နတ်ဘုရား မုခ်ဝ - Chapter - 554 ကောင်းကင် တုန်ဟီးစေတဲ့ ဒေါသ
အိမ်ရှေ့စံ လင်းထျန်းရုံ ဒေါသမီးတွေ တောက်လောက်နေတယ်။ ဒါပေမယ့် ဖန်ကျန်းရှီ လက်ထဲက စာကို သူ ကြောက်နေမိတယ်။ ဒါက သူ့အတွက် အတော့်ကို အခြေအနေ မကောင်းတဲ့ ကိစ္စပဲ။ နောက်ဆုံးတော့လည်း။ ဧကရာဇ် သူ့ကို ခုနကမှ ဆူထားတာလေ။
ဒီကိစ္စ ဖြစ်ပြီးတဲ့နောက် သူများများ စားစား မမျှော်လင့်မိတော့ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ သူ့ကို ပြဿနာ ရှာချင်နေတဲ့ ပုံစံပဲ။ စာကို ဖွင့်ပြီးတဲ့နောက်။ ဖန်ကျန်းရှီ က အရမ်းကို ထိတ်လန့်ကြောက်ရွံ့ ပြီး အံ့သြတဲ့ အမူအယာ လုပ်ပြတော့တယ်။
“ ၀ိုး… ဒါက ဖြစ်ခဲ့တာတွေ ပေါ့။” အမတ်မင်းတွေ အရမ်း စိတ်ဝင်စားအောင် သူလုပ်နေတယ်။ အမတ်မင်းတွေ အားလုံးက ဖန်ကျန်းရှိကို မျက်တောင် မခတ်တမ်း ကြည့်နေခဲ့တယ်။
“ စာထဲမှာ ဘာတွေ ပါတာလဲ။ ”
“ တောင်ပိုင်း အိမ်ရှေ့စံ နဲ့ အိမ်ရှေ့စံ လင်းထျန်းရုံ တို့ တကယ်ပဲ ပြောထားတဲ့ စကားတွေလား။ ”
“ဒီလို မဟုတ်လောက်ပါဘူး။ တောင်ပိုင်း အိမ်ရှေ့စံက သေသွားတာ တစ်နှစ်ကျော် ကြာနေပြီ။ အိမ်ရှေ့စံမှာ ဒီ စာရှိနေတာ ဘယ်လို ဖြစ်နိုင်မှာလဲ။” အမတ်မင်းတွေ အားလုံး သိချင်နေကြတယ်။
ဒါပေမယ့် ဘယ်သူကမှ ဖန်ကျန်းရှီမှာ စာအစစ်ရှိမယ်လို့ မတွေးကြ ။ စပ်စုချင်နေတာကို ပြောရမယ်ဆိုရင်။ ပင်းယန်က တခြားသူတွေထက် သိလို စိတ်အများဆုံးပဲ။ ဒါကြောင့် ဖန်ကျန်းရှီ ရဲ့ တအံ့တသြ အော်သံကြား တာနဲ့ သူ့လက်ထဲက စာကို ချက်ခြင်း ဆွဲလုတော့တာပဲ။
“ ဟမ်။” ပင်းယန် စာကို ခပ်မြန်မြန် ဖတ်တယ်။ သူမရဲ့ ပုံမှန် ပန်းနုရောင် သန်းနေတဲ့ မျက်နှာလေး နဲ့ ဆော့ကစားချင်နေတဲ့ ပုံစံက မျက်နှာပေါ်ကနေ ပျောက်ကွယ်သွားတယ်။ သူမ ဖတ်လို်က်တဲ့ စာက အရမ်းကို မယုံကြည်နိုင်စရာကောင်းနေတဲ့ ပုံပဲ ။ ပင်းယန်က အရမ်းလန့်နေတာ သိသာတယ်။ ဒါက အမတ်မင်းတွေကို ပိုကြောက်စေတယ်။
အကယ်၍ ဖန်ကျန်းရှီ တစ်ယောက်တည်းသာ ဒီလို အမူအယာ လုပ်ပြမယ်ဆိုရင် ။ သူတို့တွေ ဒီ စာထဲက ပြဿနာကို အာရုံစိုက်ကြမှာ မဟုတ်ဘူး။ ဒါပေမယ့် ပင်းယန်တောင် အံ့သြရတယ်ဆိုမှတော့ ဒီစာတွေက သူတို့ တစ်ခါမှ မတွေ့ဖူးသေးတဲ့ ကိစ္စရှိ နေလိမ့်မယ်။ ဒီအတွေးက သူတို့စိတ်ထဲမှာ ၀င်လာတယ်။
ပင်းယန်က ဖန်ကျန်းရှီ လက်ထဲက စာတွေ အားလုံးကို ဆွဲယူတယ်။ ဖန်ကျန်းရှီကို လှောင်ပြုံးပြုံးပြတယ် ။ အဲ့ဒီ့နောက် ဧကရာဇ် လင်းမုပိုင် ဆီကို လျှပ်စီးလို အရှိန်နဲ့ ပြေးသွားတော့တယ်။
ဒီမြင်ကွင်းကြောင့် လင်းထျန်းရုံ စိတ်ထဲ ပူလောင်သွားတယ်။ အခု စာတွေက ပင်းယန် လက်ထဲမှာ ။ နောက်ပြီးတော့ သူမက ဧကရာဇ်ကို စာတွေ ပေးတော့မယ်။ ဘယ်လိုများ စိတ်မလှုပ်ရှားပဲ နေမလဲ။
“ အဲ့တာ ဘာစာတွေလဲ။ ဘာ သက်သေတွေ ပါလို့ ဒီလောက်တောင် ဖြစ်နေရတာလဲ။” အိမ်ရှေ့စံ မျက်လုံးတွေကို ပြူးကြည့်တယ်။ စာထဲမှာ ပါတာကို မြင်ရဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် သူ မမြင်ရဘူး ။ သူ့ရဲ့ အရင်လုပ်ရပ်ကို နောင်တရနေတယ်။ ဒီစာတွေကို သူနဲ့ မဆိုင်ဘူးလို့ ပြောမိတာ မှားသွားတယ်။ အကယ်၍ သူသာ ဒီစကားတွေ မပြောခဲ့ရင်။ ဒီစာတွေကို ဖွင့်ဖတ်ခံရမှာ မဟုတ်ဘူး။ ပင်းယန် ရဲ့ လက်ထဲကို ရောက်သွားပြီးတော့ ဧကရာဇ် ဆီကို ရောက်မှာလည်း မဟုတ်ဘူး။
“ ဖန်ကျန်းရှီ ငါ့ကို အပြစ် ပုံချဖို့က မလွယ်ဘူး။ ငါက အိမ်ရှေ့စံ မင်းသား။” လင်းထျန်းရုံ အံကြိတ်ရင်း စိတ်ထဲက တွေးတောနေတယ်။ သွမ့်အရှင် ဒီမြင်ကွင်းကို မြင်တော့ သူလည်း လမ်းမှာ ရပ်နေခဲ့တယ်။ သူ့မျက်လုံးထဲမှာ သံသယ အရိပ် တစ်ချို့ ပေါ်လာတယ်။
အခုချိန်ထိ ဖန်ကျန်းရှီ ရဲ့ လှုပ်ရှားမှုတွေက အရမ်းကို အတုအယောင် ဆန်လွန်းတယ်လို့ ထင်ထားခဲ့တာ။
သူ့ရဲ့ လှုပ်ရှားမှုတွေရဲ့ ရလဒ်က ကျေနပ်စရာ ကောင်းပါတယ်။ ဒါပေမယ့် ဧကရာဇ် လင်းမုပိုင် အတွက်တော့ ဒီအကွက်တွေက ကလေးဆန်လွန်းတယ်လေ ။ ဒီစာတွေက တောင်ပိုင်းဒေသ အိမ်ရှေ့စံနဲ့ လင်းထျန်းရုံကြားက ဆက်သွယ်မှုကို ပြနိုင်ရင်တောင်။ ဧကရာဇ်က သူတို့ကို ယုံမှာမဟုတ်ဘူး။ နောက်ဆုံးတော့လည်း ဒါက စာတစ်စောင်ပဲလေ။ လူတစ်ယောက်ရဲ့ လက်ရေး ကို အတုလုပ်ဖို့ ဆိုတာ အလွယ်လေးပဲလေ။
ဒါက သွမ့်အရှင်နဲ့ တခြားသူတွေရဲ့ အတွေးက အတူတူပဲ။ ဧကရာဇ် လင်းမုပိုင်ကတော့ စာတွေနဲ့ ပြေးလာနေတဲ့ ပင်းယန်ကိုသာ စိုက်ကြည့်နေခဲ့တယ်။ အဆုံးမှာတော့ လက်ထဲက စာတွေကို သူယူလိုက်တယ်။ အဲ့ဒီ့နောက် ဖြည်းဖြည်းချင်း ဖွင့်တယ်။ အမတ်မင်းတွေကတော့ ဧကရာဇ်လင်းမုပိုင်ကို စိုက်ကြည့်နေတယ်။ သူ့မျက်နှာ အမူအယာ ပြောင်းအလဲကို ကြည့်ကြတယ်။
“ဟမ့်။” ဒီ အချိန်မှာပဲ။ ဧကရာဇ် လင်းမုပိုင် ရဲ့ နှုတ်ခမ်းတွေ ပွင့်သွားပြီးတော့ အသံထွက်လာခဲ့တယ်။ သူ့မျက်လုံးတွေကလည်း ထိတ်လန့်မှုကြောင့် တောက်ပလာတယ်။ ဖန်ကျန်းရှီကို သူလှမ်းကြည့်တယ်။ သူ့ရဲ့ အကြည့်တွေက သားကောင် တစ်ကောင်ကို မသတ်ခင် ကြည့်နေသလိုပဲ။
ဒါက ကြောက်စရာကောင်းလွန်းတယ်။ အမဲလိုက်သမား တစ်ယောက်က အင်အားကြီးလွန်းတဲ့ သားကောင်ကြီးကို ကြည့်တဲ့ အချိန် ဖြစ်သလိုပဲ။ ဒါပေမယ့် စိတ်ကူးနိုင်တာ ထက်ကို ပိုလွန်းနေတဲ့ သားရဲကောင် ကြီးပေါ့။ ဒါက တိုက်ပွဲတစ်ခု ။ သေခြင်းနဲ့ ရှင်ခြင်းကြားက တိုက်ပွဲ တစ်ခုပေါ့။ အသက်ရှင်ဖို့ အတွက် ရုန်းကန်ရမယ်။
ဧကရာဇ် လင်းမုပိုင် ရဲ့ အကြည့်က ဒီသဘာဝအတိုင်းပဲ။ ဖန်ကျန်းရှီရဲ့ မျက်နှာပေါ်က မျက်နှာဖုံးကို ဆွဲခွာချင်နေတယ်။ သူတကယ်မလုပ်ပေမယ့်။ သေချာ စိုက်ကြည့်နေတုန်းပဲ။ အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးသွားတယ်။ လူတိုင်းက ဧကရာဇ် လင်းမုပိုင် ဖန်ကျန်းရှီကို စိတ်ဝင်တစားကြည့်နေတာကို အာရုံစိုက်နေတယ်။
သူတို့ မကဘူး။ ရန်ရွှယ်ကော နန်ကုန်းမုပါ ကြည့်နေတယ်။ ဒါပေါ့။ ၀မ်တပေါင်းလည်း စိတ်ဝင်စားနေတယ်။ သူ့ ရဲ့ မျက်နှာ အမူအယာကတော့ ထူးခြားတယ်။ သူတစ်ယောက်ပဲ။ တစ်ကိုယ်လုံး တုန်ယင်တဲ့ အထိ ကြောက်နေတာ။
ဘယ်လောက်တောင် အချိန်ကြာသွားပြီလဲ ဆိုတာ မိုးနတ်မင်းသာ သိနိုင်လိမ့်မယ်။ နောက်ဆုံးတော့ ဧကရာဇ် လင်းမုပိုင် ဖန်ကျန်းရှိကို အကြည့်လွှဲလိုက်ပြီ။ တစ်ချိန်တည်းမှာပဲ သူ့လက်ထဲက စာတွေကို ခေါက်လိုက်တယ်။
“ထျန်းရုံ။” ဧကရာဇ်လင်းမုပိုင် ခေါ်တယ်။
“ သားတော် ရှိပါတယ်။” ဧကရာဇ်လင်းမုပိုင်ရဲ့ အကြည့်ကြောင့် လင်းထျန်းရုံ လန့်သွားတယ်။ ဘာဖြစ်မယ်မှန်း မသိတာကြောင့် သူချက်ခြင်း ဒူးထောက်တယ်။
“ မင်းဘာ အပြစ်လုပ်ထားလဲ သိလား။” ဧကရာဇ် လင်းမုပိုင်ရဲ့ မျက်နှာ အေးစက်သွားတယ်။ အမတ်မင်းတွေ အားလုံး ဒီရလဒ်ကြောင့် လန့်ကုန်တယ်။
ဧကရာဇ် လင်းမုပိုင်က အိမ်ရှေ့စံကို ဆူတာကြောင့် မဟုတ်ဘူး။ အပြစ်တဲ့။ ဒါဆိုရင် အိမ်ရှေ့စံမှာ အမှားရှိနေတာ တကယ်ပဲပေါ့။ ဒါပေမယ့် အိမ်ရှေ့စံ ဘာအပြစ်ကို ကျူးလွန်ထားတာလဲ။
ဧကရာဇ် လင်းမုပိုင်က အတိအကျ မပြောတဲ့ အတွက်။ အမတ်မင်းတွေရဲ့ စိတ်ထဲ ဖြစ်နိုင်ချေ တစ်ခုသာ ပေါ်လာခဲ့တယ်။ အိမ်ရှေ့စံက တောင်ပိုင်း အိမ်ရှေ့စံနဲ့ တကယ်ပဲ အဆက်အသွယ်ရှိနေခဲ့တာလား။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ အမတ်မင်းတွေ ဒီကိစ္စကို မယုံနိုင်။
လင်းထျန်းရုံကတော့ ဒီ အခြေအနေ ကြောင့် ပို စိတ်ရှုပ်ထွေးနေခဲ့တယ်။ သူ့ စာကြည့်ခန်းထဲ ဘာရောက်နေမှန်း တကယ့်ကို မသိဘူး။ တောင်ပိုင်း အိမ်ရှေ့စံ ဆီက စာသာ တကယ်ရှိနေရင် ဘယ်လို လုပ်မလဲ။ ဒါက အတုပဲ။ အရာအားလုံးက အတုအယောင်တွေပဲ။
“ ခမည်းတော်… ဖန်ကျန်းရှီက ကျွန်တော့်ကို မှားယွင်းစွပ်စွဲနေတာပါ။ တောင်ပိုင်း အိမ်ရှေ့စံနဲ့ ကျွန်တော် တစ်ခါမှ စာ အဆက်အသွယ် မလုပ်ဖူးပါဘူး။” လင်းထျန်းရုံရဲ့ အမူအယာက အရမ်းကို တည်ကြည်နေတယ်။
“ ဒီလိုလား။ ”ဧကရာဇ် လင်းမုပိုင်ရဲ့ အသံက ဆက်လက်ပြီးတော့ မာကျောနေဆဲ။
“ခမည်းတော် ။ ကျေးဇူးပြုပြီး သေချာ စဉ်းစားတော် မူပါအုန်း။ ကျွန်တော့်ရဲ့ စာကြည့်ခန်းက ဖျက်စီး ခံလိုက်ရပြီ။ အခန်းတစ်ခုလုံးက ပြာဖြစ်သွားတာ။ ဒီ အခြေအနေ မျိုးမှာ ဘယ်လိုများ စာကျန်တာ ဖြစ်နိုင်မှာလဲ။ ဒါ့အပြင်။ စာကျန်ခဲ့ရင်တောင်။ တောင်ပိုင်း အိမ်ရှေ့စံ ပို့တာလို့ ဘယ်လို သိနိုင်မှာလဲ။ ဒါက တိုက်ဆိုင်မှုလို့ ခမည်းတော် ယုံလား။ ဖန်ကျန်းရှီက ဒီ စာအတုကို ဖန်တီးပြီးတော့ ကျွန်တော်မျိုးကို ယိုးစွပ်တာပါ။ ခမည်းတော် သားတော် အတွက် အမှန်အတိုင်း ဖြစ်အောင် လုပ်ပေးပါ။”
အိမ်ရှေ့စံ လင်းထျန်းရု့ရဲ့ စိတ်ထဲ ခါးသက်နေမိတယ်။ သူ့လို အိမ်ရှေ့စံ တစ်ယောက်က။ ကိုယ်ပိုင် အိမ်တော်မှာ ဒီလို ကလေးဆန်တဲ့ အကွက်နဲ့ ထောင်ချောက်ဆင်ခံရတာလား။ စိတ်ထဲ မခံပြင်းပဲ ဘယ်လို နေနိုင်မှာလဲ။
ဖန်ကျန်းရှီ။
ငါ အိမ်ရှေ့စံ မင်းသား။ မင်းကို သတ်မယ်။
“ စာကြည့်ခန်းတစ်ခုလုံး မီးလောင်သွားပြီ ။ ဖျက်စီး ခံလိုက်ရပြီ ဟုတ်လား။” ဒီအချိန်မှာပဲ။ ဧကရာဇ် လင်းမုပိုင် ဆီကနေ အေးစက်စက် အငွေ့အသက်တွေ ပျံ့လွင့်လာတယ်။ ပြင်းထန်တဲ့ ဖိအားတွေ သူ့ ခန္ဒာကိုယ်ကနေ ထွက်ပေါ်လာတယ်။
ဒီရုတ်တရက် အပြောင်းအလဲကြောင့် အမတ်မင်းတွေ နဖူးမှာ ချွေးသီးချွေးပေါက်တွေ ပေါ်လာတော့တယ်။ ဒါပေမယ့် သူတို့ အခုထိ နားမလည်နိုင် ကြသေးဘူး။
ဧကရာဇ်လင်းမုပိုင်က ဒီစာတွေကို ဖတ်ပြီးတဲ့နောက် ဘာကြောင့်များ ဒေါသထွက်နေရတာလဲ။ စာအတုအလား အစစ်လားတောင် သူ မစစ်ဆေးဘူးလား။ ဒါက အရင်လုပ်သင့်တာ မဟုတ်ဘူးလား။
ဧကရာဇ် လင်းမုပိုင်ရဲ့ အသိပညာနဲ့ ဆိုရင်။ သူက အလောတကြီး ဘယ်တော့မှ မလ်ုပဘူး။ အထူးသဖြင့် အိမ်ရှေ့စံ နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာပေါ့။
တကယ်ပဲ ။ ဒီစာတွေထဲမှာ ဘာတွေများ ပါနေတာလဲ။
“ သားတော်…. သားတော်….” လင်းထျန်းရုံ နဖူးက ချွေးတွေ ကျလာတာကို ခံစားမိတယ်။ ဒါပေမယ့် သူ အံကြိတ်ရင်း ဆက်ပြောတယ်။ “ ခမည်းတော်ကို သားတော် မလိမ်ဝံ့ပါဘူး။ ”
“ မင်း ခွေးကောင်။ ဒီလောက် သက်သေရှိနေတာတောင် မင်း ဗြောင်ငြင်းရဲတယ်ပေါ့။” ဧကရာဇ် လင်းမုပိုင် သူ့ဒေါသတွေကို ထိန်း မထားတော့။ သူ့မျက်လုံးထဲမှာ ရွှေရောင် အလင်းတန်းတွေ တောက်ပလာတယ်။ မျက်စိကျိန်းလောက်အောင်ကို တောက်ပတဲ့ ရွှေရောင် အလင်းတန်းတွေပဲ။
ကြင်ယာတော် ဟွားဖေး လင်းထျန်းရုံကို ကယ်တဲ့အချိန် တောက်ပတဲ့ အလင်းတန်းနဲ့ အတူတူပဲ။ ရွှေေ၇ာင် အလင်းတန်းက နန်းတော် တစ်ခုလုံးကို တောက်ပလာတယ်။ ကြည်လင်ပြတ်သားတဲ့ အသံတစ်သံလည်း လေထဲမှာ ထွက်ပေါ်လာတယ်။ နဂါးတစ်ကောင် ရဲ့ အင်အား ပြည့်နဲ့ အော်သံတစ်ခုပဲ။
“ အရှင်မင်းမြတ် ကျေးဇူးပြုပြီး စိတ်လျှော့ပါ၊”
“အရှင်မင်းမြတ်။ ကျေးဇူးပြုပြီးတော့ စိတ်လျှော့ပါ။”
“ ခမည်းတော် ကျေးဇူးပြုပြီး စိတ်ထိန်းပါ။”
အသံတွေ အခန်းထဲမှာ ထွက်လာတယ်။ အဲ့ဒီ့နောက် လူတွေ အားလုံး ဒူးထောက်လိုက်ကြတယ်။ သွမ့်အရှင် လင်းရှင်းကြွယ်လည်း ချက်ခြင်း ဒူးထောက်လိုက်တယ်။
ဒါပေမယ့် ဧကရာဇ်လင်းမုပိုင် ရဲ့ အလင်းတန်းကတော့ မပျောက်သွားခဲ့ဘူး။ ပိုပိုပြီးတော့သာ တောက်ပလာခဲ့တယ်။ အရမ်းကို ကြီးမားတဲ့ သတ္တ၀ါကြီး တစ်ကောင်လိုပဲ။
“ ငါမင်းကို နောက်တစ်ကြိမ် ထပ်မေးတယ်။ မင်း ဘာအပြစ် လုပ်ထားမှန်း အခုထိ ၀န်မခံသေးဘူးလား။ ”
“ သားတော် … သားတော်… ဘာ အပြစ် ရှိမှန်း မသိပါဘူး။” အိမ်ရှေ့စံ လင်းထျန်းရုံ ခေါင်းကို ငိုက်စိုက်ချထားရင်း ပြောတယ်။ သူ အံကြိတ်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။
သူ ဘာအပြစ် လ်ုပထားမိမှန်းတောင် မသိဘူးလေ။ ဖန်ကျန်းရှီ ဧကရာဇ် လင်းမုပိုင်ကို ဘာစာ ပေးလိုက်မှန်း တောင် မသိဘူး။ အဲ့ဒီ့တော့ သူ ဘာဝန်ခံရမှာလဲ။
“ ဟန့်။ ကြည့်ရတာ မင်းက လုံးဝ ၀န်မခံမယ့် ပုံစံပဲ။” ဧကရာဇ် လင်းမုပိုင် အော်ဟစ်ရင်း လက်တွေ ဝေ့ယမ်း လိုက်တယ်။ တစ်ချိန်တည်းမှာပဲ။ ရွှေရောင် အလင်းတန်းတွေ သူ့ ခန္ဒာကိုယ်က ထွက်လာတယ်။ မိုးကုပ်စက်ဝိုင်း ဆီကို ပြေးသွားတယ်။
ညကောင်းကင်က ချက်ခြင်း လင်းထိန်သွာတယ်။ ကြယ်တွေရဲ့ အလင်းတန်းတောင် ချက်ခြင်း မှေးမှိန်သွားတယ်။ ဘွန်း…။ ကျယ်လောင်တဲ့ ပေါက်ကွဲမှုက မိုးကုပ်စက်ဝိုင်းမှာ ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် ရွှေရောင် အလင်းတန်းက ကောင်းကင်ကို ထိခတ်သွားတယ်။ ပြာကျနေတဲ့ စာကြည့်ခန်းကို သွားထိတယ်။
ဘန်း….။
ဖုန့်မှုန့်တွေက နေရာ အနှံ့ကို ပျံ့ကျဲကုန်တယ်။ ရွှေရောင် အလင်းတန်းက ပြာတွေကို ဖောက်ထွက်သွားတယ်။
မရေမတွက်နိုင်တဲ့ အနက်ရောင် အုပ်ချပ်ပြားတွေ လေထဲကို လွင့်ထွက်လာတယ်။ ကောင်းကင်တစ်ခုလုံး အုပ်ချပ်တွေနဲ့ ပြည့်သွားတော့တယ်။