ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 404 အပြင်လူတွေကြားရှိ ကွာခြားချက်
“ဂျမ်းတဲလ်စနိုး .. မင်း အခု ငါတို့ ကြားက ကွာခြားမှုကို သိပြီမဟုလား …” ချောင်ချန်းဟွာကပြောသည်။သူ ဂျမ်းတဲလ်စနိုးကို ကြည့်ကာ ရယ်နေသည်။
” အစကတည်းက မင်း ဒီပွဲမှာ ဘယ်တုန်းကမှ နိုင်ဖို့ အခွင့်အရေး မရှိခဲ့ဘူး …”
” မင်းတို့တွေ ရှုံးတာကို ဝန်ခံဖို့အတွက် နောက်ဆုံးတစ်ပွဲပဲ လိုတော့တယ် …”
ဂျမ်းတဲလ်စနိုးက အလွန်အမင်းလှပကာ တည်ငြိမ်နေသည်။ ချောင်ချန်းဟွာ၏ ရန်စနေမှုကို မသိကျွမ်းကျွန်ပြုထားသည်။ ချောင်ချန်းဟွာက ဒီလိုကျွမ်းကျင်ပညာရှင်မျိုး ဖိတ်ကြားနိုင်ခဲ့သည်ကို သူမသည်လည်း အမှန် မထင်ထားခဲ့မိပေ။
ရုတ်တရက်ဆိုသလိုပင် ဒီပြိုင်ပွဲက သူမ၏ ထိန်းချူပ်မှုအောက်တွင် မရှိတော့ကြောင်း ခံစားလိုက်ရသည်။
မူလက ကြောက်မက်ဖွယ်မြွေ၏ အနိုင်ရမှုကို သူမ မျှော်လင့်ထားခဲ့သေးသည်။ ထို့နောက် ရှီဖုန်းက နောက်ထက်တစ်ခါနိုင်သွားမည်ဆိုလျှင် သူမ ဒီပွဲတွင် လွှမ်းမိုးနိုင်စွမ်း ပြည့်ဝကာ အနိုင်ရသွားပေလိမ့်မည်။
နောက်ထပ် ပြိုင်ပွဲနှစ်ပွဲ ကျန်နေသေးသည်။ ရှီဖုန်းက သူ၏ ပြ်ိုင်ပွဲကို နိုင်လျှင်တောင်မှ သူတို့လက်ရည်တူသွားပေလိမ့်မည်။ သို့ရာတွင် နောက်ဆုံး တစ်ပွဲတွင်မှု နောက်ထပ် မည်သည့်ကျွမ်းကျင် ပညာရှင်မှ ကျန်မနေခဲ့တော့ပေ။
” အစ်ကိုကြီးရှီဖုန်း ဘာတြွေဖစ်နေတာလဲ …”
ခရမ်းတိမ်က စစ်ဝံပုလွေ၏ မိစ္ဆာဆန်သည့် တိုက်ကွက်များကို မျက်မြင်တွေ့ကြုံလိုက်ရသည့်အတွက် မျက်လုံးပြူးနေသည်။
” သူက ဒါကို ဘာလို့ သိနေရတာလဲ …”
” စစ်ဝံပုလွေက ဒီလို စွမ်းအင်အများအပြား သုံးနိုင်နေမှတော့ ချောင်ချန်းဟွာက သူဆီကနေ သေချာပေါက် စကေးတွေကို ကောင်းကောင်းနားလည် တက်ကျွမ်းထားလိမ့်မယ် …”
ရှီဖုန်းက ရှင်းပြသည်။
ခရမ်းတိမ်လည်း အခုမှသာ နားလည်လာတော့သည်။ သို့ရာတွင် ရှီဖုန်းရဲ့စကားများက ဂျမ်းတဲလ်စနိုးနှင့် အခြားသူအားလုံးကို အံ့သြ သွားစေကာ သူတို့အားလုံး တိတ်ဆိတ်သွားခဲ့ကြသည်။
လျပ်တပြက်မြွေနှင့် ထိုးဖောက်ခြင်းမြွေတို့ကလည်း ဒီလို လျို့ဝှက်ဆန်းကြယ်သည့် စကေးများကို စစ်ဝံပုလွေထံမှာ သင်ယူထားအုံးမယ်ဆိုလျှင် …
” ဟား … ဟား …ဟား … မှန်တယ် …။ လျပ်ပြက်မြွေနဲ့ ထိုးဖောက်ခြင်းမြွေတို့က ဒီလို စကေးတွေကို တက်ကြတယ် …။ နောက်ပြီး သူတို့က ငါထက်တောင် ပိုကျွမ်းကျင်ကြသေးတယ် …”
ချောင်ချန်းဟွာက ဂျမ်းတဲလ်စနိုးနဲ့ အခြားသူများ၏ အမူအရာကို ကြည့်ပြီးတော့ မနေနိုင်ပဲ ရယ်လိုက်တော့သည်။
” ဂျမ်းတဲလ်စနိုး .. မင်းအခု နားလည်ပြီ မဟုလား …။ မင်းမှာ ဒီပြိုင်ပွဲကိုနိုင်ဖို့ အခွင့်အရေးကို မရှိတာ …။ ထိပ်ဆုံးအနေနဲ့ မင်းက အဆင့် ၂၂ ပဲရောက်နသေးတဲ့ အပြင်လူ နှစ်ယောက်ကိုတောင် ဆွဲခေါ်လာသေးတယ် …။ ဘယ်လိုဖြစ်ပြီး ဒီလိုလူ နှစ်ယောက်က လျပ်တပြက်မြွေနဲ့ ထိုးဖောက်ခြင်းမြွေတို့ကို ယှဉ်နိုင်မှာလဲ …။ ဂျမ်းတဲလ်စနိုး အခုဘဲ ရှုံးတာကို ဝင်ခံလိုက်ပါတော့ …။ မင်းသာ ဒီလိုလုပ်မယ်ဆိုရင် မင်း အရှက်မကွဲတော့ဘူးပေါ့…”
ထိုအချိန်တွင် လျပ်တပြက်မြွေနှင့် ထိုးဖောက်ခြင်းမြွေတို့ အားလုံး၏ အကြည့်များက ရှီဖုန်းနှင့် ခရမ်းတိမ်တို့ထံကို ရောက်လာသည်။ သူတို့၏ မျက်ဝန်းထဲ အထင်သေးမှုများ ပြည့်နှက်နေခဲ့၏။
” ပျင်းစရာကောင်းလိုက်တာ .. နောက်ဆုံးကျန်တဲ့ ပြိုင်ဖက်တွေလည်း ကြည့်ပါအုံး …။ ငါ့ရဲ့ စကေးအသစ်လေးကိုတောင် စမ်းသပ်ဖို့ အခွင့်အရေး ရှိနိုင်မယ် မထင်ဘူး …”
ထိုးဖောက်ခြင်းမြွေက စိတ်ပျက်စွာ သက်ပြင်းချသည်။
” ငါသာ ဂျမ်းတဲလ်စနိုးနဲ့ တိုက်ခိုက်ရမယ်ဆိုလျှင် သေချာပေါက် ငါ့ရဲ့ စွမ်းအားနည်းနည်းလောက်တော့ ထုတ်ပြခွင့်ရမှာ …”
” ငါ ကြားတာတော့ ရှီဖုန်းက တော်တော်လေး သန်မာတယ်ဆို …။ သူရဲ့ အရင်မြစ်ဖြူမြို့ ( အဖြူ ရောင် မြစ်မြို့ ) ကို ဝင်လာတဲ့ ပထမဆုံး ကစားသမားဖျော်ဖြေပွဲက မဆိုးရှာဖူးလို့ ကြားတယ် …။ သူက နတ်ဘုရားနယ်မြေရဲ့ အစောပိုင်း အဆင့်အခြေအနေတွေမှာတောင်မှ တစ်ယောက်ထဲအားနဲ့ ကစားသမား ရာကျော်ကို အနိုင်ပိုင်းသွားတာဆိုပဲ …။ ဒီတော့ သူ့မှာလည်း စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ခဲ့တဲ့ အတွေ့အကြုံ တော်တော်ရှိနေမှာပေါ့ …။ ဒီတော့ မင်းတို့ နှစ်ယောက်လုံးအတွက် ကောင်းကောင်း ဖျော်ဖြေနိုင်မှာပါ …”
ချောင်ဖန်းဟွာက ရှီဖုန်းကိုကြည့်ကာ ခပ်ညံ့ညံ့ပြုံးပြီး ရှင်းပြသည်။ ထိုအချိန်တွင် စစ်ဝံပုလွေက ပြောလာသည်။
” မှန်တယ် …။ မင်းတို့တွေ ရှီဖုန်းကို လျော့မတွက်ကြနဲ့ …။ ငါသူရဲ့ ပြိုင်ပွဲဝင် ဗွီဒီယိုတွေကို ကြည့်ဖူးတယ် …။ အဲဒီအချိန်က လူတိုင်းရဲ့အဆင့်က နိမ့်နေတယ် ဆိုပေမယ့် ရှီဖုန်း လှုပ်ရှားပြီး ပြသတဲ့ တိုက်ကွက်အတိုင်းဆိုလျှင် သူအနေနဲ့ သိုင်းပညာမှာ အခြေခံအရမ်းကောင်းတယ်ဆိုတာကို ငါအာမခံနိုင်တယ် …။ သူမှာ စွမ်းရည်အမျိုးမျိုးကို ဖမ်းဆုပ်ပြီး အခြေအနေအလိုက် အကွက်ချနိုင်စွမ်း ရှိနေနိုင်တယ်ဆိုတော့ မင်းတိ်ု့တွေ သူနဲ့ တိုက်ခိုက်တဲ့အခါ သေချာဂရုစိုက်ရမယ် …”
စစ်ဝံပုလွေက ချောင်ချန်းဟွာ စကားကို သဘောတူညီလိုက်သည့်အချိန်တွင် အားလုံးတိတ်ဆိတ်သွားတော့သည်။ တဖက်သူက သူတို့ကိုလေ့ကျင့်ပေးသည့် အချိန်တွင်တောင်မှ အမြဲလိုလို ခပ်ဆိပ်ဆိပ်သာနေတက်သူဖြစ်သည်။ သူတို့ကို ရုတ်တရက် ပြောလာခြင်းက လူတိုင်းရဲ့အာရုံကို ဖမ်းစားသွားတော့သည်။
” ဟင် …”
လျပ်တပြက်မြွေက ရှီဖုန်းကို ကြည့်သည်။ ရှီဖုန်းက မည်သို့ပင်ကြည့်ကြည့် သာမန်လူနဲ့သာ တူနေကာ မည်သည့်ဖိအားကိုမှ မထုတ်လွတ်ထားခဲ့ချေ။
သူ၏ နှုတ်ခမ်းကော့တက်သွားပြီး ရယ်ကာပြော၏။
” အစ်ကိုကြီး စစ်ဝံပလွေ .. အရမ်းမစိုးရိမ်ပါနဲ့ …။ အစ်ကိုကြီးက ကျွန်တော်တို့ကို သေချာအကုန်သင်ပေးခဲ့တာပဲလေ …။ ဒီလို လူတစ်ယောက်နဲ့ ရင်ဆိုင်ရတဲ့အခါမှာ ကျွန်တော် သူ့ကို တစ်ယောက်ထဲ ရှင်းနိုင်ပါတယ် …”
လျပ်တပြက်မြွေက ချောင်ချန်းဟာ အဖွဲ့ထဲ မဝင်လာခင်ကပဲ သူက နတ်ဘုရားနယ်မြေကဲ့သို့ ဂိမ်းကစားခြင်းတွင် စကေးအမျိူးအစား အများအပြားကို တက်မြှောက်ထားခြင်း မရှိပေ။
သို့သော် ချောင်ချန်းဟွာက သူထံ ချည်းကပ်လာပြီးတဲ့နောက် လျပ်တပြက်မြွေက အရှုံးဆိုသည့် အခြေအနေကို မကြုံတွေ့ရတော့ပေ။ ယခင်အချိန်အနေက ဂျမ်းတဲလ်စနိုး၏ တိုက်ပွဲဝင် စကေးများက ကျွမ်းကျင်ပညာရှင်တစ်ယောက်ဟု ဆိုနိုင်သည့်အထိ မြင့်မားခဲ့သည်။ သို့ရာတွင် စစ်ဝံပုလွေနှင့် သေချာရင်ဆိုင်ပြီး ရှုံးနိမ့်သွားပြီးသည့်နောက် လျပ်တပြက်မြွေအတွက် သူ ယခင်က ရေတွင်းထဲက ဖားသူငယ်သာလျှင် ဖြစ်ခဲ့ကြောင်း သိခဲ့ရပေသည်။ သူကယခုမှသာ စူပါမန်းနဲ့ တွေ့ခဲ့ရခြင်း ဖြစ်၏။
ဒီစူပါမန်းက လူတိုင်း၏ မျှော်လင့်ချက်များကို ဖန်တီးနိုင်စွမ်းရှိကာ မည်သည်အချိန်ကမှ မတည်ရှိခဲ့တဲ့ အရာများကို ဖြစ်လာအောင် ပြုလုပ်နိုင်သည်။
မှန်ပေသည်။ အစစ်အမှန် အနေဖြင့် စိတ်ကူးယဉ် ကာရိုက်တာများက အမှန်တကယ် တည်ရှိလာခဲ့ခြင်း ဖြစ်သည်။ ဒီလို တည်ရှိနိုင်ခဲ့ခြင်းက လျပ်တပြက်မြွေ၏ ယုံကြည်မှုများကို တုန်လှုပ်သွားစေခဲ့သည်။
ထို့အပြင် လျပ်တပြက်မြွေက ချောင်ချန်းဟွာ၏ဘက်ကို တုန်ဆိုင်းမှုမရှိ ဝင်ခဲ့ရာ စစ်ဝံပုလွေ၏ ထူးခြားသည့် လေ့ကျင့်မှုများကိုလည်း ခံယူခဲ့ရသည်။ အချိန်အတန်ကြာ ကြိုးစားပြီးသည့်နောက် ဒီအမျိူးမျိူးသော စွမ်းရည်များကို သူ တက်ကျွမ်းလာခဲ့ပေသည်။ ၄င်းစွမ်းရည်များကို ဖမ်းဆုပ်ပြီးတဲ့နောက် လျပ်တပြက်မြွေ နောက်ဆုံးမှာ သူနှင့် စစ်ဝံပုလွေ ကွာခြားချက်က မည်မျှကြီးမားကြောင်း သိခဲ့ရပေသည်။
ဂျမ်းတဲလ်စနိုးက သေမျိူးများ၏အချိုးအကွေ့တွင် ရှိနေသည်ဟု ဆိုရမည်ဆိုလျှင် ၄င်းစကေးများကို ဖမ်းဆုပ်ပြီးသည့် လျပ်တပြက်မြွေက သေမျိူးများ၏ အဆင့်ကို ကျော်သွားသည်ဟု ဆိုရမည်။
သူတို့က မတူကွဲပြားတဲ့အဆင့်များမှာ ရှိနေကြကုန်၏။ ထိပ်ဆုံးအဆင့် ကျွမ်းကျင်ပညာရှင်များ မဟာကျွမ်းကျင်ပညာရှင်များက လျပ်တပြက်မြွေ၏ မျက်လုံးထဲတွင်မူ ဟာသများသာဖြစ်တော့သည်။
” လျှပ်တပြက်မြွေ .. ပေါက်ကရတွေပြောမနေနဲ့ .. အစ်ကိုကြီး စစ်ဝံပုလွေက ဒီလိုပြောရင် သေချာပေါက် အကြောင်းပြချက်ရှိနေလိမ့်မယ် …။ မင်း ရှီဖန်းနဲ့ ရင်ဆိုင်ရတဲ့အခါ သေချာပေါက် စွမ်းရည်အားလုံးကို ထုတ်သုံးပြီး ကိုင်တွယ်ရမယ် …။ နားလည်လား …”
ချောင်ချန်းဟွာက လျပ်တပြက်မြွေကို ခပ်စိမ်းစိမ်းကြည့်ကာ ပြောလိုက်သည်။
” ဟုတ်ကဲ့ …။ ကျွန်တော် နားလည်ပါပြီ …”
လျပ်တပြက်မြွေက ခပ်မြန်မြန်ပဲ ခေါင်းကိုညိမ့်လိုက်သည်။
ထိုအချိန်တွင်ပင် စတုတ္ထမြှောက် ပြိုင်ပွဲကို ဖော်ပြလာတော့၏။
စတုတ္ထမြောက် ပြိုင်ပွဲ .. ရှီဖုန်းနဲ့ ထိုးဖောက်ခြင်းမြွေ ..။
” ဟား … ဟား … ကောင်းလိုက်တာ …။ အစ်ကိုကြီး စစ်ဝံပုလွေက ရှီဖုန်းကို ဂရုစိုက်ဖို့ပြောနေတဲ့အချိန်မှာ ကျွန်တော်က ကျွန်တော်ရဲ့ စွမ်းရည်အသစ်ကို သူ့ကို သုံးပြီး စမ်းသပ်နိုင်ဖို့ မျှော်လင့်နေတာ အခုတော့ အဆင်ပြေပြီ …”
ထိုးဖောက်ခြင်းမြွေကက တိုက်ပွဲစင်မြင့်ပေါ်သို့ စိတ်လှုပ်ရှားစွာ ကျသွားသည်။
ထိုးဖောက်ခြင်းမြွေက တိုက်ပွဲမှ အပြင်လူတစ်ယောက် မဟုတ်ပေ။
သူက အလွန်ပိန်ပါးသည်။ သို့ရာတွင် သူက ပိန်ပါးသော်လည်း သူ၏ ကြွက်သားများ ရှိသည့်နေရာတွင် ပေါက်ကွဲနိုင်တဲ့စွမ်းအင်များက အပြည့်ရှိနေပေသည်။ ချောင်ချန်းဟွာ၏ အဖွဲ့ထဲမှာရှိသည့် လူတိုင်းအပြင် စစ်ဝံပုလွေက ထိုးဖောက်ခြင်းမြွေနှင့် ပုံသဏ္ဌာန်အတူဆုံးဖြစ်ပေသည်။ သူက တိုက်ပွဲဝင်စွမ်းအားတွေ ပါရမီအမြင့်ဆုံးကို ပိုင်ဆိုင်ထားရုံသာမကပဲ အမြန်နှုန်းတွင်လည်း လူတိုင်းကိုပင် ဆွံ့အအောင် လုပ်နိုင်သည့်အထိ တက်မြှောက် သွားခဲ့သည်။ သူက အမျိူးမျိူးသော စွမ်းအင်များကို သင်ကြားမှုအတွက် အချိန်တဝတ်သာလျှင် ယူခဲ့ရ၏။ သဘာဝအလျောက် တိုက်ပွဲဆာလောင်သည့် စိတ်ဆန္ဒမျိုးနဲ့ မွေးဖွားလာသူဖြစ်နေပေသည်။
စစ်ဝံပုလွေ၏ သင်ကြားပြသ ထိန်းမတ်ပေးမှုနောက်တွင် ထိုးဖောက်ခြင်းမြွေက မယုံနိုင်စရာနှုန်းဖြင့် မြင့်တက်လာခဲ့တာက ယခုအချိန်တွင် သူက အုရိုဘိုရို ထဲတွင် နံပါတ်တစ် စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ယောက်ပင် ဖြစ်နေခဲ့ချေပြီ။
ချောင်ချန်းဟွာကသာ ထိုးဖောက်ခြင်းမြွေ၏ အရှိန်နှုန်းကို မထိန်ချူပ်ထားခဲ့လျှင် တဖက်သူက နတ်ဘုရားနယ်မြေအတွင်းမှာ ရှိသည့် ပညာရှင် စာရင်းထဲတောင် ဝင်နေလောက်ချေပြီ။
” ရှီဖုန်း .. နင်ယုံကြည်မှု ရှိလား …”
ဂျမ်းတဲလ်စနိုးက ရှီဖုန်းကို လှည့်ကြည့်ကာမေးသည်။
” နင်ယုံကြည်မှု မရှိဘူးဆိုလျှင် ရှုံးကြောင်း ဝန်ခံလိုက် …။ နင်က ဇီးရိုး၀င်းရဲ့ ကျောရိုးပဲ …။ နင် တစ်ဆင့်လောက် ဒီမှာလျော့သွားလို့လည်း ဘာမှ မဖြစ်ပါဘူး …”
” ဒီပြိုင်ပွဲက ကျွန်တော်ပါသင့်တဲ့အပိုင်းပဲ …။ မမျှော်လင့်ထားပဲ ချောင်ချန်းဟွာဘက်ကနေ ဒီလို မွန်စတား တစ်ကောင် အဖွဲ့ထဲခေါ်သွင်းလာနိုင်တယ်။ သူက ကိုယ်တိုင်တိုက်တာ မဟုတ်ရင် ထိုးဖောက်ခြင်းမြွေနဲ့ လျပ်တပြက်မြွေတို့ရဲ့ ခွန်အားကို အဆင့်မြင့်အောင်လုပ်ထားမှာ သေချာနေတာပဲ …။ နင်က ငါ့ကြောင့် အခုလိုဆုံးရှုံး နစ်နာသွားတဲ့အတွက် လျော်ကြေး ၅ သန်းပေးမယ် …”
ဂျမ်းတဲလ်စနိုး၏ ထင်မြင်ချက်အရ ရှီဖုန်းက ထိုးဖောက်ခြင်းမြွေထက် စွမ်းအားကြီးသည်။ သို့ရာတွင် ထိုးဖောက်ခြင်းမြွေက ယခုလိုပြောင်းလဲသွားကြောင်းသိရပြီးနောက် ဂျမ်းတဲလ်စနိုးအနေဖြင့် သူ့တွင်အခွင့်အရေးမရှိတော့ကြောင်း သိပြီးသားဖြစ်သည်။ ရှီဖုန်းက တဖက်လူထက် မည်သို့ သန်မာနိုင်ဦးမည်နည်း ။
” ကတိက ကတိပဲ .. မိန်းကလေးစနိုးက ကျွန်တော်ကို ဒီလိုဖိတ်ထားမှတော့ ကျွန်တော်က ကူညီဖို့ သဘောတူခဲ့ပြီးပြီလေ .. သေချာပေါက် တိုက်ခိုက်ခါနီးမှ ဘယ်လို ထွက်ပြေးလို့ ရနိုင်မှာလဲ …”
ရှီဖုန်းက ခပ်ပေါ့ပေါ့ပြုံးလိုက်ကာ တိုက်ပွဲစင်မြင့်ထဲသို့ ဝင်လိုက်သည်။
” ရှီဖုန်းက ရူးနေတာလား …”
ကျောက်ယွဲ့ရှုက သူကို ကြည့်ပြောသည်။
” စစ်ဝံပုလွေ .. ဘယ်လိုစွမ်းအားကြီးလည်း သူ မသိဘူးလား …”
” စစ်ဝံပုလွေက ထိုးဖောက်ခြင်းမြွေကို သေချာပေါက် ကိုယ်တိုင် သင်ပေးထားတာဆိုရင် သူက စစ်ဝံပုလွေနဲ့ မယှဉ်နိုင်သေးရင်တောင်မှ သေချာပေါက် နောက်ကျကျန်ခဲ့မှာ မဟုတ်ဘူး …။ ဒီရှီဖုန်းကတော့ သေချင်နေတာပဲ …”
” ကောင်းပြီ …။ ယွဲ့အာ .. လူတိုင်းမှာလည်း သူတို့့ အောက်ခြေ စည်းတွေရှိကြတယ် …။ သူတို့ရဲ့ ကိုယ်တိုင် စိတ်ဆန္ဒက သူဟာနဲ့သူရှိတယ် …။ ဒါကြောင့် ရှီဖုန်းကို လက်လျော့အောင် ပြောလိုက်တာက ငါ့အမှားပါပဲ …”
ဂျမ်းတဲလ်စနိုးက ကျောက်ယွဲ့ရှုကို ပခုံးပုတ်ကာ နှစ်သိမ့်သည်။ သူမရဲ့ အကြည့်များက တိုက်ပွဲစင်မြင့်ထဲကို ဝင်ရောက်သွားပြီး ရှီဖုန်းလည်း တိုက်ခိုက်ပေတော့မည်။ သူမ၏ စိတ်ခံစားချက်များ ရှုပ်ထွေးနေတော့၏။
သို့ရာတွင် ဂျမ်းတယ်စနိုးနဲ့ ကျောက်ယွဲ့ရှုတို့က စိုးရိမ်နေသော်လည်း ခရမ်းတိမ်က တခစ်ခစ် ရယ်ကာပျော်နေသည်။
” အစ်ကိုကြီး ရှီဖုန်းက ကတိပေးထားမှတော့ ပြည့်အောင်လုပ်ပေးလိမ့်မယ် …။ နင်တို့ စိတ်အေးအေးသာနေပါ …”
ဂျမ်းတဲလ်စနိုးနဲ့ ကျောက်ယွဲ့ရှုတို့ သူတို့ခေါင်းများ လှည့်ကြည့်ကာ ထိုခရမ်းတိမ်အမည်ရှိသည့် မိန်းကလေးကို မြင်လိုက်ကြရသည်။ သူတို့စိတ်ရှုပ်သွားကြ၏။ ခရမ်းတိမ်က ရှီိဖုန်းကို အလွန်ယုံကြည်ပုံ ရှိနေသည်။ ခရမ်းတိမ်က ပြုံးနေပြီး မည်သည့်စကားမှမပြောချေ။
သူမတို့၏ ပြိုင်ဘက်က စိုးရိမ်းဖွယ်ကောင်းကြောင်း သူမ နားလည်ထားသော်လည်း ဒီထိုးဖောက်ခြင်းမြွေက ကြယ်လတိုင်းပြည်၏ နံပါတ်တစ် စွမ်းအားကြီး ပညာရှင် တစ်ချက်ထိ အဇူရာနှင့်တိုက်ခိုက်တော့မည်ဖြစ်သည်။ ထို့ကြောင့် သူမရဲ့စိုးရိမ်မှုများက မလိုအပ်ချေ ။