ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 422 ဝါးဖိုင်းယားစက် ချပ်ဝတ်တန်ဆာ
“…”
ရှီဖုန်းက ဆံနွယ်နီ အလှလေးကြောင့် ဆွံ့အ သွားသည်။ ဖြစ်နိုင်လျှင် သူက ကူးပြောင်းလာတာ မဟုတ်ဘဲ ပြန်လည်မွေးဖွားလာတာဟု ပြောပြလိုက်ချင်သည်။
” တခြားနိုင်ငံက ကစားသမားတွေရော ရှိတာလား …”
ရှီဖုန်းက ပတ်ဝန်းကျင်ရှိ ကစားသမားများကို ကြည့်လိုက်၏။ သူက ဇဝေဇဝါဖြစ်ကာ မေးလိုက်တော့သည်။
” နိုင်ငံတွေကြားက ပို့ဆောင်ဆက်သွယ်ရေးခန်းက စျေးမပေါဘူး …။ လက်ရွေးစဉ် ကစားသမားတစ်ဦးရဲ့ ဝင်ငွေနဲ့ဆို သူတို့ ချပ်ဝတ်တန်ဆာတွေကို မရောင်းချရင် စုဆောင်းဖို့အတွက် လုံလောက်အောင် စုဆောင်းနိုင်မှာ မဟုတ်ဘူး …။ ဒါပေမယ့် သူတို့ ရောင်းချခဲ့ရင်တောင် မြူဖြူချောက်ကမ်းပါးကို ဘာလို့ လာတာလဲ …”
ယခင်က ရှီဖုန်းသည် ရေနှင်းဆီနှင့် သူမ၏ လက်အောက်ငယ်သား ၁၀၀ ကျော် ကို မြစ်ဖြူမြို့သို့ ပို့ဆောင်ရာတွင် ရွှေ ၃၀၀ နီးပါး ကုန်ကျခဲ့သည်။ ပျမ်းမျှ အားဖြင့် လူတစ်ယောက်ကို ရွှေနှစ်ဆနှုန်း ဖြစ်သည်။
ထို့ကြောင့် ၄င်းက ပျမ်းမျှထက် ပိုမြင့်နေသည့် အကြောင်းမှာ ရေနှင်းဆီရှိသော မုန်တိုင်းအင်ပါယာက ဝေးကွာလွန်းသောကြောင့် ဖြစ်သည်။ သို့သော် နဂါးနက်အင်ပါယာမှ ကစားသမားတစ်ဦးက လာချင်လျှင်တောင် သူတို့က ရွှေတစ်ဆ ငွေ ၄၀ ပေးရန်လိုအပ်သည်။ အားကောင်းသော ကစားသမားများသာ ထိုသို့ အခကြေးငွေကို တက်နိုင်ပေသည်။ သူ့ရှေ့ရှိ လွက်လပ်သော ကစားသမားများအဖွဲ့အတွက်ကိုမူ သူတို့၏ အိတ်ကပ်များ ဗလာဖြစ်သွားလျှင်တောင် သူတို့တွင် ငွေ ၂၀ ၊ ၃၀ သာရှိပေလိမ့်မည်။
နေထိုင်စရာ၊ အစားအသောက်၊ ဆေးရည်၊ ပြန်လည် ပြုပြင်မှုဖြင့် စသည့်တို့က ပိုက်ဆံ ပမာဏ များစွာလိုအပ်သည်။ ထို့ကြောင့် ကစားသမားများအတွက် စုဆောင်းရန်အတွက် မဖြစ်နိုင်ပေ။
မြူဖြုချောက်ကမ်းပါးအတွင်းရှိ ကစားသမားများကြားထဲတွင် လူများစွာက လာရောက်လည်ပတ်ရန်အတွက် နိုင်ငံများကို ဖြတ်ကျော်လာခဲ့တာ ဖြစ်သည်။ ထိုကာ ရိုးရှင်းသည့် ရူးသွတ်မှု တစ်ခုသာဖြစ်နေသည်။
” ဒါကို မသိဘဲနဲ့တောင် မြူဖြူချောက်ကမ်းပါးကို ရောက်လာတာလား …”
ဆံနွယ်နီ အလှလေး၏ မျက်လုံးက ပြူးကျယ်သွားပြီး ရှီဖုန်းကို အရူးတစ်ယောက်နဲ့ ကြည့်လိုက်၏။
ရုတ်တရက်တွင် ရှီဖုန်းက ဖြစ်နိုင်ချေ တစ်ခုကို တွေးမိလိုက်သည်။
သူတို့တွေ ကြယ်မီးသတ္ထုရိုင်းရဲ့လျှို့ဝှက်ချက်ကို ရှာဖွေတွေရှိသွားပြီလို့ မပြောနဲ့နော်။ ရှီဖုန်း၏ ရင်ဘက်က တင်းကြပ်သွားတော့သည်။ သူက ခေါင်းခါပြီး သူ အတွေးများကို ငြင်းဆန်လိုက်၏။ မဟုတ်ပေ။ ကြယ်မီးသတ္ထုရိုင်း၏ လျှို့ဝှက်ချက် ရှာဖွေတွေ့ရှိသွားသည့်တိုင် ယခင်တုန်းက အခြားနိုင်ငံမှ မြူဖြူချောက်ကမ်းပါးသို့ ကစားသမားများ လာရောက်ခြင်း မရှိခဲ့ချေ။
ကြယ်မီးသတ္ထုရိုင်က အတော်လေး တန်ဖိုးရှိသော်လည်း မြူဖြူချောက်ကမ်းပါးတွင် ရရန် မလွယ်ကူပေ။ ဝေးကွာသည့် နေရာမှ လာလျှင် စွန့်စားနှုန်းက ပိုမြင့်သည်။ အတိတ်တုန်းက ကစားသမားများစွာက သတ္ထုရိုင်းအတွက် သူတို့ကို သူတို့ စွန့်စားသည့် ကစားသမားများ သိပ်မရှိခဲ့ပေ။ လက်ရှိကစားသမားများ အဆင့် နာမည်ကြီးမှုက အတိတ်ကထက် ပိုနိမ့်ကျနေသည်။ ပိုပြီး စွန့်စားမှုနဲ့အတူ ချောက်ကမ်းပါးက လူများစွာကို စွဲဆောင်နိုင်တာ မဖြစ်သင့်ပေ။
ထို့အပြင် ကျန်သည့် သူများ၏ လက်ထဲတွင် ရှိသည့် သတ္ထုရိုင်းက တန်ဖိုးရှိမှာ မဟုတ်ပေ။
သတ္ထုရိုင်းတစ်ခုကို ငွေတစ်ဆသာ တန်သည်။ သတ္ထုရိုင်း အခု ၁၀၀ စုဆောင်းခြင်းဖြင့် ရွှေတစ်ဆ ရမှာ ဖြစ်သည်။ သို့သော် ထိုအဆင့်နှင့် လက်ရှိ ကစားသမားများ၏ အလွှာဖြင့် ကြယ်မီးသတ္ထုရိုင်း ၁၀၀ ကို စုဆောင်းရန်က လူအယောက်၂၀ ခက်ခဲသည့် အဖွဲ့ မြေအောက်ခန်းကို ရှင်းလင်းရတာထက် ပိုခက်ခဲသည်။
ရှီဖုန်းက ကြယ်မီးသတ္ထုရိုင်းကို အမြန်ဆုံးထွက်မည်ဟု ယူဆထားသည်။ အကြောင်းမှာ သူ့တွင် ဟော်ရီဇွန် မဟာမိတ် ဖြစ်သည့် သူ့အောက်တွင် အလုပ်လုပ်သော ဘဝစတိုင် အစည်းအရုံး ရှိသည်။ သူ့အတွက် အံ့သြဖွယ်ကောင်းအောင် သွန်းလုပ်သည့် အလုပ်သမား များပြားလွန်းသည်။ ကြယ်မီးသတ္ထုရိုင်းဖြင့် သူသည် အဆင့်မြင့် ချပ်ဝတ်တန်ဆာများ မျိုးစုံ ထုတ်လုပ်နိုင်ပြီး ကြီးမားသည့် အကျိုးအမြတ် ပြုလုပ်နိုင်မှာ ဖြစ်သည်။
” တိမ် … ဒီကောင်နဲ့ အချိန်ဖြုန်းနေတာ ရပ်လိုက်တော့ …။ ဒီတိုင်းပဲ ဆက်သွားနေမယ်ဆိုရင် ကျန်တဲ့သူတွေက ကျန်ရစ်တဲ့ ကြေးသွေးမျက်လုံးတိုက်ပွဲဝင်မျာက်တွေကို ခိုးသွားလိမ့်မယ် …။ ဘယ်လိုလုပ် အကျိုးအမြတ် ရတော့မှာလဲ …”
အဲလီလီမက်တဲလ်လစ်က မကျေမချမ်း ရေရွတ်ပြောလိုက်သည်။
” မမေ့နဲ့ …။ ဒီလာဖို့အတွက် ငါတို့တွေ ပိုက်ဆံတွေ ချေးငှားထားရတာ …။ ငါတို့ အချိန်ထပ်ဖြုန်းရန် ငါတို့ ချပ်ဝတ်တန်ဆာတွေကို အခြားသူတွေ ပိုင်သွားလိမ့်မယ် …”
” ရှင်တကယ် မသိတာလား …”
ဆံနွယ်နီ အလှလေးက ထပ်မေးလိုက်သည်။ သို့သော် ရှီဖုန်း၏ ဇဝေဇဝါ ဖြစ်သည့် အကြည့်ကို မြင်သောအခါ သူမက သူလိမ်နေသည်ဟု မထင်ပေ။
ယခင်က သူမသည် ရှီဖုန်းကို မြင်ချိန်တွင် ကျန်သည့် အဖွဲ့မှ ပိုင်ဆိုင်သည်ဟု ထင်ခဲ့သည်။ သိုသော် အတော်ကြာလေ့လာပြီးနောက် ရှီဖုန်း တစ်ဦးထဲရှိနေမှန်း တွေ့လိုက်ရသည်။ အဆင့် ၂၂ လုပ်ကြံသတ်ဖြတ်သူက မြူဖြူချောက်ကမ်းပါးအတွင်း စွန့်စားရန်က ပိုခက်ခဲပြီး ဓားသမားတစ်ဦးထက် ပိုနည်းသည်။ ထို အကြောင်းပြချက်ကြောင့် သူမက ရှီဖုန်း၏ ခွန်အားကို အကောင်းမြင်နေတာ ဖြစ်သည်။
သူတို့၏ အဖွဲ့တွင် နောက်ထပ်သန်မာသည့် ကစားသမားတစ်ဦးရှိနေလျှင် ချောက်ကမ်းပါးထဲ သူတို့က ပိုတူးဖော်နိုင်မှာ ဖြစ်သည်။ ထိုအချိန် သူတို့တွင် ယှဉ်ပြိုင်သူများရှိလာပြီး သူတို့၏ အခွင့်အရေးက ကံကောင်းအောင် လုပ်နိုင်သည်။
” ကျုပ် တကယ်မသိဘူး …။ တစ်ရက်လောက် ဂိမ်းထဲ မဝင်တာ …။ ကျုပ်မရှိတုန်း ဘာတွေ ဖြစ်ကုန်တာလဲ …”
ရှီဖုန်းက အမှန်တိုင်းပြောလိုက်ပြီး သူမျက်နှာထပ်တွင် ခါးသက်သည့် အပြုံးရှိနေသည်။
” ဒီလိုဆို ဒါကြောင့်ကိုး …။ ဒါပေမယ့် ရှင်က တကယ် အံ့သြဖို့ ကောင်းတာပဲ …။ ဂိမ်းထဲ တစ်ရက်မဝင်တာတောင် ရှင်က အဆင့် ၂၂ မှာ ရှိနေသေးတုန်းပဲ …”
ဆံနွယ်နီ အလှလေးက ရီမောလိုက်၏။
” ဒါဆို ရှင့်ကို ပြောပြမယ် …။ လွန်ခဲ့တဲ့ တစ်ရက်တုန်းက မြူဖြူချောက်ကမ်းပါးထဲက မွန်းစတားတွေထဲက တစ်ကောင်က အံ့သြဖို့ကောင်းတဲ့ အိုင်တမ်တွေ ကျလာတယ်။ ဒါကြောင့် ကျွန်မတို့ အလျင်လိုနေတာ …။ အဲဒီ အိုင်တမ်ကို ရရင် ကျွန်မတို့ ကံကောင်းပြီးပဲ …”
” အံ့သြဖို့ကောင်းတဲ့ အိုင်တမ်လား …။ ကံကောင်းမှုလား …”
ရှီဖုန်က သူ၏ မှတ်ဥာဏ်ထဲတွင် ရှာဖွေလိုက်သည်။ မကြာမီ၌ သူက ရယ်မောကာ ပြောလိုက်၏။
” ဝါးဖိုင်းယားဇက် ချပ်ဝတ်တန်ဆာ အကြောင်း ပြောတာလား …”
” အမှန်ပဲ …။ ဝါးဖိုင်းယားစက် ချပ်ဝတ်တ
န်ဆာ …”
ဆံနွယ်နီ အလှလေးက ခေါင်းညိတ်လိုက်၏။ သူမက မျက်လုံးထောင့်ကပ်ကာ ရှီဖုန်းကို ချက်ခြင်း ကြည့်ပြီးမေးလိုက်၏။
” ဒါဆို ရှင်က ဒါကို သိပြီးသာပေါ့ …”
” ပိုက်ဆံရဖို့ အခြားနည်းလမ်းရှိသေးလားလို့ သိချင် ရုံပါပဲ …”
ရှီဖုန်းက တောင်းပန်လိုက်၏။
” ဒါပေမယ့် ဝါးဖိုင်းယားစက် ချပ်ဝတ်တန်ဆာ ကျနှုန်းက အလွန်နိမ့်တယ် …။ တစ်ခု ကျရင်တောင်မှ မင်းရဲ့ ခရီးသွားလာစရိတ်ကို ကာမိဖို့ လုံလောက်မှာ မဟုတ်ဘူး …”
ဝါးဖိုင်းယားစက် ချပ်ဝတ်တန်ဆာက မြူဖြူချောက်ကမ်းပါးတွင် ပြိုင်ဘက်ကင်းပြီး ကျန်သည့် ကစားသမားများက ၄င်းကို ဝတ်ဆင်နိုင်သည်။ မှော်အမျိုးအစားက ၄င်းကို ဝတ်ဆင်လျှင် ထိုစက်က မှော်အမျိုးအစားအတွက် သင့်တော်သည့် အရည်အချင်း ထုတ်ပေမှာ ဖြစ်ပြီး ရုပ်ခန္ဓာ ဖျက်ဆီးရေး အမျိုးအစားက ဝတ်ဆင်လျှင် စက်က ရုပ်ခန္ဓာ ဖျက်ဆီးရေးသမားနှင့် သင့်တော်သည့် အရည်အချင်းကို ထုတ်ပေမှာ ဖြစ်သည်။
တန့်အမျိုးအစားက ဝတ်ဆင်လျှင် စက်များက တန့်များနှင့် သင့်တော်သည့် အရည်အချင်းကို ထုတ်ပေးမှာဖြစ်သည်။ ဆိုရလျှင် ဝါးဖိုင်းယားစက် ချပ်ဝတ်တန်ဆာက အလွန်ထူးခြားသည်။
ထိုအပြင် ဝါးဖိုင်းယားစက် ချပ်ဝတ်တန်ဆာက တိုးတက်ပြောင်းလဲနိုင်သည့် ၄င်းက ကြေးနီအဆင့်ကနေ စတင်ပြီး တစ်စုံတစ်ယောက်က EXP လုံလောက်သည့် ပမာဏ စတေးဖို့ ဆန္ဒ ရှိလျှင် သူတို့က ထိုစက်ကို ရွှေကောင်း အဆင့်အဖြစ် ပြုပြင် ပြောင်းလဲနိုင်၏။
ဝါးဖိုင်းယားစက် ချပ်ဝတ်တန်ဆာ၏ အဆင့်က အကွာအဝေး ၂၀ ကနေ ၃၀ အထိ ဖြစ်သည်။ အပ်ဗစ် အိုင်တမ်နှင့် တူညီပြီး ၄င်းက ကစားသမား၏ အဆင့်အလိုက် အဆင့်တက်နိုင်သည်။ ချပ်ဝတ်တန်ဆာ၏ အရည်အချင်းက ရိုးရှင်းစွာအဆင့် တက်နိုင်သည်။
အဆင့် ၃၀ ရှိ စက်ချပ်ဝတ်တန်ဆာက မည်သည့်အစည်းအရုံး၏ ပင်မ အဖွဲ့အတွက်မဆို ထိုသို့ အရည်အသွေးရှိသော ချပ်ဝတ်တန်ဆာက အလွန်တန်ဖိုးရှိသည်။ ၄င်းကို မြေအောက်စခန်း တစ်ခုမှရလျှင်တောင် မယုံနိုင်စရာ ကောင်းနေပြီ ဖြစ်သည်။ မြေအောက်စခန်းတွင် ကူးလ်ဒေါင်းအရှိန် ရှိသည်ကို ထည့်မပြောနှင့် ၄င်းက ပြီးပြည့်စုံသည့် စက်တစ်ခုရရန် ပိုတောင် ခက်ခဲသည်။ ထို့ကြောင့် အတိတ်တုန်းက ဝါးဖိုင်းယားစက် ချပ်ဝတ်တန်ဆာက အမျိုးမျိုးသော အစည်းအရုံးများက တင်းကြပ်စွာ ရှာလာခဲ့သည်။
သူတို့က စွမ်းအား၊ အရှိန်၊ EXP တို့ကို လုံလောက်အောင် စတေးသရွေ့ ရွှေကောင်းစက် ချပ်ဝတ်တန်ဆာကို ရနိုင်ပေသည်။ ဝါးဖိုင်းယားစက် ချပ်ဝတ်တန်ဆာက ရရှိရန်အလွယ်ဆုံး ရွှေကောင်းစက် ချပ်ဝတ်တန်ဆာ ဖြစ်သည်။
” မင်း ဘာသိလိုလဲ …”
အဲလီလီမက်တဲလ်လစ်က အထင်တသေးပြောလိုက်၏။
” တစ်စုံတစ်ယောက်က အစိတ်အပိုင်း တစ်ခုဆီ အတွက် ရွှေ ၅ ဆ ပေးဖို့ ကမ်းလှမ်းထားပြီးသား …။ ငါတို့သာ ၇ ခု စုဆောင်းနိုင်ခဲ့ရင် အဲဒီလူက ရွှေပြား ၈၀ ပေးဖို့ ဆန္ဒရှိသည် …။ အဲဒီအပြင် ဈေးနှုန်းက လွန်ခဲ့တဲ့ ၁၀ နာရီတုန်းက ထက်တက်သွားပြီး ယခု ရွှေ ၈၀ ထက်ပိုမြင့်မှာ သေချာတယ် …”
” ရွှေပြား ၈၀ လား …”
ရှီဖုန်းက မနေနိုင်ဘဲ ရယ်မောလိုက်၏။
သူတို့သာ ဝါးဖိုင်းယားစက် ချပ်ဝတ်တန်ဆာကို ပြီးပြည့်စုံအောင် ရိတ်သိမ်းနိုင်လျှင် ရှီဖုန်းက ရွှေပြား ၁၈၀ တောင် သုံးရန် ဆန္ဒရှိသည်။
အဆင့် ၃၀ ရွှေကောင်းစက် ချပ်ဝတ်တန်ဆာကို မဆိုထားနှင့် ရွှေကောင်းအဆင့် အလင်းကွင်းဒိုင်းက ရွှေပြား ၃၀ ကျော်ဖြင့် ရောင်းနိုင်သည်။
အတိတ်တုန်းက ဝါးဖိုင်းယားစက် ချပ်ဝတ်တန်ဆာအတွက် ကံကောင်းမှုကို ရှာဖွေသည့် ကစားသမား များပြားခဲ့သည်။ သို့သော် ထိုစက်ကျနှုန်းက အလွန်နှေးကွေးသည်။ အစည်းအရုံးအဖွဲ့က အချိန်အတော်ကြာ ရှာဖွေပြီးမှသာ သူတို့သည် စက်အချို့ကို ရရှိခဲ့တာ ဖြစ်သည်။
” မင်း ဘယ်လောက် စိတ်လှုပ်ရှားနေလည်း ကြည့်ပါအုံး …။ ငါတို့တွေ ပြီးပြည့်စုံတဲ့စက် ရတာနဲ့ ရွှေ ပြား ၈၀ ရပြီပဲ …”
ဆံနွယ်နီ အလှလေးက ရယ်မောလိုက်၏။
” ဒီလိုဆိုရင်ရော မင်းတို့တွေ ဘာစက်ပဲရရ ရွှေ ၁၀ ဆီနဲ့ ဝယ်မယ် …”
ဆံနွယ်နီ အလှလေး၏ အဖွဲ့ကအတော်လေး အားကောင်းကြောင်း ရှီဖုန်း ဆုံးဖြတ်ချက်ချပြီး ဖြစ်သည်။ ရက်အနည်းငယ်ပေးလိုက်လျှင် သူတို့က တစ်ခုစ နှစ်ခုစ ရလာနိုင်သည်။ ဝါးဖိုင်းယားစက် ချပ်ဝတ်တန်ဆာကို တိုက်ရိုက်လိုက်တာကလည်း ဆိုးဝါးသည့် အကြံမဟုတ်ပေ။ ရွှေကောင်းစက် ချပ်ဝတ်တန်ဆာကဲ့သို့ အိုင်တမ်များက မြေအောက်စခန်းများကို အလစ်ဝင်တိုက်ရန်အတွက် အသုံးပြုသည်။ လွတ်လပ်သော တစ်ကိုယ်တော်ကစားသမားအတွက် ၄င်း၏ အသုံးပြုမှုက အကန့်အသက်ရှိသည်။
” မင်းတို့ အပိုင်းအစ ၇ ခု စုနိုင်ရင် ၁၁ ခုကို ရွှေပြား ၁၈၀ နဲ့ ဝယ်မယ် …”
ရှီဖုန်း၏ ကမ်းလှမ်းမှုကို ကြားပြီနောက် ဆံနွယ်နီ အလှလေး၏ အဖွဲ့က ကြောင်အသွားသည်။
ရှီဖုန်းက ရိုးရိုးရှင်းရှင်းဖြင့် ရွှေ ၁၈၀ ဖြင့် ကမ်းလှမ်းခဲ့သည်။ ရွှေကွိုင်များစွာကို ရရန် မလွယ်ကူနိုင်ပေ။ တစ်စုံတစ်ယောက် ၄င်းတို့ကို လက်ခံရန် ခရက်ဒစ်များရှိနေရင်တောင် ရရန်မလွယ်ပေ။ ကြွယ်ဝသော ကစားသမားများတောင် တစ်ချက်ထဲဖြင့် ထိုမျှ များပြားသော ရွှေပမာဏများ ပေးလေ့မရှိပေ။ သို့သော် သူတို့သည် ထိုကဲ့သို့ ကစားသမားတစ်ဦးနှင့် အမှန်တကယ်တွေ့ခဲ့ရသည်။
တစ်ချိန်ထဲတွင် သူတို့ ၆ ယောက်က တွေးလိုက်မိ၏။ သူတို့က နတ်ဘုရားလို သူဌေးကြီးကို တွေ့ရတာပဲ ဖြစ်မယ်။