နတ်ဘုရား မုခ်ဝ - Chapter - 751 တောက်ဟွမ်က လူရှုပ်
ခံစားချက်က ထူးဆန်းတယ်။ ဒီကျောက်တုံးတွေကို ကြည့်တဲ့ အချိန်မှ တစ်ခုခု ထူးခြား နေတာကို ခံစားမိတယ်။
“ကြည့်ရတာ ထောင်ချောက်ထဲကို တကယ် ရောက်လာတဲ့ ပုံပဲ။”
ဖန်ကျန်းရှီရဲ့ မူလ အစီအစဉ်က ဆေးပင်ထောင်ချီ ခန်းမထဲကို ခိုးဝင်ပြီးတော့ တောက်ဟွမ်ကို ဖမ်းဖို့။ အခုတော့ တောက်ဟွမ်ရဲ့ အစီအစဉ်ကို ခံစားမိနေတယ်။ သူရောက်လာပြီးမှတော့ ဘယ်လို ထွက်သွားလို့ ရတော့မှာလဲ။ သူဘာမှ မလုပ်နိုင်ဘူး။
ရွေးချယ်စရာ မရှိတာကြောင့် ဆက်လုပ်ရမယ်။ တောက်ဟွမ်က ခန်းမထဲမှာ စောင့်နေရတာကို သိရင်တောင် ၀င်ကို ၀င်ရမယ်။ ဒါက နောက်ဆုံး အခွင့်အရေးပဲ။
ဖန်ကျန်းရှီ မျက်တောင် တစ်ခတ် အချိန် အတွင်းမှာပဲ ဆေးပင် ထောင်ချီ ခန်းမပေါက်ဝကို ရောက်လာပြီးတော့ ခန်းမ ရှေ့တံခါး အပေါ်က ကျောက်တုံးတွေကို မော့ကြည့်နေခဲ့တယ်။ ဒီခန်းမကြီးထဲကို ၀င်ဖို့ စဉ်းစားပေမယ့် မ၀င်ဖြစ်ခဲ့ဘူး။ မျက်လုံးက ကျောက်တုံးတွေဆီကိုပဲ ရောက်နေတယ်။
တကယ်တော့ ဒါတွေက ကျောက်မျက် ရတနာတွေ။ တလက်လက် တောက်ပနေတဲ့ ကျောက်မျက် ရတနာတွေ မျက်စိရှေ့မှာ ရှိနေမှတော့ ဒီအတိုင်း မထားရစ်နိုင်ဘူး။ ဒီကျောက်မျက် ရတနာတွေက တန်ဖိုး ရှိမှာ သေချာတယ်။ မဟုတ်ရင် တောက်ဟွမ်ရဲ့ အိမ်တော်မှာ ထားမှာ မဟုတ်ဘူး။”
“ဂျွတ် ဂျွတ်။” ဖန်ကျန်းရှီ ကျောက်မျက်တွေကို ဖြုတ်ပြီးတော့ လရောင်အောက်မှာ ထောင်ကြည့်ရင်း အရည်အသွေးကို ခန့်မှန်း နေခဲ့တယ်။
“တောက်ပ ကြည်လင် နေတာပဲ။ အရည်အသွေးကောင်းတွေ ဖြစ်ရမယ်။” ဖန်ကျန်းရှီ ပြောပြီးတဲ့နောက် အဆုံးမဲ့ လောကထဲ ပြစ်ထဲ့လိုက်တယ်။
…
ဆေးပင် ထောင်ချီ ခန်းမထဲက အိပ်ခန်း အကျယ်ကြီးထဲမှာတော့ တင်ပျင်ခွေ ထိုင်နေတဲ့ လူကြီး တစ်ယောက် ရှိတယ်။ သူ့ပါးကို ဖြတ်ရိုက် ခံလိုက်ရတဲ့ အတိုင်း တုန်ယင်ပြီးတော့ မျက်လုံးပွင့်လာခဲ့တယ်။
“ခွေးကောင်လေး ငါ့ကျောက်မျက်တွေကို ခိုးဝံ့တယ်ပေါ့။” လူကြီးက ဖန်ကျန်းရှီကို ကျိန်ဆဲတော့တယ်။ သူက ဖန်ကျန်းရှီကို ထောင်ချောက်ထဲ ဖိတ်ခေါ်ခဲ့တယ်။ လုံးဝ အလွတ်မပေးနိုင်ဘူး။ အရှက်မရှိတဲ့ သူခိုးကောင်ကို ဖမ်းလိုက်ရင်၊ အောင်မြင်နိုင်ချေက ၈၀%ကို ရောက်သွားလိမ့်မယ်။ ဒီရာခိုင်နှုန်းက မြင့်ပေမယ့် သူခိုးကောင်ကို ဖမ်းဖို့ ၁၀၀% လိုတယ်။
ဖန်ကျန်းရှီ ခန်းမထဲ ၀င်လာအောင် စောင့်နိုင်ရင် ဒီရာခိုင်နှုန်းလည်း အောင်မြင်ပြီ။ ဒါကြောင့် ဖန်ကျန်းရှီ ၀င်လာမှာကို သူစောင့်နေတယ်။ ဖန်ကျန်းရှီ ခန်းမရှေ့ ရောက်နေမှတော့ နောက်ထပ် အချိန် နည်းနည်း ပိုမပေးနိုင်စရာ အကြောင်းမရှိဘူး။ လူကြီး တွေးတော နေတဲ့ အချိန်မှာပဲ အပြင်ကနေ မသင့်တော်တဲ့ အသံကို ကြားလိုက်ရတယ်။
“တောက်ဟွမ် လူရှုပ်ကြီး။ သတ္တိရှိရင် အပြင်ထွက်ပြီး ငါနဲ့ လာတိုက်ခိုက်။”
“..” လူကြီး နှုတ်ခမ်းတွေ တွန့်သွားမိတယ်။ ဘာပြောရမယ်မှန်း မသိတော့ဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကို စိတ်အေးအောင် ထားရင်း နှစ်သိမ့်တယ်။ “ဒီကလေးက ထက်မြက်တာပဲ။ ထောင်ချောက်ဆိုတာ သိတာနဲ့ လက်လျှော့လိုက်တယ်။ ငါ့အတွက် အချိန်ကုန် သက်သာတာပေါ့။”
တောက်ဟွမ် မစောင့်တော့ဘူး။ ဖန်ကျန်းရှီက ရောက်နေကြောင်း ပြောလိုက်ပြီ။ ခန်းမထဲကို ၀င်မှာ မဟုတ်ဘူး။ ဒါကြောင့် လူကြီး အိပ်ခန်းထဲကနေ ထွက်တယ်။ ခန်းမ အပြင်ကို လျှောက်လာတယ်။
ကျောက်တုံး တံခါးက အပြင်ကနေ ဖွင့်ထား ခံရပြီ။ ဖန်ကျန်းရှီ ရောက်နေတာကို သိတဲ့ အတွက် အံ့သြ မနေတော့ဘူး။”
“ဖန်ကျန်းရှီ မင်းဒီကို လက်စားချေဖို့ ရောက်လာမှတော့ အမ်။” လူကြီး အပြင်ကို ကြည့်ပေမယ့် ဖန်ကျန်းရှီကို အမြီးတောင် မမြင်ရဘူး။
သူသတိလွတ် နေတဲ့ အချိန်မှာပဲ ခြေထောက်က ထောင်ချောက် နင်းမိတဲ့ အသံကို ကြားလိုက်ရတယ်။
“၀က်ဝံ ထောင်ချောက်လား။” သူ့ညာခြေထောက်နားက တလက်လက် တောက်နေတဲ့ ထောင်ချောက်ကို ကြည့်ရင်း ဆွံ့အ နေခဲ့တယ်။
ယင်ယန် ခန်းမ ခေါင်းဆောင် တောက်ဟွမ်ကို ၀က်ဝံ ထောင်ချောက်နဲ့ ထောင်ဖမ်းတယ်။ တကယ့်ကို အပြစ်ပြုတာပဲ။ နောက်ပြီးတော့ ငတုံး အကြံအစည်။ ဆင်ကို သံစူးပြီးတော့ သေအောင် ကြံနေ သလိုပဲ။ အခုတော့ တောက်ဟွမ်ဆီမှာ ဒီအဖြစ် ဖြစ်နေပြီ။
ဒါပေမယ့် မြင့်မြတ် နယ်မြေက အင်အားကြီး အုပ်ချုပ်သူ တစ်ယောက် အနေနဲ့ သူမလှောင်ရယ် ၀ံ့ဘူး။ မြင့်မြတ် နယ်မြေမှာ ရန်သူ့ကို လျှော့တွက်မိရင် သေနိုင်မှန်း သူသိတယ်။ ဒါက အယောင်ပြ ထောင်ချောက်ပဲ ဖြစ်ရမယ်။ တောက်ဟွမ် စဉ်းစား နေတဲ့ အချိန် သူ့ခေါင်းပေါ်မှာ ကောင်းကင်ပြာရောင် အလင်းတန်းကို မြင်လိုက်ရတယ်။
“၀ုန်း။” ကျယ်လောင်တဲ့ အသံကြီးက ယင်ယန် ခန်းမ တစ်လျှောက်ကို ပျံ့သွားခဲ့တယ်။ ကင်းလှည့်နေတဲ့ တပည့်သားတွေ အားလုံး အထိတ်တလန့် ဖြစ်ကုန်တယ်။
“ဆရာ ထောင်ချောက် မိနေတယ်။” ယင်ယန် ခန်းမ တပည့်သားတွေ ဒီအသံ ထွက်လာတဲ့ နေရာကို သိတယ်။ ဒါကြောင့် ကင်းလှည့်နေတဲ့ တပည့်သားတွေတင် မကဘူး၊ ယင်ယန် ခန်းမက တပည့်သားတွေ အားလုံး ဆေးပင်ထောင်ချီ ခန်းမဆီကို ပြေးလာ နေကြတယ်။
ညတာက ရှည်လျားပေမယ့်၊ တပည့်သားတွေ အားလုံး မအိပ်နိုင်ကြဘူး။ တစ်နေရာရာက အသံထွက်လာမှာကို စောင့်ဆိုင်းနေကြတယ်။ ဖန်ကျန်းရှီကို ဖမ်းဖို့ အတွက် စောင့်ဆိုင်း နေတယ်။
“မြန်မြန် အဲ့ဒီ့ကောင်ကို မလွတ်စေနဲ့။”
“သူ့ကို အချိန်မှီ ဖမ်းရမယ်။”
“န၀မ အကြီးအကဲနဲ့ ဆေးပင် ဆယ်ဧက အတွက် ပြန်ပေးဆပ် စေရမယ်။”
တပည့်သားတွေ အရမ်းကို တက်ကြွ နေခဲ့တယ်။ ညကောင်းကင်မှာ ကြွေကျလာတဲ့ ကြယ်တွေလိုမျိုး သူတို့တွေ လှုပ်ရှား နေကြတယ်။ ထောင်ချီတဲ့ တပည့်သားတွေ ဆေးပင်ခန်းမကို ရောက်လာဖို့ အချိန် သိပ်မကြာခဲ့ဘူး။
သူတို့တင် မကဘူး။ အကြီးအကဲ ရှစ်ယောက်နဲ့ ဧည့်သည် နှစ်ယောက်လည်း ရောက်နေခဲ့တယ်။ တောင်စဉ် ကိုးသွယ်က တတိယနဲ့ စတုတ္ထ အကြီးအကဲ နှစ်ယောက်။
အကြီးအကဲ နှစ်ယောက်က ဆေးပင်ထောင်ချီ ခန်းမရှေ့မှာ ရပ်နေတဲ့ လူကို ကြည့်နေခဲ့တယ်။ သူ့ဆံပင်တွေက သူ့ဝတ်ရုံလိုပဲ အဖြူအမည်း နှစ်ခြမ်းကွဲနေခဲ့တယ်။ ရွှေရောင် ဘီးတစ်ချောင်းကိုလည်း ဆံပင်မှာ စိုက်ထားတယ်။ ဒါက ယင်ယန် သင်္ကေတပဲ။
သူ့မှာ အထူးခြား ဆုံးကတော့ အဖြူအမဲ နှစ်ရောင်စပ်နဲ့ မျက်နှာဖုံး တစ်ခုပဲ။ ဒီမျက်နှာဖုံးက ကြောက်စရာ ကောင်းတယ်။ ဒီလူကတော့ ယင်ယန် ခန်းမ ခေါင်းဆောင် တောက်ဟွမ်ပဲ။ သူ့ရဲ့ မျက်နှာကို ထုတ်မပြပေမယ့် မြင့်မြတ် နယ်မြေမှာ အတော်ဆုံး ဆေးပညာရှင်လို့ လူသိများတယ်။
“ခန်းမ ခေါင်းဆောင် တောက်ဟွမ်ကို နှုတ်ခွန်းဆက်ပါတယ်။” တောင်စဉ်ကိုးသွယ်က အကြီးအကဲ နှစ်ယောက် ဦးညွှတ်တယ်။ သူတို့ မြင်ရတဲ့ မြင်ကွင်းကြောင့် လူတိုင်း အံ့သြ နေခဲ့တယ်။ ဒီနေရာမှာ တောက်ဟွမ် တစ်ယောက်တည်းပဲ ရှိတယ်။ ဖန်ကျန်းရှီကို ဘယ်နေရာမှာမှ မတွေ့ရဘူး။
“သူဘယ်မှာလဲ။”
“ဖန်ကျန်းရှီ ဘယ်ရောက် နေတာလဲ။”
“အသံကြားလိုက်တာ သေချာပါတယ်။” အတွင်းတပည့်သားတွေရဲ့ စကားသံတွေ ထွက်ပေါ် နေပင်မယ့် ဘယ်သူမှ မေးခွန်း မထုတ်ဝံ့ဘူး။ လူတိုင်းက တအံ့တသြ ကြည့်နေကြတယ်။
“သူ့ကို ရှာကြ။” တောက်ဟွမ်ရဲ့ အသံ ထွက်ပေါ်လာတယ်။ အမိန့် တစ်ချက်တည်းက တပည့်သားတွေနဲ့ အကြီးအကဲတွေကို တုန်ယင် သွားစေခဲ့တယ်။ ဖန်ကျန်းရှီက တောက်ဟွမ်ကို အလစ်ဝင်တိုက် သွားတာ အသိသာကြီးပဲ။ ဒါပေမယ့် တောက်ဟွမ် လက်ထဲကနေ ဘယ်လိုများ လွတ်သွားတာလဲ။
သူတို့ မယုံနိုင်တဲ့ ကိစ္စက ဖြစ်ခဲ့တဲ့ အကြောင်း တောက်ဟွမ် စကားတွေက သူတို့ကို သက်သေ ပြနေခဲ့တယ်။
တပည့်သားတွေ ချက်ခြင်း ပြန်ဖြေကြတယ်။ “နားလည်ပါပြီ။” သူတို့တွေ နေရာတိုင်းကို ရှာကြတော့တယ်။ ယင်ယန် ခန်းမ တစ်ခုလုံးမှာ မီးရောင် တထိန်ထိန်နဲ့ နေ့အချိန်လို တောက်ပ နေခဲ့တယ်။
ဒါပေမယ့် လူတိုင်းအံ့သြနေတာ တစ်ခုရှိတယ်။ “ဖန်ကျန်းရှီ ဘယ်ကို ရောက်သွားတာလဲ။”
ဘယ်သူမှ မသိကြဘူး။ တောက်ဟွမ်ကလည်း တစ်ခွန်းမှ မပြောဘူး။
…
မီးတောက်တွေရဲ့ အလင်းရောင်က ကောင်းကင်ကြီးကို နီရဲ နေစေခဲ့တယ်။ အနီရောင်တွေထဲမှာ ခရမ်းရောင် အလင်းတန်းလေး တစ်ခု တောက်ပလာတယ်။ ဒါပေမယ့် အလင်းတန်းက မှိန်ဖျော့လွန်းလို့ ဘယ်သူမှ သတိ မထားမိဘူး။
ဒါပေမယ့် ခရမ်းရောင် အလင်းတန်းလေး ပေါ်လာတဲ့ အချိန် တောက်ဟွမ်ရဲ့ မျက်ဝန်းတွေ တောက်ပလာတယ်။ အဲ့ဒီ့နောက် ဆေးပင် ထောင်ချီ ခန်းမထဲကို ပြန်ဝင်တယ်။ ဒီခန်းမကြီး တစ်ခုလုံးကို ကျောက်တုံးကြီး တစ်ခုတည်းနဲ့ ဆောက်ထားတာ။
ဒီကျောက်တုံးကြီးရဲ့ မူလ ဇစ်မြစ်ကို ဘယ်သူမှ မသိဘူး။ ဒါပေမယ့် ယင်ယန် ခန်းမ တည်ထောင်တဲ့ နေ့က စပြီးတော့၊ ဒီနေရာကို ခန်းမ ခေါင်းဆောင်တွေပဲ ၀င်ခွင့်ရှိတယ်။ တောက်ဟွမ်က လျှောက်လမ်းကို ဖြတ်လာပြီးတော့ ကျောက်တုံး အခန်းကို မကြာခင် ရောက်လာတယ်။
ဒီနေရာမှာ အရမ်း အသက်ဝင်တဲ့ တိရစ္ဆာန် ရုပ်တု နှစ်ခု ရှိတယ်။ တံခါးဘေး တစ်ဖက် တစ်ချက်မှာ ရှိနေတဲ့ ဒီရုပ်တု နှစ်ခုက စက်တွေပဲ။ နောက်ပြီးတော့ အမြဲတမ်း ပြောင်းလဲ နေတယ်။ ယင်ယန် ခန်းမမှာ ဒီအပြောင်းအလဲတွေကို သိတဲ့သူက သုံးယောက်ထက် ပိုမရှိဘူး။ ဒီအခန်းက တောက်ဟွမ်ရဲ့ ဆေးဖော်ခန်းပဲ။ ညာဘက် ရုပ်တုရဲ့ ဘယ်ဘက် မျက်လုံးကို သူဖိလိုက်တယ်။
“ဂျိန်း။” ခပ်တိုးတိုး အသံနဲ့ အတူ ကျောက်တုံး တံခါးကြီး ပွင့်သွားတယ်။ တောက်ဟွမ် ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် ကျောက်တုံး အခန်းထဲကို ၀င်လာတယ်။ ပုံမှန် အတိုင်းဆိုရင် ဆေးဖော်ခန်းတွေက အရမ်း မပူဘူး။ ဒါပေမယ့် တောက်ဟွမ်ရဲ့ ဆေးဖော်ခန်းကတော့ ကွာခြားတယ်။
အရမ်းမပူသလို အေးလည်း မအေးဘူး။ နွေရာသီ အတိုင်းပဲ။ ဒါပေမယ့် လေလည်း မတိုက်ခတ်ဘူး။ ခရမ်းရွှေရောင် ဒယ်အိုးကြီး တစ်လုံး ခန်းမ အလယ်မှာ ရှိနေတယ်။ ဒီဒယ်အိုးကြီးရဲ့ ပတ်လည်မှာ တိရစ္ဆာန် ခေါင်းရှစ်ခေါင်း ရှိနေတယ်။
ထိပ်အဖုံးကတော့ ထူးထူးဆန်းဆန်း ဖန်ကျန်းရှီ ဖြုတ်ခဲ့တဲ့ ကျောက်မျက်ရတနာတွေရဲ့ ပုံစံပဲ တစ်ခုရှိတာ ဒီမှာက အမည်းရောင် ကျောက်မျက်နဲ့ အဖြူရောင် ကျောက်မျက် နှစ်ခုကို မြုပ်ထားတယ်။ တောက်ဟွမ် အခန်းထဲကို ၀င်တာနဲ့ ကျောက်တုံး တံခါးလည်း တစ်ခါတည်း ပိတ်သွားခဲ့တယ်။
ကျောက်တုံး တံခါးကပိတ်တာနဲ့ အခန်းထဲမှာ အလင်းတန်းတွေ တောက်ပလာတယ်။ ပတ်ပတ်လည် နံရံတွေထဲ မြုပ်ထားတဲ့ ပုတီးစေ့ တွေကနေ အရောင်ထွက်နေတာပဲ။ တောက်ဟွမ်ကတော့ အိုးနားမှာ မတ်တပ်ရရင်း တစ်ခုခုကို စောင့်ဆိုင်းနေခဲ့တယ်။
“တာအို။ မိုးမြေ အရာအားလုံးရဲ့ အရင်းအမြစ်၊ အရာ အားလုံးရဲ့ ပြောင်းလဲမှု အကြောင်းအရင်း။ စိတ်ဝိဥာဉ်ရဲ့ လျှို့ဝှက်ချက်။ သက်ရှိတွေကို ထိန်းကွပ်ပေးတဲ့ အရာ။ ထာဝရ အသက်အတွက် သော့ချက်။” သူခေါင်းမော့လိုက်တဲ့ အချိန်မှာ သူ့ရဲ့ အဖြူအမည်း မျက်နှာဖုံးက စတင် တောက်ပ လာတော့တယ်။
“ငြိမ်းသတ်” သူပြောလိုက်တဲ့ အချိန်မှာ ဒယ်အိုးကြီးကို တောက်လောင်နေတဲ့ မီးတွေ ပျောက်ကွယ် သွားတော့တယ်။ တောက်ဟွမ် ဒယ်အိုးနားကို လျှောက်လာပြီးတော့ တိရစ္ဆာန်ခေါင်း တစ်ခေါင်းကို လက်တင်ပြီးတော့ ဖြည်းဖြည်းချင်း မလိုက်တယ်။
ဆေးအိုး အဖုံးကို မလိုက်တဲ့ အချိန်၊ တိရစ္ဆာန် ခေါင်းရှစ်လုံးကို ကျောက်တုံး အခန်းရဲ့ ထိပ်ကနေ သံကြိုးကြီး တစ်ခုက မတင်သွားတယ်။ တစ်ချိန်တည်းမှာပဲ ဆေးနံ့ ပြင်းပြင်းနဲ့ အတူ ကျောက်စိမ်းရောင် ဆေးငါးလုံး ထွက်ပေါ်လာတယ်။
တောက်ဟွမ် ဆေးလုံးတွေကို ကြည့်နေတယ်။ ဆေးတွေကို ဖယ်လိုက်ပြီးတော့ ကျောက်စိမ်းဗူးထဲ ပြောင်းထည့်တယ်။ သူ့လက်ထဲမှာ မပြည့်စုံသေးတဲ့ ဆေး၇လုံး ပေါ်လာတယ်။ နှင်းလို ဖြူဖွေး နေပြီးတော့ ဆေးအနံ့ မရှိဘူး။