နတ်ဘုရား မုခ်ဝ - Chapter - 529 ကိစ္စ အားလုံးက ရှုပ်ထွေးနေပြီ
အင်ပါယာရဲ့ ခေါင်းဆောင် အနေနဲ့။ ဧကရာဇ် လင်းမုပိုင် က သူ့ရဲ့ တည်ငြိမ်မှုကို ပျောက်ဆုံး ခဲတယ်။ အထူး သဖြင့် အမတ်မင်းတွေ ရှေ့မှာ သူ့ ကိုယ်သူ ထိန်းချုပ်နိုင်တယ်။ ဒါပေမယ့် ဒီ တစ်ကြိမ်မှာတော့။ သူ ရေနွေးကြမ်းတွေကိုတောင် ထွေးထုတ်မိပြီ။ သူ ကြားလိုက်တဲ့ အချိန်။ သူ့ နား သူတောင် မယုံနိုင်ဘူး။ အဖန်ရည်တွေက သူ့ ရဲ့ နဂါး ၀တ်ရုံပေါ်ကို စွန်းထင်းကုန်တယ်။
“ ဒီ ကောင်စုတ်က တကယ်ပဲ….” ဧကရာဇ် လင်းမုပိုင် ခေါင်းခါတယ်။ ၀န်ကြီးယွဲ့ဟူကို သူ လှမ်းကြည့်နေတယ်။ ဆွံ့အနေတာ သူ တစ်ယောက်တည်း မဟုတ်ဘူး။ အမတ်မင်းတွေ အားလုံးလည်း ပြောစရာ စကားမရှိ ဖြစ်နေကြတယ်။ မတ်တပ်ရပ်ရင်း မျက်လုံး ပြူးကြီးတွေနဲ့သာ ကြည့်နေခဲ့ကြပြီ။
“ ဖောက်ပြန်နေတာလား။”
“ ကိုယ်လုပ်တော် နဲ့ သူ့ သားလား။”
“ ချင်ထျန်း တည်းခို ခန်းမှာတဲ့။”
အမတ်မင်းတွေ ဖန်ကျန်းရှီ ပြောတာကို ကြားတော့ အံ့သြမှင်သက်နေကြတယ်။
“ လူတစ်ယောက်က ဘယ်လိုများ ဒီလောက်ထိ အရှက်မဲ့ရတာလဲ။”
“ အဆင့် နှစ် အမတ်မင်း တစ်ယောက်ရဲ့ ကိုယ်လုပ်တော်နဲ့ သူ့သား အကြောင်းကို။ ဒီလို နေ့ခင်း ကြောင်တောင် မှာ ဘယ်လိုများ ပြောဝံ့တာလဲ။”
“ သူ့မှာ သိက္ခာတောင် မရှိတော့ဘူးလား။ အရှက်တရားကော မရှိဘူးလား။” အမတ်မင်း တွေ အတော့်ကို ပြောစရာ စကားမရှိ ဖြစ်နေခဲ့ပြီ။ အကယ်၍ သူတို့သာ လုပ်နိုင်ရင်။ ဖန်ကျန်းရှီကို ရပ်နေတဲ့ နေရာမှာပဲ တစ်ခါတည်း ရိုက်သတ်လိုက်ချင်တယ်။
သူတို့ လက်ခလယ် ထောင်ပြချင်နေတဲ့ စိတ်ကို ဖိနှိပ်ထားရတယ်။ သူတို့ ထဲက တစ်ယောက်ပဲ အပြစ်ပြုခံရတာလေ။ ဒါပေမယ့် သူတို့ မလုပ်နိုင်ဘူး။ ဖန်ကျန်းရှီက သူ လေ့လာ စုံစမ်းနေတဲ့ အချိန် တ၀က် တပျက် ဖြစ်နေခဲ့တယ်လေ။
အိမ်ရှေ့စံ လင်းထျန်းရုံလည်း မျက်လုံး ပြူးနေခဲ့တယ်။ ဖန်ကျန်းရှီက ဒီလို ကိစ္စ မျိုး ကို ပြောလိမ့်မယ်လို့ မထင်မှတ် ထားခဲ့မိဘူး။ အထူးသဖြင့် ဒီလို လူတွေ အများကြီး ရှိတဲ့ အချိန်မှာပေါ့။ ဒါမျိုးက မပြောသင့်တဲ့ ကိစ္စပဲ။ ပိုပြီးတော့ အရေးကြီးတာ။ အခုလို အခြေအမြစ် မရှိ ပြောဆိုမှုကို လုပ်ဝံ့တာပဲ။ ညီလာခံက အမတ်မင်းတွေကို နည်းနည်းလေးတောင် လေးစားမှု မရှိဘူးလား။ တိတ်ဆိတ်သွားတယ်။ လူတိုင်း တိတ်ဆိတ် သွားခဲ့တယ်။
ပြည်သူ ပြည်သားတွေကတော့ ။ ဘဏ္ဍာရေးဝန်ကြီး ယွဲ့ဟူကို ကြည့်နေခဲ့တယ်။ သူတို့ အားလုံးလည်း ပြောစရာ စကားမရှိတော့။ ပင်းယန်ကတော့ ပါးစပ် အဟောင်းသား နဲ့သာ မျက်လုံးလေး ၀ိုင်းပြီး ကြည့်နေခဲ့တယ်။ ခေါင်းငုံ့ရင်း ( အရှက်မရှိလိုက်တာ) ဆိုတဲ့ စကားကိုသာ ခပ်တိုးတိုး ပြောနေခဲ့တယ်။
“ ဒီ ကောင်စုတ်…” ချီဟို့ ခေါင်းခါရင်း ရှင်းယွမ်ကောင်းကို လှည့်ကြည့်တယ်။ ရှင်းယွမ်ကောင်းရဲ့ အမူအယာကလည်း ထူးဆန်းနေတယ်။
ဒီ အချိန်တစ်လျှောက်လုံး တည်ငြိမ် နေတဲ့ သူကို ပြပါဆိုရင်။ ရန်ရွှယ့်ကိုပဲ ပြရမယ်။ မျက်နှာနည်းနည်း နီသွားပေမယ့်။ သူ့ ရဲ့ အရှိန်အ၀ါကိုတော့ ဆက်ပြီးထိန်းသိမ်း ထားနိုင်ဆဲ။ ဒီအချိန်မှာ။ ၀န်ကြီးယွဲ့ဟူ သတိလစ်နေရာကနေ ပြန်နိုးလာခဲ့တယ်။ ဖန်ကျန်းရှီ က သူ ပြောချင်တာကို ပြောပြီးတဲ့နောက်။ ယွဲ့ဟူကို အဆိပ်ဖြေဆေး ပေးခဲ့တယ်။ ယွဲ့ဟူက သိပ်မကြာခင်ပဲ မျက်လုံးပွင့်လာတော့တယ်။ သူ့ကြည့်ရတာ စိတ်လွှတ်နေပုံမရှိဘူး။ သူရောက်နေတာ ဘယ်နေရာလဲ ဆိုတာတောင် ကြည့်ဖို့ မကြိုးစား။ မျက်နှာ တစ်ခုလုံး သွေး ရောင် လွှမ်းပြီး ရဲရဲနီနေခဲ့တယ်။ သူ့ကြည့်ရတာ သွေးလေ မညီမျှသလိုပဲ။
“ ဖန်ကျန်း ရှီ ငါ .. ငါ….” ၀န်ကြီးယွဲ့ဟူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ဖန်ကျန်းရှီကို စိုက် ကြည့်နေတယ်။ ဖန်ကျန်းရှီကို သူရပ်နေတဲ့ နေရာမှာပဲ ရိုက်သတ်လိုက်ချင်တယ်။
“ဘာတွေ ဖြစ်နေတာလဲ။ အမတ်မင်း ယွဲ့ ။ နေလို့ ကောင်းရဲ့လား။ သတိလစ်နေတဲ့ အချိန် တစ်ခုခုများ ကြားမိသေးလား။”
“မင်း …. ငါ ဘာမှ မကြားဘူး။ ” ဘဏ္ဍာရေး ၀န်ကြီး ယွဲ့ဟူ ဖန်ကျန်းရှီ ဘာလုပ်ချင်နေလဲ သူသိတယ်။ သူ ဒေါသ ထွက်နေတယ်။ ဖြစ်နိုင်ရင် ဖန်ကျန်းရှီကို အခုပဲ သတ်ချင်နေတာ။ ဒါပေမယ့် သူ မလုပ်နိုင်ဘူး။ သူလုပ်လိုက်ရင်။ အိမ်ရှေ့စံ လည်း အဆုံး သတ်သွားလိမ့်မယ်။ ဖန်ကျန်းရှီ ရဲ့ စကားလုံးတွေကိုတော့ သူ ရှင်းရှင်းလင်းလင်း ။ ပြတ်ပြတ်သားသား ကြားတယ်။ ဒါပေမယ့် သူ ၀န်ခံလိုက်လို့ မဖြစ်ဘူး။
“ ၀န်ကြီး ယွဲ့ တကယ်ပဲ ဘာမှ မကြားတာလား။” ဖန်ကျန်းရှီ မေးတယ်။
“ ဒါပေါ့။” ၀န်ကြီးယွဲ့ဟူ ခေါင်းငြိမ့်တယ်။ သူ့ရဲ့ တစ်ခုတည်းသော လုပ်နိုင်တဲ့ အလုပ်ကတော့ ဒေါသတွေကို ဖိနှိပ်ထားဖို့ပဲ။ သူ့ မျက်နှာက ခရမ်းရောင် ပြောင်းနေခဲ့ပြီ။ အဲ့ဒီ့နောက် ဖြူဖျော့နေခဲ့တယ်။
“အိုး … ၀ိုး…. ၀န်ကြီးက တကယ့်ကို သည်းခံနိုင်စွမ်း မြင့်တာပဲ။” ဖန်ကျန်းရှီ လှောင်ရယ်တယ်။ မြင်နေတဲ့ ဘယ်သူမဆို။ ၀န်ကြီးယွဲ့ ဘယ်လောက်တောင် သက်တောင့်သက်သာ ရှိမနေလဲ သိနိုင်တယ်။ ဖန်ကျန်းရှီ ပြောတာကို သူ ကောင်းကောင်း ကြားနေခဲ့ရတယ်လေ။ ဒါပေမယ့် ယွဲ့ဟူကတော့ ငြင်းဆန်ဖို့သာ ရွေးချယ်ခဲ့တယ်။ သူ အံကြိတ်ရင်းနဲ့ ငြင်းပယ်ခဲ့တယ်။
ဖန်ကျန်းရှီလည်း ဘာမှ မလုပ်နိုင်တော့ဘူး။ ဒီ စုံစွမ်း စစ်ဆေးမှုက အိမ်ရှေ့စံ မင်းသားရဲ့ အရေးပေးမှုကို ရဖို့ အခွင့်အရေး ဖြစ်သွားခဲ့တယ်။ ရှန်းယွီလည်း မျက်မှောင်ကြုတ်နေခဲ့တယ်။ ဖန်ကျန်းရှီ အရှက်မရှိတာကို သူသိတယ်။ သူဒါမျိုး ပြောလာမယ်လို့တော့ မထင်ထားမိခဲ့ဘူး။ သူ့ရဲ့ စကားလုံးတွေက တော်တော်လေးကို သက်ရောက်မှု ရှိတယ်လေ။
ဒါပေမယ့် ဖန်ကျန်းရှီကဒီ ဘဏ္ဍာရေး ၀န်ကြီးကို မရွေးချယ်ခဲ့ သင့်ဘူး။ ၀န်ကြီး ဌာန ခြောက်ခုက ခေါင်းဆောင် တစ်ယောက် အနေနဲ့။ သူ့မှာ အတော့်ကို မြင့်မားတဲ့ သည်းခံနိုင်စွမ်းရှိတယ်။ သူသာ အံကြိတ်ပြီးတော့ ငြင်းဆိုရင်။ ဖန်ကျန်းရှီ ဘာများ လုပ်နိုင်မှာလဲ။ လူတိုင်းလည်း သံသယ ဖြစ်နေခဲ့တယ်။
“ မင်း ဘာတွေ ပြောနေတာလဲ။ ငါ နားမလည်ဘူး။” ယွဲ့ ဟွာ နာကျင်နေတယ်။ ဒါပေမယ့် သူ ဆက်လက် တည်ငြိမ်နေခဲ့တယ်။
“ တကယ်ပဲ မကြားလိုက်ဘူးလား။ ဒါဆို နောက်တစ်ခေါက် ပြန်ပြောပေးရင်ကော ဘယ်လိုလဲ။” ဖန်ကျန်းရှီ ပြောတယ်။
“မင်း ….” (မင်းလုပ်ဝံ့လို့လား) ဆိုတဲ့ စကားကို သူ ဆက်ပြောချင်တယ်။ ဒါပေမယ့် သူ့ ကျောရိုးတစ်ခုလုံး စိမ့်ချမ်းသွားတာကြောင့် စကားလုံးတွေကို ပြန် မျိုသိပ်လိုက်တယ်။ ဖန်ကျန်းရှီက ဘာလို့များ သူ့ကို ရွေးလဲ ဆိုတာ နားမလည်နိုင်။ ဒီကိစ္စကို ပြောရမယ်ဆိုရင် သူကတော့ လုံးဝ လက်မခံနိုင်ဘူး။ ဒါပေမယ့် သူ့မှာ ရွေးချယ်ဖို့ရာ အခွင့်အရေး မရှိခဲ့။ ဖန်ကျန်းရှီက ရွေးချယ်တယ်။ အိမ်ရှေ့စံ မင်းသားက ဆက်လုပ်ခိုင်းတယ်။
“ ၀န်ကြီး ယွဲ့က မကြားလိုက်ဘူး ဆိုတော့…. နောက်တစ်ကြိမ် ပြန်ပြောပေးမယ်လေ။” ဖန်ကျန်းရှီ ဆက်ပြောတယ်။
“ မင်း …. ဆက်ပြော။” ၀န်ကြီးယွဲ့ အံကြိတ်ရင်း ပြောတယ်။
“ အမှန်တကယ်တော့။ နောက်တစ်ကြိမ် မပြောခင် မေးခွန်းလေး တစ်ခုလောက် မေးချင်တယ်။”
“ ဘာမေးမလို့လဲ။”
“ ၀န်ကြီးယွဲ့။ ကျွန်တော် ပြောတာ အမှန်ပဲလား ဆိုတာ သိချင်ရဲ့လား။” ဖန်ကျန်းရှီ လှောင်ပြုံးပြုံးရင်း ပြောတယ်။
“ ဖန်ကျန်းရှီ …..” ၀န်ကြီးယွီ ဒေါသထွက်နေခဲ့တယ်။ သူအံကြိတ်ထားခဲ့တယ်။ “မင်း ဘာပြောနေလဲ ငါ မသိဘူး။ မင်းနဲ့ ငါ ပြောစရာ မရှိ။”
“ ဒီလိုလား။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ လူတွေကို လှမ်းကြည့်တယ်။
“ ချင်ထျန်း တည်းခိုခန်းက ဒီနဲ့ ဆယ့်ငါးမိနစ်ပဲ ဝေးတာ။ သွားကြည့်ရင်း အတည် မပြုချင်ဘူးလား။ ”
“ ၀ိုး …”
လူတိုင်း ဆွေးနွေးကုန်ကြတော့တယ်။ အမတ်မင်းတွေ ကတော့ မယုံကြည်နိုင်။ ဖန်ကျန်းရှီ လုပ်နေတာကို သူတို့ မတွေးတတ်ဘူး။ အမှန်တရားကို သူ ပြောနေတာ ဖြစ်နိုင်မလား။ ဒါမျိုး ကိစ္စက မဖြစ်နိုင်တာပဲ။ ……။ ဒါပေမယ့် ဒီ ကိစ္စသာ အမှန်တရား မဟုတ်ရင်။ ၀န်ကြီးယွဲ့ဟူရဲ့ ကိုယ်လုပ်တော် နာမည်ကို ဖန်ကျန်းရှီက ဘယ်လိုများ သိမှာလဲ။ သူ့သားကို ဘယ်လိုလုပ်ပြီးတော့ ဒီလိုများ ပြောနိုင်တာလဲ။
လူတွေကို အကြောင်းကြားပြီးတော့တောင် သွားကြည့်ဖို့ ပြောနေသေးတယ်။ အကယ်၍ ဒီကိစ္စသာ ဒီလို အဆုံးသတ်သွားခဲ့ရင်။ ဖန်ကျန်းရှီ က သူ့ ဘ၀နဲ့ ရင်းပြီးတော့ ပေးဆပ်ရတော့မှာပဲ။ လူတိုင်းက ၀န်ကြီးယွဲ့ကို ကြည့်နေခဲ့တယ်။ သူ့ အမူအယာက စက္ကန့်နဲ့ အမျှ မည်းမှောင်လာခဲ့တယ်။ သူ့ရဲ့ ကိုယ်လုပ်တော်က သားနဲ့ ဖောက်ပြန်နေတယ်။ ဘာတွေ ဖြစ်နေတာလဲ။ ဒါက မြို့တော်ကြီးလေ။ ကိုယ်ကျင့်တရားနဲ့ သစ္စာရှိမှုကို အလေးထားတဲ့ လူ ။ ဒါပေမယ့် ဒီကိစ္စသာ မှန်ခဲ့ရင် ဘယ်လို လုပ်မလဲ။ သမိုင်းဝင်တဲ့ နွားဘုရင် ဖြစ်သွားတော့မှာပဲ။ သူ့ စိတ်ခံစားချက်တွေ အနိမ့်အမြင့် အတက်အကျ ပြင်းထန်နေတယ်။
“ မဖြစ်နိုင်တာပဲ….။ မဖြစ်နိုင်လိုက်တာ….။ သူ ငါ့ကို လိမ်နေတာပဲ ဖြစ်ရမယ်။ လျှို့လန်နဲ့ ထျန်းရှောင်တို့က ငါ့ကို ဒါမျိုး လုပ်မှာ မဟုတ်ဘူး။ ထျန်းရှောင် …. မလ်ုပဘူး။” ၀န်ကြီးယွဲ့ သူ့ တက်ိုယ်လုံး တုန်ယင်နေခဲ့တယ်။
အိမ်ရှေ့စံ လင်းထျန်းရုံ ရဲ့ အမူအယာ ပြောင်းလဲသွားတယ်။ ၀န်ကြီးယွဲ့ဟူ ရဲ့ စိတ်ခံစားချက်ကို သူ ကောင်းကောင်း သိတယ်။ သူ့နေရာမှာ ရှိတဲ့ ဘယ်သူမဆို ဒီလိုပဲ ဖြစ်မှာပဲ။ အခုချိန်ထိ ဒီလို တည်ငြိမ်နေနိုင်တာက။ အတော့်ကို ချီးမွမ်းစရာကောင်းလွန်းနေပြီ။
“ မင်း စိတ်အေးအေး ထားရမယ်။ သူကမင်းကို ဆွနေရုံ သက်သက်ပဲ။ ၀န်ကြီးယွဲ့။ သူ့ အကွက်ထဲ ၀င်မသွားနဲ့။ ” အိမ်ရှေ့စံ လင်ထျန်းရုံ နှလုံးသားထဲကနေ ပြောနေမိတယ်။ စကားနဲ့တော့ ထုတ်မပြောဘူး။ ဘာကြောင့်လဲ ဆိုတော့။ ဧကရာဇ် လင်းမုပိုင်သူ့ကို စိုက်ကြည့်နေတာကိုတွေ့တာကြောင့်ပဲ။
ဒီအကြည့်ကို သူနားလည်တယ်။ အခုချိန်မှာ။ ၀န်ကြီးယွဲ့ဟူ အခြေအနေကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ပဲ ဆုတောင်းနေရတယ်။ လူအုပ်ကြီးကတော့ အတော့်ကို မနေနိုင် မထိုင်နိုင် ဖြစ်ကုန်ကြပြီ။ သူတို့ ရဲ့ စပ်စုလိုစိတ်ကို ဆက်ပြီးတော့ မထိန်းသိမ်းထားနိုင်တော့ဘူး။ တည်းခိုခန်းကို လူတော်တော် များများ အပြေးသွားကုန်ကြပြီ။ ၀မ်တပေါင်းလည်း စတင် လှုပ်ရှားတော့တယ်။ ဒီ ကိစ္စကို သူ လက်လွတ် မခံနိုင်ဘူးလေ။ နောက်ပြီးတော့ သိလည်း သိချင်နေသေးတယ်။
“လာစမ်းပါ။ ဘယ်နေရာမှန်း ငါ အတိအကျကြီးကို သိတာပေါ့။ ဒီ စုံတွဲကို ဖမ်းကြရအောင်။ လက်လွှတ်မခံမှ ဖြစ်မယ်။ ” ၀မ်တပေါင်း ကြိမ်းဝါးတယ်။ လူတွေ လည်းဒါကို ကြားတော့ စိတ် အား တက်ကြွ လာကြတယ်။ ဘဏ္ဍာရေးဝန်ကြီးရဲ့ ကိုယ်လုပ်တော် နောက်မီးလင်းတာကို ဖမ်းရတော့မယ် ဆိုတဲ့ အသိက သူတို့ရဲ့ အသွေးအသားတွေကို ဆူပွက်လာစေတယ်။
“ လာ….” ယွဲ့ဟူ လူတွေကို အော်လိုက်ချင်ပေမယ့်။ စကားလုံးတွေက ထွကမလာခဲ့။ တည်းခိုခန်းကို အပြေးသွားနေကြတဲ့ လူတွေကိုသာ ကြည့်နေခဲ့တယ်။ အခုတော့ သူ့ကိုယ်သူတောင် သတ်သေချင်နေပြီ။ ဖန်ကျန်းရှီ ပြောတာသာ မှန်မယ်ဆိုရင်။ ဒီလို လူအုပ်ကြီးရဲ့ ရှေ့မှာ တကယ့်ကို အရှက်ရတော့မှာပဲ။ နောင် တစ်ချိန်မှာ လူတွေကို ဘယ်လို မျက်နှာ ပြရတော့မှာလဲ။
လေပြည်ကတော့ တိတ်ခတ်နေလဲ။ ၀န်ကြီးယွီရဲ့ ဆံပင်တွေနဲ့။ အိမ်ရှေ့စံ လင်းထျန်းရုံရဲ့ ယုံကြည်မှုကို ရှုပ်ထွေးစေနေခဲ့တယ်။ နန်းတော် အပြင်ဘက်မှာတော့ အတော့်ကို အုံကြွနေခဲ့ပြီ။ ဒါပေမယ့် သူတို့ ရင်ထဲက အပူမီးကိုတော့ ဘယ်သူမှ မမှီနိုင်။ အချိန်တွေက ဖြည်းဖြည်းချင်း ကုန်ဆုံးနေတယ်။ အမတ်မင်းတွေက ရလဒ်ကို စောင့်ဆိုင်းနေကြတယ်။ ဒီခံစားချက်ကြီးက တကယ့်ကို ထူးဆန်းတယ်။ ရိုးရိုးသားသား ပြောရရင်။ ဖန်ကျန်းရှီ က ဒါတွေ အကုန်လုံးကို လုပ်ကြံ ဖန်တီးထားတာ ဖြစ်ပါစေလို့ မျှော်လင့်နေတာ။ ဒါပေမယ့် နောက်ဆုံး ရလဒ်ကို သိဖို့တော့ စိတ်လှုပ်ရှားနေကြတယ်။
“ရန်ရွှယ်။ ဒီ အရှက်မရှိတဲ့ကောင်စုတ် အမှန်ကို ပြောနေတယ်လို့ထင်လား။” ပင်းယန် လှမ်းမေးတယ်။
“ အင်း အမှန်ပဲ။” ရန်ရွှယ် ခေါင်းငြိမ့်တယ်။
“နင် သူ့ကို ဒီလောက်တောင် ယုံကြည်လား။” ပင်းယန် နားမလည်နိုင်။ ဒီလို ကိစ္စ ဖြစ်နိုင်ချေက အရမ်းကို နည်းတယ်လေ။
“ ဒါပေါ့။” ရန်ရွှယ် ခေါင်းငြိမ့်တယ်။ နောက်ထပ် အကြောင်းရင်း မပေးတော့။ သူနှစ်ယောက် ပြောနေတဲ့ စကားကို လင်းထျန်းရုံကော ယွဲ့ဟူပါ ကြားတယ်။ သူတို့ နှစ်ယောက်လုံး ကျောရိုးထဲက စိမ့်ချမ်းသွားတယ်။ ၀န်ကြီးယွဲ့ကို လင်းထျန်းရုံ လှမ်းကြည့်တော့။ နာကျင်နေတဲ့ မျက်လုံးတွေကို အထင်းသား မြင်နေရတယ်။ ဒီကိစ္စက သူသား နဲ့ သူ့ ကိုယ်လုပ်တော်ရဲ့ ကိစ္စဖြစ်နေတယ်လေ။
အိမ်ရှေ့စံ လင်းထျန်းရုံ နဲ့ ၀န်ကြီးယွဲ့ဟူရဲ့ တုံ့ပြန်ပုံကို သွမ့်အရှင် မြင်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကို သူမယုံ။ သူ ဆုံးဖြတ်ချက် ခပ်မြန်မြန် ချလိုက်တယ်။ နီးကပ်လာတဲ့ လူကို သူကြည့်တယ်။ အဲ့ဒီ့လူက ခေါင်းငြိမ့်ပြပြီးတော့ ပျောက်ကွယ်သွားတော့တယ်။ ချီ်ဟို့ကတော့ တည်ငြိမ်နေခဲ့တယ်။ ဖန်ကျန်းရှီ ကို ကြည့်တဲ့ သူ့ အကြည့်တွေ က မတူတော့။ သူ တစ်ခုကို တွေးနေခဲ့တယ်…..။ အကယ်၍…. အကယ်၍ ဖန်ကျန်းရှီသာ မှန်ခဲ့ရင်…. ဖန်ကျန်းရှီက ဒီကိစ္စကို ဘယ်လိုများ သိတာလဲ။
ဘဏ္ဍာရေးဝန်ကြီးရဲ့ ကိုယ်လုပ်တော် ဖောက်ပြန်တဲ့ ကိစ္စမျိုးက လွယ်လွယ်ကူကူ ရှာလို့ရတဲ့ ကိစ္စမှ မဟုတ်ပဲ။ နောက်ပြီးတော့ ဒီ ကိစ္စတွေ မတိုင်ခင် တုန်းက အိမ်ရှေ့စံနဲ့ သူ ရင်ဆိုင်ဖူးတာလား။ ကိစ္စတွေက စက္ကန့်နဲ့ အမျှ ပိုပြီး မယုံနိုင်စရာ ကောင်းလာခဲ့တယ်။