နတ်ဘုရား မုခ်ဝ - Chapter - 537 မသင်္ကာဖွယ်ရာ အယောင် ဆောင်ခြင်း
မြောက်ပိုင်းဒေသကနေ ရန်မြို့တော်ကို မရပ်မနားပဲ လာရင်တောင် ဆယ်ရက်ကျော်ကြာလိမ့်မယ်။ ဒါပေမယ့် စုချင်းက အခုချိန်မှာ မြို့တော်ကို ရောက်လာတယ်။ အမတ်မင်းတွေ ဘယ်လိုလုပ် မလန့်ပဲနေမလဲ။ ဘာကြောင့်လဲ ဆိုတော့ ဒီနေ့က ဖန်ကျန်းရှီ ရောက်လာတဲ့ အချိန်နဲ့ တွက်ရင် ဆယ်ရက်တိတိ ကြာပြီ ဖြစ်နေတာကြောင့်ပဲ ။ နောက်တနည်း ပြောရရင်။ ဖန်ကျန်းရှီ မြို့တော်ကို ခြေချတဲ့ အချိန်မှာပဲ စုချင်းက မြောက်ပိုင်း ဒေသကနေ ထွက်လာတာ ဖြစ်မယ်။
သူ့ရဲ့ ခေါင်းကို ချာလပတ်လည်တဲ့ အထိ စဉ်းစားရင်တောင်။ ဒါက မဖြစ်နိုင်ဘူးလို့ပဲ အဖြေထွက်တယ်။ ဖန်ကျန်းရှီ ရန်မြို့တော်ကို ၀င်လာတာနဲ့။မြောက်ပိုင်း ဒေသကနေ စုချင်း ထွက်လာတာ။ တိုက်ဆိုင် မှုတစ်ခုပဲလား။ ဒါမှမဟုတ် စဉ်းစားချင့်ချိန်ပြီးမှ လှုပ်ရှားတာလား။
ပိုပြီးတော့ အရေးကြီးတာ မြောက်ပိုင်း ဒေသ ကျောင်းတော် ငါးခုရဲ့ ခေါင်းဆောင် တစ်ယောက် အနေနဲ့။ မြို့တော်ကို လာဖို့ သူ့မှာ အကြောင်းပြချက် ရှိရမယ်။ သူ့ရဲ့ အကြောင်းပြချက်က ဘာလဲ။ ဘာ ကိစ္စ နဲ့ လာရတာလဲ။ ဘယ်အမတ်မင်းမှ အဓိပ္မာယ်ရှိတဲ့ အကြောင်းပြချက်ကို မစဉ်းစားနိုင်ကြဘူး ။
“ အရှင့်သား။ အခု စုချင်းက နန်းတော်ထဲကို ၀င်နေပါပြီ။ …. ကျွန်တော်တို့ ပြင်ဆင်ထားလိုက်ရတော့မလား။ ” အမတ်မင်းတွေထဲက တစ်ယောက် ပြောတယ်။ ဒါက အခုချိန်မှာ မေးသင့်တဲ့ မေးခွန်း မဟုတ် သူ မသေချာဘူး။
စုချင် ဘာကြောင့်ပဲ ရောက်လာသည် ဖြစ်စေ။ အခုအခြေအနေ အတွက်တော့ ကောင်းမွန်စေမှာ မဟုတ်ဘူး။ ခြေတလှမ်း မှားလိုက်တာနဲ့ ကိစ္စတွေက အကုန်လုံး ပျက်စီးသွားမှာပဲ။ ဆုံးဖြတ်ချက် တစ်ခု ချင်းစီ တိုင်းက အရာအားလုံးကို ပြောင်းလဲ သွားစေဖို့ လုံလောက်တယ်။
“ ဟုတ်ပါတယ်။ စုချင်း ဘာကြောင့်ပဲ ရောက်လာသည် ဖြစ်စေ။ အရှင့်သား ဆုံးဖြတ်ချက် မြန်မြန် ချဖို့လိုတယ်။ ”
“ဟုတ်ပါတယ်။ အရှင်သား စုချင်းကို သက်ရှင်လျက်ထားလို့မဖြစ်ပါဘူး။”
“ စုချင်း မြို့တော်ကို ရောက်လာတာက။ ဖန်ကျန်းရှီ အမှုကို ပြန်ဖွင့မယ့် ကိစ္စနဲ့ ဆက်စပ်နေပါလိမ့်မယ်။ အရှင့်သားတွေ တွေဝေနေလို့ မဖြစ်ပါဘူး။ ”
တစ်ခဏတာ အကြည့်ချင်း ဖလှယ်ပြီးနောက်။ အမတ်မင်းတွေ သူတို့ အထင် အမြင်တွေကို တလစပ် ပြောကြတော့တယ် ။
အိမ်ရှေ့စံ လင်းထျန်းရုံကတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ်။ ထီးနန်း အတွက် တိုက်ပွဲမှာ။ ခြေတလှမ်း မှားတာနဲ့ အရာအားလုံး ပျောက်ဆုံး သွားနိုင်တယ်။ ဆုံးဖြတ်ချက် တိုင်းက မှန်မှန်ကန်ကန်လုပ်မှပဲ ဖြစ်မယ်။ မဟုတ်ရင် အရာအားလုံး ပြောင်းလဲ သွားလိမ့်မယ်။
စုချင်းနဲ့ တွေ့ဖို့ အတွက် သူ ဖြည်းဖြည်းချင်း စဉ်းစားပြီးတော့ အကြောင်းပြချက် ရှာချင်သေးတယ်။ ဒါပေမယ့် သူ့အတွက် အချိန် သိပ်မကျန်တော့ဘူး။
သူ့လက်ထဲ အခုရောက်နေတဲ့ စာက ဥပဒေအမတ်မင်း တစ်ယောက် ပို့လိုက်တာ ဖြစ်နေတာကြောင့်ပဲ။ အကယ်၍ အရာအားလုံးသာ ချောချောမွေ့မွေ့ သွားနေရင်။ ဥပဒေ အမတ်မင်း ဒီစာကို ပို့လိုက်တဲ့ အချိန်တည်းက ကိစ္စတွေက စောင့်နေလောက်ပြီ။ နောက်ထပ် ဘယ်လိုများ တွေဝေနေလို့ ဖြစ်မှာလဲ။ သူ ပြန်ဖြေ ဖို့ ပြင်တဲ့ အချိန်မှာပဲ နောက်ထပ် အမတ်မင်း တစ်ယောက် ထရပ်တယ်။
“အရှင့်သား။ဒီမှာ မသင်္ကာ စရာ တစ်ခုတော့ ရှိနေပါတယ်။ …” အမတ်မင်းတစ်ယောက် မျက်မှောင်ကြုတ်ရင်း စိုးရိမ်တကြီး ပြောတယ်။
(တကယ့် နဂါးအစစ်ကို သစ္စာခံနေသူတွေ အနေနဲ့ ။ သူတို့မှာ နောက်ဆုတ်စရာလမ်း မရှိဘူး။ ဒီ (နဂါးအစစ်) သာ (အသုံးမ၀င်တဲ့ နဂါး ) ဖြစ်သွားခဲ့ရင်။ နောက်ထပ် နေ့သစ်ကောင်းတွေကို တွေ့ရတော့မှာ မဟုတ်ဘူး။
“ ဒါက ဘာများ မသင်္ကာ စရာရှိလို့လဲ။” အိမ်ေ၇ှကစံ လင်းထျန်းရုံ ချက်ခြင်း မေးတယ်။
“ ကျွန်တော့် အမြင်အရတော့။ စုချင်းက ဒီလို အချိန်မျိုးမှာ မြို့တော်ကို လာမှာ မဟုတ်ဘူး။ အကယ်၍ သူ သာ လာချင်တယ် ဆိုရင်။ အရှင့်သားကို သူ သတင်းပို့မှာ အမှန်ပဲ။ အခုတော့ ဆယ်ရက်တောင် ကြာသွားပြီ။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။
“ဒါက ပရိယာယ်ဆင်ထားတယ်လို့ မင်းထင်နေတာလား။ ” လင်းထျန်းရုံ လန့်သွားတယ်။ သူ ဒါကို မတွေးလိုက်မိဘူး။ ဒါပေမယ့် သေချာ စိတ်အေးအေး ထားပြီးတော့ စဉ်းစားမိတဲ့ အချိန်မှာတော့။ မသင်္ကာ စရာ ကိစ္စကို သတိထားမိသွားတယ်။ လွန်ခဲ့တဲ့ ဆယ်ရက်တုန်းက ဖန်ကျန်းရှီ ရန်မြို့တော်ကို ၀င်လာခဲ့တယ်။ ဥပဒေ အမတ်မင်း ၀မ်ချောင်။ ၀န်ကြီးယွီ။ စစ်မက်ရေးရာ အမတ်မင်း အကုန်လုံး အဖမ်းခံလိုက်ရပြီ။ အမှုကိစ္စကို ပြန်ဖွင့်တာကတော့ ပြောမနေ တော့နဲ့။ စုချင်းကကော ဒါတွေ အားလုံးကို ဘယ်လို ခန့်မှန်း နိုင်မှာလဲ။
“ ဟုတ်ပါတယ်။ ဖန်ကျန်းရှီ မြို့တော်ကို ၀င်လာတဲ့ အချိန်တည်းက ကျွန်တော်တို့ ကိစ္စတွေကို ထိန်း ချုပ်မှု လွတ်သွားတာ။ အခု ကိစ္စကလည်း ဖန်ကျန်းရှီ ရဲ့ အစီအစဉ်ထဲက တစ်ခုလို့ ထင်ပါတယ်။ ကျွန်တော်တို့ လူသတ် တာ သက်သေ ရဖို့ အတွက် အကွက် ဆင်တာ ဖြစ်နိုင်ပါတယ်။” အမတ်မင်း တွေးတော ပြီးနောက် ပြန်ဖြေတယ်။
“အမတ်မင်း ၀မ်ပြောတာ ယုတ္တိရှိတယ် ။ သူသာ ဒါကို မပြောရင်။ ဒီ အရှက်မရှိတဲ့ ကောင်စုတ်ရဲ့ လက်ထဲမှာ ကစားတာကို ခံရတော့မှာပဲ။ ” နောက်တစ်ယောက် သဘောတူတယ်။
“ အတိအကျပဲ။ ”
“ ကျွန်တော့် အမြင်အရတော့ ။ မြောက်ပိုင်းဒေသကို လူလွှတ်ပြီး စုံစမ်း ခိုင်း သင့်ပါတယ်။ ကျွန်တော်တို့ ဒီ ကိစ္စကို အပြည့်အ၀ ထိန်းချုပ်နိုင်မှ ။ တိုက်ခိုက်ဖို့ အကောင်းဆုံး အချိန် ဖြစ်လိမ့်မယ်။” အမတ်မင်း ၀မ် ဆက်ပြောတယ်။
“ အခုချိန်မှာ မြောက်ပိုင်းဒေသကို သတင်းပို့သူ စေလွှတ်ဖို့ နောက်ကျနေပြီ မထင်ဘူးလား။ အကယ်၍ ဒါသာ ထောင်ချောက်မဟုတ်ပဲ ။ စုချင်းက မြို့ထဲကို တကယ် ၀င်လာတယ် ဆိုရင်ကော။” နောက်တစ်ယောက် မေးတယ်။
မြောက်ပိုင်း ဒေသ က သတင်း စကားကို စောင့်ရတာ။ အနည်းဆုံး နှစ်ရက် သုံးရက်တော့ ကြာမှာပဲ။ ဒါပေမယ့် အခု အခြေအနေမှာ စုချင်း မြို့တော်ကို ရောက်နေတဲ့ အကြောင်းသာ တစ်ယောက်ယောက် ပြောလိုက်ရင်။ ဒီ ကိစ္စက ဘယ်လို ဖြစ်သွားတော့မလဲ။
ဘယ်သူမှာမှ အဖြေမရှိ။
“ ဒီနေ့ နန်းတော် ဂိတ်က တိုက်ပွဲမှာ ငါတို့တွေ ရှုံးနိမ့်ခဲ့တယ်။ အကယ်၍ ရုတ်တရက် တိုက်ခိုက်ခံရပြီးတော့ ဖန်ကျန်းရှီ ရဲ့ လက်ထဲသာ ရောက်သွားခဲ့ရင်။ တကယ့်ကိုပဲ ဘာမှ ပြောလို့ရမှာ မဟုတ်တော့ဘူး။” အမတ်မင်း ၀မ် ပြောတယ်။
“ ရှေး အသိပညာတွေက အခြေအနေ နဲ့ လိုက်ပြီးတော့ တိုက်ခိုက်ဖို့ ပြောထားခဲ့တာပဲ။ စိန်ခေါ်မှုတွေနဲ့ ရငဆိုင်လာရတဲ့ အချိန်မှာ တည်ငြိမ်ရမယ်။ ဒီ ကိစ္စက အရေးပေါ် ဖြစ်နေပင်မယ့်လည်း နောက်ထပ် နှစ်ရက် သုံးရက်လောက်တော့ စောင့်လို့ရပါသေးတယ်။”
“ဟုတ်တယ်။ ဥပဒေ ၀န်ကြီး ဌာန တောင်မှ ဒီကိစ္စကို စစ်ဆေးမယ် ဆိုရင် ပြင်ဆင်ဖို့ အချိန် ယူရမှာပဲ ကျောင်းတော် ငါးခုရဲ့ ခေါင်းဆောင်ကို စစ်ဆေးဖို့ ဆိုရင်။ ဧကရာဇ်ရဲ့ ခွင့်ပြုမိန့်လည်း လိုတယ်လေ။ ဥပဒေ ကောင်စီက သူ့ကို သံသယရှိသူ အနေနဲ့ ဆိုရင်။ ဘာမှ များများ စားစား လုပ်လို့ရမှာ မဟုတ်ဘူး။ ”
“ အမှန်ပဲ ။ အမတ်မင်း ၀မ် ပြောတာကို သဘောတူတယ်။ အချိန်ကို ရွှေ့နေရင် ကျွန်တော်တို့ ဘာမှ လှုပ်ရှားလို့ ရမှာ မဟုတ်တော့ဘူး။”
အမတ်မင်း ၀မ်ရဲ့ အကြောင်းရင်းကို ကြားတော့။ တခြား အမတ်မင်းတွေ ခေါင်းငြိမ့်ရင်း သဘောတူနေကြတယ်။ အိမ်ရှေ့စံ လင်းထျန်းရုံ ကတော့ အကျဉ်းအကျပ်ထဲ ရောက်နေခဲ့ပြီ။ မြို့တော်ထဲကို အခု ၀င်လာတာ စုချင်းပါလို့ ဘယ်သူမှ အတည်မပြုနိုင်ဘူး။
အကယ်၍ သူတို့သာ အလောတကြီးနဲ့ ဆောင်ရွက်မယ်ဆိုရင်။ ကိစ္စတွေက ပို ဆိုးလာရုံပဲ ရှိမှာ။ သုံးရက်….
“ မြောက်ပိုင်း ဒေသကို အခုချက်ခြင်း စာပို့လိုက်။ စုချင်း တကယ်ပဲ မြို့တော်ထဲကို ၀င်လားလား ဆိုတာ အတည်ပြု ။” တွေဝေ နေပြီးတဲ့နောက်။ အိမ်ရှေ့စံ လင်းထျန်းရုံ အမိန့်ပေးလိုက်တယ်။
အကြောင်းရင်းကတော့ ရှင်းပါတယ်။ ဒီစာကို ပို့တာ ဥပဒေ အမတ်မင်း ဖြစ်ပေမယ့် ။ သွမ့်အရှင် လင်းရှင်းကြွယ် လုပ်ခိုင်းတာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် သူ ရက်နည်းနည်းစောင့်ဖို့ ဆုံးဖြတ်လိုက်တယ်။
“အမိန့်တော် အတိုင်းပါ။” အမတ်မင်း သဘောတူညီရင်း ခေါင်းငြိမ့်တယ်။
…
ရန်မြို့တော်။ သွမ့်အရှင် အိမ်တော်မှာတော့။ အရင်ကထက် ပိုပြီးတော့ သက်ဝင် လှုပ်ရှားနေခဲ့တယ်။ စားသောက်ပွဲ ကျင်းပနေသလို။ ဆယ်ယောက်မကတဲ့ အမတ်မင်းတွေ သောက်စားရင်း ရီဝေနေကြတယ်။
“ ဂုဏ်ယူပါတယ်။ အရှင့်သား။ တောင်ပိုင်း ဒေသ ကိစ္စသာ ပေါ်လာခဲ့ရင်။ နန်းပလ္လင်ပေါ်ကို ရောက်ရှိဖို့ အရှင့်သား ခြေတစ်လှမ်း နီးကပ်သွားပါပြီ။ ” နောက်ထပ် အမတ်မင်း တစ်ယောက်က ခွက်ကို မြှောက်ရင်း ပြောတယ်။
သွမ့်အရှင် လင်းရှင်းကြွယ်ကတော့ ပြုံးနေခဲ့တယ်။ လင်းရှင်းကြွယ်ရဲ့ အရေးပေးမှုကို ရဖို့ လွယ်တော့တာ မဟုတ်ဘူး။ တကယ်တော့ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ဒီလို စားသောက်ပွဲမျိုး မကြာခဏ ကျင်းပကြတယ်။
အဲ့ဒီ့အချိန်တုန်းက တော်ဝင် ခန်းမရဲ့။ အမတ်မင်း တစ်ဝက်လောက်က သွမ့်အရှင် ဘက်မှာ။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ။ ပြန်လည် ခြောက်ကပ်ပြီး အထီးကျန်သွားခဲ့တယ်။ ဒီနေ့ မှာပဲ အိမ်တော်က ပြန်လည် စိုပြေလာတာ။ ဒါတောင် တစ် ချို့တလေပဲ။
“ အမတ်မင်း လီရဲ့ စကားတွေက စောလွန်း နေပါပြီ။ တောင်ပိုင်း ဒေသ ကိစ္စက အဆုံး မသတ်သေးပါဘူး။ နောက်ပြီးတော့ အခုချိ်န်မာ လူတိုင်းက စုချင်းကို အပြစ် လွှဲချဖို့ အတွက် ပြင်ဆင်နေကြတာ။ ဒီကိစ္စက အိမ်ရှေ့စံ နဲ့ သက်ဆိုင်တော့မှာ မဟုတ်ဘူး။” သွမ့်အရှင် ပြန်ဖြေတယ်။
“ အရှင့်သားက နှိမ့်ချလွန်းနေပါပြီ။ ဒီ အပြစ်တွေ စုချင်းဆီ အကုန်ရောက်ရင်တောင်။ ထင်ရှားနေတဲ့ ကိစ္စတွေက ရှိသေးပါတယ် ။ နောက်ပြီးတော့ တောင်ပိုင်း ဒေသ ကိစ္စက အိမ်ရှေ့စံကို မထိခိုက်ရင်တောင်။ ဧကရာဇ်ရဲ့ ယုံကြည်မှုကို တော့ ဆုံးရှုံးမှာပဲ။ အရှင့်သား အတွက် ညီလာခံမှာ နေရာ ပြန်ရဖို့ အကောင်းဆုံး အချိန်ပါပဲ။ ”အမတ်မင်းလီ ပြုံးပြရင်းနဲ့ နောက် တကြိမ် ဦးညွှတ်ပြန်တယ်။
“ဒီလိုလား။” လင်းရှင်းကြွယ်ရဲ့ မျက်လုံးတွေ တောက်ပလာတယ်။ အမတ်မင်းကို သူ ချက်ခြင်း ပြန်မဖြေဘူး။ ဒါပေမယ့် နောက်တစ်ကြိမ် ပြန် ရှင်သန်ဖို့ ယုံကြည်ချက် အပြည့်ရှိနေခဲ့ပြီ ။ ဖြစ်လာမယ့် နေ့က သိပ်မဝေးတော့ဘူး။
“ အရှင့်သား။” ဒီအချိန်မှာပဲ ရွှေရောင် သံချပ်ကာနဲ့ အစောင့် တစ်ယောက်က အဝေးကနေ ပြေးလာတယ်။ လင်းရှင်းကြွယ် ရှေ့မှာ ဒူးထောက်တယ်။
“ ဘာ ကိစ္စလဲ။” လင်းရှင်းကြွယ် နည်းနည်းတော့ အံ့သြနေတယ်။
“ ဥပဒေ အမတ်မင်း ၀မ်ချွမ်က စာတစ်စောင် ပို့လာပါတယ်။” ချိတ်ပိတ်ထားတဲ့ စာ တစ်စောင်ကို ပေးရင်း သူ ပြောတယ်။
“၀မ်ချွမ်လား။ ” လင်းရှင်းကြွယ် အံ့သြသွားတယ်။ အတွေးတစ်ခု ၀င်လာတဲ့ အတွက် သူ ပြုံးလိုက်မိတယ်။ “ ငါ့ကိုစာကမ်းလိုက်။”
“ အမိန့်တော်အတိုင်းပါ။” အစောင့် စာကို ဆက်သတယ်။ ဒါကို မြင်တော့။ အမတ်မင်းတွေ ကြည့် ပြောင်းသွားတယ်။ ၀မ်ချွမ်ရဲ့ စာလွှာက သိသာနေပြီ။ ဒီနေ့ နန်းတော် ဂိတ်တံခါးမှာ တုန်းက ။ တောင်ပိုင်း ဒေသကိစ္စကို စုံစမ်းဖု့ အတွက် ၀မ်ချွမ်က လျှောက်တင်ခဲ့တယ်။ ဒါက သူ့ ရပ်တည်မှုကို ဖော်ပြနေတာပဲ။ အခုတော့ သူက စာ တစ်စောင် ပို့နေပြန်ပြီ။
ဒီလို တွေးမိတော့။ အမတ်မင်းတွေ စိတ် သက်သာရ ရသွားတယ်။ တောင်ပိုင်း ဒေသ ကိစ္စ မပြီးရင် သူတို့ ဒီဘက်ကိုေ၇ွးချယ်ထားတာ က တကယ့်ကို ကောင်းတဲ့ ကိစ္စပဲ။ ဒါပေမယ့် ကြည့်ရတာ စွန့်စားမှုကတော့ တန်ပါတယ်။ ၀မ်ချွမ်က သွမ့်အရှင်ကို မျက်နှာသာ ပေးနေတယ်။ အမတ်မင်းတွေ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ပြုံးနေတယ်။
သွမ့်အရှင်လည်း စိတ်လှုပ် ရှားနေခဲ့တယ်။ အကယ်၍ ၀မ်ချွမ်သာ တကယ်ပဲ သူ့ ဘက်မှာ ရပ်တည်ရင်။ အိမ်ရှေ့စံကို အလဲ ထိုးနိုင်လိမ့်မယ်။ အချိန် ရောက်လာရင်။ ၀န်ကြီး ယွီယိဖျင် ။ ဥပဒေ အမတ်မင်းနှစ်ယောက် ။ မူလ ဥပဒေ အမတ်မင်း ၀မ်ချောင်တို့လည်း လွတ်လာလိမ့်မယ်။
အထူးသဖြင့် ၀မ်ချောင်ရဲ့ ကိစ္စ မှာ ။ ညီလာခံက အမတ်မင်းတွေ တစ်ဝက်လောက် ပါဝင်နေတယ်။ တစ်ခါ စစ်ဆေးလိုက်တာနဲ့ ကိစ္စ တစ်ခုချင်းစီက နောက်ကနေ လိုက်လာတော့မှာပဲ။ ဒီအချိန် ရောက်လာရင်။ အိမ်ရှေ့စံ မင်းသားရဲ့ အမတ်မင်းတွေ အားလုံး လည်း အပြစ်ပေးခံရမှာပဲ။ ဘယ်သူကများ အိမ်ရှေ့စံ ဘက်မှာ ရပ်တည် ၀ံ့တော့မှာလဲ။
တွေးကြည့်ရုံနဲ့တင်။ သွမ့်အရှင် ရဲ့ အပြုံးတွေက ပို တောက်ပလာခဲ့တယ်။ ဒါပေမယ့် စာအိတ်ကို ဖွင့်လိုက်ချိန်မှာတော့။ အပြုံးတွေ တောင့်ခဲ သွားခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့။ စာလွှာက ထုံးတမ်း စဉ်လာတွေ ဘာမှ မပါပဲ။ စာကြောင်းတစ်ကြောင်းတည်း ဖြစ်နေတာ ကြောင့်ပဲ။ စာလုံးတွေက သိသိသာသာကို ၀မ်ချွမ်ရဲ့ လက်ရေး မဟုတ်။ အကြောင်းရာကတော့ ရှင်းလင်းတယ်။
“ စုချင်း မြို့ထဲ ၀င်လာပြီ။ ” သွမ့်အရှင် မျက်မှောင်ကြုတ်လိုက်တယ်။ သူ့ရဲ့ ပျော်နေတဲ့ မျက်နှာပျောက်ကွယ်သွားတယ်။ အမတ်မင်းတွေ ရုတ်တရက် အပြောင်းအလဲကို အံ့သြနေကြတယ်။
“ အရှင့်သား စာထဲမှာ ဘာရေးထားတာလဲ။” အမတ်မင်းတစ်ယောက်မေးတယ်။
“ စုချင်း မြို့ထဲ ၀င်လာပြီ။” အသက်ပြင်းပြင်း ရှူရင်း သူ ဖြေတယ်။
“ ဘာဖြစ်တယ်။ “
“စုချင်း လာပြီ ။”
“ မြန်လိုက်တာ။ “
“သူက မြောက်ပိုင်းဒေသမှာ ရှိနေရမှာ မဟုတ်ဘူလား။” အမတ်မင်းတွေ သတင်း ကြားတော့ လန့်ကုန်ကြတယ်။ သွမ့်အအရှင် ရဲ့ ဘေးမှာ ထိုင်နေတဲ့ ဆရာဟွားလည်း စိတ်ရှုပ်နေခဲ့တယ်။
“ အရှင့်သား ဒါက ထောင်ချောက်များလား။” ဆရာဟွားတွေးတော ပြီးနောက် ပြောတယ်။
“ ဒါကို ဘယ်လိုမြင်လဲ ဆရာဟွား။” သွမ့်အရှင် လှည့်ပေမးတယ်။
“ အကယ်၍ ကျွန်တော် ခန့်မှန်းတာ သာ မှန်မယ်ဆိုရင်။ ဒါ အိမ်ရှေ့စံ ရဲ့ လှုပ်ရှားမှုကို သတိပေးတဲ့ ဖန်ကျန်းရှီရဲ့ စာပဲ။ ဒီစာကို ပို့လိုက်တာက။ အိမ်ရှေ့စံကို ကျွန်တော်တို့ တားနိုင်စေဖို့ပဲ။”
“ အိမ်ရှေ့စံကို တားဖို့ ဟုတ်လား။”
“ မှန်ပါတယ်။ အခုက ဖြစ်နိုင်ချေနှစ်ခုရှိတယ်။ ပထမ တစ်ခုက ။ ကျွန်တော်တို့ရဲ့ အင်အားကို သုံးပြီးတော့ ဖန်ကျန်းရှီက အိမ်ရှေ့စံကို တိုက်ခိုက်ချင်တာ. …။ ဒုတိယကတော့” ဒီအချိန်မှာ ဆရာဟွား ရပ်တည်သွားတယ်။ သူ ဆက်ပြောသင့်လား မသေချာဘူး။
“ ဒုတိယ ဖြစ်နိုင်ချေက ဘာလဲ။” သွမ့်အရှင် ချက်ခြင်း မေးတယ်။
“အကယ်၍ နောက်ထပ် လူတစ်ယောက်ရှိခဲ့ရင်ပေါ့။ ဒါက တော့ မဖြစ်နိုင် သလောက်ပါပဲ။ ဒါပေမယ့် အခု စာဖို့သာ ဖန်ကျန်းရှီသာ ဖြစ်ခဲ့ရင်တော့။ ဖြစ်နိုင်ချေက များပါမယ်။ ဟန်ဆောင်ထားတာတွေက အမှန် ဖြစ်လာတော့မယ်။”
“ ဟန်ဆောင်ထားတာတွေက အမှန် ဖြစ်လာတော့မယ် ။ ဆရာဟွား ဘာပြောချင်တာလဲ။”
“ ဖန်ကျန်းရှီက စုချင်း အတု ကို သုံးပြီးတော့ အိမ်ရှေ့စံကို စိတ်ဓာတ်ပျက်ပြား စေလိမ့်မယ်။ အဲ့ဒီ့နောက် အိမ်ရှေ့စံ အများ လုပ်တာနဲ့ နောက် ဆက်ပြီးတော့ တိုက်ခိုက်မှာပဲ။ ”
“ ဟမ်….”
အမတ်မင်းတွေ ဆရာဟွားရဲ့ ခန့်မှန်း မှုကို ကြားတော့ သက်ပြင်းချကုန်ကြတယ်။ စုချင်းအတုကို လွှတ်ပြီးတော့ အိမ်ရှေ့စံကို ထောင်ချောက်ဆင်မယ်။ ဒါမျိုးက ။ ဘယ်သူမှ မတွေးမိတာပဲ။ ဒါက ညီလာခံ တစ်ခုလုံးကို လိမ်တာနဲ့ အတူတူပဲ။ ဧကရာဇ်ကို လိမ်ညာတာလည်း ဟုတ်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီသာ စီစဉ်တာ ဆိုရင်တော့။ မဖြစ်နိုင်တာ မရှိတော့ဘူးလေ။
“ဒါပေမယ့် အကယ်၍ ဧကရာဇ်သာ မြောက်ပိုင်းဒေသကို လူလွှတ်ပြီးတော့ စုံစမ်းခိုင်းရင် ဖန်ကျန်းရှီ ရဲ့ အစီအစဉ် ကကော အောင်မြင်နိုင်အုန်းမှာလား။” အမတ်မင်း တစ်ယောက် ထပြောတယ်။
“ဒီနေ့ မတိုင်ခင်တုန်းက။ ဖန်ကျန်းရှီရဲ့ အမှု ပြန်ဖွင့်မယ်လို့ ဘယ်သူ ထင်ခဲ့လို့လဲ။” ဆရာဟွား မေးတယ်။ သူ့ မျက်လုံးတွေ တလက်လက် တောက်ပနေခဲ့တယ်။
“ ဖန်ကျန်းရှီကို ငါတိ်ု့ လျှော့တွက်လို့မရဘူး။ သူက ပုံမှန် အတွေး အခေါ်တွေထက် အများကြီး သာတဲ့ သူပဲ။”
“ ဆရာဟွား ပြောတာ မှန်တယ်။”
“ ငါတို့ အခု ဘာလုပ်ကြမလဲ။”
“သူ့ကို ကူညီရမှာလား။” အမတ်မင်းတွေ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ခေါင်းငြိမ့်တယ်။
“ သူ့ကို ကူညီမယ် ။ ဒါပေါ့။ ကူညီရမှာပေါ့။” သွမ့်အရှင် ပြောတယ်။ “ဘာပဲ ဖြစ်ဖြစ်။ ရလဒ်က ငါတို့ကို မထိခိုက်ဘူးပဲ ။ ဘာလို့ မကူညီရမှာလဲ။”
“ အရှင့်သားရဲ့ ဆုံးဖြတ်တာ မှန်ပါတယ်။ ”
“အမှန်ပဲ။ အကယ်၍ ဒီ အစီအစဉ်သာ အလုပ်ဖြစ်ရင်။ ငါတို့ အတွက် အကျိုးရှိမယ်။ မဟုတ်ရင်။ ဒီ အပြစ်တွေ အားလုံးက ဖန်ကျန်းရှီ ဆီကို ပုံကျသွားမှာ။ ငါတို့ အတွက် အမြတ်ပဲရှိပြီး အရှုံးမရှိတဲ့ ကိစ္စကို ဘာလို့ မလုပ်ရမှာလဲ။”
“ အမှန်ပဲ။”
“ အမတ်မင်းတွေ သဘော တူညီရင်းနဲ့ ခေါင်းငြိမ့်တယ်။ ဒါပေမယ့် ဒီအချိန်မှာပဲ နောက်ထပ် အ စောင့် တစ်ယောက်ပြေးလာခဲ့တယ်။ သူ့ကြည့်ရတာ တုန်ယင်နေတယ်။
“အရှင် အရှင်။ “
“ ဘာကိစ္စ ဖြစ်ပြန်ပြီလဲ။” သွမ့်အရှင် မေးတယ်။ ဒီနေ့ အမတ်မင်းတွေရဲ့ စားသောက်ပွဲက အရေးကြီး ကိစ္စသာ မရှိရင် မနှောက်ယှက် သင့်တဲ့ အရာလေ။
“ ကျောင်းတော်ငါးခု ခေါင်းဆောင်က အရှင့်ကို တွေ့ချင်နေပါတယ်။”
“ ကျောင်းတော် ငါးခု။ ဘယ်ကျောင်းတော် ငါးခုလဲ။”
“ မြောက်ပိုင်း ကျောင်းတော်ငါးခု ခေါင်းဆောင်။ စုချင်းက။ အိမ်တော်အပြင်မှာ ရောက်နေပြီး။ အရှင့်ကို တွေ့ခွင့် တောင်းနေပါတယ်။”
“စုချင်း။ ငါ့အိမ်တော်မှာလား။”