ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 416 ဓားသွားကခုန်ခြင်း
ရှီဖုန်းက တိုက်ပွဲဝင်မျောက် စစ်ပွဲ အကြီးအကဲကို အမဲလိုက်နေစဉ် ချောက်ကမ်းပါးအတွင်းရှိ ဇီးရိုး၀င်း၏ ကြယ်ဝန်းကျယ်အမျိုးအစားက စတင်လုပ်ရှားတော့သည်။
ကိုလာနှင့် ကျန်သည့် MT များက ပထမဆုံး ဝင်ရောက်တိုက်ခိုက်မှုကို အောင်မြင်စွာ ဖြေရှင်းလိုက်နိုင်သည်။ နောက်တန်းရှိ ကုသသူများကလည်း MT ၁၅ ယောက်၏ HP ကိုလည်း ထိန်းထားနိုင်သည်။ တစ်ခုတည်းသော ကျန်ရှိတဲ့အရာက တိုက်ပွဲဝင်မျောက်များ သတ်ဖြတ်မှုကို ရှင်းလင်းရန် ဖြစ်သည်။
နောက်တန်းတွင်ရပ်နေသည့် ဘလက်ကီက ဂါထာတစ်ခုကို စတင်ရွတ်ဆိုကာ သူ၏ နှင်တံကို ဝှေ့ရမ်းလိုက်၏။
အလွှာတစ် ကျိန်စာရွတ်ဆိုသူ ဖြစ်လာပြီးနောက် ဘလက်ကီ၏ အဖျက်အားက သိသိသာသာတိုးတက်လာသည်။ တချိန်ထဲတွင် သူသည် အလွှာတစ် စကေးအသစ်တစ်ခုဖြစ်သည့် မှော်ဗျူဟာကိုလည်း သင်ယူပြီးဖြစ်သည်။
မှော်ဗျူဟာ …။
အလွှာတစ် …။
ရွတ်ဆိုသူ၏ ဂါထာ စွမ်းရည် ဂါထာလုပ်နိုင်စွမ်း တိုးလာပြီး ၃၀ ရာခိုင်နှုန်းခန့် ဂါထာတိုးတက်မှု တိုးတက်လာကာ ၁၅ စက္ကန့်တာအတွက် အချိန်ကုန်နှုန်း ၃၀ ရာခိုင်နှုန်း လျော့ချပေး၏။
ဘလက်ကီအနားရှိ သဘာဝစွမ်းအား မန္တန်၏ သိပ်သည်းမှုက ထိုးတက်လာသည်။ နောက်တော့ ဘလက်ကီက ကြယ်အလင်းကို စတင်ရွတ်ဆို လိုက်သည်။
မှော်ဗျူဟာ၏ အားဖြည့်ပေးမှုကြောင့် သက်ရောက်မှုအကျယ်အဝန်းနှင့် ကြယ်အလင်း၏ စွမ်းအားက ၃၀ ရာခိုင်နှုန်း တိုးလာသည်။
နောက် တစ်စက္ကန့်တွင် တောက်ပနေသည့် အလင်းလုံးက ကောင်းကင်ထံမှ ကျဆင်းလာသည်။ ၄င်းကို သတိပြုမိသောအခါ ကျေးသွေးမျက်လုံး တိုက်ပွဲဝင် မျောက်များက လျင်မြန်စွာ တုံ့ပြန်ပြီး ဝင်ရောက်လာသည့် တိုက်ကွက်ကို ရှောင်ရန် ကြိုးစားကြသည်။ သို့သော် ချောက်ကမ်းပါးအတွင်းတွင် ကျန်သည့်သူများအသာစီးရနေပြီး သူတို့၏ လွတ်မြောက်နိုင်ချေက နောက်သို့ ဆုတ်ရန်သာ ရှိသည်။ သဘာဝကျောက်ဆောင်နံရံများက တိုက်ပွဲဝင်မျောက်များကို ဘေးနှစ်ဖက်၌ ဝိုင်းထားပြီး သူတို့အတွက် ထိုနံရံများကို ကျော်တက်ရန် မဖြစ်နိုင်ပေ။ ကိုလာနှင့် ကျန်သည့် MT များက ဒိုင်းနံရံ ဖွဲ့တည်ပြီး သူတို့၏ အပေါင်းအဖော်များ သူတို့နောက်သို့ ပိတ်ဆို့့ပေးကာ ထိုတိုက်ပွဲဝင် မျောက်များက ကြယ်အလင်းတန်း ကျလာတာကို ကူကယ်ရာမဲ့စွာ ကြည့်နေရုံသာ တက်နိုင်သည်။
သူတို့က ထိုဝင်ရောက်လာသည့် ပေါက်ကွဲစေသည့် အရာကို ပိတ်ဆို့ရန် နည်းလမ်း မရှိကြပေ။ AOE အဖျက်အား ဂါထာက ထောင့်အားလုံးမှ တိုက်ခိုက်သည်။ တစ်စုံတစ်ယောက်တွင် မှော်သက်ရောက်မှု မရှိခဲ့လျှင် လွှမ်းမိုးနိုင်စွမ်း မရှိလျှင် သို့တွင် မဟုတ် AOE အဖျက်အားဂါထာဖြင့် ရင်ဆိုင်ရတာမဟုတ်လျှင် ထိုတိုက်ကွက်ကို ခုခံရန် အခြားနည်း မရှိတော့ချေ။
ဖုန်း …။
ကြယ်အလင်းတန်း ချက်ခြင်း ဆင်းသက်လာသည်နှင့် ဂါထာထိမှန်သည့် တိုက်ပွဲဝင် မျောက်တိုင်း၏ ခေါင်းအထက်တွင် အနုတ် ၅၀၀၀ အမှတ် ထိခိုက်သွားတာ ပေါ်လာ၏။ ထိုဒေသနှင့် ခပ်လှမ်းလှမ်းရှိ မွန်းစတားများအတွက် သူတို့လည်း အနုတ် အမှတ် ၃၀၀၀ ရရှိသွားသည်။ စစ်ပွဲ အကြီးအကဲရောင်ဝါကြောင့် ပင်ကိုယ် အရည်အချင်း တိုးတက်သော်ငြား ထို ကျေးသွေး မျက်လုံး တိုက်ပွဲဝင်မျောက်များက သူတို့ HP ၏ ၃ ပုံ ၁ ပုံ ဆုံးရှုံးသွားသေးသည်။
သို့သော် ၄င်းက အစသာရှိသေးသည်။ ကြယ်အလင်းက ၁၅ စက္ကန့်ကြာချိန်ရှိပြီး စက္ကန့်တိုင်းတွင် ဂါထာ၏ အဖျက်အားက ၁၀ ရာခိုင်နှုန်းဆီ တိုးလာသည်။ ၅ စက္ကန့်သာကြာပြီးနောက် တိုက်ပွဲဝင် မျောက်များအားလုံးက ပြာဖြစ်သွားပြီး လိုသည်ထက်ပိုသော အိုင်တမ်များကို ချန်ထားရစ်သည်။
ချောက်ကမ်းပါးထဲတွင် ပြည့်နေမှုကြီးက ရုတ်တရက် ရှင်းလင်းသွားသည်။ ကြမ်းတမ်းသည့် တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် ကျေးသွေးမျက်လုံး တိုက်ပွဲဝင်မျောက် အကောင် ၁၀၀ ကျော် သေဆုံးခဲ့သည်။
” AOE အဖျက်အား ဂါထာက အံ့သြဖို့ကောင်းလိုက်တာ …။ သူတို့ရဲ့ ကူးလ်ဒေါင်းက ပိုတိုရင်ကောင်းမှာပဲ …”
ကိုလာက ဘလက်ကီ အကြိမ်များစွာ ဂါထာရွတ်တာကို မြင်ဖူးသည့်တိုင် ထိုသို့ လွှမ်းမိုးနိုင်စွမ်းရှိသည့် အဖျက်အားကို မြင်သည့်အချိန်၌ သူ ရင်ထဲ စိတ်လှုပ်ရှားမှုနှင့် တုန်လှုပ်ဆဲ ဖြစ်သည်။
မြေပြင်ပေါ်တွင် အိုင်တမ်များ ပြန့်ကျဲနေပြီး သူ၏ တက်နေသော EXP ဘား ကလည်း သူကို ရွှင်လန်း တက်ကျွသွားစေသည်။ အဆင့်၂၂ မှ လက်ရွေးစင် EXP သည် မူလက အတော်လေး သိသာ ထင်ရှားသည်။ ကြယ်ကြွေပြီးနောက် မြူဖြူချောက်ကမ်းပါးအတွင်းရှိ မွန်းစတားများမှ EXP က ၃ ဆကနေ ၄ ဆ တိုးသွားခဲ့သည်။ တစ်နည်းဆိုရလျှင် ဤနေရာရှိမွန်းစတား တစ်ကောင်းကို သတ်ဖြတ်ခြင်းက အဆင့်တူနှင့် မြူဖြူချောက်ကမ်းပါးအပြင်ရှိ မွန်းစတား ၃ ကောင် ၄ ကောင် သတ်ဖြတ်ခြင်းနှင့် ညီမျှ၏။
ဘလက်ကီ၏ ကြယ်အလင်း အဆုံးသတ်သွားပြီးနောက် ယဲဟူမြန်က အဆင့် ၂၂ မှ အဆင့် ၂၃ သို့တက်သွားပြီး သူ၏ HP က ၅၀၀၀ ကို ကျော်သွားသည်။ လူတိုင်းကလည်း သူတို့၏ HP ဘားများ တစ်လုံးတစ်ခဲ တက်လာတာကို ကြည့်နေကြသည်။ မူလက ထိုမျှများပြားသည့် EXP ရရှိရန် နာရီများစွာ လိုအပ်သည်။ ယခုမူ သူတို့က ၁၂စက္ကန့်လောက်သာ အချိန်ယူရသည်။
ကြယ်အလင်းတန်းက စစ်ပွဲအတွင်း အသုံးပြုချိန်တွင် အမှန်တကယ် တောက်ပခဲ့သည်။ ၄င်းက အဖျက်အား ရှိရုံသာမက ရန်သူများကိုလည်း ထိပ်လန့်သွားစေသည်။ ကျေးသွေးမျက်လုံး တိုက်ပွဲဝင်မျောက်များကို ယူဆောင်ခြင်းက ကြယ်အလင်းအကျယ်အဝန်း ဥပမာအတွက် ရစေသည်။ အဖျက်အားမရှိသော်ငြား သူတို့က ကြယ်အလင်း အဆုံးသတ်သွားပြီးနောက် ရှေ့သို့ တိုးမလာနိုင်တော့ပေ။ သူတို့က ထိုနေရာတွင်သာ ရပ်နေပြီး သူတို့၏ ယခင် ရက်စက်ကြမ်းကြုတ်မှုအဟုန်က အပြည့်အဝ သုတ်သင်ခံလိုက်ရသည်။
ကံဆိုးသည်မှာ ဘလက်ကီ၏ ကြယ်အလင်းကဲ့သို့ AOE အပျက်အားဂါထာက ရှားပါသည်။ ထို့အပြင် ထိုဂါထာက ရှည်ကြာသည့် ရှုထောင့် ပိုင်ဆိုင်ထားပြီး နာရီဝက်ခန့် ဖြည့်တင်းရန်လိုအပ်သည်။ တိုက်ပွဲတစ်ပွဲတွင် ဂါထာများကို အလွန်ဆုံးတစ်ကြိမ်သာ အသုံးပြုနိုင်သည်။
“နေ့ခင်းကြောင်တောင် အိမ်မက်မက်နေတာ ရပ်လိုက်တော့ …”
“အကွာအဝေး အမျိုးအစား အားလုံးက အဲဒီ မူးဝေနေတဲ့ မျောက်တွေကို တိုက်ခိုက်ကြ .. ” ရေနှင်းဆီက အမိန့်ပေးလိုက်၏။
ရုတ်တရက်နှင့် မှော်ဂါထာများနှင့် မြှားများက မူးမေ့နေသော မွန်းစတားများကို တိုက်ခိုက်လိုက်တော့၏။
ကျေးသွေးမျက်လုံး တိုက်ပွဲဝင်မျောက်များက ခဏတစ်ဖြုတ် ဘာလုပ်ရမှန်းမသိ ဖြစ်သွားကြ၏။
ရှောင်ဖို့တောင် မေ့လျော့နေပြီး ဝင်ရောက်လာသည့် တိုက်ကွက်များကို သူတို့လက်နက်ထုတ်ပြီး ခုခံဖို့တောင် မေ့နေကြ၏။ မျက်တောင်တစ်ခပ်အတွင်း တိုက်ပွဲဝင်များ တစ်ဒါဇင်ကျော် သေသွား၏။
သို့သော် သူတို့သည် ကျေးသွေး မျက်လုံးတိုက်ပွဲဝင်မျောက်များကို အလွယ်တသူ ဖယ်ရှားနိုင်မည်ဟု တွေးမိလျှင် အမှားလုပ်တာ ဖြစ်သည်။ ထိုမွန်းစတားများ သတိပြန်ဝင်လာသည်နှင့် သူတို့က ကိုလာနှင့် သူတို့ MT များကို ပိုတောင် ရူးသွပ်စွာ တိုက်ခိုက်တော့၏။
ရုတ်တရက်ပင် ဒုတိယတိုက်ပွဲ စတင်တော့၏။
တိုက်ပွဲက ကြမ်းတမ်းသည့်တိုင် ရှီဖုန်း၏ တိုက်ပွဲနှင့် ယှဉ်လျှင် ၄င်းက နှိုင်းယှဉ်ရန် မှေးမှိန်နေသေးသည်။
ရှီဖုန်း၏ လက်ရှိရန်သူက တိုက်ပွဲဝင်မျောက် စစ်ပွဲ အကြီးအကဲ ဖြစ်ပြီး အဆင့် ၂၅ ရှိသော မျိုးနွယ်စု အကြီးအကဲ ဖြစ်ပြီး ၄င်းက ထိန်းမနိုင် သိမ်းမရပေ။ မြေအောက်စခန်း တစ်ခုအတွင်း စစ်ပွဲအကြီးအကဲတစ်ခုက ဘော့စ် တစ်ယောက်၏ အခန်းကဏ္ဌနှင့် သေချာပေါက် ထိုက်တန်သည်။ ၄င်း၏ HP က မြေအောက်စခန်းဘော့စ်ထက် အနည်းငယ်သာ နိမ့်သည်။
ရှီဖုန်းက လျပ်တပြက်အတွင်း တိုက်ပွဲဝင်မျောက်စစ်ပွဲ အကြီးအကဲ အရှေ့သို့ ရောက်သွားပြီး ၄င်း၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။ ပြီးနောက်သူက ခုတ်ထစ်မှုကို ထုတ်ဖော်ကာ ငွေရောင် ဓားသွားအလင်း ၃ ကွက်ကို ပို့လိုက်ပြီး စစ်ပွဲ အကြီးအကဲ၏ ပိန်ပါးပါး ပုံရိပ်ကို ဖြတ်တောက်ကာ ၄င်း၏ ထွက်ပေါက်ကို အပြည့်အဝ ပိတ်စို့လိုက်သည်။
” ကြီး … ကြီး … ကြီး …”
မျောက်စစ်ပွဲ အကြီးအကဲက ရုတ်တရက် ၄င်း၏ သွေးနီရောင်မျက်လုံးများကို မှေးကျဉ်းပြီး အော်ကာ စွမ်းအားကို ထုတ်လိုက်၏။ ၄င်း ပြီးနောက် နောက်တစ်လှမ်းဆုတ်ကာ ညာလက်သီးဖြင့် အလင်းဓားသွား ၃ ခုကို ထိုးလိုက်သည်။
ဖန်း …။
အလင်းဓားသွား ၃ ခုက တစ်စစီ ဖြစ်သွားသည်။ မျောက်စစ်ပွဲ အကြီးအကဲက ဝရှေ့သို့ တစ်လှမ်းတိုးပြီးနောက် မီးတောက်များ ဝန်းရံထားသည် ဘယ်လက်သီးဖြင့် ရှီဖုန်း၏ ခေါင်းကို ဦးတည်ကာ ထိုးလိုက်၏။
ဖြစ်စဉ်တစ်ခုလုံးက မျက်တောင် တစ်ခပ်ဖြစ်သွားတာ ဖြစ်ပြီး တိုက်ပွဲဝင်မျောက်စစ်ပွဲ အကြီးအကဲက ၄င်း၏ တိုက်ကွက်ကို ပိုတိကျစွာ ထုတ်ဖော်ထားပြီး ကျွမ်းကျင်သော ကစားသမားများစွာထက် ပိုလျင်မြန်၏။
သို့သော် မျောက်စစ်ပွဲအကြီးအကဲက ရှီဖုန်း၏ ခေါင်းကို ထိုးလိုက်သည့် အချိန်တွင် လေကို ထိုးမိသည်ဟု ခံစားလိုက်ရသည်။ အနီးကပ်ကြည့်လိုက်သောအခါ မျောက်စစ်ပွဲ အကြီးအကဲက ရှီဖုန်း၏ ပုံရိပ်ယောင်ကိုသာ ထိုးမိမှန်း သိလိုက်ရသည်။
ထိုစဉ် ရှီဖုန်းက အသံတိတ်ခြေလှမ်းကို အသုံးပြုပြီး တိုက်ပွဲဝင်မျောက်စစ်ပွဲ အကြီးအကဲနောက်သို့ လိုက်သွားလိုက်၏။ ပြီးနောက်သူက မိုးကြိုးမီးတောက် ပေါက်ကွဲခြင်းကို အသံပြုလိုက်သည်။
အလွှာတစ် မိုးကြိုး မီးတောက်ပေါက်ကွဲခြင်းက ရူးသွပ်သောအခါတွင် ဖိနှိပ်နိုင်သော ဧရိယာကို ပိုင်ဆိုင်ထားပြီး ရန်သူ၏ လှုပ်ရှားမှုများကို ၁၀ ကိုက် ပတ်လည်အတွင်း နှေးသွားစေ၏။
ထို့အပြင် ရှီဖုန်းက အလွှာတစ် ကစားသမားဖြစ်သည်။ အဆင့် ၂၂ တွင်သာ ရှိသေးသော်လည်း သူအသုံးပြုသည့် တိုက်ခိုက်ရေး ပုံစံ စကေး သက်ရောက်မှုက အဆင့် ၂၅ တိုက်ပွဲဝင်မျောက် အကြီးအကဲနှင့် ရင်ဆိုင်ရာတွင် နည်းနည်းလေးတောင် အားနည်းမနေပေ။ ထို့အပြင် ရှီဖုန်းကလည်း ရွှေရောင် ငါးချက် အမာရွတ်ကို ပိုင်ဆိုင်ထားပြီး အဆင့် ၂၀ ၏ ဖိနှိပ်မှုကို လစ်လျူရှူထားနိုင်သည်။
ရုတ်တရက်ပင် တိုက်ပွဲဝင်မျောက် စစ်ပွဲ အကြီးအကဲ၏ အရှိန်က လျော့သွားပြီး မူလ အရှိန်၏ ၆ပုံ ပုံ ၁ပုံသာကျန်ရှိတော့သည်။ ၄င်းက အချိန်ကိုက် ပိတ်ဆို့နိုင်ခြင်းပင် မဟုတ် ဝင်ရောက်လာသည့် တိုက်ကွက်များကို ရှောင်ခြင်းတို့ မလုပ်နိုင်တော့ပေ။
ဖုန်း … ။
လျှပ်စီးနှင့် မီးစွမ်းအားက မျောက်စစ်ပွဲ အကြီးအကဲကို သတ်ဖြတ်လိုက်သည်။ သိုသော် အလွှာပါးအတွက် မြင့်မားသည့် ခုခံအားရှိသည့် အလွှာတစ် ဓားသူတော်စင် တစ်ဦး ဖြစ်သော်လည်း ရှီဖုန်းက မျောက်စစ်ပွဲ အကြီးအကဲကို အနုတ် ၃၆၀၀ ဖျက်ဆီးမှုသာ ဖြစ်ပေါ်စေခဲ့သည်။
ကံကောင်းသည်မှာ မိုးကြိုးမီးတောက် ပေါက်ကွဲခြင်းက မျောက်စစ်ပွဲ အကြီးအကဲကို ၆ စက္ကန့်တာ မေ့သွားစေခဲ့သည်။
မူလက ရှီဖုန်းသည် သူ၏ အောင်ပွဲကို ပူလောင် ပြင်းပြစွာ လိုက်လိုသည့် ဆန္ဒ ရှိခဲ့ပြီး မျောက်စစ်ပွဲ အကြီးအကဲ ပြင်းထန်စွာ ထိခိုက်သွားသည်ကို အခွင့်ကောင်း ယူပြီး ၄င်းမေ့လျော့နေသည့် ၆ စက္ကန့်အတွင်း ဖြေရှင်းရန် စဉ်းစားခဲ့သည်။ သို့သော်ငြား တိုက်ပွဲဝင်မျောက် စစ်သူကြီးက ထိန်းသိမ်းမရ ဒေါသကို အသက်သွင်းကာ ထိန်းချူပ်သည့် သက်ရောက်မှုများအားလုံးကို မသက်ရောက်ဖြစ်သွားစေပြီး ၄င်း၏ ခွန်အားနှင့် အရှိန်ကို တိုးမြင့်လိုက်သည်။ ပြီးနောက် ၄င်းစစ်ပွဲ ဆေဘာ ဓားကို ဆွဲထုတ်ကာ ၄င်း၏ ရန်သူကို တိုက်ခိုက်တော့သည်။ ရုတ်တရက်တွင် ဓားသွားအလင်း ၉ ခုက ရှီဖုန်း အနား ရစ်ပတ်သွား၏။
၄င်းက တိုက်ပွဲဝင်မျောက် စစ်ပွဲ အကြီးအကဲ၏ စကေးများထဲမှ တစ်ခုဖြစ်သည့် ဓားသွားကခုန်ခြင်း ဖြစ်သည်။
၄င်းထုတ်ဖော်လိုက်လျှင် ကိုလာကဲ့သို့ MT တောင် မေးခွန်းထုတ်စရာမလိုဘဲ သေဆုံးရမည်ဖြစ်သည်။ သို့သော် ကိုလာက သူ့ကိုသူ ခုခံနိုင်သည့် ကြီးမားသောဒိုင်း ပိုင်ဆိုင်ထားပြီး ဓားသွားအလင်းကို ပိတ်ဆို့ရန် ပြဿ နာမရှိချေ ။ သို့သော်ငြား ရှီဖုန်းက ဒိုင်းကာ မပိုင်ဆိုင်ထားပေ။ သူ့တွင် ဓားနှစ်လက်သာရှိ၏။
“အချိန်ကောင်းပဲ …”
ထိုစဉ် ရှီဖုန်းက ချဉ်းကပ်လာသည့် ကံကြမ္မာဆိုးကို ခံစားမိသည်။ သူက ဓားနှစ်လက်ဖြင့် မခုခံလို့ သူအသက်ကို ကယ်တင်ရန် ခုခံရေးဓားသွားကို အသက်မသွင်းပေ။ ထိုအစား သူက သုတ်သင်ခြင်းစွမ်းအားကို အသက်သွင်းပြီး မျောက်စစ်ပွဲ အကြီးအကဲ၏ ဓားသွားကခုန်ခြင်းကို ဖြေရှင်းလိုက်၏။
လေဟာနယ် ရပ်တန့်ခြင်း …။
ယခင်က ရှီဖုန်းသည် ထိန်းသိမ်းမရသော တိုက်ပွဲဝင်မျောက် စစ်ပွဲ အကြီးအကဲကို ထိပ်တိုက် ရင်ဆိုင်ရလိမ့်မည်ဟု မတွေးမိချေ။ ဆိုရလျှင် မျောက်စစ်ပွဲ အကြီးအကဲက ရူးသွပ်သွားပြီးနောက် ပိုတောင် ကြောင်မက်ဖွယ်ကောင်းသည်။ ၄င်း၏ အရှိန်က အလွှာတစ် ကစားသမားကို ကျော်ဖြတ်ရုံသာမက အလွှာတစ် ကစားသမားကလည်း ၄င်း၏ မယုံနိုင်စရာ တိုက်ခိုက်မှုများကိုလည်း မပိတ်ဆို့နိုင်ပေ။ သူနှင့် မြေပျံ၏ တိုက်ပွဲ ပြီးနောက် ရှီဖုန်းက ခြေလှမ်းသိုင်း ဖြစ်သည့် လေဟာနယ်ခြေလှမ်းကို အောင်မြင်စွာ သင်ယူနိုင်ခဲ့သည်။ သို့သော် ထိုတိုက်ပွဲ ပြီးချိန်မှစကာ သူ၏ ခြေသိုင်းကို ထပ်မံ စမ်းသပ်ရန် အခွင့်အရေးမရခဲ့ပေ။ ယခု တိုက်ပွဲဝင်မျောက် စစ်ပွဲ အကြီးအကဲက ရှီဖုန်း လေဟာနယ်ခြေလှမ်း စမ်းသပ်ရန်အတွက် ပြီးပြည့်စုံသည့် ရန်သူဖြစ်နေ၏။
လေဟာနယ်ခြေလှမ်း အသုံးဝင်မှုက PVP ကို ကန့်သတ်မထားနိုင်ပေ။ ၄င်းက မွန်းစတားများကို ဆန့်ကျင်ရာတွင်လည်း သက်ရောက်မှု ရှိသည်။
တိုက်ပွဲဝင်မျောက် စစ်ပွဲအကြီးအကဲက ၄င်း၏ ဆေဘာကို ဝှေ့ရမ်းပြီးနောက် ရှီဖုန်း ပျောက်ကွယ်သွားတာကို ရုတ်တရက် သတိပြုမိလိုက်သည်။
မျောက်စစ်ပွဲ အကြီးအကဲက သူ၏ ရန်သူကို ထပ်မံ သတိပြုမိချိန်တွင် နောက်လူက ဘေးတွင်ရောက်နေပြီ ဖြစ်ကာ ခပ်အေးအေးဆေးဆေး ကျော်ဖြတ်လာသည်။ ထိုစဉ် ၄င်း၏ ခန္ဓာကိုယ်ထဲမှ သွေးများစွာ စီးထွက်လာတော့၏။