ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 405 စကေးတွေက အသုံးမဝင်ဘူး
အလွန်အမင်း ယုံကြည်မှုရှိကာ တိတ်ဆိတ်စွာ ပြုံးပြနေကြောင်း မြင်သည့်အခါ ကျောက်ယွဲ့ရှုတောင်မှ စိုးရိမ်လာမိသည်။ သို့ရာတွင် ဒီအခြေအနေရောက်မှ သူမ တတ်နိုင်သည်လည်း မရှိတော့ပေ။ ထို့ကြောင့် သူမ၏ အာရုံစိုက်မှုကို တိုက်ပွဲစင်မြင့်ထံသို့သာ ပို့လွတ်လိုက်တော့၏။
ဂျမ်းတဲလ်စနိုးက အလွန်တည်ငြိမ်နေသည်။ အကြောင်းမူကာ ခရမ်းတိမ်၏ အပြုအမူကို မြင်ရသဖြင့် သူမ ယခင်က ပျောက်ဆုံးသွားခဲ့တဲ့ ယုံကြည်မှုကိုတောင် ပြန်ရရှိခဲ့ချေပြီ။
ယခင်ကဆိုလျှင် သူမ လျှပ်တပြက်မြွေအပေါ် ဖြစ်နေသည့် ဒေါသများကြောင့် သူမအနေဖြင့် ဘာသာရေး ခေါင်းဆောင်ကို တချက်ကြည့်လိုက်ရုံမျှဖြင့် အာရုံမစိုက်မိပေ။
ယခုအခါမှသာ ၄င်း ဘာသာရေးခေါင်းဆောင်ကို ဂျမ်းတဲလ်စနိုး သေချာလေ့လာမိသည့်အခါ ခရမ်းတိမ်ဟု အမည်ရသည့် ကောင်မလေးက သာမန်ဝိညာဉ်အမျိူးအစားမျှ မဟုတ်ပဲ ကောင်မလေးထံမှာ မဖော်ပြနိုင်သည့် ဖျော့တော့သည့် ဖိအားမျိူးကိုပင် သူမ ခံစားမိကြောင်း သတိထားမိသွားတော့လေသည်။ ၄င်းက မတိုင်မီက စစ်ဝံပုလွေထံမှ ရခဲ့သည့် ခံစားချက်နဲ့ ကွာခြားပေ၏။
စစ်ဝံပုလွေထံမှ ရခဲ့သည့် ခံစားချက်က ဆိုးယုတ်သည့် အခြေအနေကို ဖုံးကွယ်ထားကာ ရက်စက်ကြမ်းတန်းပြီး လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သော ကြောက်မက်ဖွယ် ဝံပုလွေဆီက ရတဲ့ခံစားချက်မျိူးဖြစ်သည်။ သို့သော် ခရမ်းတိမ်အတွက်မူကား မည်သည့်ခံစားချက်ဟု မဖော်ပြနိုင်လောက်သည့် ခံစားချက်မျိုး ဖြစ်သည်။ ထိုကောင်မလေးကို ဘယ်လိုဖော်ပြရမှန်း မသိနိုင်သည့် ခံစားချက်မျိူးဖြစ်နေတော့၏။ သူမ အနေဖြင့် ဒီလိုခံစားချက်မျိူးကို ပထမဆုံးအကြိမ် ရဖူးခြင်းဖြစ်သည်။
ခရမ်းတိမ်က ညကောင်းကင်ရှိ ကြယ်အလင်းများနှင့် တူသည်။ သူမက တိတ်ဆိတ်ကာ သာမန်ဖြစ်သယောင်နေနေသော်လည်း ထူးခြားမှုကတော့ ရှိနေသေးသယောင်ပါပဲ။
ရှီဖုန်းခေါ်လာတဲ့ ဒီကောင်မလေးက ဘယ်သူလဲ။
ဂျမ်းတဲလ်စနိုး သူမ၏ ဆဠမအာရုံကို ယုံကြည်မှုရှိသည်။ ထို့ကြောင့်သာလျှင် နတ်ဘုရားနယ်မြေတွင် ကစားနေပြီးသည့်နောက် သူမ၏ ဆဠမအာရုံက မည်မျှပင် မှန်ကန်နိုင်ကြောင်း သဘောပေါက်လာခဲ့၏။
သဘာဝကျကျပင် ခရမ်းတိမ်ကလည်း ဂျမ်းတဲလ်စနိုးက သူမကို စိုက်ကြည့်နေကြောင်း သိနေပေသည်။ ထို့ကြောင့် သူမက နှင်းနတ်ဘုရားမကို ဆော့ကစားတော့မည့် အပြုံးမျိူးဖြင့် ပြုံးပြရင်း ပေါ့ပါးစွာဖြင့် ခေါင်းပြန်ညိမ့်ပြလိုက်တော့သည်။
တိုက်ပွဲစင်မြင့်ပေါ်တွင် ရှီဖုန်းနှင့် ထိုးဖောက်ခြင်းမြွေက မျက်နှာခြင်းဆိုင် ရပ်နေကြ၏။ နှစ်ယောက်လုံးက ပြိုင်ဘက်အသီးသီးကို လေ့လာနေကြသည်။
နှစ်ယောက်လုံးက ဓားသမားများဖြစ်ကြကာ တစ်ခုထဲသော ကွာခြားချက်က အဆင့်သာလျှင်ဖြစ်သည်။ ရီဖုန်းက အဆင့် ၂၂ ဖြစ်ပြီး ထိုးဖောက်ခြင်းမြွေက အဆင့် ၂၄ ဖြစ်သည်။ နှစ်ဆင့်တောင် ကွာခြားနေသဖြင့် ထိုးဖောက်ခြင်းမြွေ၏ ဘက်စုံသော တိုက်ပွဲဝင်စွမ်းအားကိုသာ ထည့်ပေါင်းလိုက်မည်ဆိုလျှင် ဒီတိုက်ပွဲကို ထိုးဖောက်ခြင်းမြွေက ကြိုက်သလို ဆော့ကစားနိုင်ကြောင်း သိသာနေပေသည်။
တိုက်ပွဲစတင်ကြောင်းအချက်ပေးသံကြားရပြီးသည်နှင့် ဒီတိုက်ပွဲက အမှန်ပင် စတင်လာတော့သည်။ ထိုးဖောက်ခြင်းမြွေက မျက်နှာသေနဲ့ရပ်နေသည်။ သူက တည်ငြိမ်စွာသာနေပြီး မည်သည့်လှုပ်ရှားမှုမှ မလုပ်နေခဲ့ပေ။ သူက ရှီဖုန်းကို အထင်သေးစွာပင် အလောတကြီး မတိုက်ခိုက်ခဲ့ပါပေ။
” ထိုးဖောက်ခြင်းမြွေ .. မင်း ဘာလုပ်နေတာလဲ …”
” မင်း ဘာလို့ မလှုပ်ရှားတာလဲ …”
ထိုးဖောက်ခြင်းမြွေ၏ ယခုလို တုတ်ဆိုင်းနေမှုက တစ်ဖွဲ့လုံးကို ပဟေဠိ ဖြစ်စေသည်။ ပုံမှန်အားဖြင့် ထိုးဖောက်ခြင်းမြွေက တိုက်ပွဲကို အလွန်အမင်း ဆာလောင်တတ်ကာ တိုက်ပွဲစသည်နှင့် အသည်းအသန် တိုက်ခိုက်တက်သည့် သူမျိုး ဖြစ်သည်။ ယခုလိုမျိူးတည်ငြိမ်နေခြင်းကို မည်သူမှ မမြင်ခဲ့ဖူးပါပေ။
” ထိုးဖောက်ခြင်းမြွေက တော်တော်လေးကို ပါရမီကြီးတာပဲ …”
စစ်ဝံပုလွေက ဖျော့တော့စွာ ပြုံးကာ မျက်နှာသေနှင့် ထိုးဖောက်ခြင်းမြွေကို ကြည့်နေသည်။
” အစ်ကိုကြီးစစ်ဝံပုလွေ .. ဘာကိုဆိုလိုတာလဲ …”
လျပ်တပြက်မြွေက ဒါကိုနားမလည်သဖြင့် စိတ်ရှုပ်နေသည်။
” တိုက်ပွဲမှာဆိုရင် အားလုံးက ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို အမြဲတမ်းမှီခိုနေရတာမျိူ း မဟုတ်ဘူး …။ အဲဒီအစား စိတ်စွမ်းအားကလည်း အရေးကြီးတယ် …။ တစ်စုံတစ်ယောက်က တည်ငြိမ်နေမှပဲ အနိုင်ကို ရလိမ့်မယ် …။ ထိုးဖောက်ခြင်းမြေက အခုလောလောဆယ် သူရဲ့စိတ်စွမ်းအားကို အသင့်ပြင်နေတာ …”
စစ်ဝံပုလွေက ရှင်းပြလိုက်သည်။
အမှန်ပင် စစ်ဝံပုလွေပြောသည့်အတိုင်း ထိုးဖောက်ခြင်းမြွေက စိတ်မလှုပ်ရှားအောင် ကိုယ့်ကိုကိုယ် ထိန်းနေခြင်း ဖြစ်သည်။ ယခုအခါ သူ၏ မျက်လုံးထဲတွင် စိတ်ချ ပြတ်သားသည့် အလင်းရောင်များ လက်လာနေတော့၏။ ရုတ်တရက်ဆိုလျှင် ထိုးဖောက်ခြင်းမြွေက ဓားကို ထုတ်ကာ ရှီဖုန်းထံသို့ ပြင်းထန်သောအရှိန်နှုန်းဖြင့် ခုန်ဝင်သွားတော့သည်။
အုရိုဘိုရို၏ အစောင့်ရှောက်တစ်ပါးဖြစ်သည့် ထိုးဖောက်ခြင်းမြွေ၏ လက်နက်က သူတို့ကိုယ် သူတို့ သွန်းလုပ်ထားသည့် လက်နက်မျိူးဖြစ်သည်။ ဒီဓား နှစ်လက်ကို သူက လွဲရမ်းလိုက်သည်နှင့် တစ်လက်က ရွှေနက်အဆင့်ဝင်ကာ နောက်တစ်လက်က သန့်စင်ရွှေအဆင့်ဝင်သည့် လက်နက်ကောင်းများ ဖြစ်ကြောင်း သိလာပေလိမ့်မည်။ ထိုအချိန်တွင် သူအဓိက သုံးသည့် လက်နက်ကမူ သန့်စင်ရွှေ အဆင့်ဝင်ပေသည်။ သူ၏ လက်နက်တစ်စုံလုံးက နတ်ဘုရားနယ်မြေတွင် ရနိုင်သည့်အကောင်းဆုံး လက်နက်များ ဖြစ်ကြပေ၏။
ထိုးဖောက်ခြင်းမြွေက ကိုက် ၂၀ ကျော်လောက်ကို ဖြတ်သန်းသွားပြီး ရှီဖုန်း၏ အရှေ့သို့ ချက်ခြင်း ရောက်သွားသည်။ ချက်ခြင်းဆိုသလိုပင် သူက ရှီဖုန်းကို လျင်မြန်စွာ တိုက်ခိုက်လိုက်တော့၏။
ထိုးဖောက်ခြင်းမြွေက ရှီဖုန်းနဲ့ ဆော့ကစားနေရန် ဆန္ဒမရှိပေ။ သို့ရာတွင် ထိုးဖောက်ခြင်းမြွေ၏ လှုပ်ရှားမှုကို ရင်ဆိုင်ရသော်လည်း ရှီဖုန်းက အသာအယာပင် သူ၏ အသူရာဓားနှင့် အပြင်းအထန်အရိပ်တို့ကို အေးဆေးသော အမူအရာနဲ့သာ ထုတ်နေခဲ့၏ ။
သူက ရှေ့သို့အသာအယာတက်ပြီးနောက် သူ၏ ဓားနှစ်လက်လုံးကို လွဲရမ်းလိုက်၏။ တိုက်ပွဲကို ချက်ခြင်းဆိုသလိုပင် ဝင်ရောက်လိုက်ခဲ့ပေတော့သည်။
ရုတ်တရက်ဆိုသလိုပင် လေထုက ပြောင်းလဲသွားတော့၏။ လူတိုင်းက တုန်ရီသွားကြကာ သူတို့၏ တကိုယ်လုံး ကြက်သီးမွှေးညင်းများ ထလာကြတော့သည်။
” ဘာဖြစ်သွားတာလဲ …”
ဂျမ်းနယ်စနိုးကလည်း ရှီဖုန်းထံမှ ဒီလိုခံစားချက်မျိူးကို ရနေပေသည်။ ရီဖုန်းက ဘယ်သူလဲ။ ချောင်ချန်းဟွာ၏ ခေါင်းထဲ ဒီစကားထွက်ပေါ်လာပြီး ရှီဖုန်းကို အံ့အားသင့်စွာ ကြည့်နေပေသည်။
သူ၏ အမြင်အရ ရီဖုန်းဆိုသည်မှာ သူ၏ ပြိုင်ပွဲများကို အလွယ်တကူ အနိုင်ရခဲ့ကာ သူတို့၏ နှလုံးသားကိုတောင် ရူးသွပ်စွာ ခုန်ပေါက်လာအောင် အမြဲတိုက်ခိုက်တက်သူဖြစ်သည်။ ရုတ်တရက်ဆိုသလိုပင် စင်မြင့်တစ်ခုလုံး ငြိမ်သက်သွားတော့၏။
ရီဖုန်းနဲ့ရင်ဆိုင်နေရသည့် ထိုးဖောက်ခြင်းမြွေကလည်း ကြောက်လန့်နေသည့် ငှက်တစ်ကောင်ကဲ့သို့ တုန်ရီနေပြီး နောက်သို့သာ ဆက်တိုက်ဆုတ်နေပေသည်။ သူ ဘာလို့ ရုတ်တရက်ရပ်သွားရကြောင်း ထိုးဖောက်မြွေ ကိုယ်တိုင်ပင် နားမလည်ခဲ့ချေ ။
သူ၏ အခြေအနေမှ အသိပြန်ဝင်လာသည့်အခါ သူက တဖန်အားတင်းပြီး ရှီဖန်းထံသို့ ခုန်ဝင်ပြန်သည်။
” မင်းရဲ့သတိကတော့ လေးစားထိုက်စရာပဲ …”
ရှီဖုန်းက ဖျော့တော့စွာပြုံးရင်း ခေါင်းညိမ့်ပြလိုက်သည်။
ရှီဖုန်း၏အသံက တိုးသော်လည်း ထိုးဖောက်ခြင်းမြွေက သူ၏ အာရုံခံငါးပါးလုံးကို သေချာအာရုံစိုက်ထားသည့်အတွက် ရှင်းလင်းစွာ ကြားလိုက်ရပေသည်။ သူ၏ နှလုံးသားတွင် ဒေါသများဖြင့် တောက်လောင်လာခဲ့တော့သည်။ သူက လေဓားကို အသက်သွင်းပြီးတဲ့နောက် သူ၏ အရှိန်နှုန်းကို တဖန်မြန်ဆန်သွားစေကာ ရှီဖုန်းထံ ခုန်ဝင်သွားတော့၏။ သို့ရာတွင် ထိုးဖောက်ခြင်းမြွေက ဒီလို အသည်းအသန်ဖြစ်နေသည့်တိုင်အောင် ရှီဖုန်းက သူထက် ပို၍ လျင်မြန်သော အရှိန်နှုန်းဖြင့် ချည်းကပ်လာပြီး တိုက်ခိုက်လိုက်ပေသည်။
ရှီဖုန်း၏ ဓားက လျှပ်စီးကဲ့သို့ပင် မြန်ဆန်လွန်းလှကာ ထိုးဖောက်ခြင်းမြွေထံသို့ မည်သည့်အချိန်မှ ကြံ့ကြာခြင်းမရှိဘဲ ချက်ခြင်းရောက်လာခြင်း ဖြစ်၏။
အသူရာဓားက ထိုးဖောက်ခြင်းမြွေ၏ လည်တိုင်ကို ပိုင်းဖြတ်ရန် ကြံစည်လာသည့်အချိန်တွင် ထူးဆန်သည့် တစုံတရာက ဖြစ်ပျက်လာခဲ့သည်။ မူလက ဒီဓားက ထိုးဖောက်ခြင်းမြွေကို ဖြတ်ပစ်လိုက်သော်လည်း လေကိုသာ ပိုင်းဖြတ်မိသွား၏။ ထိုအချိန်တွင် ထိုးဖောက်ခြင်းမြွေ၏ အပေါ်ပိုင်းခန္ဓာကိုယ့်က ရှီဖုန်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
အနီးကပ်ကြည့်မည်ဆိုလျှင် ထိုးဖောက်ခြင်းမြွေက ရှီဖုန်း၏ သေစေလိုသောတိုက်ကွက်မှ သူ၏ ခန္ဓာကိုယ်ကို အမှန်ပင် ပျောက်ကွယ်အောင်လုပ်ပြီး ကာကွယ်နိုင်လိုက်နိုင်ကြောင်း မြင်ရပေမည်။
” သနားစရာပဲ …”
ထိုးဖောက်ခြင်းမြွေက လှည့်စားလိုဟန်ဖြင့် ပြုံးနေသည်။
ထိုးဖောက်ခြင်းမြွေ၏ စကားမဆုံးသေးခင်မှာပဲ သူ၏ ဓားနှစ်လက်လုံးက ရှီဖုန်း၏ ဘေးသို့ ရောက်သွားခဲ့ချေပြီ။ သူ၏ ဒီထောင့်မှ တိုက်ကွက်က အလွန်ပင် ရှုပ်ထွေးလွန်းလှသည်။ ရှီဖုန်း ရှောင်ရှားနိုင်ရန် အခွင့်အရေး မပေးထားခဲ့ချေ။
ရွေးချယ်စရာ မရှိတော့တဲ့ ရှီဖုန်းဟာ သူ၏ ခုခံဓားကို ထုတ်ကာ တိုက်ကွက်နှစ်ကွက်လုံးကို တားဆီးရတော့၏။ ထို့နောက် ထိုးဖောက်ခြင်းမြွေနှင့် အကွာအဝေးခြားရန် သူ အခွင့်အရေးရလာသည်။
” အဲဒီမှာ ဘာတွေဖြစ်နေတာလဲ …။ ထိုးဖောက်ခြင်းမြွေက ဒီလောက်မြန်မြန်ရှောင်နိုင်တယ်ပေါ့ …”
ကျောက်ယွဲ့ရှုကလည်း ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်သည်။ သူမ၏ အမြင်က အလွန်ကောင်းမွန်၏။ သူမ၏ အမြင်အရဆိုလျှင် ရှီဖုန်း၏ ယခင်တိုက်ကွက်က ပြီးပြည့်စုံလှသည်။ ၄င်းတိုက်ကွက်က အရာအားလုံးထက်မြန်ကာ မည်သည့်နည်းနဲ့မှ ရှောင်ရှားနိုင်စရာအကြောင်း မရှိခဲ့ချေ။ သို့သော် ဒီပြီးပြည့်စုံသည့် တိုက်ကွက်တောင်မှ ထိုးဖောက်ခြင်းမြွေကို ထိခိုက်အောင် မလုပ်နိုင်ပဲ တဖန်ရှောင်ရှားသွားခဲ့၏။ ထို့အပြင် ရှီဖုန်းပင် နှစ်ချက်လောက် ထပ်မံအတိုက်ခိုက်ခံလိုက်ရသေးသည်။ ၄င်းက ထူးဆန်းလွန်းနေသည်။
တိုက်ပွဲစင်မြင့်ပေါ်တွင် ရှီဖုန်းက သူ၏ ဒဏ်ရာကို တစ်ချက်စစ်ဆေးကြည့်လိုက်သည်။ သူက မျက်မှောင်ကြုတ်ကာ ထိုးဖောက်ခြင်းမြွေ၏ မျက်နှာက အပြုံးကိုကြည့်ကာ ပြောလိုက်၏။
” မင်းက ခွန်အားကို ကောင်းကောင်း လျို့ဝှက်ထားမယ်လို့ ငါ မထင်ထားဘူး …။ မင်းရဲ့ တုံပြန်မှုအရှိန်နှုန်းက သဘောကျစရာပဲ …”
” ငါက တမန်တော် ၁၂ ပါးထဲမှာဆိုရင် အစွမ်းအထက်ဆုံး ဓားကစားသမားလေ …။ ငါ ဘယ်လိုဖြစ်လို့ အရှိန်နှုန်းနှေးရမှာလဲ …”
ထိုးဖောက်ခြင်းမြွေက ရယ်သည်။
” အခြားတဖက်မှာ မင်းကလည်း ငါ့ကို အံ့သြစေတာပါပဲ …။ ငါမင်းကို တိုက်ခိုက်တဲ့အချိန်မှာ မင်းကချက်ခြင်း မင်းရဲ့ ခုခံအားကို ထုတ်နိုင်တယ် …။ မင်းရဲ့ တုံပြန်မှုကလည်း မနှေးဘူး …”
” ငါပြောတာ အဲ့တာကို မဟုတ်ဘူး …”
ရှီဖုန်းက ခေါင်းခါသည်။
” မင်းငါရဲ့ဓားကို ရှောင်နိုင်တာက မင်းရဲ့ သဘာဝကျကျ တုံပြန်မှုကိုက မြန်နေလို့ပဲ …”
” မင်း ဒါကိုသိတယ်ပေါ့ …”
ထိုးဖောက်ခြင်းမြွေက အနည်းငယ် အံ့အားသင့်စွာမေးသည်။ သို့သော် တခဏတွင် သူက မထိန်းချူပ်တော့ပဲ ပြုံးကာပြောလိုက်၏။
” အဲဒီတော့ရော ဘာဖြစ်လည်း …။ မင်းက ငါကို နိုင် နိုင်မှာဟုတ်လို့လား …”
” စနိုး .. သူတို့ဘာတွေပြောနေတာလဲ …”
ကျောက်ယွဲ့ရှုက စပ်စုလာတော့သည်။
စောင့်ကြည့်နေသည့် ကြည့်ရှုသူအားလုံးကလည်း စကားများကို ကြားရပေသည်။ ထို့ကြောင့် ကျောက်ယွဲ့ရှုက စိတ်ရှုပ်နေခြင်း ဖြစ်ပေသည်။
” နင် ရီဖုန်းရဲ့ တိုက်ကွက်ကို နင်ဘာသာနင် မြင်လိုက်တယ် မဟုတ်လား …။ အဲ့ဒီတိုက်ကွက်က ပြီးပြည့်စုံတယ်။ ဒါပေမယ့် ထိုးဖောက်ခြင်းမြွေက ရှောင်ရှားလိုက်နိုင်တယ် …။ ဘာကြောင့်လို့ ထင်လဲ …”
ဂျမ်းတဲလ်စနိုးက တည်ငြိမ်သည့်အမူအရာဖြင့်သာ မေးလိုက်သည်။
” ဘာလို့လဲဆိုတော့ ထိုးဖောက်ခြင်းမြွေက ရီဖုန်းရဲ့တိုက်ကွက်ကို မြင်လိုက်လို့ ရှောင်ရှားလိုက်တာ မဟုတ်ဘူးလား …”
ကျောက်ယွဲ့ရှုကလည်း နားမလည်တော့ပါပေ။ ထို့ကြောင့် ဂျမ်းတဲလ်စနိုးကို ကြည့်ကာ ပြန်ပြောလိုက်တော့၏။
” နင် အဲ့ဒီလိုတွေးလို့ရပါတယ် …။ ဒါပေမယ့် ဒီလိုတိုက်ကွက်ကို ပြန်ချေဖျက်ဖို့ ထုတ်သုံးတာက တစ်ပိုင်းဆိုပေမယ့် တိုက်ကွက်တစ်ကွက်လုံးကို ရှောင်ရှားနိုင်တာကတော့ အခြားအကြောင်းအရာ ဖြစ်သွားပြီ …။ ရီဖုန်းလို တိုက်ကွက်လို အရှိန်နှုန်းနဲ့ ဒီလိုအနီးကပ်မျိူးမှာဆိုရင် ထိပ်တန်းအဆင့် လုပ်ကြံသတ်ဖြတ်သူတွေတောင်မှ လှုပ်ရှားဖို့မဖြစ်နိုင်ဘူး …။ ထိုးဖောက်ခြင်းမြေကတော့ ဒါကိုလုပ်နိုင်လိုက်တယ် …”
“ထိုးဖောက်ခြင်းမြွေက သဘာဝတုန့်ပြန်မှုအရှိန်နှုန်းပေါ် မှီခိုနေတယ်လို့ ပြောသွားတယ် မဟုတ်လား …။ သာမန်လူတွေကသာ ဒီတိုင်းလုပ်မယ်ဆိုရင် သူတို့ရဲ့ ဦးနှောက်ထဲမှာ လုပ်ဆောင်ချက် ၃ ချက်ကို တိုက်ရိုက်လုပ်ဆောင်နိုင်မှ ဖြစ်လိမ့်မယ် …။ ဒါက အမြင်၊ နားလည်မှုနဲ့ လုပ်ဆောင်နိုင်မှုပဲ …။ အချိန်က အရမ်းကို မြန်ဆန်နေတဲ့အချိန်မှာ ဒီ ၃ ခုလုံးကို ဆက်တိုက်လှုပ်ဆောင်နိုင်ဖို့က အရမ်းကို ခက်ခဲတယ် …။ သာမန်လူတစ်ယောက်က အကြောင်းအရာတစ်ခုကို မြင်လာပြီး ဦးနှောက်ကနေ အခဲဖြစ်တည်ဖို့အတွက် ၀.၃ စက္ကန့်လောက် အချိန်လိုအပ်တယ် …။ နောက်ပြီး တကယ်လက်တွေ့ လုပ်ဆောင်ဖို့က ၀.၁၅ အထိ ထပ်လိုသေးတယ် …”
” ဒါပေမယ့် အဲဒီလူ ဘယ်လောက်ပြင်းပြင်းထန်ထန် ကြိုးစားကြိုးစား သူတို့ရဲ့သဘာဝကျကျ တုံ့ပြန်နှုန်းက ၀.၁ စက္ကန့်ထပ် နိမ့်ကျနေအုံးမှာ အမှန်ပဲ …။ ဒါပေါ့ …။ ဒါကတော့ သာမန် ဗဟုသုတအနေနဲ့ တွေးဆပြတာပေါ့ …။ ထိုးဖောက်ခြင်းမြွေရဲ့ တုံ့ပြန်နှုန်းအချိန်ကို တွက်ကြည့်ရမယ်ဆိုရင် သူက ၀.၀၇ စက္ကန့်အတွင်းမှာ ချက်ခြင်းလက်တွေ့လုပ်ဆောင်လိုက်နိုင်တယ် …။ ငါ့အထင် ၀.၀၆ စက္ကန့်တောင် ဖြစ်နိုင်သေးတယ် …။ သူရဲ့ တုံ့ပြန်မှုက သာမန်သူထက် အများကြီးမြန်တယ် …။ တခြားနည်းနဲ့ ပြောရရင် သာမန်လူတွေက ၁ စက္ကန့်အတွင်းမှာ ၃ ကြိမ် ၄ ကြိမ်လောက် လှုပ်ရှားနိုင်မယ်ဆိုရင် ထိုးဖောက်ခြင်းမြွေကတော့ ၁၂ ကြိမ်လောက် လှုပ်ရှားနိုင်လိမ့်မယ် …”
” ဒါကြောင့်ပဲ ထိုးဖောက်ခြင်းမြွေက ရီဖုန်းရဲ့ ဓားချက်ကို ရှောင်နိုင်ရုံမကဘူး .. ရီဖုန်းကိုလည်း နောက်ထပ် နှစ်ချက် တိုက်ခိုက်နိုင်ခဲ့တာပဲ …”
” ဒီလိုအခြေအနေမျိူးမှာ ဘယ်လို စကေးအမျိူးအစားပေါ် မူတည်တယ်ဆိုတာထက် ပါရမီနဲ့ပဲ သက်ဆိုင်တယ် …”
” ဒါကြောင့်ပဲ ထိုးဖောက်ခြင်းမြွေက တိုက်ပွဲဝင် စွမ်းအားမှာ တကယ်ကို စစ်မှန်တဲ့ ပါရမီရှင်လို့ ပြောနေကြတာလေ …”