နတ်ဘုရား မုခ်ဝ - Chapter - 538 မြို့တော်ကို စုချင်း ရောက်ရှိလာတဲ့ အမှန်တရား
သွမ့်အရှင် လင်းရှင်းကြွယ် ဒါကို မယုံကြည်နိုင်။ ဘာကြောင့်လဲ ဆိုတော့ ဆရာဟွားနဲ့ အမတ်မင်းတွေက စုချင်း အတုကို ဖန်ကျန်းရှီ ပြင်ဆင်မယ်လို့ ခန့်မှန်း ထားတာ ကြောင့် ပဲ။ ဒါဆိုရင် သူက ဘာကြောင့်များ သူ့ အိမ်တော်ကို ရောက်လာရတာလဲ။
ရန်မြို့တော်ကို လမ်းပတ်လျှောက်ရင်း အိမ်ရှေ့စံ လာတိုက်ခိုက်စေဖို့ သွေးဆောင်နေတာ ဖြစ်နိုင်မလား။ ဒါမှ မဟုတ်။ အိမ်ရှေ့စံ ဒီ ကိစ္စကို မစုံစမ်း နိုင်သေးခင် အချိန်မှာပဲ။ ညီလာခံကို တန်းသွားပြီးတော့ (သက်သေ)ကို ဖော်ထုတ်မလို့လား။ သွမ့်အရှင် ရဲ့ အိမ်တော်ကို ဘယ်လိုများ ရောက်လာ ရတာလဲ။ သွမ့်အရှင် တင် ပဟေဠိ ဖြစ်နေတာ မဟုတ်ဘူး။ အမတ်မင်းတွေလည်း တစ်ခဏတော့ ထိတ်လန့်နေခဲ့တယ်။
“ ဖန်ကျန်းရှီ တကယ်ပဲ ဘာတွေ များ ကြံစည်နေတာလဲ။” သွမ်အ့ရှင် အေးစက်စက် ပြောတယ်။ သူ့ မျက်နှာ ပေါ် မှာ စိတ်ရှုပ်ထွေးမှုက အတိုင်းသား။ ဖန်ကျန်းရှီ ရဲ့ အစီအစဉ်ကို သူ ထွင်းဖောက် မမြင်နိုင်တဲ့ အတွက် စိတ်မသက်မသာ ဖြစ်နေခဲ့တယ်။
“ မီးစင်ကြည့်က ကြတာပေါ့။ အရှင့်သား။ ဒီစုချင်းနဲ့ စကား ပြောပြီးတော့ မေးမြန်းကြည့်ရအောင်။” ဆရာဟွား တစ်ခဏတာ တွေးတောရင်း ပြောတယ်။
“ အင်း … ဆရာဟွားပြောတာ မှန်တယ်။ သူ့ကို စာကြည့်ခန်းထဲ လွှတ်လိုက်။ ” သွမ့်အရှင် ခေါင်းငြိမ့်ရင်း ပြောတယ်။
“ ကောင်းပါပြီ။ ” ဒီ အမိန့်နဲ့ အတူ။ အစောင့် စစ်သည်တော် ပြေးထွက်သွားတယ်။ အမတ်မင်းတွေကတော့ တိတ်ဆိတ်နေခဲ့တယ်။ သူတို့တွေ ဆက်စောင့်နေသင့်လား။ ဒါမှမဟုတ် ထွက်သွားလင့်လား ဆိုတာ မသေချာကြဘူး။
“ အမတ်မင်းတို့ ဒီမှာ တစ်ခဏ အနားယူကြပါ။ ဆရာဟွားနဲ့ ကျွန်တော် ရှိနေပါမယ်။” သွမ့်အရှင် ပြောတယ်။
“ ကောင်းပါပြီ အရှင့်သား။”
“ ကျွန်တော် တော့ ဒီမှာ စောင်နေ့ပါမယ်။”
သွမ့်အရှင် ဆိုလို ချင်တာကို အမတ်မင်း တွေနားလည်တဲ့ အတွက်။ သူတို့ ထရပ်ကြတယ်။
သွမ့်အရှင်လည်း တွေဝေ မနေတော့ဘူး။ စားသောက်ပွဲက အမတ်မင်းတွေကို နှုတ်ဆက်ပြီးနောက် ။ စာကြည့်ခန်းထဲကို သွားတော့တယ်။ နောက်ဆုံးတော့လည်း အခန်းထဲက လူတွေလိုပဲ။ သူလည်း သိလို စိတ် ပြင်းပျနေတယ်လေ။
…
ရန်မြို့တော်။ ပင်းယန် အိမ်တော်မှာ ချီဟို့က ဖန်ကျန်းရှီကို စိုက်ကြည့်နေခဲ့တယ်။ သူ့ အပြုံး နောက်က စိတ်အကြံကို ထွင်းဖောက် မြင်ဖို့ ကြိုးစားနေတယ်။ အကြိမ် အနည်းငယ် ကြိုးစား ပြီးနောက်။ နောက်ဆုံးမှာ လက်လျှော့လိုက်တော့တယ်။
ဘာကြောင့်လဲ ဆိုတော့။ ဖန်ကျန်းရှီ ရဲ့ အမူအယာက သိပ်ပြီး မပြောင်းလဲတာ ကြောင့်ပဲ။ ခပ်ပြုံးပြုံး မျက်နှာထားနဲ့ ဘေးကနေ ရပ်ကြည့်နေသူ တစ်ယောက်လိုပဲ။ ဒါပေမယ့် အခု ကိစ္စတွေ အားလုံးရဲ့ အလယ်မှာ ဖန်ကျန်းရှီ ရှိနေမှန်း ချီဟို့ ကောင်းကောင်းကြီး ကို သိတယ်။
“ ငါ မင်းကို နောက်ဆုံး တစ်ကြိမ် မေးမယ်။ စုချင်းလို အယောင်ဆောင်ဖို့ တစ်ယောက်ယောက်ကို မင်းလွှတ်လိုက်သေးလား။” င်္ချီဟို့ တင်းမာနေတဲ့ မျက်နှာထားနဲ့ မေးတယ်။
ပင်းနယ် အိမ်တော်။ တခြားသူတွေ အတွက်တော့။ ဒါက ကပ်တောင် မကပ်ဝံ့တဲ့ နေရာ တစ်ခုပဲ။ ဒါပေမယ့် ချီဟို့ အတွက်တော့ မဟုတ်ခဲ့။ ဘာကြောင့်လဲ ဆိုတော့ သူ့မှာ အရမ်း အရမ်းကို လှတဲ့ သမီး တစ်ယောက် ရှိနေတာ ကြောင့်ပဲ။ ဒါ့အပြင် သူ့ သမီးတော်က ပင်းယန်ကို ထိန်းချုပ်နိုင်တဲ့ တစ်ယောက်တည်းသော သူပဲ။ ဒါကြောင့် ပင်းယန်ရဲ့ အိမ်တော်က လည်း မထူးခြားတော့ဘူး။
ဒါပေါ့။ ဖန်ကျန်းရှီကို ဒီလို တိုက်ရိုက်မေးခွန်းမျိုး ချီဟို့ မေးဝံ့တာကလည်း အကြောင်းရင်း ရှိတယ်။ ပင်းယန်လည်း အဖြေကို သိချင်နေတာ ကြောင့်ပဲ။ သူမရဲ့ ပန်းနုရောင် နှုတ်ခမ်း သေးသေးလေးတွေက သိလို စိတ်နဲ့ ပြည့်နှက်နေပြီး တလှုပ်လှုပ် ဖြစ်နေခဲ့တယ်။ သူမရဲ့ အမူအယာက ချီဟို့ အတွက်တော့။ ဒီကလေးမ ဘယ်လောက်တောင် စပ်စုချင်နေလဲ ဆိုတာ သိသာလွန်းတယ်။
“ အရှင်က ဒီကို လက်ဖက်ရည်သောက်ဖို့ လာတာလား။ ဒါမှမဟုတ် အမှုစစ်ဖို့ ရောက်လာတာ လား။” ဖန်ကျန်းရှီ လက်ဖက်ရည်ခွက်ကို မြှောက်ရင်းပြီး တစ်ငုံသောက်ရင်း မေးတယ်။ အဲ့ဒီ့နောက် လက်ဖက် ရည်အိုးကို မရင်း ရန်ရွှယ့် အတွက် နည်းနည်း ငဲ့ပေးတယ်။ သူ့ အတွက် လည်း ငဲ့တယ်။
“ ဖန်ကျန်းရှီ။ မင်း ရဲ့ ကစားပွဲအတွက် ငါ့မှာ အချိန် မရှိဘူး။ စုချင်း အယောင်ဆောင်ဖို့ မင်း တစ်ယောက်ယောက် လွှတ်လိုက်လား။ ဒါကိုပဲ ဖြေ။” ချီဟို့ စိတ်မရှည်တော့။
မြို့တော်ကို စုချင်း ရောက်လာတာက ကိစ္စကြီး တစ်ခုပဲ။ နောက်ပြီးတော့ ပို အရေးကြီးတာက။ မြောက်ပိုင်းဒေသ နတ်ဆိုး ကျောင်းတော် ခေါင်းဆောင် အနေနဲ့။ ဒီကိစ္စကို ဖန်ကျန်းရှီ သိပြီးမှ သိရတာ။ သူ မလန့်ပဲ နေမလား။ သူ ထွက်မလာခင်မှာ။ အစီအစဉ် ချခဲ့တယ်။ နောက်တနည်း ပြောရရင်။ စုချင်း တစ်ခုခု လှုပ်ရှားတာနဲ့ သတင်းပို့ဖို့။ မြောက်ပိုင်းဒေသက သူ့လူတွေကို အမိန့်ပေးခဲ့တယ်။ ဒါပေမယ့် အမှန်တရားကတော့။ စုချင်းက မြို့တော်ထဲကို ၀င်လာပြီ။ ဒါတောင် သူ့ဆီ သတင်းမရောက်ဘူး။
“ အရှင် ဘယ်လို ထင်လဲ။” ဖန်ကျန်းရှီ ပြုံးပြရင်း မေးတယ်။
“ အကယ်၍ မင်းသာ လုပ်ခဲ့ရင်။ ဒါကို ရပ်လိုက်ဖို့ ငါ အကြံပြုချင်တယ်။ အိမ်ရှေ့စံက ဒီနေ့ ရှုံးနိမ့်ခဲ့ပေမယ့် သူက ငတုံး မဟုတ်ဘူး။ သူ့ ဘေးက လူတွေလည်း ငတုံးတွေ မဟုတ်ဘူး။
“ နောက်ပြီးတော့ကော။”
“ မင်း ဘာလုပ်ဖို့ ကြိုးစားနေလဲ ငါသိတယ်။ ဒါပေမယ့် ဧကရာဇ်ကို လှည့်စားတဲ့ ကိစ္စမျိုးကတော့ မလုပ်သင့်ဘူး။ မင်းက တော့ မကြောက်ပေမယ့်။ ၀မ်ချွမ့် အတွက် စဉ်းစားပေးသင့်တယ်။ သူ ဒါကို တာဝန်ယူနိုင်မယ် ထင်လား။ အခု လက်ရှိ အခြေအနေ မျိုးနဲ့ ဆိုရင် ငါတို့ ဆက်တိုက် နိုင်နေဖို့ လိုမယ်။ ဧကရာဇ်က ၀မ်ချောင်ရဲ့ အမှုကို အဆုံးသတ်လိုက်ရင်။ နောက်ထပ် တိုက်ခိုက်ဖို့ပဲ လိုတော့တာ။….”
“ အရှင်။ တကယ်တော့ တော်ဝင် အစိုးရ ကို ကျွန်တော် လုံးဝ ဂရုမစိုက်ဘူး။” ဖန်ကျန်းရှီ လက်ယမ်းပြရင်း ပြောတယ်။
“မင်းက တော်ဝင်အစိုးရကို လုံးဝ ဂရုမစိုက်ဘူး ဟုတ်လား။ မင်းက အရင် ဥပဒေ အမတမင်း ၀မ်ချောင်ကို ထောင်ထဲ ပို့လိုက်တာ မဟုတ်ဘူလားး။ နောက်ပြီးတော့ ၀န်ကြီး ယွီယိဖျင်။ ဥပဒေ အမတ်မင်း နှစ်ယောက် ။ စစ်မက်ရေးရာ အမတ်မင်းကို အချုပ်ကျစေတာကော ဘယ်သူလဲ။ ဘဏ္ဍာရေး ၀န်ကြီးကို ရူးသွားစေတာကကော ဘယ်သူလဲ။ အကုန်လုံး မင်းပဲ လုပ်တာလေ။ ဒါတောင်မှ တော်ဝင် အစိုးရကို အာရုံမစိုက်ဘူးလို့ ပြောသေးတာလား။ ” ချီဟို့ ဒေါသ ထွက်နေခဲ့ပြီ။ အခု အဖြစ်က အငမ်းမရ စားချင်တိုင်း စားပြီးတော့မှ ဗိုက်မဆာဘူး ပြောနေသလိုပဲ။
“ ဟုတ်ပါတယ်။ အကုန်လုံးကို ကျွန်တော်လုပ်တာ။ ဒါပေမယ့် တော်ဝင် ညီလာခံကိုတော့ တကယ် ဂရုမစိုက်ဘူး။” ဖန်ကျန်းရှီ အလေးအနက် ပြန်ဖြေတယ်။
“ …..” ချီဟို့ စကားပြောဖို့ ပြင်တယ်။ ဒါပေမယ့် ဒီမေးခွန်းကို ဆက်ပြီးတော့ ငြင်းခုံနေတာ အကျိုးမရှိမှန်း ပို သိတယ်။
“ကောင်းပြီ။ နောက်ထပ် မေးခွန်းတစ်ခု ပြောင်းမေးမယ်။ မင်းပြောတာက။ တောင်ပိုင်းဒေသ အိမ်ရှေ့စံကို သတ်တဲ့ အကြောင်း စုချင်းမှာ သက်သေရှိတယ်ပြောတယ်။ အဲ့တာ ဘာသေလဲ။ ငါ့ကို ပြောလို့ရမလား။”
“ မရဘူး။” ဖန်ကျန်းရှီ ခေါင်းခါတယ်။
“ ဒါဆိုရင် မင်း ငါ့ကို ဘာများ အတိအကျ ပြောလို့ရမလဲ။”
“ ကျွန်တော်ပြောနိုင် သမျှ အကုန် ပြောပြီးပြီပဲလေ။” ဖန်ကျန်းရှီ ရေနွေးကို စုပ်သောက်ရင်း ပြန်ဖြေတယ်။
“ မင်း ငါ့ကို ဘာများပြောလို့လဲ။ ” ချီဟို့ ပြန်စဉ်းစားတယ်။
“ စုချင်း မြို့ထဲကို ၀င်လာပြီ။” ဖန်ကျန်းရှီ ပြန်ဖြေရင်း သက်ပြင်းချနေခဲ့တယ်။
“ဒါပဲလား။”
“ ဟုတ်တယ်။”
“ ဒါဆိုရင် ငါ့ကို ဘာမှ မပြောတာနဲ့ ဘာကွာလို့လဲ။” ချီဟို့ မေးတယ်။
“ကောင်းပြီလေ။ တစ်ခုတော့ ပြောပြမယ်။ အကယ်၍ ကျွန်တော် ခန့်မှန်းတာသာ မှန်မယ်ဆိုရင်။ စုချင်းက သွမ့်အရှင်ကို ပြန် ချဉ်းကပ်နေလောက်ပြီ။ အကယ်၍ အရှင် သိချင်ရင်။ သွမ့်အရှင် အိမ်တော်ကို သွားကြည့်ပါလား။” ဖန်ကျန်းးရှီ လက်ခါပြရင်း ပြောတယ်။
“ စုချင်းက သွမ့်အရှင်ရဲ့ အိမ်တော်မှာလား။ … ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။” ချီဟို့ အမူအယာ ပြောင်းလဲသွားတယ်။
“ အကယ်၍ အရှင်မယုံကြည်ရင် ။ ကျွန်တော်လည်း မတတ်နိုင်ဘူး။” ဖန်ကျန်းရှီ ခေါင်းခါပြန်တယ်။
“ ကောင်းပြီ။ ငါမင်းကို ယုံလိုက်မယ်။ သွမ့်အရှင် အိမ်တော်ကို အခု သွားမယ်။” ချီဟို့ ဖန်ကျန်းရှီကို ကြည့်ရင်း အလေးအနက် ပြောတယ်။ သူ ထရပ်လိုက်တာနဲ့။ သူ့ခန္ဒာကိုယ်က အစိမ်းရောင် အလင်းတန်း တစ်ခု အဖြစ်ကို ပြောင်းလဲသွားပြီး ပင်းယန် အိမ်တော်ထဲကနေ ပျံထွက်သွားခဲ့တယ်။
ပင်းယန်လည်း သတိ ပြန်ဝင်လာတယ်။
“ အခု ချီဟို့ ထွက်သွားပြီလေ။ ဘာလို့ စုချင်း အယောင်ဆောင်ဖို့ လွှတ်လိုက်တာလဲ။ ငါ့ကို ပြောလို့ရလား။” ပင်းယန် မျက်တောင် တစ်ဖျတ်ဖျတ်ခတ်ရင်း မေးတယ်။
“ အယောင်ဆောင်စုချင်းကို လွှတ်တယ်လို့ ငါ ပြောမိလို့လား။” ဖန်ကျန်းရှီ တအံ့တသြနဲ့ မေးတယ်။
“ မပြောပါဘူး။ ဒါပေမယ့် ချီဟို့တောင် စုချင်း ရောက်လာတာကို မသိဘူး။ နင်က သိနေတယ်လေ။ စုချင်းက ဘာလို့ မြို့တော်ကို လာရမှာလဲ။ သူက အရူးမှမဟုတ်ပဲ ”
“ ဒါပေါ့ သူက အရူးမဟုတ်ဘူး။ ဒါ့အပြင် အရမ်းကို ပါးနပ်တာ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း သဘောတူတယ်။
“ ဒါဆိုရင်။ စုချင်းက ဘာလို့ မြို့ထဲကို ၀င်မှာလဲ။ ရန်ရွှယ် ငါပြောတာ မှန်တယ်မလား။” ပင်းယန် ပြောတယ်။ ရန်ရွှယ်ကတော့ ပင်းယန်ရဲ့ စကားကို စဉ်းစားနေခဲ့တယ်။ အဲ့ဒီ့နောက် ထူးမခြားနား အမူအယာ နဲ့ပဲ ပြန်ဖြေတယ်။
“ဖန်ကျန်းရှီက စုချင်းမြို့ထဲကို ၀င်လာတယ် ပြောမှတော့။ သူတကယ်ပဲ မြို့ထဲကို ၀င်လာတာပဲ။” ရန်ရွှယ် ပြန်ဖြေတယ်။ ရေနွေးကို တစ်ငုံသောက်တယ်။
“ နင် ဒါကို ယုံတယ်ပေါ့။”
“ဟုတ်တယ်။ ”
“ ဘာဖြစ်လို့လဲ။”
“ ဘာကြောင့်လဲ ဆိုတော့ ။ ဖန်ကျန်းရှီက ဘယ်တော့မှ မလိမ်လို့ပဲ။ ”
“ ဒီ အရှက်မရှိတဲ့ ကောင်က မလိမ်ဘူး ဟုတ်လား… ငါ တကယ် …” ပင်းယန် သက်ပြင်းချရင်း ပြောတယ်။ ရန်ရွှယ့်ရဲ့ ဟာသက ဆိုးလိုက်တာ။ ဒါပေမယ့် တစ်ခဏ အတွင်းမှာပဲ ။ ပင်းယန် တောင့်တင်းသွားတယ်။ အမှန်တရားကို သိလိုက်သလိုပဲ ။ ဖန်ကျန်းရှီက ဘယ်တော့မှ မလိမ်ဘူး။ သူ ဖန်ကျန်းရှီကို စိုက်ကြည့်တယ်။
“နင် အရှက်မရှိတဲ့ ကောင် ။ ရန်ရွှယ် ရှိနေရင် နင်ဘယ်တော့မှ မလိမ်ဘူး ဆိုတာ အမှန်ပဲလား။”
“ ဟုတ်တယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
“ ဒါဆိုရင် စုချင်းက တကယ်ပဲ မြို့တော်ထဲ ၀င်လာပြီပေါ့။ ဘယ်လို ဖြစ်နိုင်မှာလဲ။ သူက ဘယ်လိုများ ဒီလောက် မြန်မြန် ရောက်လာတာလဲ။” ပင်းယန် ထပ်မေးတယ်။
“ ငါ ခုနက ပြောသားပဲ။ စုချင်းက အရမ်းကို ပါးနပ်တယ်လို့။” ဖန်ကျန်းရှီ ခပ်ရှင်းရှင်းသာ ပြန်ဖြေပြန်တယ်။
…
သွမ့်အရှင်ရဲ့ အိမ်တော် ၀င်ပေါက်မှာတော့။ ၀တ်ရုံနက် ၀တ်ထားတဲ့ လူဆယ်ယောက် ရှိနေတယ်။ လုံးဝ မလှုပ်ရှားကြ။ အနက်ရောင် ရုပ်တုကြီးတွေ လိုပဲ။
“ အမတ်မင်းကြီး။ အရှင့်သားက အိမ်တော်ထဲ ၀င်ဖို့ ဖိတ်ခေါ်ပါတယ်။ ” အစောင့် စစ်သည်တော် ရှေ့ ဆုံးက လူကို နှုတ်ခွန်းဆက်တယ်။
“ ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ်။ ” ရှေ့ဆုံးကလူ ခေါင်းငြိမ့်တယ်။ အဲ့ဒီ့နောက် သူ့နောက်မှာရှိတဲ့ ၀တ်ရုံနက် ကိုးယောက်ကို တစ်ချက် ခေါင်းငြိမ့်ပြတယ်။ ၀တ်ရုံနက်တွေ ချက်ခြင်း နောက်ဆုတ်သွားတယ်။ အဲ့ဒီ့နောက် ညအမှောင်ထုထဲ ၀င်ရောက် ပျောက်ကွယ်သွားတော့တယ်။ သူတို့တွေ သွမ့်အရှင် အိမ်တော်မှာ တစ်ခါမှ ပေါ်မလာဖူးတဲ့ အတိုင်းပဲ။ အစောင့်တွေ ဒါကို မြင်တော့ လန့်သွားကြတယ်။
ဒါပေမယ့် အိမ်တော် ဂိတ်တံခါးမှာ စောင့်နေတဲ့ လူကိုတော့ အထဲကို ခေါ်ပါတယ်။ အစောင့်ရဲ့ လမ်းညွှန်မှုနဲ့ စာကြည့်ခန်းထဲကို ခပ်မြန်မြန် ရောက်သွား ခဲ့တယ်။
“ ငါ ကိုယ့်ဘာကိုယ်ပဲ အထဲ ၀င်တော့မယ်။” ၀တ်ရုံ နက်ပြောတယ်။
“ကောင်း ကောင်းပါပြီ။” တံခါးမှာ သတင်းပို့ဖို့ စောင့်နေတဲ့ အစောင့် အံ့သြသွားခဲ့တယ်။ ဒါပေမယ့် သူ ချက်ခြင်း ခေါင်းငြိမ့်တယ်။ ၀တ်ရုံနက်က အစောင့်ကို ကျေးဇူးတင် စကား ဆိုတယ်။ အဲ့ဒီ့နောက် စာကြည့်ခန်း တံခါးဆီ ဖြည်းဖြည်းချင်း လျှောက်သွားတော့တယ်။ ဒီ ပုံစံက အရမ်းကို ပုံမှန် ဖြစ်လွန်းနေတယ်။
“ ကျွီ” အသံ တိုးတိုးလေး ပေါ်လာတယ်။ ၀တ်ရုံနက် နဲ့ လူ အခန်းထဲကို ဖြည်းဖြည်းချင်း ၀င်လာတယ်။ သူ့မျက်နှာ တစ် ၀က်လောက်ကို ၀တ်ရုံနက် က ဖုံးအုပ်ထားတယ်။ ဒါပေမယ့် သူ့ ဖိနပ်တွေကတော့ တန်ဖိုးကြီးလွန်းမှန်း တစ်ချက်ကြည့်ရုံနဲ့ သိသာတယ်။ ဒါက သူ့ရဲ့ အထူး မြင့်မားတဲ့ အဆင့် အတန်းကို ဖော်ပြနေတာပဲ။
“ အရှင့်သား နဲ့ ဆရာဟွားကို စုချင်း ဂါရ၀ပြုပါတယ်။” ၀တ်ရုံနက် ချက်ခြင်း နှုတ်ခွန်းဆက်တယ်။ိ
“ အိုး …. မြောက်ပိုင်းကျောင်းတော် ငါးခုရဲ့ ခေါင်းဆောင်က လေးစားသမှု ရှိလွန်း အားကြီးနေပါပြီ။ ငါ့လို ပြင်ပ ဧည့်သည် တစ်ယောက်အတွက် ဒါကို လက်ခံဖို့ နည်းနည်းတော့ ခက်ခဲနေပါတယ်။ ” ဆရာဟွား ပြောတယ်။ သူ့မျက်လုံးတွေက တလက်လက် တောက်ပနေတယ်။
“ ဆရာ ဟွားက အထူး ဧည့်သည်တော် တစ်ယောက်ပါ။ ကျွန်တော်ကတော့ သာမန် အဆင့်လေး အမတ်မင်း တစ်ယောက်ပါ။ ကျွန်တော့်ရဲ့ အဆင့်က ဘယ်လိုပဲ ဖြစ်နေပါစေ ။ ဆရာဟွားက ကျွန်တော့် ရင်ထဲမှာတော့ အမြဲတမ်း အကြီးအကဲပါပဲ။”
“ ဟီးဟီး… ငါ့ကို ဒီလောက်ထိ ချီးမွမ်း ဖို့ မလိုပါဘူး။ နောက်ပြီးတော့ ငါတို့ကလည်း ဒီလောက် ရင်းနှီးတာမှ မဟုတ်ပဲ။ ဟုတ်တယ် ဟုတ်။” ဆရာဟွား ပြုံးပြရင်း ပြောတယ်။
“ ကြည့်ရတာ ဆရာဟွားက ကျွန်တော့်ကို အယောင်ဆောင်လို့ ထင်နေတဲ့ ပုံပဲ။” ၀တ်ရုံနက် အောက်က စုချင်းရဲ့ မျက်လုံးတွေ တလက်လက် တောက်ပလာတယ်။
“ မင်းပြောနေတာကို ငါ နားမလည်ဘူး။” ဆရာဟွား ပြန်ဖြေတယ်။ သွမ့်အရှင်ကတော့ စုချင်းကို စိုက်ကြည့်နေခဲ့တယ်။ အခန်းထဲကို စုချင်း ၀င်လာတည်းက သူ တစ်ခွန်းမှ မပြောသေးဘူး။
စုချင်း ချက်ခြင်း ပြန်မဖြေဘူး။ အဲ့ဒီ့အစား သူ့ ခေါင်းကို ခြုံထားတဲ့ ခေါင်းစွပ်ကို ဖြည်းဖြည်းချင်း ချွတ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ။ ဖြူဖွေး ရှင်းသန့်တဲ့ မျက်နှာ တစ်ခု ပေါ်လာခဲ့တယ်။ ဒါက တကယ့်ကို မြောက်ပိုင်းဒေသ ကျောင်းတော် ငါးခု ခေါင်းဆောင် စုချင်းပဲ။ စုချင်း သူ့မျက်နှာကို ပြလာတော့။ လင်းရှင်းကြွယ် နဲ့ ဆရာဟွား စိုက်ကြည့်ရင်း စိတ်ရှု့ပ်ထွေးနေခဲ့တယ်။
“အရှင့်သား ။ ကျွန်တော်က လွန်ခဲ့တဲ့ နှစ်တွေမှာ အိမ်ရှေ့စံ နောက်ကို လိုက်ခဲ့ပေမယ့်။ ကျွန်တော် တကယ်တမ်း တာဝန် ထမ်းဆောင်တာက အရှင့်သားပါပဲ။ ဒါပေမယ့် အိမ်ရှေ့စံက အလွယ်တကူ သံသယ ၀င်နိုင်တဲ့ အတွက်။ ကျွန်တော် စာ မပို့တာပါ။ အရှင့်သားက ကျွန်တော့်ကို ဆုံးဖြတ်ချက် မပြတ်သားတဲ့ လူယုတ်မာ တစ်ယောက်လို့ တကယ်ပဲ ထင်နေတာလား။” စုချင်းရဲ့ စကားလုံးတွေက ၀မ်နည်းမှု တွေ ပြည့်နေခဲ့တယ်။
“ အမတ်မင်း ပြောနေတာကို ကျွန်တော် တကယ်ပဲ နားမလည်ဘူး။” လင်းရှင်းကြွယ်ရဲ့ အမူအယာက နည်းနည်းတော့ ပြောင်းသွားခဲ့တယ်။ ဒါပေမယ့် သူ ခေါင်းခါနေဆဲ။
“ အရှင့်သား ။ ဓီ ကျောက်စိမ်း လက်စွပ်လေးကို မှတ်မိလား။ ကျွန်တော်တို့ စတွေ့တဲ့ အချိန်တုန်းက အရှင့်သား ပေးခဲ့တာလေ။ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက တော်ဝင် ညီလာခံမှာ နေရာတစ်ခု ရအောင် အရှင့်သား ကူညီပေးခဲ့တာ။ အရှင့်သားကြောင့်သာ မဟုတ်ရင် ။ ဒီနေ့ ကျွန်တော့် အောင်မြင်မှု ဆိုတာ ရှိမလာ နိုင်တော့ပါဘူး။ ” ကျောက်စိမ်း လက်စွပ် တစ်ခုကို ထုတ်ပြရင်း စုချင်း ပြောတယ်။
“မင်း… တကယ်ပဲစုချင်းလား။” ကျောက်စိမ်းလက်စွပ်ကို သွမ့်အရှင် စိုက်ကြည့်နေခဲ့တယ်။ အဲ့ဒီ့နောက် သူ့ အမူအယာ ပြောင်းလဲသွားတော့တယ်။
ဒါပေါ့။ စုချင်းကို ပေးခဲ့တဲ့ လက်စွပ်ကို သူ မှတ်မိတာပေါ့။ ပိုပြီး အရေးကြီးတာ ။ လွန်ခဲ့တဲ့ သုံးနှစ်က အကြောင်းကို စုချင်း ပြောနေခဲ့တာ။ အဲ့ဒီ့အချိန်တုန်းက။ တာအို စာမေးပွဲကိုတောင် ဖန်ကျန်းရှီ ၀င်မဖြေသေးဘူး။