနေခဲ့တဲ့ ကိစ္စကို အဆုံးသတ်ဖို့။ အချိန် ရောက်လာခဲ့ပြီ။ ဖန်ကျန်းရှီ သေတာနဲ့။ သူ့နေရာကို ခြိမ်းခြောက်နေမယ့် ကိစ္စလည်း ပြတ်သွားလိမ့်မယ်။
“ အညံ့ခံရမယ် ဟုတ်လား။ ငါ က ဘာလို့ အညံ့ခံရမှာလဲ။” ဖန်ကျန်းရှီ မေးတယ်။
“ မင်းက ခုခံဖို့ ကြံစည်နေတောလား။ ဟ ဟား…. မင်းက ကျင့်ကြံဆင့်မရှိတော့တဲ့ ဒုက္ခိတလိုလူပဲ။ မင်းမှာ လွန်ခဲ့တဲ့ တစ်နှစ်က လို အစွမ်းအစမျိုး ရှိနေရင်တောင်။ ဒီမြို့ကနေ ထွက်နိုင်မှာ မဟုတ်တော့ဘူး။” အိမ်ရှေ့စံ လင်းထျန်းရုံ ရယ်မောတယ်။
“ အရှင့်သား ပြောတာလည်း ဟုတ်တာပဲ။ ကျွန်တော်က ဒုက္ခိတလို လူ ဖြစ်နေမှတော့။ ဘယ်လိုများ လူသတ်သမား ဖြစ်နိုင် အုန်းမှာလဲ။” ဖန်ကျန်းရှီ လှောင်ပြုံးပြုံးရင်း မေးတယ်။
“ မင်း ဘာတွေ ပြောနေတာလဲ။” အိမ်ရှေ့စံ လင်းထျန်းရုံ ပုခုံးတွန့်ပြတယ်။
“ ဟုတ်တာပေါ့။ ကျွန်တော့်မှာ ရှန်လင်းမင်းသားကို သတ်ဖို့ အကြောင်းရင်းကော။ နောက်ခံ အကြောင်းပြချက် လှုံ့ဆော်မှုပါ ရှိတယ်။ ဒါပေမယ့် ဒီကိစ္စကို စွမ်းဆောင်ဖို့ရာ အရည် အချင်းမရှိဘူး။ လူသတ်ဖို့ အရည်အချင်း မရှိတဲ့ လူတစ်ယောက်က ဘယ်လိုများ သတ်နိုင်မှာလဲ။” ဖန်ကျန်းရှီ ထပ်ပြောတယ်။
“ ဟန့်…. ။ ဒီ အကြောင်းရင်း သုံးပြီးတော့ မင်းကိုယ်မင်း ခုခံမယ်လို့ ငါထင်သားပဲ။” အိမ်ရှေ့စံ လင်းထျန်းရုံ အေးစက်စက် ရယ်မောတယ်။
“ အဲ့ဒီ့နေ့ တိုက်ပွဲမှာတုန်းက။ ပင်းယန်ရဲ့ တိုက်ခိုက်မှု ကို မင်း လက်တဖက်တည်းနဲ့ ဖမ်း လိုက်တာ။ လူတိုင်း မြင်ခဲ့တာပဲ။ မင်း ဒါကို ငြင်းနိုင်သေးလား။ ” အိမ်ရှေ့စံ လင်းထျန်းရုံရဲ့ အကြည့်က အေးစက်နေခဲ့တယ်။ အမတ်မင်းတွေ အားလုံးကတော့ ….. ဒါကိုကြားတော့ ပြုံးလိုက်တယ်။ သူတို့တွေ အသေးစိတ်ထောက်ပြလိုက်တော့။ အိမ်ရှေ့စံလည်း အခုချိန်မှာ ဘဘောပေါက်သွားပြီ။ သူတို့တွေ ဒီ အကြောင်းအရင်းကို ပြန်တိုက်ခိုက်ဖို့ အတွက် ပြင်ဆင်ထားခဲ့ပြီးသား။ ပင်းယန်ရဲ့ အမူအယာလည်း ပြောင်းလဲသွားခဲ့တယ်။ သူမလည်း တိုက်ပွဲမှာ ပါဝင်ခဲ့တယ်လေ။ ချန့်ယန်းနဲ့ တစ်ယောက်ချင်း ယှဉ်တိုက်ပြီးတဲ့နောက်။ ဖန်ကျန်းရှီက သူမရဲ့ တိုက်ခိုက်မှုကို လက်တစ်ဖက်တည်းနဲ့ ဖမ်းယူလိုက်တယ်။
“ ငါ တိုက်ခိုက်တဲ့ အချိန်မှာ အင်အား အပြည့် မသုံးထားဘူး….”
“ အရှင့်သားပြောတာ မှန်တယ်။ ” ပင်းယန် ဆက်ပြောမှာကို သိပေမယ့် ။ သူမ စကားဆုံးအောင် မပြောခင်မှာပဲ။ ဖန်ကျန်းရှီက ခေါင်းငြိမ့်လိုက်တယ်။ အိမ်ရှေ့စံ လင်းထျန်းရုံကတော့ ဒါကို ကြားတဲ့ အချိန် ပြုံးရွှင်သွားတော့တယ်။ ပင်းယန်ရဲ့ အကြောင်း ပြချက်က ခိုင်လုံမှာ မဟုတ်ဘူး။ မြင်ခဲ့တဲ့ မျက်မြင်သက်သေတွေ အများကြီး ရှိနေခဲ့တယ်လေ။
“ အမှန်ပဲ။ ဒီကိစ္စက ရှန်လင်းကို သတ်ဖို့ မင်း မှာ စွမ်းရည်ရှိတဲ့ အကြောင်း သိသာ ထင်ရှားနေတာပဲ။ မင်းရဲ့ စိတ်အာရုံနယ်မြေက ပျက်စီးသွားပေမယ့် ။ တိုက်ခိုက် နိုင်တဲ့ စွမ်းရည်ရှိနေတာတော့ အသိသာကြီးပဲ။ ” အိမ်ေ၇ှကစံ လင်းထျန်းရုံ အခိုက် အမာပြောတယ်။
“ မှန်ပါတယ်။ အိမ်ရှေ့စံ မင်းသား ပြောတာမှန်တယ်။ ”
“ မင်း ဒီကိစ္စကို အကြောင်းပြချက် ပေးနေတာ ရပ်လိုက်သင့်ပြီ။”
“ ဖန်ကျန်းရှီ။ မင်း ဒီနေ့ ကို ကျော်ပြီးတော့ အသက်မရှင်စေရဘူး။ တရားဥပဒေက ကျောသားရင်သား မခွဲခြားဘူး ။ ဒါက မင်းကိုယ်တိုင် ပြောတာပဲ။” အမတ်မင်းတွေ ဖိအားပေးရင်း ပြောကြတော့တယ်။
“ ကျွန်တော် အခုပဲ ပြောလိုက်တာလေ။ ကျွန်တော့်ရဲ့ ကျင့်ကြံဆင့်ကြောင့် သူ့ကို သတ်လို့ မရဘူးလို့။” ဖန်ကျန်းရှီ စိတ်ပျက်လက်ပျက်နဲ့ ပြန်ဖြေတယ်။
“မင်းဘာကို ဆိုလိုချင်တာလဲ။”
“ မင်းမှာ နောက်ထပ် အကြောင်း ပြချက် ရှိသေးလား။ ”
“ ဒီကောင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။”
ဘယ် အမတ်မင်းကမှ ဖန်ကျန်းရှီ လုပ်နေတာ ကို နားမလည်နိုင်ကြ။ သူ ဘာရည်ရွယ်ချက်နဲ့ လုပ်နေလဲ မသိ။
“ ကျွန်တော် ပြောချင်တာက ။ ရှန်လင်း မင်းသားကို သတ်ဖို့ ကြိုးစားခဲ့ရင်တောင်။ ကျွန်တော့်မှာ စွမ်းအင် အလုံအလောက်မရှိဘူး။ ” အိမ်ရှေ့စံ လင်းထျန်းရုံ ကို ဖန်ကျန်းရှီ လှည့်ကြည့်တယ်။
“ စွမ်းအင် အလုံအလောက်မရှိဘူး။ မင်း ဘာကိုဆိုလိုချင်တာလဲ။” အမတ်မင်းတွေ အားလုံး မျက်လုံးပြူးကုန်တယ်။
သူတို့တွေ တစ်ယောက်ကို တစ်ယောက် စိတ်ရှုပ်ထွေးမှု အပြည့်နဲ့ ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီ ဘာကို ပြောဖို့ ကြံစည်နေတာလဲ။ နောက်ဆုံးတော့လည်း ။ အခု အမတ်မင်းတွေထဲမှာ။ တောင်ပိုင်းဒေသ တိုက်ပွဲအတွင်း ရှိခဲ့တဲ့သူ နည်းပါးတယ်လေ။ ရှင်းယွမ်ကောင်းက သူတို့ထဲက တစ်ယောက်ပဲ။ နောက်ထပ် လူတွေက ပင်းယန် မင်းသမီး။ ချီကူယန် နဲ့ ယဉ်ကျေးမှုဝန်ကြီးဟောင်း (ကွယ်လွန်)။
ယဉ်ကျေးမှုဝန်ကြီး ဟောင်း။ ချီကူယန်။ ပင်းယန် နဲ့ ရှင်းယွမ်ကောင်းတို့က ။ တိုက်ပွဲ ပြီးပြီးချင်း ပြန်လာခဲ့ကြတာ။ နောက်တစ်နည်း ပြောရရင်။ တောင်ပိုင်းဒေသမှာ ကျန်ရစ်ခဲ့တာ ။ အိမ်ရှေ့စံ လင်းထျန်းရုံ။ ဖန်ကျန်းရှီ နဲ့။ တခြား ကျောင်းတော်သားတွေပဲ ရှိတာ။ နန်ကုန်းဟောင်တောင် မရှိခဲ့ဘူး။ ဒီ စကားကိုကြားတော့ အိမ်ရှေ့စံ လင်းထျန်းရုံရဲ့ ကိုယ်က တုန်ယင်သွားခဲ့တယ်။ ဖန်ကျန်းရှီ ဘာကို ပြောချင်နေလဲ သူသိတယ်။ ဒါပေမယ့် သူ့ အမူအယာ မပျက်အောင် ခပ်မြန်မြန် ထိန်းချုပ်နိုင်တယ်။ ဒီကိစ္စက သက်သေပြဖို့ ခက်ခဲတယ်လေ။
“ ဖန်ကျန်းရှီ ။ အဲ့ဒီ့နေ့တုန်းက မင်း အတော့်ကို မူးရူးတဲ့အထိ သောက်စားခဲ့တာ။ မင်းရဲ့ လုပ်ရပ်တွေ အတွက်တော့ မင်း မှာ တာဝန်ရှိတယ်လေ။” အိမ်ရှေ့စံ လင်းထျန်းရုံ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ အဆိပ်ခတ်ဖို့ အတွက် လင်းထျန်းရုံ ကောင်းကောင်း ပြင်ဆင်ထားခဲ့တာ။ စားသောက်ပွဲမှာတုန်းက။ ဖန်ကျန်းရှီကို အရမ်းမြင့်မြင့်မားမား ဂုဏ်မြှောက် ပြောဆိုပြီးတော့။ ကျောင်းတော်သားတွေနဲ့ စစ်သည်တော်တွေ မနာလို ဖြစ်လာအောင် လုပ်ခဲ့တာ။
အရက်တွေကို အလွန်အကျွံသောက်ပြီးတဲ့ နောက်မှာတော့။ ဖန်ကျန်းရှီက သတိလက်လွတ်သွားတာ ထုံးစံပဲလေ။ ရှန်းယွီ မင်းသမီးရဲ့ အခန်းထဲကို မှားဝင်ပြီးတော့ ။ အိပ်ယာမှား အိပ်တာတွေကတော့။ နောက်ထပ် ကောက်ချက်ချဖို့ လွယ်ကူသွားပြီလေ။ အဲ့ဒီ့နောက် ဖန်ကျန်းရှီကို ရှန်လင်း ဖမ်းမိအောင် လုပ်ပေးလိုက်တယ်။ အဲ့ဒီ့ည တုန်းက ။ စစ်သူကြီးတွေနဲ့ ကျောင်းတော်သားတွေ အားလုံး ။ ဖန်ကျန်းရှီ ဘယ်လောက်တောင် သောက်စား ထားမှန်း မျက်မြင်တွေ့ခဲ့ကြတယ်။ သူ သတိလစ်သွားတာလဲ အကုန်သိတယ်။
နောက်တစ်နေ့မနက်မှာ။ အိမ်ရှေ့စံ လင်းထျန်းရုံက။ ကျောင်းတော်သားတွေကို နေရာ အသီးသီး ယူခိုင်းပြီးတော့။ သက်သေပြခိုင်းတယ်။ ဖန်ကျန်းရှီ ( အမူးလွန်ပြီးတော့ သတိလစ်) နေတာကနေ နိုးလာလား။ မနိုးလာဘူးလား ဆိုတာ ။ ဘယ်သူမှ မသိခဲ့ဘူး။ လင်းထျန်းရုံ ပြန်တွေးပြီးတော့ စိတ်တည်ငြိမ်သွားခဲ့တယ်။ နောက်ဆုံးတော့ လည်း အဆိပ် အကြောင်းသိတာ လူနည်းနည်းပဲ ရှိတာလေ။ အဆိပ်ခတ်တဲ့ ရှန်လင်း ကလည်း သေသွားပြီ။ စုချင်းကလည်း မြို့တော်ကနေ အဝေးကို ရောက်နေတယ်။
“ အရှင့်သား က။ ကျွန်တော် အရက် သောက်ခဲ့တယ်လို့ အခိုင် အမာပြောတယ်နော်။” ဖန်ကျန်းရှီ ရယ်မောတယ်။
“ အမှန်ပဲ။ ” အိမ်ရှေ့စံ လင်းထျန်းရုံ ခေါင်းငြိမ့်တယ်။
“ အိမ်ရှေ့စံ က လက်ရှိ တောင်ပိုင်းဧကရီ ကင်ထားခဲ့တဲ့ အသားကင်တွေကို စားချင်ခဲ့တယ် နော်။ မှန်တယ်ဟုတ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ပြီးတော့ ထပ်ပြောတယ်။
“ အဲ့တာ မှန်နေတော့ကော ဘာဖြစ်လဲ။” အိမ်ရှေ့စံ လင်းထျန်းရုံရဲ့ အသံက အေးစက်နေခဲ့တယ်။ ဒီကိစ္စတွေက မျက်မြင် သက်သေများလွန်းတဲ့အတွက် ။ သူငြင်းဆိုလို့လည်း မထူးဘူးလေ။ နောက်ပြီးတော့ ဖန်ကျန်းရှီ ရဲ့ အမှုမှာ ဒီကိစ္စ က အထောက်အကူဖြစ် မယ်လို့လည်း သူမထင်။
“ အခုချိန်မှာသာ စားလို့ရမယ် ဆိုရင်။ အရှင့်သား နှစ်ခြိုက်လိမ့်မလား လို့ တွေးမိပါတယ်။” ဖန်ကျန်းရှီ က အိမ်ရှေ့စံကို စိုက်ကြည့်ရင်းပြောတယ်။
“ မင်း ဘာကို ဆိုလိုချင်တာလဲ။” လင်းထျန်းရုံရဲ့ အမူအယာ ပြောင်းသွားတယ်။
“ နေရာတစ်ခုတည်းမှာတင် သတ်ပြီးတော့။ တူညီတဲ့ ပါဝင်ပစ္စည်းတွေနဲ့။ တူညီတဲ့ နည်းလမ်း သုံးပြီးတော့ ကင်မယ်ဆိုရင်။ အိမ်ရှေ့စံ စားဝံ့ရဲ့လား။” ဖန်ကျန်းရှီက ရှန်းယွီကို လှမ်းကြည့်ရင်း ပြောတယ်။
“မင်း …” အိမ်ရှေ့စံ လင်းထျန်းရုံ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ခံစားချက် သိပ်မကောင်း။ သူ စကားပြောချင်ပေမယ့်။ အခုချိန်မှာ ပြန်တိတ်ဆိတ်သွားခဲ့တယ် ။ တောင်ပိုင်းသား စစ်သည်တော်တွေ ရှေ့ကို ထွက်လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ။ သံချပ်ကာ အထူကြီးတွေ ၀တ်ထားတဲ့ တောင်ပိုင်းသား စစ်သည်တော် လေးယောက်က။ သားကောင်ကြီးကို သယ်ဆောင်လာခဲ့တယ်။ ဒါကို မြင်တော့ အိမ်ရှေ့စံလင်းထျန်းရုံ ထိတ်လန့်သွားခဲ့တယ်။ ဖန်ကျန်းရှီ လုပ်နေတာကိုတော့ သူ ခန့်မှန်း နိုင်ပြီ။ သူက အရင် တစ်နှစ်က ဖြစ်ခဲ့တဲ့ မြင်ကွင်းကို ပြန် ဖန်တီးဖို့ လုပ်နေတာပဲ။ ဒါပေမယ့် ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။
ရှန်လင်းက အဆိပ်ခတ်ခဲ့တာလေ။ ဒါကလည်း လွန်ခဲ့တဲ့ တစ်နှစ်က ဖြစ်ခဲ့တာ။ အဆိပ်တွေကို ဟင်းခတ် အမွှေးအကြိုင်တွေနဲ့ ရောထားတာတောာ့ သူသိတယ်။ ဒီ အဆိပ်က အသားထဲမှာ အခုထိရှိနေတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ. ။ အဲ့ဒီ့နောက် တွေးရင်းနဲ့ သူ့မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။ ရှန်းယွီ (တောင်ပိုင်း ဧကရီ) သူမ ခါး က သားရေအထုပ်လေး တစ်ခုကို ထုတ်ယူလိုက်တယ်။
“ အိမ်ရှေ့စံ လွန်ခဲ့တဲ့ တစ်နှစ်က တောင်းဆိုခဲ့တာကို မှတ်မိနေသေးပါတယ်။ ဒီ ပါဝင် ပစ္စည်းတွေ အကုန်လုံးကို သိမ်းထားခဲ့တာ။ အကယ်၍ အိမ်ရှေ့စံသာ စိတ်မရှိရင်။ ဒီသားကောင်ကို အိမ်ရှေ့စံ အတွက် ကင်ပေးနိုင်ပါတယ်။ ” အထုပ်လေးကို ဖွင့်ပြရင်း။ အရောင်စုံနေတဲ့ ဟင်းခတ်မှုန့်တွေကို ပြတယ်။ အိမ်ရှေ့စံ လင်းထျန်းရု့ကတော့ ဖြူဖျော့နေခဲ့ပြီ။ တောင်ပိုင်း စစ်သည်တော်တွေ သားကောင်ကို ယူလာတည်းက သူ သိမြင်လိုက်ပြီ။ ဒါပေမယ့် ဒီ အဆိပ်ပါတဲ့ ဟင်းခတ် အမွှေးကြိုင် အထုပ်တွေကိုပါ သိမ်းထားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။
“ ဧကရီ …။ ဒီ လက်ဆောင်က တန်ဖိုးကြီးလွန်းပါတယ်။ ဧကရီက ခရီးဝေးနှင်လာခဲ့ရတာ။ ကျွန်တော် ဒီလက်ဆောင်ကို လက်မခံနိုင်ပါဘူး။“ အိမ်ရှေ့စံ လင်းထျန်းရုံရဲ့ မျက်လုံးက ရေခဲလို တလက်လက် တောက်ပနေခဲ့တယ်။
“ ကိစ္စမရှိပါဘူး။ ဒီ လက်ဆောင်ကို အိမ်ရှေ့စံ အတွက် သီးသန့် ပြင်ဆင်ထားပေးတာပါ။” စကားလှမ်းပြောနေရင်း။ ရှန်းယွီ ရဲ့ မျက်လုံးထဲမှာ မီးတောက်တွေ ပေါ်လာခဲ့တယ်။
“ ဧကရီက မနှစ်ကနဲ့ မတူညီတဲ့ အခြေ အနေမှာ ရှိနေပါပြီ။ ကျွန်တော် တကယ့်ကို လက်မခံဝံ့ပါဘူး။” အိမ်ရှေ့စံ လင်းထျန်းရုံ အံကြိတ်ရင်းပြောတယ်။
“ ရှန်းယွီရဲ့ နေရာက ဘယ်လိုပဲ ဖြစ်နေပါစေ။ ကြီးမြတ်သောရှမင်းဆက်ရဲ့ ပြည်သူ တစ်ဦး ဖြစ်နေဆဲပဲလေ။ အိမ်ရှေ့စံ ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး။” ရှန်းယွီ ဖိအားပေးတယ်။
“ ဧကရီ တကယ်ပဲ အသားကင်ပေးချင်တာပါလား။”
“ ဟုတ်တယ်။”
“ကျွန်တော် မစားရင်ကော..” အိမ်ရှေ့စံ လင်းထျန်းရုံ ပြန်မေးတယ်။
“ ဒီ အပြုအမူကတော့ ရှန်းယွီနဲ့ တောင်ပိုင်းဒေသ ရဲ့ ယဉ်ကျေးမှုကို အပြစ်ပြုတာပဲ။ ဒီလိုသာငြင်းပယ်မယ် ဆိုရင်။ တောင်ပိုင်းဒေသကို အခုပဲ ပြန်သွားမှာပါ။” ရှန်းယွီ အခိုင်အမာကို ပြောနေခဲ့တယ်။
“ ကျေးဇူးတင်ပါတယ်။” ရှန်းယွီရဲ့ လက်က လှုပ်ရှားသွားသလို။ သားရေ၀တ်ရုံက လေထဲကို လွင့်ပျံ့ပြီး ။ မြေပြင်ပေါ်ကို ကျသွားခဲ့တယ်။ ဒီအချိန်မှာပဲ။ ရှန်းယွီ လက်ထဲ ဓားမြှောင်နှစ်ချောင်းပေါ်လာခဲ့တယ်။ မီးတောက်လို နီရဲနေတဲ့ တိမ်သဏ္ဍာန်တွေ တစ်ကိုယ်လုံး အနှံ့ ပျံ့သွားခဲ့ပြီ။ ဒီမြင်ကွင်းက တကယ့်ကို အံ့သြ ထိတ်လန့်ဖွယ်ပဲ။ လူတွေ တစ်ယောက်မျက်လုံးကို တစ်ယောက် မယုံနိုင်။
“ ဒါက တောင်ပိုင်း ဧကရီရဲ့ ကျင့်ကြံဆင့်လား။”
“ ငါကြားတာတော့။ သူတို့က မျိုးနွယ်သွေးနဲ့ ကျင့်ကြံတယ်ဆိုပဲ။ ဒါက သူမတို့ရဲ့ မျိုးနွယ်သွေးဆက်လား။”
“မဟုတ်လောက်ဘူး။ ဒါက သွေးလို မရိုးရှင်းဘူး။”
လူတွေ တီးတိုးပြောရင်း ဆွေးနွေးကြတယ်။ ရှန်းယွီ ရဲ့ ကိုယ်ပေါ်က တိမ်သဏ္ဍာန်ကို စပ်စုနေတယ်။ အမတ်မင်းတွေ အားလုံးလည်း လန့်ကုန်တယ် ။ ဖန်ကျန်းရှီရဲ့ အမှုအကြောင်း ပြောနေတဲ့ အချိန်မှာပဲ။ အိမ်ရှေ့စံကို လက်ဆောင်ပေးတဲ့ ဆီ ဘယ်လိုများ ရောက်သွားရတာလဲ။ ဒီ သားရဲကောင် အကင်ကကော အမှုနဲ့ ဆိုင်လို့လား။ လူတွေ နားမလည်နိုင်တဲ့အတွက် အမတ်မင်းတွေကို လှမ်းကြည့်ကြတယ်။ ညီလာခံ စာမေးပွဲနဲ့ စစ်ပွဲတွေရဲ့ အတွေ့အကြုံရင့် အမတ်မင်းတွေလည်း ခေါင်းခါနေရတယ်။ အခုအခြေအနေကို ဘယ်သူမှ ၀င်မထိန်း နိုင်ဘူးလေ။
…
ရှန်းယွီ ရဲ့လက်က ခပ်မြန်မြန် လှုပ်ရှားနေတယ်။ သိပ်မကြာခင်ပဲ။ သားကောင်ကို အရေဆုတ်ပြီးသွားတယ်။ အဲ့ဒီ့နောက် မီးပုံ စဖိုတော့တယ်။ အခုက နေ့လယ်ချိန်။ နေကျစ်ကျစ်တောက်ပူနေခဲ့တာ။ အမတ်မင်းတွေနဲ့ မြို့သူမြို့ သား တွေ ဒီအခြေအနေကို ဘယ်လို ရောက်သွားလဲ ပြန်တွေးနေကြတယ်။ ဒါပေမယ့် ရှန်းယွီရဲ့ မီးပုံအကမှာ တင် ခပ်မြန်မြန် ပြန်နစ်မြောသွားကြပြန်တယ်။
ဧကရီ ခြေလှမ်း တစ်လှမ်း လှမ်းလိုက်တိုင်း။ သူမရဲ့ ကိုယ်ပေါ်က မီးတောက်တွေ ပိုပြီးတော့ ပြင်းထန်လာခဲ့တယ်။ မီးတောက်မီးလျှံတွေကို ပိုင်စိုးတဲ့ နတ်တစ်ပါးလိုပဲ။ အရိုင်းဆန်တယ်။ တင့်တယ်ပြေပြစ်တယ်။ အရမ်းအရမ်းကို ဆွဲဆောင်မှုလည်းရှိတယ်။ အိမ်ရှေ့စံ လင်းထျန်းရုံကတော့ ရှန်းယွီကို ကြည့်ရင်း ပုခုံးတွန့်နေခဲ့တယ်။
ဖန်ကျန်းရှီလည်း ကြည့်နေခဲ့တာ။ ဒါပေမယ့် သူ့ပုံစံက အရမ်းကို အေးဆေးနေတယ်။ အသားကင်အကြောင်းတောင် ရန်ရွှယ့်ကို ပြောနေသေး။
“ အရေခွံက ကြွပ်ကြွပ်လေးလေ သိတယ်မလား။ အထဲက အသားကတော့ နူးညံ့လွန်းလို့။ မင်း ပါးစပ်ထဲ ထည့်လိုက်တာနဲ့ အရည်ပျော်သွားတော့မယ့် အတိုင်းပဲ။ အဓိက ကတော့။ ဟင်းခတ်မှုန့်တွေ အများကြီး မထည့်မိ ဖို့ပဲ။ သူ့ရဲ့ အသားကင်စွမ်းရည်က ။ ငါ့ထက်သာတယ်။ ”