ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 398 မြေအောက်တိုက်ပွဲစင်မြင့်
နူးညံလှသည့် နှင်းများ ကျဆင်းလာပြီးသည့်နောက် အခြားသူအားလုံးက တောင်ပြာစားသောက်ဆိုင်တွင် အချိန်အချို့ကြာစောင့်ဆိုင်းနေလိုက်ကြသည်။ ထိုအချိန်တွင်ပင် သူတို့၏ ရှေ့သို့ အစိမ်းရောင် ဝတ်ထားသည့် ကောင်မလေးတစ်ယောက်က ရောက်လာသည်။ သူမ၏ ဆံပင်များက နှစ်ဖက်ခွဲခပ်မြှောက်မြှောက်စည်းထားပြီး မြင့်မြတ်သည့်အရှိန်အဝါများကို ထုတ်ဖော်ထားသည်။
ရှီဖုန်းက ထိုမိန်းမပျို၏ အနားတွင် လျှောက်လာလေသည်။ သူက အခြားလူများကို ကြည့်ကာ ပြောလိုက်သည်။
“ငါမင်းကို မိတ်ဆက်ပေးရဦးမယ်။ ဒါက ခရမ်းတိမ်လေ။ သူက ဇီးရိုး၀င်းအဖွဲ့ရဲ့ ဘာသာရေး ခေါင်းဆောင်ပေါ့”
ခရမ်းတိမ်က ဂျမ်းတဲလ်စနိုးနှင့်အခြားသူတွေအားလုံးကို စိုက်ကြည့်လိုက်သည်။ သူမကခေါင်းကို ငုံလိုက်ရင်း ခပ်တွေးတွေးလိုက်သည်။
” ဟယ်လို ..။ ”
ဂျမ်းတဲလ်စနိုးတို့ တဖွဲ့လုံး မှင်သက်သွားတော့သည်။ သူတို့ရဲ့ တကယ့်ကျွမ်းကျင်ပညာရှင်ကြီး ရွှီဖုန်းက ကောင်မလေးတစ်ယောက် အကြောင်းကို ပထမဦးစွာ မိတ်ဆက်ပေးလိုက်သည်။ ထို့အပြင် သူမက ခရမ်းတိမ် ဖြစ်နေသည်။ အဆင့်နှစ်ဆယ့်နှစ်သာရောက်နေသေးသည့် ရွှီဖုန်းနှင့်အဆင့်တူနေသည်။ ခရမ်းတိမ်၏အဆင့်ကလည်း နိမ့်ကျသည်ဟု ဆိုနိုင်သည့်တိုင်အောင် ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်နေပေသည်။ မည်သို့ပင်ဆိုစေ သူတို့အားလုံးက အဆင့်နှစ်ဆယ့်လေးတွင် ရှိနေကြသည်။
ကြားတွင်အဆင့်နှစ်ဆင့် ကွာခြားချက်က ကြီးမားသည်ဟု မဆိုနိင်သော်လည်း ကျွမ်းကျင်ပညာရှင်များ တိုက်ခိုက်သည့် အချိန်တွင် အဆင့်တစ်ဆင့်ကပင် အရှုံးဘက်သို့ ဉီးတည်သွားနိုင်သည်။ ဒီလို ဖြစ်ရပ်မျိုးက နတ်ဘုရားနယ်မြေအတွင်းတွင်မူ ပုံမှန်သာလျှင်ဖြစ်လေသည်။
ထို့အပြင် ပုံမှန်အတွေ့အကြုံအရဆိုရမည်ဆိုရင် ခရမ်းတိမ်က တိကျသေချာသည့် တိုက်ပွဲဝင်စွမ်းအားကို ပိုင်ဆိုင်ထားမှာဖြစ်ပြီး အမျိုးအစားများနှင့်ပင် ယှဉ်နိုင်လောက်သည်။ ခရမ်းတိမ်က တိုက်ပွဲဝင်အမျိုးအစား ထုတ်သုံးသည့် နေရာတွင် ကျွမ်းကျင်ပုံရသော်လည်း သာမာန်ကစားသမားများနှင့်သာ ကစားဖူး၏။ သူမက သန့်စင်သောတိုက်ပွဲဝင် အမျိုးအစားကို ယူထားသည့် စွမ်းရည်မြှင့် ကျွမ်းကျင်ပညာရှင်အဆင့် တစ်ယောက်နှင့်တိုက်ခိုက်မည်ဆိုလျှင် ခရမ်းတိမ်အတွက် အနိုင်ရရန် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပေ။
ကျောက်ယွီရှု့က ရှီဖုန်းကို မုန်းတီးစွာနဲ့ အကြည့်တချက် ပစ်လွှတ်လိုက်သည်။ မူလက သူမ တွေးထားသည်မှာ ရှီဖုန်း၏ အပြုအမူများ ပြောင်းလဲသွားသည်မှာ ကောင်းသည့်ဘက်သို့ ဦးတည်နေသည်ဟု တွေးမိခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ယခုအခါမှသာ သူအမှားကြီးလုပ်လိုက်တော့၏။ ရှီဖုန်းက အောက်ခြေလိုင်းကို ကန့်သတ်ထားပုံ မရပေ။
ဒီလိုအရေးကြီးဆုံး အချိန်မှာတောင်မှ သူတို့ကို အရူးလုပ်ရန် ကြိုးစားခဲ့သေး၏။
သူတို့ဟာ ငတုံးငအအသစ်ကလေးတွေနဲ့ သွားကစားရမယ်လို့များ ထင်နေတာလား။
သို့ရာတွင် ကျောက်ယွဲ့ရှု့က ရှီဖုန်းကို သူမရဲ့အတွေးများ ပြောပြရန်ကြံလိုက်သည့်အချိန်တွင်မူ ဂျမ်းတဲလ်စနိုးက တားလိုက်သည်။
” အားလုံးရောက်နေပြီဆိုမှတော့ ငါ ဦးဆောင်သွားမယ် … ”
ဂျမ်းတဲလ်စနိုးက ပြောသည်။ ထို့နောက် လမ်းဘက်သို့ထွက်လိုက်ပြီး ရထားလုံးကိုခေါ်လိုက်သည်။ အမှန်စင်စစ် ဂျမ်းတဲလ်စနိုးက ခရမ်းတိမ်နေရာတွင် အစားထိုးဖို့ ဆုံးဖြတ်ပြီးသားဖြစ်သည်။ သို့သော် ရွှီဖုန်းက ရလာဒ်ကို အာမခံသည့်အတွက်ပင် သူမကိုယ်တိုင်ကလည်း ရောက်လာပြီးသည့် ခရမ်းတိမ်ကို ငြင်းဆန်လိုက်ရမည်ကား ရွှီဖုန်းကို မလေးစားရာကျသည်။
မည်သို့ပင်ဆိုစေ ခရမ်းတိမ်နေရာကို အခြားတွေ့ရာ ကစားသမားတစ်ယောက် ထည့်လိုက်ရင် ရလာဒ်က အတူတူပင် ဖြစ်သည်။ ခရမ်းတိမ်၏ နေရာတစ်ခုအစားထိုးသွားရုံနှင့် အခြေနေက မပြောင်းလဲသွားချေ။ မည်သို့ပင်ဆိုစေ ရွှီဖုန်းကိုလည်း အနည်းငယ် မျက်နှာသာတော့ ပေးသင့်ပေသည်။
ခေါင်းခါလိုက်ပြီးနောက် ရွှီဖုန်းက ကူကယ်ရာမဲ့စွာ အော်ရယ်လိုက်တော့သည်။ အကြောင်းမူကား ဂျမ်းတဲလ်စနိုးက ရထားလုံးပေါ် တက်ရန်ပြင်နေပေပြီ။ သူက ပြောလိုက်သည်။
“ခရမ်းတိမ် ..။ ဒီနေ့မင်းရဲ့ ဖျော်ဖြေမှုကို ငါကြည့်နေမယ်နော် ..။ ”
“ဟုတ်ကဲ့ ဆရာ.. ကျွန်မဆရာ့ကို စိတ်ပျက်အောင်မလုပ်ပါဘူး ..။ ”
ခရမ်းတိမ်က ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ခေါင်းညိမ့်ပြလိုက်၏။
ထို့နောက် သူတို့နှစ်ယောက်လုံး ရထားလုံးပေါ်သို့ တက်လိုက်ကြ၏။
ရွှီဖုန်းသည် ခရမ်းတိမ်၏ စကေးအသုံးပြုပုံနှင့် ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်ပေသည်။ သူမသည် ဇီးရိုး၀င်းမှာဆိုလျှင် ပထမအမျိုးအစားထဲမှ တစ်ယောက်ဖြစ်ပေသည်။ သူမ၏ လက်ရှိ အမျိုးအစားအရ သူမတွင် အကန့်အသတ်ရှိနေသည့်အတွက် စွမ်းအားကို ထုတ်မပြနိုင်ခြင်း ဖြစ်၏။ လက်ရှိအချိန်တွင် သူမကကုသသူတစ်ယောက် ဖြစ်လာသည့်အတွက် အခြေနေတွေက ပြောင်းလဲသွားချေပြီ။
ထို့အပြင် ယခုအချိန်အထိ ဂျမ်းတဲလ်စနိုးနဲ့ တချို့လူများက ကိစ္စတခုကို သတိမပြုခဲ့သေးချေ။ သူနှင့် ခရမ်းတိမ်တို့က စကေးမရှိသည့် သုညအဆင့်ကစားသမားများ မဟုတ်ကြတော့ပေ။ သူတို့သည် အလွှာတစ် ကစားသမားများ ဖြစ်နေကြချေပြီ။
ထို့ကြောင့် စကေးပိုင်နိုင်သည့် ကစားသမားများအနေဖြင့် အခြေခံသတ်မှတ်ပေးသည့် စကေးများကို ထုတ်ပြထားတော့မည် မဟုတ်ချေ။ တစ်စုံတစ်ယောက်က အဆင့်မြင့် စကေးတခုကို ပိုင်ဆိုင်ထားရင်တောင်မှ အခြားသူများက ဒါကို သတိပြုမိတော့မည် မဟုတ်ပေ။ ၄င်းစကေးများအားလုံးကို တကယ့် တိုက်ခိုက်သည့် အချိန်မှသာ ထုတ်ပြနိုင်မည် ဖြစ်၏။
၄င်းစကေးများအားလုံးကို ပိုင်ဆိုင်ထားသည့် ကစားသမားတစ်ယောက်ကို ရန်စမိပြီဆိုလျှင် နောင်တရရန်ပင် နောက်ကျသွားလေပြီ။ မည်သို့ပင်ဆိုစေ ၄င်းစကေးများကြားက ကွာခြားချက်နှင့်ပင် အဆင့်များထက် ကွာခြားမှုပြင်းထန်သောကြောင့်ဖြစ်သည်။
အဆိုပါအဆင့်မြင့် ကစားသမားများအားလုံးက အဆင့်တက်ရန်အတွက် မြေအောက်ခန်းများကို ရှင်းရသည်။ ထို့ကြောင့် အမျိူးမျိုးသော အဖွဲ့များမှ ကစားသမားအများအပြား အတူတကွ ဝင်ရောက်ခဲ့ခြင်းပင် ရှိနေသည်။ မည်သို့ပင်ဆိုစေ ဒီလိုသူတို့၏ အမျိုးအစားပြောင်းလဲသည့် တာဝန်များအရ အချိန်အကန့်အသတ်က ရှိနေသောကြောင့် ဖြစ်ပေသည်။ ဆိုရလျင် အခြေခံအဆင့် ပြောင်းလဲခြင်း တာဝန်များအတွက် ကစားသမားများက နှစ်ရက်မှ သုံးရက်အထိ အချိန်ပေးရန် လိုအပ်ပေသည်။ ထို့အပြင် ၄င်းအမျိုးအစားပြောင်းလဲခြင်းတာဝန်များကို ပြီးဆုံးအောင် လုပ်ဆောင်ရန်လည်း မလွယ်ကူသေးပေ။ သူတို့သာ အခွင့်ရေးတခုကို ကျဆုံးသွားမည်ဆိုလျှင် သူတို့အနေဖြင့် အချိန်အများကြီး ဖြုန်းတီးပြီးသား ဖြစ်သွားလိမ့်မည်။
ထို့ကြောင့် လူတိုင်းက ဦးစွာအဆင့်တက်ရန် ရွေးချယ်ကြပြီး သူတို့၏လက်နက်များကို အဆင့်မြှင့်တင်ရန် ကြိုးစားကြသည်။ ထိုမှသာလျှင် သူတို့ အမျိုးအစားပြောင်းလဲသည့် တာဝန်များကို အနာဂါတ်တွင် လုပ်ဆောင်သည့်အခါ ပို၍လွယ်ကူသွားပေမည်။
ဂျမ်းတဲလ်စနိုးကဲ့သို့ ကျွမ်းကျင်ပညာရှင်များကလည်း ဒီလိုပြုမူကြသည်။ ထို့အပြင် မည်သူကမှ ဒီလိုတာဝန်များကို အလွယ်တကူ စိန်မခေါ်ခြင်း အကြောင်းပြချက်တစ်ခုပင် ရှိနေသေးသည်။
လူတိုင်းက အလွှာတစ် အမျိုးအစားစကေးကို လိုအပ်သည့်အကြောင်းအရာကို ရှင်းလင်းစွာနားလည်ထားကြသည်။ သူတို့တွင် အလွှာတစ် စကေးအမျိုးစားတခုရမည်ဆိုရင် မည်မျှတိုးတက်သွားမည်ဖြစ်ကြောင်း မည်သူကမှ သေချာမသိကြပေ။ ထို့အပြင် ဒီနတ်ဘုရားနယ်မြေအတွင်းတွင်ရှိသည့် မည်သည့် အစည်းအရုံးကမှ သူတို့၏ အဖွဲသားများကို အလောတကြီးနိုးဆော်ပြီး အမျိုးအစားပြောင်းလဲသည့် တာဝန်များကို မလုပ်ဆောင်ခိုင်းကြပေ။ သူတို့အားလုံးက ပထမအဆင့်အားဖြင့် မြေအောက်အကျဉ်းခန်းများကို ရှင်းနေခြင်းဖြင့်သာ တာဝန်များကို အာရုံစိုက်ထားပြီးသား ဖြစ်ပေသည်။
နှစ်နာရီကြာသွားပြီးနောက် ဂျမ်းတဲလ်စနိုးက လူတိုင်းကို ဦးဆောင်ခေါ်ကာ ကြယ်လမြို့တော်၏ မြေအောက်တိုက်ပွဲစင်မြင့်သို့ ရောက်သွားသည်။ မြေအောက်တိုက်ပွဲစင်ဆိုသည်မှာ တစ်ယောက်ခြင်းကစားရန် နှစ်သက်သည့် ကစားသမားများ၏ တော်ဝင်မြင့်မြတ်မှုအဆင့်သာဖြစ်ပေသည်။ ၄င်းဂိမ်း၏ နောက်ဆုံးအဆင့်အတွင်း ပိုက်ဆံရှာရန်အတွက် ဒီနေရာက နေရာကောင်းလည်းဖြစ်ပေသည်။
မြောက်မြားလှသော ကစားသမားအားလုံးက ဒီနေရာတွင် တိုက်ပွဲကို စောင့်ကြည့်ရသည်ကို နှစ်သက်ကြလေ့ရှိ၏။ ကြည့်ရှု့သူအများစုကလည်း ကိုယ်နှစ်သက်သည့် ကစားသမားများအပေါ်တွင် လောင်းကြေးထပ်နိုင်သည်။ ထို့အပြင် အနိုင်ရသူများက ထိုလောင်းကြေးဆီမှာ ကော်မရှင်ခ ပေးရမည် ဖြစ်ပေသည်။
ဤမြေအောက်တိုက်ပွဲစင်မြင့်ကို အဆင့်မျိုးမျိုးခွဲခြားနိုင်ပေသည်။ အခြေခံတိုက်ပွဲစင်မြင့်၊ အဆင့်မြင့်တိုက်ပွဲစင်မြင့်နှင့် အထူးသီးသန့်တိုက်ပွဲစင်မြင့်ဟူ၍ ရှိသည်။ ကစားသမားများရသည့် ကော်မရှင်ခကိုလည်း ဒီလိုအဆင့်ကွာခြားချက်အရ သုညတစ်လုံးစီ ကွာခြားသွားမည်ဖြစ်သည်။
အခြေခံတိုက်ပွဲစင်မြင့်တွင်ဆိုလျှင် မည်သည့်ကစားသမားမဆို တိုက်ပွဲကို ကြည့်ရှု့နိုင်သည့်အပြင် ပါဝင်ကစားနိုင်စွမ်းလည်း ရှိသည်။
အဆင့်မြင့်တိုက်ပွဲစင်မြင့်တွင်ဆိုလျှင် အနည်းငယ် ကွာခြားသွားပေသည်။ ကစားသမားတစ်ယောက်က ဒီနေရာတွင် တိုက်ပွဲကိုကြည့်ရှုခြင်းနှင့် သူတို့၏အနေဖြင့် သေးငယ်သည့် ပမာဏပေးအပ်ရန် လိုအပ်သည်။
ထိုအချိန်တွင် တစုံတယောက်ကသာ အဆင့်မြင့်တိုက်ပွဲစင်မြင့်တွင် ဝင်ရောက်ကာ တိုက်ခိုက်လိုပါလျှင် သူတို့က အခြေခံကစားသမား၏ ပြိုင်ဘက်အယောက်နှစ်ဆယ်နှင့် အနည်းဆုံး ရင်ဆိုင်ရမည်ဖြစ်သည်။ သူတို့၏ ပြိုင်ပွဲ ရှစ်ဆယ်ရာခိုင်နှုန်းလောက်က အနိုင်ရနေမည် ဖြစ်သည်။ အဆင့်မြင့်တိုက်ပွဲနယ်မြေထဲတွင် ကော်မရှင်ခ တစ်ရာရာခိုင်နှုန်းသာ ရရှိခြင်းဖြစ်၏။ အခြားနည်းဖြင့်ဆိုရသော် သူတို့၏ ပြိုင်ပွဲကိုလောင်းသည့် လောင်းကြေးပေါ်မူတည်ပြီး တစ်ရာရာခိုင်နှုန်းသာလျှင် ရရှိမည်ဖြစ်သည်။ ဒီတိုက်ပွဲအပေါ် လောင်းကြေးထပ်သူများမည်ဆိုလျှင် ထိုသူ ရယူနိုင်မှုက များသွားပေမည်။ ထို့အပြင် အနိုင်ရသွားသူက ဝင်ကြေး၏ တစ်ဆယ်ရာခိုင်နှုန်းသာလျှင် ပြန်ရမည်ဖြစ်သည်။
အထူးသီးသန့်တိုက်ပွဲစင်မြှင့်တွင်မူ ဝင်ခွင့်လိုအပ်ချက်ရှိသည်။ ပထမဦးစွာ ဝင်ကြေးက အထူးသီးသန့်နယ်မြေဖြစ်သည့်အတွက် ပိုမြင့်ပေသည်။ တိုက်ပွဲကို ယှဉ်ပြိုင်လိုသည့် ကစားသမားများအနေဖြင့် သူတို့၏ ရထားသည့် ခါးပတ်အပေါ်ကို မူတည်ပြီး အခြေခံတိုက်ပွဲစင်မြင့်တွင် အနည်းဆုံး ပွဲနှစ်ဆယ်ခန့် အောင်နိုင်ထားဖို့ လိုအပ်သည်။ သူတို့၏တိုက်ပွဲတွင် အနည်းဆုံး ကိုးဆယ်ရာခိုင်နှုန်းခန့် အနိုင်ရရမည်။
သို့ရာတွင် ကစားသမားများ အထူးသီးသန့်တိုက်ပွဲစင်မြင့်တွင် ပါဝင်ယှဉ်ပြိုင်လိုသည့် အခြားသော လိုအပ်ချက်များလည်း ရှိနေသေးသည်။ ထိုအရာက စနစ်၏ စမ်းသပ်ခွင့် ဖြစ်ပေသည်။ စနစ်တွင် ထိုကစားသမားက နယ်မြေရှိ တိုက်ပွဲစင်မြင့်တွင် မတိုက်ခိုက်ခင်မှာပင် ကျွမ်းကျင်ပညာရှင် ဟုတ်မဟုတ် စမ်းသပ်လေ့ရှိသည်။ ထိုအချိန်တွင် အနိုင်ရသူများက ဝင်ကြေး၏ သုံးဆယ်ရာခိုင်နှုန်းရမည့်အပြင် ကော်မရှင်ခ သုံးရာခိုင်နှုန်း ပိုရဦးမည် ဖြစ်သည်။
အခြေခံတိုက်ပွဲစင်မြင့်၊ အဆင့်မြင့်တိုက်ပွဲစင်မြင့်၊ အထူးသီးသန့်တိုက်ပွဲစင်မြင့်များ အားလုံးက အချင်းချင်း ကွာခြားချက် ကြီးမားသည်။ ၄င်းက တိုက်ပွဲစင်မြင့်များကြားထဲက ကွာခြားချက်ဖြစ်၏။ အခြေခံတိုက်ပွဲစင်မြင့်၏ တိုက်ပွဲတခုချင်းစီတိုင်းက လူသုံးရာလောက်သာ ဆံ့ကြသည်။ အဆင့်မြင့်တိုက်ပွဲစင်မြင့်ကမူ လူတစ်ထောင့်ငါးရာဆံ့ပြီး အထူးသီးသန့်တိုက်ပွဲစင်မြင့်က လူတစ်သောင်းအတိ ဆံ့ပေ၏။
ကစားသမားတစ်ယောက်ကသာ စွမ်းအားလုံလောက်မည်ဆိုလျှင် မြေအောက်တိုက်ပွဲစင်မြင့်သို့ လာရောက်ကာ ပိုက်ဆံရှာနိုင်သည်။ အတိတ်တွင်ဆိုလျှင် ရှီဖုန်းကလည်း အများအပြား အနိုင်ရခဲ့ဖူးသည်။
ဒီဂိမ်းအဆင့်တွင် မြေအောက်တိုက်ပွဲစင်မြင့်က အလွန်ကျော်ကြား လူကြိုက်များခြင်းတော့ မရှိပေ။ အခန်းအများစုက ပျက်စီးနေတတ်ပေသည်။ တစ်ယောက်တလေမျှသာလျှင် ဒီနေရာသို့ လာကြည့်တတ်၏။ လအနည်းငယ်လောက်တောင်မှ ဒီနေရာက တိတ်ဆိတ်နေတတ်သည်။ သို့သော် အချို့သောအခြေနေမျိုးတွင် အလွန်တက်ကြွနေ၏။
” အခန်းနံပါတ် နှစ်ဆယ့်ကိုး … ဒါ ဖြစ်မယ် ..။ ”
ဂျမ်းတဲလ်စနိုးက တံခါးပေါ်ရှိ နံပါတ်များကို ကြည့်ကာ ၀င်လိုက်သည်။ အခန်းအတွင်းတွင် ကစားသမား အယောက်သုံးဆယ်ကျော် ရှိနေသည်။ ကစားသမားအားလုံးက အဆင့်မြင့်အဆင့်များ ဖြစ်ကြ၏။ အငယ်ဆုံးအဆင့်တောင်မှ နှစ်ဆယ့်သုံးဖြစ်သည်။ အမြင့်ဆုံးအဆင့်က နှစ်ဆယ့်ငါးဖြစ်၏။ မည်သူကမှ သာမာန် မဟုတ်ကြပေ။
” လျပ်တပြက် မြွေ .. နင်သစ္စာဖောက် …။ နင် ဘယ်လိုတောင် မျက်နှာလာပြရဲတာလဲ ..။ ”
“နင့်ကိုချမ်းသာပြီး ဒီနေ့လို အဆင့်အတန်းပိုင်ဆိုင်အောင် ဘယ်သူလုပ်ပေးခဲ့လဲဆိုတာကို မေ့သွားပြီလား …။ ”
ကျောက်ယွဲ့ရှု့၏စိတ်က တဖက်တွင်ရှိသည့် ရိုးရှင်းစွာမတ်တပ်ရပ်နေသည့် လူအုပ်ထဲရှိ လူငယ်တစ်ယောက်ကို မြင်သည်နှင့် ပေါက်ကွဲတော့၏။
ထိုရိုးရှင်းလှသည့် လူငယ်က ကျင့်ကြံခြင်းတွင် မည်သည့်အားအင်မှ မစိုက်ထုတ်လိုက်ရပဲ ဂျမ်းတဲလ်စနိုးနဲ့ ယှဉ်ပြိုင်ခဲ့သည့်သူ ဖြစ်သည်။ ထိုသူက လျပ်တပြက် မြွေဖြစ်ပြီး အဆင့်နှစ်ဆယ့်လေး လုပ်ကြံသတ်ဖြတ်သူဖြစ်သည်။ လက်ရှိအချိန်တွင် သူက အဆင့်နှစ်ဆယ်နီလာရောင်သွေး လက်နက်တစုံကို သယ်ထားသည်။ ထို့အပြင် လုပ်ကြံသတ်ဖြတ်သူများအတွက် သီးသန့်ထုတ်ထားသည့် လျှို့ဝှက်ငွေရောင်လက်နက် တစုံလုံးကိုပင် ပိုင်ဆိုင်ထားပေသည်။
ကျောက်ယွဲ့ရှု၏ ကျိန်ဆဲမှုကြောင့် လျပ်တပြက်မြွေက တည်ငြိမ်စွာ ရှီဖုန်းနှင့် ခရမ်းတိမ်ကို တချက်ကြည့်လိုက်သည်။ ထို့နောက် အေးစက်စွာ ရယ်ပြန်၏။
” ကျောက်ယွဲ့ရှု ..။ ဂျမ်းတဲလ်စနိုးနှင့် မင်းက လွန်ခဲ့တဲ့နှစ်တွေက ငါ့ကို ကောင်းကောင်းဆက်ဆံခဲ့တယ်ဆိုတာကို ငါ ဝန်ခံပါတယ်။ ဒါပေမဲ့ ဆိုရိုးစကားတောင် ရှိနေသေးတာပဲ .. ။ ယောက်ျားတွေက အမြင့်ကိုတက်သွားတဲ့အချိန်မှာ ရေတွေကအောက်ကို စီးဆင်းသွားတယ်ဆိုတာလေ .. ။ အစ်ကိုချောင်ရဲ့အဖွဲက ပိုပြီးစွမ်းအားရှိနေမှတော့ ငါက ဘာလို့ ဒီအထဲကို မဝင်ရမှာလဲ။ မင်းရဲ့ စွမ်းအားနဲ့ဆိုရင် အစည်းအရုံးအဖွဲ့ခေါင်းဆောင်ဖြစ်ဖို့ စမ်းသပ်စစ်ဆေးခံရဖို့ မျှော်လင့်နေတာ မဟုတ်လား။ ငါ့ကို ရယ်ချင်အောင် လာမလုပ်နဲ့ ..။ ”
“ကျောက်ယွဲ့ရှု ..။ နင် အခြားတဖက်မှာ နင်က အကိုချောင်ကို သဘောကျနေတာမဟုတ်လား။ လာစမ်းပါ..ငါတို့အဖွဲ့ထဲဝင်လိုက်..။ ဒီမှာရှိတဲ့လူတွေ အားလုံးက အနာဂါတ်ကျရင် တဖက်ထဲဖြစ်မှာပဲ”
“ဒါပေါ့ ..။ မင်း ငြင်းလို့ရပါတယ်။ မင်းတို့ ရှုံးသွားမယ်ဆိုရင် အစ်ကိုချောင်က စည်းမျဉ်းတွေအတိုင်း လိုက်နာပြီး ဂျမ်းတဲလ်စနိုးကို အနာဂါတ်မှာ ဒီပုံရိပ်ယောင်ဂိမ်းလောကအကြောင်း တသက်လုံးမေ့သွားအောင် လုပ်ဆောင်ပေးရမှာပေါ့ ..။ ”
အပိုင်း ( ၃၉၈ ) ပြီး၏။