ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 426 နတ်ဘုရား လက်နက်တစ်ခု
ရှီဖုန်းက အလုံးစုံသိမြင် မျက်လုံးဖြင့် လည်ဆွဲကို စစ်ဆေးချိန်တွင် ဖြစ်စဉ် ပြီးမြောက်ရန်အတွက် ၁၀ စက္ကန့်သာ အချိန်ယူရသည်။ ရှီဖုန်းက ယခင်က အမည်မသိအိုင်တမ်ကို ရခဲ့လျှင် အလုံးစုံသိမြင် မျက်လုံးကို အသုံးပြုခဲ့သည်။ သို့သော် ထို့အရာများက ၁ စက္ကန့် ၂ စက္ကန့်သာ အချိန်ယူရပြီး အဆင့်မြင့် အိုင်တမ်များက ၂ စက္ကန့် ၃ စက္ကန့်ခန့် အချိန်ယူရန်လိုအပ်သည်။ မဟူရာရွှေ အိုက်တမ်များတောင် ၄ စက္ကန့်မှ ၅ စက္ကန့် အချိန်ယူရန် လိုအပ်သည်။
သို့သော် လည်ဆွဲက ၁၀ စက္ကန့် လိုအပ်၏။
” ဂျက်စ်အော့ဖ် …”
ရှီဖုန်းက မပြုံးပဲ မနေနိုင်တော့ပေ။
အဆင်တန်ဆာများက လက်နက်များ ချပ်ဝတ်တန်ဆာများထက် ရရှိရန် ပိုခက်ခဲသည်။ အဆင့် ၄၀ ရောက်ပြီးသည့်တိုင် နတ်ဘုရားနယ်မြေထဲရှိ အဓိက ကစားသမားအများစုက အဆင့် ၂၀ ဝန်းကျင်ရှိ အဆင်တန်ဆာများသာ ရသေးသည်။ ထို့အပြင် ထိုအဆင်တန်ဆာများက အရည်အသွေးနိမ့်ပြီး ဆန်းကျယ် သံမဏိအဆင့်သာ ရှိပြီး သာမန်မျှသာ ဖြစ်ကာ လျှိုဝှက်ငွေအဆင့်က ပိုအားကောင်းသည့် အဆင့်ဖြစ်သည်။
” အစည်းအရုံခေါင်းဆောင် … ဘယ်လောက်ပျော်နေလည်း ကြည့်ပါအုံး …။ ဒါ ဘယ်လို ရတနာလဲ …”
မီးလျှံကကြိုးက ရှီဖုန်း၏ အပြုံးကို မြင်သောအခါ သိချင်စိတ်ဖြင့် မေးလိုက်၏။
” ငါ မသိဘူး …”
ရှီဖုန်းက ခေါင်းခါလိုက်သည်။
” စစ်ဆေးနေတုန်းပဲ …”
၁၀ စက္ကန့်ခန့် ကြာပြီးနောက် စနစ်ကနေ စာတစ်စောင် ဝင်လာပြီး ပစ္စည်း၏ အပြီးသက်ခြင်းကို ပြလေသည်။
ရှီဖုန်းက မဟူရာအပြာရင့်ရင့် သလင်းလည်ဆွဲကို နှိပ်ပြီး ၄င်း၏အရည်အချင်းကို စစ်ဆေးကြည့်လိုက်သည်။
” ဘာ …”
ရှီဖုန်း၏ မျက်လုံးများက လည်ဆွဲ၏ စွဲဆောင်ရည်ကို မြင်သောအခါ တောက်ပ သွားသည်။
အီခါရက်၏ နှလုံးသား၊ လည်ဆွဲ၊ ကြေးနီအဆင့်၊ ဆင့်ကဲပြောင်းလဲနိုင် ..။
ချပ်ဝတ်တန်ဆာလိုအပ်ချက် : ပင်ကိုယ် အရည်အချင်း အားလုံး ၉၀
အဆင့် ၂၀၊ အဆင့် ၅၀ လက်ရှိတွင် အဆင့် ၂၀
ပင်ကိုယ် အရည်အချင်းများ +၈
ကံကောင်းမှု +၅
ထပ်တိုးအရည်အချင်း : အနုတ် –
နတ်ဘုရား စောင့်ရှောက်ပုံ ကစားသမားတစ်ဦး၏ ကံကို စက္ကန့် ၃၀ စာအတွက် အမှတ် ၂၀ ဖြင့် ယာယီတိုးပေးနိုင်သည်။
ကူးလ်ဒေါင်း : ၁ နာရီ
ဆင့်ကဲပြောင်းလဲရန် တောင်းဆိုချက် : အရှင်သခင်အဆင့် မွန်းစတား ၁၀၀ ၏ ဝိညာဉ်ကို စုပ်ယူပြီး ဆန်းကျယ်သံမဏိ အဆင့်ကို ဆင့်ကဲပြောင်းလဲခြင်း (0/100)
အီခါရက်၏ နှလုံးသားက ယခုအချိန်တွင် အရည်အချင်းနိမ့်ပြီး ကြေးနီအဆင့်သာ ရှိသေးသော်လည်း ကံကောင်းမှု ၅ မှတ်က တန်ဖိုးကြီးသည်။ ပိုတန်ဖိုးကြီးသည်ကား ၄င်းတွင် နတ်ဘုရားစောင့်ရှောက်မှု ရှိပြီး ၄င်းက ကစားသမား၏ ကံကို အမှတ် ၂၀ အထိ ချက်ခြင်း တိုးပေးနိုင်ခြင်း ဖြစ်သည်။ ၄င်းက ကစားသမားတစ်ဦးကို ကံကောင်းမှု ၂၅ မှတ် ကမ်းလှမ်းတာပဲ ဖြစ်သည်။
ကံကောင်းသည့် အရည်အချင်းက နတ်ဘုရားနယ်မြေထဲတွင် တန်ဖိုးအရှိဆုံး အရည်အချင်း ဖြစ်သည်။ ၄င်းက မွန်းစတားများကို သတ်ဖြတ်ချိန်တွင် ချပ်ဝတ်တန်ဆာ ကျနှုန်းကို တိုးစေရုံသာမက အိုင်တမ်များ ထုတ်လုပ်သည့် အချိန်တွင် အောင်မြင်နိုင်သောနှုန်းကိုလည်း တိုးစေသည်။ ၄င်းက ဘဝပုံစံ ကစားသမားအတွက် အလွန်တန်ဖိုးကြီးသော အရည်အချင်း ဖြစ်ပြီး ၄င်းက ဘယ်တုန်းမှ ဒိတ်မအောက်သွားသည့် အရည်အချင်းတစ်ခုဖြစ်သည်။
ကံကောင်းမှု တစ်မှတ်ရှိရုံဖြင့် ကစားသမားတစ်ဦး၏ လက်ရှိအဆင့်တွင် သူတို့၏ ပစ္စည်းကျနှုန်းက နှစ်ဆနီးပါး ဖြစ်သွားမှာ ဖြစ်သည်။ ကံကောင်းခြင်းတန်ဖိုး တိုးစေမှုက ပြန်ရောက်လာနိုင်ချေကို လျော့ပါးစေသော်လည်း ကံကောင်းမှု ၂၅ မှတ်က ပစ္စည်းကျနှုန်းကို ၆ ဆ၊ ၇ ဆခန့်ထိ တိုးစေတုန်းဖြစ်သည်။
ရှီဖုန်းသာ ဘော့စ်တစ်ကောင်ကို သတ်ဖြတ်ချိန်တွင် နတ်ဘုရားစောင့်ရှောက်မှုကို အသက်သွင်းလိုက်လျှင် သူ၏ ကံက မိုးထိအောင် တက်သွားပြီး အဆင့်မြင့် အိုင်တမ်ရနိုင်ချေက တိုးတက်သွားမှာ သိသာသည်။ ယခင်က ရှီဖုန်းသည် ကံကောင်းမှု ၃ မှတ်ထဲဖြင့် အရိပ်၏ ကောင်းချီကို ရိတ်သိမ်းနိုင်ခဲ့သည်။
ပုံမှန်ဆို အရှင်သခင် အဆင့်ဘော့စ်များက လျှို့ဝှက်ငွေ အိုင်တမ်များသာ ကျလေ့ရှိပြီး ရွှေစင်အိုင်တမ်များက တစ်စုံတစ်ယောက် ကံကောင်းမှသာ ရရှိသည်။ ကံကောင်းမှု ၂၅ မှတ်ဖြင့် ရှီဖုန်းက အရှင်သခင်တစ်ကောင်ကို သတ်ဖြတ်ချိန်တွင် ရွှေစင်အိုင်တမ်ကို ရနိုင်လုနီးပါးရှိသည်။ သူက အဆင့်မြင့်အရှင်သခင်ကို သတ်ဖြတ်ခဲ့လျှင် မဟူရာရွှေ အိုင်တမ်များ ကျလာလောက်သည်။
အီခါရက်၏ နှလုံးသားက အက်ဗစ်အိုင်တမ် တစ်ခုထက်တောင် ပိုတန်ဖိုးရှိသည်။ ကံဆိုးသည်မှာ အီခါရက် နှလုံးသားအတွက် ချပ်ဝတ်တန်ဆာ လိုအပ်မှုက အတော်လေးမြင့်ပြီး ပင်ကိုယ်အရည်အချင်းအားလုံးသည် ၉၀ မှတ်ရရန် လိုအပ်သည်။ ဇီးရိုးဝင်းတွင် ၄င်းကို တပ်ဆင်နိုင်တာ ရှီဖုန်းတစ်ယောက်သာ ရှိသည်။
ငါက ဒါကို ဆင့်ကဲပြောင်းလဲဖို့ အရှင်သခင် ၁၀၀ ကို သတ်ဖို့လိုတာပဲ။ သူရဲ့တောင်းဆိုမှုက အတော်လေးမြင့်တယ်။ အီခါရက် နှလုံးသား၏ ပင်ကိုယ်အရည်အချင်းကို ဖတ်ရှု့ပြီးနောက် ရှီဖုနန်း၏ စိတ်ထဲတွင် အကြံများစွာ ပေါ်လာခဲ့သည်။ ဝါးဖိုင်းယားစက် ချပ်ဝတ်တန်ဆာက မြူဖြူချောက်ကမ်းပါးအတွက် ပြိုင်စံရှားပြီး မရေမတွက်နိုင်သည့် အစည်းအရုံးများ ရရှိရန် အိမ်မက်မက်နေကြသည်။ အဆင့် ၃၀ ရွှေစင်စက် ချပ်ဝတ်တန်ဆာဖြစ်သည်။
လက်ရှိတွင် အီခါရက် နှလုံးသားက ကြေးနီအဆင့်သာ ရှိသေးသည်။ သူသာ ၄င်းကို ရွှေစင် သို့မဟုတ် မဟူရာရွှေအဆင့်သို့ ပြောင်းလဲလိုက်လျှင် ၄င်းက ကံကောင်းမှု အမှတ် ပိုရနိုင်သည်။ ထိုအချိန်ရောက်လျှင် ကြီးမားသည့်အဖွဲ့ မြေအောက်စခန်းများကို တိုက်ခိုက်ချိန်၌ ၄င်းက နတ်ဘုရားလက်နက်တစ်ခု ဖြစ်သွားမှာပေ။
ဇီးရိုးဝင်းက ယခုအချိန်တွင် အာရုံစိုက်မှု အလယ်သို့ ရောက်နေပြီးသား ဖြစ်သည်။ ဇီးရိုးဝင်းသည် အီခါရက် နှလုံးသားကဲ့သို့ အိုင်တမ်မျိုး ပိုင်ဆိုင်ထားမှန်း ကျန်သည့် အစည်းအရုံးများ သိပါက သူတို့သည် ရှီဖုန်း၏ အစည်းအရုံးနှင့် စိတ်ရှည်သည်းခံမှု ဆုံးရှုံးသွားမှာ ဖြစ်သည်။ ဇီးရိုးဝင်းကို တိုက်ခိုက်ရန် သူတို့ ပူးပေါင်းဖို့က ဖြစ်နိုင်ချေများသည်။ ထို့ကြောင့် ရှီဖုန်းသည် အီခါရက် နှလုံးသားကို ကျန်သည့်သူများ ရှာဖွေတွေ့ရှိသွားရန် ရည်ရွယ်ချက်မရှိပေ။
ထို့အပြင် သူက ထိုအကြောင်းကို သိမ်းထားပြီး ကံကောင်းအောင် ဥစ္စာဓနရှာချင်သည်။ သူ၏ လျှို့ဝှက်ကဒ်ကို ထုတ်ဖော်လျှင် သူက အရူးတစ်ယောက်ဖြစ်သွားပေလိမ့်မည်။
” မီးလျှံကကြိုး .. ငါတို့ပြန်ကြမယ် …”
ရှီဖုန်းက ခပ်ရေးရေးပြုံးပြီးနောက် အီခါရက် နှလုံးသားအတွက် သူ့လည်ပင်းတစ်ဝိုက်တွင် အရိပ်ကောင်းချီကို လှည့်ပတ်လိုက်သည်။ ပြီးနောက် သူက
” ကံကောင်းအောင် လုပ်ကြမယ်…”
” အစည်းအရုံးခေါင်းဆောင် .. ဂူထဲမှာ ရတနာတွေ ပိုရှိနိုင်သေးတယ် …။ ကျွန်မတို့ သူတို့ကို မရှာဘူးလား …”
နောက်ဆုံးဂူကို မီးလျှံကကြိုး ရှာဖွေတွေ့ရှိသွားတာ ဖြစ်သည်။ သူမသည် ထိုမျှ ဝေးဝေးဖြင့် ရှာဖွေပြီးနောက် မဟူရာရွှေ ရတနာသေတ္တာကို ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်သည်။ သူတို့က ဂူထဲကို ရှာဖွေလျှင် ပိုကောင်းတာတစ်ခုခု တွေ့ရနိုင်သည်။
ရှီဖုန်းက ခေါင်းခါပြီး ခါးသက်စွာ ရယ်မောရင်း ပြောလိုက်၏။
” ငါတို့ ခွန်အားက ချို့တဲ့နေသေးတုန်းပဲ …။ ငါတို့ထပ်ရှာရင် သေဖို့ပဲ ရှိတယ် …။ ငါ့ကို မယုံရင် ဒီလမ်းအတိုင်း ဆင်းသွားလိုက် .. ကြီးမားပြီး ဘာမှ မရှိတဲ့ ခန်းမကို ရောက်သွားလိမ့်မယ် …။ အပေါက်ကနေ ချောင်းကြည့်လိုက်ရင် သိလိမ့်မယ် …”
” ကောင်းပြီ …။ ပြန်ကြရအောင် …။ ရေနှင်းဆီနဲ့ ကျန်တဲ့သူတွေကို အကြာကြီး စောင့်ရအောင် မလုပ်သင့်ဘူး …”
ရှီဖုန်းက ရယ်မောပြီးနောက် မီးလျှံကကြိုး၏ မျက်နှာထက်ရှိ တွေးဝေနေသော အကြည့်ကို မြင်လိုက်သည်။
မီးလျှံကကြိုးက နာခံစွာ ခေါင်းညိတ်လိုက်သည်။ သူမက ရှီဖုန်းကို နှုတ်ခမ်းစူပြကာ အတွန့်တက်ပြီး ပြောလိုက်၏။
” အစည်းအရုံးခေါင်းဆောင် .. ရှင်က သိပ်ကောက်ကျစ်တာပဲ …”
အားကောင်းသော မွန်းစတားများရှိနေကြောင်း ရှီဖုန်းသာ သူမကို ပြောခဲ့လျှင် သူမက သူတို့နားကပ်မှာ မဟုတ်ပေ။ ကံကောင်းသည်မှာ သူတို့ကို သူမ အာရုံခံမိပြီး ရပ်လိုက်သည်။ မရပ်လိုက်ပါက နောက်ဆက်တွဲက မတွေးဝံ့စရာပေ။
” စိတ်အေးအေးထား …။ အဲမွန်းစတားတွေက တံခါးကိုပဲ စောင့်ကြပ်နေတာ …။ အပေါက်ကို မဖြတ်သွားသရွေ့ သူတို့က ငါတို့ကို မတိုက်ခိုက်ဘူး …”
ရှီဖုန်းက ပြောပြီး ရယ်မောလိုက်သည်။
” ဒါပေမယ့် မင်းကို အချိန်တစ်ခုအထိ မတွေ့ရတာကြာပြီးတဲ့နောက် မင်းရဲ့ အာရုံခံမှုက ပိုထက်ရှလာတဲ့ပုံပဲ …။ လမ်းတစ်ဝက် ရောက်တဲ့အချိန်မှာ အန္တာရာယ်ကိုတောင် အာရုံခံနိုင်ပြီပဲ …”
ရှီဖုန်း၏ ချီးကျူးစကားကို ကြားသောအခါ မီးလျှံကကြိုး၏ ပါးပေါ်တွင် အနီရောင်သန်းလာသည်။ ထိုသို့တိုင် သူမက အတော်လေး ဒေါသထွက်နေဆဲ ဖြစ်သည်။
ရှီဖုန်းသည် ထိုမျှ အကွာအဝေးကနေ အန္တရာယ်ကို အာရုံခံနိုင်သည်။ သူမက အနီးထိသွားရန် လိုအပ်သည်။
အဖွဲ့နှင့် ပြန်ဆုံပြီးနောက် ရှီဖုန်းက အားလုံးကို သူတို့ ဝင်လာသည့် လမ်းကြောင်းဆီ ခေါ်သွားလိုက်၏။
လမ်းတစ်လျှောက်တွင် သူတို့က လှည့်ပတ်နေသော အဆင့် ၂၈ ရွံ့ရုပ်သေးရုပ်များကို ဆက်တိုက်သတ်ခဲ့ရသည်။
ရှီဖုန်းက အဖွဲ့နှင့် ဆက်သွယ်ပြီးနောက် ခရီးစဉ်က အလာတုန်းကထက် နာရီအနည်းငယ် ပိုတိုသွားသည်။ လူတိုင်း၏ အတွေ့အကြုံပိုင်းကလည်း မြင့်တက်လာ၏။ ရှီဖုန်းကလည်း ရလဒ်အနေဖြင့် အဆင့် ၂၃ သို့ တက်သွားသည်။ သို့သော် အားလုံးက သူတို့၏ HP ပြန်ရရှိချိန်ကထက် ဥစ္စာပစ္စည်းများကျလာတာကို မြင်သောအခါ ပိုထိတ်လန့်သွားကြသည်။
ရှီဖုန်း မလာခင်က ရွံ့ရုပ်သေးရုပ်ကို သတ်ဖြတ်ပြီး ရရှိသည့် ပစ္စည်းများက အဆင့် ၂၅ ကြေးနီ ချပ်ဝတ်တန်ဆာ ဖြစ်ပြီး သူတို့ရရှိခဲ့သည့် အလွန်ရှားပါးသော ပစ္စည်းက အဆင့် ၂၅ ဆန်းကျယ် သံမဏိ ချပ်ဝတ်တန်ဆာ ဖြစ်သည်။ ယခုမူ ကျလာသည့် ပစ္စည်း တစ်ဝက်ခန့်က ဆန်းကျယ် သံမဏိ ချပ်ဝတ်တန်ဆာဖြစ်သည်။
” အစည်းအရုံးခေါင်းဆောင် …။ ကျွန်မတို့ အပြင်ဘက်က မီးတောက်အစောင့်အကြပ်တွေကို ကြိုးစားတိုက်ခိုက်ခဲ့တယ် …။ ကံဆိုးချင်တော့ သူတို့ရဲ့ မီးတောက်နယ်မြေကို ဆန့်ကျင်ဖို့ ကျွန်မတို့မှာ ခုခံမှု မရှိဘူး …”
ရေနှင်းဆီကပြောပြီး ဂူဝင်ပေါက်အပြင်ဘက်ရှိ မီးတောက်အကြေီးအကဲများကို ကြည့်ပြီး ခေါင်းကိုက်လာတော့သည်။
” မီးတောက်နယ်မြေက တကယ် ပြဿ နာပဲ …။ ဒါပေမယ့် ငါတို့မှာ ဖြေရှင်းနည်း မရှိတာ မဟုတ်ဘူး …”
ရှီဖုန်းကပြောပြီးနောက် ပတ်ဝန်းကျင်ကိုကြည့်ကာ ပြုံးလိုက်သည်။
အစက သူသည် မီးတောက်အစောင့်အကြပ်များကို ဂူကနေ မျှားခေါ်သွားရန် စီစဉ်ခဲ့သည်။ သို့သော် အီခါရက်၏ နှလုံးသားကို ရရှိပြီး အရှင်သခင် ၁၀၀ ကို သတ်ဖြတ်ကာ ၄င်းကို အဆင့်မြင့်တင်ရမည်ဟု တွေးမိချိန်တွင် သူက မီးတောက်အစောင့်အကြပ်များကို ဖြေရှင်းရန် အပြင်းအထန် သွေးဆောင်ခံရတော့သည်။