ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 423 နောက်ဆုံးဂူ
” ရှင် တကယ်ပြောတာလား …”
ဆံနွယ်နီ အလှလေးက ရှီဖုန်းအပေါ် သူမ၏ အမြင်ကို မတွေးဘဲ မနေနိုင်ပေ။ သူမက သူ မည်သူ မည်ဝါ ဖြစ်ကြောင်း စစ်ဆေးသည့် စွမ်းအင်ကို အသုံးပြုလိုက်၏။
သို့သော် ရှီဖုန်းသည် အဆင့် ၂၂ ကစားသမားဟုသည့် အချက်မှ လွဲ၍ ရှီဖုန်းအကြောင်း ဖုံးကွယ်ထားသည့် အချက်အလက်များ မရလိုက်ပေ။
မိန်းမလှေလး၏ အပေါင်းအဖော်များကလည်း ရှီဖုန်းအပေါ် အာရုံစိုက်ထားပြီး သူတို့၏ သံသယကို သူအတည်ပြုပေးနိုင်ရန် မျှော်လင့်နေသည်။
ရှီဖုန်း၏ ဝါးဖိုင်းယားစက် တစ်စကို ရွှေပြား ၁၀ ဖြင့် ကမ်းလှမ်းခြင်းက ကျန်သည့်သူများ ကမ်းလှမ်းတာထက် ကျော်လွန်နေသည်။ ထို့အပြင် သူတို့သာ စက်တစ်ခုလုံးကို စုဆောင်းနိုင်လျှင် ထိုဓားသမားအတွက် ရွှေပြား ၁၈၀ ဖြင့် ရောင်းချနိုင်မည် ဖြစ်ကာ သူတို့ ချမ်းသာတော့မှာ ဖြစ်သည်။
” ဒါပေါ့ …။ ကျုပ်တို့ ဖရန့် အပ်လို့တောင် ရသေးတယ်လေ …။ မင်းတို့သာ ဝါးဖိုင်းယားစက်ရသရွေ့ အချိန်မရွေး ဆက်သွယ်လို့ ရတယ် …”
ရှီဖုန်းက ပြောပြီး ပြုံးလိုက်၏။
ရယ်စရာပဲ။ ဒါက ဝါးဖိုင်းယားစက် ချပ်ဝတ်တန်ဆာလေ။ သူသာ ရွှေပြား ၁၈၀ နဲ့ ဝယ်လိုက်လျှင် အကျိုးအမြတ်ရှိရုံပဲ ရှိတယ်။
ရွှေကောင်းစက် ချပ်ဝတ်တန်ဆာက အဆင့် ၂၀ မှ ကျလာတာဖြစ်ပြီး လူအယောက် ၅၀ စာ ကြီးမားသည့် အသင်း မြေအောက်စခန်းနဲ့ ညီမျှသည်။ ထို့အပြင် သူတို့က ခက်ခဲသည့် အဆင့်တွင်သာ ကျလေ့ရှိသည်။ လူအယောက် ၁၀၀ ငရဲခန်း အဖွဲ့ မြေအောက်စခန်းက မဟူရာရွှေစက် ချပ်ဝတ်တန်ဆာများ ကျလာသည်။ ကံဆိုးသည်မှာ ပြီးပြည့်စုံသည့် စက်တစ်ခုကို စုဆောင်းရန်အတွက် ခက်ခဲလွန်းသည်။
ဝါးဖိုင်းယာစက် ချပ်ဝတ်တန်ဆာအတွက်မှု ရှီဖုန်းက ၄င်းကို ရိတ်သိမ်းရန်အတွက် တန်ဖိုးရှိသည့် နေရာတစ်ချို့ကို ပြန်စဉ်းစားလိုက်သည်။
ထိုနေရာများက ပစ္စည်း ကျနှုန်းမြင့်မားသောကြောင့် မဟုတ်ဘဲ တိုက်ပွဲဝင်မျောက်များက ထိုနေရာတွင် ရှိနေသောကြောင့် ဖြစ်သည်။ မျောက်များများသတ်လေလေ သူတို့တွင် စက်ချပ်ဝတ်တန်ဆာ ကျရန် အခွင့်အရေး ပိုမြင့်လေ ဖြစ်သည်။
ရှီဖုန်းက သူကိုယ်တိုင် အပိုင်းအစ အနည်းငယ် လိုက်စုဆောင်းရန် ဆန္ဒရှိသော်လည်း ထိုနေရာများက လုံလောက်အောင် အားကောင်းသည့် အဖွဲ့ရှိရန် လိုအပ်သည်။ ဇီးရိုးဝင်း၏ လက်ရှိ အယောက် ၅၀၀ အဖွဲ့ဖြင့် ထိုနေရာများကို ရိတ်သိမ်းခြင်းက သတ်သေခြင်းသာ ဖြစ်ပေသည်။ အနည်းဆုံးတော့ သူတို့သည် အလွှာတစ် ကစားသမား အဖွဲ့ ၅၀၀ ရှိရန် လိုအပ်၏။
ယခုအချိန်တွင် ရှီဖုန်းလုပ်နိုင်သည့် တစ်ခုတည်းသော အရာက မြူဖြူချောက်ကမ်းပါး၏ အတွင်းပိုင်းဒေသသို့ ဝင်ရောက်ပြီး ကြယ်မီးသတ္တုရိုင်း သတ္တုတွင်းကို သွားရန်ဖြစ်သည်။
” အတိအကျပဲ …။ ကျွန်မရဲ့ နာမည်က တိမ်သူတော်ကောင်းပါ …။ ဝါးဖိုင်းယားစက် ချပ်ဝတ်တန်ဆာရရင် ကျွန်မတို့ ရှင်ကို ဆက်သွယ်လိုက်ပါမယ် …”
တိမ်သူတော်ကောင်းက ရှီဖုန်းဆီ မိတ်ဆွေဖွဲ့သည့်စာ ပို့လိုက်၏။
ရှီဖုန်းက ခလုတ်နှိပ်ပြီး လက်ခံလိုက်၏
” ဘလက်ဖလိမ်းလား …။ ဟုတ်ပြီ …။ ကျွန်မ မှတ်ထားလိုက်မယ် …”
ရှီဖုန်း၏ ပုံက သူမ၏ ဖရန့်စာရင်းတွင် ပေါ်လာတာ မြင်သောအခါ တိမ်သူတော်ကောင်းက ခေါင်းညိတ်လိုက်၏။
“ချပ်ဝတ်တန်ဆာ ရတာနဲ့ ကျွန်မတို့ ရှင့်ကို ဆက်သွယ်လိုက်ပါမယ် …။ အဲဒီအခါ ကျွန်မခေါ်တာကို မငြင်းဖို့ မျှော်လင့်ပါတယ် …”
ရှီဖုန်းက ရိုးရှင်းစွာ ပြုံးပြီးနောက် ချောက်ကမ်းပါးထဲ ဝင်သွားသည်။ တစ်ချိန်ထဲတွင်သူက ရေနှင်းဆီကို ဆက်သွယ်လိုက်၏။
” အစည်းအရုံးခေါင်ဆောင် .. နောက်ဆုံးတော့ အွန်လိုင်း တက်လာပြီးပဲ …။ ရှင့်အတွက် အရေးကြီးတဲ့ သတင်းအချို့ရှိတယ် …”
ရေနှင်းဆီက ပြောပြီး ပြုံးလိုက်၏။
” မြူဖြူချောက်ကမ်းပါးအတွင်း အပြင်လူတွေ အများကြီး ရောက်နေတာကို ပြောမလို့မလား …။ ငါအဲဒီ အကြောင်းသိပြီးပြီ မင်းတို့ အခုဘယ်မှာလဲ …။ ချောက်ထဲမှာ မင်းတို့တွေကို ဘာကြောင့် မတွေ့ရတာလဲ …။ အဖွဲ့ရဲ့ အဆင့်က ဘယ်မှာလဲ …”
ရှီဖုန်းချောက်ကမ်းပါးသို့ ရောက်နေပြီ ဖြစ်သည်။ သို့သော် ထိုဒေသက လူသူကင်းမဲ့နေတာကြောင့် သူ့ကို အတော်လေး စိုးရိမ်ပူပန်စေသည်။
” အခု ကျွန်မတို့ ဘယ်ရောက်နေမှန်း မသိဘူး …။ ကျွန်မတို့တွေ ချောက်ကမ်းပါးထဲ ဆက်တိုးဝင်နေတာ …။ ဒါပေမဲ့ ချောက်ကမ်းပါးရဲ့ အတွင်းပိုင်းဒေသကနေ မီးတောက်အစောင့် တစ်ဒါဇင်ကျော် ရုတ်တရက် ပြေးထွက်လာတယ် …။ အဲဒီ မီးတောက်အစောင့်တွေက အဆင့် ၂၈ သခင်တွေကြီးပဲ …။ သူတို့ရဲ့ မီးတောက်နယ်မြေက အားကောင်းလွန်းတယ် …။ တိုက်ပွဲဝင်မျောက် စစ်တပ်က ကျွန်မတို့ကို ချောက်ကမ်းပါး အပြင်ဘက်မှာ စောင့်နေတော့ ရွေးချယ်စရာ မရှိဘဲ မြူဖြူချောက်ကမ်းပါးအတွင်း ထပ်ဝင်သွားရတာ …”
“ကံကောင်းလို့ တော်သေးတယ် …။ ကျွန်မတို့တွေ နောက်ဆုံးဂူလို့ ခေါ်တဲ့ နေရာတစ်ခုဆီ ဆုတ်လိုက်နိုင်တယ် …။ မီးတောက်အစောင့်တွေက ကြီးမားလွန်းတော့ ဂူထဲကို လိုက်မလာနိုင်ဘူး …။ ဒါပေမဲ့ သူတို့က ဝင်ပေါက်မှာ စောင့်ကြပ်နေကြတော့ ကျွန်မတို့ ထွက်မလာနိုင်ဘူး …”
“နောက်ဆုံးဂူလား …။ ဘယ်မှာလဲ …”
ရှီဖုန်းက အံ့သြသွားသည်။
သူသည် မြူဖြူချောက်ကမ်းပါးနှင့် အတော်လေး ရင်းနှီး အကျွမ်းဝင်သည်။ နောက်ဆုံးဂူကို တစ်ခါမှ မကြားခဲ့ဖူးပေ။
“ကျွန်မတို့ မသိဘူး …။ စနစ်မြေပုံက ကျွန်မတို့နေရာကို မပြထားဘူး …။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီဂူက ကျယ်တယ် …။ ဒီမှာ မွန်းစတားတွေလည်းရှိနေတယ် …။ ကံကောင်းတာက အရှင်သခင်အဆင့် မွန်းစတားတွေ မဟုတ်ဘူး …။ ဒါကြောင့် ကျွန်မတို့တွေ သတ်ဖြတ်နိုင်သေးတယ် …”
ရေနှင်းဆီက သူတို့ လက်ရှိတည်နေရာအကြောင်း ဘာမှမသိပေ။ ရှီဖုန်း လိုင်းပေါ်က ဆင်းသွားချိန်တွင် သူတို့က သူတို့အသက်အန္တာရာယ်အတွက် လွတ်မြောက်အောင်ကြိုးပမ်းရင်း အလုပ်များနေကာ သူတို့မည်သည့်နေရာကို ထွက်ပြေးမှန်း စိုးရိမ်ပူပန်ရန် အချိန်မရှိပေ။
“ငါကို အဖွဲ့ဆီ အပ်လိုက် …။ ဂူထဲ သိပ်မဝင်သွားနဲ့ ငါလာနေပြီး …”
ရှီဖုန်းက အလျင်စလိုပြောပြီး မျက်မှောင်ကြိုတ်လိုက်၏။
မြူဖြူချောက်ကမ်းပါးအတွင်း အန္တာရာယ်များသည့် နေရာများပြားလွန်းပြီး ရေနှင်းဆီနှင့် ကျန်သည့် သူများက နေရာတစ်ခု ရှာတွေသွားတာ ဖြစ်နိုင်ခြေများသည်။
နတ်ဘုရားနယ်မြေထဲတွင် အန္တာရာယ်များသော နေရာများက မူလဓားနယ်မြေထဲသို့ ရှီဖုန်း တွေ့ကြုံခဲ့ရသည့် အေးစက်သော ရေအိုင်ကဲ့သို့ပင် ကစားသမားများအတွက် တားမြစ်ထားသော မြေဖြစ်သည်။ တစ်စုံတစ်ယောက်က သင့်တော်သည့် အန္တာရာယ်းခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်သည့် စွမ်းအင် မပိုင်ဆိုင်ထားလျှင် သူတို့က သေမှာ သေချာ၏။
ရေနှင်းဆီက ရှီဖုန်းကို ဖိတ်ခေါ်ရန် အဖွဲ့တစ်ဖွဲ့ ခေါ်ပြီးနောက် သူမက သတိပေးလိုက်သည်။
“အစည်းအရုံးခေါင်းဆောင် ..။ ရှင် ဂရုစိုက်ဖို့ လိုတယ် …။ ဂူဝင်ပေါက် အပြင်ဘက်မှာ မီးတောက်အစောင့် တစ်ဒါဇင်ကျော်ရှိနေတယ် …”
” အင်း …။ ငါနားလည်ပြီ …”
ရှီဖုန်းက ခေါင်းညိတ်လိုက်၏။
ရှီဖုန်းက အဖွဲ့နှင့် ဆက်သွယ်ပြီးနောက် သူက အဖွဲ့ခြေရာခံခြင်းကို အသက်သွင်းလိုက်၏။
ထိုနည်းဖြင့် ရှီဖုန်းသည် အဖွဲ့ဝင်များ ရှိသည့် နေရာကို ခြေရာခံနိုင်ပြီး သူတို့နှင့် တွေ့ဆုံနိုင်မှာ ဖြစ်သည်။
“တောင်ပိုင်းကို သွားတဲ့ ကျောက်တုံးတောလား …”
ခြေရာခံခြင်းကို အသက်သွင်းပြီးနောက် ရှီဖုန်းသည် အက်ကွဲနေသော ကျောက်ဆောင်များပေါ်တွင် တောက်ပနေသော ခပ်ရေးရေးခြေရာများကို တွေ့ရ၏။ ထိုခြေရာများက ရေနှင်းဆီ၏ ခြေရာများဖြစ်သည်။
မြူဖြူချောက်ကမ်းပါး အတွင်းပိုင်းဒေသရှိ ကျောက်တုံးတောက ရှုပ်ထွေးပြီး ပရမ်းပတာ ဖြစ်လွန်းသည်။ မြေပုံ တစ်ခုဖြင့်တောင် ထိုနေရာတွင် အလွယ်တကူ လမ်းပျောက်သွားနိုင်သည်။ သို့သော် ကျောက်တုံးတောထဲရှိ လမ်းများက ကျဉ်းမြောင်းလွန်းသည်။ ထိုကြောင့် ရန်သူလိုက်လာမှုကို ဖယ်ခွာရန်အတွက် ပြီးပြည့်စုံသည့် နေရာတစ်ခုဖြစ်သည်။
လမ်းတစ်လျှောက်တွင် ရှီဖုန်းက ခြေရာများနောက် လိုက်လာပြီး အဆင့်မြင့် မွန်းစတားများကို ဂရုတစိုက် ရှောင်တိန်းရသည်။
သို့သော် ရေနှင်းဆီကို ၁၀ မိနစ်ကျော်ခန့် ခြေရာခံပြီးနောက် ခြေရာများ ရုတ်တရက် ပျောက်သွားတော့သည်။ ၄င်းက ရေနှင်းဆီ ပျောက်ကွယ်သွားသည်နှင့် ဆင်တူ၏။
” သူတို့တွေ ဘယ်လို ပျောက်ကွယ်သွားတာလဲ …”
ရှီဖုန်းက မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ့ ရှေ့ရှိ လစ်နေသော ဟင်လင်းပြင်ကို စစ်ဆေးလိုက်သည်။ အနီးအနားတွင် ဂူရှိသည့် လက္ခာဏာမပေါ် မီးတောက်အစောင့် တစ်ဒါဇင်ကျော်လည်း ရှိမနေ။
ရှီဖုန်းက အနားပတ်ဝန်းကျင်ကို ရှာဖွေရန် ဆုံးဖြတ်ချက်ချလိုက်၏။ ထိုသို့တိုင် သူသည် ဘာခြေရာလက်ရာမှ မတွေ့ရပေ။ ရေနှင်းဆီ၏ ခြေရာကလည်း ပျောက်သွားပြီ ဖြစ်သည်။
” အရံအတား တစ်ခုများဖြစ်နေမလား …”
ထိုသိုတွေးပြီးနောက် သူသည်ဖြစ်နိုင်ခြေ တစ်ခုကို စဉ်းစားမိလိုက်သည်။
နတ်ဘုရားနယ်မြေထဲတွင် အမျိုးမျိုးသော အရံအတားများရှိသည်။ အချို့က အထဲတွင် ပိတ်မိနေကြပြီး အချို့ကသေစေနိုင်လောက်ကာ အချို့က နေရာများကို ဖုံးကွယ်ထားနိုင်စွမ်းရှိသည်။ သို့သော် တိကျတဲ့ အခြေအနေက အရံအတား တစ်ခုနှင့် ကြုံတွေသွားတာပဲ ဖြစ်ရမည်။
ရေနှင်းဆီနှင့် ကျန်သည့်သူများက ထိုတောင်းဆိုချက်များနှင့် ပြည့်စုံနေတာ ဖြစ်ရမည်။ ထို့ကြောင့် သူတို့က အဟန့်အတားထဲ ဝင်နိုင်ခဲ့၏။ သို့သော် ရှီဖုန်းက မဝင်နိုင်ပေ။
ထို့ကြောင့် ရှီဖုန်း ပြဿနာတက်နေခြင်း ဖြစ်သည်။
ကစားသမား ၅၀၀ ရှိသော အဖွဲ့တစ်ဖွဲ့ဖြင့် သူတို့သည် အဟန့်အတားတစ်ခုအတွင်း ဝင်ရန် မည်သည်ကို ခလုတ်နှိပ်ဖွင့်မိမှန်း မည်သူက သိမည်နည်း။
တောင်းဆိုချက်က ဘာမှန် မည်သူကတောင် သိနိုင်မည်နည်း။
” အလုံးစုံသိမြင် မျက်လုံးက အလုပ်ဖြစ်မလား သိချင်မိတယ် …”
ရှီဖုန်းက ခြေရာများ ပျောက်သွားသည့် နေရာသို့ လျှောက်သွားလိုက်သည်။ ပြီးနောက် အလုံးစုံ သိမြင် မျက်လုံးကို အသက်သွင်းလိုက်၏။
အလုံးစုံ သိမြင် မျက်လုံးက ကိုက် ၁၀၀ အတွင်းရှိ အချက်အလက်များအားလုံးကို ဖော်ထုတ်ပေးကာ ၄င်းကနေ မည်သည့်အရာများ မဖုံးကွယ်နိုင်ပေ။
ရှီဖုန်းက အလုံးစုံသိမြင် မျက်လုံးကို အသက်သွင်းပြီနောက် နှလုံးတစ်ချက် ခုန်သွားတော့သည်။
သူရှေ့တွင် အပြာနုရောင် နံရံရှိသည်။ နံရံ၏ နောက်ကွယ်တွင် ဂူတစ်ဂူ၏ ဝင်ပေါက်နား၌ စောင့်ကြပ်နေသော မီးတောက်အစောင့်အကြပ်များ ရှိနေသည်။ သို့သော် သူတို့၏ ကြီးမားသော ခန္ဓာကိုယ်ကြောင့် အထဲသို့ မဝင်နိုင် ဖြစ်နေသည်။ သို့သော်ငြား ကစားသမားတစ်ဦးအတွက် ဝင်ရောက်ရန် ခက်ခဲအောင် သူတို့က လုပ်ထားသည်။
မီးတောက်အစောင့် အရှင်အဆင့်
အဆင့် ၂၈
ထိုမီးတောက်အစောင့်အကြပ်များက ထိန်းမရသည့် အခြေအနေတွင် ရှိနေပြီး သူတို့က သာမန်အရှင်အဆင့် မွန်းစတားများထက် ပိုအားကောင်းသည်။ မီးတောက်အစောင့်အကြပ် တစ်ယောက်ထဲဖြင့် လူအယောက် ၁၀၀ ရှိသော အဖွဲ့ကို အလွယ်တကူ ခြေမုန်းလိုက်နိုင်သည်။ ၁၂ ယောက် စုစည်းထားသောအခါ ထောင်ချီ လက်ရွှေစင် ကစားသမားတပ်ဖွဲ့တောင် သူတို့ရှေ့တွင် ပုရွက်ဆိတ် များထက် မပိုပေ။
မူလက ရှီဖုန်းသည် အဟန့်အတားထဲ ချိုးဖြတ်ဝင်ရောက်ရန် သူ စဉ်းစားခဲ့သေးသည်။ သို့သော် ဂူအပြင်ဘက်တွင် ရှိသော မီးတောက်အစောင့်များက သူကို ရှာဖွေတွေ့ရှိသွားသည့်အလား သူတို့က ရှီဖုန်းကို ရုတ်တရက် စိုက်ကြည့် နေကြ၏။
အော်ညည်းသံများ ထွက်လာကာ သူတို့ လက်ထဲမှမီးတောက်များကို ထုတ်ဖော်ပြီး မီးတောက်စစ်ပွဲတူများဖြင့် အသွင်ပြောင်းလိုက်သည်။ ထိုစစ်ပွဲတုများမှ တစ်ခုက ကစားသမားတစ်ဦးကို ချက်ချင်း ထိသွားစေနိုင်ပြီး ပြာဖြစ်သွားစေနိုင်၏။
” မဖြစ်နိုင်တာ …”
ရှီဖုန်းက မီးတောက်အစောင့်များ တိုက်ခိုက်တော့မည်ကို မြင်ပြီး ကြောင်အ သွား၏။ သူတို့ထဲမှ တစ်ကောင်က ရက်စက်ကြမ်းကြုတ်သည့် ဆန္ဒ ဖြာထွက်နေ၏။
ရှီဖုန်းက တုံ့ဆိုင်းမနေဘဲ ချက်ချင်း လှည့်ပြေးတော့၏။
ရှီဖုန်း သိပ်ဝေးဝေးမသွားရသေးခင် အပြာနုရောင်အဟန့်အတားနံရံက ချက်ချင်း ပြိုကွဲသွားပြီး မီးတောက်အစောင့်၏ တူများက ၄င်းကို ထိသွား၏။ ထိုအရှင်က ရှီဖုန်းဆီကို မုန်တိုင်းသဖွယ် ဝင်ရောက်လာတော့သည်။