ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 409 စကေးများကြားမှ ကွာခြားမှု
စက္ကန့်များက ဒီလိုနဲ့ ကျော်လွန်နေခဲ့၏။
ပွဲကြည့်စင်ဘက်တွင် ရှိနေကြသည့် လူအုပ်က ထိုင်ခုံမှပင် ငြိမ်ငြိမ် မထိုင်နိုင်လောက်အောင် ဖြစ်လာကြသည်။ သူတို့က တိုက်ခိုက်နေသူများ မဟုတ်ကြသော်လည်း အချိန်တိုင်း တိုက်ပွဲကို အာရုံစိုက်ထားကြရ၏။ ၄င်းက နောက်ဆုံးပွဲဖြစ်သည်။
ဒီပွဲ၏ ရလဒ်က နှစ်ဖက်လုံးကို အဆုံးအဖြတ်ပေးနိုင်မည်ဖြစ်သည်။ အနိုင်ရသည့်ဘက်က အုရိုဘိုရို၏ အစည်းအရုံးခေါင်းဆောင်နေရာကို ရမည်ဖြစ်သည်။ သူ၏ အဖွဲ့ကလည်း အဖွဲ့သားများ ဖြစ်လာရပေလိမ့်မည်။ ရှုံးတဲ့ဘက်ကမူ နတ်ဘုရားနယ်မြေမှ ထာဝရပျောက်ကွယ်သွားရမည်ဖြစ်ပြီး သူတို့နောက် လိုက်ပါသူများကလည်း အနာဂတ်တွင် ရုန်းကန်ရတော့မည်။
ရလဒ်အနေဖြင့် တိုက်ပွဲ၏ ပြင်းအားက နှစ်ဖက်စလုံးကို စိတ်လှုပ်ရှားလာစေသည်။ အကြီးအကဲများတောင်မှ စိတ်တွေ လေးလံလာကြတော့၏။
” လျပ်တပြက်မြွေ .. နင်လုပ်ရဲရင် နင်ရဲ့စွမ်းအားတွေကို ထုတ်ပြလိုက်တော့လေ …။ မိနစ်၂၀ တောင်ကုန်သွားပြီ …။ နင်က အခုချိန်ထိ မောက်မာသလို ဟန်ဆောင်နေတုန်းပဲ …။ နင့်ရဲ့ အမျိုးအစားပေါ် အကျိုးသက်ရောက်မှု ရှိနေတာတောင်မှ အခုလိုမျိုး ညစ်ပတ်တဲ့ လှည့်စားမှုနည်းလမ်းကို သုံးနေသေးတယ် …။ နင့်ကိုနင် အရှက်မရှိဘူးလား …”
ကျောက်ယွဲ့ရှုက အော်သည်။ သူမက မျက်ခုံးများကို ပင့်ကာ တိုက်ပွဲစင်မြင့်ကိုသာလျှင် မျက်မှောင်ကြုတ်ပြီး ကြည့်နေတော့၏။
အစကတည်းက လျပ်တပြက်မြွေက တိုက်ခိုက်ရန် ဆန္ဒမရှိထားဘဲ ဒီတိုင်းသာလျှင် ချိုးယူခြင်းစကေးကို ထုတ်သုံးထားခြင်းဖြစ်ပေသည်။ ကျောက်ယွဲ့ရှုက ချက်ချင်းပင် တ်ိုက်ပွဲစင်မြင့်ထဲသို့ဝင်ကာ ခရမ်းတိမ်အစား တိုက်ခိုက်ပေးချင်နေ၏။
လျှပ်တပြက်မြွေက မှင်သက်သွားသည်။ အနိုင်ရရှိရန်အတွက် သူက ယခုလို နေနေရခြင်းဖြစ်သည်။
သူမ၏ ပြိုင်ဘက်ကို စောင့်ကြည့်နေရသည့် ခရမ်းတိမ်ကမူ အမြဲတမ်း အသင့်အနေအထား ထားထားရသည်။ တစ်ဖက်သူ၏ မည်သည်လှုပ်ရှားမှုကိုမဆို အာရုံစိုက်ထားရပေသည်။
အကောင်းဆုံးအနေဖြင့် သာမန်သူတစ်ယောက်က နာရီဝက်လောက်သာလျှင် အာရုံစူးစိုက်ထားနိုင်ပေသည်။ ဒီထက်ပိုကြာလာမည်ဆိုလျှင် သူတို့၏ စိတ်ပိုင်းဆိုင်ရာက အလွန်အမင်းမောပန်းလာရတော့ပေမည်။ သို့သော် တိုက်ခိုက်နိုင်သည့် အခြေအနေအတွင်းတွင် ရှိနိုင်နေ၏။ သူတို့က ဒီထက်အချိန်ပိုကြာလာမှသာလျှင် သူတို့၏ တိုက်ကွက်များတွင် သို့မဟုတ် ခုခံအားတွင် ဟာကွက်များ ရှိလာပေလိမ့်မည်။ သို့သော် ၄င်းက ခုခံအားပိုင်းဆိုင်ရာ စမ်းသက်မှု စကေးတစ်ခုမျှသာ ဖြစ်၏။ မည်သူကမှ ရှောင်ရှားနိုင်လိမ့်မည် မဟုတ်ပေ။
ထိုအခြေအနေတွင်ပင် တိုက်ပွဲက နာရီဝက်ကျော်လုနီးပါး ဖြစ်လာခဲ့ချေပြီ။
ကျောက်ယွဲ့ရှုက သူမ၏ အကန့်အသက်အထိ အာရုံစိုက်ထားပေသည်။ သို့သော် တစ်ဖက်သူကသာလျှင် ဒီထက်ပိုပြီး အချိန်ဆွဲလာတော့မည်ဆိုလျှင် သူမ အနေဖြင့် ဟာကွက်များကို ထုတ်ပြမိနိုင်မည်။
ကျွမ်းကျင်ပညာရှင်များက အချင်းချင်းတိုက်ခိုက်သည့်အခါ သေးငယ်သည့် အမှားအယွင်းကတောင် တစ်စုံတစ်ယောက်ကို ဦးတည်သွားနိုင်ပေသည်။
” ဟား … ဟား … ဟား … ပြိုင်ပွဲတွေအတွက် အချိန်ကန့်သက်ချက်မှ မရှိတာ .. ဒီတော့ သူတို့ ဘယ်လိုတိုက်မလဲဆိုတာ သူတို့ဘာသာ ရွေးချယ်ကြပါစေ …။ မင်း တစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ် ဆိုရင် ကြိုတင်မစဉ်းစားတက်တဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်လိုက်တော့ …။ နည်းနည်းလေး နောင်တရတာ နောက်ကျသွားတယ် မထင်မိဘူးလား …”
နှလုံးနက် မြှားကလည်း အော်ရယ်ကြသည်။
ကျောက်ယွဲ့ရှုက ရုတ်တရက်ပင် ဆွံ့အသွားရတော့၏။
ဤစကားက မှန်ကန်ပေသည်။ အမှန်ပင်ပြိုင်ပွဲဝင်အတွက် အချိန်အကန့်အသက်က မရှိထားပေ။ သို့ရာတွင် မည်သူကမှ လျပ်တပြက်မြွေကို ဒီလို လုပ်လာလိမ့်မည်ဟု မထင်ခဲ့ကြ။ မူလအားဖြင့် ကျောက်ယွဲ့ရှုက လျပ်တပြက်မြွေ မည်သို့အချိန်ဆွဲကာ ဆက်လုပ်လာမည်ကို သိထားပြီးသားဖြစ်သည်။ သို့ရာတွင် ဒီမျိုးမစစ်က ယခုလောက်အထိ အချိန်ဆွဲလွန်းနေသည့်အတွက် ကျွမ်းကျင်ပညာရှင်တစ်ယောက်၏ အခြေခံအားဖြင့် ကိုယ့်ကိုကိုယ် လေးစားမှုပင် မရှိဘူးဟု ပြောရပေမည်။ သူက အမှန်ပင် နာရီဝက်ကျော်လောက်အထိ အချိန်ကိုဆွဲနေခဲ့သည်။
” ဒါက ငါ့အမှားပဲ .. လုပ်ကြံသတ်ဖြတ်သူနဲ့ ရင်ဆိုင်ရတဲ့အခါ အချိန်အကန့်အသက် ထားသင့်တယ်ဆိုတာကို ငါမေ့သွားတယ် …”
ဂျမ်းတဲလ်စနိုးက ပြောလိုက်သည်။ စိတ်ပင်ပန်းပုံရသည့် ခရမ်းတိမ်ကို သူမ ကြည့်နေ၏။ ဒီလို အရေးကြီးတဲ့ ပြိုင်ပွဲက အခြေအနေ မကောင်းနိုင်တော့ချေ။ သံသယဝင်စရာ မလိုလောက်အောင်ပင် ၄င်းက သူမ အမှားပင်ဖြစ်သည်။ ဒီလိုဖြစ်လာသည့်အတွက် ခရမ်းတိမ်၏ အနိုင်ရနိုင်ချေက လျော့ကျလာရတော့၏။
” မစိုးရိမ်ပါနဲ့ …။ စောင့်ကြည့်ပါ …။ ခရမ်းတိမ်လည်း ဘာဖြစ်လာနိုင်တယ်ဆိုတာ သူမျှော်လင့်ပြီးသားဖြစ်မယ်လို့ ငါ ထင်တယ် …”
ရှီဖုန်းက အကြံပေးလိုက်သည်။ သူ၏ အကြည့်များက သူ၏ အစည်းအရုံးတူ အဖွဲ့သားပေါ်တွင်သာ ရှိနေပေသည်။
” ဒါပေမယ့် …။ ”
” စိတ်အေးအေးထားပါ …”
ရှီဖုန်းက အနည်းငယ်လေးတောင်မှ စိုးရိမ်မနေပေ။ လျပ်တပြက်မြွေက စကေးတစ်ခု ထုတ်သုံးထားသော်လည်း ခရမ်းတိမ်ကို အနိုင်ရရန်အတွက်မူကား ခရီးရှည်ကြီး လိုအပ်သေးပေသည်။ နောက်ဆုံးတွင်မူ နာရီဝက် အမှန်ပင် ကျော်သွားခဲ့တော့၏။
သူ့အမြင်တွင် ဒီကလေးမ အကန့်အသတ်ကို နီးကပ်နေပြီဟု ထင်သည်။
ထိုအချိန်တွင် လျပ်တပြက်မြွေက ခရမ်းတိမ်ကို အဝေးမှသေချာ အကဲခပ်နေခဲ့သည်။ အမှန်စင်စစ်အားဖြင့် သူသည် နာရီဝက်အတွင်း လှုပ်ရှားရန် အခွင့်အရေးများစွာ ရခဲ့ပြီးသားပင်။ သို့ရာတွင် သူက ငြင်းဆန်ခဲ့၏။ ၁၀၀ ရာခိုင်နှုန်းသေချာရန်အတွက် ဘာသာရေး ခေါင်းဆောင်ကို သတ်ဖြတ်နိုင်ရန် ယခုအချိန်အထိ စောင့်စားနေခဲ့ခြင်း ဖြစ်ပေသည်။
ခရမ်းတိမ်၏ နဖူးမှ ချွေးစက်တွေ ပျံလာသည်။ သူမက အမြဲတမ်းအာရုံစူးစိုက်ကာ သတိထားနေရသည့်အတွက် အကန့်အသတ်ကို ရောက်ကြောင်းပြလာခဲ့တော့၏။ လျပ်တပြက်မြွေက သူမ၏ ၁၀ ကိုက်အကွာကနေ ဆူညံမှု သေးသေးလေးများကို ပြုလုပ်ပြကာ တမင်ပင် လှည့်ဖျားနေခဲ့သည်။ ကျွမ်းကျင်ပညာရှင်တစ်ယောက်၏ အာရုံခံ စွမ်းအားအရ အသံများကို အလိုလို တုံ့ပြန်သည့်အတိုင်း ဖြစ်ပေသည်။ သို့ရာတွင် ခရမ်းတိမ်ကမူ ထိုအရာကို အာရုံမခံနိုင်မိတော့မတက် ဖြစ်နေတော့၏။ သေချာစွာပင် သူမ အလွန်ပင်ပန်းချေပြီ။
လျပ်တပြက်မြွေ အပျော်လွန်သွားသည်။ သူက ခရမ်းတိမ်၏ ကျောပေးရာဘက်သို့ စက်ဝိုင်းပုံသဏ္ဍာန် လှည့်ပတ်ကာ သွားလိုက်ရင်း နီးကပ်သထက် နီးကပ်လာတော့၏။
၁၀ ကိုက်၊ ၅ ကိုက်၊ ၃ ကိုက် …။
သိပ်မကြာအချိန်တွင်ပင် လျပ်တပြက်မြွေက ခရမ်းတိမ်၏ အနောက်သို့ ရောက်သွားခဲ့လေသည်။ သူ့လက်ထဲတွင် ရုတ်တရက် ပေါ်လာသည့် ဓားမြှောင်မှ အလင်းကို တောက်ပစေလျှက် ကောင်မလေး၏ ပခုံးကို ထိုးခုတ်လေတော့သည်။ ၄င်းက ခြုံခိုတိုက်ခိုက်ခြင်း ဖြစ်ပေသည်။
ဤကဲ့သို့ တိုက်ခိုက်ခြင်းက ၄ စက္ကန့်အတွင်းတွင်ပင် ပစ်မှတ်ကို သေသွားစေနိုင်သည်။ နတ်ဘုရားနယ်မြေ၏ အဆုံးပိုင်းအဆင့်တွင်ဆိုလျှင် စကေးဖယ်ရှားခြင်းကို ထိန်းချူပ်သည့် အဖြစ်အပျက်မျိုးက ရှားပါးပေ၏။ သူ၏ တိုက်ကွက်က ကျရောက်သွားသည့်အချိန်တွင် လျပ်တပြက်မြွေက သူမကို သံကြိုးစကေးကို ထုတ်သုံးပြီး ခပ်မြန်မြန်သတ်နိုင်ပေလိမ့်မည်။
အနိုင်ရရန် သေချာစေဖို့အတွက် လျပ်တပြက်မြွေက သူ၏ ဒုတိယအဆင့် အရှိန်ခုန်နှုန်းကိုပင် ထည့်သုံးလိုက်လေသည်။ ခရမ်းတိမ်က သူ၏ တိုက်ကွက်ကို ရှာတွေ့သွားလျှင်ပင် သူမအနေဖြင့် တားဆီးနိုင်ရန် မဖြစ်နိုင်တော့ချေ။
လျပ်တပြက်မြွေ၏ ဓားမြှောင်က ဘာသာရး ခေါင်းဆောင်ထံ နစ်မြုပ်တော့မည့် အချိန်တွင် ခရမ်းတိမ်က ကျယ်လောင်သည့် ဟိန်းသံကို ထုတ်လွတ်လိုက်သည်။
ကြောက်မက်ဖွယ် ဟိန်းသံ …။
၄င်းကြောက်မက်ဖွယ် ဟိန်းသံကာ ၈ကိုက်အတွင်းရှိသည့်သူတိုင်းကို ကြောက်လန့်သွားစေသည်။ ကြောက်လန့်သွားသည့် ကစားသမားများက သေချာပေါက် ခန္ဓာကိုယ့်ကို ထိန်းချူပ်စွမ်းအား ဆုံးရှုံးသွားမည်ဖြစ်သည်။
ရုတ်တရက်ဆိုသလိုပင် ခြုံခိုတိုက်ခိုက်သည့် တိုက်ကွက်က ခရမ်းတိမ်သို့ ရောက်သွားခဲ့သော်လည်း သူမက ဖျော့တော့သည့်အခြေအနေသို့ ဝင်ရောက်သွားခဲ့ကာ မလှုပ်ရှားနိုင်တော့ချေ။ သို့သော် ဒီအချိန်တွင်ပင် လျပ်တပြက်မြွေကလည်း ကြောက်မက်ဖွယ် ဟိန်းသံကြောင့် ကြောက်လန့်တုန်လှုပ်နေသည့် အချိန်ဖြစ်နေခဲ့သည်။
” ခရမ်းက အံ့သြစရာပဲ …။ သူမက နောက်ဆုံးစက္ကန့်မှာ အချိန်ကိုက် ကြောက်မက်ဖွယ် ဟိန်းသံကို ထုတ်လွှတ်လိုက်နိုင်တယ် …။ အခုဆိုရင် တစ်ယောက်ကိုတစ်ယောက် ထိခိုက်အောင် မလုပ်နိုင်တော့ဘူး …။ နောက်ပြီး လျပ်တပြက်မြွေက ရှိနေတဲ့နေရာက ထွက်ပေါ်သွားပြီဆိုတော့ သေချာပေါက် သူအနေနဲ့ ဒီအခွင့်အရေးကို ဆုံးရှုံးသွားပြီပဲ …။ နောက်တစ်ကြိမ်ကျရင် ခရမ်းတိမ်က လျပ်တပြက်မြွေ နီးကပ်လာတဲ့ အကွာအဝေးကို တွက်ဆနိုင်လိမ့်မယ် …။ သူမက သူ့ကို အလဲသိပ်ပြီး အပြတ်ရှင်းနိုင်လိမ့်မယ် …”
ကျောက်ယွဲ့ရှုက အဝေးမှ ခန့်မှန်းနေသည်။
သို့ရာတွင် ဂျမ်းတဲလ်စနိုးက ပြောသည်။
” မဟုတ်ဘူး …”
” စနိုး .. ဘာပြဿ နာရှိလို့လဲ …”
ကျောက်ယွဲ့ရှုက သိချင်လာတော့၏။
” လျပ်တပြက်မြွေက အဆင့် ၂၄၊ ခရမ်းက ၂၂ ပဲရှိသေးတယ် …။ သူတို့ရဲ့ ထိန်ချူပ်တဲ့စကေးတွေက ၄ စက္ကန့်ပဲ ကြန့်ကြာမှုရှိလိမ့်မယ် …။ လျပ်တပြက်မြွေကတော့ ၂ ဆင့်ပိုနေတယ် …။ ဒီတော့ ကြောက်မက်ဖွယ် ဟိန်းသံက သေချာပေါက် အနည်းငယ် အားပျော့သွားစေလိမ့်မယ် …။ အများဆုံး ဖြစ်နိုင်ချေအရဆိုလျှင် ၃.၅ စက္ကန့်လောက်နဲ့ သက်ရောက်မှုက ပြေသွားနိုင်လိမ့်မယ် …။ ဒါပေမယ့် ခရမ်းတိမ်ကတော့ ၄ စက္ကန့် အတိအကျ သက်ရောက်ခံရလိမ့်မယ် …။ လျပ်တပြက်မြွေက နောက်ထပ် အခွင့်အရေးအတွက် ၀.၅ စက္ကန့်လောက် ပိုင်ဆိုင်နေလိမ့် မယ် …”
ဂျမ်းတဲလ်စနိုးက သိမ်ငယ်သည့်အမူအရာဖြင့်ပြောသည်။ ခရမ်းတိမ်က နောက်ဆုံးတွင် တိုက်ကွက်ကို ထုတ်သုံးနိုင်ခဲ့သော်လည်း အဆင့်ကွာခြားချက်က ရှိနေသေးပေ၏။
” နင်ဆိုလိုတာက ငါတို့ ရှုံးမှာလား …”
ကျောက်ယွဲ့ရှု၏ အမူအရာက ပြောင်းလဲသွားရပြန်သည်။
ချောင်ချန်းဟွာတောင်မှ အောင်နိုင်မှုရတော့မည်ကဲ့သို့ပင် ပြုံးနေပေသည်။
လျပ်တပြက်မြွေကသာ ဒီသက်ရောက်မှု ထိန်းချူပ်ခံလိုက်ရခြင်းမှ အဆုံးသက်ခံလိုက်ရသည်နှင့် နောက်ထပ် တိုက်ကွက်ကို ချက်ချင်း ရွေ့နိုင်ပေလိမ့်မည်။ သို့ရာတွင် ရှီဖုန်းက ရုတ်တရက်ပြုံးကာ ပြောလိုက်သည်။
” မဟုတ်ဘူး …။ ကျွန်တော်တို့ နိုင်မှာ …”
” နိုင်မယ်ဟုတ်လား …”
ကျောက်ယွဲ့အာက ရှီဖုန်းကို လှည့်ကြည့်သည်။ သူမက ခပ်တိုးတိုးပြော၏။
” ဒါပေမယ့် ခရမ်းရဲ့ အခုလိုမျိုး ဖျော့တော့နေတဲ့ အခြေအနေကနေ လျပ်တပြက်မြွေထက် ပိုကြာနေတယ်လေ .. ဘယ်လိုဖြစ်ပြီး နိုင်မှာလဲ …”
” စောင့်ကြည့်လိုက်ပါ …”
ရှီဖုန်းက ရယ်နေသည်။
” ဘာလဲ …”
ရှီဖုန်းက ကြည့်ရှုသူတိုင်းကို စိတ်ရှုပ်ထွေးစေသည်။ သို့ရာတွင် ရှီဖုန်းကဲ့သို့ ကျွမ်းကျင်ပညာရှင် တစ်ယောက်က ဒီလို အမြင်မျိုးကို ကြိုပြီး ကွက်ကျော်မြင်နိုင်ကာ ကိုယ်ပိုင်အကြောင်းပြချက်လည်း ရှိထားပြီးသား ဖြစ်သည်။ သို့သော် ရှင်းပြလိမ့်မည် မဟုတ်ချေ။
” ပေါက်ကရတွေ …”
နှလုံးနက်ကလည်း ရှီဖုန်းရှိရာဘက်သို့ လှမ်းကြည့်ရင်း အော်သည်။ သူက ပြောသည်။
” နတ်ဘုရားနယ်မြေက အဆင်မြင့်ဖိအားကို အာရုံခံမိတဲ့ သာမန်သိမြင်စွမ်းအားလောက် ရှိတာပဲ …။ အဆင့် ၃ ဆင့်ကွာနေတာတောင်မှ သေချာပေါက် ခံစားရမှာပဲ …။ လျပ်တပြက်မြွေက သူထက် ၂ ဆင့်ပဲ မြင့်နေတာလေ …။ ဒီတော့ စကေးရဲ့ သက်ရောက်မှုက အားနည်းသွားတယ်ဆိုပေမယ့် ကြိုတင်ပြောဖို့က လိုပါသေးတယ် …”
နှလုံးနက် မြှားက စကားဆက်ပြောမည့်အချိန်တွင် ပင် ..။
တိုက်ပွဲစင်မြင့်အတွင်းတွင် ခရမ်းတိမ်က ရုတ်တရက်ဆိုသလိုပင် လျပ်တပြက်မြွေထက် ကြိုပြီး သက်သာလာလေတော့သည်။
” မဟုတ်ဘူး …။ ဘယ်လို ဖြစ်နိုင်မှာလဲ …။ ၃ စက္ကန့်တောင်လိုသေးတယ်လေ …”
နှလုံးနက် မြှား၏ မျက်လုံးတွေက ပြူးကျယ်သွားသည်။
ရှီဖုန်းကမူ မအံ့သြသည့် တစ်ဦးတည်းသောသူသာဖြစ်သည်။
မည်သူကမှ ခရမ်းတိမ်က မည်သည့်အတွက်ကြောင့် အမြန်သက်သာသွားကြောင်း နားမလည်ကြတော့ချေ။
” နှမျောစရာပဲ။ ငါထက် ၂ ဆင့်မြင့်နေပေမယ့် ငါက စကေးစွမ်းရည်ပိုမြင့်တယ်။ ”
ခရမ်းတိမ်က လျပ်တပြက်မြွေကဲ့သို့ မထိန်းချူပ်နိုင်လောက်အောင် နေရာတွင် တုန်ရီနေသည်ကို ကြည့်ကာ ဖျော့တော့စွာပြုံးလိုက်ရင်း သူမလက်ထဲရှိ တုတ်တံကို ဝှေ့ရမ်းလိုက်သည်။ အနက်ရောင်မှော်ဂါထာ အခင်းအကျင်းက လျပ်တပြက်မြွေ၏ ခြေထောက်အောက်သို့ ဖြစ်တည်လာတော့လေသည်။
” ကောင်းတယ်။ ငါမှာ အခွင့်အရေးရပြီ။ ”
လျပ်တပြက်မြွေကဲ့သို့ စိတ်ပျက်အားလျော့နေသည့်သူက မျှော်လင့်ချက်ကို တွေ့လိုက်ရသည်။ ခရမ်းတိမ်က ဒီလိုအချိန်အကြာကြီး ဆင့်ခေါ်ရသည့် ဂါထာမျိုးကိုသုံးပြီး အရူးလုပ်ချင်နေ၏။
လျပ်တပြက်မြွေက သူ၏ ခန္ဓာကိုယ်ကို မထိန်ချူပ်နိုင်သေးသော်လည်း အသံများကိုတော့ ကြားနေရပေ၏။
သူ၏ ခြေထောက်အောက်သို့ ရောက်လာသည့် မှော်အခင်းအကျင်းက ၁ စက္ကန့့်ခန့် ပြီးပြည့်စုံရန်လိုအပ်သည်။ ထိုအချိန်တွင် သူက ကြောက်လန့်နေသည့်အခြေအနေမှ ရုန်းထွက်နိုင်ရန် ၁ စက္ကန့်လောက်ပင် မလိုတော့ချေ။ ထိုအချိန်မျိုးတွင် ခရမ်းတိမ်၏ ဂါတာမပြီးဆုံးသေးခင်အချိန်မှာပင် သူက လှုပ်ရှားနိုင်မည်ဖြစ်သည်။ သို့ရာတွင် ၄င်းအချက်ကို ဘေးဖယ်ထားမည်ဆိုလျှင် ခရမ်းတိမ်က ဆက်လက်၍ ဂါထာကို မန်းမှုတ်နေခဲ့သည်။
၃.၅ စက္ကန့် ပြည့်တော့မည့် အချိန်တွင်ပင် လျပ်တပြက်မြွေက ပျောက်ကွယ်စကေးကို ထုတ်သုံးရန် အသင့်ပြင်ထားလိုက်သည်။
ဘာဖြစ်သွားတာလဲ။ ရုတ်တရက်ဆိုလျှင် သူ၏ခန္ဓာကိုယ်ကို မထိန်းချူပ်နိုင်တော့ပြန်ကြောင်း သိလိုက်ရသည်။ ထိုအချိန်တွင် ခရမ်းတိမ် ခင်းကျင်းထားသည့် မှော်ဂါထာ အခင်းအကျင်းက အသက်ဝင်လာတော့လေသည်။
” စကေးအဆင့် ၁ .. အဆင့်မြင့်ဂါထာ .. အနက်ရောင်အလောင်း ..။